* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, March 28, 2010

သီတဂူစတားထံ၊

ဒီတပတ်တော့ သီတဂူစတားထံ ပို့လာသော လူငယ် ကျောင်းအမ မပန်းစပယ်တို့ ရဲ့ ကုသိုလ်တွေကို သာဓုခေါ်နိုင်ရန်နှင့် အတုယူစရာလေးတွေကို ဝေငှလို၍ ဖော်ပြလိုက်ပါသည်။

သီတဂူစတားဘုန်းဘုန်းထံ
ဒီတစ်ခါတော့ သီတဂူအကြောင်းလေးတော့မဟုတ်ဘူးဘုရား၊ တပည့်တော်မတို့ လမ်းက ဆွမ်းလောင်းအသင်းအဖွဲ့လေး အကြောင်းလေး ပို့လိုက်ပါတယ်ဘုရား။ တပည်တော်တို့လမ်းက ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်က ဦးထွန်းလင်းခြံလမ်းလေးမှာ ဟိုးနှစ်ပေါင်းများစွာကထဲက အင်္ဂါနေ့မနက်တိုင်း သံဃာတော်တွေကို အာရုံဆွမ်းလောင်းလှူနေခဲ့တဲ့ ဓမ္မာရုံလေးဖြစ်ပါတယ်။


မျိုးဆက်သစ်လူငယ်တွေရဲ့ အားမာန်
အရင်ကတော့ လူကြီးကပဲ ဦးဆောင်လုပ်ခဲ့ပါတယ်ဘုရား၊ ယခုအခါ လူငယ်တွေ မျိုးဆက်သစ်တွေကို နေရာပေးလာပါတယ်ဘုရား။ လူငယ် လူလတ်တွေကို နေရာပေးလာတော့ လူငယ်လေးတွေ ဘာသာရေးမှာ တက်တက်ကြွကြွ ပါဝင်လာကြတာ တွေ့ရပါတယ်ဘုရား။ လူငယ်တွေကို နေရာပေးလာတာဟာ လူကြီးတွေရဲ့ လူငယ်တွေအပေါ် ဘယ်လောက်မျော်လင့်ထားတယ် ဆိုတဲ့ စေတနာ မေတ္တာတွေပါဘုရာ။ လူကြီးတွေကတပည့်တော်တို့ လူလတ်ပိုင်းနဲ့လူငယ်တွေကို ပုခုံးပြောင်း တာဝန်လွှဲပေးလာတာ (၂)နှစ်နီးပါးရှိနေပြီ။ အဲဒီ့(၂)နှစ်အတွင်းမှာ နိုင်ငံကျော်၊ ကမ္ဘာကျော်ဓမ္မကထိက ဆရာတော်ကြီးတွေကို ပင့်ဖိတ်ပြီး တရားပွဲတွေကိုလဲ တပည့်တော်တို့လမ်း
ထဲမှာ စည်စည်ကားကား စနစ်တကျကျင်းပနိုင်ခဲ့ကြပါတယ်။ တပည့်တော်တို့ ရှေ့က လမ်းပြပေးခဲ့တဲ့ လူကြီးတွေရဲလမ်းညွန်မှုအတိုင်း အာရုံဆွမ်းလောင်းလှူခြင်းကို ၀ါတွင်းကာလတွေမှာ လောင်းလှူနိုင်ခဲ့ပါတယ်၊
ယခု ဒီနှစ်ကစပြီးတော့ တပည့်တော်တို့ လူငယ်အဖွဲ့ဝင်တွေတိုင်ပင်ကြပြီး ၀ါတွင်းကာလသာမက၊ ၀ါပကာလတွေမှာပါ ဆွမ်းလောင်းလှူနိုင်ရန် စီစဉ်ခဲ့တယ်ဘုရား၊ စီစဉ်တဲ့အတိုင်း လောင်းလှူနိုင်ခဲ့ပါတယ်ဘုရား။

ယခုဆိုရင် ဓမ္မာရုံမှာ အလှူအတန်းတွေ လုပ်လို့ရသွားတာပေါ့

ဓမ္မာရုံနှင့်ဆွမ်းချက်ဆောင်
တပည့်တော်မတို့လမ်းထဲမှာ ဆွမ်းချက်တဲ့အဆောင်လေးလဲရှိပါတယ်ဘုရား။ ဟိုးနှစ်ပေါက်းများစွာကထဲက ရှိနေခဲ့တဲ့ အဆောင်လေးဖြစ်ပါတယ်ဘုရား၊ အဲဒီ့အဆောင်းလေးက ယခုအခါ အဖွဲ့ဝင်တွေများလာခြင်း အလှူအတန်းတွေလုပ်လာခြင်း ကြွရောက်ချီးမြောက်တော်မူကြတဲ့ သံဃာတော်တွေ မျာလားခြင်းကြောင့် မီးဖိုချောင်းအသုံးက ကြီးကျယ်လာတော့ အဆောင်က အရမ်းကျဉ်းနေပါတယ်ဘုရာ၊ ဆွမ်းချက်တဲ့အခါ
လမ်းမပေါ်မှာထွက်ပြီး ချက်နေကြရတယ်ဘုရား။


ဒါ့ကြောင့်အရှင်ဘုရားတို့ဒကာကြီး တပည့်တော်ရဲ့အဖေက မီးဖိုချောင်အသစ် ဆောက်လှူဒါန်းလိုက်ပါတယ်ဘုရား။ အဲဒီ့နေရာလေးမှာဘဲ မီးဖိုချောင်နှင့်တွဲကာ
နှစ်ထပ်ဆောင်လေး ဆောက်လှူဒါန်းခဲ့ပါတယ်ဘုရား။ မတ်လ(၂ရ)ရက်နေ့က ဘုရားအနေကဇာတင်နှင့် ဓမ္မာရုံဖွင်ပွဲ့
အလှူမင်္ဂလာလေးကို အဲဒီ့ဓမ္မာရုံလေးမှာ
ကျင်းပခဲ့ကြပါတယ်ဘုရား၊ ဓမ္မာရုံလေးကိုတော့ ထွန်းလင်းရိပ်သာဓမ္မာရုံ
အမည်တပ်ထားပါတယ်ဘုရား။


သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ၊
မမပန်းစပယ်(လှဆန်းယဉ်)



ဓမ္မာရုံနှင့် ဆွမ်းချက်ဆောင် အလှူရှင်
ဓမ္မာရုံအဟောင်း အလှူရှင် ဒေါ်ညွှန့်ညွှန့်စိန်မိသားစု။ ဓမ္မာရုံအသစ်အလှူရှင်
သီတဂူကျောင်းဒကာ အောက်မြန်မာပြည် ကပ္ပိကာရကအဖွဲ့ဝင် ဦးမြင့်စိန်+ဒေါ်လှအေး (လှဆန်းယဉ် အားကစားဘောင်းဘီ) မိသားစုနှင့် ဓမ္မာရုံအဟောင်းရော အသစ်ပါ အဆောက်ဦး ဆောက်လုပ်ခ အလှူရှင် ဇော် ဆောက်လုပ်ရေးမိသားစု တို့မှ ဆောက်လုပ်လှူဒါန်းခဲ့ကြပါသည်။

မျိုးဆက်သစ်တွေကိုနေရာပေးလာတဲ့ လူကြီးများ၊ ဘာသာရေးကို စိတ်ဝင်တစား အားထုတ်လာကြတဲ့ လူလတ် လူငယ်များ၊ ဓမ္မာရုံ၊ မီးဖိုဆောင်များ ဆောက်လုပ်လှူဒါန်းကြတဲ့ မိသားစုဝင်အားလုံးတို့ရဲ့ ကုသိုလ်အစုစုတွေကို သာဓုအနုမောဒနာ ခေါ်နိုင်ရန် တင်ပြလိုက်ပါသည်။

သီတဂူစတား
၂၈-၃-၂၀၁၀

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။



0 comments

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP