Direct experience is best
Known variously as ‘the awakened one,’ Tathagata or ‘the one who has attained the highest truth’, and Sakyamuni or ‘the sage of the Sakyas,’ the Buddha has had great impact on those exposed to his teachings।
ဓမ္မ အနှစ်သာရများ စုဝေးရာနေရာ
An observer of Sri Lankan politics would notice that many if not all nationalist and racist elements of the Sinhalese community are Buddhists. This was mainly due to the centuries old Buddhist tradition in the country. Some politicians used to claim that they were fighting for the Sinhalese community because the majority Sinhalese were sidelined by pro-Western governments. These claims sometimes reached the proportions of outright racism.
The presence of Buddhist monks in nationalist and even racist organisations and political parties raises a question about the contradiction of theory and practice of Buddhism in Sri Lanka. Does Buddhism condone such practices for the sake of the protection of religion or are these people just misusing Buddhism as a tool to achieve their own ends?
A close study of Buddhism reveals that it is a teaching geared towards liberating oneself of thanha (craving, desire, greed). All creatures including you who are reading this and I who is writing are in a continuous cycle of life and death called sansara. Our desire for worldly things create a cause for the sansara to perpetuate until we are unable to find a way to dispense with this desire. Buddhism shows the path to overcome desire and attain Nirvana.
A racist is a person who loves his race and thinks of it as superior to other races. A nationalist will promote his nation over all others. All these are forms of desire, a craving to see the betterment of one’s own race or nation against those of others. So, they are trying to protect worldly things rather than trying to attain Nirvana.
Sadly, this applies to all the monks and laymen who declare themselves to be nationalist and patriotic while being Buddhist. What is more alarming is that openly racist elements (by deeds if not by words) are claiming to be hard-line Buddhists. But this contradicts the very basic teaching of Buddhism about overcoming desire. Therefore it is obvious that the so called ‘hard-line’ Buddhists are actually misguided Buddhists who are distorting a great teaching to attain their own worldly goals.
A Buddhist can never be a racist, a nationalist or a promoter of any petty political doctrine।
By Chamara Sumanapala
Learning to Be Silent
The pupils of the Tendai school used to study meditation before Zen entered Japan. Four of them who were intimate friends promised one another to observe seven days of silence.
On the first day all were silent. Their meditation had begun auspiciously, but when night came and the oil lamps were growing dim one of the pupils could not help exclaiming to a servant: "Fix those lamps."
The second pupils was surprised to hear the first one talk. "We are not supposed to say a word," he remarked.
"You two are stupid. Why did you talk?" asked the third.
"I am the only one who has not talked," concluded the fourth pupil.
ဒီပုံပြင်နဲ့ ဆင်တူတဲ့ မြန်မာဆန်ဆန် ပုံပြင်ဖတ်ချင်ရင်တော့ ဒီလင့်ခ်မှာ သွားဖတ်ကြည့်ပါခင်ဗျာ။

သမ္မတကြီးရဲ့ ဓမ္မသ၀ဏ်လွှာမှာ “ ဒီနှစ်များစွာအတွင်း အရှင့်အနေဖြင့် ကျွန်ုပ်တို့၏ တာဝန်ဖြစ်သော သာသနာပြုလုပ်ငန်းများကို ဖြည့်ဆည်းလျက် ဗုဒ္ဓဓမ္မ၏ ထာဝရတန်ဖိုးများကို အရှင်ဟောကြားခဲ့ပေသည်။ ရှေးဟောင်းဘာသာတရားကို ယုံကြည်ကိုးကွယ်ကြသည့် လူထု၏ ဘာသာရေးနှင့် စာရိတ္တအတွေး အခေါ်များခိုင်မာသန်စွမ်းစေရန် အရှင်အားထုတ်နေခြင်းဖြစ်ပါသည်။” လို့ ဖော်ပြခဲ့ပါတယ်။
ရုရှားနိုင်ငံအတွင်းမှာ ဘာသာရေးနဲ့ ပညာရေးဆိုင်ရာစင်တာတွေကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ သံဃရာဇာရဲ့ အားထုတ်မှုကိုလည်း
“အရှင့်အနေဖြင့် ရုရှားနိုင်ငံတွင် ဗုဒ္ဓဓမ္မဆိုင်ရာ ဘာသာရေးနှင့် ပညာရေးစင်တာများ ထိန်းသိမ်းစောင့် ရှောက်နိုင်ရန် ကျောင်းတော်သစ်များကို တည်ဆောက် နေခြင်းဖြစ်ပါသည်။ ဗုဒ္ဓဘာသာရိုးရာ သံဃာ့အဖွဲ့သည် ကျွန်ုပ်တို့နိုင်ငံအတွင်းဝယ် အသိဉာဏ်ပညာနှင့် ဘာသာတရားများ အချင်းချင်း အပြန်အလှန် ဆက်ဆံမှု ဆိုင်ရာ ဒိုင်ယာလော့ခ်များ ထွန်းကားအောင် တက်ကြွစွာ ဆောင်ရွက်နေခြင်းဖြစ်သကဲ့သို့ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးကို ထိန်းသိမ်းနေခြင်းလည်း ဖြစ်ပါသည်” လို့ ဆက်လက် ဖော်ပြခဲ့ပါတယ်။
လွန်ခဲ့တဲ့နှစ် သြဂုတ်လကလည်း သမ္မတကြီးမစ္စတာမက်ဒီဗက်ဟာ သံဃရာဇာကျောင်းတိုက်ကို သွားရောက် လည်ပတ်ခဲ့ပါသေးတယ်။ ဒါဟာ ရုရှားခေါင်းဆောင်တစ်ယောက်အနေနဲ့ ၁၆ နှစ်တာကာလအတွင်း ပထမဆုံး သွားရောက်လည်ပတ်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ်က သမ္မတကြီးဘောရစ်ယဲ့ဆင် သွားရောက် ခဲ့ဖူးပေမယ့် သမ္မတမစ္စတာ ပူတင်ကတော့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများကို တစ်ခေါက်မှ သွားရောက် ခြင်းမရှိခဲ့ပါဘူး။
ရုရှားနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်ဦးရေ သန်းနဲ့ချီပြီးရှိပါတယ်။ ဆိုဗီယက်ယူနီယံခေတ်မှာ ဗုဒ္ဓဘာသာ ကျောင်းတော်များစွာဟာ အပိတ်ခံခဲ့ရပါတယ်။ ဆိုဗီယက်ယူနီယံကြီးပြိုကွဲပြီးတဲ့နောက်ပိုင်းမှာမှ ၁၉၉၁ ခုနှစ်က စပြီး အစိုးရရဲ့ အထောက်အပံ့ကို ပြန်လည်ရရှိခဲ့တာပါ။ ရုရှားအာဏာပိုင်တွေဟာ ဗုဒ္ဓဘာသာလားမား ရဟန်းတော်တွေကို ရုရှားတပ်မတော်မှာ ဘာသာရေးအရာရှိ(Chaplain)တွေအဖြစ် ခန့်အပ်တာဝန် ပေးဖို့အထိ စီစဉ်ခဲ့ကြပါတယ်။
ဆိုဗက်ယက်လွန်ရုရှားမှာ တိဘက်လားမားရဟန်းတော်တွေက ရုရှားဗုဒ္ဓဘာသာ ပြန်လည် ထွန်းကားရေး အတွက် အဓိကနေရာက ပါဝင်ခဲ့ကြပါတယ်။ ရုရှားမှာ ရှိတဲ့ဗုဒ္ဓဘာသာဝင်တွေက မွန်ဂိုနွယ်တွေဖြစ်ပါတယ်။ အဲဒီခရီးစဉ်မှာ သမ္မတကြီးမက်ဒီဗက်က ဗုဒ္ဓဘာသာကျောင်းတော်တွေဆောက်ဖို့ နိုင်ငံတော်က ထောက်ပံပေးမယ့် အကြောင်းနဲ့ ပြည်ပက အကူအညီတွေကို မျှော်လင့်စရာမလိုကြောင်း၊ သူလာရောက် လည်ပတ်ခြင်းဟာ နိုင်ငံတော်နဲ့ ရုရှားရိုးရာကိုးကွယ်မှုဘာသာတရားများကြား ဆက်နွှယ်မှုရှိတာကို သက် သေပြခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဓမ္မဂင်္ဂါ
(၂၃-၀၆-၂၀၁၀)

မိတ်ဆက်
ဤကလိဂ်စစ်မြေပြင်က စာတစ်ရွက် ပို့စ်အဖြစ်တင်ဖို့ရန် သီတဂူစတား၏ ဆရာလည်းဖြစ် နောင်တော်လည်းဖြစ်သော သီတဂူ ဒေါက်တာ အရှင်ကုမာရ (ဒေလီတက္ကသိုလ်) ကို မေတ္တာရပ်ခံခဲ့ပါသည်။ နောင်တော်ကလည်း ၀မ်းမြောက်ဝမ်းသာ ကြည်ကြည်ဖြူဖြူ ခွင့်ပြုသဖြင့် ပို့စ်တစ်ခုအဖြစ် တင်ကာ ကလိင်္ဂ ဗဟုသုတ တစ်ခု မျှဝေလိုက်ပါသည်။
ကလိင်္ဂစစ်မြေပြင်က စာတစ်ရွက်
'ကလိင်္ဂ' ဆိုတဲ့ ဤနာမည်ကို ငယ်ငယ်ကတည်းက ကြားဘူးသည်၊ သို့သော် မည့်သည့်အရပ်ဒေသမှန်း မသိ၊ ပုံ ပြောကောင်းသောလူကြီး များ၏ ဒဏ္ဍာရီ ပုံပြင်တစ်ခုသဘွယ် မှတ်ထင်ခဲ့သည်။ အခုတော့ ဤ 'ကလိင်္ဂ' စစ်မြေပြင်ဟောင်းနေရာကို မိမိ အမှန်တကယ် ရောက်နေပြီ။ မိမိခြေချမိသော နေရာကား- စစ်နိုင်သောဘုရင်ကြီးတစ်ပါး လက်နက်စွန့်လွှတ်သော 'ဒေါလီ' (Dauli) တောင်ကုန်းလေးတစ်ခု ဖြစ်သည်။ သီတဂူအဖွဲ့ကို လိုက်လံပို့ဆောင်ပေးစဉ် ရောက်ရှိခြင်းဖြစ်သည်။ နေ့ရက်ကား ၂ဝ၁ဝ-ခုနှစ် ဧပြီလ ၁၂ ရက်နေ့ဖြစ်သည်။
တောင်ကုန်းပေါ်ရှိ ငြိမ်းချမ်းရေး စေတီယင်ပြင်ပေါ်မှ ဒယာ မြစ်ကို မျှော်ကြည့်နေစဉ် ဤစစ်ဘုရင်ကြီး၏ အကြောင်းကား တရေးရေးဖြင့် မိမိ၏ အတွေးထဲ၌ ပေါ်လာသည်။ အင်မတန် ရက်စက်သော ဘုရင်ကြီး ဖြစ်ခဲ့ပါတကား။ တိုင်းပြည်အာဏာကို လုံးဝ ဆုပ်ကိုင်နိုင်ဘို့အတွက် ဆန့်ကျင်သူ အားလုံး ကို ရှင်းပစ်ဖို့ ဝန်လေးခဲ့သူ မဟုတ်။ အာဏာအတွက် ညီအစ်ကိုရင်းတွေကိုတောင် သုတ်သင်ခဲ့၏၊ သူအား သစ္စာ မခံသော တိုင်းပြည်တွေက ခုခံသူတွေကို သတ်ဖြတ် သုတ်သင်ပြီး တိုင်းတစ်ပါး နယ်မြေတွေကို သိမ်းပိုက်ခဲ့သည်။ သို့သော် အနိုင်မခံ အရှုံးမပေး၊ လက်နက်မချသော တိုင်းပြည် တစ်ခုကား 'ကလိင်္ဂ' တိုင်းပြည်ဖြစ်သည်။ စစ်ဘုရင်အနေနဲ့ ဖခင်ကြီးလက်ထက်က တိုက်ခိုက်သိမ်းပိုက်၍ အနိုင်မရခဲ့သော ဤ 'ကလိင်္ဂ' တိုင်းပြည်ကို တိုက်ခိုက်သိမ်းပိုက်ယူရန် လုံးဝ ဆုံးဖြတ်ထားခဲ့သည်။ လွယ်လွယ်နှင့် မရနိုင်မှန်းလဲ သိထားခဲ့ သည်။ သို့ဖြစ်၍ ဘုရင်အဖြစ် အဘိသိက်သွန်းပြီး (၈) နှစ်ကြာသောအခါကျမှ ကလိင်္ဂ တိုက်ပွဲကို ဆင်နွဲခဲ့ သည်။ စစ်ဘုရင်ဖြစ်သည့်အလျှောက် 'အနိုင်ရဘို့သာ အဓိက' ဖြစ်သည်။ တရားမျှတမှု ရှိ မရှိ၊ လူတွေ သေကြေ ပျက်ဆီး ဆုံးရှုံး ငိုကြွေးကြရတာ သူနှင့်မဆိုင်သလိုမျိုး ယူဆထားခဲ့ဟန်ရှိသည်။ ထိုကြောင့် ခြေလျင် တပ်သားပေါင်း (၆ဝဝဝဝဝ) ခြောက်သိန်း၊ မြင်းစီးတပ်သားပေါင်း (၁၃ဝဝဝဝ) တစ်သိန်းသုံးသောင်း၊ ဆင် ကောင်ရေ (၉ဝဝဝ) ကိုးထောင်နှင့် ဆင်စီးတပ်သားပေါင်း (၃၆ဝဝဝ)၊ ထို့အပြင် တိုက်ပွဲသုံး မြင်းရထားများ နှင့်တကွ ကိုယ်တိုင် ချီတက်ပြီး ခုခံသူ ကလိင်္ဂတိုင်းသူပြည်သားတွေကို သတ်ဖြတ်ခဲ့သည်။ အကြမ်းတမ်းဆုံး အရက်စက်ဆုံးနှင့် အနိုင်အရှုံးအဆုံးအဖြတ်ပေးသည့် တိုက်ပွဲဖြစ်သည်။ အချိန်ကား ဘီစီ ၂၆၂-ခုနှစ် ဖြစ်သည်။ ဤတိုက် ပွဲနေရာကား ယခုခေတ် သြရိဿပြည်နယ် (ယခင်အခေါ် ကလိင်္ဂတိုင်းပြည်) ၏ မြို့တော် ဘူဘန်နေရွှာနှင့် (၅) မိုင် အကွာ ဒေါလီတောင်ကုန်းနှင့် ဒယာ မြစ်ကမ်းအနီး (Bhubaneswar, Orissa State, India) ဖြစ်သည်။
ယင်းတိုက်ပွဲတွင် 'ကလိင်္ဂ' တိုင်းသူပြည်သား တစ်သိန်းကျော်နှင့် စစ်ဘုရင်ကြီး၏ စစ်သား တစ်သောင်းကျော် သေဆုံးကြရသည်။ ထိခိုက်ဒဏ်ရာရသူတို့ကား ထို့ထက်အဆပေါင်း များစွာရှိခဲ့သည်။ စစ်သုံ့ပန်း တစ်သိန်းခွဲကျော်ကို ဖမ်းဆီးထားခဲ့ရသည်။ ဤစစ်ပွဲကို ဦးဆောင်တိုက်ခဲ့သော စစ်ဘုရင်ကြီးကား ဤအဖြစ်အပျက်တွေကို 'ဒေါလီ'တောင်ကုန်းခံတပ်ပေါ်ကနေ ကိုယ်တိုင်တွေ့မြင်နေရသည်။ သေဆုံးသွားသူတွေရဲ့ အလောင်းတွေကို 'ဒယာ' မြစ်ထဲမှာ လွှင့်ပစ်နေကြသည်။ ဒဏ်ရာရသူတွေ အော်ဟစ် ငိုကြွေးနေကြသည်။ မိဘမဲ့ဖြစ်သွားကြတဲ့ ကလေးတွေက မိဘတွေကို တမ်းတ ငိုယိုနေကြသည်။ မုဆိုးမ ဖြစ်သွားကြရတဲ့ အမျိုးသမီးတွေရဲ့ ဟစ်ကြွေးရေရွတ်သံတွေကိုလည်း ကြားနေရသည်။ တိုက်ဆင်၊ တိုက်မြင်းတွေရဲ့ အလောင်းတွေနှင့်အတူ လူသေအလောင်းတွေကို မြင်တွေ့နေရသည်။ လင်းတ ငှက်တွေနှင့်အတူ တခြားသော အသားစားငှက်တွေ၊ ခွေးတွေလည်း အလုအယက်ပြေးလွှာ စားသောက်နေကြသည်ကို အိမ်မက်အလား မြင်နေရသည်။ 'ဒယာ' မြစ်ရေတွေ၊ မဟီ (ယခုအခေါ် မဟာနဒီ) မြစ်ရေတွေလည်း ယခင်ကလို ကြည်လင်မနေတော့ဘဲ သွေးတွေနှင့် နီရဲနေသည်။ ရေပေါ် မြေပေါ်က ထွက်လာသော သွေးညှီနဲ့၊ အပုပ်နံ့တွေကိုလည်း စစ်ဘုရင်ကြီးကိုယ်တိုင် ရှုရှိုက်နေရသည်။
'ဒေါလီ' တောင်ကုန်းပေါ်မှ မြင်နေရသော အဖြစ်အပျက် အားလုံးသည် စစ်ဘုရင်ကြီးကို 'စစ်အောင်နိုင်သူ' အဖြစ် ဂုဏ်ယူဝင့်ကြွားလိုမှုကို မဖြစ်ပေါ်စေခဲ့။ ဤအနိဋ္ဌာရုံ အားလုံးကို အဓိက ဖန်တီးသူမှာ တခြားသူ မဟုတ်ဘဲ မိမိကိုယ်တိုင် ဖြစ်နေသည်၊ ထို့ကြောင့် အများသူငါတို့သည် မိမိကို 'အကြမ်းဖက်သမားကြီး အသောက (စဏ္ဍာသောက)' ဟု ခေါ်ကြသည်ကို အမှတ်ရမိနေခဲ့သည်။ ဤရက်စက်ကြမ်းကြုတ်မှုသည် မိမိ သူတစ်ပါး နှစ်ဦးစလုံးအတွက် ချစ်ခင်ယုံကြည်မှုတွေ၊ ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှု စသည်တွေကို မဖြစ်ပေါ်စေသည့်အပြင် ဖျက်ဆီးပစ်ရာ ရောက်သည်ဟု စစ်ဘုရင်ကြီး နားလည် သဘောပေါက်လာသည်။ 'သတ်ဖြတ်မှု၊ ရက်စက်မှု၊ ညှင်းပန်းနှိပ်စက်မှု စသည့် အကြမ်းဖက်လုပ်ရပ်' တို့ဖြင့် လူသားတို့၏ နှလုံးသားကို လွှမ်းမိုးအနိုင်ယူဖို မဖြစ်နိုင်သည်ကို ကောင်းကောင်း သဘောပေါက်လာခဲ့သည်။ ထိုကြောင့် နောင် ဘယ်သောအခါမျှ ဤကဲ့သို့သော 'စစ်ပွဲ' မျိုး မဖြစ်ပေါ်အောင် ဖန်တီးမည်ဟု ဆုံးဖြတ်ချက်ချသည်၊ မဂဓတိုင်း ပါဋလိပုတ်နေပြည်တော်မှာ နန်းစံစဉ်က ကြားဘူးသလိုလို ရှိသော ဗုဒ္ဓ၏ အကြမ်းမဖက်တဲ့ လမ်းစဉ်ကို သတိရတမ်းတမိသည်။ ဤ လမ်းစဉ်တွေကို ကမ္ဘာ့လူသားတို့၏ နှလုံးသား၌ ထည့်ထားနိုင်လျှင် ဤကဲ့သို့သော စစ်ပွဲတွေ ဖြစ်လာနိုင်စရာ အကြောင်းမရှိ ဟု ယုံကြည်မှတ်ယူသည်။
''ဆုပ်ကိုင်ထားသော လက်နက်ကို ချလိုက်၏၊ အကြမ်းဖက်မှုကို လုံးဝစွန့်လွှတ်လိုက်၏''၊ ''လက်နက်နှင့် အကြမ်းဖက်မှုကို စွန့်လွှတ်ကြောင်း ဤ 'ဒေါလီ'တောင်ကုန်းကို အသိသက်သေပြု၍ သစ္စာဆိုသည်၊ တရားမျှတ သော၊ သနားကြင်နာမှု အပြည့်ရှိသော၊ ငြိမ်းချမ်းမှုကို သယ်ဆောင်ပေးနိုင်သော၊ အကြမ်းဖက်မှုကို အားမပေး သော၊ ပြည်သူပြည်သားတို့၏ ကောင်းကျိုးကို ဆောင်ရွက်ပေးနိုင်သော လမ်းစဉ်ဖြင့်သာ တိုင်းသူ ပြည်သား တို့ကို အုပ်ချုပ်ချင်သည်။ မိဘက သားသမီးများအပေါ် မေတ္တာစေတနာထားသကဲ့သို့ တိုင်းသူပြည်သားတို့ အပေါ် စိတ်ကောင်းစိတ်ထားမြတ်ဖြင့် ပြုမူဆက်ဆံချင်သည်။ 'အကြမ်းဖက်သမား စစ်ဘုရင်ကြီးအဖြစ်မှ တရားမျှတစွာ ကျင့်ကြံအားထုတ် အုပ်ချုပ်သော သူတော်ကောင်းဘုရင်ကြီး' အဖြစ်ကို အသောကဘုရင်ကြီး ပြောင်းပစ်နိုင်ခဲ့သည်။
ဘုရင်အသောကသည် နှလုံးသားမှ အမှန်တကယ်ပေါက်ဖွားလာသော၊ တိုင်းသူပြည်သားတို့အပေါ် ထားသော မိမိ၏ စစ်မှန်သော စိတ်တွင်းသဘောကို အများပြည်သူ သိစေရန် ကျောက်သားပြင်ပေါ်တွင် ရေးသားထွင်းထုခဲ့သည်။ အသောက ကျောက်စာပေါင်းများစွာတို့တွင် ဤဒေါလီတောင်ခြေ ကျောက်ပြားပေါ်၌ ရေးသားထားသော ဗြဟ္မီအက္ခရာတို့သည် မူရင်းအတိုင်း ယနေ့တိုင် မြင်တွေ့နိုင်ပါသည်။
ဤအသောကကျောက်စာကို ကျောက်စာအမှတ် ၁၃-ဟု သတ်မှတ်ထားသည်၊ ဘီစီ ၂၅၆ ရာစုမှာ ရေးထိုးထားသည်ဟု ပညာရှင်များယူဆကြသည်။ ဤ ကလိင်္ဂစစ်မြေပြင်၌ ရှိသော အသောကကျောက်စာများ၏ ပြီးပြည့်စုံသော အဓိပ္ပါယ်ကို သိချင်လိုတဲ့ စိတ်က မိမိ၏ ရင်ထဲမှာ ဝင်ရောက် လှုံ့ဆော်နေသည်။ လက်ထဲ၌ အသင့်ပါလာသော 'အသောက ကျောက်စာပေါင်းချုပ် စာအုပ်' ကလေးကို ကမန်းကတန်းဖွင့်၍ အင်္ဂလိပ် ဘာသာပြန်ထားသော စာပိုဒ်တွေကို တစ်ခုချင်းစီ လိုက်ဖတ်ကြည့်မိသည်-
Beloved-of-the-Gods says that the Mahamattas of Tosali who are judicial officers in the city are to be told this: I wish to see that everything I consider to be proper is carried out in the right way. And I consider instructing you to be the best way of accomplishing this. I have placed you over many thousands of people that you may win the people's affection.
နတ်တို့၏ ချစ်ခင်မြတ်နိုးမှုကို ခံရသော (ဒေဝါနံပိယ၊ ပိယဒဿီ) မင်းတရားကြီးသည် မြို့၌ တရားရေးရာ အရာရှိ တိုဆလီ (ဒေါလီ) အမတ်ကြီးများကို မိန့်မှာတော်မူသည်ကား- မှန်မှန်ကန်ကန် ဆောင်ရွက်ကြသည်ကို ငါဘုရင်မင်းမြတ် မြင်လိုတော်မူသည်။ ထိုအမှုကိစ္စတို့ ပြီးမြောက်အောင်မြင်အောင် အကောင်းဆုံး နည်းလမ်းတို့ကို သင်တို့အား ညွှန်ကြားထားသည်ဟု ငါဘုရင်မင်းမြတ် သိထားတော်မူသည်။ တိုင်းပြည် ပြည်သားတို့၏ ချစ်ခင်မြတ်နိုးထောက်ခံမှုကို အောင်မြင်ရယူနိုင်အောင် သင်တို့ကို ထောင်ပေါင်း များစွာသော လူတို့အထက်၌ ငါဘုရင်မင်းမြတ် နေရာပေးခန့်ထားတော်မူသည်။
ပို့စ်တင်ရန် ခွင်ပြုပေးသော ဘုန်းဘုန်း ဒေါက်တာ အရှင်ကုမာရ (ဒေလီတက္ကသိုလ်) အား အထူးကျေးဇူးတင်ပါသည်။
ကလိင်္ဂစစ်မြေပြင်က စာတစ်ရွက် အပိုင်း(၂) ကို ဆက်လက်တင်ပြပါဦးမယ်။
သီတဂူစတား
၂၃-၆-၂၀၁၀
စာရေးသူ = အရှင်ဝိစိတ္တ (မနာပဒါယီ) ။ အချိန် 12:36 PM
စုစည်းထားမှု = တွေးမိသမျှ
အမေရိကန်ပြည်ထောင်စု၊ အော်ရီဂွန်ပြည်နယ်၊ Portland မြို့၊ သိရီမင်္ဂလာဘုန်းတော်ကြီးကျောင်း။
2010၊ ဇွန်လ ၁၄-ရက်နေ့မှ ၂၃ရက်နေ့ထိ (10)ရက်တိုင်တိုင် ကျင်းပအပ်သောဓမ္မသဘင်ဝယ်။
ဆရာတော် ဦးဇာဂရ(စာရေးဆရာ ကံထွန်းသစ်) အရှင်သူမြတ်ဟောကြားအပ်သော မင်္ဂလာာမြင်ကွင်း (၈)ရက်မြောက်တရားတော်
မင်္ဂလာမြင်ကွင်းတရားတော် (1)
Read more ကို ကလစ်၍ တရားတော်များကို ဆက်လက်နာယူနိုင်ပါသည်။
မင်္ဂလာမြင်ကွင်းတရားတော် (2)
မင်္ဂလာမြင်ကွင်းတရားတော် (3)
မင်္ဂလာမြင်ကွင်းတရားတော် (4)
Read more...
ဆရာတော်ကြီးက ဒီဘုရားရှိခိုးဂါထာကို ခရီးသွားရင်း တစ်ပါးတည်းရှိနေတဲ့အချိန်တွေမှာ ရွတ်ဖတ်ပူဇော်နေတတ်ကြောင်း မိန့် တော်မူပါတယ်။ ဆရာတော်ကြီးကိုင်တဲ့ ယပ်တောင်ရဲ့  ဇစ်အိတ်ထဲမှာ စက္ကူခေါက်လေးတစ်ခု အမြဲရှိနေတတ်ပါတယ်။ အဲဒီစက္ကူခေါက်လေးကို တစ်ထစ်ချင်း ယပ်တောင်ဇစ်အိတ်ထဲကနေ အပြင်ကို ဆွဲထုတ်လိုက်၊ အတွင်းပြန်သွင်းလိုက် လုပ်ရင်း တာလီမှတ်ကာ ပုတီးစိတ်သလိုမျိုးနဲ့  ဒီဂါထာတော်ကို ရွတ်ဖတ်ပူဇော်ကြောင်း မိန့် ကြားတော်မူပါတယ်။
သူငယ်ချင်း လောကကြီးမှာနေလို့ရှိရင်
ပေပင်လိုလည်းမဖြောင့်နဲ့
မြစ်ချောင်းလိုလည်းမကောက်နဲ့
တောင်ဘို့လိုလည်းမမောက်နဲ့
ရေတွင်းလိုလည်းမစောက်နဲ့
ခြင်္သေလိုလည်းမဟောက်နဲ့
ယုန်သူငယ်လိုလည်းမကြောက်နဲ့
အလိုက်သင့်သာ စီးပွါးရှာ
အလိုက်သင့်သာကြီးပွားရာတဲ့ သူငယ်ချင်း။
အရာရာကို မဝေခွဲနိုင်ရင်တောင်
ဇွတ်တရွတ်မလုပ်မိပါစေနဲ့
မင်းလုပ်သမျှကောင်းမွေဆိုးမွေကို
မင်းပဲခံစားရမှာပါ
ကောင်းမွေကို မြိန်ရည်ရှက်ရည်စားသုံးပြီး
ဆိုးမွေကျမှ လောကကြီးနဲ့ လူတကာကို
အပြစ်တင်မယ်ဆိုရင် မင်းတရားလား။
ကိုယ့်ဘက်ကအရှုံးတွေနဲ့ရင်ဆိုင်လာရရင်
ငိုတာလည်းသင်္ကေတတခု၊ ရယ်တာလည်းသင်္ကေတတခု
မရယ်နိုင်ရင်တောင် မငိုမိပါစေနဲ့သူငယ်ချင်း
အံကြိတ်ပြီးပြုံးလိုက်စမ်းပါ။
အရှုံးဆိုတာ မင်းတို့ငါတို့အတွက်
အဖော်မွန်ပဲသူငယ်ချင်း။
မင်း, ဖြစ်ချင်တာကိုလုပ်တဲ့အခါ
ဖြစ်သင့်တာလေးတွေကိုတော့ ချန်မထားခဲ့ပါနဲ့။
ဖြစ်ချင်တာမဖြစ်လာရင် ဖြစ်သင့်တာလေးတွေက
မင်းအတွက်အားဆေးလေးတွေပါ။
ငါဆိုတဲ့အတ္တစိတ်လေးကို ထားရင်တော့
နောက်ဆုံးအရာအားလုံးဟာ အနတ္တဆိုတာကို
မင်းသိလာလိမ့်မယ်သူငယ်ချင်း။
ဘုရားရှင်က ငါတို့လူ့လောကဆိုတာ
ဧည့်ဆောင်လေးလိုပေးတဲ့ အပါယ်လေးပုံက
အမြဲလိုလိုနေတဲ့ အိမ်နဲ့တူတယ်တဲ့။
လူ့လောကကိုရောက်တုန်းရောက်ခိုက်
အများသူငှာအကျိုးအတွက် အစွမ်းကုန်ရွက်လွှင့်လိုက်စမ်းပါ။
မကောင်းမှုဆိုတာ မသင်ပဲနဲ့တတ်တဲ့အရာတွေပါ
မင်းလည်းလုပ်တတ်ငါလည်းလုပ်တတ်တယ်။
ကောင်းမှုနဲ့မကောင်းမှုကို ခွဲခြားသိရဲ့သားနဲ့
ကောင်းတာတွေမလုပ်ရင်တော့
မင်းဟာလူမိုက်ပဲသူငယ်ချင်း။
လူတကာမင်းကိုဝေဖန်ရင် မင်းသူတို့ကို
ကျေးဇူးတင်လိုက်ပါ။
ကောင်းတာလုပ်ဖို့ဆိုတာ ပြောသလောက်မလွယ်ပေမယ့်
လက်တွေ့လုပ်ကြည့်လိုက်ပါသူငယ်ချင်း။
မင်းရဲ့ဘ၀ခရီးလမ်းဖြောင့်ဖြူးပါစေလို့
တောင်းဆုချွေရင်း ငါ့ရဲ့စကားလေး မင်းအတွက်
လက်ဆောင်ပေးလိုက်ပါရစေ....
© Blogger templates The Professional Template by Ourblogtemplates.com 2008
Back to TOP