Saturday, July 9, 2011
Buddhist Blessing - ပရိတ်မေတ္တာ
“God bless you. ဘုရားသခင် ကောင်းချီးပေးပါစေ”ဟူသော ဆုတောင်းစကားကို တော်တော်များများ ကြားဖူးကြပါလိမ့်မည်။ ခရစ်ယန် ဘာသာဝင်တို့၏ လက်သုံးစကား ဖြစ်၏။ (ခရစ်ယန်စကား ဖြစ်သော်လည်း ခရစ်မပေါ်မီကပင် အသုံးပြုခဲ့သော စကားဖြစ်၏။ ထိုစကားကို ခရစ်ယန်က မွေးစားခဲ့ပြီး စကားအသုံး တွင်ကျယ်လာခြင်း ဖြစ်၏။) ခရစ်ယန် ဘာသာကို မယုံကြည်သည့် အင်္ဂလိပ်စကား ပြောသူတို့လည်း ထိုသို့ ဆုဆိုလေ့ ရှိကြ၏။ ခရစ်ယန် ယဉ်ကျေးမှု၊ အနောက်တိုင်း ယဉ်ကျေးမှု ဖြစ်ပေသည်။ ကျိန်စာတိုက်ခြင်း (curse)၏ ဆန့်ကျင်ဘက် ဖြစ်၏။
မင်္ဂလ၀ိဟာရမှာ နေထိုင်ရင်း Blessingနှင့် စပ်လျဉ်းသည့် ပြုံးစရာ အဖြစ်အပျက် တစ်ချို့ကို မှတ်သားထားမိသည်။
Read more...
မဆန့်ကျင်နဲ့
Birthday
My birthday is today! Writing makes me sometimes full of stress, so, I won’t write a new post on my website for today, I just wanna avoid of the the stress in mind for this day. And I will make my mind refresh again in this a big change day, a change, an old year to a new one. One year grows, one year old, one year goes, you never control, whatever it is, stay without worries in life, keep away the heavy stress in mind.
I celebrated my birthday party at the KFC Restaurant, Kamala Nagar, New Delhi in advance. So today, I can stay in a peace of mind with no stress.
Dr. V. Parami
ဓမ္မရဝေတောရကျောင်းမှာ ကဆုန်လပြည့်နေ့ ဗောဓိပင်စိုက်ပျိုး
ဓမ္မရဝေတောရ ကျောင်းတိုက်မှာ မေလ(၁၇)ရက်နေ့ (ကဆုန်လပြည့်နေ့)က ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီ)နှင့် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ) တို့က ဗောဓိပင် စိုက်ပျိုးခဲ့ကြပါသည်။ ယခု စိုက်ပျိုးတဲ့ အပင်က ဒုတိယ ဗောဓိပင်ဖြစ်ပြီး ၂၀၀၉-ခုနှစ် ဇွန်လ (၁၈)ရက်နေ့က ပထမတစ်ပင် စိုက်ပျိုးခဲ့ပြီး ဖြစ်ပါသည်။ ဒါ့ကြောင့် အရှင်ဆန္ဒာဓိကက ဓမ္မရဝေတောရကျောင်းမှာ ဗောဓိညီနောင် စိုက်ပျိုးခဲ့ပြီး ဖြစ်ပါတယ်။ ဗောဓိပင် စိုက်ပျိုးပေးခဲ့သလို ဓမ္မရဝေကျောင်းအတွင်း အမြင့်(၁၆)ပေ (၁၈)ပေရှိသော သရက်ပင် (၁၀)ပင်ကိုလည်း လှူဒါန်းစိုက်ပျိုးပေးခဲ့ပါသည်။ ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့မှာ ဆရာတော်နှစ်ပါး ဗောဓိပင် စိုက်ပျိုးပြီး ကဆုန်ညောင်ရေပါ သွန်းလောင်းခဲ့ ကြပါသည်။
မှတ်တမ်းဓာတ်ပုံများ -
Read more...
ဗုဒ္ဓဘာသာတွင် အမျိုးသမီးများကို ခွဲခြားဆက်ဆံခြင်း မရှိပါ
Podcast – latest show
A certain monk on Bangkok Podcast
Show Notes:
We’re very happy to welcome back Phra Pandit, the British-born monk who joins us to talk about everything from Buddhist canon to nuclear power. Today, Phra Pandit talks with us about how Buddhism sees science. Is it as hostile as some other religions often see it, or is it more of a peaceful co-existence? Are there areas which conflict with The Buddha’s teachings, or does Buddhism take every new discovery in stride?
Phra Pandit also educates us on why writing might not be the most reliable method to pass information down through generations, what Buddhism believes heaven and hell to be, whether or not we have a soul, and even a few theories on neuro-plasticity and something called the God Helmet.
click here to jump to the show
Read more...၀က်ဘ်ဆိုဒ်လေး ဖြစ်လာပါပေါ့
ဟိုတုန်းက မြတ်ရောင်နီ ဘလော့ဂ်လေးကို ကိုယ်တိုင် မလုပ်တတ်တော့
သူငယ်ချင်း တစ်ပါးက ဖေးမကူညီကာ ၂၀၁၀ နှစ်သစ်လက်ဆောင်တဲ့။
အဲဒီလိုနဲ့  ကိုယ်တွေ့ ကြုံ အသိလေးတွေ ၊ ဘုရားဟော တရားဓမ္မတွေ၊
အောက်ထစ်ဆုံး အနေနဲ့  စာမရေးဖြစ်တောင် ဓာတ်ပုံလေးတွေ
ဘလော့ဂ်ပေါ်မှာ စာတမ်းလေးတွေ အောက်မှာ ရေးသားကာ
အလုပ်တစ်ခု အနေ စိတ်ပါလက်ပါ ရေးသား ဖြန့် ဝေခဲ့တယ်။
အဲသလို ဖြန့် ဝေခဲ့တဲ့ ဘလော့ဂ်လေးဟာ ကိုယ့်ဌာနေ ရောက်တဲ့အခါ
ကိုယ့်ဘလော့ဂ်ကို အလွမ်းပြေ ကြည့်တာတောင် မရတော့
ကိုယ့်ဘလော့ဂ်လေးကို လွမ်းမိရဲ့ ။ အခြားဘယ်ဘလော့ဂ်တွေကိုမှ
သာမန်ဘလော့ဂ်ဆိုရင် ဘာမှ ဖွင့်မရဘူး။ နိုင်ငံရေး ဘလော့ဂ်ဖြစ်လို့ 
ပိတ်ထားတယ် ဆိုတဲ့ စာတမ်းတွေ့ ရပါတယ်။
( ကျော်တတ်၊ ခွတတ် ဆိုရင် ဖွင့်လို ရသတဲ့။ ခု တော့ မောင်ဘုန်းတို့
အခက်သားပေပဲ ။ မကျော်တတ် ၊ မခွတတ်.... မလေ့လာမိဘဲကိုး )။
စာရေးတဲ့ ၀ါသနာက လည်း ရေးရင်းရေးရင်း ၀ါသနာက ပါသွားတယ်။
အဲဒါကြောင့်မို့  ကိုယ့်ဌာနေမှာ မဂ္ဂဇင်းတိုက်မဟုတ်ပဲ ဘလော့ဂ်လေးကိုလည်း
ရေးချင်သေးတယ်။ မဂ္ဂဇင်းပို့ မည့်စာလည်း ပို့ ပေါ့လေ။ ဘလော့ဂ်ရေးဖို့  ဘယ်လို
လုပ်ပါ့မလဲလို့  ပြည်ပရောက် ဘလော့ဂါ အချင်းချင်း ပြောပြညီးပြ
လေသောအခါ တစ်ဦးသောသူက .....
ဘုန်းဘုန်း တပည့်တော် ပြောကြည့်လိုက်အုံးမယ်။ တပည့်တော် အဆင်ပြေရင်
လှူပါ့မယ်တဲ့။
( အိုး ... သာဓု သာဓု ပါတကား )
ဘုန်းကြီးဆိုတာကလည်း လှူမည့်သူ့ ရှေ့ မှ ညီးပြရတယ်ဆိုပဲ။
ဆရာတော်တစ်ပါးကဇာတ်တော်က အဲလို လာတာကွယ့်လို့ မိန့် ပါတယ်။
မောင်ရင် မှတ်သားတဲ့လေ။ ( မှန်ပါ့ ... ဆရာတော့်ဘုရား )
ကိုယ့်အနေနဲ့  ညီးပြတာ ဆိုတာထက် ကိုယ်က တကယ့်ကို ရေးချင်စိတ်ရှိတာမို့ 
ပြောလိုက်တာပါ။ ခုတော့လည်း သူ တို့ အလှူကို ချီးမြှောက်ရသပေါ့။
သူတို့ အလှူလည်း အထမြောက်သွားတာပေါ့။
( မှတ်ကြပါ ဘုရား ဘုန်းဘုရားတို့  ...)
ဝက်ဘဆိုဒ် အလှူရှင်များမှာ-
မိဘများအား ရည်စူး၍ Bliss of Foundation မှ
နိဗ္ဗာန်ရည်မှန်းကာ လှူဒါန်းကြပါကုန်၏
( နိဗ္ဗာန်၏ အထောက်ပံ့ ဖြစ်ပါစေသား)
yes, http://www.myatyaungni.com/ is working perfectly now.
ဒီလိုနဲ့ ပဲ ၀က်ဘဆိုက်လေး ဖြစ်လာပါပေါ့။
မြတ်ရောင်နီ
( ၀၈၊ ၀၇ ၊ ၂၀၁၁ )
တေလကဋာဟ ဂါထာများ,
"အို - သူတော်ကောင်းတို့! အလုံးစုံသောလောက၌ လောကီချမ်းသာသည် မြက်ပင်များ၌ ရေပေါက်ကလေးကဲ့သို့ သေးငယ်လှ၏။ ဆင်းရဲဒုက္ခသည်ကား သမုဒ္ဒရာရေနှင့် အလားတူစွာ အလွန်များပြား၏။ အနည်းငယ်သော ထိုလောကီချမ်းသာသည်လည်း အထင်အမြင်အားဖြင့်သာ ဖြစ်၏။ အဟုတ်အမှန်ကား- သဘာဝအားဖြင့် အလုံးစုံကုန်သော ဘုံဘ၀သည်လည်း ဒုက္ခဆင်းရဲသည်သာ အမှန်ဖြစ်၏။ "
(ဂါထာ - ၅၂)
စောမယကောလိပ် (Somaiya College) Ph.D ကျောင်းသားများ
ယခုနှစ်ပိုင်း ၂၀၁၀ နောက်ပိုင်း အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်ကြီးတွေ အများစုမှာ စည်းမျဉ်းစမ်းကမ်းတွေ အပြောင်းအလဲကြောင့် Ph.D ကျောင်းသားတွေ အတွက် အခက်အခဲနဲ့ ကြုံနေရသည်။ ပူနေးတက္ကသိုလ်မှာ စာရေးသူ အမ်အေ M.A တန်း တက်စဉ်ကထဲက စဉ်းမျဉ်းစည်းကမ်းအသစ်တွေကြောင့် Ph.D အတွက် ကျောင်းသားတွေ ယောင်လည်လည်ဖြစ်နေသည်။ နဂိုကတော့ ပူနေးတက္ကသိုလ်တစ်ခုပဲလို့ ထင်လာခဲ့သည်၊ တကယ်တော့ တက္ကသိုလ်ကြီးအားလုံးမှာပဲ ဖြစ်နေဟန်တူသည်။ ၂၀၁၀ နောက်ပိုင်း တက္ကသိုလ်ရဲ့ ကျောင်းဝင်ကြေးတွေလဲ မြင့်လာသည်ကို တွေ့ရသည်။
စောမယကောလိပ်နှင့် Ph.D
စောမယကောလိပ်တွင် မြန်မာရဟန်းတော်အများစုသာ ဆန်းစခရစ် (Sanskrit) ဌာနနှင့် ပါဠိ (Buddhist study) ဌာနနှစ်ခုမှာပဲ Ph.Dအတွက် စာတမ်းပြုစုကြသည်။ ဆန်စခရစ်ဌာနရဲ့ စည်းကမ်းအသစ် တစ်ခုအကြောင်းကို စောမယကောလိပ်တွင် Ph.D အတွက် စာတမ်းရေးလိုသော အရှင်မြတ်များအတွက် သတင်းတစ်ပုဒ်အဖြစ် တင်ပြလိုက်ပါသည်။
၂၀၁၀ ခုနှစ်က Ph.D စာတမ်းအတွက် စာရေးသူနှင့်အတူ ထိုဌာနတွင် ၀င်ခွင့်ဖြေဆိုခဲ့ကြတဲ့သူတွေ အားလုံးရော၊ ၂၀၁၁မှ နောက်ပိုင်း Ph.D စာတမ်းရေးမည့်သူ အားလုံးအတွက် ဖြစ်သည်။
ဝင်ခွင့်ဖြေဆိုစရာမလိုသူများ
၁။ M.Phil ပြီးသူ (မည်သည့်တက္ကသိုလ်ကပဲဖြစ်ဖြစ်)
၂။ U.G.Cမှ ကျင်းပသော NET/ SET Examination အောင်ပြီးသူ
၃။ Ph.D အတွက် စာတမ်းပြုစုလိုသော နိုင်ငံခြားသား ကျောင်းသားများ နှင့်
၎။ အိန္ဒိယနိုင်ငံသား အသက် ၆၀ ပြည့်ပြီးသူ အားလုံးတို့သည် Entrance Examination (၀င်ခွင့်) စာမေးပွဲ ဖြေဆိုစရာ မလိုဟု စည်းမျဉ်းမှာ ဖော်ပြထားသည်။ နံပါတ် (၃) အရ စာရေးသူတို့အဖွဲ့သည် နိုင်ငံခြားသားများ ဖြစ်သည်အတွက် ၀င်ခွင့် ဖြေဆိုစရာမလို။ ၂၀၁၀ ကဖြေဆိုခဲ့သော ၀င်ခွင့်သည်လည်း တရားမ၀င်သလို ဖြစ်သွားသည်။
ထိုဝင်ခွင့်အစား နိုင်ငံခြားကျောင်းသားများအတွက် အမေရိကန်ဒေါ်လာ ၇၅ တန် အိန္ဒိယရူပီးငွေ (ယခုပေါက်ဈေး တစ်ဒေါ်လာ ၄၄.၃၄၀ ရူပီး ရှိသည်)၊ အိန္ဒိယကျောင်းသားများအတွက် ရူပီး ၁၀၀၀ ပေးသွင်းရမည့်အပြင် နုတ်ဖြေ သူတို့ခေါ် Open-Defense ပြုလုပ်ရမည်။ အပြင်ပ ဆရာများကို ခေါ်ယူပြီး ကိုယ့်ရဲ့ Synopsis ကိုပဲ မေးမည်ဖြစ်သဖြင့် ပြင်ဆင်ထားဖို့လိုသည်။ 2010 July လက စာရေးသူနှင့်အတူ ၀င်ခွင့်ဖြေခဲ့သော ကျောင်းသား အားလုံးနှင့် 75 ဒေါ်လာတန် ရူပီးများနှင့် ပတ်စပို့ကော်ပီ၊ B.A, M.A အောင်လက်မှတ် ကော်ပီနှင့် ပူးတွဲပြီး form မှာ ဖြည့်သင့်တာ ဖြည့်ပြီး ယခုနှစ် july 25 မတိုင်မီ စောမယကောလိပ်ရှိ ဆန်စခရစ်ဌာနတွင် တင်ရပါမည်။ August လ အစပိုင်းတွင် ထို Open-Defense ကျင်းပပေးမည် ဖြစ်သဖြင့် ထိုရက်တွင် စောမယကောလိပ် ဆန်စခရစ် ဌာန ၂၀၁၀၊ ၂၀၁၁ Ph.D Candidates အားလုံး စောမယကောလိပ်တွင် ရှိနေရမည်ဟု ဒါရိုက်တာမှ မေတ္တာရပ်ခံခိုင်းပါသည်။ ကျောင်းဝင်ကြေးများ အနည်းငယ်မြင့်တက်သွားသည်ကို ဒါရိုက်တာကြီးကလဲ သူမတတ်နိုင်ကြောင်း၊ တက္ကသိုလ်၏ ဒီနှစ်ထုတ်ပြန်သော စည်းမျဉ်းအသစ်ဟု ဆိုပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၈-၇-၂၀၁၁
8.7.2011 ကိုသူရိန်ထက်+မသိဂီင်္မိုး(စင်္ကာပူ)မှ မသိဂီမိုး ၏ မွေးနေ့အလှူ
သာသနာတော်နှစ် ၂၅၅၅ ခု ကောဇာသက္ကရာဇ် ၁၃၇၃ ခု သောကြာနေ့ (၈.၇.၂၀၁၁)
အရုဏ် ကြက်သားကြာဇံချက်ဆွမ်းကပ်လှူခြင်း
ကိုသူရိန်ထက်+မသိဂီင်္မိုး(စင်္ကာပူ)မှ မသိဂီမိုး ၏ မွေးနေ့အလှူ
မွေးနေ့ရှင် အလှူရှင် မိသားစု မိသားစုအားလုံး ယနေ့မှစ၍ စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့်
အစစအရာရာ အဆင်ပြေအောင်မြင်ပြည့်စုံ၍ သာသနာအကျိုး၊ လောကအကျိုး သယ်ပိုးဆောင်ရွက်
နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်းမှ သံဃာများကိုယ်စား ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။













အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ...။
မိုးကုတ်ရိပ်သာမိသားစုမှသိမ်ထပ်မင်္ဂလာဆင်ယင်ကျင်းပမည်။
ဘုရားတပည့်တော် ၊ တပည့်တော်မတို့သည် သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်လျှက်, မအိုမသေ အမြဲနေရာ ဖြစ်သော မြတ်နိဗ္ဗာန်ကို ရည်သန်တောင်းတလျှက်, ကုသိုလ်ပါရမီ အထောက်အပံ့ဖြစ်ပါစေရန် လည်းကောင်း သာသနာတော်အကျိုးဆထက်တပိုးသယ်ပိုးနိုင်ရန်လည်းကောင်း ရည်သန်လျှက်.......
စင်္ကာပူနိုင်ငံ၌ မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဥပနိဿယအတိုင်းဝိပဿနာတရားတော် စည်ပင် ပြန့်ပွားရေး အတွက်တက်ကြွစွာသာသနာပြုလျှက်ရှိသော........
ဇယမင်္ဂလာဗုဒ္ဓ၀ိဟာရ(စင်္ကာပူ)၊ဇယမင်္ဂလာဗုဒ္ဓ၀ိဟာရ(မလေးရှား)၊ဇယမင်္ဂလာဗုဒ္ဓ၀ိဟာရ(မြန်မာ ပြည်) တို့၏ နာယကချုပ်ဆရာတော် ဒေါက်တာအရှင်ဝိစိတ္တ (Ph..D) (ဒေါက်တာရာဟုလာ) နှင့်
စစ်ကိုင်းတိုင်း၊ ရွေကူမြို့၊မိုးကုတ်ရိပ်သာဆရာတော် အရှင် အာစာရအရှင်မြတ်နှစ်ပါးတို့အား.......................
သိက္ခာထပ်မင်္ဂလာပွဲကိုဆင်ယင်ကျင်းပကာသံဃာတော်အရှင်သူမြတ်(၁၀)ပါးတို့အားလှူဒါန်းဖွယ် ရာအဖြာဖြာတို့ဖြင့် လှူဒါန်းပူဇော်မည်ဖြစ်ပါသဖြင့် ကမ္ဘာတစ်ဝန်းလုံးရှိ ဗုဒ္ဓဘာသာဆွေတော်မျိုးတော် အပေါင်းတို့အား ၀မ်းမြောက်နုမော် သာဓုခေါ်စေအပ်ပါသည်။
သိက္ခာထပ်မင်္ဂလာကို (၂၀၁၁၊ ဇူလိုင်လ (၁၀) ရက်၊ တနင်္ဂနွေနေ့)တွင် အောက်ပါအစီအစဉ် အတိုင်း ကျင်းပမည် ဖြစ်ပါသောကြောင့် တက်ရောက်ကြ့ပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
ဖိတ်ကြားသူပါရမီရှင်များ
၆၆။ကိုဖုန်းပြည့်အောင်
၆၇။ဒေါ်မြင့်မြင့်မိသားစု
ကမ္မ၀ါရွတ်ဖတ်သိမ်အချိန် ။ ။ နေ့လည်-2-PMနာရီ
သိမ်ဆင်းလောင်းလှူရန် ။ ။ 2.15PM နာရီ သိမ်ဆင်းလောင်းလှူကြရန်။
သိက္ခာထပ်မင်္ဂလာတရားတော်နာယူကြရန် ၊။ 2.30PM နာရီ
မြန်မာ့ရိုးရာထမင်းဟင်း၊မုန့်ဟင်းခါးများဖြင့်ဧည့်ခံရန်) Read more...
ဝါဆိုရည်မှန်း မြတ်သင်္ကန်း…
တကယ်တော့ ဝါဆိုသင်္ကန်းရဲ့ မူရင်းအခေါ်က မိုးရေခံသင်္ကန်းဆိုတဲ့ အခေါ်အဝေါ်ပဲ ဖြစ်ပါတယ်။ ပါဠိလိုတော့ ဝဿာဝါသိက စီဝရ၊ ဒါမှမဟုတ် ဝဿိကသာဋိက စီဝရလို့ ခေါ်ပါတယ်။ ခုနောက်ပိုင်းတော့ ဒီမိုးရေခံ သင်္ကန်းဆိုတဲ့ အခေါ်ကို အသုံးမပြုကြတော့ဘဲ ဝါဆိုသင်္ကန်းဆိုတဲ့ အမည်နဲ့ပဲ တွင်တွင်ကျယ်ကျယ် အသုံးပြုဖြစ်ခဲ့ကြပါတယ်။ ဘယ်လိုပဲခေါ်ခေါ် ရည်ရွယ်ချက်ကတော့ ဝါဆိုဝါကပ်ကြတဲ့ ရဟန်းတော်များ ဝါတွင်းကာလမှာ သင်္ကန်းနဲ့ပတ်သက်ပြီး ချမ်းချမ်းသာသာ ဖြစ်စေလိုကြတဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။ ပြီးတော့ ဒီသင်္ကန်းအလှူဟာ မိုးတွင်းကာလမှာ အပိုအနေနဲ့ လဲလှယ်ဝတ်ရုံ အသုံးပြုနိုင်ဖို့ ဘုရားရှင် ခွင့်ပြုတော်မူခဲ့တဲ့ ဝိနည်းတော်နဲ့ ညီညွတ်တဲ့ သင်္ကန်းအလှူဖြစ်လို့လည်း မွန်မြတ်တဲ့ စီဝရဒါနအလှူ ဖြစ်ပါတယ်။
ဒီဝါဆိုသင်္ကန်းအလှူ ခွင့်ပြုဖြစ်ခဲ့ရခြင်းရဲ့ အကြောင်းက ဝိသာခါ ဒါယိကမကြီးရဲ့ တောင်းလျှောက်မှုရဲ့ ကောင်းမှုကြောင့်ပဲ ဖြစ်ပါတယ်။ တစ်ခါက မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံး နေထိုင်တော်မူချိန် ကျွန်းကြီးလေးကျွန်းလုံးမှာ သဲသဲမဲမဲ မိုးကြီးရွာသွန်းခဲ့ပါတယ်။ လေးကျွန်းလုံး မိုးကြီးရွာသွန်းတာ ဖြစ်တဲ့အတွက် ဘုရားရှင်က ရဟန်းတော်များကို မိုးရေခံဖို့၊ မိုးရေးချိုးဖို့ ခွင့်ပြုတော်မူခဲ့ပါတယ်။ အဲဒီအချိန်က ရဟန်းတော်များဟာ သင်္ကန်းအပို အလှူခံခွင့် မရှိကြသေးတဲ့အတွက် မိုးရေးချိုးတဲ့အခါ သင်္ကန်းအားလုံးကိုချွတ်ပြီး မီးမွေးတိုင်းဖမွေးတိုင်း မိုးရေးချိုးဖြစ်ခဲ့ကြပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို အဲဒီနေ့မှာ ဘုရားအမှုးရှိတဲ့ သံဃာတော်များကို ဆွမ်းကပ်ဖို့ ပင့်လျှောက်ထားတဲ့ ဝိသာခါ ဒါယိကာမကြီးကလည်း အလုပ်အကျွေး တစ်ယောက်ကို ဘုရားကျောင်းသွားပြီး ဆွမ်းကိစ္စ အကြောင်းကြားဖို့ စေလွှတ်လိုက်ပါတယ်။ အလုပ်အကျွေး ဒကာမဟာ ကျောင်းရောက်တဲ့အခါ မိုးရေချိုးနေကြတဲ့ ရဟန်းတော်များကိုတွေ့ပြီး ကျောင်းမှာရဟန်းတော်များ မရှိဘဲ အဝတ်မဝတ်တဲ့ ဒိဋ္ဌိတက္ကဒွန်းတွေပဲ တွေ့ခဲ့ရကြောင်း ဝိသာခါကို ပြန်ပြောပြပါတယ်။ အခြေအနေ အရပ်ရပ်ကို သိနေတဲ့ ဝိသာခါက ဉာဏ်နဲ့ဆင်ခြင်ပြီး ဒါဟာ ရဟန်းတော်များ မိုးရေးချိုးနေကြတာ ဖြစ်နိုင်ကြောင်း၊ ဒါပေမယ့် သဒ္ဓါတရားနည်းသူများက တက္ကဒွန်းများနဲ့ အထင်မှားနိုင်ကြောင်း သဘောပေါက်ကာ မြတ်စွာဘုရားရှင် ကြွတော်မူလာတဲ့အခါ ရဟန်းတော်များအတွက် ဝဿိကသာဋိက စီဝရခေါ် မိုးရေခံ သင်္ကန်းကို လှူဒါန်းခွင့်ပြုဖို့ တောင်းပန် လျှောက်ထားခဲ့ပါတယ်။ ဒါကို မြတ်စွာဘုရားရှင်ကလည်း ဝိနည်းသိက္ခာပုဒ် ပညတ်ကာ မိုးရေခံသင်္ကန်း အလှူခံမှုကို ခွင့်ပြုတော်မူခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ဒီနေ့အထိ မိုးရေခံသင်္ကန်းခေါ် ဝါဆိုသင်္ကန်း ကပ်လှူခြင်း အစဉ်အလာ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပါတယ်။
ဆိုတော့ကား မိုးရေခံ သင်္ကန်းခေါ် ဝါဆိုသင်္ကန်း ခွင့်ပြုပြီးတဲ့ နောက်ပိုင်းမှာ ဒီသင်္ကန်းကို လှူဒါန်းမှုနဲ့ ပတ်သက်ပြီး အချိန်ကာလ သတ်မှတ်ချက်အကြောင်းလည်း ပြောဖို့လိုလာပါတယ်။ ဒီမိုးရေခံသင်္ကန်းနဲ့ ပတ်သက်ပြီး ရဟန်းတော်များအနေနဲ့ ကိုယ်တိုင်ချုပ်လုပ်ပြီး သုံးဆောင်မယ်ဆိုရင်တော့ ပြုလုပ်နိုင်တဲ့ကာလက နယုန်လပြည့်ကျော် (၁)ရက်နေ့ကစပြီး မိုးလေးလကုန်တဲ့အထိ ရှားမှီချုပ်လုပ်နိုင်ပါတယ်။ ဒီသင်္ကန်းကို လှူဒါန်းတဲ့ အလှူရှင်များ အနေနဲ့ကတော့ ကာလသတ်မှတ်ချက် မရှိဘဲ ဝါဆိုသင်္ကန်းအဖြစ် ရည်မှန်းပြီးတော့ ဝါတွင်းပဲဖြစ်ဖြစ်၊ ဝါပပဲဖြစ်ဖြစ် ကြိုက်တဲ့အချိန်မှာ ကြိုက်သလောက် ဆက်ကပ်လှူဒါန်းနိုင်တာ ဖြစ်ပါတယ်။ ဝါဆိုသင်္ကန်း လှူဒါန်းလိုတဲ့ အလှူရှင်တွေအတွက် ဝါမဆိုခင်လှူရတာတို့၊ ဘယ်နေ့ကစပြီး ဘယ်နေ့အထိပဲ လှူရတာတို့ စတဲ့သတ်မှတ်ချက်တွေ မရှိပါဘူး။ ဝါဆိုသင်္ကန်းလို့ ရည်မှန်းပြီး လှူဒါန်းရုံနဲ့ ဝါဆိုသင်္ကန်း အလှူမြောက်ပြီး ဖြစ်ပါတယ်။
ဒီတော့ ဝါဆိုသင်္ကန်း အလှူနဲ့ ကထိန်သင်္ကန်းအလှူ ပြီးတော့ ရိုးရိုးသင်္ကန်းအလှူ ဘယ်လိုကွာခြားလဲလို့ မေးစရာ မေးခွန်းတွေလည်း ရှိလာနိုင်ပါတယ်။ ယေဘုယျပြောရရင်တော့ စီဝရဒါနခေါ် အဝတ်သင်္ကန်း အလှူဟာ စေတနာပြတ်ပြီး လှူဒါန်းမယ်ဆိုရင် အကျိုးတရားက အပြည့်အဝ ရပြီးသားပဲ ဖြစ်ပါတယ်။ ဗုဒ္ဓစာပေတွေမှာ အဝတ်သင်္ကန်းကို လှူဒါန်းခြင်းဟာ အဆင်းကိုလှူဒါန်းရာ ရောက်တဲ့အတွက် ရုပ်ရည်အဆင်း လှပခြင်းကို ဖြစ်စေတတ်ကြောင်း၊ အမြင့်မြတ်ဆုံး အနေနဲ့ သင်္ကန်းအလှူကို လှူဒါန်းတဲ့သူဟာ ဒကာတွေဆိုရင် ဘုရားတစ်ဆူဆူ အထံတော်မှာ ဧဟိဘိက္ခု (ချစ်သားလာလော့) အခေါ်ခံရပြီး အလွယ်တကူ ရဟန်းအသွင်ကို ရရှိစေကာ မဂ်ဖိုလ်နိဗ္ဗာန် ဝင်စံနိုင်သလို၊ အမျိုးသမီးတွေ ဆိုရင်လည်း လောကီအကျိုးအနေနဲ့ အလွန်အဖိုးထိုက်တန်တဲ့ မဟာလတာတန်ဆာကို ဝတ်ဆင်မြန်းနိုင်ပြီး နောက်ပိုင်း ဘုရားသာသနာနဲ့ ကြုံတွေ့ကာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့အထိ အထောက်အပံ့ကို ဖြစ်စေကြောင်း စသဖြင့် ဖွင့်ဆိုရှင်းပြထားတာကို တွေ့ရပါတယ်။ ဒါကအမျိုးအမည် မကွဲပြားတဲ့ သင်္ကန်းအလှူရဲ့ အကျိုးပေးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကထိန်သင်္ကန်းတို့၊ ဝါဆိုသင်္ကန်းတို့ ဆိုတာကတော့ ကာလအပိုင်းအခြား သတ်မှတ်ပြီး လှူဒါန်းတဲ့ အလှူတွေဖြစ်တဲ့အတွက် စီဝရဒါနခေါ် သင်္ကန်းအလှူမြောက်ရုံတင်မဟုတ်ဘဲ ကာလဒါနလည်း မြောက်တဲ့အတွက် အကျိုးတရား ပိုပြီးထူးခြားတယ်လို့ ပြောနိုင်မှာ ဖြစ်ပါတယ်။ ကာလဒါန အလှူရဲ့သဘောက အကျိုးပေးတဲ့အခါ ကိုယ်လိုတဲ့အချိန်မှာ လိုအပ်ချိန်နဲ့ကိုက်ညီတဲ့၊ လိုအပ်ချိန်မှာ လိုအပ်တဲ့အရာကို အလွယ်တကူ ရစေနိုင်တဲ့ အကျိုးထူးကိုလည်း ဖြစ်စေတတ်ပါတယ်။
ပြီးတော့ ဝါဆိုသင်္ကန်း အလှူဟာ အမြဲမပြတ် ကုသိုလ်ဖြစ်စေတဲ့ နိဗဒ္ဓအလှူ (၇)မျိုးထဲမှာ ပါဝင်တဲ့ ကုသိုလ်ဖြစ်ပြီး ဒီကုသိုလ်ကို အမြဲမပြတ် ဆင်ခြင်ပွားများနေမယ်ဆိုရင် သေပြီးနောက် ဒုတိယ ဘဝမှာ အပါယ်မလားဘူးလို့လည်း အဋ္ဌကထာဆရာများက ဖွင့်ပြထားပါတယ်။ နိဗဒ္ဓဆိုတာ အမြဲမပြတ် ကုသိုလ်ဖြစ်စေအပ်တယ်လို့ အဓိပ္ပါယ်ရပြီး အဲဒီလို အမြဲမပြတ် ကုသိုလ်ဖြစ်စေအပ်တဲ့ နိဗဒ္ဓအလှူ (၇)မျိုးက
၁။ သရဏဂုံတည်နေခြင်း
၂။ ငါးပါးသီလလုံခြုံနေခြင်း
၃။ စာရေးတံမဲအလှူ လှူဒါန်းခြင်း
၎။ လပြည့်လကွယ် ၁၅ရက်နေ့များမှာ လှူဒါန်းတဲ့ ပက္ခအလှူ လှူဒါန်းခြင်း
၅။ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း
၆။ ရေတွင်းရေကန် တူးဖော်လှူဒါန်းခြင်း
၇။ ကျောင်းဆောက်လုပ် လှူဒါန်းခြင်း တို့ပဲ ဖြစ်ပါတယ်။ ဒီအလှူတွေထဲက နံပါတ် (၅)အလှူဟာ ဝါဆိုသင်္ကန်းအလှူဖြစ်ပြီး ဒီခုနှစ်မျိုးထဲက တစ်မျိုးမျိုးကို စွဲမြဲအောင် ထိန်းသိမ်းပြုလုပ်ထားမယ်ဆိုရင် ဒုတိယဘဝမှာ အပါယ်မလားဘူးလို့ ဆိုခြင်း ဖြစ်ပါတယ်။
ဒီနေရာမှာ အထူးသတိပြုရမှာက ဝါဆိုသင်္ကန်းအလှူဟာ နိဗဒ္ဓအလှူတွေထဲ ပါနေတဲ့အတွက် ဒီဝါဆိုသင်္ကန်း အလှူကို လှူထားလိုက်ရုံနဲ့ အပါယ်မလားတော့ဘူးလို့ တထစ်ချ ပြောလို့မရပါဘူး။ နိဗဒ္ဓအလှူ တစ်ခုခုကို လုပ်ထားပေမယ့်လည်း ဒီအလှူထက် တစ်ခြားအပါယ်လားစေတဲ့ အကုသိုလ်တွေက အားကြီးနေမယ် ဆိုရင်တော့ အပါယ်လားနိုင်ပါသေးတယ်။ တစ်ခြားအကုသိုလ်တွေ မရှိဘူးဆိုရင်တော့ ဒီနိဗဒ္ဓအလှူထဲက တစ်မျိုးမျိုးကို ပြုလုပ်ထားသူဟာ အပါယ်မလားနိုင်ဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။
ရှိစေတော့။ ပြောချင်တာက ဝါဆိုရည်မှန်း မြတ်သင်္ကန်းအကြောင်း ပြောချင်တာ ဖြစ်ပါတယ်။ ဝါဆိုသင်္ကန်းအလှူဟာ စီဝရဒါန အလှူဖြစ်သလို ကာလဒါန အလှူလည်း ဖြစ်တဲ့အတွက် ဒီသင်္ကန်းကို လှူဒါန်းတဲ့သူတွေဟာ သင်္ကန်းလှူရကျိုးအပြင် အလိုရှိချိန်မှာ လိုတာကို ရစေနိုင်တဲ့ ကာလဒါနအကျိုးကိုလည်း ရရှိနိုင်ပြီး အဝတ်သင်္ကန်းကို လှူဒါန်းခြင်းဟာ အဆင်းကိုလည်း လှူဒါန်းရာ ရောက်တဲ့အတွက် ရုပ်ရည်အဆင်း လှပခြင်းနဲ့ ပြည့်စုံနိုင်ကြောင်း၊ ပါရမီပြည့်မြောက်လို့ နောက်ဆုံးရောက်တဲ့ အချိန်မှာလည်း သင်္ကန်းလှူရတဲ့ အကျိုးအားကြောင့် ရဟန်းဘဝကို အလွယ်တကူ ရရှိကာ မဂ်ဖိုလ်နိဗ္ဗာန်အထိ မျက်မှောက်ပြုနိုင်ကြောင်း စသဖြင့် ပြောလိုတာ ဖြစ်ပါတယ်။ လက်တွေ့အနေနဲ့ ဒီသင်္ကန်းလှူဒါန်းတဲ့ ကုသိုလ်အပေါ်မှာ စွဲမြဲတဲ့စိတ်ထားနဲ့ ကုသိုလ်တရားပွားပြီး တခြားအပါယ်လားစေမယ့် အကုသိုလ်တရားတွေကိုလည်း ရှောင်ရှားထားမယ်ဆိုရင် သေပြီးနောက် ဒုတိယဘဝမှာ အပါယ်တံခါးပိတ်ထားနိုင်တဲ့ အကျိုးရလာဘ်ကို ရရှိခံစားစေမှာ ဖြစ်ပါတယ်။
ဒါကြောင့် အလှူအမျိုးမျိုးရှိတဲ့အထဲက ဝါဆိုရည်မှန်း မြတ်သင်္ကန်းအလှူဟာလည်း အမြတ်ဆုံး အလှူတွေထဲက အကောင်းဆုံးအလှူ တစ်ခုဖြစ်တဲ့အတွက် အကြောင်းစုံလို့ လှူဒါန်းခွင့်ကြုံတဲ့အခါ ဒီအမြတ်ဆုံး အလှူတစ်ခုဖြစ်တဲ့ ဝါဆိုသင်္ကန်း အလှူကိုလည်း အဆင်ပြေတဲ့အချိန်မှာ အဆင်ပြေသလို ရည်မှန်းကာ လှူဒါန်းကြည့်ကြဖို့ တိုက်တွန်းရင်း ဝါဆိုရည်မှန်း မြတ်သင်္ကန်းအကြောင်း တစ်စေ့တစ်စောင်း တင်ပြလိုက်ရပါတယ်။
စာရေးသူ = အရှင်ဝိစိတ္တ (မနာပ ဒါယီ) ။ အချိန် 1:22 PM
စုစည်းထားမှု = ဓမ္မရသစာစုများ
Read more...ရေချိုးပါ ဒီလိုရေချိုးပါ...
နန္ဒကလိစ္ဆဝိသုတ်
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်း၌ သီတင်းသုံး နေတော်မူ၏၊ ထိုအခါ နန္ဒကမည်သော လိစ္ဆဝီအမတ်ကြီးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသောနေရာ၌ ထိုင်နေသော နန္ဒကမည်သော လိစ္ဆဝီအမတ်ကြီးအား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ -
နန္ဒက တရားလေးပါးတို့နှင့် ပြည့်စုံသော အရိယာတပည့်သည် ပျက်စီးကျရောက်ခြင်း သဘော မရှိသော ကိန်းသေမြဲသော အထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော သောတာပန်ဖြစ်၏။ အဘယ်လေးပါးတို့နှင့်နည်း...
နန္ဒက ဤသာသနာတော်၌ အရိယာတပည့်သည်
၁... ''ထိုမြတ်စွာဘုရားသည် ပူဇော် အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း 'အရဟံ' မည်တော်မူ၏။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း 'သတ္ထာဒေဝမနုဿာနံ' မည်တော်မူ၏၊ သစ္စာလေးပါးတရားတို့ကို သိစေတော်မူသော အကြောင်းကြောင့်လည်း 'ဗုဒ္ဓ' မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း 'ဘဂဝါ' မည်တော်မူ၏'' ဟု မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏၊
၂... တရားတော်၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏၊
၃... သံဃာတော်၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏၊
၎...မကျိုး မပေါက် မပြောက် မကျားကုန်သော ။ပ။ တည်ကြည်မှု 'သမာဓိ' ကို ဖြစ်စေတတ်ကုန်သော အရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့နှင့် ပြည့်စုံ၏။
နန္ဒက ဤတရားလေးပါးတို့ နှင့် ပြည့်စုံသော အရိယာတပည့်သည် ပျက်စီးကျရောက်ခြင်း သဘော မရှိသော ကိန်းသေမြဲသော အထက် မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော သောတာပန်ဖြစ်၏။
နန္ဒက ထို့ပြင် ဤတရားလေးပါးတို့နှင့် ပြည့်စုံသော အရိယာတပည့်သည် နတ်၌ဖြစ်သော အသက်နှင့် လည်းကောင်း၊ လူ၌ဖြစ်သော အသက်နှင့် လည်းကောင်း ယှဉ်၏။ နတ်၌ဖြစ်သော အဆင်းနှင့်လည်းကောင်း၊ လူ၌ဖြစ်သော အဆင်းနှင့် လည်းကောင်း ယှဉ်၏။ နတ်၌ဖြစ်သော ချမ်းသာနှင့် လည်းကောင်း၊ လူ၌ဖြစ်သော ချမ်းသာနှင့် လည်းကောင်း ယှဉ်၏။ နတ်၌ဖြစ်သော အခြံအရံနှင့် လည်းကောင်း၊ လူ၌ဖြစ်သော အခြံအရံနှင့် လည်းကောင်း ယှဉ်၏။ နတ်၏ အစိုးရခြင်းနှင့် လည်းကောင်း၊ လူ၏ အစိုးရခြင်းနှင့် လည်းကောင်း ယှဉ်၏။ နန္ဒက ထိုစကားကို အခြားသော သမဏထံမှ လည်းကောင်း၊ အခြားသော ဗြာဟ္မဏထံမှ လည်းကောင်း ကြားရ၍ ငါ ပြောဆိုခြင်း မဟုတ်။ စင်စစ်မူကား ငါကိုယ်တိုင်သိသော ငါကိုယ်တိုင် မြင်သော ငါကိုယ်တိုင် ထင်သောအရာကိုသာလျှင် ငါ ပြောဆို၏ဟု မိန့်တော်မူ၏။
ဤသို့ မိန့်တော်မူပြီးသော် ယောက်ျားတစ်ယောက်သည် လိစ္ဆဝီအမတ်ကြီး နန္ဒကအား ''အသျှင် ရေချိုးချိန်ပါတည်း'' ဟု ပြောလေ၏။ အချင်း ယခု ဤအပဖြစ်သော ရေချိုးခြင်းဖြင့် အကျိုးမရှိ၊ မြတ်စွာဘုရား၌ ကြည်ညိုခြင်းဟူသော အတွင်းဖြစ်သော ဤရေချိုးခြင်းသာ သင့်မြတ်သည် ဖြစ်လတ္တံ့ဟု ပြောဆိုလေ၏။ ၁ဝ၂၆
၁ဝ - နန္ဒကလိစ္ဆဝိသုတ်၊ သရဏာနိဝဂ်၊ မဟာဝဂ္ဂသံယုတ်ပါဠိတော်။











