Labels:
Dhamma Vadi
ဝါဆိုလပြည့်နေ့အတွေးများ (၂)
7 months ago
ဓမ္မ အနှစ်သာရများ စုဝေးရာနေရာ
Following event is announced by the 1000 stars Tibetan group - in English stopping for translation into Thai:
The Thousand Stars Foundation is pleased to invite interested persons to attend a dharma teaching by Tertoen Chador Lingpa from Bhutan on Saturday August 29, 2009, 10-12 am. at the Foundation House, 695 Ladprao Soi 11. There will be a translation into Thai. There is no registration fee. Rinpoche will also do some chanting for happiness and long life. Please reply to this message or call 0814585871 for reservation.
TERTOEN CHADOR LINGPA
He was reborn as a combination of Guru Rinpoche (Padmasambhava) and Channa Dorji (Vajrapani) known as Tertoen Chador Lingpa (treasures discoverers).
The present reincarnation was born in Belung village, Trongsa region, Bhutan. He had meditated in cave of Sangye phu(loin cave) for two month at Taktshang Goemba, Taktshang is the famous of Bhutan’s monasteries, perched on the side of a cliff 900m above the floor of Paro valley. It is believed that the important saint Guru Rinpoche (Padmasambhava) have flown to the site of the monastery on the back of a tigress. He then meditated in cave here for three months.
Source: http://www.bhutanpeaceful.com/profile.html
Click here for more information and background on the Thousand Stars group


ဟိုလွန်ခဲ့တဲ့တချိန်တုန်းက စစ်ကိုင်းတောင်ရိုး၌ လျှပ်စစ်မီးအလင်းရောင် ကောင်းစွာမရသေး၊ သွားလမ်း လာလမ်း လည်း ကောင်းစွာမရှိသေး၊ တယ်လီဖုန်းအဆက်အသွယ်လည်း မရှိသေး၊ ဆေးရုံလည်း မရှိသေး။ ထိုကဲ့သို့သော အခါက သီတဂူဆရာတော်လောင်းလျာ ဦးပဉ္စင်းလေးသည် ၁၀-ဝါမျှသာ ရှိသေးသည်။ အနီးစခန်းဆရာတော်ထံ၌ အထက်တန်းပိဋကတ်စာပေနှင့် ဘာသန္တရစာပေများကို လေ့လာဆည်းပူးနေချိန် ဖြစ်ပေသည်။
မိုးတစိမ့် စိမ့်ရွာနေသည့် တစ်ခုသော နံနက်ခင်းဝယ် သီလရှင် ဆရာလေးတစ်ပါးသည် နံနက်ဆွမ်း ချက်ရန်အတွက် ထင်းပုံကို လက်နှင့် နှိုက်လိုက်ရာ အမှတ်မထင် မြွေဟောက်က ကိုက်လေ၏။ ဆရာလေးသည် အဆိပ်တက်ပြီး မေ့မျောလဲကျသွားလေတော့၏။ ချောင်ပိုင်သီလရှင် နာယကဆရာကြီးများ ပျာယာခတ်ပြီး ခြေ မကိုင်မိ လက်မကိုင်မိ ဖြစ်ကုန်တော့၏။ ထို့ကြောင့် သီတဂူဆရာတော် အလောင်းအလျာ ဦးပဉ္စင်းလေးကို အကူအညီတောင်းပါတော့သည်။
ဦးပဉ္စင်းလေးကလည်း ချက်ချင်း လိုက်သွားပြီး မြွေကိုက်သည့်ဒဏ်ရာ၏အထက်၌ ခါးပန်းကြိုးနှင့် ချည်လိုက်၏။ ဒဏ်ရာကို ဓားနှင့်ခွဲပြီး သွေးကို ညှစ်ထုတ်လိုက်၏။ သံပရာသီးနှင့်ဆားကို ရော၍ ဒဏ်ရာကို သိပ်ပေးပြီး ဆရာလေးကိုလည်း ယင်းသံပရာသီးနှင့်ဆားကိုပင် ဖျော်၍ တိုက်လေ၏။
ထို့နောက် လူနာကို စောင်နှင့်ထုပ်ကာ မြင်းလှည်းဂိတ်သို့ ထမ်းပို့လိုက်ကြ၏။ မနက်အစောကြီး ဖြစ်သောကြောင့် မြင်းလှည်းသမားကိုလည်း အိမ်ထိ သွားခေါ်ရသေး၏။ ထိုမှတဖန် မြင်းလှည်းဖြင့် တောင်ရိုးမှ မိုးမလင်းမီ စစ်ကိုင်းပြည်သူ့ဆေးရုံသို့ သွားကြရ၏။ မိုးလင်းသောအခါမှသာ ဆရာဝန်နှင့်သူနာပြုများ၏ ဆေးကုသမှုကို ခံယူရလေသည်။ ကံကောင်းထောက်မစွာ ဆရာလေး အသက် ရှင်ခဲ့လေသည်။ အကယ်၍ ဒဏ်ရာသာ ပြင်းထန်လျှင် အသက်ရှင်သန်ဖို့မလွယ်ကူတော့။
ထိုအခက်ခဲတို့တွေ့ရခြင်းမှာ တောင်ရိုး၌ ဆေးရုံမရှိခြင်း ကြောင့်ဖြစ်ပေသည်။ ဆေးရုံရှိလျှင် အလွယ် တကူ ဆေးကုသနိုင်ပါသည်။ ``တောင်ရိုးမှာ ဆေးရုံရှိသင့်တယ်´´ဟု စိတ်ထဲ၌ တွေးမိလေသည်။ ဤကား ဆေးရုံဆောက်လုပ် ရန်စိတ်ကူး၏ ပထမဆုံး အကြံဖြစ်၏။
ဒုတိယမ္ပိ ကြံစည်မိ
သီတဂူဆရာတော်သည် စစ်ကိုင်းတောင်ရိုး သဒ္ဓမ္မသီတဂူချောင်ကို ၁၃၃၈-ခုနှစ်တွင် တည်ဆောက်ခဲ့ သည်။ နှစ်စဉ် တော်သလင်းလတွင် ကျင်းပသည့် မန္တလေးမြို့ မလွန်ဆန်လှူရေစက်ချပွဲသို့ မြန်မာပြည်တဝှမ်း မလွန် ဆန်လှူ အသင်းထောက်များမှ တချို့အသင်းဝင်လူများသည် ထိုသီတဂူချောင်သို့ လာရောက် တည်းခိုကြ၏။
ဧရာဝတီတိုင်း မလွန်ဆန်လှူအသင်းထောက်တစ်ခုမှ ဆွမ်းဆန်အလှူရှင် ဒကာကြီးတစ်ယောက်သည် တစ်ညတွင် ဝမ်းလျှောလေ၏။ ဝမ်းအကြိမ်ပေါင်း ၂၇- ကြိမ်သွားလေသည်။ ထို့ကြောင့် သီတဂူဆရာတော်သည် ထိုလူနာကို ရေနွေးပူပူ ပျားရည်ချိုချို နှမ်းဆီမွှေးမွှေး ပတ္တမြားသွေးဆေးတို့ဖြင့် ရော၍တိုက်လေသည်။ ထိုက် သလောက် သက်သာသွားလေ၏။
သို့သော် လူနာကို စိတ်မချသဖြင့် ညဉ့်နက်သန်းခေါင် အချိန်ကြီး၌ စစ်ကိုင်းဆေးရုံသို့ မြင်းလှည်း ဖြင့် ပို့လိုက်လေသည်။ လူနာ အသက်ချမ်းသာရာ ရဖို့အတွက် အပြေးအလွှား စိတ်မောကိုယ်မောဖြင့် ခက်ရာ ခက်ဆစ်ပို့ရ၏။ ယင်းသို့ပို့ရခြင်းမှာ တောင်ရိုးမှာ ဆေးရုံမရှိသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ``တောင်ရိုး မှာ ဆေးရုံရှိလျှင် ကောင်းမှာပဲ´´ဒုတိယမ္ပိ အကြံဖြစ်မိပြန်ပါသည်။
တတိယမ္ပိ ကြံစည်မိ
သီတဂူဆရာတော်သည် ရှမ်းပြည်မြောက်ပိုင်း နမ်းခမ်းမြို့သို့ ရောက်ခဲ့စဉ်က အမေရိကန်နိုင်ငံသား ခရစ်ယာန်သာသနာပြု ဒေါက်တာဆီးဂရေး၏ ဆေးရုံကြီးကို တွေ့ခဲ့ရသဖြင့် တအံ့တဩ ငေးမောကြည့်ရှုခဲ့ရ ပေသည်။ ``ငါတို့နိုင်ငံမှာ ဘာသာခြားဆေးရုံတွေ ရှိနေပြီး ငါတို့ ဗုဒ္ဓဘာသာပိုင်ဆေးရုံမရှိတာဟာ ငါတို့ ရဟန်းတော်များရဲ့ အားနည်းချက်ပဲ´´ဟု စဉ်းစားမိခဲ့ပါသည်။
သီတဂူဆရာတော်သည် အူကျရောဂါဖြစ်သဖြင့် ရန်ကုန်မြို့ရှိ ရာမကရစ်ရှနားအသင်းပိုင် ဂန္ဓီဆေးရုံသို့ တက်ရောက်၍ ကုခဲ့ရသေးသည်။ ဗုဒ္ဓဘာသာရဟန်းတော် တစ်ပါးအနေဖြင့် ဘာသာခြားများ၏ ဆေးရုံ၌ တက်ရောက်၍ ကုရခြင်းမှာ အမျိုး ဘာသာ သာသနာမျက်စိဖြင့် ကြည့်လျှင် အောက်တန်းကျ လှပေသည်။ ကိုယ့်နိုင်ငံ ကိုယ့်တိုင်းပြည်မှာနေ၍ ဘာသာခြားပိုင်ဆေးရုံမှာတက်ရသည်မှာ တွေးကြည့်လေ ရှက်စရာကောင်း လေပင်တည်း။
ထို့ကြောင့် ``ငါတို့နိုင်ငံမှာ ဗုဒ္ဓသားတော် ရဟန်းတော်များ ဦးစီးတဲ့ ဆေးရုံရှိသင့်တယ်၊ ငါ စွမ်းနိုင်တဲ့ တနေ့ကျရင် ဆေးရုံဆောက်မည်´´ဟူသော ခိုင်မာသော အဓိဋ္ဌာန် ချလိုက်မိပါသည်။
ဘာသာခြားများ ပိုင်ဆိုင်သည့် ထိုဆီးဂရေးဆေးရုံနှင့် ဂန္ဓီဆေးရုံတို့က သီတဂူဆရာတော်ကို သီတဂူ အာယုဒါနဆေးရုံဆောက်လုပ်ဖို့အတွက် မဖြစ်ဖြစ်အောင် တိုက်တွန်းခဲ့ကြသည်။ ယင်းသို့ တိုက်တွန်း ခဲ့သော ကြောင့် သီတဂူဆရာတော်သည် အခက်အခဲပေါင်းများစွာကို ကျော်လွှားပြီး သီတဂူအာယုဒါနဆေးရုံကို ၁၃၅၀-ခုနှစ်တွင် ပန္နက်ရိုက်၍ ၁၃၅၁-ခုနှစ်တွင် တည်ဆောက် ခဲ့ပါသည်။
ယနေ့သီတဂူဆေးရုံ
ယနေ့အချိန်၌ သီတဂူဆေးရုံသည် ရဟန်း, သာမဏေ, သူတော်, သီလရှင်, ဗုဒ္ဓဘာသာဝင် လူအများ၏ အားကိုးရာဖြစ်၍ နေပေတော့သည်။ မန္တလေးမြို့မှ အထူးကုဆရာဝန်ကြီးများကလည်း နေ့စဉ် လုပ်အားဒါန ပြုလုပ်၍ ကုသပေးလျက် ရှိပေသည်။ သဒ္ဓါတရားကောင်းလှသည့် ထိုဆရာဝန်များကလည်း ဘုရားလက်ထက်က သမားတော်ကြီး ဆရာဇီဝကကို အားကျအတုယူဟန်ရှိလေ၏။
ပြည်ပနိုင်ငံအသီးသီးမှ အထူးကုဆရာဝန်ကြီးများကလည်း ဤဆေးရုံကြီးသို့ လာရောက်၍ နှစ်စဉ် နှစ်တိုင်း လုပ်အားဒါနပြုနေကြပါသည်။ ဆေးရုံအုပ်, ဆရာဝန်, သူနာပြု ဝန်ထမ်းပေါင်း ၇၀-ကျော်တို့က နေ့စဉ် အတွင်းလူနာ ၈၀-ခန့်၊ အပြင်လူနာ ၂၀ဝ-ခန့်တို့ကို ကုသပေးလျက်ရှိပါသည်။ အထူးသဖြင့် သီတဂူ အာယုဒါနဆေးရုံတော်မှ မျက်စိအလင်း ရရှိသူပေါင်း ၁၅၀ဝ-ခန့် ရှိသွားပေပြီ။
ယခုအချိန်၌ ဆေးရုံ၏ အထွေထွေကုန်ကျစရိတ်မှာ တစ်လလျှင် ပျမ်းမျှ ကျပ်သိန်း ၇၀-ကျော် ဝန်းကျင် ရှိပါသည်။ မြန်မာပြည်တွင်းမှ အလှူရှင်များ၊ ပြည်ပနိုင်ငံအသီးသီးမှ အလှူရှင်များက စေတနာထက်သန်စွာ လှူ ဒါန်းလျက်ရှိပေသည်။
-----------------
သီတဂူ အရှင်ဒေ၀ိန္ဒာဘိဝံသ
(ashindevindabhivamsa@gmail.com)
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်း
(၂၄ - ၀၈ - ၂၀၀၉)
Just as most people who grow up in the west become familiar with the stories and sayings of the Bible, whether or not they ever sit down to read it, so the tales and language of the Lotus Sutra infuse the culture and thinking of East Asia. And for anyone coming to Buddhism from outside, it doesn't take long before they reach a level of familiarity with the Sutra's stories and parables that they might not even initially be aware of.
Through countless conversations, Dharma talks, and book references, Buddhists will hear the stories of the father enticing his children out of a burning house, the Buddhist tale of the Prodigal Son, the parable of the hidden gem, and the simile of the phantom city long before one ever actually opens the pages of the Sutra. These teachings, first translated from Sanskrit to Chinese in 255 CE, are still very much alive for all Buddhists today.
It is also, of course, a central and essential text, an object of devotion itself in Tendai and Nichiren, and of huge importance in Zen, Pure Land and other schools. And chapter 25, often used independently of the rest of the Sutra, is the most important scriptural basis for popular and widespread devotion to the Bodhisattva Avalokitesvara. It was to this chapter that I first turned when looking at this new translation by Gene Reeves.
The Kern translation of the verse section of this chapter begins with "Listen to the conduct of Avalokitesvara. Hear from my indication how for numerous, inconceivable Æons he has accomplished his vote..." While the Burton Watson version runs "Listen to the actions of the Perceiver of Sounds,/how aptly he responds in various quarters./His vast oath is deep as the ocean;/kalpas pass but it remains unfathomable."
Reeves translates this as "Listen to the actions of the Cry Regarder./How well he responds in every region./His great vow is as deep as the sea,/Unfathomable even after eons." It is a magnificent rendering, not least because it comes closest to what is, although designed specifically for chanting, the benchmark version by the Vermont Zen Center. But the combination of accuracy and poetry that Vermont Zen achieved with this one section, Reeves has applied throughout the entire Sutra.
Mark Unno, an ordained Shin Buddhist and an assistant professor of East Asian religions at the University of Oregon, emphasises this point when he describes this new translation as "an invaluable resource for students in the classroom as well as in the meditation hall." And Taigen Dan Leighton, of Loyola University Chigago, has called it "the new standard". Another example, drawn from chapter two, Skillful Means, illustrates their point.
In place of "It is impossible to explain it; it is unutterable" (Kern) or "This Law cannot be described,/words fall silent before it" (Burton Watson), this new translation says "This Dharma is indescribable./Words must fall silent." This is a version, clearly, that can be trusted as accurate, and used with ease for inspiration and devotion. It is clear that Dr Gene Reeves, as well as a scholar, is also a practitioner.
He is, in fact, associated with Rissho Kosei-kai, a Buddhist lay movement based on the Lotus Sutra which is very active in peace projects and with other religious groups, and Japan's second-largest religious organization. Reeves himself helped found the International Buddhist Congregation that meets every Sunday at 11am on the 5th floor of Fumon Hall, the Rissho Kosei-kai International headquarters in Tokyo, for Dharma talks, sutra recitation, and 'hoza' - personal group discussions.
"The Lotus Sutra", Reeves explained to the Japan Times in an article written while working on this new translation, "teaches that we can all reach an enlightened state, and places an emphasis on devotion and faith." And Reeves expands upon this fabulous summary in his magnificent introduction to the Sutra. Reeves talks about the text itself, its name, origin, formation, and versions, and the separate sutras that the Lotus opens and closes with, and which are included in this volume.
He then explores the historical significance of the Sutra and its fantasy setting, before looking at its key teachings of the one vehicle of many means, the one Buddha of many embodiments, and wisdom, compassion and practice. Finally, Reeves concludes his introduction by looking to the positive goals of the Sutra, the goals of reaching Buddahood, joy, and peace. And he quotes the Buddha, from chapter three, referring to all people:
"It is not my intent to lead them to extinction.
I am the king of the Dharma, free to teach the Dharma,
Appearing in the world to bring peace and comfort
To all the living."
Gene Reeves has brought this sutra alive. From the well-known stories of fathers and children, hidden gems and wise kings, to the incredible scale of its cosmic setting and cast of billions, both the prose passages and the long verse sections are rendered into such easily read and understood English that, finally, we hardly even notice the translation at all. It serves entirely to allow through the brilliant wisdom, compassion, and beauty of the original text. An essential addition for your bookshelf or altar.
Links:



မေတ္တာတရား ကြီးမားလာတဲ့ ပုဂ္ဂိုလ်ဟာ သူတစ်ပါးရဲ့ ဒုက္ခတွေကို ငြိမ်းအေး စေချင် လာတယ်။
ကရုဏာတရား ကြီးမားလာတဲ့ ပုဂ္ဂိုလ်ဟာ သူတစ်ပါးကို အကူအညီ ပေးချင် လာတယ်။
မုဒိတာတရား ကြီးမားလာတဲ့ ပုဂ္ဂိုလ်ဟာ သူတစ်ပါး ဒုက္ခငြိမ်းတာ၊ သူတစ်ပါး အေးချမ်းတာတွေကို ကြည့်ပြီး ၀မ်းသာပီတိ ဖြစ်လာတယ်။
ဥပေက္ခာတရား ကြီးမားလာတဲ့ ပုဂ္ဂိုလ်ဟာ ဘာဝနာ တရားတွေကို အားထုတ်ဖို့ အင်အားတွေ ဖြစ်လာတယ်။
မေတ္တာတရား ခေါင်းပါးနေတဲ့ ပုဂ္ဂိုလ်ဟာ သူတစ်ပါး ဒုက္ခရောက်တာကို ကြည့်ပြီး ၀မ်းသာနေတတ်တယ်။
ကရုဏာတရား ခေါင်းပါးနေတဲ့ ပုဂ္ဂိုလ်ဟာ သူတစ်ပါး ဆင်းရဲဒုက္ခ ရောက်နေတာကို ကြည့်ပြီး ကျေနပ် နေတတ်တယ်။
မုဒိတာတရား ခေါင်းပါးနေတဲ့ ပုဂ္ဂိုလ်ဟာ သူတစ်ပါး ချမ်းသာနေတာကို ကြည့်ပြီး မနာလို ဖြစ်နေတတ်တယ်။
ဥပေက္ခာတရား ခေါင်းပါးနေတဲ့ ပုဂ္ဂိုလ်ဟာ တဏှာ၊ မာန၊ ဒိဋ္ဌိ တို့နဲ့ အပေါင်းအသင်း ဖြစ်နေပြီး ကိလေသာနဲ့ တွယ်တာမှု ပိုများနေလိမ့်မယ်။
.......................................................
သစ်ပင်မြင့်လေ လေတိုက်ခံရလေပဲ ဆိုတဲ့ စကားပုံ ရှိတယ်။
ဒါပေမဲ့…
လေအတိုက် ခံနိုင်အောင် အဲဒီ သစ်ပင်က ပိုး မထိုးဖို့တော့ လိုအပ်လိမ့်မယ်။







© Blogger templates The Professional Template by Ourblogtemplates.com 2008
Back to TOP