အတိတ်တစ်ချိန်က အိမ်မက်များ(၄)
ဤအထက်တန်းကျောင်းကြီးကို ဦးဆောင်ဆောက်လုပ်ပေးခဲ့သော ကျောင်းအုပ်ဆရာကြီး
ဦးတင်ရွှေအား ဤနေရာမှ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
ကို ရန်ကုန်ပြန်ယင်းနှင့်အလည်တစ်ခေါက်သွားလိုက်မယ်လို့ပြောသွားခဲ့တယ်။ဒါကြောင့်လမ်းညွှန်ပြော
လိုက်ပါရစေ။သမရိုးကျလမ်းကတော့ ရန်ကုန်မြို့အောင်မင်္ဂလာအဝေးပြေးကားဂိတ်ကနေပြီး Highway
တယ်။ (ဟိုတစ်ချိန်က အဲဒီနေရာမှာ ဇက် မမှီလို့ညအိပ်ရတာများတယ်။)
ဧရာဝတီမြစ်အနောက်ဖက်ကမ်းရောက်တဲ့အခါ ဆင်တဲမြို့၊ တပည့်ဝတ်ရည်တို့ အုတ်ရှစ်ပင်မြို့တွေ
ကိုဖြတ်ပြီး မိုင်(၁၀၀)ရှည်တဲ့ ရခိုင်ရိုးမတောင်စွယ်တောင်တန်းတွေကို ကွေ့ကာပတ်ကာတက်သွား
ရပါတယ်။ ပေ ၃၀၀၀ကျော် မိုးတိမ်တွေ တိမ်တိတ်တွေကြားမှာ”ပဲခူးတိုင်းမှ နှုတ်ခွန်းဆက်သပါ၏”
ဆိုတဲ့ စာတမ်းကြီးနှင့် ဆုတောင်းပြည့်စေတီကြီးတစ်ဆူကို ကြည်ညိုဖွယ်ရာဖူးမြင်ရပါလိမ့်မယ်။ ရခိုင်ပြည်ဘက်ကိုအဆင်း လမ်းမကြီးအတိုင်း ဆင်းသွားလိုက်တာနဲ့ အရုဏ်မတက်ခင်ဘဲ တောင်
ကုတ်မြို့ကိုရောက်ရှိပါတယ်။ ပထဝီမှာသင်ကြားခဲ့ရတဲ့တောင်ကုတ်တောင်ကြားလမ်းဆိုတာမိမိ
တို့လာခဲ့တဲ့လမ်းပါပဲ ။ လမ်းတစ်လျှောက်မှာကြည့်ရှု့လို့မပြီးနိုင်တဲ့ဝါးတောကြီး ကျွန်းတောကြီးတွေ ကျောက်တောင်ကြီတွေကို တွေ့ရပါလိမ့်မယ်။
တက်ပြီး တောင်စဉ်ကမ်းလို့ခေါ်တဲ့ရခိုင်ရိုးမနှင့်ပင်လယ်ကမ်းရိုးတမ်းကြားရှိ ရွားကြီးတွေကိုဖြတ်
သွားပြီး မအီမြို့ကို ရောက်တဲ့အခါ တံတားကြားမှ ကူးလိုက်တာနဲ့ ရမ္မာဝတီ ရမ်းပြည့်ကျွန်းကိုရောက်
ပါတော့တယ်။ ပထမတွေ့ရမှာက စနဲဆိုတဲ့ မြို့ကလေးကိုတွေ့ပါမယ်။ မကြာခင် ဘယ်ဘက်ကိုချိုးပြီး
အတွက်တောင်ကုတ်မြို့ကနေ ရေမှာမထိတထိပျံသွားတတ်တဲ့ မေခ၊မလိခ အမြန်ရေယာဉ်ကြီးတွေကို
စီးလိုက်ရင် နာရီပိုင်းအတွင်း ရမ္မာဝတီမြို့ကိုရောက်ပါတယ်။
ဒါမှ မဟုတ်ရင်ရန်ကုန်ကBagan Airline နဲ့တနာရီနီးပါးကြာတာနဲ့ စင်္ကာပူထက် သာယာလှပတဲ့
ကျောက်ဖြူမြို့ကိုရောက်ပါတယ်။ ကျောက်ဖြူကနေ ကားကလေးနဲ့ နာရီအနည်းငယ်သွားလိုက်တာ
နဲ့ပတ္တမြားဒေဝီ စောမဲကြည်၊ ရခိုင်ရာဇဝင်ကျမ်းပြုဆရာတော်အ ရှင်စန္ဒမာလာလင်္ကာရ(ရာဇာဓိ
ရာဇဂုရု)၊ တိပိဋကဓရ,တိပိဋကကောဝိဒ,ဓမ္မဘဏ္ဍာဂါရိက အရှင်ဣန္ဒပါလာ၊ ဒေါက်တာရာဟုလာ
တို့နယ်မြေကို ရောက်သွားပါတော့တယ် ။ ယခင်ပြောခဲ့သလိုပါပဲ ကျောက်ဖြူမြို့ က ရမ်းဗြဲမြို့အရောက်
၄၈ မိုင်မျှသာဝေးတဲ့ လမ်းမကြီးဟာအချို့အပိုင်းတွေမှာ ကတ္တရာခင်းထားပေမဲ့ အများစုက ကျောက်လမ်း
အတိုင်းပဲရှိနေသေးတယ်။
ကတ္တရာလမ်းလေးခင်းပေးလိုက်ရင် ကောင်းလေစွလို့ဆန္ဒပြုမိခဲ့ပါသေးတယ်။ လမ်းတစ်လျှောက်မှာတော့
မယ်။ သီတင်းကျွတ်ကာလရောက်လာတာနဲ့ ရွာသူ၊ရွာသားတွေဟာ ပျော်ရွှင်လာကြတယ်။
တစ်မိုးလုံး စိုစိုစွတ်စွတ်နှင့် မိုးထဲလေထဲမှာရုန်းကန်လှုပ်ရှားခဲ့ရတဲ့ အခက်ခဲလေးတွေဟာ တစ်ဖြည်း
ဖြည်းနှင့် ပျာက်ကွယ်သွားပြီး နံနက်ပိုင်းမှာ နှင်းမြူတွေဆိုင်းလာတာတွေ့ရတယ်။ ကျွဲ၊ နွားတွေဟာ နှင်းဥလေးတွေနှင့်အတူ ရွှန်းရွှန်းစိုနေတုန်း မိမိတို့က ကိုယ်ချစ်တဲ့တက်နွားလေးတွေကိုကျောင်းယင်း
ပုလွေသံလေးတစ်လွင်လွင်နှင့် တွံတေးသိန်းတန်ရဲ့ သီချင်းလေးတွေ ညည်းလိုက်ရတာဟာလည်း
သူ့ဟာနှင့်သူပျော်စရာပါ။
နွားစားကျက်ကုန်းရိုးအနီး စမ်းရေအိုင်မှာ ရေလာသောက်ယင်း ရေချိုးနေတဲ့ အရောင်အသွေးစုံလင်လှ
တဲ့ ငှက်ကလေးတွေက ဖမ်းယူမွေးထားချင်စရာ ။ စမ်းချောင်းကလေးမှာရေချိုးပြီး အပေါ်တက်သွားတဲ့
နှင်းနယ်စားရတာ အတော်လေးကောင်းပါတယ်။
ကအိပ်ရာကနေ စကားပြော၍ ကောင်းလေးက ထရံအပြင်မှစကားပြောယင်း အပြောကောင်းလျှင် ခင်မင်
ရင်းနီးကာ ချစ်ခင်သွားကြပါတယ်။ နောက်နှစ်အတန်ကြာတဲ့အခါ လူကြီး မိဘများကိုယ်တိုင်သွားရောက်
ရွှေငွေရတနာနဲ့ တင်တောင်းခြင်းကတစ်မျိုး။
တစ်ချို့ကောင်မလေးတွေက ထရံအပြင်က ကောင်းလေးအပြောကောင်းလို့ဖြစ်စေသူ့အကြောင်းလုံးစေ့
ပတ်စေ့သိ၍ဖြစ်စေ သဘောကျပြီး မိဘမသိခင်အထုပ်ကလေးထမ်းကာ ခိုးရာလိုက်ပြေးတတ်ကြတာ
လည်း တစ်ခါတစ်လေရှိပါသေးတယ်။ ပြီးမှ ယောင်္ကျားမိဘဆွေမျိုးများက မျက်နှာကိုဆီဆွပ်ကာ သွား
တစ်ယောက်နှင့်တစ်ယောက် တစ်ခါမျှမမြင်ဖူးဘဲနှင့် လူကြီးများကသွားရောက်ပြီးကမ်းလှမ်း(Offer)
လုပ်ကြရတာကတစ်မျိုး စသည်ဖြင့် အခြေအနေအရပ်ရပ်ပေါ်မှာမူတည်ပြီး အိမ်ထောင်ပြုကြရပါတယ်။
မိမိတို့အဘိုးလေးဇနီးမောင်နှံမှာ သာသားသမီး မထွန်းကားတော့ ညီတစ်ယောက်ရဲ့ သမီးကိုအိမ်မှာ
မွေးစားထားကြပါတယ်။ သူတို့မှာက စီးပွားဥစ္စာရွှေငွေ လယ်ယာအတော်များများရှိပါတယ်။
တစ်နေ့မှာ ရမ်းသစ်ကြီးဆိုတဲ့ရွာက ဆေးဆရာဦးအောင်ခင်နှင့်အဖွဲ့ရောက်လာကြပြီး "အစ်ကိုရယ်
ကျွန်တော်တို့ သားသမီးကိစ္စအတွက်နဲနဲပြောချင်လို့ပါ "ဟုစကားစလိုက်ပါတယ်။ အဲဒီအချိန်မှာ
မိမိရဲ့အဘိုးလေးက "ငါ့သ္မီးမဟုတ်ဘူး ငါခေတ္တမွေးထားတာ သူ့အဖေသူ့အမေက ဟိုအိမ်မှာရှိတယ် သွားပြောကြ"ဆိုတော့ ဆေးဆရာတို့အဖွဲ့က ဒီကိစ္စကို အစ်ကိုနဲ့ဘဲပြောချင်တာလို့ ပြောပါလေရော ။
မိမိတို့အဘိုးလေးက ဒါဆိုရင် မင်းတို့က ကောင်းမလေးကိုကြိုက်တာလား? ငါကိုကြိုက်တာလား? အတိအကျပြောလို့ ငေါက်ပါတော့တယ်။ ထိုအခါ ဆေးဆရာတို့အဖွဲ့ဟာ ရှက်လည်းရှက် ကြောက်
လည်းကြောက်ပြီး တိတ်ဆိတ်နေကြတော့တယ် ။ နောက်တော့မှ မိမိတို့အဘိုးလေးကိုစည်းရုံးကာ
တစ်ယောက်တစ်ခွက် သောက်လိုက်ကြပြီးနောက် သဘောတူညီမှု့ ရသွားခဲ့ကြပါတယ်။ ဒါတွေဟာ မိမိတို့ဒေသရဲ့ လူမှု့ရေးရှု့ထောင့် တစ်စေ့တစ်စောင်းမျှသာဖြစ်ပါတယ်။
မိမိတို့ကျောင်းသွားတွေအဖို့ ဆောင်းလရာသီမှာ ပထမအစမ်းစာမေးပွဲ၊ ဒုတိယအစမ်းစာမေးပွဲတွေနဲ့
မအားလပ်ဖြစ်လာကြပေပြီ။ မိမိက အလယ်တန်းနောက်ဆုံးအဆင့် ရှစ်တန်းဆိုတော့ အတန်းတင်စာ
မေးပွဲကိုမြို့မှာ သွားဖြေရမှာ။ ဒါကြောင့် ကျားကုတ်ကျားခဲ ကြိုးစားရပါတယ်။ အစ်မရင်းက ဆယ်တန်းမှာ ရောက်နေတော့ အစ်မဆီက နည်းနာနိဿယခံယူရပါတယ်။ မိမိရှစ်တန်းအောင်သောအခါ အင်္ဂလိပ်
ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပါတယ်။ အောင်တဲ့လူလည်း တစ်ဆယ်မပြည့်ပါဘူး။ အတော်ခက်တဲ့ ရှစ်တန်း
ပါလား။ ကိုးတန်းရောက်တဲ့အခါ အနယ်နယ်အရပ်ရပ်က ပြောင်းလာတဲ့ကျောင်းသားတွေနဲ့ ပေါင်းပြီး
မိမိရွာအနီးက တွဲဘက်အထက်တန်းကျောင်းမှာတက်ကြပါတယ်။ ယခုရဲအုပ်ဖြစ်နေတဲ့သန်းဋ္ဌေး၊ မကွေး
တက္ကသိုလ်မှာ ဆရာမဖြစ်နေတဲ့ခင်ထွေးကြည်၊ အလယ်တန်းပြဆရာမတင်တင်ဦး၊ ရမ်းပြည့်အထက်
တန်းကျောင်းက ဆရာကိုစံထွန်းကျော်၊သပြေကျွန်းကချိုချို ၊အမြဲတမ်းပြုံးနေတတ်တဲ့ မြဝင်းကြည်(ယခု
မာန်အောင်ဆေးရုံဝန်းထမ်း) ပုန်းဆိုးပြင်က လယ်သမား မောင်ပြည့်အောင်၊ မှန်ခူးချောင်းက
ကိုမြင့်အောင်( ယခု မိမိတို့ရွာတွင်ဆန်စက်ပိုင်ရှင်)တို့ဟာ မိမိတို့နှင့် အလွန်ရင်းနှီးကြတဲ့အတန်းဖေါ်
များဖြစ်ကြပါတယ်။
မောင်၊ဦးသိန်းထွန်း၊ မိမိတို့ရမ်းပြည့်က ဦးဘိုးတင်၊မခင်မာရိတို့ဖြစ်ကြပါတယ်။ ကိုးတန်းစာမေးပွဲမှာမိမိ
ဘဲနှစ်ဘာသာဂုဏ်ထူးနဲ့ အမှတ်အများဆုံးရကာ ပထမဆုရခဲ့ပါတယ်။နွေဦးရာသီရောက်တိုင်း ဆရာ
ဆရာမတွေနှင့် ကျောင်းသူကျောင်းသားတွေဟာ တောရိပ်တောင်ရိပ်သို့သွားရောက်ပြီး ပျော်ပွဲစား
ထွက်လေ့ရှိကြတယ်။ ပင်ယံနန်းမှာ နီတျာတျာ ပွင့်နေကြတဲ့ ပေါက်ပန်းလေးတွေကိုမြင်ရတာ မိမိတို့
ကျောင်းသူ ကျောင်းသားတွေအတွက် ကြည်နူးစရာ ကောင်းလှပါတယ်။ တွန်ကျူးနေကြတဲ့ ဖိုးခေါင်၊ ဥသြငှက်ကလေးတွေ အသံကလည်း တူရိယာမျိုးစုံလို ငြိမ့်ညောင်းလှပါတယ်။ မိမိတို့မှာ အသင့်ပါလာ
တဲ့စားသောက်ဖွယ်ရာများကို ချက်ပြုပ် စီမံကာဆိုကြ၊ ကကြပြီးနောက် တစ်ပျော်တစ်ပါး စားသောက်
ကြပါတော့တယ် ။
ကိုးတန်းကိုမြို့နယ်စစ်ဖြင့်အောင်မြင်ခဲ့ပြီးတဲ့နောက် ဆယ်တန်းကိုရောက်ရှိလာခဲ့ပါတယ် ။ အဲဒီတုန်း
က ရမ်းပြည့်မြို့ရဲ့ အထက်တန်းကျောင်းအုပ်ဆရာကြီးမှာ ရသေ့တောင်မြို့က ဦးစောသာဖြစ်ပါတယ်။
အဲဒီအချိန်တုန်းကဆယ်တန်းဆိုတာ အတော်ခက်ခဲပါတယ်။ ဒါကြောင်ြ့မို့မှာသွားပြီး ကျူရှင်ယူယင်းနန့် ကျောင်းတက်ရပါတယ်။
အထက်တန်းကျောင်းသားတွေပါဝင်ဖြေဆိုကြတဲ့ တစ်နှစ်လုံးစာစီစာကုံးပြိုင်ပွဲတွေမှာ မိမိက ပထမ
ဆုတွေ ရခဲ့ပါတယ်။ အဲဒီတုန်းက မြန်မာစာ ခုထက်တော်ခဲ့ပါတယ်။ နှစ် နှစ်ဆယ်ကျော်ကြာပြီးလည်း
ဒီလောက်မှတ်မိတာ တော်သေးတယ်။ ဆယ်တန်စာမေးပွဲအောင်စာရင်းကို မြန်မာအသံကည(၈)နာရီ
ကျော်လျှင် ပြည်နယ်များအတွက်ကြေငြာပေးလေ့ရှိပါတယ်။ ရမ်းပြည့်စာစစ်ဌာနက ကျောင်းသား(၁ဝ
၀၀) ကျော်ဖြေဆိုကြရာ ဂုဏ်ထူးသုံးဘာသာနှင့် အမှတ်အများဆုံးရတာ မိမိပါပဲ။ (to be continued)







