Saturday, March 19, 2011
တရားမကြွယ်-အထုပ်ငယ်လျှင်

အောက်ဖေါ်ပြပါ ကဗျာလေး ကတော့ ကျေးဇူးတော်ရှင် မောင်းထောင်မြေဇင်းတောရ ဆရာတော် ဘုရားကြီး ရဲ့ ညီအငယ်ဆုံး ဖြစ်သူ နိုင်ငံကျော် ဓမ္မစရိယဦးဌေးလှိုင်ရေးသားခဲ့ တာ ဖြစ်ပါတယ်..။ ဆရာကြီး ရဲ့ မြေဇင်းယောဂီအတွေ့ အကြုံများ လို့ နာမည် ပေးထားတဲ့ အသံဖိုင်လေးထဲက လွန်ခဲ့တဲ့ ၆နှစ်လောက် က နာယူခဲ့စဉ်က မှတ်သားထားမိတဲ့ (လေးချိုး) ကဗျာလေး ဖြစ်ပါတယ်. http://www.nibbana.com ကရခဲ့တာ ပါ..။
ဆရာကြီးက တရားအားထုတ်ရင်း ပစ္စယပရိဂ္ဂဟ ဉာဏ် ရလာတော့ ဘဝတွေ ရှုပ်ယှက် ခပ်နေ အောင်..မြင်ရတဲ့အခါ ၊ သံဝေဂ ဉာဏ် အလွန်ရင့်သန် ၊ ရုံးကြွ လာတာမို့ မောင်းထောင်မြေဇင်းတောရ ကျောင်းလေး မှာရေးခဲ့တဲ့ ကဗျာလေးဖြစ်ပါတယ်။ ရေးမိပြီး ဆရာကြီး ကသူစွဲထုံခဲ့တဲ့ ဝါသနာအစွဲ ကိုလည်း တရားအသိ နဲ့ ပြန်လည် ရှုမှတ် ခဲ့ပြန်ပါသေးတယ်။ ဖတ်ကြည့်ပါအုံးနော်။
*အထုပ်ကလေးတွေ ကိုယ်စီထမ်းပါလို့
လာလမ်းကိုတဲ့ မျှော်ကြည့်ကွယ်…( ပြန်ကြည့်မယ်)။
*နေမဝင်ခင်
ညောင်ညို ရိပ်မှာ ချွေးသိပ် စို့ကွယ်..။
*ကြည့်စမ်းဟယ်…
ဟိုအနောက်တောင်စွယ်မှာ ဖြင့်….နေကွယ် လုပါပကော။
*အခွင့်ကောင်းတွေ…တစ်ရှောင်ရှောင်လွဲခဲ့ပြီမို့
ဝင်္ကပါ အထဲ မှောင်ထဲမှာလ…..
တစ်ယောက် ထဲယောင်လည်လည် နဲ့
ခရီးသည်..အို ဘဲ့ သံသရာခရီးသည်…
ခရီးသည် သင့်နောင်ရေးကို..(ကွယ်..)တွေးရစိတ်မော..။
-ပညာရှိသူတော်ကောင်းတွေက တော့ တွေးဆစိတ်မော။
-မင်းတို့ ငါတို့တွေကတော့ ကန္တာရ ခရီးမှာ
အာရုံငါးပါးတည်း ဟူသော…..
အဆိပ်သီးတွေကို…အဝစား-- စားပြီးတော့ ငေးကျအိပ်မော..။
နားထောင်ပြီးတာ့ ကျွန်မ မှာ နှလုံးသားရဲ့ အနက်ရှိုင်းဆုံး၊ အသားနုနေရာကို ထားဝယ်ကြိမ်လုံး ၊ သေးသေးလေးနဲ့ ခပ်စပ်စပ် ရိုက် ပြီးဆုံးမခံလိုက်ရသလို ထိထိရှရှ..တုန်တုန်လှုပ်လှုပ် ခံစားခဲ့ရဘူးပါတယ်..။ ဆရာကြီး က ထူးခြားတဲ့ အသံသြဇာကိုပိုင်ဆိုင်ထားပြီး တော့ သတိပဋ္ဌာန် ပြည့်ဝနေတဲ့အသံ ဖြစ်နေတာမို့ လည်း စိတ်နှလုံးကို သိမ်းကျုံး၊ လွှမ်းမိုးနိုင်စွမ်း ရှိခဲ့ရပါတယ်။
မနေ့က တော့ ကျွန်မ ရဲ့ စိတ်အစဉ်ဟာ အဲဒီတရားဖိုင်လေးကို ထူးထူးခြားခြား ပြန် သတိရနေမိပါတယ်..။ မြေဇင်းဓမ္မ Face Book စာမျက်နှာ များ မှာပါ သွားရေးပြီး ကိုယ်တိုင်လည်း အပူတပြင်း ရှာ ယူ ရလောက်အောင် ကျွန်မရဲ့ စိတ်ဆန္ဒ ဆာလောင် ပြင်းပြ ခဲ့ပါတယ်..။ တရားဓမ္မ တွေ တင်ထားတဲ့ ဓမ္မရံသီ Website မှာ ပြန်တွေ့ လိုက် ရကတည်းက တစ်ညနေလုံး ဘာမှ မလုပ်ပဲ တရားနာယူ လိုက်ပါတယ်။ အရင်ကလို ခံစားမိရုံ သာမက ပိုပြီးတော့တောင် သံဝေဂတွေပြင်းပြ ထက်သန် လာခဲ့ရပါတယ်..။ အသံဖိုင် ကိုနာ ယူ ချင်ကြ တယ်ဆိုရင်တော့ ဓမ္မရံသီ ရဲ့ ဒီနေရာ မှာ နာယူနိုင်ပါတယ်..။
အားပေး တရား နှင့်နည်းပေး တရား နှစ်မျိုးရှိတဲ့အထဲမှာ နည်းပေးတရားများ နာယူအားထုတ် ပြီး စိတ်အညောင်းမိလို့ ၊စွမ်းအားများကျ ဆင်း လာခဲ့ရင် စိတ်ဓာတ်မြင့်တက်၊ တွန်းပို့ ပေးစွမ်းနိုင်တဲ့ ကဗျာ၊လင်္ကာ ကောင်းလေး တွေ နဲ့ ထုံမွှမ်းထားတာ မို့ လည်း နှစ်သက်စရာ ကောင်းနေပါတယ်..။ ဒါကြောင့်မို့ လို့ ကျွန်မ ရဲ့ ဓမ္မမိတ်ဆွေ များကို တပေါင်းလပြည့် နေ့ ဓမ္မလက်ဆောင်မွန် အဖြစ်မျှဝေ လိုက်ချင်တာ ပါ..။ ဆရာကြီး ရဲ့ မြေဇင်းဓမ္မ-ဝိပဿနာ နည်းပေးတရားများ ပါဝင်တဲ့ အပိုင်းတွေကိုတော့ နက်နဲလွန်း လှတာမို့ ကျွန်မ ချန်လှပ်ခဲ့ပါတယ်..။
(အထုပ်ကလေးတွေ ကိုယ်စီထမ်းပါလို့)
အထုပ်က ဘယ်နှစ်ထုပ်လဲ..ခရီးသည်တွေ့ဘူးတယ်မဟုတ်လား။ ရှေ့မှာတစ်ထုပ် နောက်မှာတစ်ထုပ် ။ဘာအထုပ်တွေလဲ။ကုသိုလ် အထုပ်က ရှေ့က၊ အကုသိုလ်အထုပ်ကအပါယ်ကို ဆွဲချစေတာမို့ နောက်က အထုပ်ပေါ့တဲ့။ ကျွန်မတို့အားလုံး ယူရမဲ့ အထုပ်တွေ ထုပ်လေ့ရှိတတ်ကြပါတယ်။ ဘဏ်မှာလည်းထုပ်၊ အိမ်မှာလည်းထုပ်၊ မီးခံသေတ္တာ ထဲမှာ လည်းထုပ်၊ တကယ်တော့ ထုပ်တိုင်း သယ်ယူ သွားနိုင်ပါသလား။ ဦးပေါ်ဦး ကတော့ လက်ချည်းသက်သက်သာ သွားရပါကြောင်း ၊ အခေါင်းထဲက နေ အပေါက်ဖေါက်ပြီး ပြသသွားခဲ့ပါတယ်..။ သေတဲ့အခါ ယူသွား ၊ပါသွားမဲ့ အထုပ်တွေကတော့ ကျွန်မတို့ ပြုလုပ်ခဲ့တဲ့ ကုသိုလ် နဲ့ အကုသိုလ် (ဓမ္မ နဲ့ အဓမ္မ အထုပ်တွေပါ။ ဘဏ်နဲ့ မီးခံသေတ္တာ ထဲက အထုပ်တွေကတော့ ထားခဲ့ရမှာပါ။ သြဝါဒ အထူးပျို့ မှာ ဥစ္စာ ရွှေငွေ တွေနဲ့ ပတ်သက်ပြီး *စိန္တကျော်သူဦးသြ *ရေးခဲ့တဲ့ ကဗျာလေးကို ဆရာကြီး ကရွတ်ဆို ကိုးကားပြထားပါတယ်..။
*ငါ့ဝယ်ငါ့ရွှေ၊ငါ့ကြေးငွေဟု ၊
စိတ်စေကြည်သာ ၊ ဆိုပြန်ပါလည်း၊
ကြမ္မာဆော်တိုက် ၊ကောင်းသော်ခိုက်သာ၊
ဧည့်ဆိုက်မျှသာ ၊ တည်းခိုပါရှင့် ။
ငါးဖြာရန်သူ၊ ယူလည်းတို့ပါ၊
သေမင်းခွာလည်း ၊ သင့်ရာအလျှောက် ၊
တို့ ရောက်သည်ပင် ၊ တို့အရှင်သင်
ဖြစ်ချင်လွန်းလှ ၊ လွန်မင်းစွ ဟု ၊
ဒေါသစီချယ် ၊ ရွှေ ငွေ ရယ်၏။
ငါ့လယ်၊ ငါ့ယာ၊ ငါ့မြေတာဟု၊
ဥစ္စာ ခင်မင် ၊ ဆိုပြန်လျှင်လည်း၊
အရှင်မဲ့ပါ ၊ ငါတို့မှာကား၊
ကမ္ဘာမကျေ ၊ မချင်းနေ၏။
ဖောက်သွေယွင်းယို ၊ ဒင်းတို့ကိုယ်မှ
လိုမပိုင်ပဲ ၊ ဖွယ်သရဲလျှင်
ကျိန်ဆဲသောနှယ်၊ မြေကရယ်၏။
ငါ ငါ..တစ်ငါငါ နဲ့ စွဲလန်းတဲ့သူတွေ..မြေပိုင်ရှင် ကြီး ရွှေ၊ငွေပိုင်ရှင် တွေရယ်လို့ အမည် တပ် ကြ၊ ဂုဏ်လုပ်ကြ၊ မာန်တက်ကြသူတွေကို မြေတွေ၊ ရွှေ ငွေတွေက လှောင်ပါသတဲ့။ လှောင် ရယ် ရယ် ကြ ပါသတဲ့။ ကိုယ်က တကယ်စွဲလန်း မာန်တက် ခဲ့ရင် သူတို့ ရယ်သံကို သတိထားမိရင်တော့ အမှန်တကယ် တော့ ရှက်စရာကြီး ပါပဲလေ..။
အမွေတွေခွဲကြ၊ လုကြ အမှုတွေရင်ဆိုင်ကြ ၊ သွေးသားရင်းတွေ အမုန်းပွား ကြစေတဲ့ အထုပ်တွေ ကို အပါယ်ထိ ထမ်းပိုးသွား မှာလား။ တကယ်တော့လည်း သေတဲ့အခါ ဓမ္မအထုပ်နဲ့ အဓမ္မ အထုပ် နှစ်မျိုးသာ ပါသွားတာပါ။ အသက်ရှင်စဉ်မှာ တနေ့တနေ့ကုန်ဆုံးသွားရင် တဘက်သွားနစ်နာအောင် ငါဘာတွေ လုပ်ခဲ့မိ ပါလိမ့်။ ကျွန်မတို့ နဖူးပေါ်လက်တင် မစဉ်းစားသင့်ဘူးလား။ ရှေ့က အထုပ်က ဓမ္မ အထုပ် နောက်အထုပ်က အဓမ္မ အထုပ်။ ကုသိုလ် ထုပ်နဲ့ အကုသိုလ် အထုပ် သူတို့စီမံရာနာခံရမှာမဟုတ်ဘူးလား။ ဘယ်အထုပ်များ ကြီးသွားပြီလဲ စစ်ဆေးသင့်တာပေါ့နော်..။
ဒီဘဝမှာ နှစ်ချုပ် လချုပ်စာရင်းတွေ၊ ကြည်ကြည်လင်လင် စာရင်း ရှင်းနိုင်အောင် လုပ်ကြပါတဲ့။
တရားတွေ တော်တွေ-သာသနာသည် နေလို လလို ထွန်းကားနေတဲ့အချိန် မှာတောင် တရားအားမထုတ်ဘူး ဆိုရင်တော့ ပါသွားရမဲ့ အထုပ်ကတော့….တွက်ဆ ပြီးသာကြည့်ပါတော့နော်..။ဒါဆိုရင် တော့ တရား ဆိုရင်တော့အခွင့်ကောင်းကြီးနဲ့လွဲ ပါပြီတဲ့။ ကျေးဇူးတော်ရှင် လယ်တီ ဆရာတော်ဘုရားကြီး က တရားမကြွယ် အထုပ်ငယ် လိမ့်..လို့ ဆုံးမစာ ကဗျာလေး ရေးခဲ့တာကို ဆရာကြီးက ရွတ်ဆို ဆုံးမပြပါတယ်..။
*နင့်ရုပ်နင့်နာမ်၊ နင့်သဏ္ဍန် ဝယ်၊
နင့်ဥာဏ်မစူး ၊ အပေါ်ဖြူးလျှက်၊
(ရူးရူးမေ့မေ့) မူးမူးမေ့မေ့ ၊ အများလေ့ဖြင့်၊
နေ့ရက် အကုန် ၊ လွန်ခဲ့တုံပြီ။
အာရုံကိုထု ၊ အစုစုဖြင့်
ယုယုယယ ၊ နင်ကြောင့်ကြ လည်း
မရဏသေမင်း ၊ သူ့ဓာတ်နင်းက
မညင်းဆန်သာ ၊ နင့်ခန္ဓာ သည်
ပြာပုံအပြီး ၊ ဖြစ်လုနီးပေါ့။
ရီးတီးရားတား ၊ သေ၍သွားသော်..
တရားမကြွယ် ၊ အထုပ်ငယ်လျှက်
အပါယ် စခန်း ၊ သွားမြဲလမ်း၌
တစ်ပန်းဟိုက်ဟိုက်၊ တစ်ရှိုက် ငင်ငင်
တညင်ညိုညို ၊ ဆင်းရဲပိုလျှက်
အပါယ် ထိုထို ၊ ဥဒဟို သည်
နင်လို လူမိုက် ၊ သွားလမ်းတည်း။
သည် ကဗျာလေး ကိုကြည့်ပြီး လယ်တီ ဆရာတော်ဘုရား ကြီး က ဆရာကြီးကို လက်ညှိုးငေါက်ငေါက်ထိုး ဆုံးမသလို ခံစားရပါတယ်တဲ့။ကိုယ်လာတဲ့လမ်း ပြန်ကြည့်ပါ ၊ ကိုယ့်အထုပ်လေးကို ကိုယ် ပြန်ဖြေ ကြည့်ပါတဲ့ ။ ရုပ်မှန်း နာမ် မှန်း မသိပဲ စားကောင်းသောက်ကောင်းရုံ အပေါ်ယံလောက်သာ တရားကို အားထုတ်သွားခဲ့ရင်၊ အပါယ်ထိုထို ….ဥဒဟို ဆိုတာ သေချာနေပါတယ်..။
တရားစခန်းတွေ တော့ အသွားများ ပါရဲ့ ၊အားလည်း ထုတ်ပါရဲ့ ၊ တကယ်သိလားဆိုတော့ အပေါ်ယံဖြစ်နေတတ်ပါတယ်။နက်နက်ရှိုင်းရှိုင်း သိဘို့ အင်မတန်အရေးကြီးလှသလို အချိန်လည်း တိတိကျကျ ပေးပြီး ၊စနစ်ကျစွာ လေ့လာအားထုတ် သင့်လှပါတယ်..။ ကျွန်မ လည်း သေရင်ထားခဲ့ ရမဲ့ ပညာတွေကိုရဘို့ တော့ အချိန်များစွာ ပေးခဲ့မိပြီး၊ သေရင်ပါမဲ့ အထုပ် အတွက် တော့ *တရားမကြွယ် - အထုပ်ငယ်* နေတာကို နှိုင်းယှဉ် ဆင်ခြင်မိလိုက်ပါတယ်။
ဗုဒ္ဓမြတ်စွာ၊ သာသနာနဲ့ တွေ့ ကြုံတုံးမှာ ထိထိမိမိ ၊ တိတိရိရိလေး သိသွား သင့်လှပါတယ်တဲ့။
ဘာသာ၊ သာသနာအလုပ် ၊ လုပ်တော့လုပ်ပါရဲ့ အပေါ်ယံလေး ပဲလုပ်တယ် အထဲကို မစူးဘူးတဲ့။(Traditional Belief နဲ့ ပဲ တဲ့ Emotional Level, Devotional Level, လောက်ပဲ Penetration level ကိုမရောက်ဘူးတဲ့ ) ပကာသန လောက်ပဲလုပ်တာ တဲ့။
ဆရာကြီး ဦးဋ္ဌေးလှိုင် ကသူ့ကိုယ်သူ ဆုံးမခဲ့တာပါ။ ဒီသံဝေဂရတာ သူက အသက် ၇၂ နှစ်ရှိခဲ့ပါပြီတဲ့လေ..။နေမကွယ်တောင် ကိုယ့်သက်တမ်းက ကွယ်တော့မယ်..တဲ့။ တရားဓမ္မ စာအုပ်များစွာ ရေးခဲ့သူ၊ ဓမ္မာစရိယဘွဲ့ ရ၊ ဘုန်းကြီးလည်းဖြစ် ခဲ့ဘူးတယ်။ ပါမောက္ခကြီးလည်းလုပ်ခဲ့တယ်၊ မြန်မာတစ်နိုင်ငံလုံးအတွက် သာသနာရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ကြီး လည်းလုပ်ခဲ့ပါတယ်။သို့သာ်…..ကမ္မဋ္ဌာန်းကျောင်း ထဲရောက်ကာမှ ငါတတ်တာတွေက အလကား ပါလားလို့ ဆင်ခြင်မိပါသတဲ့။
(လာလမ်းကိုတဲ့ မျှော်ကြည့်စမ်းကွယ်။ပြန်ကြည့်မယ်
နေမဝင်ခင် …ညောင်ညို ရိပ်မှာ ချွေးသိပ် စို့ကွယ်..။)
ညောင်ဆိုတာ ဗုဒ္ဓသာသနာ အထိန်းအမှတ်တဲ့။ သာသနာ တွင်းကို ကုသိုလ်ကပို့ဆောင်လို့ အချိန်ရှိသေးတယ်နော်..တဲ့ ။
(ကြည့်စမ်းဟယ် ….ဟိုအနောက်တောင်စွယ်မှာ ဖြင့်….နေကွယ် လုပါပကော)
နေမကွယ်ခင် ၊အလင်းရောင်မဆိတ်သုဉ်းခင်မှာ ညောင်ညိုရိပ် ကို မခိုဝင်မိရင်တော့ …
အမှောင် ထဲမှာဒုက္ခရောက်တော့မယ်..။မှောင်နဲ့မည်းမည်း လရောင်လည်းသဲကွဲမလင်းတယ်..လမ်းပျောက်ပါလိမ့်မယ်တဲ့။
သာသနာတည်းဟူသော နေမင်းကြီးက မကြာခင်မှာ ကွယ်ပျောက် ပါတော့မယ်တဲ့..။ သာသနာ ကွယ်ပျောက် ရင် ။ ဂေါတမ မြတ်စွာဘုရားသာသနာကွယ်ရင်..ဒုစရိုက်တရားတွေဖုံးလွှမ်းပြီး ၊လုံးထွေးနေကြတာမှောင်အတိပါတဲ့။ သေသွားရင် အပါယ်ကျမယ်။..အပါယ်လေးဘုံ စုံကြပါလိမ့်မယ် တဲ့။ ဘဒ္ဒကမ္ဘာ ရဲ့ နောက်ဆုံး အရိမတ္တေယျ မြတ်စွာ ဘုရား ပွင့်ပေါ်တော်မူ ပြီးလျှင် မှောင်အတိကျတဲ့ သုညကမ္ဘာတွေချည်းပဲရှိပါတယ်တဲ့ ။ နေဝင်ခါနီး လှမ်းတဲ့ စပါးဖျာ.. နာနာမွှေ ရမယ်မဟုတ်ပါလော။….
(အခွင့်ကောင်းတွေ…တစ်ရှောင်ရှောင် လွဲခဲ့ပြီမို့…)
အကုန်လွဲခဲ့တာပါ..။ ကကုဿန်၊ ကောဏဂုံ၊ ကဿပ ဘုရား၊ဂေါတမဘုရားတွေ လွဲပြီးရင်းလွဲရင်း..လွဲပြီးရင်း လွဲရင်း အခွင့်ကောင်းတွေ လွဲခဲ့တာ..။ ဘုရားအဆူဆူ ပွင့်ခဲ့သော်လည်း မကျွတ်လွတ်ခဲ့ပါ..တဲ့ ။ သံသရာ ကိုခဏထားပါအုံး။ အခုဘဝမှာတောင် ၊မြန်မာနိုင်ငံလို သာသနာထွန်းကားတဲ့ တရားနဲ့ လက်လှမ်းတစ်မှီ ရှိတဲ့ နေရာ မှာ လူဖြစ်ခွင့် ရခဲ့ တာတောင်မှပဲ လယ်တီဆရာတော်၊ ဒီပဲရင်းဆရာတော်၊ ဝေဘူဆရာတော်၊ ညောင်လွန့်ဆရာတော်၊ စွန်းလွန်းဆရာတော် ၊ မိုးညှင်းဆရာတော်၊ မိုးကုတ်ဆရာတော်၊မင်းကွန်းဆရာတော်၊ မြေဇင်းဆရာတော်၊ မဟာစည် ဆရာတော်၊ ရွှေဟင်္သာဆရာတော်၊ ရွှေဥမင်ဆရာတော်၊ မုံလယ်ဆရာတော်၊ စတဲ့ အဘိုးတန် ဆရာတော်ဘုရားကြီး များစွာ..များစွာ..တို့ကိုကော ဖူးတွေ့ ဘူးခဲ့ ကြပါသလား တရားတွေ ကော နာယူခဲ့ပါသလား…။ပြန်မေးပါတဲ့….နိုး ဆိုရင်တော့ …အခွင့်ကောင်းတွေ အကုန် လွဲခဲ့ရတာ သေချာတာပေါ့နော်။
လွဲပြီးရင်းလွဲရင်း..လွဲ ပြီးရင်းလွဲရင်း…သာ၍ လွဲစရာတွေ ကလည်း ရှေ့ မှာ သိပ်ကိုများတာပဲ။ ရှောင်ပြီးရင်းရှောင်ခဲ့ ကြလို့ အခုလို ကျန်ခဲ့ကြတာလည်းပါတာပေါ့နော်..။နေ့ရွှေ့ ညရွှေ့ နဲ့ သား တာဝန်ပြီးမှ သမီးတာဝန် ပြီးမှ ရွှေ့ဆိုင်းတတ်ကြပါသေးတယ်တဲ့။
(ဝင်္ကပါ အထဲ မှောင်ထဲမှာလ…)
ကုန်းမှန်းမသိ၊ကျင်းမှန်းမသိ၊ကွေ့မှန်းမသိ၊ကောက်မှန်းမသိ၊မှောင်က အတိကျတော့မယ်။
(တစ်ယောက် ထဲယောင်လည်လည် နဲ့
ခရီးသည်……အို ဘဲ့ သံသရာခရီးသည်…
ခရီးသည် သင့်နောင်ရေးကို..(ကွယ်..)
ပညာရှိသူတော်ကောင်းတွေက တော့ တွေးရစိတ်မော။)
သူတော်ကောင်းတွေက အဲလို သနားတာ။
(မင်းတို့ ငါတို့တွေကတော့ ကန္တာရ ခရီးမှာ
အာရုံငါးပါးတည်း ဟူသော…..
အဆိပ်သီးတွေကို…အဝစား…စားပြီးတော့ ငေးကျအိပ်မော..။)
ဆရာကြီးက ဘာပဲဖြစ်ဖြစ် တစ်လလောက်တော့ဖြင့် တရားအားထုတ်ကြည့်ပါတဲ့။ငါ လူဖြစ်ကျိုးနပ်သွားပြီ ဆိုတဲ့ အသိလေးရစေချင်ပါတယ်တဲ့။ဒါဆိုရင် သာသနာနဲ့ ကြုံတွေ့ ရကျိုး နပ်သွားပြီတဲ့။ သောတာပန် ဖြစ်တာတွေမဖြစ်တာ တွေအသာထား သံသရာ ကိုရင်ဆိုင် ရဲ တဲ့ ခွန်အားသတ္တိတွေ..၊ အင်သစ်အားသစ်တွေ မလွဲ မသွေ ရရှိ ပိုင်ဆိုင် လာပါ စေ့မယ်တဲ့။ ကိုယ့်ကိုကို ကျေနပ်သွား ပါလိမ့်မယ်တဲ့။ အဲဒီလက်ဆောင်လေးကို ပေးချင်တာပါတဲ့။ ကိုယ့်လာခဲ့လမ်း လေးပြန်ကြည့်ပါ တဲ့ ကိုယ့်အထုပ်လေးလည်း ကိုယ်ဖြေကြည့်ပါတဲ့။
အင်း…ကျွန်မကတော့… ဖြေကြည့်နေမိပါပြီ..။ဘာမှ မရှိသေးပါ လားနော်..။
မေတ္တာဖြင့်
သစ္စာအလင်း
တပေါင်းလပြည့်နေ အမှတ်တရ တရားတော်လက်ဆောင်
၂ - ဒုတိယ၀ဂ်
၇ - အပ္ပမာဒသုတ်
၁၂၈။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်ပြီးသော ပသေနဒီကောသလမင်းသည် မြတ်စွာဘုရားအား “အသျှင်ဘုရား မျက်မှောက်ဘဝ၌ ခံစားရသောအကျိုး၊ တမလွန်ဘဝ၌ ခံစားရသောအကျိုး ဟူသော အကျိုးနှစ်ပါးတို့ကို သိမ်းကျုံးယူ၍ တည်သော တစ်ခုသော တရားသည် ရှိပါသလော” ဟု ဤစကားကို လျှောက်၏၊ မင်းကြီး မျက်မှောက်ဘဝ၌ ခံစားရသောအကျိုး၊ တမလွန်ဘဝ၌ ခံစားရသော အကျိုးဟူသော အကျိုးနှစ်ပါးတို့ကို သိမ်းကျုံးယူ၍ တည်သော တစ်ခုသော တရားသည် ရှိသည်သာလျှင်တည်း ဟု (မိန့်တော်မူ၏)။
အသျှင်ဘုရား မျက်မှောက်ဘဝ၌ ခံစားရသောအကျိုး၊ တမလွန်ဘဝ၌ ခံစားရသော အကျိုးဟူသော အကျိုးနှစ်ပါးတို့ကို သိမ်းကျုံးယူ၍ တည်သော တစ်ခုသော တရားသည် အဘယ်ပါနည်း ဟု (ဤသို့လျှောက်၏)၊ မင်းကြီး မျက်မှောက်ဘဝ၌ ခံစားရသောအကျိုး၊ တမလွန်ဘဝ၌ ခံစားရသောအကျိုး ဟူသော အကျိုးနှစ်ပါးတို့ကို သိမ်းကျုံးယူ၍ တည်သော တစ်ခုသော တရားဟူသည် မမေ့လျော့မှု “အပ္ပမာဒတရား” ပင်တည်း။
မင်းကြီး ဥပမာသော်ကား ကုန်းသတ္တဝါတို့၏ ခြေရာဟူသမျှ အားလုံးတို့သည် ဆင်ခြေရာ၌ ပေါင်းစုခြင်းသို့ ရောက်ကုန်၏၊ ဆင်ခြေရာကို ကြီးသည်၏အဖြစ်ကြောင့် ထိုကုန်းသတ္တဝါတို့၏ ခြေရာတို့ထက် လွန်ကဲ၏ ဟူ၍ ပြောကြားအပ်သကဲ့သို့ မင်းကြီး ဤအတူသာလျှင် မျက်မှောက်ဘဝ၌ ခံစားရသော အကျိုး၊ တမလွန်ဘဝ၌ ခံစားရသောအကျိုးဟူသော အကျိုးနှစ်ပါးတို့ကို သိမ်းကျုံးယူ၍တည်သော တစ်ခုသော တရားဟူသည် မမေ့မလျော့မှု “အပ္ပမာဒတရား” ပင်တည်း ဟု (မိန့်တော်မူ၏)။
မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။ပ။
အသက်ရှည်ခြင်းကို လည်းကောင်း၊ ရောဂါမရှိခြင်းကို လည်းကောင်း၊ အဆင်းလှခြင်းကို လည်းကောင်း၊ နတ်ပြည်ကို လည်းကောင်း၊ အမျိုးမြတ်ခြင်းကို လည်းကောင်း၊ မွေ့လျော်ခြင်းတို့ကို လည်းကောင်း အဆင့်ဆင့် အမြတ်တို့ကို တောင့်တသောသူသည် (မမေ့မလျော့ ပြုအပ်၏)။
ပညာရှိတို့သည် ကုသိုလ်ပြုရာ ပုညကိရိယာဝတ္ထုတို့၌ မမေ့မလျော့ခြင်းကို ချီးမွမ်းကုန်၏၊ မမေ့မလျော့သော ပညာရှိသည် အကျိုးနှစ်ပါးတို့ကို သိမ်းယူနိုင်၏၊ မျက်မှောက်ဘဝ၌ ခံစားရသော အကျိုး၊ တမလွန်ဘဝ၌ ခံစားရသောအကျိုးဟူသော အကျိုးနှစ်ပါးကို ရခြင်းကြောင့် ပညာရှိသော သူကို “ပဏ္ဍိတ” ဟူ၍ ဆိုအပ်၏ ဟု (မိန့်တော်မူ၏)။
ဆက်လက်ဖတ်ရှုရန်
သီတဂူဆရာတော်ကြီး၏ မွေးနေ့မင်္ဂလာ ပူဇော်လွာ
တောသားလေးအား ကျေးဇူးတင်ပါတယ်။
မြန်မာစံတော်ချိန် ၀၀း၀၀ နာရီမှ ၂၄း၀၀ နာရီ အထိ...
ဓမ္မဘေရီ အရှင်ဝိရိယ (တောင်စွန်း)ဟောကြားတော်မူသော...
၁) အစွမ်းနှင့်အစ
၂) အမြင့်ဆုံးစိတ်ထားများ
၃) အနန္တငါးပါး
၎) အမှီနှင့်အသိ
၅) ဘ၀ပျံချီ
၆) ဂုဏ်ပြုကြပါစို့
၇) ထာဝရမမေ့စရာ တခဏအတွေ့
၈) မင်္ဂလာရှိတဲ့ဘဝ
၉) စိန်ခေါ်ရင်တိမ်ပေါ်တက်မယ်
၁၀) မိဘကျေးဇူးအထူးသိတတ်သားကောင်းသမီးမြတ်- ဦးဇ၀န(မိုးကုတ်)
၁၁) ကျေးဇူးဆပ်ကျမိနှင့်ဖ - ဦးဇ၀န(မိုးကုတ်)
၁၂) အမေ့အပြုံး - အရှင်ဆေကိန္ဒ
တရားတော်များကိုလွှင့်ကြားပေးသွားပါမည်။
ငြိမ်းအေးရာ တရားထူး၊တရားမြတ်များ ရှာတွေ့နိုင်ကြပါစေ။
နေ့သစ်တိုင်းလှစေဖို့
ကျွနိုပ်တို့၏ ဗုဒ္ဓက လူသားတိုင်းအတွက် ဖြတ်ကျော်သွားလာရာ နေ့သစ်တိုင်းအတွက် မင်္ဂလာရှိစေရေးအတွက် မူ သို့ နည်းလမ်းများကို ဟောဖော်ညွှန်ကြားတော်မူခဲ့သည်။
ထိုကား
၂။ ကုသိုလ်ကောင်းမှုနှင့် ပြည့်စုံစေရာ၏။
၃။ မိမိစိတ်ကို ဖြူစင်စေရာ၏။
ဤလောကတွင် ဒဿနိက ပညာရှင်၊ စိတ်ပညာရှင်၊ လူမှုရေးပညာရှင် စသည့် စသည့် ပညာရှင်တို့၏ “ဘ၀နေနည်းလမ်းညွှန်”များ အများအပြားရှိပါသည်။ သူတို့ပညာ သူတို့ ရှုထောင့်မှ ညွှန်ပြသော ဘ၀နေနည်းဆိုင်ရာ အဆိုအမိန့်များ နီတိများသည် သူတို့နည်း သူတို့ဟန်ဖြင့် အတိုင်းအတာတစ်ခုအထိ အသုံးဝင်မှန်ကန်နေပါလိမ့်မည်။ တန်ဖိုးရှိနေ ပါလိမ့်မည်။
စင်စစ်သော်… “မကောင်းမှုရှောင်၊ ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား”ဟူသော ဘုရားရှင်၏ အဆုံးအမတော်နှင့်အညီ နေထိုင်ခြင်းသည်ပင် ဓမ္မကို ဆောက်တည်ခြင်း ဓမ္မနှင့်အညီ ကျင့်ကြံနေထိုင်ခြင်းပင်ဖြစ်ပါသည်။ လူဘ၀ထဲတွင် ဓမ္မကိုလက်တွေ့အသုံးချခြင်း ဟုလည်း ဆိုနိုင်ပါသည်။ ထို့ကြောင့် အထက်ပါ ဘ၀နေနည်း လမ်းညွှန် သုံးခုတွင် မြတ်စွာဘုရားရှင်၏ နည်းညွှန်ချက်သည် အကောင်းဆုံး အပြည့်စုံဆုံး အထိမိဆုံး ဘ၀နေနည်းဖြစ်သည်။
ဒီနေ့မှာ မိမိသည်..
မကောင်းမှုတွေကို စွမ်းနိုင်သမျှ (သို့) လုံးဝရှောင်ကြဉ်မည်။
ကောင်းမှုကို စွမ်းနိုင်သမျှ (သို့) ဆောင်ရွက်မည်။
စိတ်ကို စွမ်းနိုင်သမျှ(သို့) ဖြူစင်နေအောင် ထားမည်ဟု သန္နိဋ္ဌာန်ချမှတ်ပါ။ အမြဲတမ်းပင် သတိတရရှိနေလိုက်ပါ။
လောကတွင် အတွေးအခေါ်အမျိုးမျိုးရှိသည်၊ ဒဿ အယူအဆများစွာရှိသည်။နီတိ အထွေ ထွေရှိသည်၊ ဘာသာရေးဆိုင်ရာ လမ်းညွှန်ချက် သွန်သင်ချက်တွေ များစွာ၊ ထိုများပြား လှသော အတွေးအခေါ် အယူအဆ ဒဿနနီတိများကို လေ့လာနိုင်လျှင် ကောင်းပါ၏။ ဗဟုသုတလည်း များစေပါ၏။ သို့သော် စားဝတ်နေရေး အဆင်ပြေအောင် ရုန်းကန် ကြိုးစားနေရသော မိသားစုများအတွက်တော့ ထိုဒဿနတို့သည် အကြားမျှရှိလိမ့်မည်။ စာဖက်ဝါသနာမပါခြင်း၊ စာဖက်ဝါသနာပါသော်လည်း မြင့်မားတဲ့ စာအုပ်ဈေးနှုန်းများကြောင့် အနားမကပ်ရဲခြင်း၊ စာစုံဖတ်နိုင်အောင် အေးဆေးသော အချိန် မပေးနိုင်ခြင်းစသော အခက်အခဲအဟန့်အတားများစွာရှိကြသည်။ ထိုသူတို့သည် ဘ၀နေနည်းများစွာနှင့် အဆိုမိန့် လို့ဆိုသော နီတိများကို မလေ့လာနိုင်သော်လည်း အားငယ်ဖွယ်ရာမလို၊ ၀မ်းနည်းဖွယ်ရာမလို၊ မြတ်ဗုဒ္ဓ၏ အကောင်းဆုံးလမ်းညွှန်ချက်ဖြစ်သည့် ဘ၀နေနည်းလမ်းညွှန်ဖြစ်သော အဆုံးအမ သုံးပါးကို အမြဲ နှလုံးသွင်းလျက် ထိုအဆုံးအမ နှင့်အညီ နေထိုင်သွားနိုင်ဖို့သာ လိုအပ်ပါသည်။
မကောင်းမှုရှောင်
မကောင်းမှုဟူသည် အဘယ်နည်း။
မိမိနှင့် သူတစ်ပါး အကျိုးစီးပွားကို ထိခိုက်ပျက်ပြားစေခြင်းမှန်သမျှသည် “မကောင်းမှု ”ဖြစ်ပါသည်။ ပြုသူရော၊ အပြုခံရသူကို နှစ်ဦးစလုံး၏ အကျိုးစီးပွားကို ထိခိုက်စေသော “ပြောမှု” “ပြုမှု” “ကြံစည်တွေးတောမှု” မှန်သမျှသည် မကောင်းမှုပင်ဖြစ်၏။ မကောင်းမှု ကိုယ်တိုင်က အပြစ်မကင်းသလို မကောင်းမှုပြုသူလည်း အပြစ်မကင်းပါ။ လောကတွင် ဆုံးရှုံးမှု ပျက်ပြားမှု၊ အပြစ်မကင်းမှု မှန်သမျှကို မွေးထုက်သော အရာသည် မကောင်းမှု ပင်ဖြစ်သည်။
ဆိုခဲ့သော ပြောမှု၊ ပြုမှု၊ ကြံစည်တွေးတောမှု၊ မကောင်းမှုတို့ကို မြတ်စွာဘုရားရှင်က လူသားတို့ မပြုအပ်သော ရှောင်ကြဉ်အပ်သော မကောင်းမှု (၁၀)မျိုးဟု အောက်ပါအတိုင်း ညွှန်ပြတော်မူခဲ့ပါ၏၊
ကာယကံမကောင်းမှုသုံးမျိုး
သက်ရှိသတ္တ၀ါများကို သတ်ဖြတ်ခြင်း။
မပေးသည်ကို ယူခြင်း။
သူတစ်ပါး သားမယား၌ မှားယွင်းစွာကျင့်ခြင်း။
ဝစီကံမကောင်းမှု လေးမျိုး
မဟုတ်မမှန်ပြောဆိုခြင်း။
ကုန်းချောစွာ ပြောဆိုခြင်း။
ကြမ်းတမ်းသော စကားကိုပြောဆိုခြင်း။
ပြိန်ဖျင်းသော စကားကိုပြောဆိုခြင်း။
မနောကံ မကောင်းမှု သုံးမျိုး
သူတစ်ပါးပစ္စည်းကို မကောင်းသဖြင့် ကြံစည်ခြင်း။
သူတစ်ပါးအား ပျက်စီးစေလိုခြင်း။
အယူမှားခြင်း။
အထက်ပါ မကောင်းမှုဆယ်မျိုး လေ့လာလိုက်သော် မိမိကြောင့် သူတစ်ပါးထိန်းထိုက် နစ်နာ အကျိုးမဲ့စေသော ကံအမှုများချည်းသာတွေ့ရသည်။
အမှန်တော့ လူသားအဖြစ် လူသားဘ၀ကို ရရှိပိုင်ဆိုင်နေခြင်းမှာ ဘ၀တူလူသားတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာအောင် ဆောင်ရွက်ဖို့မဟုတ်ပါ။ မိမိ အကြောင်းပြု၍ သူတစ်ပါးကို မျက်ရည်ပေါက်ကြီးငယ်ကျစေမည့် အလုပ်မျိုးလုပ်ဖို့ လူဖြစ်နေခြင်းမဟုတ်ပါ။ မိမိ၏ အသက်ရှင်နေထိုင်မှုသည် သူတစ်ပါး၏ အသက်ရှင်နေထိုင်မှုကို မထိပါး မဆော်ကားမိဖို့ လိုပါသည်။
ကြံစည်တွေးတောမှု၊ ပြောဆိုမှု့၊ ပြုလုပ်မှုစသော ကံသုံးပါးမှန်သမျှတိုင်းသည် တူသော အကျိုးကိုပေးပါ၏။ ထိုကမ္မနိယာမကို နှလုံးသွင်းလျက် နေ့စဉ်တိုင်းပင် မိမိ၏ စိတ်သည် ဘုရားရှင်နည်းညွှန်လမ်းပြတော်မူခဲ့သည် လမ်းပေါ်မှသည် လှပသောနေ့သို့ဖြတ်သန်းနိုင်ပါ စေဟု….ဆန္ဒဖြင့်……
စိတ်ညစ်ညူးကြောင်း တရား ( ၁၆ ) ပါး
၁။ သူ့ပစ္စည်းကို ၊ ရလို အဘိဇ္ဈာ၊
အလိုကြီးက၊ ၀ိသမလောဘာ၊
အကျိုးဖျက်လို၊ ခေါ်ဆို ဗျာပါ၊
စိတ်ဆိုးက၊ ကောဓ မှတ်လေပါ။
၂။ ရန်ငြိုးဖွဲ့က ဥပနာဟာ၊
ကျေးဇူးဖျက်က ၊ မက္ခ မှတ်ပါ၊
ဂုဏ်ရည် ယှဉ်တု ၊ ပြိုင်မှု ပဠာသာ၊
မနာလို ၊ ခေါ်ဆို ကြီး ဣဿာ ။
၃။ နှမြောလေဘိ ၊ မစ္ဆရိယာ ၊
မိမိပြစ်များ ၊ ဖုံးထား မာယာ ၊
ဂုဏ်မရှိပြန် ၊ ရှိဟန်ဆောင်ကာ ၊
ထုတ်ဖော်က ၊ မှတ်ကြ သာဋ္ဌေယျာ ။
၎။ မာန်ခက်ထန်က ၊ ထမ္ဘ မှန်စွာ ၊
သူ့ထက်ကဲပို ၊ ပြုလို သာရ မ္ဘာ ၊
ထောင်လွှား မာန ၊ ယစ်က မဒါ ၊
ထောင်လွန်းဘိ ၊ အတိမာန သာ ၊
ကုသိုလ်များ၊ မေ့ငြား ပမာဒါ ။
၅။ ဤဆယ့်ခြောက်ပါး ၊ စိတ်အား မဲစေ ၊
ဝတ္ထသုတ်မှ ၊ ထုတ်ပြသလေ ၊
ကိလေမှန်သမျှ ၊ ကျန်ကြတာတွေ ၊
သူတို့လဲ ၊ စိတ်မဲ ညစ်ကျူစေ ။
အတ္တပယ်မှ နိဗ္ဗာန်မြင်မည်
နိဗ္ဗာန်မဂ်ဖိုလ် ရလိုကြောင်းနဲ့ ဆုတောင်းခဲ့တာများလှပြီ၊
ဝိဇ္ဇာဥာဏ်မပါ ဓမ္မတာတောင်းမို့၊
အာညောင်းရုံပဲ မောဖတ်တင်မည်။
ဒါနပြုခါ အခါခါတောင်းလည်း
ငါ(အတ္တ) ကောင်းချင်မှု ခုခံနေသည်၊
ငါတစ်လုံးပယ် ကွယ်ကာပေးမှ၊
လွန်စွာမနှေး နိဗ္ဗာန်မြင်လိမ့်မည်။
စစ်ကိုင်းတိုင်း ဆားတောင်ရွာ ဆားတောင်ဆရာတော်ဘုရားကြီး ဦပညာဏိက ၏ ဆုံးမ စကား
အတ္တဆန်သော ဤလောက
လူဆိုသည်မှာ အတ္တသမား ၊
ကိုယ့်အတွက်တော့ တကွက်ထား ၊
သူများမှားတာ မြင်ပါလျင် ၊
မေးငေါ့ မဲ့ရွဲ့ အပြစ်တင် ၊
ကိုယ့်မှာပင် မှားပြန်က ၊
ဖုံးလိုက် ဖိလိုက်ကြ ။
အတ္တဆန်သော ဤလောက ၊
အံ့သြဖွယ် ရှိစွ ။ ။
( အရှင်တေဇောဘာသ )
သူ့ကို ဂုဏ်နှိမ့် ကိုယ့်ဂုဏ် နိမ့်၏
သူ့ကို ချီးမြှောက် ၊ ကိုယ့်ဂုဏ်မြောက်၏ ၊
ယွင်းဖောက်အလို ၀န်မတိုနှင့်၊
သူ့ကို ဂုဏ်နှိမ့်၊ ကိုယ့်ဂုဏ် နိမ့်၏ ၊
စည်းစိမ်အရာ ၊ သူ့ချမ်းသာ၌ ၊
ဣဿာ မပြု ၀မ်းမြောက် ရှုလော့ ၊
သူ့ကို စောင့်မှ ၊ သူက ကိုယ့်ကို ၊
ကြည်ညို မေတ္တာ ၊ စောင့်နိုင်ရာ၏ ။
( မဃဒေ၀ ၊ ၁၈၅ )
သုကို ယှဉ်၊ ဒုကို ကြဉ်…
ဟုတ်ပါတယ်။ သုဆိုတာ သုစရိုက်ကို ပြောတာဖြစ်ပြီး ဒုဆိုတာကတော့ ဒုစရိုက်ကို ပြောတာဖြစ်ပါတယ်။ သုစရိုက်ဆိုတာ အပြစ်ကင်းတဲ့ ကောင်းတဲ့အလေ့အကျင့် အလုပ်အကိုင် အပြောအဆို အကြံအစည်လို့ အဓိပ္ပါယ်ရပြီး ဒုစရိုက်ဆိုတာကတော့ အပြစ်နဲ့တကွဖြစ်တဲ့ မကောင်းတဲ့အလေ့အကျင့် အလုပ်အကိုင် အပြောအဆို အကြံအစည်လို့ အဓိပ္ပါယ်ရပါတယ်။ တစ်နည်းအားဖြင့် သုစရိုက်ဆိုတာ ကိုယ်နဲ့ပြုတဲ့ ကောင်းတဲ့အလုပ်၊ နှုတ်နဲ့ပြောတဲ့ ကောင်းတဲ့အပြော၊ စိတ်နဲ့ကြံတဲ့ ကောင်းတဲ့အကြံများကိုဆိုပြီး ဒုစရိုက်ဆိုတာကတော့ ကိုယ်နဲ့ပြုတဲ့ မကောင်းတဲ့အလုပ်၊ နှုတ်နဲ့ပြောတဲ့ မကောင်းတဲ့အပြော၊ စိတ်နဲ့ကြံတဲ့ မကောင်းတဲ့ အကြံတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီလိုကိုယ်နှုတ်နှလုံး သုံးမျိုးလုံးနဲ့ လုပ်ကိုင်ပြောဆိုကြံစီကြတဲ့ အလေ့အကျင့်တွေကိုပဲ စရိုက်လို့ခေါ်တာဖြစ်ပြီး ပြုလုပ်တဲ့သူတွေရဲ့ လုပ်ရပ်ကိုလိုက်ပြီး ကောင်းတဲ့ အလေ့အကျင့် သုစရိုက်၊ မကောင်းတဲ့အလေ့အကျင့် ဒုစရိုက်လို့ ကွဲပြားခြားနားသွားကြတာ ဖြစ်ပါတယ်။
ထူးခြားတာကတော့ ပြုလုပ်တဲ့သူတွေရဲ့ စရိုက်ကိုလိုက်ပြီး ကောင်းတဲ့အလေ့အကျင့် ရှိသူတွေဟာ ကောင်းတဲ့သုစရိုက်တွေကြောင့် ကောင်းတဲ့အကျိုးတွေ ဖြစ်ပေါ်စေပြီး မကောင်းတဲ့ အလေ့အကျင့် ရှိသူတွေဟာ မကောင်းတဲ့ ဒုစရိုက်တွေကြောင့် မကောင်းတဲ့ အကျိုးတွေ ဖြစ်ပေါ်စေတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လိုပဲ ဖြစ်ဖြစ် မကောင်းကျိုးတွေ မဖြစ်ဖို့နဲ့ ကောင်းကျိုးတွေ ဖြစ်ပေါ်စေဖို့ သုကိုယှဉ်ပြီး ဒုကိုကြဉ်ပါလို့ ပညာရှင်များက ပြောဆိုဆုံးမကြတာ ဖြစ်ပါတယ်။
ဗုဒ္ဓစာပေတွေမှာတော့ သုစရိုက်တရားဆယ်ပါး၊ ဒုစရိုက်တရား ဆယ်ပါးရှိကြောင်း ဖွင့်ဆိုရှင်းပြပြီး ဒုစရိုက်ဆယ်ပါးကို မလုပ်ဘဲ ရှောင်ကြဉ်ခြင်းကိုပဲ သုစရိုက်ဆယ်ပါးလို့ အမည်တပ်ကာ ပြောဆိုခြင်း ဖြစ်ကြောင်းနဲ့ ဒုစရိုက်ဆယ်ပါးဆိုတာ တခြားမဟုတ်ဘဲ ကိုယ်နဲ့လုပ်တဲ့ မကောင်းတဲ့ ကာယကံသုံးပါး၊ နှုတ်နဲ့ပြောဆိုတဲ့ မကောင်းတဲ့ ဝစီကံလေးပါး၊ စိတ်နဲ့ကြံစည်တဲ့ မကောင်းတဲ့ မနောကံသုံးပါးကိုပဲ ဆိုလိုတာဖြစ်ကြောင်း ဖွင့်ဆိုပြပါတယ်။ အဲဒီအဖွင့်တွေအရ
ကာယဒုစရိုက် သုံးပါးဆိုတာ
၁။ သူတပါးအသက်ကို သတ်ဖြတ်ခြင်း (ပါဏာတိပါတ)
၂။ သူတပါးဥစ္စာကို ခိုးယူခြင်း (အဒိန္နာဒါန)
၃။ ကာမဂုဏ်ကိစ္စတွေမှာ ဖောက်ပြန်မှားယွင်းစွာကျင့်ခြင်း (ကာမေသုမိစ္ဆာစာရ) တို့ဖြစ်ပြီး
ဝစီဒုစရိုက် လေးပါးဆိုတာ
၎။ မဟုတ်မမှန် လိမ်ညာပြောဆိုခြင်း (မုသာဝါဒ)
၅။ ချောပစ်ကုန်းတိုက်သော စကားကို ပြောဆိုခြင်း (ပိသုဏဝါစာ)
၆။ ကြမ်းတမ်းယုတ်မာသော စကားကို ပြောဆိုခြင်း (ဖရုသဝါစာ)
၇။ အကျိုးမရှိ အချည်းနှီးဖြစ်သည့် ပိန်ဖျင်းသော စကားကို ပြောဆိုခြင်း (သမ္ဖပ္ပလာပ) တို့ ဖြစ်ကာ
မနောဒုစရိုက် သုံးပါးကတော့
၈။ သူတပါးပိုင်ဆိုင်မှုများကို မတရားရယူရန် ကြံစည်ခြင်း (အဘိဇ္ဈာ)
၉။ သူတပါးတို့၏ အသက်နှင့်စည်းစိမ်ဥစ္စာ ပျက်စီးရာပျက်စီးကြောင်း ကြံစည်ခြင်း (ဗျာပါဒ)
၁၀။ ကံကံ၏ အကျိုးကိုပယ်၍ လွဲမှားစွာ ယုံကြည်ခြင်း (မိစ္ဆာဒိဋ္ဌိ)တို့ပဲ ဖြစ်ပါတယ်။
ဒီဆယ်ပါးကို ဒုစရိုက်ဆယ်ပါးလို့ဆိုပြီး ဒီအလုပ်တွေနဲ့ ကျင်လည်နေထိုင် လှုပ်ရှားနေတဲ့ သူတွေကိုလည်း ဒုစရိုက် အလုပ်များနဲ့ နေထိုင်သူများအဖြစ် ပြစ်တင်ပြောဆိုကြခြင်း ဖြစ်ပါတယ်။ ဒီဒုစရိုက်အလုပ်တွေနဲ့ပဲ အမြဲမပျက် လုပ်ကိုင်ဆောင်ရွတ် နေသူတွေဟာလည်း ဒုစရိုက်အလုပ်များကြောင့် မကောင်းတဲ့ ဘုံဘဝများအထိ ကျရောက်နိုင်ကာ ကုသိုလ်တရားများနဲ့ ဝေးသထက် ဝေးနေကြမှာဖြစ်တဲ့အတွက် ဒီအလုပ်တွေကနေ ရှောင်ကြဉ်ကြဖို့နဲ့ ဒီလိုဒုစရိုက်အလုပ်တွေက ရှောင်ကြဉ်နိုင်ပါက အလိုလို ကောင်းတဲ့သုစရိုက် အလုပ်တွေကို လုပ်နေပြီးသား ဖြစ်တဲ့အပြင် ကောင်းတဲ့ဘုံဘဝတွေမှာ ရောက်ရှိကာ ကောင်းကျိုးချမ်းသာတွေနဲ့ နီးသထက်နီးနေမှာ ဖြစ်တဲ့အတွက် ကောင်းတဲ့သုစရိုက် အလုပ်တွေနဲ့ နေထိုင်နိုင်သမျှ နေထိုင်ကြဖို့ တိုက်တွန်းပြောဆိုကြခြင်း ဖြစ်ပါတယ်။
အလွယ်ပြောရရင်တော့ မကောင်းတဲ့ ဒုစရိုက်အလုပ်တွေက ရှောင်ကြဉ်ကြဖို့ ပြောလိုတာ ဖြစ်ပါတယ်။ ဒီဒုစရိုက်အလုပ်တွေက ရှောင်ကြဉ်ပြီး နေနိုင်ပါက သုစရိုက်အလုပ်တွေကို လုပ်နေပြီးသား ဖြစ်တဲ့အတွက် ကိုယ့်ရဲ့အလုပ်တွေဟာ သုစရိုက်အလုပ် ဟုတ်မဟုတ် စဉ်းစားနေစရာ မလိုဘဲ ဒုစရိုက်အလုပ်တွေကို မလုပ်မိအောင် ကြိုးစားနေထိုင်ကြရမယ်ဆိုတဲ့ အချက်ကိုပဲ နားလည်သဘောပေါက်ထားရမှာ ဖြစ်ပါတယ်။ ဆိုရိုးစကားအရ ပြောရရင်တော့ ဒုကိုရှောင်ကြဉ်ခြင်းဟာ သုနဲ့ယှဉ်နေခြင်းပဲလို့ ပြောရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် ကာမဂုဏ်တရားများ အားကြီးလာပြီး သီလ၊ သမာဓိ၊ ပညာ တရားများ အားနည်းလာတဲ့ ဒီနေခေတ်မှာတော့ လူအတော်များများဟာ ဒုကိုယှဉ်ပြီး သုကိုပဲ ကြဉ်နေကြတော့တာ ဖြစ်ပါတယ်။ အကုသိုလ်တရားများ လွှမ်းမိုးလာမှုမှာ အကုသိုလ်ကို အကုသိုလ်လို့ မသိဘဲဖြစ်လာတာတွေက အဆိုးဆုံး ဖြစ်လာနေပြီး အကုသိုလ်ကို အကုသိုလ်လို့ မသိတဲ့အတွက် ကိုယ်လုပ်နေတဲ့ အလုပ်တွေဟာလည်း သုစရိုက်လား၊ ဒုစရိုက်တွေလားဆိုတာလည်း သိဖို့မလွယ်တော့တဲ့ အနေအထားအထိ ရောက်နေကြတော့တာ ဖြစ်ပါတယ်။ ရှောင်ကြဉ်ရမယ့် ဒုစရိုက်တွေမှာ အတော်များများ အပျော်များနေကြတော့ ကိုယ့်ရဲ့အလုပ်တွေဟာ မကောင်းတဲ့ အလေ့အကျင့်တွေ ဖြစ်နေပေမယ့် အဲဒီမကောင်းတဲ့ အလုပ်တွေအပေါ်မှာ အပြစ်လို့ မမြင်ကြဘဲ ဒုမှာပဲ ယှဉ်ပြီးရင်း ယှဉ်နေကြတော့တာ ဖြစ်ပါတယ်။ ဒုမှာယှဉ်နေသမျှ သုမှာလည်း အလိုလို ကြဉ်ပြီးသား ဖြစ်နေတဲ့အတွက် ကြာလေမြုပ်လေ၊ ကြာလေစုပ်လေပဲ ဖြစ်နေကြတော့တာ ဖြစ်ပါတယ်။
တစ်ချို့က မကောင်းတဲ့ ဒုစရိုက်အလုပ်တွေနဲ့ ကျင်လည်နေရပေမယ့် အချိန်တန် ကံအကျိုးပေး မရောက်လာသေးတဲ့အတွက် ကောင်းတာလေးတွေ ဖြစ်နေတဲ့အပေါ်မှာ သတိမမူမိဘဲ ဒီအလုပ်တွေနဲ့ အကျိုးပေးတယ်ဆိုကာ ဒုမှာပဲပျော်နေကြတာတွေ ရှိတတ်ပါတယ်။ ဒုနဲ့ပျော်ရင်း တဒင်္ဂအကောင်းလေးတွေ ဖြစ်နေတဲ့အပေါ်မှာ ဒုကြောင့်ကော်တယ်လို့ထင်ကာ ဒုစရိုက်အလုပ်တွေက ရုန်းမထွက်နိုင်ဘဲ ဖြစ်နေကြတဲ့အတွက် ကြာလေသုနဲ့ ဝေးလေဖြစ်နေကြတဲ့ သူတွေလည်း ရှိနေတတ်ပြန်ပါတယ်။ တကယ်တော့ ဒုစရိုက်အလုပ်တွေကြောင့် ကောင်းတာလေးတွေဖြစ်ပြီး ကော်နေကြတယ်ဆိုတာ တဒင်္ဂအခိုက်အတံ့ပဲ ဖြစ်ပါတယ်။ တဒင်္ဂမဟုတ်၊ ဒီဘဝတစ်လျှောက်လုံး ကော်နေကြတယ်ဆိုရင်လည်း သေပြီးနောက်မှာတော့ ဒုနဲ့ယှဉ်မိတဲ့ အလုပ်တွေကြောင့် မကော်နိုင်ဘဲ အော်နေကြရမှာ အမှန်ပဲ ဖြစ်ပါတယ်။
အကျိုးတရား ပြောင်းပြန်အနေနဲ့ ပြောမယ်ဆိုရင် ဒုစရိုက်အလုပ်တွေကို မလုပ်ဖြစ်အောင် ရှောင်ကြဉ် နေလိုက်ခြင်းဟာ သုစရိုက်အလုပ်တွေနဲ့ နေလိုက်ခြင်းဖြစ်တဲ့အတွက် အလုပ်ကောင်းခြင်းပဲ ဖြစ်ပါတယ်။ သုဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကိုက အကောင်းလို့ အဓိပ္ပါယ်ရတဲ့အတွက် အကောင်းလုပ်ရင် အကောင်းရမှာ သဘာဝနိယာမပဲ ဖြစ်ပါတယ်။ ဒါဟာ ဒုစရိုက်အလုပ်တွေကို မလုပ်ဖြစ်ဘဲ ရှောင်ကြဉ်လိုက်တဲ့ အတွက်ပဲ ဖြစ်ပါတယ်။ သေချာတွေးကြည့်ရင် ဒုစရိုက်တရား ဆယ်ပါးကနေ ရှောင်ကြဉ်ခြင်းဟာ ကံငါးပါးကို လုံနေခြင်းပဲ ဖြစ်ပြီး ကံငါးပါးလုံနေခြင်းဟာ အခြေခံဖြစ်တဲ့ ငါးပါးသီလကို လုံနေခြင်းပဲ ဖြစ်ပါတယ်။ ဒုစရိုက်တရား ဆယ်ပါးကို တူရာစုလိုက်မယ်ဆိုရင် ပါဏာတိပါတ၊ အဒိန္နာဒါန၊ ကာမေသုမိစ္ဆာစာရ၊ မုသာဝါဒနဲ့ မိစ္ဆာဒိဋ္ဌိဆိုတဲ့ ကံငါးပါးပဲ ထွက်လာမှာ ဖြစ်ပါတယ်။ ဒီကံငါးပါးဟာ ဗုဒ္ဓဘာသာတွေအတွက် အခြေခံ သီလပဲ ဖြစ်ပါတယ်။ ဒါကြောင့် သီလလုံနေခြင်းဟာ တစ်နည်းအားဖြင့် ဒုစရိုက်တရားများမှ ရှောင်ကြဉ်နေခြင်း ဖြစ်တဲ့အတွက် သေပြီးဒုတိယဘဝမှာ အပါယ်ဘေးက ရှောင်ကြဉ်ထားပြီးဖြစ်ကြောင်းနဲ့ အကျင့်သီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲအောင် စောင့်ထိန်းကြဖို့လိုကြောင်း ဆိုကြခြင်းဖြစ်ပါတယ်။
ဆိုလိုတာက သုကိုယှဉ်ပြီး ဒုကိုကြဉ်နိုင်ဖို့အတွက် အခြေခံအကျဆုံးဖြစ်တဲ့ ကိုယ်ကျင့်သီလကို လုံခြုံအောင် စောင့်ထိန်းကြရမှာ ဖြစ်ကြောင်း ဆိုလိုတာဖြစ်ပါတယ်။ ကံငါးပါးကို လုံခြုံအောင် ထိန်းသိမ်းနေထိုင်ခြင်းဟာ ဒုစရိုက်တရားတွေက ရှောင်ကြဉ်နေခြင်း ဖြစ်တဲ့အတွက် ကောင်းတဲ့သုစရိုက် အကျင့်တွေနဲ့ နေနေတာဖြစ်ပြီး ကောင်းတဲ့အကျင့်တွေနဲ့ နေထိုင်နေခြင်းဟာ ဒုကိုကြဉ်ပြီး သုနဲ့ယှဉ်နေတာ ဖြစ်တဲ့အတွက် ဘဝမှာ အထက်တန်းကျကျ မျက်နှာပန်းလှကာ သုနဲ့မယှဉ်တဲ့အတွက် မြုပ်ရမယ့်ဘေး၊ ဒုကိုမကြဉ်တဲ့အတွက် စုပ်ရမယ့်ဘေးတွေက အလိုလို ရှောင်ကြဉ်ပြီးဖြစ်ကြောင်း၊ အရင်းစစ်တော့ ဒီလို မမြုပ်၊ မစုပ်ဘဲ ဘဝလှနေခြင်းဟာ ကိုယ်ကျင့်သီလကို လုံခြုံစေခြင်းကြောင့် ဖြစ်ကြောင်း စသဖြင့် ဆိုလိုတာ ဖြစ်ပါတယ်။
ဒါကြောင့် ဘယ်သူမဆို ဘဝမှာ အလှတွေလာပြီး မြုပ်ရာကနေ လှုပ်လာစေဖို့၊ စုပ်ရာကနေ ကောင်းတာတွေနဲ့ ဟုတ်လာစေဖို့အတွက် ဒုလို့ခေါ်တဲ့ မကောင်းတဲ့ ဒုစရိုက်တွေကိုကြဉ်ပြီး သုလို့ခေါ်တဲ့ ကောင်းတဲ့ သုစရိုက်တွေနဲ့ယှဉ်ကာ အခြေခံအကျဆုံးဖြစ်တဲ့ ကိုယ်ကျင့်သီလကို လုံခြုံအောင် ကြိုးစားရင်း ကိုယ့်လမ်းကိုယ်ဖောက်ပြီး ကိုယ့်ကိုယ်ကိုသာ အကောင်းဆုံး လျှောက်နိုင်အောင် ရိုးသားစွာ အားထုတ်ကြပါလို့ စေတနာစကားနဲ့ အသိပါးလိုက်ရပါတယ်။
အားလုံး ဒုကိုကြဉ်ပြီး သုကို ယှဉ်နိုင်ကြပါစေ…
စာရေးသူ = အရှင်ဝိစိတ္တ (မနာပဒါယီ) ။ အချိန် 5:45 PM 0 မှတ်ချက်များ (...ရေးရန်)
စုစည်းထားမှု = တွေးမိသမျှ
Read more...ဘာတွေဖြစ်ကုန်ကြပြီလဲ
ဒီနေ့ပို့စ်ကို ဟိုတလောက ဘီဘီစီက ထုတ်လွှင့်လိုက်တဲ့
ဘာတွေဖြစ်ကုန်ကြပြီလဲ ဆိုတဲ့ အသံလွှင်ဇာတ်လမ်းခေါင်းစဉ်ကို ယူသုံးလိုက်ပါတယ်။
ဒီအောက်ဖော်ပြပါသတင်းကို ဒီဆိုက်ရဲ့ Cbox ထဲမှာ လင့်လာထည့်ပေးသွားလို့ ဖတ်ကြည့်မိပြီး
ဘာတွေဖြစ်ကုန်ကြပြီလဲ လို့ ရေရွတ်မိလို့ပါ။
ဒီသတင်းနဲ့ပတ်သက်ပြီး
အကြောင်းအကျိုး အကောင်းအဆိုးတွေကို
သူ့အမြင် ကိုယ့်အမြင် လွတ်လွတ်လပ်လပ် ဝေဘန်ပေးဘို့ ဖိတ်ခေါ်ပါရစေ။
သတင်းက ဒီလိုပါ။
သာသနာရေးအဖွဲ့စည်းသို့ မေတ္တာရပ်ခံချက်
ဒီနေ့ သတင်းတစ်ပုဒ်ကြားမိတယ် ရင်ထဲမှာမကောင်းဘူး။
ဘယ်သူတွေကူညီနိုင်မှာလဲ သာသနာ့အဖွဲ့စည်းကရော ဘာတွေအကြံပေးနိုင်မှာလဲ။
UN ဆိုတဲ့အဖွဲ့စည်းကရော ဒီလူတွေကိုဘယ်လို ကူညီနိုင်မလဲ။
ကျွန်မတော့ ဘာမှမသိဘူး စိတ်ထဲရှိတာပြောကြည့်တာနော်။
ဖြစ်ပုံကဒီလို ထိုင်းနိုင်ငံ ဝတစ်လုံးဘုန်းကြီးကျောင်း တစ်ကျောင်းတွင် လွန်ခဲ့သောရက်အနည်းငယ်က ဘုန်းကြီးတစ်ပါးနဲ့ ကျောင်းသားပြသနာတက်ခဲ့ရာ ကျောင်းသားမှဘုန်းကြီး၏ ဦးခေါင်းကိုရိုက်နက်တဲ့ အထိပြသနာတက်ခဲ့တယ်။ ပြသနာဖြစ်ရတဲ့အကြောင်းရင်းကို ကျွန်မသေချာမမေးမိပါ။
သို့သော် ကျွန်မမေးမိသည်မှာ ကျောင်းထိုင်ဘုန်းကြီးမှာ ရှမ်းလူမျိုးဖြစ်တယ်။
ရန်ဖြစ်သော ဘုန်းကြီးမှာ မြန်မာလူမျိုးဖြစ်ပြီး ဘုန်းကြီးအားရိုက်သော
ကျောင်းသားမှာ ရခိုင်လူမျိုးဖြစ်ပါတယ်။
အဲဒီဘုန်းကြီးနဲ့ ကျောင်းသားပြသနာကြောင့်
မနေ့ညတွင် ဝတစ်လုံးကျောင်းသို့ ထိုင်းရဲမှဝင်ရောက်ဖမ်းဆီး ခဲ့ပါတယ်။
ကျောင်းထိုင်ဘုန်းကြီးမှ မကျေနပ်သောကြောင့်
ထိုင်းရဲကိုတိုင်ကြားခြင်း ဖြစ်တယ်လို့ သိရပါတယ်။
အဲလိုထိုင်းရဲများ ဝင်ရောက်ဖမ်းဆီးရာတွင် မြန်မာဘုန်းကြီး ဧည်သည်များပါ
အဖမ်းခံရပြီး ရဲများကလူဝတ်လဲလိုက်တယ်လို့ ဆိုပါတယ်။
စုစုပေါင်းဘုန်းကြီး (၁၀)ပါး အဖမ်းခံထားရတယ်လို့ သိရပါတယ်။
အဖမ်းခံရသော ဘုန်းကြီးများထဲတွင် မြန်မာပြည်မှ ဧည်သည်ဘုန်းကြီးများ
(UN) လျှောက်ထားပြီး ကန့်ထဲတွင်နေသော ဘုန်းကြီးများပါ ပါသွားကြောင်းသိရပါတယ်။
မြန်မာသသနာရေးဆိုင်ရာများကရော သင်္ကန်းချွတ်လူဝတ်လဲခံရတဲ့
ဒုက္ခသည်ဘုန်းကြီးတွေ ကိုဘယ်လိုများ ထောက်ခံကူညီပေးနိုင်မှာလဲ။
ထိုင်းရဲကဖမ်းတာ ဖမ်းလို့ရပါတယ်။
ဧည်သည်တွေ ဘုန်းကြီးတွေမှာ ပတ်စပို့မရှိလို့ဆိုပြီး
တာဝန်အရဖမ်းပေမဲ့ သင်္ကန်းချွတ်လူဝတ်လဲ တာကတော့ ကြားမကောင်းပါဘူး။
အဲဒီလူဝတ်လဲ အချုပ်ချ/ထောင်ချမယ်ဆိုတော့ သာသနာရေးအဖွဲ့စည်းကလည်း
မျက်စိမှိတ်ပြီး မနေဘဲတတ်နိုင်တဲ့ဘက်က ကိုယ့်သာသနာအတွက်
တစ်ဖက်တစ်လမ်းက ကြိုးစားပေးပါလို့ အားလုံးရဲ့ကိုယ်စား
ကျွန်မ (အလွမ်းမြို့လေး)မှမေတ္တာရပ်ခံ တောင်းခံအပ်ပါတယ်။
မျှော်လင့်တစ်ချက် တစ်စုံတစ်ခုမှမရှိဘဲ
လူမှု့စာနာမှုနဲ့ မေတ္တာရပ်ခံတောင်းခံအပ်ပါတယ်။
မေတ္တာဖြင့်
အလွမ်းမြို့လေး
မူရင်း၊ http://alwanmyolay.blogspot.com/
"The Life of the Buddha "
Jettho hamasmi lokassa - There is no equal to me
Settho hamasmi lokassa - I am Supreme
Ayamanthima jathi - This is my last birth
Natthi dani punabbhavo. - " No rebirth for me."
Yellow - holiness
Red - wisdom
White - purity
Orange - absence of desire
Mixed - all of these qualities
2. Right Thinking
3. Right Speech
4. Right Action
5. Right Livelihood
6. Right Effort
7. Right Mindfulness
8. Right Concentration
2. Cause of Dukkha - craving and attachment
3. End to Dukkha - Nibbaana (no more rebirth)
4. The way to end Dukkha - following the Eightfold Noble Path.
Life is dear to all.
Feeling for others as for yourself
You should neither slay,
Nor cause others to slay."
Even at the risk of her own life,
Let one cultivate boundless thoughts of loving kindness.
Towards all living beings."
Conquer evil by good.
Conquer the stingy by liberality.
Conquer the liar by truthfulness."
By birth is not one a brahmin.
By deeds is one an outcaste,
By deeds is one a brahmin (1)."





















