* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, March 28, 2010

ဗိုလ္ငါးပါး

တ္တဝါများ ၊ ကိုးစားယုံကြည်
ဒ္ဓါ သည်မုချ ၊ ဓမ္မမှန်ပြီ
ဗိုလ် လုပ်စိုးမိုး ၊ မညှိုးဂုဏ်ရည်
မင်း ထက်မင်း ရှင်ရင်းဟောခဲ့သည် ။

ဝိ သမဘေး ၊ ကင်းဝေးလေအောင်
ရိ ယိုမယွင်း ၊ မပျင်းဂုဏ်ဆောင်
တိပြတ်သား ၊ ကြိုးစားမရှောင်
ဗိုလ် မည်ရ ဓမ္မမြတ်ထက်ခေါင် ။

င်္ခါရဓမ္မ ၊ မှတ်ရရန်ကို
တိ လက္ခဏ ၊ မှန်လှထိုထို
ဗိုလ် လည်းပါမှ ၊ သိရမပို
မင်း ထက်မင်း ရှင်ရင်းဟောမိန့်ဆို ။

ဝေမတိမ်း ၊ မယိမ်းမယိုင်
မာ မာခန့်ခန့် ၊ တည်တံ့ခိုင်ခိုင်
ဓိ တိ မည်ရ ၊ ဓမ္မဂုဏ်ဆိုင်
ဗိုလ် ပြုလုပ် အုပ်ချုပ်ပိုင်ပိုင်နိုင် ။

ရမတ္ထ ၊ ဓမ္မအမှန်
ညာ လိမ်မရ ၊ သိစွဆုံးစွန်
ဗိုလ် လည်းပါမှ ၊ ငြိမ်းရဧကန်
မင်း ထက်မင်း ရှင်ရင်းဟောမိန့်ညွှန် ။

ဤ ဗိုလ်ငါးပါး ၊ ပွါးများသူတွေ
ကျက်သရေတန်ခိုး ၊ ပွါးတိုးပါစေ
မေတ္တာရှေးပြေး ၊ စာရေးစီပေ
မှားနေက ဆုံးမခဲ့ပါအဆွေ ။


သံသရာတဖက်ကမ်းသို့ကူးရာ၌ မဂ္ဂင်ဖောင်ကြီးကို
ဤဗိုလ်ငါးပါးကဦးဆောင် လှော်ခတ်ပေလတ္တံ့ဟူ၏ ။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP