* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, February 24, 2012

Statement of S Gum Aung by Ps U ZawMin (MCA Thailand)





ကြေငြာချက်...



ဆရာနည်းနည်းကြေငြာစရာလေးရှိတယ်လို့... ဤပလ္လင်က ဘုရားရဲ့ ဘုန်းတော်အတွက်ပဲဖြစ်တယ်လို့ ပြောချင်တယ်... ဘုရားသခင်ရဲ့ ဘုန်းတော်ကိုထောက်ပြီးစကားပြောကြရအောင်လို့... အေမင်...
ဘုရားသခင် ဘုန်းတော်ကိုထောက်ပြီးစကားပြောကြရအောင်လို့... တခါတလေမှာ ဒီပလ္လင်ကိုသုံးပြီးတော့မှ
ပြောတာမှားတဲ့အတွက်ကြောင့် မြောက်မြားစွာသောသူတွေ ခက်ခဲ့မှုတွေရောက်တတ်တယ်...



S.Gum Aung ကိစ္စ



ဆရာဒီနေ့ဘာပြောချင်သလဲဆိုတော့ ကျန်ခဲ့တဲ့ ၅ ရက်နေ့တုန်းက S.Gum Aung နဲ့ပတ်သက်ပြီးမှ နည်းနည်းလေး ပြောပြချင်တယ်... ဒီမှာရှိတဲ့ အသင်းသူ အသင်းသားတွေကော ကမ္ဘာတစ်လွှားရှိတဲ့ ၀က်ဆိုဒ်မှာကြည့်ပြီး ခွန်အားယူတဲ့ ညီအကိုမောင်နှမတွေအယောက်တိုင်းကို စကားပြောချင်တယ်... ဒီဆရာရဲ့ သွန်သင်ချက်တွေ ဒီတစ်ခါ သက်သေခံချက်ပေါ့ သွန်သင်ချက်မပါပါဘူး... သူသက်သေခံသွားတဲ့ အရာပေါ်မှာ အားလုံးခွန်အားရပြီးတော့မှ အကြီးအကျယ် ၀မ်းမြောက်ကြတယ်... စိတ်လှုပ်ရှားကြတယ်... တကယ်ကောင်းတဲ့ ဇာတ်လမ်းဖြစ်တယ်လို့ ခံယူမိခဲ့ကြတယ်... သို့သော် MCA အသင်းတော်က အသင်းတော်တပါးတည်းပဲ မဟုတ်ပဲနဲ့ လုပ်ဖော်ဆောင်ဖက်တွေက ကမ္ဘာနဲ့အ၀ှမ်းရှိနေကြတယ်... MCA ကိုလည်း ချစ်တယ် ထိုအသင်းတော်များကိုလည်း ချစ်ကြတဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက် မိသဟတွေ မြောက်မြားစွာ ရှိတဲ့အတွက်ကြောင့် အသင်းတော် တော်တော်များများက သင်းအုပ်ဆရာများ လုပ်ဖော်ဆောင်ဖက်တွေပေါ့နော်...တစ်ချို့က စာရေးလာပြီးတော့မှ ဆရာရဲ့ ဆရာ S.Gum Aung နဲ့ပတ်သက်ပြီးတော့မှ အဖြေလေးတွေ ပေးလာတယ်...



အမှားတွေ...



နောက်ဒီအဖြေလေးတွေကို တိုက်ကြည့်တဲ့အခါမှာ သူတို့ရဲ့ အဖြေပေးတာတွေ အားလုံးက အမှန်ဖြစ်ပြီးတော့မှ ဆရာ S.Gum Aung ပလ္လင်ကိုသုံးပြီးတော့မှ သက်သေခံချက်တွေထဲမှာ တော်တော်များများက အမှားဖြစ်တယ်ဆိုတာကို ဆရာတို့ခံစားတယ်... အမှားဖြစ်တဲ့အတွက်ကြောင့် ဒီပလ္လင်က ကျွန်တော်တို့ အမှား ပြောဖို့မဟုတ်ဘူး သမ္မာတရားကိုပြောပြီးမှ လွှတ်ခြင်းကိုရဖို့ရန်အတွက် ဖြစ်သောကြောင့် ဒီနေ့ သူ့ရဲ့အမှားတွေထဲမှာမှ ဆရာတို့ သိသလောက်ပေါ့နော်... သေချာသိသလောက်က နံပတ် (၁) က သူ R.I.T ဆင်းမဟုတ်ဘူးဆိုတဲ့အကြောင်းကို ဆရာတို့ သေချာခံယူတယ်... R.I.T လုံးဝမပြီးဘူးဆိုတာကို သဘောပေါက်သွားတယ်... ဒုတိယအချက်ကတော့ သူ ဘွဲ့တွေ ၉ လုံးလောက် ရပြီးတော့မှ ကြီးမားစွာ အဆင့် ရောက်ခဲ့တယ်ဆိုတာကလည်း အဲဒါက မမှန်တဲ့အရာဖြစ်တယ်... ဒီ ၂ ချက်လောက်နဲ့ပဲ ကျွန်တော်တို့ လုံလောက်ပါတယ်... ကျန်တာတွေကတော့ သူဘာတွေပြောတယ်ဆိုတာကိုတော့ ဆရာတို့ မစဉ်းစားတော့ဘူး သို့သော် သူ့ရဲ့ ပြောဆိုချက်တွေ အားလုံးအပေါ်မှာ အမှားတွေပါတယ်... သမ္မာတရားကို တိမ်းစောင်းပြီးမှ ပြောတဲ့အရာဖြစ်သောကြောင့် ဆရာတို့ MCA အသင်းတော်အနေနဲ့ သူ့ကို... (xxxxxxxx xxxx အသံဖြတ်ပစ်ထား...)



ဝက်ဆိုဒ်မှလင့်ခ်များကိုရပ်ဆိုင်း...



ကျန်ခဲ့တဲ့အပတ်ကစပြီးတော့မှ ၀က်ဆိုဒ်မှာ ဆရာတို့ ရပ်ဆိုင်းခဲ့ပြီးပြီ... အခုချိန်မှာတော့ ဆရာတို့ အသင်းတော်အနေနဲ့ ကြေငြာဖို့ဖြစ်တဲ့အတွက်ကြောင့် ဆရာကိုယ်တိုင် ထလာပြီးတော့မှ ဒီအရာကို တရားဝင်... တရားဝင်ဆိုတဲ့ နေရာမှာ တကယ်ကိုပြင်းပြင်းထန်ထန်ပေါ့ သူရဲ့ သြ၀ါဒတွေဟာ မှားတယ်ဆိုတဲ့ အကြောင်းကို ဒီကနေပြီးတော့ အနည်းငယ်ပြောချင်ပါတယ်... ဒီမှာရှိတဲ့ အသင်းသူ အသင်းသားတွေလည်း သိရအောင်... ကိုယ်ယူသွားတဲ့ အခွေတွေရှိမယ်... ကိုယ်ယူသွားတဲ့ ၀က်ဆိုဒ်ရဲ့ဟုတ်လား... လင့်ခ်တွေရှိတယ်ဆိုရင်လည်း အားလုံးကိုဖျက်လိုက်ပါ... ဖျက်လိုက်ဖို့ကောင်းတယ်... ဒါဟာ ကောင်းတဲ့ အရာမဟုတ်ဘူးလို့... ဘုရားရှင်က သမ္မာတရားအားဖြင့်ပဲ ပြောင်းလဲစေတာဖြစ်တယ်... အရောအနှောအားဖြင့် ပြောင်းလဲစေတဲ့ ဘုရားမဟုတ်ပါဘူးလို့... ဒါကြောင့်မို့လို့ မေတ္တာနဲ့လည်းပြောချင်တယ်... ပါဝင်ပေးတဲ့ ညီအကိုမောင်နှမတွေ စေတနာနဲ့ စာတွေပို့ဆောင်ပေးတဲ့ ညီအကိုမောင်နှမတွေပေါ်မှာလည်း ဘုရားသခင် ကောင်းချီးပေးပါစေ... အထူးပဲ ကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းကို အသင်းတော်ကိုယ်စား အနေနဲ့သော်လည်းကောင်း... ဆရာဇော်မင်းကနေပြီးတော့ ပြောပါတယ်လို့... အယောက်တိုင်းအယောက်တိုင်းကို ဘုရားရှင်ကောင်းချီးပေးပါစေ...



Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP