တရားတော်များ
အက္ခရာမပါတဲ့စာ (၂)(သုဝဏ္ဏ၊စစ်ကိုင်းစာသင်တိုက်-၂၊၉၊၂၀၁၀)
အိပ်သူနဲ့နိုးသူ ( ကျိုက်ထို ၁၀.၉.၂၀၁၀)
အလိုလိုဘာရမလဲ (ရွှေပြည်သာ ၉.၉.၂၀၁၀)
ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။ Read more...
ဓမ္မ အနှစ်သာရများ စုဝေးရာနေရာ
ပုတီးစိပ်ခြင်း(၂)မျိုး
၁။ သာမန်ပုတီးစိပ်ခြင်း
(ကုသိုလ်ရနိုင်သည့် အခွင့်အရေးကောင်းကို လက်လွတ်မခံဘဲ နေရာမရွေး၊
အချိန်မရွေး ပုတီးစိပ်ခြင်းမျိုးကို ဆိုလိုသည်။)
၂။ အဓိဋ္ဌာန် ပုတီးစိပ်ခြင်း
(ပုတီးစိပ်ခြင်းကို သီးခြားလုပ်ငန်းတစ်ခုအဖြစ် သပ်သပ်အချိန်ပေးပြီးအဓိဋ္ဌာန်
ကျ၍ ကျကျနန စိပ်ခြင်းမျိုးဖြစ်ပါသည်။)
.....................................................................................................
ပုတီးမစိပ်မီ ကျင့်ဝတ်(၁၀)ပါး
၁။ ဆာလောင် မွတ်သိပ်မှုကင်းအောင် တစ်ခုခုစားထားပါ။
၂။ ကိုယ်ခန္ဓာ အ၀တ်အစား သန့်ပြန့်ပါစေ၊ ပုတီးစိပ်သောနေရာလည်း သန့်ရှင်းပါစေ။
၃။ မိမိနှင့် သင့်လျော်သော အချိန်ကို ရွေးပါ။
၎။ နေရာစနစ်တကျယူပြီးမှ ပုတီးစိပ်အလုပ်ခွင် စပါ။
၅။ သရဏဂုံ သီလ ခံယူ ဆောက်တည်ပါ။
၆။ မေတ္တာပို့ပါ။
၇။ မေတ္တာပို့ပြီးနောက် ဘုရားပင့်ပါ။
၈။ ဘုရားကို မိမိခန္ဓာကိုယ်ကို လှူဒါန်းလိုက်ပါ။
၉။ ပုတီးစိပ်ရန် ကမ္မဋ္ဌာန်း တောင်းပါ။
၁၀။တတ်နိုင်သလောက် အဓိဋ္ဌာန်ပြုပါ။
..............................................................................................................
ပုတီးစိပ်စဉ် ကျင့်ဝတ်(၅)ပါး
၁။ ကိုယ်ကိုမတ်၍ တင်ပလ္လင်ခွေ သို့မဟုတ် ပုဆစ်ဒူးတုပ်ထိုင်ပါ။
၂။ ပုတီးကို လက်နှစ်ဖက်ဖြင့် ကိုင်စိပ်ပါ။
၃။ ယုံယုံကြည်ကြည် စိပ်ပါ၊ မိမိအနှစ်သက်ဆုံး အရာတစ်ခုခုကို စိပ်ပါ၊
သမာဓိရရန် ကြိုးစားပါ။
၎။ ပုတီးစိပ်နေဆဲကာလမှာ အကျိုးတရားကို မျှော်လင့်သည့် လိုချင်စိတ်လုံးဝမထားရပါ။
၅။ မဆိုင်သည့် စိတ်ကူးတွေ ၀င်လာလျှင် အမြန်ဖယ်ရှားပစ်ပါ။
...............................................................................................................
ပုတီးစိပ်ပြီး ကျင့်ဝတ်(၂)ပါး
၁။ မိမိစိပ်ခဲ့သည့် လုပ်ငန်းကို ပြန်လည်ဆင်ခြင် သုံးသပ်ပါ။
၂။ နိဗ္ဗာန်ကို ဆုတောင်းပါ။
Monday, November 01, 2010
တောသားလေး , Posted in ဓမ္မအတွေးစာစုလေးများ , 1 Comment
The Story of Samanera Samkicca
While residing at the Jetavana monastery, the Buddha uttered Verse (110) of this book, with reference to Samanera Samkicca.
On one occasion, thirty bhikkhus each took a subject of meditation from the Buddha and left for a large village one hundred and twenty yojanas away from Savatthi. At that time, five hundred robbers were staying in a thick jungle, and they wanted to make an offering of human flesh and blood to the guardian spirits of the forest. So they came to the village monastery and demanded that one of the bhikkhus be given up to them for sacrifice to the guardian spirits. From the eldest to the youngest, each one of the bhikkhus volunteered to go. Among the bhikkhus, there was also a young samanera by the name of Samkicca, who was sent along with them by Thera Sariputta. This samanera was only seven years old, but had already attained arahatship. Samkicca said that Thera Sariputta, his teacher, knowing this danger in advance, had purposely sent him to accompany the bhikkhus, and that he should be the one to go with the robbers. The bhikkhus felt very bad for having let the young samanera go. The robbers made preparations for the sacrifice ; when everything was ready, their leader came to the samanera, who was then seated, with his mind fixed on jhana concentration. The leader of the robbers lifted his sword and struck hard at the young samanera, but the blade of the sword curled up without cutting the flesh. He straightened up the blade and struck again ; this time, it bent upwards right up to the hilt without harming the samanera. Seeing this strange happening, the leader of the robbers dropped his sword, knelt at the feet of samanera and asked his pardon. All the five hundred robbers were amazed and terror-stricken; they repented and asked permission from Samkicca to become bhikkhus. He complied with their request.
The young samanera accompanied by five hundred new bhikkhus returned to the village monastery and the thirty bhikkhus felt very much relieved and happy on seeing him. Then Samkicca and the five hundred bhikkhus continued on their way to pay respect to Thera Sariputta, his teacher, at the Jetavana monastery. After seeing Thera Sariputta they went to pay homage to the Buddha. When told what had happened, the Buddha said, “ Bhikkhusm, if you rob or steal and commit all sorts of evil deeds, your life would be useless, even if you were to live a hundred years. Living a virtuous life even for a single day is much better than a hundred years of a life of depravity.”
Then the Buddha spoke in verse as follows:
Verse 110. Better than a hundred years in the life of an immoral person who has no control over his senses, is a day in the life of a virtuous person who cultivates Tranquility and Insight Development Practice.
At the end of the discourse, the five hundred bhikkhus attained arahatship.
Read more...လောကတွင် ဘုရားရှင်တော် ပွင့်ထွန်းတော်မူခဲ့ခြင်း၏ အဓိကရည်ရွယ်ချက်မှာ သတ္တ၀ါများကို သံသရာဆင်းရဲမှ လွတ်မြောက်စေရေးပင် ဖြစ်ပါသည်။ သို့အတွက်ကြောင့်ပင် လောကလူသားများ အတွက် မနေမနား ဟောပြောပြသခြင်းဖြင့် လေးဆယ့်ငါးဝါကာလကို ကုန်လွန်စေခဲ့ပါသည်။ လောကရှိ လူသားတို့၏ ကြီးပွါးကြောင်း၊ လောကရှိ လူသားတို့ ချမ်းသာပါစေကြောင်းနှင့် လောကလူသားတို့ အပေါ်တွင် သနားကြင်နာတော်မူခဲ့ပါသည်။ ကြီးပွါးသူတိုင်း ကိုယ်စိတ်ချမ်းသာမှု မရကြ သကဲ့သို့ပင်၊ ကိုယ်စိတ်ချမ်းသာသူတိုင်းလည်း ကြီးပွါးကြသည်ချည်း မဟုတ်ပါ။ လောကီ ကြီးပွါးချမ်းသာနှင့် ကိုယ်စိတ်ချမ်းသာမှုကို ရကြပါသော်လည်း သံသရာမှ ထွက်မြောက်ရာ နိဗ္ဗာန်ကို မရကြသူကလည်း များလှလေသည်။ လောကလူသားတို့ ကြီးပွါးဖို့အတွက် မြတ်စွာဘုရားရှင်သည် ပညာအပေါ် အမှီပြုလျှက် တရားတော်များကို ဟောကြားရပြီး ကိုယ်စိတ်ချမ်းသာမှုအတွက်ကိုမူ ပေးကမ်းစွန့်ကြဲမှု၏ ကောင်းကျိုးတရားများကို ညွှန်ပြလျှက် ဆုံးမရပါသည်။ ကြီးပွါးချမ်းသာနှင့် ကိုယ်စိတ်ချမ်းသာမှုကို ရကြပါသော်လည်း သတ္တ၀ါများအနေဖြင့် အရိယာမဖြစ်သေးသမျှ ကာလပတ်လုံး သံသရာတစ်ခွင်ဝယ် မြုပ်မျောကြီး ဖြစ်နေကြပါမည်။ ထိုကဲ့သို့ မနစ်မြော စေရန်အတွက် မြတ်စွာဘုရားရှင်သည် သားတော်ရာဟုလာနှင့် ပမာမခြား ရင်ဝယ်သားကဲ့သို့ သတ္တ၀ါများကို သနားတော်မူပြီး မေတ္တာရှေးရှုကာ ဆောင်ရွက်တော်မူခဲ့ပါသည်။
လူအများ ချမ်းသာစေရန် မြတ်စွာဘုရားရှင် ပွင့်တော်မူသည်ဟု ဆိုသော်လည်း လူတိုင်းအတွက် တော့မဖြစ်ပါ။ သံသရာ တစ်ဖက်ကမ်းသို့ ကူးသွားနိုင်ခဲ့သူ နည်းနည်းသာ ရှိခဲ့သည်ဟု ဓမ္မပဒတွင် ဘုရားရှင်ကိုယ်တ်ာတိုင် မိန့်တော်မူပါသည်၊ နခသိခသုတ်တွင်မူ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သူသည် လက်သည်းပေါ်တွင် တင်ထားသည့် မြေမှုံ၏ အရေအတွက်မျှသာရှိပြီး မပြုနိုင်သူများမှာ ကြွင်းကျန်သော မြေကြီးထု၏ ပမာဏရှိသည်ဟု မိန့်တော်မူသည်ကို ထောက်ဆလျှင် သိသာလှပါသည်။ မကျွတ်ထိုက်သူသည် မြတ်စွာဘုရားရှင်ကို ဖူးမြင်ရသည်ဖြစ်ပါစေ တရားထူးကို မရနိုင်ပါ။ မြတ်စွာဘုရားရှင်ကို သက်တော်တော်ထင်ထင်ဖူးမြင်ရလျှင် ကျွတ်တမ်းဝင်မည်ဟု တစ်ချို့က ယူဆ နေကြပါသည်။ မြတ်စွာဘုရားရှင်ကို ဖူးမြင်ရသည်ပင် ဖြစ်စေဦး ကျွတ်တမ်းဝင်နိုင်လောက်သည့် ပါရမီဓာတ်ခံ မပြည့်စုံပါလျှင် နိဗ္ဗာန်ကို မရနိုင်ပါ။ ဘုရားကိုဖူးမြင်ခဲ့ရပြီး အသိထူး ဥာဏ်ထူး မရခဲ့ကြသူများလည်း မနည်းလှပါပေ။ ဘုရားရှင်ကို မဖူးရသေးဘဲ အရိယာဖြစ်သူ တစ်ချို့လည်း ရှိခဲ့ဖူးပါသည်။ လိုရင်းမှာ မြတ်စွာဘုရား ဟောကြားတော်မူသော တရားလမ်းစဉ်အတိုင်း ကျင့်သုံးမိဖို့ အရေးကြီးပါသည်။ သက်တော်ထင်ရှား ဘုရားကို ဖူးမြင်ရခြင်းနှင့် စေတီတော်ကို ဖူးမြင်ရခြင်း နှစ်မျိုးတွင် ကြည်ညိုသည့် စိတ်ထားအတူတူထားပြီး ကျင့်သုံးတတ်ပါက ကုသိုလ်စိတ်ဖြစ်ခြင်းမှာ အတူတူပင် ဖြစ်ပါသည်။ ကုသိုလ်စိတ်ကသာ ကောင်းသော ဘုံဘ၀သို့ ပို့ဆောင်ပေးပါသည်။ စေတီနှင့် ဘုရားရှင်က နိဗ္ဗာန်သို့ ပို့ပေးသည် မဟုတ်ပါ။ ဘုရားရှင်ကသာ ကောင်းသောဘုံသို့ ပို့ဆောင်ပေးတတ်သည် ဆိုပါက ကံနှင့် ကံ၏ အကျိုးတရားကို ပယ်မြစ်သလိုပင် ဖြစ်သွားပါမည်။ ဘုရားလက်ထက်က ဘုရားကို ဖူးမြင်ရပြီး ကြည်ညိုစိတ် မထားကြသူတွေ အများပင် ရှိခဲ့ကြပါသည်။
တရားကိုမြင်က ဘုရားဖူးပြီးသား ဖြစ်သည်
ပညာဦးစီးပြီး မဟာကရုဏာတော်ဖြင့် အများသူငါတို့အား သနားတော်မူသော မြတ်စွာဘုရား ရှင်သည် မေတ္တာစိတ်ဖြင့် လူ၊ နတ်အများတို့၏ အကျိုးကို သည်ပိုးဆောင်ရွက်တော်မူသည့်အခါ ကျင့်စဉ်ကို ညွှန်ပြပြီးလျှင် တရားကို လက်တွေ့ကျင့်ကြံရန် တိုက်တွန်းတော်မူပါသည်၊ တရားကို မြင်ပါမှ ဘုရားကို မြင်ပါသည်ဟု ဟောတော်မူပါသည်။ တရားကို မြင်ရန်မှာလည်း အခြေခံဖြစ်သော သီလကို လုံခြုံစေရပါသည်။ သီလပြည့်စုံမှ စိတ်တွင်ကြံစည်သမျှ ခရီးပေါက် ပြီးမြောက်ပါသည်။ သီလကို ဖြည့်သောအခါတွင် သမာဓိနှင့် ပညာပါ တစ်ဆက်တည်း ပါဝင်လာပါသည်၊ သီးခြားစီ ဖြည့်ကျင့် နေရသည် မဟုတ်ပါ၊ သီလပါရမီနှင့် ပညာပါရမီကို အဘယ့်ကြောင့် နှစ်ခုကွဲပြား နေရပါသနည်းဟု မေးဖွယ်ရှိနေပါသည်။ အမှန်မှာ သီလပါရမီကို ဖြည့်ကျင့်သော အခါတွင်လည်း ပညာပါသကဲ့သို့ပင်၊ ပညာပါရမီကို ဖြည့်ကျင့်ရာတွင်လည်း သီလပါရမီ ပါဝင်ရပါသည်။ သီလနှင့် ပညာ အပြန်အလှန် ဆေးကြောကြသည်ဟု ဆိုပါသည်။
ပညာဦးစီးပြီး အများအကျိုးကို ဆောင်ရွက်ချင်သူသည် သီလကို လုံခြုံသူဖြစ်ရပါမည်။ သီလ၏ အမြင့်ဆုံး စံနုန်းမှာ မှတ်သားစရာ ကောင်းပါသည်။ လက်ခြေအင်္ဂါနှင့် အသက် ဆုံးရှုံးစရာကြုံလာပါက လက်ခြေကို ဆုံးရှုံးခံရပါမည်၊ ထိုနည်းတူ အသက်နှင့် သီလကို လုံခြုံအောင်ထိန်းသိမ်းရမည်ဆို
သတိနှင့် ပတ်သက်ပြီး ကောင်းကျိုးရနိုင်ပုံကို နာမည် အမျိုးမျိုးပေးပြီး ဟောကြားထားပါသည်။ သတိကို သုတ္တန်ဒေသနာတော်များတွင် အပ္ပမာဒဟူသော အမည်ဖြင့် ဟောကြားတော်မူပြီး မြတ်ဗုဒ္ဓ၏ အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ ဟူသော စကားတော်သည် နောက်ဆုံး ဟောသော တရားတော်အဖြစ် ထင်ရှားပါသည်။ ထိုတရားကို မြတ်စွာဘုရားသည် ဆွမ်းခံရာမှ ပြန်ကြွလာသောအခါလည်း နေ့စဉ်မပြတ် ဟောကြားတော်မူသည်ဟု ဆိုပါသည်။
ဓမ္မပဒတွင်လည်း အပ္ပမာဒ၀ဂ်ဟူသော အမည်တစ်ခုပေးပြီး သတိ၏ ကောင်းကျိုးကို ဟောပြ တော်မူပါသည်။
အပ္ပမာဒ၀ဂ်တွင် သတိကို ၀တ္ထုအမျိုးမျိုးဖြင့် အဋ္ဌကထာဆရာက သရုပ်ဖေါ် ပေးထားပါသည်။ အပ္ပမာဒသည် နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သလို မသေဆေးလည်း ဖြစ်ပါသည်။
အပ္ပမာဒသည် အခြံအရံနှင့် အကျော်စော တိုးတက်ရေးအတွက် ဖြစ်သည်ဟုလည်းကောင်း၊ အပ္ပမာဒသည် သြဃလေးဖြာကို ကျော်ဖြတ်ပြီး အရတ္တဖိုလ်သို့ ရောက်ကြောင်းဖြစ်သည်။ ထို့ပြင် အပ္ပမာဒသည် ကျယ်ပြန့်သော ချမ်းသာကို ဖြစ်စေလျှက် သောကအပေါင်းမှလည်း ကင်းဝေးစေသည်။ အပ္ပမာဒသည် လျှင်မြန် သွက်လက်သည်၊ သံယောဇဉ်ကို ဖြတ်နိုင်သည်ဟုလည်းကောင်း ဟောထားပါသည်။
အပ္ပမာဒကို နိဗ္ဗာန်နှင့် နီးစွာရှိသဖြင့် ပညာရှင်များကလည်း ချီးမွမ်းကြပြီး ကျင့်သုံးအပ်သည့် တရားဖြစ်သည်ဟု ဟောတော်မူပါသည်။
သတိတရားနှင့် ကောသလဘုရင်
မြတ်ဗုဒ္ဓသည် ကောသလဘုရင်အား သတိနှင့် ပတ်သက်ပြီး ကောင်းကျိုးကို ဟောကြား တော်မူထားပါသည်။ တစ်နေ့တွင် ကောသလဘုရင်သည် မြတ်စွာဘုရားရှင်ထံသို့ ရောက်လာခဲ့ပြီး သူသည် ယခုအခါ ကျန်းကျန်းမာမာ ဖြင့်နေရပါကြောင်း လျောက်ထားခဲ့ပါသည်။ လျောက်ထားသည့် အကြောင်းအရာများသည် စုံလင်လှပါသည်။ သားသမင်နှင့် မြင်းများကို အပြေးလိုက်ပြီး ဖမ်းနိုင်ပြီကြောင်း၊ တူတော်မောင် အဇာတသတ်မင်းနှင့် စစ်ခင်းနေခြင်းကိုလည်း စေ့စပ်ဆွေးနွေးခြင်းဖြင့် အဖြေရှာနိုင် ခဲ့သဖြင့် ၀မ်းသာရပါကြောင်း လျောက်ထားသည့်အပြင် ပျောက်ဆုံးသွားခဲ့သည့် နန်းတွင်း ပတ္တမြားရတနာကို ပြန်လည် တွေ့ရှိခဲ့ခြင်း၊ ဘုရားရှင်နှင့် ဆွေမျိုးတော်စပ်အောင် ပြုလုပ်နိုင်ခဲ့ခြင်းစသည့် လောကီရေးရာ ၀မ်းသာစရာ များကိုလည်း ဗုဒ္ဓထံ လျောက်ထားခဲ့ပါသည်။ အဓိက လျောက်ထားရခြင်း အကြောင်းမှာ ဘုရင်သည် အစားအသောက်နှင့် ပတ်သက်ပြီး မဆင်မခြင် သုံးဆောင်လေ့ရှိပြီး စားသောက်သည့် ပမာဏမှာလည်း အလွန်များပြားသဖြင့် အသားတွေသာ တိုးပွါးလာခဲ့ပြီး မည်သည့်အရာကိုမှ ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင် ဖြစ်ခဲ့ရပြီး ဥာဏ်တုံးသူ ဖြစ်ခဲ့ရပါသည်။ ထိုအကြောင်းကို သိထားသော ဘုရားရှင်က ဘုရင်၏ အနီးအပါးတွင် ပြုစုလုပ်ကျွေးသော ရှင်ဘုရင်၏ တူတော်စပ်သူ သုဒသနအမည်ရှိ လုလင်အား နည်းကောင်းတစ်ခုကို သင်ယူစေခဲ့ပြီး ရှင်ဘုရင် ပွဲတော်တည်ကာနီးတွင် ဂါထာတစ်ပုဒ်ကို ရွတ်ဖတ်စေခဲ့ပါသည်။
ရွတ်ဖတ်ခအတွက် ငွေတစ်ထောင်ကို ဘုရင်ကြီးက တူတော်မောင်ကို ချီးမြောက်ပေးခဲ့ပါသည်။ ရွတ်ဖတ်သံကို အမြဲမပြတ် ကြားရသော ရှင်ဘုရင်သည် သတိတွေ တိုးပွါးလာခဲ့ပြီး အစားအသောက်တွင် ထိန်းချုပ်နိုင်သည့် အဆင့်တစ်ခုသို့ ရောက်လာခဲ့ပါသည်။ ထိုအဆင့်သို့ ရောက်လာခဲ့သဖြင့် ဘုရင်သည် ကျန်းမာရေးကောင်းမွန်ပြီးလျှင် ပေါ့ပေါ့ပါးပါး ဖြစ်လာခဲ့ပါသည်။ သို့ဖြစ်၍ မြတ်စွာဘုရားရှင်ထံသို့ ၀မ်းမြာက်စကားကို လျောက်ထားရန်အတွက် ရောက်လာခဲ့ခြင်း ဖြစ်ပါသည်။
မြတ်စွာဘုရားရှင်က ရှင်ဘုရင်အား အမြဲသတိရှိနေသူအတွက် အစားအသောက် မှားမည်ကိုလည်း စိုးရိမ်ဖွယ်မလိုဘဲ သတိနှင့် ယှဉ်စားသောက်နေ မည်ပင် ဖြစ်ကြောင်း ဟောတော်မူလျှက် ဝေဒနာလည်းကင်း၊ အိုမင်းရင့်ရော်ခြင်းမှလည်း ဝေးလိုလျှင် သတိကို အမြဲရှိနေပါဟု ဆုံးမတော်မူပါသည်။
သတိတရားနှင့် ရဟန်းတော်များ
သတိသည် အလွန်အသုံးဝင်ပြီး သတိနှင့် နေသောသူကို မြင့်မြတ်စွာနေသူဟု အပြောဆိုခံရပါသည်။ သတိသည် သွား၊ ရပ်၊ ထိုင်၊ လျောင်း လေးပါးသော ဋ္ဌာနတို့တွင် လိုအပ်ပါသည်။ ထို့ကြောင့် မေတ္တာပွါးများသော သူအား သတိ ရှိနေရမည်ဖြစ်ကြောင်း မေတ္တသုတ်တွင် မြတ်ဗုဒ္ဓက ဟောကြားတော် မူထားပါသည်။
သက်ရှည်ကျန်းမာခြင်းသည် လိုအပ်သော အရာဖြစ်ပါသော်လည်း သတိနှင့် ဥာဏ်မပါသော အသက်ရှည်မှုသည် တန်ဖိုးမရှိ အချီးနှီးသာ ဖြစ်ပါသည်။ မြတ်စွာဘုရားရှင်က ကျန်းမာရေးကို အလေးပေး၍ တစ်နှစ်လျှင် နှစ်ကြိမ်တိုင်တိုင် ဘုရားရှင်အား ဖူးမျှော်လေ့ ရှိကြသော ရဟန်းတော်တို့အား ” ရဟန်းတို့ ကျန်းမာကြပါရဲ့လား၊ တစ်ဦးနှင့် တစ်ဦး သင့်သင့်မြတ်မြတ် ဖြစ်ကြ ပါရဲ့လား၊ ဘုဉ်းပေးသုံးဆောင် ကြသည့်အခါတွင်လည်း ဆွမ်းကွမ်းကိစ္စ အဆင်ပြေကြ ပါရဲ့လား ” ဟု မေးလေ့ရှိပါသည်။ နှစ်ကြိမ် ဘုရားဖူးသည်ဆိုရာဝယ် ၀ါကပ် ၀ါဆိုခါနီး တစ်ကြိမ်၊ သီတင်းဝါလ ကျွတ်သောအခါ တစ်ကြိမ်ကို ဆိုလိုပါသည်။ ပထမအကြိမ် ဘုရားဖူးကြခြင်း အကြောင်းမှာ တရားအားထုတ်လိုသဖြင့် တရားနည်းကို ဘုရားရှင်ထံမှ တောင်းယူကြပါသည်။ ၀ါကျွတ်သော အခါတွင်မူ ရက်ကိုးဆယ် ကြိုးစားအားထုတ် သဖြင့်ရလာသော တရားထူးများကို ၀မ်းသာစွာ လျောက်ထားလို၍ ဖြစ်ပါသည်။
ဤနေရာတွင် ကျန်းမာရေး၊ တစ်ဦးနှင့် တစ်ဦး အဆင်ပြေစွာနေထိုင်ရေး၊ ဆွမ်းဘုဉ်း ပေးသုံး ဆောင်သည့် အရာဋ္ဌာနတို့တွင် သတိ နှင့် ပညာအရေးကြီး ကြောင်းကို သိနားလည်စေရန်အတွက် မြတ်စွာဘုရားရှင်က ၀ိနည်း ဒေသနာတော်တွင် ဟောကြားတော် မူပြီးဖြစ်ပါသည်။ သို့အတွက်ကြောင့် သတိကို ကျန်းမာစေကြောင်း ဆေးကောင်း တစ်လက်၊ မအိုစေကြောင်း နည်းကောင်းတစ်ခု ဟုမှတ်ယူသင့်ပါသည်။
ဆောင်းပါးမှတ်စု
၁။ ဓမ္မပဒအဋ္ဌကထာ၊ အပ္ပမာဒ၀ဂ်
၂။ သုတ္တနိပါတပါဠိတော်
၃။ ဒီဃနိကာယ၊ မဟာဝဂ္ဂပါဠိ၊ မဟာသတိပဋ္ဌာနသုတ်
၎။ သာရတ္ထဒီပနီဋီကာ
၅။ ကောသလသံယုတ္တ
ဆောင်းပါးရေးသူ၏အာဘော်
သတိ၏ အရေးပါပုံကို သိရှိပြီး ကောင်းကျိုးအမျိုးကို ရရှိစေရန် ရည်သန်ပါသည်။
ဆရာတော် ဒေါက်တာအရှင်နန္ဒက
ဓမ္မဒူတကျောင်း၊ ဘူဖျောင်းရပ်ကွက်
Tuesday, 26 October 2010 16:36 |
Written by Administrator | PDF | | Print | | E-mail
စာရေးသူ = အရှင်ဝိစိတ္တ (မနာပဒါယီ) ။ အချိန် 12:17 PM
စုစည်းထားမှု = ဓမ္မရသစာစုများ
Read more...Notes and quotes on the talk
‘The End of the World’
at the Pharmaceutical Association of Thailand, Dhamma Talk series 2010
After reading and hearing a little about the mystical side of religion – from Christianity, Hinduism, Sufism, Buddhism or others – one gets an inkling that there is a fundamentally different experience to the normal way of life.
What’s Real
A Buddhist model that explains it, and there are countless other models that can be used, is the six sense model. The idea is that the yogi starts the path with what can actually be known. And that is very little compared to the ‘world’. All you can know is the 6 data streams that are your senses. Five common senses, and also thought – which is considered to ba a sense because it can be ‘experienced’. If you could not sense it, you’d have no idea what you are thinking, hence it is counted as a sense, even though it is of a different kind to the other senses.
Doing meditation one finds that the attention jumps between the senses incessantly. You think you cannot do meditation because the mind is so unruly. Actually this is already the first insight – seeing the mind from the ‘non-self’ aspect i.e. that the mind does not do as you wish.
The attention gets absorbed in one of the senses, in some activity and you lose the presence of mindfulness. The mind comes back, and you ‘recollect’ yourself. Making a distinction between the times of recollection/mindfulness/awareness and the times when the attention is lost makes these two modes clearer. While you are recollected, you see whatever state the mind is in. It takes a long time for yogis to really trust that the ‘knowing’ of mindfulness, the quality of attention, is what is important rather than the particular state of mind.
Therefore, in Buddhism, the ‘World’ is equated to the ‘Six Senses’.
This would not make sense to a non-meditator … The world seems vast and complicated. How can it be reduced to just the arising and ceasing of the senses in the present moment? Yet this is actually what you can know.
Creating the World
Human beings give ‘permanence’ to objects and ideas in the world.
If you hurt your toe, you feel pain for a few hours; in the worldly view. But in the six sense view, you see your mind picking up on the pain, reacting, and then passing on to some other distraction. Every so often the mind returns to the pain, and considers it to have been there all along. It gives permanence to the pain, even though the actual experience is of it intermittent.
You relate to the pain in the toe as if it were there the whole time, but really it only ‘hurts’ when you put conscious attention on it.
This is ‘object permanence’ - a term in psychology. We create a whole world of objects. Wife/husband, house, job, self, identity, car, hobbies …. your whole world is made of objects that you necessarily relate to as ‘real’ and ‘permanent’. In fact, though you don’t think about them in this way, even roads, telephones, time – everything in society, you relate to as being there, being real. Your constructs are the filters of how you relate to the world and your expectations of it.
All this is sensible and necessary. No one could function on a level higher than a simple animal, if we did not create a world in this manner. It is a good thing.
However, the yogi view, watching things arise and cease, paying attention to the impermanent aspect, starts to deconstruct the ‘world’.
The world, the world – how far does this saying go?
What is transitory by nature is called the world in the Ariyan sense. And what is transitory by nature?
The eye, forms, eye consciousness … the ear, sounds, hearing consciousness … [nose, tongue, body] The mind, mind states, mind consciousness are transitory by nature.
Pleasant unpleasant or indifferent feeling which arise from sense contact – that also is transitory by nature.
Samyutta Nikaya, 2nd 50 (Ch IV) ‘Transitory’
The ‘Real World’
This view of the world does not mean that it does not exist. We might say the world is ‘delusion’ but it is not ‘illusion’. Floods famine, disease, as well as the beautiful aspects of the objective world are all real, and not to be ignored, or dismissed as somehow a grand illusion. Yet subjectively, it is our own delusion.
He who has seen the arising of the world, cannot say it is not real.
He who has seen the ceasing of the world, cannot say that it is real.
This delusion is generated and led by your thinking – or in modern terms, your constructs.
What is it by which the world is led? What is that whereby it plagues itself?
And what is that above all other things, that brings everything beneath its sway?
It is by thoughts the world is led, by its thoughts it ever plagues itself.
And thought it is above all other things, that brings everything beneath its sway.
The World S. I p57 (pts trans)
Cessation of the World
So the ‘World’ is reduced to the six senses - which is all you can experience and know directly. Holding the mind steady in mindfulness you do not let it get lost in a sense .. that is you can feel the mind go out and get lost in some sound, thought or feeling. Maintaining mindfulnss, the mind recollects itself (ekabhava) bit by bit. You experience spots and glimpses when the mind brightens and comes home. At those points it is self luminous, and not caught up with any object of mind. It is not thunderbolts and lightning, but the experience grows.
All the mystic traditions have to pass through this point. Anything else is another idea to hold onto, another mantra, tantra or other object in which to absorb the mind. There is no enlightenment without reaching the end of the world.
Rohitassa was a yogi who had attained the ability to [astral] travel at will, or at least so he claimed.
he was told:
Not to be reached by travelling is the world’s end
Yet there is no release for man from suffering
unless he reaches the world’s end. Then let a man
become a world knower, wise, a world-ender
Let him be one who lives the holy life
knowing the end of the world through being calmed
Then he does not long for this world or any other
Note:
The reason for this topic is the common ‘new age’ idea that you create your own world, that reality depends on your thinking. The corollary of this is you should fix your thinking to attract to you what you want.
While the ‘create your own world’ is not incongruous with Buddhism, it is still Samsara, the world of birth, death and delusion. The whole delusory world of your constructs comes tumbling down if it is cut at the right place.
The Zen commentary about the vines covering the mansions …. it is somewhat cryptic, but here goes:
Blind old futzer, down in a dark cave thick with a maze of vines and creepers. He comes back and sits stark naked in the weeds. Pity about poor Master Fu. He’s going to lose his lovely mansions. And don’t say these words are cold and indifferent, that they have no taste. One bellyful eliminates hunger till the end of time.
That is from Hakuin’s commentary on the Heart Sutra.
© Blogger templates The Professional Template by Ourblogtemplates.com 2008
Back to TOP