* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, November 2, 2009

ကျားနှုတ်ခမ်းမွှေး


ရေးသားသူ ထူးပ တနင်္လာနေ့၊ နိုဝင်ဘာလ ၂၊ ၂၀၀၉
တစ်ခါတုန်းက ယွန်နုတ်လို့ခေါ်တဲ့ အမျိုးသမီးငယ် တစ်ယောက်ရှိတယ်။ တစ်နေ့မှာ သူဟာ တောင်ပေါ်မှာ တစ်ကိုယ်တည်း တရားအားထုတ်ပြီး နေထိုင်တဲ့ ပညာရှိ အဘိုးအိုဆိုကို အကူအညီတောင်းဖို့ တက်သွားတယ်။ အဘိုးအိုက ဉာဏ်အမြော်အမြင် ကြီးမားသူအဖြစ် ကျော်ကြားတယ်။ အဆောင်လက်ဖွဲ့ကောင်းတွေ အစွမ်းထက်တဲ့ ဆေးဝါးအမျိုးမျိုးတွေ စီရင်ပေးနိုင်သူအဖြစ်လည်း အားလုံးက လေးစားအားထားကြတယ်။

တောင်ပေါ်မှာရှိတဲ့ အဘိုးအိုရဲ့ အိမ်ကလေးထဲ ယွန်းနုတ် ၀င်သွားတော့ အဘိုးအိုကို မီးဖိုရှေ့မှာ ထိုင်နေတာ တွေ့ရတယ်။ သူ့ကိုလှည့်မကြည့်ဘဲ အဘိုးအိုက မေးတယ်။

“ဘာလို့လာတာလဲ့” တဲ့။

“ပညာရှိ ဘိုးဘိုးရယ်၊ ကျွန်မ ဒုက္ခရောက်နေလို့ပါ။ ကျွန်မအတွက် ဆေးတစ်ခွက်စီရင်ပေးဖို့ လာပြီးတောင်းပန်တာပါ၊” ယွန်နုတ်က ပြောတော့……

“လာပြန်ပြီလား ဆေးတစ်ခွက်၊ ဟိုလူလာလဲ ဒါပဲ၊ ဒီလူလာလဲ ဒါပဲ၊ တစ်လောကလုံးရဲ့ ရောဂါတွေ ကုဖို့ ငါဘယ်လိုလုပ် ဆေးဖော်ပေးနိုင်မလဲ၊”

အဘိုးအိုက ဆိုတော့ ယွန်နုတ်က ပျာပျာသလဲနဲ့

“ဆရာကြီးရယ် .. ဆရာကြီးသာမကယ်ရင်တော့ ကျွန်မ ဒုက္ခလှလှကြီးရောက်ပါပြီ” လို့ပြောရှာတယ်။

“ကောင်ပြီ၊ မင်းဘာဖြစ်သလဲပြော၊” အဘိုးအိုက အလျှော့ပေးလိုက်တယ်။

“ကျွန်မရဲ့ခင်ပွန်းအတွက်ပါ ဘိုးဘိုး၊” ယွန်နုတ်ကပြောပြတယ်။

ကျွန်မအလွန်ချစ်ရတဲ့ ယောက်ျားပါ၊ သူက လွန်ခဲ့တဲ့ သုံးနှစ်လုံးလုံး စစ်ထဲလိုက်သွားရပါတယ်၊ အခု ပြန်ရောက်လာတဲ့အခါ သူ ကျွန်မကို စကားကောင်းကောင်းမပြောဘူး၊ ဘယ်သူ့ကိုမှလဲ မပြောဘူး၊ ကျွန်မပြောရင်လဲ မကြားသလိုပဲ၊ တစ်ခါတစ်လေ သူစကားပြောပြန်တော့လဲ ချိုချိုသာသာ မဟုတ်ဘူး၊

ထမင်းကျွေးလို့ သူမကြိုက်တဲ့ ဟင်းပါရင် ထမင်းပွဲကို တွန်းပစ်ခဲ့ပြီး အခန်းထဲက ဒေါသတကြီး ထွက်သွားတယ်၊ တစ်ခါတစ်လေ လယ်ထဲ အလုပ်လုပ်ရမယ့်အချိန်မှာလဲ မလုပ်ဘဲ ဟိုး…. တောင်ထိပ်ပေါ်တက်ပြီး ပင်လယ်ဘက်ကို သွားငေးကြည့်နေတယ်။

“ဟုတ်တယ်၊ စစ်ပွဲက ပြန်လာတဲ့ လူငယ်တွေ တစ်ခါတစ်လေ ဒီလိုဖြစ်တတ်တာပဲ၊” အဘိုးအိုက ဆိုတယ်။

ကဲ.. ဆက်ပြောစမ်းပါဦး… နောက် ဘာဖြစ်သေးလဲ၊

ဖြစ်တာကတော့ ဒါပါပဲ ပညာရှိ ဘိုးဘိုးရယ်၊ အဲဒါ ကျွန်မခင်ပွန်းကိုသာ နဂိုကလို ပြန်ပြီး ချစ်ချစ်ခင်ခင် ရှိလာအောင် ကုစားပေးနိုင်မယ့် ဆေးတစ်ခွက် ဖော်စပ်ပေး စေချင်တာပါပဲ၊

အင်း….. လွယ်ပါတယ်ကွာ၊ ဆေးတစ်ခွက်ရမယ်၊ ကောင်းပြီ၊ နောက်သုံးရက်ကြာရင် လာခဲ့ကွာ၊ အဲဒီခါကျတော့ ဆေးဖော်ဖို့ ဘာတွေလိုမလဲဆိုတာ ငါပြောမယ်။

သုံးရက်မြောက်တဲ့နေ့မှာ တောင်ပေါ်အဘိုးအိုရဲ့ အိမ်ကလေးကို ယွန်နုတ် ရောက်လာပြန်တယ်။

ငါ စဉ်းစားပြီးပြီကွ၊ အဘိုးအိုက ပြောတယ်။

မင်းဆေးက ဖော်လို့ရပါတယ်။ ဒါပေမဲ့အရေးအကြီးဆုံး ဆေးတစ်မည် လိုနေတယ်။ အဲဒါက ကျားနှုတ်ခမ်းမွှေး တစ်ချောင်းပဲကွ၊ အသက်ရှင်နေဆဲ ကျားဖြစ်ဖို့ လိုတယ်၊ အဲဒါသာ မင်းရလာရင် ငါ ဆေးဖော်ပေးလို့ ရပြီ။

ဟင်…… ကျားအရှင်ဆီက နှုတ်ခမ်းမွှေး ဟုတ်လား?

အဲဒါ ကျွန်မ ဘယ်လိုလုပ် ရနိုင်ပါ့မလဲ၊ ယွန်နုတ် စိတ်ပျက် လက်ပျက် ပြောလိုက်တဲ့အခါ

“ဆေးက သိပ်အရေးကြီးတယ် ဆိုရင်တော့ ရအောင်ရှာပေါ့ကွာ” တဲ့ အဘိုးအိုက ပြောပြီး တစ်ဖက်လှည့်သွားတယ်။

ယွန်နုတ်လည်း အိမ်ပြန်လာခဲ့ရတယ်။

အဲဒီနောက်မှာ ကျားနှုတ်ခမ်းမွှေး ဘယ်လို ရနိုင်မလဲ ဆိုတာကိုပဲ ယွန်နုတ် စဉ်းစားနေတယ်။

တစ်ညမှာတော့ သူ့ယောက်ျား အိပ်နေတုန်း ယွန်နုတ် အပြင်ထွက်တယ်။ သူ့လက်ထဲမှာ ပန်းကန်တစ်လုံးနဲ့ ထမင်းရယ် ဟင်းရယ် ထည့်လာတယ်။ ကျားရှိတယ်ဆိုတဲ့ တောဆီ သူသွားတာကိုး။

ကျားလိုဏ်ဂူနားရောက်တော့ ခပ်ဝေးဝေးက ရပ်ပြီး ကျားကို ထမင်းဟင်းတွေ လာစားဖို့ ခေါ်တယ်။ ကျားက ထွက်မလာဘူး။

နောက်တစ်ည သူ သွားပြန်တယ်။ ဒီတစ်ခါ နည်းနည်း ရှေ့တိုးတယ်။ မနေ့ကလိုပဲ စားစရာ ပန်းကန်ပြပြီး ခေါ်ပြန်တယ်။

ဒီလိုပဲ တစ်ညပြီး တစ်ည ဆက်သွားတယ်။ ကျား လိုဏ်ဂူဝနား နီးသထက် နီးလာပြီ။ ကျားကလည်း ညတိုင်း မြင်ရလို့ တစ်စတစ်စ ပိုရင်းနှီးလာပြီ။

တစ်ညမှာတော့ လိုဏ်ဂူဝနဲ့ ခဲတစ်ပစ်လောက်မှာ သူရပ်မိတယ်။

ကျားက ဂူအပြင်ဘက် သုံးလေးလှမ်း လှမ်းလာပြီး ရပ်ကြည့်နေတယ်။ တစ်ယောက်ကို တစ်ယောက် လရောင်မှာ အပြန်အလှန် ကြည့်နေကြတယ်။

နောက်ညလည်း အဲဒီလိုပဲ။

ဒါပေမဲ့ အများကြီး နီးသွာပြီ။ ယွန်နုတ်က ကျားကို နုနုညံ့ညံ့ ကြင်ကြင်နာနာနဲ့ စကားတွေ ပြောတယ်။

နောက်တစ်ညကျတော့ ကျားက ယွန်နုတ်ကို သေသေချာချာ ကြည့်ပြီးတဲ့နောက် ယွန်နုတ် ပန်းကန်ထဲက အစာတွေကို စားတယ်။

နောက်ညမှာတော့ ယွန်နုတ်သွားတဲ့အခါ ကျား သူ့ကိုထွက်ပြီး မျှော်နေတာ တွေ့ရတယ်။ အစာကျွေးပြီးတဲ့နောက် ကျားရဲ့ဦးခေါင်းကို သူ အသာအယာ ပွတ်သပ်ပေးတယ်။

ဒီလိုနဲ့ ခြောက်လနီးပါး ကြာသွားပြီးတဲ့ တစ်ညမှာတော့ ကျားရဲ့ဦးခေါင်းကို ခါတိုင်းလို ပတ်သပ်ရင်း ယွန်နုတ်က…

“သဘောကောင်းတဲ့ ကျားကြီးရေ၊ ငါ့မှာ မင်း နှုတ်ခမ်းမွေး တစ်ချောင်း ရမှ ဖြစ်မှာမို့ နုတ်ပါရစေ၊ ငါ့ကို စိတ်မဆိုးပါနဲ့ကွယ်” လို့ ပြောပြီး နှုတ်ခမ်းမွှေး တစ်ချောင်း ဆတ်ခနဲ နှုတ်ယူလိုက်တယ်။



သူစိတ်ပူသလို ကျားကြီးက စိတ်ဆိုးမသွားဘူး။

ယွန်နုတ် ၀မ်းသာအားရနဲ့ အိမ်ပြန်ပြေးတယ်။ ကျားနှုတ်ခမ်းမွှေးကို တင်းတင်းဆုပ်ပြီး တအားကို ပြေးတာ၊

နောက်နေ့မနက် တောင်ပေါ်က ပညာရှိ ဘိုးဘိုးရဲ့ တဲကို သူရောက်တော့ နေက ဟိုးပင်လယ်ပြင်ထဲက ထွက်ပြုစပဲ ရှိသေးတယ်။

“ဘိုးဘိုးရေ…. ကျွန်မ ရလာပြီ၊ ကျား နှုတ်ခမ်းမွှေး ကျွန်မ ရလာပြီ” လို့ အော်ဟစ်ပြောဆိုရင်း သူဝင်လာတယ်။

“ဟောဒီမှာ၊ ဘိုးဘိုး ပြောထားတဲ့အတိုင်း ကျွန်မယောက်ျား နဂိုကလို ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာဖြစ်လာအောင် လုပ်ပေးနိုင်မယ့် ဆေး ဖော်ပေး ပေတော့၊” တဲ့။



အဘိုးအိုက နှုတ်ခမ်းမွှေးကို ယူပြီး သေသေချာချာ စစ်ဆေးကြည့်ရှုတယ်။ မှန်တယ်။ ဒါ… ကျားနှုတ်ခမ်းမွှေး အစစ်ပဲ လို့ သေချာတော့မှ အဲဒါကို သူ့ရှေ့က မီးဖိုထဲ ပစ်ထည့်လိုက်တယ်။

“ဟင်….. ဘယ်လိုလုပ်လိုက်တာလဲ ဘိုးဘိုး၊” ယွန်နုတ်က အလန့်တကြား မေးတော့….

“မင်း ဘယ်လို ရလာသလဲ ငါ့ကို ပြောပါ၊” တဲ့။ အဘိုအိုက ဆိုတယ်။

ဘယ်မှာ အလွယ်တကူ ရပါ့မလဲ ဘိုးဘိုးရယ်၊

ကျွန်မ ညတိုင်း တောထဲကို ပန်းကန်တစ်လုံးနဲ့အစာတွှေ ထည့်ပြီးသွားတယ်။ ပထမ ကျား လိုဏ်ဂူနဲ့ ခပ်ဝေးဝေး၊ နောက်ပိုင်း မြင်နေကျ ဖြစ်လာတော့ တဖြည်ဖြည်း ခပ်နီးနီး ရောက်အောင် တိုးရတယ်၊ သူ့ကို စကားတွေလဲ နူးနူးညံ့ညံ့ ကြင်ကြင်နာနာ ပြောရတယ်၊ သူကို အနှောင့်အယှက် ပေးဖို့မဟုတ်ဘူး၊ အစာ ကျွေးဖို့လာတာဆိုတာ သူသိအောင်ပေါ့၊ အတော်ကြီးကို စိတ်ရှည်လက်ရှည် လုပ်ရတယ်၊ သူစားမှာ မဟုတ်ဘူးဆိုတာ သိလျက်နဲ့ အစားအစာတွေ ညတိုင်း ထည့်ထည့်သွားရတယ်။

အဲဒီလိုပဲ ဇွဲမလျှော့ဘဲ သွား ချိုချိုသာသာပြော အစာစားဖို့ ခေါ်နဲ့ ရက်ပေါင်းအတော်ကြာလာတော့ တစ်ညမှာ သူ ရှေ့ဘက် နည်းနည်းထွက်လာတယ်၊

နောက်ကျတော့ ကျွန်မကို ထွက်ကြိုတယ်၊ ကျွန်မလက်ထဲက အစာကို စားတယ်၊ သူ့ခေါင်းကို ပွတ်ပေးတော့ ကြောင်ညည်းသလို ညည်းပြီး ငြိမ်ခံတယ်၊ အဲဒီလောက် ရင်းနှီးပြီးတော့မှ သူ့ဆီက နှုတ်ခမ်းမွှေးကို ကျွန်မ နုတ်လို့ ရတာပါ။

“ကောင်းတယ်၊ သိပ်ကောင်းတယ်၊ ကျားကိုယဉ်ပါးအောင် လုပ်ပြီးတော့ သူ့ဆီက မေတ္တာနဲ့ သူ့ရဲ့ ယုံကြည်မှုကို မင်း ရအောင် ယူနိုင်ခဲ့တာပဲ၊” အဘိုးအိုက မှတ်ချက်ချသည်။

“ဒါပေမယ့်… ခုတော့ အဘိုးက အဲဒီ နှုတ်ခမ်းမွှေးကို မီးထဲ ထည့်ပစ်လိုက်ပြီလေ၊

ကျွန်မကြိုးစားခဲ့သမျှ အလဟဿ ဖြစ်ရပြီပေါ့၊” ယွန်နုတ် က ဆိုတော့ အဘိုးအိုက ပြုံးပြီးပြောတယ်။

ဟာ…. ဘယ်ဟုတ်မလဲ၊

အလဟဿလို့ ငါမဆိုဘူး၊ နှုတ်ခမ်းမွှေးက မလိုတော့လို့ ပစ်လိုက်တာ၊

ဒီမှာ ယွန်နုတ်.. မင်းပြောစမ်း၊ ယောက်ျားတစ်ယောက်ဟာ ကျားတစ်ကောင်လောက် ကြောက်စရာ ကောင်းမလား၊ သူ့အပေါ်ထားရှိတဲ့ မေတ္တာ စေတနာ အကြင်နာတွေကို ကျားတစ်ကောင်လောက်မှ မခံယူတတ်ဘဲ နေမလား၊

အင်မတန် ကြမ်းကြုတ်တဲ့ တောရိုင်း တိရစ္ဆာန် တစ်ကောင်ရဲ့ ချစ်ခင် ယုံကြည်မှုကိုတောင် ကြင်နာမှု စိတ်ရှည်ဇွဲရှိမှု စွမ်းအားနဲ့ မင်းရအောင် ယူနိုင်ခဲ့ရင် မင်းယောက်ျားရဲ့ မေတ္တာ အကြင်နာတွေကို မင်း ပြန်မရနိုင်စရာ ဘာအကြောင်းရှိသလဲ၊

အဘိုးအိုစကားကို ကြားနာပြီး ခဏအဖို့ အဲဒီနေရာမှာ ယွန်နုတ် မလှုပ်မယှက် ငြိမ်သက်သွားတယ်။

နောက်တော့မှ…. တစ်ဖြည်းဖြည်း ပြုံးလာပြီး ၀မ်းမြောက်အားတက်စွာနဲ့ တောင်အောက်ကို ပြေးဆင်းသွားတော့တယ်။



မူရင်း။ ။ Harold Courlander ၏ The Tiger’s Whisker; A Korean Folk Tale – ဘာသာပြန်သူ ဖေမြင့်

Read more...

သက်တံမြစ်



နေခင်းတစ်ခု
မိုးစဲလင်းပွင့်ကောင်းကင်မှာ
ဟာ......
လှလိုက်တဲ့ သက်တံ့ကြီးတစ်စင်း
စီးဆင်းနေတာတွေ့တယ်။
ရုတ်တရက်ပဲ
ငါကြေကွဲခဲ့ရပေါ့
ဘ၀ဆိုတာ
သက်တံ့လိုပါလား
ရှိတော့ ရှိရဲ့
ဒါပေမယ့်
အရှိမဲ့.........

Read more...

ဂုဏ်တော်ကိုးပါး အနက် အဓိပ္ပါယ်တွေ ဆင်ခြင်ပြီး.. ဂုဏ်တော်ပွားကြရအောင်


ဂုဏ်တော်ကိုးပါး အနက် အဓိပ္ပါယ်တွေ ဆင်ခြင်ပြီး.. ဂုဏ်တော်ပွားကြရအောင်
အရဟံ ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား။

- စိတ်ကို ပူလောင်စေတတ်တဲ့ သဘောတွေ၊ စိတ်ကိုညစ်နွမ်းစေတတ်တဲ့ ဓါတ်တွေကို ကိလေသာလို့ ခေါ်ပါတယ်။လောဘ၊ ဒေါသ၊ မာန၊ မစ္ဆရိယ .... အစရှိတဲ့ ဓါတ်ဆိုးဓါတ်ယုတ် ဓါတ်ပုပ် ဓါတ်ညံ့တွေဟာ .. ကိလေသာတွေပါ။မြတ်စွာ ဘုရားရှင်မှာ အဲ့ဒိ ကိလေသာ အညစ်အကြေးတွေ လုံးဝ မရှိ ၊ ကင်းစင်တော်မူတယ် ဆိုတာကို ထပ်တလဲလဲ အာရုံပြုနေရင် ...ကိုယ့်စိတ်လည်း ... အပူတွေ ကင်းရှင်းပြီး .. စိတ်အေးသန့်ရှင်းကာ ... ငြိမ်းချမ်းမှု ရစေနိုင်ပါတယ်။

အရဟံ ဆိတ်ကွယ်ရာအရပ်ပင်ဖြစ်သော်လည်း မကောင်းမှု တရားတို့ကို ပြုတော်မူ၊ စိတ်တော်ကပင် ကြံစည်တော်မမူသော မြတ်စွာဘုရား။- မကောင်းမှုပြုတယ်ဆိုတာ စိတ်မှာ ကိလေသာရှိလို့ပြုတာပါ။ ကိလေသာမှန်သမျှ လုံးဝ မရှိတော့တဲ့ မြတ်စွာဘုရားရှင်ဟာ ဆိတ်ကွယ်ရာအရပ်မှာ တောင် မကောင်းမှုကို မပြု၊ မကြံစည်တော့ ပါဘူး။ဒီဂုဏ်ကို အမြဲ သတိရနေတဲ့ သူဟာ မကောင်းမှုပြုမယ်ကြံတိုင်း အလိုလို စိတ်တွန့်ဆုတ်ပြီး မကောင်းမှု အတော်များများကို ရှောင်ကြဉ်ဖြစ်သွားပါလိမ့်မယ်။

အရဟံ ပူဇော်အထူးကို ခံယူတော်မူထိုက်သောမြတ်စွာဘုရား။
- ထိုကဲ့သို့ ကိလေသာ တွေ ကင်းစင်တော်မှု၍ ပူဇော်ထိုက်တဲ့ အရည်အချင်းတွေ ရှိလို့ မြတ်စွာဘုရားရှင်ဟာ ... လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါအားလုံး ရဲ့ ပူဇော်ခြင်းအထူးကို ခံယူထိုက်ပါခြင်းဖြစ်ပါတယ်။စိတ်ဓါတ်စင်ကြယ်တာ၊ အသိဥာဏ်တွေကြီးကျယ်တာ၊ အများအကျိုးသယ်ပိုးတာတွေဟာ.. ပူဇော်ထိုက်တဲ့ အရည်အချင်းတွေပဲပေါ့။ဒီဂုဏ်ကို ပွားရင်း ကိုယ့်ကိုယ်ကို ပူဇော်ထိုက်တဲ့ သူ၊ ကူညီထိုက်တဲ့သူ၊ ချီးမြှောက်ထိုက်တဲ့သူ၊ အများအကျိုး သယ်ပိုးတတ်သူဖြစ်အောင် ...ကြိုးစားဖြည့်ဆည့်နေလျှင် .. သူတကာ ပူဇော်ထိုက်တဲ့ အရည်အချင်းကောင်းတွေ ရနေမှာ ဖြစ်ပါတယ်။
ဤသို့ဖြင့် .. အရဟံ ဂုဏ်တော်ကို ပွားရရခြင်းကောင်းမှုကံ စေတနာတို့ကြောင့် ....- စိတ်ကို ညစ်နွမ်းစေတတ်၊ ပူလောင်စေတတ်သော အရာများမှ ကင်းငြိမ်းကာ .. စိတ်အေးချမ်းသာမှုများ ရရှိပိုင်ဆိုင်နိုင်ပါစေ ..- မကောင်းမှုတရားတို့ မှ ... ရှောင်ကြဉ်၍ .... မိမိကိုယ်ကို စောင့်ရှောက်ရင်း .. တပါးသူတို့အားလည်း စောင့်ရှောက်နိုင်သူဖြစ်ကြပါစေ ...

သမ္မာသမ္ဗုဒ္ဓေါ ဂုဏ်တော်သစ္စာလေးပါး မြတ်တရားနှင့် အလုံးစုံသော တရားတော်မြတ်တို့ကို ဆရာမကူ သယမ္ဘူဥာဏ်မြတ်ဖြင့် ကိုယ်တော်တိုင် တတ်အပ်ထင်ထင် သိမြင်တော်မူထိုက်ပါပေသော မြတ်စွာဘုရား။
အများက သတ်မှတ်ထားတဲ့ ပညတ်အရှိ သိစရာတွေ မှန်သမျှကိုရော၊ သဘာဝအတိုင်း အမြဲမှန်နေတဲ့ ပရမတ်အရှိ သိစရာတွေကိုရော၊ သိစရာ တရားအားလုံးကို မြတ်စွာဘုရား သိတော်မူပါတယ်။ မှားမှားယွင်းယွင်း သိတာမဟုတ်ပါဘူး။ အမှန်အတိုင်း ကို ထိုးထွင်းသိတာပါ။ကိုယ်တော်တိုင် ကိုယ်ပိုင်ဥာဏ်နဲ့ သိတော်မူတာပါ။
ဒီဂုဏ်တော်ကို အမြဲပွားရင် ဥာဏ်ဓါတ်တွေ ကူးပြီး ဥာဏ်ကောင်းလာပါလိမ့်မယ်။ သိစရာမှန်သမျှ အမှန်အတိုင်း သိအောင်၊ ကိုယ်ပိုင်ဥာဏ်နဲ့ သိအောင် လေ့လာချင်တဲ့ စိတ်လည်း ထက်သန်လာပါလိမ့်မယ်။

ဝိဇ္ဇာစရဏသမ္ပန္နော ဂုဏ်တော်ဝိဇ္ဇာ - အသိဥာဏ်ရော၊ စရဏ - အကျင့် ပါ .. ပြည့်စုံတော်မူသော မြတ်စွာဘုရား။
မြတ်စွာဘုရားရှင်ဟာ သိသာသိပြီး မကျင့်တဲ့သူ၊ ကျင့်သာကျင့်ပြီး မသိတဲ့သူ မဟုတ်ပါဘူး။ သိလည်းသိ၊ ကျင့်လည်းကျင့်တဲ့သူပါ။ အသိရော အကျင့်ပါ စုံလင်တော်မူပါတယ်။ ဒီဂုဏ်တော်ကိုပွားပြီး လိုက်နာတဲ့သူဟာ အသိအကျင့် ဘက်စုံမြင်တဲ့သူ ဖြစ်လာနိုင်ပါတယ်။
ကျွန်တော်တို့တွေဟာ .. မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေကို ... အဓိပ္ပာယ်မသိဘဲ ရွှတ်နေတာထက်စာရင်.. အဓိပ္ပာယ်ရှိရှိ .. သြော် .. ဒီဂုဏ်တော်ကြီးဟာ ကြည်ညိုစရာ သိပ်ကောင်းပါလား ဆိုပြီး ပူဇော်မှ သာ အမှန်တကယ်ပူဇော်ခြင်းမည်မှာပါ။
အဓိပ္ပာယ်မသိဘဲ အရဟံ ၊ အရဟံ လို့ ရွှတ်နေတာ၊ ပုတီး ပတ်ပေါင်းများစွာ စိတ်နေတာဟာ.. အဓိပ္ပာယ်မရှိပါဘူး။ ဂုဏ်တော်ပွားတယ်ဆိုတာ ... စီးပွားတက်ဖို့၊ လာဘ်ရွှင်ဖို့လောက်ဘဲ အမျှော်လောဘနဲ့ ရွတ်နေတာဆိုရင်တော့ အကုသိုလ်ပဲ ဖြစ်နေမှာပါ။အမှန်တော့ ဂုဏ်တော်ပွားတယ်ဆိုတာ မြတ်စွာဘုရားရှင်ရဲ့ အရည်အသွေး ၊ အစွမ်းသတ္တိ ဂုဏ်တွေကို ကြည်ညိုနေတာဖြစ်ပါတယ်။

သုဂတော ဂုဏ်တော်ကောင်းသောစကား (မှန်ကန်၍ အကျိုးရှိသော စကား) ကိုသာ ဆိုတော်မူသော မြတ်စွာဘုရား။
မြတ်စွာဘုရားရှင်ဟာ မှန်လည်းမမှန်၊ အကျိုးလည်း မရှိတဲ့ စကားမျိုး လုံးဝ မပြောပါဘူး။မှန်ပေမယ့် အကျိုး မရှိရင်လည်း လုံးဝ မပြောပါဘူး။ မှန်လည်း မှန်၊ အကျိုးလည်း ရှိတဲ့ စကားမျိုးကိုသာ .. အခြေအနေ အချိန်အခါ ကြည့်ပြီးပြောတော်မူ ခြင်းဟာ... မြတ်စွာဘုရားရဲ့ သုဂတော ဂုဏ်တော်မြတ် ဖြစ်ပါတယ်။

လောကဝိဒူ ဂုဏ်တော်လောက သုံးပါးကို သိတော်မူသော မြတ်စွာဘုရား။
သက်ရှိ သတ္တဝါဆိုတဲ့ သတ္တလောက၊ သက်မဲ့ ဘုံဌာန ဆိုတဲ့ သြကာသလောက၊ ရုပ်နာမ် ပရမတ် ဆိုတဲ့ သင်္ခါရလောက၊လောက သုံးပါးနဲ့ ပတ်သက်တဲ့ အကြောင်းအရာမှန်သမျှကို မြတ်စွာဘုရား နှံ့နှံ့ စပ်စပ် အသေးစိပ် သိမြင်တော်မူတဲ့ ...လောကဝိဓူ ဂုဏ်တော် ကြီး ဖြစ်ပါတယ်။

အနုတ္တရောပုရိသ ဒမ္မသာရထိ ဂုဏ်တော်ဆုံးမထိုက်သော သတ္တဝါတို့ကို အတုမရှိ ဆုံးမတော်မူတတ်သော မြတ်စွာဘုရား။
မြတ်စွာဘုရားရှင်ဟာ အဆုံးအမ ခံယူမယ့် ပုဂ္ဂိုလ်ရဲ့ လိုအပ်ချက်နဲ့ ကွက်တိဖြစ်အောင် အတိအကျ ဆုံးမတော်မူတတ်ပါတယ်။မကောင်းမှု ကင်းရုံပဲ ဆုံးမသင့်တဲ့သူကို မကောင်းမှုကင်းရုံပဲ ဆုံးမပြီး ကောင်းမှုတိုးရုံပဲ ဆုံးမသင့်တဲ့သူကို ကောင်းမှုတိုးရုံပဲ ဆုံးမပါတယ်။တရားထူးရတဲ့ အထိ ဆုံးမသင့်တဲ့ သူကိုသာ တရားထူးရတဲ့အထိ ဆုံးမတော်မူတာပါ။ လူတကာကို တရားထူး မရရအောင် အတင်းအဓမ္မဆုံးမနေတာ မဟုတ်ပါဘူး။ စရိုက်လက္ခဏာနဲ့ အညီ ... တရားကို လည်း ပေးတတ်ပါတယ်။
ဒါကို .. မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီးက ..ကျွတ်ထိုက်ကြပေ များဝေနေ၏အိနြေ္ဒစရိုက် သူ့ အကြိုက်ကို ၊နှိုက်ချွတ်စုံလင် . အကုန်မြင် ၊သဗ္ဗဉ်ဥာဏ်တော် အစွမ်းတည်း ။ ။ လို့ စပ်ဆိုထားခဲ့တာ .. ဒီ ဂုဏ်တော်နဲ့ ကိုက်ပါတယ်။

သတ္တာဒေဝမနုဿနံ ဂုဏ်တော်နတ်လူတို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသော မြတ်စွာဘုရား။
နတ်လူသတ္တဝါတို့ကို ကောင်းရာကောင်းကြောင်းနည်းလမ်းကောင်းတွေ ညွှန်ကြားပြသတဲ့ အတွက် မြတ်စွာဘုရားရှင်ဟာ နတ်လူသတ္တဝါအားလုံး ရဲ့အားအကိုးထိုက်ဆုံး ဆရာတစ်ဆူ ဖြစ်တော်မူပါတယ်။ဒီဂုဏ်ရဲ့ အစွမ်း သတ္တိကြောင့် အများအကျိုးကို ရှေ့တန်းကနေ ဦးဆောင်သယ်ပိုးနိုင်တဲ့ သူဖြစ်လာပါလိမ့်မယ်။မြတ်စွာ ဘုရားရှင်ကတော့ .. စကြာဝဠာ အနန္တ မှာရှိတဲ့ ... နတ်လူသတ္တဝါ အားလုံး ..၊ တို့ရဲ့ .. ခေါင်းဆောင်တစ်ဆူ၊ ဦးစီးသူဆရာတစ်ဆူဆိုတဲ့ ...သတ္တာဒေဝမနုဿနံ ဂုဏ်တော် ကြီးကို .. ပိုင်ဆိုင်ထားပါတယ်။

ဗုဒ္ဓေါ ဂုဏ်တော်သစ္စာလေးပါးနှင့် အလုံးစုံသော တရားတွေကို ကိုယ်တိုင်လည်း သိတော်မူ၊ သူတစ်ပါးတို့ကိုလည်း သိအောင်ဟောတော်မူသော မြတ်စွာဘုရား။
ဆင်းရဲအမှန်ဆိုတဲ့ ဒုက္ခသစ္စာ၊ဆင်းရဲကြောင်းအမှန်ဆိုတဲ့ သမုဒယသစ္စာ၊ဆင်းရဲချုပ်ရာအမှန်ဆိုတဲ့ နိရောဓသစ္စာ၊ဆင်းရဲချုပ်ရာ ရောက်ကြောင်း လမ်းမှန်ဆိုတဲ့ မဂ္ဂသစ္စာ၊သစ္စာလေးပါးကို မြတ်စွာဘုရားရှင်ဟာ ကိုယ်တိုင်သိရုံမက သူတစ်ပါးကိုလည်း သိအောင် ဟောစွမ်းနိုင်ပါတယ်။ဒီဂုဏ်တော်ကို ပွားများရင်း .. အမှန်တရားကို သိပြီး အမှန်တရားကို ဖြန့်ဝေတတ်လာတဲ့ သူတစ်ဦးဖြစ်လာပါလိမ့်မယ်။

ဘဂဝါ ...ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
မိမိစိတ်နှင့်တကွ တစ်လောကလုံးကို အစိုးရတော်မူသော ဘုန်းတော်၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားနှင့် ပြည့်စုံတော်မူသော ဘုန်းတော်၊ များပြားသောအခြွေအရံ၊ ကျော်စောမူနှင့် ပြည့်စုံတော်မူသော ဘုန်းတော်၊ အတုမရှိသော ကျက်သရေတော်နှင့် ပြည့်စုံတော်မူသော ဘုန်းတော်၊ လိုအင်ဆန္ဒဟူသမျှ ပြည့်ဝတော်မူသော ဘုန်းတော်နှင့် အတုမရှိသော လုံ့လ၀ီရိယ နှင့် ပြည့်စုံတော်မူသော ဘုန်းတော်တည်းဟူသော ဘုန်းတော် ခြောက်ပါးနှင့် ပြည့်စုံတော်မူခြင်း။( ဒီနေရာမှာ.. အနက်အဓိပ္ပါယ်သက်သက်ကိုပဲ ဖော်ပြပေးလိုက်ပါတယ်

Read more...

ဘုရားရှင်၏ အခြင်းအရာကြီး-၃၀... (အမှားနှင့်အမှန် (မစိုးရိမ်စာသင်သား))


အမှားနှင့်အမှန် (မစိုးရိမ်စာသင်သား)၏...

ဘုရားရှင်၏ အခြင်းအရာကြီး-၃၀...








Print this post

Read more...

ကထိန်ပွဲတော် (၂၀၀၉)




၁၂ ကြိမ်မြောက် သမ္မာသမ္ဗောဓိ (ကပုန်း) ကျောင်း စုပေါင်းမဟာဘုံကထိန်ပွဲတော်ကြီးကို ၁၈၊ ၁၀၊ ၂၀၀၉ တနင်္ဂနွေနေ့က စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ခဲ့တယ်။ နံနက် ၈ နာရီခွဲခန့်မှာ ပဒေသာပင်တွေကို လှည့်လည်ကြတယ်။ ၉ နာရီမှာ တရုတ်တွေအတွက် အခန်းအနားကို စတယ်။ Subang Jaya Buddhist Association မှ ဆရာတော် ဦးဥာဏရံသီ က Mandrin လို ကထိန်အနုမောဒနာတရားချီးမြှင့်တယ်။

နောက် Nilai မှ ဆရာတော် ဘန္တေစက္ကရောက Cantonese လို ကထိန်အနုမောဒနာတရားချီးမြှင့်တယ်။ ပြီးတော့ ရေစက်သွန်းချ အမျှပေးဝေတယ်။

နေ့ဆွမ်းစားပြီး ၁ နာရီထိုးတော့ ရွှေဗမာတို့အတွက် ဆရာတော် ဒေါက်တာအရှင်ဣန္ဒက က ကထိန်အနုမောဒနာ တရား ဆက်လက်ဟောကြားတယ်။ အခန်းအနားအားလုံး ညနေ ၃ နာရီမှာ ပြီးစီးတယ်။
ဒီနှစ်ကထိန်ပွဲမှာ မနှစ်ကထက် လူနှစ်ဆများကြောင်း ပြောဆိုကြတယ်။

ဒီကထိန်ပွဲမှာ ကြွရောက်လာကြကုန်သော သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်တို့အား ဆွမ်းထမင်းတို့ဖြင့် ဧည့်ခံကျွေးမွေးသောခမ်းမြင့်စားသောက်ဆိုင်မိသားစုအား ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

ထို့အပြင် ထိုဆွမ်းထမင်းတို့ကို သေသပ်ကောင်းမွန်စွာ ဧည့်ခံကျွေးမွေးနိုင်ရေးအတွက် စီမံ၍ ဝေယျာဝစ္စဆောင်ရွက်ပေးသော ကိုအောင်မော် (ကိုမွန်ကြီး) နှင့်အဖွဲ့အားလည်း အထူးဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။


သာဓု သာဓု သာဓု

Read more...

Monk Police


Here is an interesting video about the ‘Monk Police’, a crack FBI style squad of heroic defenders of the faith. At least that is how the documenters present it.

These monks have taken it on themselves to catch ‘fake’ monks who beg for food or money via the robe and bowl. Some of them are drunk, others are not even ordained monks.

These kinds of story make it look like Thailand is crawling with ‘fakes’. In fact the opposite is true. While there will always be opportunists, for the most part the Thai Sangha has avoided much controversy. Sometimes someone is ‘caught’ drinking or going to a Karaoke bar. While it is wrong behaviour it is fairly tame. In such times the person, if not given a second chance, will be quietly disrobed and returned to lay life.

As for the giver – when one gives to any monk it should be with the intention to support the Sangha as a whole, rather than a particular individual. Of course, if the monk is a family member or someone you know well then there is the personal element. Yet the base intention is to support the Sangha, which protects and maintains the religion. Therefore most people who offer alms in the mornings feel quite rightly that they have done their part. If a monk lets the Sangha side down, it is their own Karmic lookout.

Read more...

သီတဂူစတားဘုံဘေခရီးမှတ်တမ်း (၄)


သီတဂူစတားကို ဘုံဘေ ကမ္ဘာ့ရွှေတိဂုံဘုရားဘေး မြန်မာကျောင်းအုတ်မြစ်ချပွဲအခန်းအနားတွင် အမေရိကန် ကာလီဖိုနီးတက္ကသိုလ်မှ ပါဠိ scholar တစ်ယောက် လာမိတ်ဆက်သည်၊ ၂၀၀၉နှစ် ပူနေးတက္ကသိုလ်တွင် ဒီဇင်ဘာလ တွင်ကျင်းပမည့် နိုင်ငံတကာဗုဒ္ဓဘာသာထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန်နှင့် ပါဠိဆောင်းပါးတစ်ခုတင်သွင်းရန် သူ့ကို ပါဠိဌာနမှ ဖိတ်ထားသည်ဟု ပြောပါသည်။ နိုင်ငံခြားသားတစ်ယောက် ပါဠိစာပေအပေါ် စိတ်ဝင်နေသည်ကို မြင်ရတော့ ၀မ်းမြောက်ဝမ်းသာ အထူးဖြစ်မိပါသည်။ သီတဂူစတားတို့အဖွဲ့ ပြန်ဘို့ရန် ဘုရားအောက်ခြေမှာ ကားကို ခဏရပ်ပြီး စာအုပ်အရောင်းဆိုင်မှာ စာအုပ်များရှာနေစဉ် အိန္ဒိယကျောင်းသားဟုထင်ရသည့် ကျောင်းသား နှစ်ယောက် သီတဂူစတားနား ကပ်ပြီး မေးခွန်းလေးခုလောက်မေးသည်၊ အဲဒီအထဲမှာမှ မှတ်မိသည့် မေးခွန်းများကို စာဖက်သူများ- စဉ်းစားနိုင်အောင် ဖော်ပြပါမည်၊
(၁) အရှင်ဘုရားတို့က အိမ်ထောင်ပြုလို့ရလား၊
(၂) ဘာ့ကြောင့် အိမ်ထောင်ပြုခွင့်မပေးတာလဲ၊
(၃) အိမ်ထောင်ပြုတော့ကော ဘာဖြစ်မလဲ၊ ဆိုတဲ့ မေးခွန်းလေးတွေကို ဖြေကြည့်ပါလား။ မေးခွန်းများသည် လွယ်သရောင်ထင်ရပေမဲ့ ကပ်ဖဲ့လာပြီး ချောင်ပိတ်လာသည်အထိ မေးလာနိုင်ပါသည်။ နောက်မေးခွန်းတစ်ခု ထပ်လာနိုင်တာက ငါးပါးသီလလေး လုံလောက်ရုံနဲ့ လူဝတ်ကြောင်တောင် သားမယားနှင့်နေပြီး မဂ်ဖိုလ်ဝင်နိုင်သေးတာပဲ ဘယ်ကြောင့် ရဟန်းတော်များလဲ အိမ်ထောင်နေပြီး မဂ်ဖိုမ၀င်နိုင်ရတာလဲ။
အပြန်ခရီးမှာ-- ကားပေါ် ကားဒရိုင်ဘာ ငိုက်မှာစိုးတာနဲ့ ထိုမေးခွန်းများကို နောင်တော်ကြီး ဦးသုန္ဒရ (Ph.D)ကျောင်းသားအား မေးလိုက်ပါသေးသည်၊ သူတက်နိုင်သည့် အဖြေများပေးပါသည်၊ ဒီမေးခွန်းတွေ သီတဂူစတားကိုယ်တိုင် မေးသည်၊ ဖြေကြည့်သည်၊ သို့သော် ကျေနပ်သည့် အဖြေ အခုထိမရသေးပါ။ စာဖက်သူများဆီက အဖြေလေးတစ်ခု မျော်လင့်ပါတယ်။

သီတဂူစတား
၂-၁၁-၂၀၀၉


Read more...

Review မိစ္ဆာဝါဒ ကွင်းဆက်များ

နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့မှ အဓမ္မ၀ါဒအဖြစ် ၀ိနိစ္ဆယချ၊ ဆုံးဖြတ်ပြီးသော မိစ္ဆာဝါဒများကို လေ့လာကြည့်သောအခါ အချို့သော မိစ္ဆာဝါဒများသည် တစ်ခုနှင့်တစ်ခု ဆက်သွယ်မှုရှိနေသည်ကို တွေ့ရ၏။ ဥပမာ- ရှင်ဥက္ကဋ္ဌ-၏ မိစ္ဆာဝါဒအချို့နှင့် ရေတာရှည် ဦးမာလာဝရ၏ ၀ါဒ၊ ဦးပညာဝံသ၏ ဓမ္မနီတိဝါဒ-တို့မှ အချို့သော မိစ္ဆာဝါဒများ တူညီနေမှု။ တဖန် ယခုနောက်ပေါ် မိုးပြာဂိုဏ်း၏ ပစ္စုပ္ပန်ကမ္မ၀ါဒ-နှင့် ဦးအေးမောင်၏ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒစာအုပ်မှ ရေးသားချက်များသည် အထက်ပါ ရှင်ဥက္ကဋ္ဌစသော အဓမ္မ၀ါဒများနှင့် ထပ်တူနီးပါး တူညီနေသည်ကို တွေ့ရ၏။

မိုးပြာဂိုဏ်းသည် လျှို့ဝှက်သောနည်းဖြင့် စည်းရုံးဟောပြောမှု ဖြန့်ချိမှု ပြုသဖြင့် သာမန်လူထု သိပ်မသိ၊ သိသောအချိန်တွင်လည်း မိစ္ဆာဝါဒ-ဟု တပြိုင်နက် သိလိုက်ရ၏။ ဦးအေးမောင်၏ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒပါ အယူဝါဒများကို ကား တရားဝင်ဖြန့်ချိထားသော စာအုပ်ဖြစ်သဖြင့် မိစ္ဆာဝါဒများဟု မထင်ကြ။ ဟိုကဒီက ပြောကြသည့်တိုင် အနည်းအကျဉ်း လွဲချော်မှု-ဟု ထင်ကြ၏။ ထိုသို့ထင်သူများအတွက် ထိုစာအုပ်ပါ ၀ါဒများသည် အနည်းအကျဉ်း မှားယွင်းချွတ်ချော်မှုသက်သက် မဟုတ်ကြောင်း၊ မြန်မာပြည်ရှိ ဗုဒ္ဓ၀ါဒီ ပညာရှိများ နှစ်လုံးစိတ်ဝမ်း မအေးချမ်းနိုင်ဘဲ စိတ်ဆင်းရဲခဲ့ရ၊ အော့နှလုံးနာခဲ့ရသော မိစ္ဆာဝါဒများကို ပြန်လည်ဖော်ထုတ်ထားခြင်းဖြစ်ကြောင်း သိသာအောင် နှိုင်းယှဉ်ပြဖို့ လိုမည်ထင်ပါသည်။ လူသိများ ထင်ရှားသော ရှင်ဥက္ကဋ္ဌ၏ ၀ါဒနှင့် နှိုင်းယှဉ်ပြပါမည်။

(၁) လူသေလျှင်လူသာဖြစ်သည်ဟူသော ၀ါဒ

တောင်တွင်းကြီး ရှင်ဥက္ကဋ္ဌ-၏ လူသေလူဖြစ်စာအုပ်မှ-

(က) လူသားဆိုတဲ့ သတ္တ၀ါ သေဆုံးသွားပြီးတဲ့နောက် အကယ်စင်စစ် ဖြစ်ခွင့် ဖြစ်စရာ ဖြစ်ဖို့အလားအလာများ ရှိခဲ့သေးလျှင် လူမှတစ်ပါး အခြားဘာမှ ဖြစ်စရာ မရှိ။ (လူသေလူဖြစ်စာအုပ် - ၄)

(ခ) လက်ရှိကမ္ဘာလောကတွင် အထွတ်အထိပ်ဖြစ်သော အန္တိမအခြေအနေသို့ ရောက်၍နေသော လူသားသည် နောက်သို့ ပြန်ဆုတ်၍ ဖုတ်နှင့်ပြိတ္တာ၊ တစ္ဆေနှင့်မင်စာ၊ ငရဲကောင်နှင့် တိရစ္ဆာန်သတ္တ၀ါများ ဖြစ်ရန်အကြောင်း လုံးဝ မရှိတော့ချေ။ (လူသေလူဖြစ်- ၃၃၁)

ဦးအေးမောင်၏ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ- စာအုပ်မှ--

(က) တိရစ္ဆာန်ဘုံသည် မကောင်းမှုပြုသော သူတို့၏ လားရာ အပါယ်ဘုံတစ်ခု ဖြစ်သည်ဟု ဗုဒ္ဓစာပေများ၌ ပြဆိုထားရကား ဗုဒ္ဓသည် ဘုရားမဖြစ်မီက ဘ၀ပေါင်းများစွာ တိရိစ္ဆာန်ဖြစ်ခဲ့သည် ဆိုခြင်းမှာ အကြောင်းယုတ္တိမရှိချေ။ ဤနေရာ၌ အောက်ပါ ဗုဒ္ဓဒေသနာကိုလည်း ကျွန်ုပ်တို့ ဆင်ခြင်သုံးသပ်ရန် လိုအပ်၏။

“ရဟန်းတို့၊ မဟာသမုဒ္ဒရာ၌ မျက်စိကန်းသော လိပ်တစ်ကောင်သည် ရှိ၏။ ထိုလိပ်ကန်းသည် အနှစ်တရာလွန်မှ တစ်ကြိမ်သာလျှင် ရေပေါ်သို့ ပေါ်တက်၏။ ထိုလိပ်ကန်းသည် လေတိုက်သောကြောင့် ထိုမှဤမှ လွင့်မျောနေသော ထမ်းပိုး၌ လည်ပင်းကို လျှင်မြန်စွာ စွပ်မိရာသေး၏။ အပါယ်ဘုံရှိ သတ္တ၀ါတို့သည် လူ၏အဖြစ်ကို ရခြင်းငှါ အလွန်ခဲယဉ်း၏။ အကြောင်းမူ အပါယ်ဘုံတို့၌ တရားကျင့်ခြင်း၊ ကုသိုလ်ကောင်းမှုပြုခြင်း တို့သည် မရှိကုန်။ တိရစ္ဆာန်တို့သည် အချင်းချင်း စားကြကုန်၏။ အားနည်းသော သတ္တ၀ါကို အားကြီးသော သတ္တ၀ါက စားလေ့ရှိ၏။” (မဇ္ဈိမနိကာယ်၊ ဗာလပဏ္ဍိတသုတ်)

ဤဒေသနာအရ တိရစ္ဆာန်သည် လူ့ဘ၀သို့ ကူးပြောင်းရန် ထိုမျှခဲယဉ်းပါက ဗုဒ္ဓသည် ဘ၀ပေါင်းများစွာ တိရစ္ဆာန်အဖြစ်ဖြင့် ပါရမီဖြည့်ခဲ့သည်ဆိုသော စကားမှာ အခြေအမြစ် မရှိလှချေ။ (စာ-၁၅၇-၈)

(ခ) စင်စစ် သေပြီးနောက် လူကတိရစ္ဆာန်အဖြစ်သို့သော်လည်းကောင်း၊ တိရစ္ဆာန်က လူအဖြစ်သို့သော် လည်းကောင်း ပြောင်းလဲသည်ဆိုခြင်းမှာ သဘာဝနိယာမနှင့် ဖီလာဖြစ်၏။ (စာ-၁၅၈)

(၂) အဘိဓမ္မာ ဘုရားဟောမဟုတ်

အဘိဓမ္မာကိုလည်း ဘုရားဟောမဟုတ်ကြောင်း ရှင်ဥက္ကဋ္ဌတို့ အဖွဲ့က အောက်ပါအတိုင်း ဆိုကြ၏။

(က) တစ်နည်းကြည့်ပြန်လျှင် ပထမသံဂါယနာတင်တွင် ဓမ္မနှင့်ဝိနယကို အာဂုံရွတ်ဆိုကြသည်။ ဒုတိယ တတိယတို့သည်လည်း အလားတူပင် အာဂုံရွတ်ဆိုကြသည်။ အဘိဓမ္မာ မပါဝင်သေးပေ၊ စတုတ္ထသံဂါယနာ တင်၏ နောက်ပိုင်းကျမှ အဘိဓမ္မာဟူ၍ ပေါ်လာခြင်းဖြစ်သည်။ (ဗုဒ္ဓ၀ါဒအခြေခံသင်တန်း၊ ၇၀)

(ခ) သီဟိုဠ်ခေတ် စောစောပိုင်းကပင် အဘိဓမ္မာပိဋကမှာ ထင်ရှားပြီးဖြစ်သည်။ ဤသို့ဖြင့် ထေရ၀ါဒီတို့၏ အဘိဓမ္မာစာပေစုသည် ပိဋကတစ်ဆူအဖြစ် စုစည်းတည်တန့်နေချိန်မှာ တတိယသံဂါယနာ တင်ချိန် (ဘီစီ-၂၄၄)ထက် နောက်မကျနိုင်ချေ၊ သို့စင်လျက် ရှင်မဟာဗုဒ္ဓဃောသမထေရ်သည် ဗုဒ္ဓဘုရားသခင် တာဝတိံသာနတ်ပြည်၌ ၀ါတွင်သုံးလတိုင် ဟောကြားခဲ့သော အဘိဓမ္မာ ၇-ကျမ်းကို (ဗုဒ္ဓမတညူ) ဘုရားဉာဏ်ဆောင်၍ ရေးသားသည်ဟု ယုံကြည်လက်ခံထားကြခြင်းမှာ ထားသူတို့၏ သက္ကာယအစွဲမျှသာ ဖြစ်ရချေမည်။ (၎င်းစာ- ၇၈)

(ဂ) ယင်းအဘိဓမ္မာ ၇-ကျမ်းကို ဗုဒ္ဓဘုရားသခင် တာဝတိံသာနတ်ပြည်၌ ဟောသည်ဟူသော အချက်မှာ အဋ္ဌကထာဆရာ ရှင်ဗုဒ္ဓဃောသ၏ ထွင်လုံးပုံပြင်မျှသာဖြစ်ကြောင်း ထင်ရှားလှပေသည်။

ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒကျမ်းပြု ဦးအေးမောင်ကလည်း အောက်ပါအတိုင်း သံယောင်လိုက်ကာ ထောက်ခံရေးသားခဲ့၏။

(က) အဘိဓမ္မာကျမ်းများသည် ပိဋကတ်သမိုင်း၌ နောက်ဆုံးပေါ်ပေါက်လာသော ကျမ်းများဖြစ်ကြောင်း ယူဆရန်အထောက်အထားများ ရှိ၏။ ပထမနှစ်ကြိမ် သင်္ဂါယနာတင်သော ပါဠိတော်များတွင် အဘိဓမ္မာ ပါဝင်သည်ဟု ၀ိနည်းစူဠ၀ါနှင့် မဟာဝင်၊ ဒီပ၀င်ကျမ်းများ၌ ပြဆိုမထားချေ။ (ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ-နှာ-၁၉)

(ခ) အချို့သောပါဠိတော်တို့၌ အဘိဓမ္မာဟူသော ပုဒ်ကို တွေ့ရ၏။ သို့ရာတွင် သုတ္တန်ပိဋကတ်၌လာသော ထို“အဘိဓမ္မာ”သည် လက်ရှိအဘိဓမ္မာ ခုနစ်ကျမ်းကို မရည်ညွှန်းဘဲ သုတ္တန်ဒေသနာ များမှ နက်နဲသော တရားကို ဆိုလိုဟန်ရှိ၏။ ဗုဒ္ဓဒေသနာများကို သုတ္တ-ဂေယျ-ဂါထာ-ဇာတက စသည်ဖြင့် အင်္ဂုတ္တရနိကာယ်၌ ကိုးမျိုးခွဲခြားထားရာ ဥပမာ- ဇာတကသည် လက်ရှိ ၅၅၀- ဇာတ်နိပါတ်ကို ဆိုလိုခြင်း မဟုတ်ဘဲ နိကာယ်များမှ အချို့ဝတ္ထုများကို ရည်ညွှန်း၏။ ထိုနည်းအတူ သုတ္တန်ပိဋကတ်၌ တွေ့ရသော အဘိဓမ္မာ သည် သုတ္တန်ဒေသနာတော်များကို အမျိုးအစားခွဲခြားရန် သုံးစွဲသော စကားဖြစ်ပေလိမ့်မည်။ (နှာ-၁၉)

(ဥပမာ- ဇာတကသည် လက်ရှိ ၅၅၀- ဇာတ်နိပါတ်ကို ဆိုလိုခြင်း မဟုတ်ဘဲ နိကာယ်များမှ အချို့ဝတ္ထုများကို ရည်ညွှန်း၏။-ဟု ဘယ်ပထွေးက ပြောသည်မသိ၊ “အပဏ္ဏကဇာတကာဒီနိ ပညာသာဓိကာနိ ပဉ္စဇာတကသတာနိ `ဇာတက`န္တိ ဝေဒိတဗ္ဗံ။ -“အပဏ္ဏဇာတ်အစရှိကုန်သော ငါးဆယ်အလွန်ရှိကုန်သော ငါးရာသောဇာတ်တော်တို့ကို ဇာတက-ဟူ၍ သိအပ်၏။”ဟု အဋ္ဌကထာတွင် ဆို၏။ ဥပမာပေးတာတောင် တလွဲ)

ဤသို့လျှင် ဦးအေးမောင်၏ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒစာအုပ်သည် ရှင်ဥက္ကဋ္ဌ၏ ၀ါဒများနှင့် တူညီနေပုံ၊ လူသေလူဖြစ်ဝါဒကို ပြန်လည်ဖော်ထုတ်နေပုံကို မှန်းဆနိုင်လောက်ပါပြီ။ ဆက်လက်နှိုင်းယှဉ်ပြပါဦးမည်--

(၃) သံဂါယနာခြောက်တန်ကို ပေါ့တန်သေးသိမ်စေမှု

မိမိတို့ ထေရ၀ါဒဗုဒ္ဓဘာသာသမိုင်းတွင် သံဂါယနာ- တင်ခြင်းကိစ္စသည် အထူးအရေးပါလှ၏။ သံဂါယနာ များမရှိခဲ့လျှင် ထေရ၀ါဒ-ဟူ၍လည်း ရှိမည်မဟုတ်ပါ။ မှန်၏၊ ထေရ၀ါဒဟူသည် ပထမသံဂါယနာ တင်တော်မူသော အရှင်မဟာကဿပ-စသော မထေရ်ကြီးများ၏ လက်ခံသတ်မှတ်အတည်ပြု ထားသည့်အတိုင်း မဖြုတ်မနှုတ် မဖြည့်မစွက်ဘဲ လိုက်နာကျင့်သုံးသော ၀ါဒဖြစ်၏။

သို့ရာတွင် ရှင်ဥက္ကဋ္ဌ၊ ဦးအေးမောင်-စသော မိစ္ဆာဝါဒီတို့သည် သူတို့၏ ၀ါဒနှင့် ထေရ၀ါဒပိဋကတ်သည် ကျောချင်းကပ် ဖြောင့်ဖြောင့်ဆန့်ကျင်နေရကား ထေရ၀ါဒပိဋကတ်သည် ပထမသံဂါယနာတင်စဉ်ကအတိုင်း မပြုမပြင် စင်စင်ကြယ်ကြယ်ရှိသည်ဟု လက်မခံနိုင်ကြဘဲ ဗုဒ္ဓဓမ္မကို ထိခိုက်စေနိုင်သော မိစ္ဆာဝါဒများ အနှောက်အယှက်များ ပေါ်ပေါက်လာတိုင်း ဗုဒ္ဓဓမ္မကို ကာကွယ်ရန် သံဂါယနာတင်တော်မူကြသော အရိယာမထေရ်ကြီးများကိုမှ အားမနာဘဲ မိုက်ရိုင်းသူများပီပီ သံဂါယနာ-ဟူသည် ဘာမျှအရေးမပါလေဟန် အောက်ပါအတိုင်း လုပ်ကြံရေးသားကြကုန်၏။

(က) တတိယသံဂါယနာတင်ပွဲ၌ ပိဋကတ်သုံးပုံဟူ၍ ဖြစ်လာသည်မှာ ရှင်မောဂ္ဂလိပုတ္တတိဿမထေရ် သည် သူရေးသားသော ကထာဝတ္ထုကျမ်းကို ထည့်လို၍ အဘိဓမ္မာ ၇-ကျမ်းဟု တင်သွင်း သံဂါယနာတင်ခဲ့ကြဟန် ရှိလေသည်။

ဤတတိယသံဂါယနာ၌ အပြိုင်ဟူ၍ ထင်ရှားတင်ရန်အကြောင်း မပေါ်ပေါက်တော့ချေ၊ အဘယ်ကြောင့် ဆိုသော် အသောကမင်းကြီးက အကွဲကွဲသော သံဃာများ၏ အလိုသို့လိုက်၍ အများကြိုက်ဖြစ်စေရန် စုပေါင်းပြီး တင်လိုက်သောကြောင့် ဖြစ်သည်။ ပိဋကတ်မှာ ဤသံဂါယနာမှစ၍ ဗြဟ္မဏဟောနှင့် ဗုဒ္ဓဟောတို့ အတိအလင်း တရားဝင် ရောထွေးလာတော့၏။ ထေရ၀ါဒီဂိုဏ်းတို့က မကျေနပ်သော်လည်း မင်း၏အာဏာကို မဆန့်ကျင်လိုသဖြင့် လိုက်လျောခဲ့ရ၏။ ဤအမှား၏ ဒဏ်ကို အစဉ်အဆက် သာသနာသမိုင်းတစ်လျောက် အမွေခံခဲ့ရ၏။ (နိကာယ်၏ နိကာယ်သမိုင်းကျောက်တိုင်မှ)

ဦးအေးမောင်၏ ပရမ်းပတာ ရေးသားချက်များကိုလည်း ရှုပါဦး။

(က) သုတ္တန်နှင့် ၀ိနည်းပိဋကတ်များသည် မြန်မာနိုင်ငံသို့ မရောက်မီက လေးကြိမ်တိတိ သင်္ဂါယနာတင်ပြီး ဖြစ်သည်မှန်၏။ သို့ဖြစ်စေကာမူ ထေရ၀ါဒသမိုင်း၌ ထင်ရှားသော သင်္ဂါယနာလေးခုသည် ပါဠိပိဋကတ်ကို လေ့လာစိစစ်သော သုတေသီပညာရှင်တို့၏ အမြင်အားဖြင့် များစွာအရေးပါလှသည် မဟုတ်ချေ။

(ခ) အခြားစဉ်းစားရန်ရှိသည်ကား သင်္ဂါယနာတင်သော ပုဂ္ဂိုလ်တို့သည် ရဟန်းသံဃာ တစ်စုတစ်ဖွဲ့မျှသာဖြစ်၍ သူတို့အတည်ပြုသော ဗုဒ္ဓဒေသနာများကို အခြားရဟန်းသံဃာတို့က မည်မျှလက်ခံ အသိအမှတ်ပြုပါသနည်းဟူသော အချက်ဖြစ်၏။

(ဂ) ထို့အပြင် သင်္ဂါယနာတင်သော ရဟန်းသံဃာသည် ဒေသနာများကို စုပေါင်းရွတ်ဆိုရုံမှတစ်ပါး စေ့ငုသေချာစွာ လေ့လာဆန်းစစ်မှု၊ ဝေဖန်သုံးသပ်မှုပြုသော လက္ခဏာမရှိချေ။ သို့ဖြစ်၍ အနောက်နိုင်ငံ ပါဠိသုတေသီပညာရှင်တို့က ယခုလက်ရှိ ပါဠိပိဋကတ်၏ တစ်စိတ်တစ်ဒေသမျှသာ ပထမသင်္ဂါယနာ၌ အတည်ပြုသော ပါဠိတော်များ ဖြစ်တန်ရာသည်။ ထိုတစ်စိတ်တစ်ဒေသသည်ပင် ထိုသင်္ဂါယနာတင် ပါဠိတော်များနှင့် ထပ်တူဖြစ်သည်ဟုဆိုရန် ခိုင်မာလုံလောက်သော အထောက်အထားမရှိဟု ယူဆကြ၏။ (ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ- ၂၂-၂၃)

(၄) ဗုဒ္ဓမြတ်စွာ၏ သဗ္ဗညုတဉာဏ်တော်ကို မယုံကြည်မှု

ရှင်ဥက္ကဋ္ဌနှင့် အပေါင်းအပါတစ်စုသည် မြတ်ဗုဒ္ဓသည် သိစရာမှန်သမျှ တစ်စမကျန် သယမ္ဘူဉာဏ်ဖြင့် အမှန်အတိုင်း သိတော်မူသည်ဟု လက်မခံနိုင်ကြ။ သာမန်ဉာဏ်ကြီးရှင်တစ်ယောက်အဖြစ်သာ လက်ခံလိုကြ၏။ သာဝကတို့နှင့် ခေါင်းဆောင်နှင့်နောက်လိုက်အနေအထားမျိုးသာ ဖြစ်၏။ ထို့ထက်မပို-ဟု ဆိုကြ၏။ သူတို့၏ ရေးသားချက်အချို့ကို ကြည့်ပါဦး။

(က) အဋ္ဌကထာဆရာတို့သည် ဗုဒ္ဓ၏ ဂုဏ်အကြောင်းအရာများကို ချီးမြှောက်ရေးသားရာ၌ ထိုသဗ္ဗညုတဉာဏ် ရရှိသည်ဆိုသော တိတ္ထိဆရာကြီးတို့ကို အညံ့မခံလိုသည်ကတစ်ကြောင်း၊ ဗုဒ္ဓကို အခြားအရိယာပုဂ္ဂိုလ်တို့နှင့် ခွဲခြားထားလိုသောကြောင့် ဗုဒ္ဓသည် ဘာမဆို အကြားအမြင် အသိရှိသော သဗ္ဗညုတဉာဏ် ရရှိသည်ဟု ပြဆိုကြဟန်တူ၏။

(ခ) ၀ိဇ္ဇာသုံးပါးသည် ရဟန္တာတိုင်း ရရှိသော အသိဉာဏ် ဖြစ်၏။ ဤသို့ ဆိုပါမူ ဗုဒ္ဓနှင့် ရဟန္တာပုဂ္ဂိုလ် တို့သည် မည်သို့ ခြားနားပါသနည်း။ (အမှန်တရား သုတေသန အမှတ် (၁) စာစောင်)

ဦးအေးမောင်ကလည်း အလားတူ ယူဆ၏။ သူ၏ ရေးသားချက်များကိုလည်း ရှုပါဦး။

(က) အဋ္ဌကထာ၌ အထူးပြဆိုထားသော ဗုဒ္ဓဂုဏ်တော်မှာ သဗ္ဗညုတဉာဏ်ဖြစ်၏။ သံယုတ္တနိကာယ်၌ ကောသလမင်းက မေးလျှောက်၍ ဗုဒ္ဓက မိမိ၌ သဗ္ဗညုတဉာဏ်ရှိသည်ဟု မိန့်ကြား၏။ သို့ရာတွင် ထိုသဗ္ဗညုတဉာဏ်သည် မည်သို့သော ဉာဏ်မျိုးဖြစ်ကြောင်း ရှင်းပြတော်မမူချေ။ အဋ္ဌကထာဆရာတို့ကမူ အမြဲထာဝရ ဘာမဆို ကြားမြင်သိရှိသော ဉာဏ်မျိုးဖြစ်သည် ဆို၏။ (ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ-၃၃၁)

(ခ) ဤဗုဒ္ဓဒေသနာအရ သဗ္ဗညုတဉာဏ်မှာ သိသင့်သိအပ်သော တရားအားလုံးကို ထိုးထွင်းသိမြင်မှု၊ (၀ါ) ၀ိဇ္ဇာသုံးပါးကို ထိုးထွင်းသိသော ဉာဏ်အမြင်ဖြစ်ကြောင်း ထင်ရှား၏။ ၀ိဇ္ဇာသုံးပါးသည် ရဟန္တာပုဂ္ဂိုလ်တိုင်း ရရှိသော ဉာဏ်ဖြစ်၏။ အဋ္ဌကထာဆရာတို့သည် ဗုဒ္ဓကို ရဟန္တာပုဂ္ဂိုလ်တို့နှင့် ခွဲခြားလိုသောကြောင့် ဗုဒ္ဓ၏ သဗ္ဗညုတဉာဏ်ကို ထာဝရ အကြားအမြင်အဖြစ်ဖြင့် ဖွင့်ဆိုရေးသားခဲ့ကြခြင်း ဖြစ်ပေမည်။ (စာ- ၃၃၂)

(ဂ) ဤသို့ဖြင့် ဗုဒ္ဓနှင့် ရဟန္တာတို့တွင် ဆရာနှင့်တပည့်၊ (၀ါ) ခေါင်းဆောင်နှင့် နောက်လိုက်တို့၏ နေရာကဏ္ဍ ခြားနားမှုမျိုးမှတစ်ပါး အခြားခြားနားမှုများ ရှိကြောင်း ယူဆရန် ဒေသနာအထောက်အထား မရှိချေ။ (စာ-၃၃၃)

(၅) စေတီရုပ်ပွား ကိုးကွယ်မှု

ဗုဒ္ဓဘာသာဝင်ဟု ခေါ်ဆိုစရာ အမှတ်လက္ခဏာ မကျန်တော့လောက်အောင် ပရမ်းပတာ ပြောဆိုချက်များကို ရှုပါဦး။

(က) ၀တ်ထည်ဖျင်ခင်းကို သင်္ကန်းဟူ၍ မခွဲခြားတော့ဘဲ အ၀တ်ဟူ၍ တသားတည်း မြင်ကြလေပြီ၊ သူတော်ကောင်းတို့ရဲ့ ဆံပင်တည်းဟူသော အမွေးသည် မြင်းမြီးထက်ပို၍ အနာရောဂါကို ပျောက်စေနိုင်သည်ဟူသော ဥပါဒါန်ကိုလည်း ယခုခေတ်၌ တော်လှန်ကြလေပြီ၊ ယခုအခါ၌ မြင့်မြတ်သော ဓာတ်တော် မွေတော်-စသည်တို့ကို ဘာသာရေးအမှိုက်သရိုက်များ ဖြစ်သည်ဟု ကျွန်ုပ်တို့ သေချာထင်ထင် သိမြင်ကြကုန်ပြီ။ (လူသေလူဖြစ်-၈၁)

(ခ) ဆီမီးအခိုးတိုင် ထွန်းညှိခြင်း၊ ပူဇော်ခြင်း၊ ဒူးထောက်ရိုကျိုး ရှိခိုးခြင်း၊ ကြေးစည်ခေါင်းလောင်း ထိုးခြင်း၊ ဓမ္မသီချင်း ကျူးရင့်ခြင်း၊ ဂုဏ်တော် ရွတ်ဖတ်ခြင်း၊ ဥပုသ်စောင့်ခြင်း၊ ဆုတောင်း ပတ္ထနာပြုခြင်းဖြင့် ချဉ်းကပ်ရသော နတ်တို့ ဘုရားတို့ကို ကျွန်ုပ်တို့ ယုံကြည်ရန် မဖြစ်နိုင်တော့ချေ။ (လူသေလူဖြစ်-၁၂၇)

(က) မဟာပရိနိဗ္ဗာနသုတ်၌ ဗုဒ္ဓဓာတ်တော်များကို စေတီတည်ထိုက်ကြောင်း ၊ ဗုဒ္ဓဖွားရာ၊ ဘုရားဖြစ်ရာနှင့် ပရိနိဗ္ဗာန်ပြုရာဌာနများသို့ ဘုရားဖူးသွားသော သူတို့သည် နတ်ပြည်သို့ ရောက်မည်ဖြစ်ကြောင်း ဖော်ပြထား၏။ ဤစကားမှာ မိမိအား ပုဂ္ဂိုလ်စွဲကြည်ညိုမှုကို ဆန့်ကျင်သော ဗုဒ္ဓ၏စကား သို့မဟုတ် သင်္ဂါယနာတင် ရဟန်းသံဃာ၏ စကားမဖြစ်နိုင်ချေ။ ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီးနောက် နှစ်ပေါင်းနှစ်ရာကျော်လောက်မှ သုတ္တန်ပိဋကတ်ကို ပြင်ဆင်တည်းဖြတ်သော ဆရာတို့၏ စကားဖြစ်ရပေမည်။ (ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ- ၃၃၄)

(ခ) ယနေ့ မြန်မာဗုဒ္ဓ၀ါဒီ လူထု၏ ဘာသာရေးနယ်ပယ်၌ အကျူံးဝင်သော သရဏဂုံသုံးပါး၊ ဂါထာပရိတ် ရွတ်ဖတ်မှု၊ နှစ်ကျိပ်ရှစ်ဆူ ပူဇော်မှု၊ ဘုရားစေတီ မွမ်းမံပြင်ဆင်မှု စသည်တို့သည် မူလဗုဒ္ဓ၀ါဒနှင့် အံမ၀င်ဘဲ မဟာယာန၀ါဒနှင့် ပိုမိုနီးစပ်ကြောင်း သတိပြုသင့်ပေသည်။ (စာ- ၃၆၇)

ဤမျှဆိုလျှင်ပင် ဦးအေးမောင်၏ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ-စာအုပ်ကြီးသည် အဓမ္မ၀ါဒများကို ပြန်လည်ဖော်ထုတ်ထားသော စာအုပ်ကြီးဖြစ်ကြောင်း ပေါ်လွင်လောက်ပြီဟု ယူဆပါသည်။

(သူတို့၏ ရေးသားချက်များ မဟုတ်မမှန်ကြောင်း၊ ဘက်လိုက်သော အမြင်များ၊ အလျင်စလို ကောက်ချက်ချမှုများသာဖြစ်ကြောင်း သိလိုပါက “လူသေလူဖြစ် ၀ါဒါနုဝါဒ၀ိနိစ္ဆယ- (ထေရ၀ါဒစွယ်စုံကျမ်း)” စာအုပ်ကြီးကို ဖတ်ရှုပါဟု ညွှန်းလိုပါသည်။)

“ရဟန်းတို့၊ သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏ အပြစ်ကိုဖြစ်စေ၊ သံဃာ၏ အပြစ်ကိုဖြစ်စေ ပြောကြရာ၌ “ဤစကားသည် ဤအကြောင်းကြောင့်လည်း မဟုတ်၊ ဤအကြောင်းကြောင့်လည်း မမှန်၊ စင်စစ်အားဖြင့် ဤအပြစ်သည် ငါတို့၌ ထင်ရှားမရှိ” ဟု မဟုတ်သည်ကို မဟုတ်သည့်အတိုင်း သင်တို့ ဖြေရှင်းရမည်။” (ဒီ။ မြန်၊ ၁။၁၁။)


ရေးသားသူ-
အရှင်ကောဝိဒ (ယော)
ဗုဒ္ဓ၏ဗုဒ္ဓ၀ါဒ စာအုပ်မှ

အရှင်ဝရသာမိ
http://www.sbay-student.org/

www.sbay-student.co.cc/

reply

Read more...

မသေခင် တစ်လ အလို

၁၊ ဘယ်သူတွေနဲ့ ရှိနေချင်လဲ -

သေခါနီးလူတယောက်အတွက် ဘယ်သူမှ မရှိပဲ တစ်ယောက်ထဲ တရားနှလုံးသွင်းနေနိုင်ရင် အကောင်းဆုံးပါပဲ၊သံယောဇဉ်ရှိသူတွေကို ကြိုတင် ဖြတ်သင့်ပါတယ်၊ ဘာကြောင့်ဆို သူတို့က ၀မ်းနည်းလို့ ငိုနေပေမယ့် ဘယ်သူမှ မကယ်နိုင်ပါဘူး။

သံယောဇဉ်တွေကြောင့် သေသွားခဲ့ရင် ခံရမှာက ကိုယ်တစ်ယောက်ထဲမို့ပါ -

၂။ ဘာတွေ ခံစားနေရမလဲ -

တလ လွန်ရင် သေရမှာ သိနေတဲ့ လူတယောက်အတွက် လုံးဝ မပျော်ရွှင်နိုင်တော့ပါဘူး၊

လွန်ခဲ့တဲ့ နှစ်ပေါင်း၂၂၀၀ ကျော်က သာသနာပြုဘုရင်ကြီး သီရိဓမ္မာသောက လက်ထက်မှာညီတော် တိဿ မင်းသားက ဒီရဟန်းတော်တွေ ကောင်းကောင်းစား၊ ကောင်းကောင်းအိပ်၊ ပြီးတော့ တရားအားမထုတ်ဘူး၊ဇိမ်ယစ်နေကြတာပဲ - ဆိုတဲ့ စကားကို ကြားတဲ့ ဘုရင်က ကိုင်း ဒါဆို မောင်မင်း ဒီနေ့က စပြီး ပလ္လင်ပေါ်တက်၊ စိတ်ကြိုက် ကာမဂုဏ်တွေကို ခံစားပါ၊

ဒါပေမယ့် ရ ရက်လွန်ရင်တော့ သတ်ပစ်ပါမယ်၊ ဆိုပြီး ခံစားခိုင်းသတဲ့ ၊ တိဿမင်းသားခင်ဗျာ ကိုယ့်စကားနဲ့ ကိုယ်မို့ ရ ရက်ကျော်ရင် သေရမှာ သိနေတာ သေချာနေတာကြောင့် အာရုံတွေကို မခံစားနိုင်ပဲ ဇောချွေး ပြန်နေသတဲ့၊ ဒီတော့မှ ရှင်ဘုရင်က ညီတော်က ရ ရက်လောက် နေပြီး သေရမှာ ကြောက်နေတာလား- ဘုရားသားတော် ရဟန်းတော်တွေက မောင်မင်းကြောက်တယ် ဆိုတဲ့ သေခြင်းတရားကို နေ့ည မပြတ် ပွားများနေလေ့ ရှိကြတယ်၊

ဒါကြောင့် မပြစ်မှားရဘူး ဆိုတော့မှ ညီတော် မှားပါတယ် ဆိုပြီး တောင်းပန်ခဲ့ဘူးတယ်၊

ဒါကြောင့် ဘာဝနာမရှိရင် လူတိုင်း ခံစားနေရမှာပါပဲ၊

၃။ ဘာတွေ ပြန်ဆင်ထားမလဲ -

သေခြင်းကို အကောင်းဆုံးရင်ဆိုင်နိုင်ဖို့က ငါသေရအုံးမယ် လို့ အမြဲတမ်း နှလုံးသွင်းခြင်း မရဏဿတိ ပါ၊ ဗုဒ္ဓါနုဿတိ၊ မေတ္တာဘာဝနာ၊ အသုဘဘာဝနာတွေလဲ အားကိုးစရာ ဖြစ်နိုင်ပါတယ်၊ တကယ် ထိရောက်တဲ့ နည်းကတော့ မရဏဿတိ ဘာဝနာပါပဲ၊

၎။ ၀မ်းနည်းမိမှာက -

ကောင်းတဲ့ စိတ်ကူး အကြံဥာဏ်တွေ အလုပ်တွေ အကောင်အထည်မဖော်နိုင်ခင် သေရမှာက ၀မ်းနည်းစရာပါ၊

၅။ ကြောက်လန့်မိတာက -

ကိုယ့်ဘက်က မပြည့်စုံခင် သေသွားခဲ့ရင် အစားထိုးလို့ မရတဲ့ ဆုံးရှုံးမှု့ ဖြစ်တာမို့ ကြောက်လန့်မိပါတယ်၊

၆။ ဆောင်ထားချင်တာက -

ဓမ္မပဒ ထဲမှာ မိန်းကလေးတယောက်က အိမ်သာ ( ရေအိမ် ) တက်ရင်း မစင်တွေကို ကြည့်ပြီး-

အော် ငါကသာ ခန္ဓာကိုယ်ကြီးကို တက်မက်နေတာ၊ တကယ်တော့ မစင်တွေ သိုလှောင်ရာ ဋ္ဌာနကြီးပဲ၊ ဘာမှ တက်မက်စရာ မရှိပါလား ဆိုပြီး အသုဘ ဘာဝနာကို တကြိမ် ပွားများလိုက်တာ ဒီဘုရားရှင်လက်ထက်မှာ အဲဒီဘာဝနာအထုံကြောင့် သောတာပန် ဖြစ်ခဲ့ရတယ် ၊

ဒါကြောင့် ဘာဝနာတခု ခု ကို အနည်းဆုံး အထုံဝါသနာဖြစ်အောင်တော့ ပွားများသင့်ပါတယ်၊

၇။ ဘာတွေ ရေးမိမလဲ -

စန္ဒကူး နံ့သာတုံး ဟာ နောက်ဆုံးမီးသွေးဖြစ်ချိန်ထိ လူအများကို နံ့သာဖြင့် သင်းပျံ့စေသလို သေဖို့ တလတာ အချိန်အတွင်းမှာ ငါ့လို ၀မ်းနည်းမှု့မျိုး မခံစားရအောင် ကောင်းကောင်းနေရစ် ခဲ့ကြ လို့ သတိပေးစကား ရေးဖြစ်ပါလိမ့်မယ်၊

၈။ တွေးမိတွေးရာ -

ငါ သေသွားခဲ့ရင် ငါ့ကို မုန်းတီးနေသူတွေ ငါ မရှိတော့တဲ့အတွက် မုန်းတဲ့ ဒေါသစိတ်တွေ လျော့သွားပြီး အကုသိုလ်နည်းသွားကြလိမ့်မယ် ။

ချစ်ခင်နေသူတွေလဲ လောဘတွေ သံယောဇဉ်တွေ နည်းပြီး ငါ့ကို အကြောင်းပြုပြီး ကုသိုလ်ကောင်းမှု့တွေ ပြုလုပ်ဖြစ်လိမ့်မယ် -

ဒါဟာ ငါ့ပတ်ဝန်းကျင်ကို နောက်ဆုံးကျေးဇူး ပြုခြင်းဖြစ်လိမ့်မယ် လို့ တွေးမိပြီး စိတ်ချမ်းသာရပါတယ်၊

၉။ ဂုဏ်ယူ ချင်တာက -

သေခြင်းတရား နဲ့ အသုဘ ဘာဝနာကို အကြိမ်များစွာ ပွားများပြီးသား ဖြစ်တဲ့ အတွက် ဘ၀ အတွက် မလုံလောက်သေးသော်လည်း ဂုဏ်ယူ ချင်စရာ စိတ်ကြည်နူးမှူ့ပါပဲ၊

၁၀။ ရှာကြံ ဖြေသိမ့်မိတာက -

မသေခင် ကိုယ့်အတွက်ရော အများအတွက်ပါ ကြိုတင်ပြင်ဆင်ခွင့် ရနေခြင်းပဲ၊ ( ဒါပေမယ့် အချိန် တလ အတွင်းမှာ မလုံလောက်သေးဘူး ထင်ပါတယ် )

၁၁။ ကျူးရင့်ချင်တဲ့ ဥဒါန်း-

နောင် နှစ်ပေါင်း တစ်ရာ တစ်ထောင် ကျော်မှ လူအဖြစ်ေ၇ာက်ရင် ဒီထက် အကုသိုလ်ထူပြောတဲ့ လောကမှာ လူဖြစ်ရမှာမို့ မတွေးဝံ့စရာပဲ၊ ဒါကြောင့် ကုသိုလ် အကုသိုလ် အားလုံးပြုနိုင်ရာ လမ်းဆုံ ဖြစ်တဲ့ လူ့ဘ၀ မှာ လူဖြစ်နေရတာ တော်သေးတယ်၊

ဘုရားသာသနာနဲ့ တွေ့နေရတဲ့ အတွက် ပိုကံကောင်းတယ် လို့ ဥဒါန်းကျူးချင်ပါတယ်၊

( တကယ်တော့ ဥဒါန်းကျူးတယ် ဆိုတာ ရင်ထဲမှာ ၀မ်းသာလွန်းလို့ မအောင့်အီးနိုင်ပဲ ပီတိတွေကို ပါးစပ်က ထုတ်ဖော်ပြောဆိုတာ မျိုးပါ၊ ဥပမာ- ဘုရားရှင်ရှေ့မှာ တရားနာပြီး သောတာပန် ဖြစ်သူက မိမိတရားထူးရလို့ ပျော်ရွှင်ပြီး ဥဒါန်းကျူးတာမျိုးပေါ့၊)

အဲလို ဥဒါန်းမျိုး ကျူးရင့်နိုင်အောင် ကြိုးစားအားထုတ်ဆဲပါ၊ အားလုံးလဲ ကျူးရင့် နိုင်ကြပါစေ-

| |

Read more...

တတ်စွမ်းသမျှကူညီကြပါစို့ 








ကလေးတိုင်း စာသင်နိုင်ကြရမည်။ ပျော်ရွှင်ကြရမည်။ ကျန်းမာရေးကောင်းမွန်နေကြရမည်။ အဟာရဓါတ်ပြည့်ဝစွာ စားသောက်နိုင်ကြရမည်။ လုံခြုံစိတ်ချစွာ နေနိုင်ကြရမည်။

ဤကလေးများသည် နောင်အနာဂတ်မြန်မာနိုင်ငံကို စွမ်းစွမ်းတမံ တည်ဆောက်မည့်သူများတွင် ပါဝင်လာနိုင်ဖို့ အခွင့်အလမ်း ရှိနေသည်။ သူတို့သည် အခြားကလေးများကဲ့သို့ တန်းတူညီတူ ဖြစ်နေရမည်။

မိဘမေတ္တာနှင့် ကင်းဝေးရသော ထိုကလေးများအား တိုင်းပြည်မေတ္တာ၊ လူထုမေတ္တာဖြင့် လွှမ်းခြုံ နွေးထွေးစေရမည်။

သူတို့ လူလားမြောက်၍ တိုင်းပြည်တာဝန်များ ထမ်းဆောင်လာနိုင်ရန် နိုင်ငံအစိုးရတွင် တာဝန်ရှိသည်။ စေတနာရှင် ပြည်သူများတွင်လည်း တာဝန်ရှိသည်။ သူတို့အား ထောက်ပံ့ကူညီခြင်းဖြင့် တိုင်းပြည်တာဝန်ကို တဘက်တလမ်းမှ ဝိုင်းဝန်းအားဖြည့်ကြပါစို့။

………………

Read more...

ယမမင်းထံ အစစ်ခံခြင်း


၁။ အိုကွဲ့ ယောက်ျား၊ မောင်လူသား၊ ဘယ်တရားများ ကျင့်ခဲ့တယ်။
ကျွန်တော်မျိုးမှာ၊ လျှောက်စရာ၊ ဘယ်ဟာကိုမျှ မရှိတယ်။

၂။ ကုသိုလ်ကောင်းမှု၊ တစ်ခုခု၊ မပြုခဲ့လားကွယ်။
ယမရာဇာ၊ မေးသောခါ၊ ခမျာ မှိုင်၍နေရှာတယ်။

၃။ အမောင်ယောက်ျား၊ သတိထား၊ စဉ်းစားပါဦးကွယ်။
ဗုဒ္ဓမြတ်စွာ၊ သာသနာ၊ မထွန်းပါလားကွယ်။
ကျွန်တော်တို့ရွာ၊ သာသနာ၊ ထွန်းလှပါတော့တယ်။

၎။ ပဗ္ဗဇ္ဇိ၊ ဒုလ္လဘ၊ မရခဲ့လားကွယ်။
သာသနာစက်၊ ရဟန်းဘက်၊ စိတ်မျှ မကွက်တယ်။

၅။ ရဟန်းဖြစ်မှာ၊ မင်းဆရာ၊ မဟောပါလားကွယ်။
ကျွန်တော့်ဆရာ၊ ဟောပြရှာ၊ နားမှာမဝင်တယ်။
ကျွန်တော့်စိတ်မှာ၊ သည်အခါ၊ ရွာသာ ရောက်တော့တယ်။

၆။ ယောက်ျားစစ်ပ၊ လှလှရ၊ မင်းဘဝကို နှမြောတယ်။
လူတို့ပြည်ရွာ၊ အမောင့်မှာ၊ ဘာများလုပ်ခဲ့တယ်။
ကျွန်တော်မယား၊ စားဖို့များ၊ ကြိုးစား လုပ်ခဲ့တယ်။

၇။ အမောင်,အမောင်၊ ယောင်တောင်တောင်၊ အမောင် မှားခဲ့တယ်။
သဒ္ဓါဖြောင့်တန်း၊ ဒါနခန်း၊ ပြောစမ်းပါဦးကွယ်။
သားကြီးရှင်ဖြစ်၊ ကျွန်တော်စစ်၊ ညှစ်၍ လှူခဲ့တယ်။

၈။ လှူသောအခါ၊ စေတနာ၊ သုံးဖြာညီလားကွယ်။
သုံးချက်စေတနာ၊ နည်းလှပါ၊ မှန်စွာ လျှောက်တော့မယ်။
ကျွန်တော့်အလှူ၊ ကြွေးတွေပူ၊ ငွေကူ မျှော်မိတယ်။
ကူငွေနှင့်သာ၊ ငါလှူတာ၊ ထေမိပါရင် တော်ရော့မယ်။
ကျွန်တော်မျိုးမှာ၊ သည်လိုသာ၊ အောက်မေ့မိပါတယ်။

၉။ ယုတ်မြတ်မဟူ၊ စားသောက်သူ၊ ကြည်ဖြူပါလားကွယ်။
ငွေကူများရာ၊ လူချမ်းသာ၊ မျက်နှာလိုက်၍ ကျွေးခဲ့တယ်။
မျက်နှာနည်းပါး၊ လူမွဲများ၊ မလွဲသာကျွေး ကျွေးခဲ့တယ်။
လူချမ်းသာပင်၊ မဏ္ဍပ်ဝင်၊ ဖျာလျှင်သင်ဖြူး ခင်းပေးတယ်။
သည်ကို ဟိုကို၊ ကြွပါဆို၊ ဗျို့ဗျာမစဲ ခေါ်ခဲ့တယ်။
ကွမ်းဆေးလက်ဖက်၊ ဆီစက်စက်၊ ဝက်နှင့်ကြက်သား ကျွေးခဲ့တယ်။
ကျွန်တော်မျိုးမှာ၊ ငွေမျက်နှာ၊ သည်လိုဟာမှ သဒ္ဓါတယ်။

၁ဝ။ မင့်အလှူမှာ၊ ငွေတွေဟာ၊ နှမြောပါဘိကွယ်။
ပရိက္ခရာ၊ ဆောင်ရန်မှာ၊ ကောင်းစွာ လှူလားကွယ်။
ပရိက္ခရာ၊ ညံ့လှစွာ၊ ဖိုးချိုတာမှ ဝယ်ပေးတယ်။

၁၁။ လှူသောအခါ၊ ပစ္စည်းမှာ၊ စင်ကြယ်ပါလားကွယ်။
ကျွန်တော်လှူတာ၊ ပစ္စည်းမှာ၊ ခိုးတာများခဲ့တယ်။

၁၂။ ပစ္စည်းကုန်မှာ၊ မင်းလှူတာ၊ ဝမ်းနည်းပါလေတယ်။
ဘုန်းကြီးပင့်ခန်း၊ အလမ်းလမ်း၊ ပြောစမ်းပါဦးကွယ်။
အကျင့်သိက္ခာ၊ ရွေးချယ်ကာ၊ မြတ်ရာ ကိုယ်တော် ပင့်လားကွယ်။
သည်လိုဟာမှာ၊ မလေ့လာ၊ မျက်နှာ,နာမှ ပင့်ခဲ့တယ်။
နှုတ်ဆက်ခေါ်ငင်၊ မျက်နှာရွှင်၊ ပုဂ္ဂိုလ်ကောင်းလို့ ထင်ခဲ့တယ်။
သည်လိုဆရာ၊ ကျွန်တော့်မှာ၊ များစွာပင့်ခဲ့တယ်။
တို့အမျိုးပါ၊ တို့ဆရာ၊ တို့ရွာကိုယ်တော် ပင့်ဦးမယ်။
ပြောင်းနှင့်စပါး၊ မင်းတို့များ၊ ဘယ်လောက်ရလားကွယ်။
ကျောင်းကိုများသွား၊ ရယ်ဟားဟား၊ လက်ဖက် ကွမ်းစားတယ်။
ငှက်ပျော အုန်းသီး၊ ဒကာကြီး၊ မြည်းစမ်းပါဦးကွယ်။
သည်လိုခေါ်ဆို၊ မျက်နှာချို၊ ထိုပုဂ္ဂိုလ်ကိုမှ ပင့်ခဲ့တယ်။
ကျွန်တော်တို့ရွာ၊ လှူကြတာ၊ သည်လိုချည်းသာ ပင့်ကြတယ်။

၁၃။ အမောင်လှူတာ၊ ဗလချာ၊ တန်ပါဦးတော့ကွယ်။
အင်္ဂါငါးလီ၊ ပဉ္စသီ၊ ဆောက်တည်မြဲလားကွယ်။
သီလငါးပါး၊ ကျင့်တရား၊ ပျက်ပြားများခဲ့တယ်။
သက်သတ်ခိုးမှု၊ ကာမေသု၊ တစ်ခုမကျန် ပေါက်ခဲ့တယ်။
မုသားသေရည်၊ ဤနှစ်လီ၊ ဝသီရှိတိုင်း ကျင့်ခဲ့တယ်။

၁၄။ ဖြစ်ခဲလေစွ၊ လူ့ဘဝ၊ သနားလှတော့တယ်။
ကျွန်တော်ချည်းသာ၊ မဟုတ်ပါ၊ လူတကာလည်း ပျက်ကြတယ်။
မိန်းမတွေဟာ၊ ပျက်လိုက်တာ၊ ဈေးဝယ်တာတောင် ရန်ဖြစ်တယ်။

၁၅။ သည်မှတစ်ခန်း၊ ရှေ့သို့လှမ်း၊ မေးစမ်းပါဦးမယ်။
ဘုရား တရား၊ သံဃာများ၊ ဝပ်တွားပါလားကွယ်။
ဘုရားဖူးများ၊ တဟားဟား၊ ပျော်ပါးရအောင်လိုက်ဖူးတယ်။

၁၆။ လိုက်သောအခါ၊ မြတ်ဗုဒ္ဓါ၊ ကြည်ညိုလှစွာ ဖူးလားကွယ်။
ဗုဒ္ဓဂုဏော၊ စိတ်မစော၊ ရယ်မော စားသောက် ပြန်ခဲ့တယ်။

၁၇။ မာတာပိတ၊ မိနှင့် ဖ၊ ညွတ်တွား ခယ ပါလားကွယ်။
မညွတ်ခ,ဘဲ၊ ကျွန်တော်လည်း၊ ဆဲတောင် ဆဲသေးတယ်။

၁၈။ မှားစွမှားစွ၊ မောင်ဗာလ၊ သနားပါဘိကွယ်။
တရားတော်မှာ၊ ဒေသနာ၊ ကြားနာရဲ့လားကွယ်။
စိတ်ကမပါ၊ ရှက်လိုက်တာ၊ လူဆိုမှာကြောင့် နာဖူးတယ်။

၁၉။ နာသောအခါ၊ မင်းစိတ်မှာ၊ သဒ္ဓါကြည်နူး ရှိလားကွယ်။
ကယောင်ချောက်ချား၊ စိတ်ကသွား၊ တောထဲများတောင် ရောက်သေးတယ်။

၂ဝ။ ပုဂ္ဂိုလ်များစွာ၊ ဟောကြားပါ၊ သည်တစ်ခါလားကွယ်။
ကျွန်တော်မျိုးမှာ၊ သည်တစ်ခါ၊ လူမျက်နှာကြောင့် လိုက်သေးတယ်။

၂၁။ သည်တစ်ခါ,နာ၊ အမောင်မှာ၊ ကြည်ညိုပါလားကွယ်။
တရားလည်းချ၊ အိပ်ရေးဝ၊ ထ၍ ပြန်ခဲ့တယ်။
မိန်းမတွေဟာ၊ ငိုက်လိုက်တာ၊ ကျွန်တော့်ထက်တောင် သာသေးတယ်။

၂၂။ စံကျောင်းဝိဟာ၊ မြတ်သံဃာ၊ ဆည်းကပ်ပါလားကွယ်။
ဆွမ်း မုန့် ငှက်ပျော၊ ကျောင်းမှာပေါ၊ ရော၍လိုက်ဖူးတယ်။

၂၃။ လိုက်သောအခါ၊ ထေရ်သံဃာ၊ ရဟန္တာသို့ ထင်လားကွယ်။
ဘုန်းကြီးနားမှာ၊ မရောက်ပါ၊ တော်ရာချောင်က ခိုခဲ့တယ်။

၂၄။ ခိုသောအခါ၊ မင့်စိတ်မှာ၊ ကြည်ညိုပါလားကွယ်။
ကြည်ညိုဝေးကွာ၊ ကျွန်တော့်မှာ၊ စားစရာသာ ကြည့်ခဲ့တယ်။
သူရကာယ်ပင်၊ ကျိုးမမြင်၊ ဘုန်းကြီးကပင် နှမြောတယ်။
သည်လိုများပေ၊ ကျွန်တော်လေ၊ ဆိုတောင်ဆိုမိတယ်။
ကျွန်တော်ချည်းသာ၊ မဟုတ်ပါ၊ သူတကာလည်း ဆိုကြတယ်။

၂၅။ ကျောင်းပစ္စည်းများ၊ အမောင်အား၊ မစားမသောက် ကင်းလားကွယ်။
စားသည့်ထမင်း၊ ဝမ်းတောင့်တင်း၊ ကျောင်းကအနိုင် ဆင်းခဲ့တယ်။

၂၆။ စားသည်မယွင်း၊ ကျောင်းတလင်း၊ ခတ်ခြင်း တံမြက် လှည်းလားကွယ်။
မလှည်းမိပါ၊ ကျွန်တော့်မှာ၊ စားပြီး သောက်ခါ ပြန်ခဲ့တယ်။
ကျွန်တော်တို့ရွာ၊ လူတွေဟာ၊ သည်လိုချည်းသာ စားကြတယ်။

၂၇။ အမောင် ယောက်ျား၊ မင်းဖြစ်ငြား၊ သနားပါဘိတယ်။
ဥပုသ်စောင့်ခန်း၊ ရှေ့သို့လှမ်း၊ မေးစမ်းပါဦးမယ်။
ဥပုသ်အင်္ဂါ၊ အရိယာ၊ ဖြူစွာသီလ စောင့်လားကွယ်။
ဘုန်းကြီးများထံ၊ သီလခံ၊ ကြွက်ဆူညံအောင် ပြောခဲ့တယ်။

၂၈။ ပြောသောစကား၊ မင်းဖြစ်ငြား၊ တရားကြောင်းလားကွယ်။
လယ်,ယာ,ကျွဲ,နွား၊ ပြောင်းစပါး၊ သားမယားကြောင်း ပြောခဲ့တယ်။
စပ်မိစပ်ရာ၊ ပြောလိုက်တာ၊ နွားချင်းလဲရာ ရောက်သေးတယ်။
စကားမဆုံး၊ တစ်နေ့လုံး၊ အုံးအုံးကြွက်အောင် ပြောခဲ့တယ်။
သည်လိုနှင့်ပင်၊ နေသာဝင်၊ အိမ်လျှင်ပြန်ခဲ့တယ်။
ဥပုသ်စောင့်ရာ၊ ပြောကြတာ၊ မိုးမရွာကြောင်းသာ များကြတယ်။

၂၉။ သီလပြောက်ကြား၊ စောင့်လေငြား၊ မိုးကား ကွက်ကြားရွာတတ်တယ်။
မင်းတို့လူ့ဘောင်၊ သီလကြောင်၊ မိုးရှောင်ကွင်းတတ်တယ်။
မင်းတို့ဖြစ်ပုံ၊ အလုံးစုံ၊ အကုန်တွေးပကွယ်။
မင်းတို့စောင့်တာ၊ ဥပုသ်မှာ၊ ထမင်းဆာတာ သနားတယ်။
ဘာဝနာလမ်း၊ ကမ္မဋ္ဌာန်း၊ စီးဖြန်းပါလားကွယ်။
ဘာဝနာလမ်း၊ ကမ္မဋ္ဌာန်း၊ စီးဖြန်းနည်းခဲ့တယ်။

၃ဝ။ တရားစကား၊ အမောင့်အား၊ ဆွေးနွေးပါလားကွယ်။
တတ်သည်ဆိုလျှင်၊ ကျွန်တော်ပင်၊ အလွန်မေးချင်တယ်။

၃၁။ မေးသောအခါ၊ မင်းစိတ်မှာ၊ ဘာဝနာလားကွယ်။
မဖြေနိုင်က၊ အရှက်ရ၊ နာမည်ပျက်အောင် မေးခဲ့တယ်။
တစ်ခါတစ်ခါ၊ ကျုပ်တို့ရွာ၊ စာ စကားသာ ပြောကြတယ်။
သင်္ဂြိုဟ်ဘေးပေါက်၊ ကောက်သင်းကောက် ရောက်မိရောက်ရာ ငြင်းကြတယ်။
ကျွန်တော်ကတောင်၊ တတ်ဟန်ဆောင်၊ ဖောင်ဖောင်လန်အောင် ငြင်းခဲ့တယ်။

၃၂။ ငြင်းသောအခါ၊ မင်းစိတ်မှာ၊ ဘယ်လိုပါလဲကွယ်။
ကျွန်တော်ကပင်၊ ဂုဏ်လိုချင်၊ တတ်သည်ထင်အောင် ငြင်းခဲ့တယ်။
ကျွန်တော်တို့ရွာ၊ လူတွေဟာ၊ စာငြင်းတာနှင့် ရန်ဖြစ်တယ်။

၃၃။ အမောင်ယောက်ျား၊ လျှောက်စကား၊ အမှားတွေသာ များခဲ့တယ်။
အားကိုးစရာ၊ ကုသိုလ်မှာ၊ ဘယ်ဟာကိုမျှ မရှိတယ်။
တစ်ခုကိုမျှ၊ မေးမရ၊ ဝမ်းနည်းလှချေတယ်။
အမောင့်ဖြစ်ထွေ၊ သနားလေ၊ လူ့ပြည်မယား မကယ်တယ်။
မကယ်ဖြစ်တာ၊ မင်းတစ်ခါ၊ ကြမ္မာမှောက်တော့မယ်။
အမောင့်ဖြစ်ပုံ၊ အလုံးစုံ၊ အကုန်သနားတယ်။
ယမရာဇာ၊ မေးသောခါ၊ ခမျာမှိုင်၍ နေတော့တယ်။
သည်သောအခါ၊ ငရဲရွာ၊ ဆွဲကာချတော့တယ်။

ယမမင်းထံ အစစ်ခံ သံပေါက် နိဋ္ဌိတံ။

ကျမ်းကိုး ။ ။ အမတ်ကြီး ဦးပေါ်ဦး
ဒေ၀ဒူတ၀ဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်။

Read more...

တူညီသော်လည်း မတူညီခြင်း


လွန်ခဲ့သော နှစ်ပေါင်း ၂၀-ကျော်က ဖြစ်ပါသည်။ ကျွန်တော် တာဝန်ထမ်းဆောင်ခဲ့ဖူးသော စစ်တောင်းမြစ်ဝနားက ရွာတရွာတွင် သေးသေး နှင့် ကြီးကြီး ဟူသော အမွှာညီအကိုနှစ်ဦး ရှိသည်။ အမွှာညီအကို နှစ်ဦး၏ အမည်သညာများသည် ဆန့်ကျင်ဘက်သဘော ဆောင်နေကြဘိသကဲ့သို့ သူတို့၏စိတ်နေသဘောထား အကျင့်စရိုက် အမူအရာ အပြောအဆို စသည်တို့ကလည်း မတူကွဲပြား အဖြူနှင့်အမည်းအလား ခြားနားကြပါသည်။

အလွန်ထူးဆန်းသောအမွှာညီအကို နှစ်ဦးဖြစ်သည်။ တဦးနှင့်တဦး နာရီဝက်ပင်မခြားဘဲ ရှေ့ဆင့်နောက်ဆင့်ဆိုသကဲ့သို့ မွေးဖွားလာသူများ ဖြစ်သည်။ သေးသေးက အငယ်ဖြစ်၏။ ကြီးကြီးက အကြီးဖြစ်၏။ သေးသေးသည် ငယ်စဉ်ကတည်းက မိဘများအပေါ်ဆိုးသည်။ ကစားဖော်များနဲ့ ရန်ဖြစ်သည်။ လူကြီးသူမများ အပေါ်တွင်လည်း လေးစားရကောင်းမှန်းမသိ၊ အရွယ်ရောက်လာသောအခါ အရက်သောက်သည်၊ ဖဲရိုက်သည်၊ ကြက်တိုက်သည်၊ လောင်းကစား အမျိုးမျိုးလုပ်သည်။ ငယ်ငယ်ရွယ်ရွယ်နှင့်ပင် အိမ်ထောင်ကျသည်။ တဆက်မက အိမ်ထောင်သုံးဆက်ရှိခဲ့သည်။ အိမ်ထောင်ဆက်များခဲ့သော်လည်း အိမ်တဆောင် မီးတပြောင်နှင့် သားမယားတို့ကို ထားခဲ့သည်မဟုတ်။ မိဘအိမ်တွင်သာ ကပ်၍ နေခဲ့သည်။ မိဘက ကျွေးရသည်။ သူကဖြင့် ပျော်ချင်သလို ပျော်နေသည်။ သေးသေး ပထမအိမ်ထောင်နဲ့ ဒုတိယအိမ်ထောင်ကျစဉ်က အကိုကြီးကြီးမှာ လူပျိုဖြစ်၍ မိဘများနှင့်ပင် နေထိုင်လျက် သေးသေး၏ ၀န်တာကို မျှဝေခံစားရပေသည်။

ထို့အပြင် သေးသေးသည် အရက်သောက်ရင်း ကြက်တိုက်ရင်းမှ ခိုက်ရန်ပွားကာ ရိုက်နှက်မှုများဖြင့် မကြခဏပင် အချုပ်ခန်းထဲရောက်ခဲ့သည်။ သေးသေး၏ လက်သုံးစကားမှာ ( အမေက မွေး-ထောင်က ကျွေး)-ဟူ၏။ စကားနောက် တရားပါသည်ဟုပင် ဆိုရမည်လားမသိ။ တနေ့သောအခါ ခရီးသွားလင်မယားနှစ်ဦးကို လုယက်၍ ရက်ရက်စက်စက် သတ်မှုဖြင့် ထောင်ကျခဲ့ရလေသည်။

ကြီးကြီးကား ဤသို့မဟုတ်။ လူကြီးမိဘ ဆရာသမားတို့အား ရိုသေသည်။ အရက် ဖဲ လောင်းကစားဟူသည် မကောင်းမှုမှန်သမျှ ဘာမှ မလုပ်တတ်ပါ။ အပြောအဆို အမူအရာကအစ အားလုံးယဉ်ကျေးသည်။ လူချစ်လူခင်ပေါသည်။ မိဘများနှင့် ဒိုးတူပေါင်ဖက် လုပ်ကိုင်စားသောက်၍ နေသည်။ အရွယ်ရောက်သောအခါ မိဘများ ထိမ်းမြားပေး၍ ရွာထဲက အမျိုးသမီးတဦးနှင့် လက်ထပ်ခဲ့သည်။ အလုပ်ကြိုးစားသည်။ အိမ်ထောင်ကျ၍ လအနည်းငယ်ကြာသောအခါ ကိုယ့်အိုးကိုယ့်အိမ်နှင့် နေခဲ့သည်။ သို့သော် မိဘများကို ပစ်ပယ်မထားပေ။ ကျွေးမွေးထောက်ပံ့သည်။ ဇနီးဖြစ်သူကလည်း လိမ္မာရေးခြားရှိသည်။ ဤသို့ဖြင့် ရပ်ထဲရွာထဲ၌ ဘုရားဒကာ ကျောင်းဒကာ ဦးကြီးကြီးဟူ၍ ဖြစ်လာသည်။ ဘာသာရေး လူမှုရေးအားလုံး သူက ဦးဆောင်ခဲ့ရပါသည်။

လ နှစ်များ ကြာသောအခါ သေးသေး ထောင်ကလွတ်လာပါသည်။ ရွာသို့ ပြန်လာသည်။ ပိန်ချုံးချည့်နဲ့စွာဖြင့် တောင်ဝှေးကို အားပြု၍ လှမ်းခဲ့ရသည်။ ရွာထိပ်သို့ ရောက်သောအခါဝယ် သူထောင်မကျခင်က မရှိသေး။ ယခုမှ တွေ့လိုက်ရသော ရွှေသင်္ကန်း တ၀င်းဝင်းနဲ့ စေတီတဆူကို ဖူးတွေ့လိုက်ရပါသည်။

မိဘနှစ်ပါး အမှူးထား၍ ဦးကြီးကြီး+ဒေါ်လှလှ ကောင်းမှုဆိုပါလား-ဟု နှုတ်မှ တိုးတိုးညင်းညင်း ရေရွတ်ပြီး ဦးချလိုက်ပါသည်။ သေးသေး၏ ဘ၀တွင် သိတတ်သည့်အရွယ်မှစ၍ ယခုအကြိမ်သည် ဘုရားကို ပထမဆုံး ဦးချဖူးခြင်းဖြစ်သည်။

သို့သော် အားလုံးတို့သည် နောက်ကျခဲ့လေပြီတည်း။ သေးသေး ရွာသို့ ပြန်ရောက်၍ ၅-ရက်ခန့်ကြာသောအခါ ရောဂါပေါင်းစုံ၏ဒဏ်ကို ပြင်းထန်စွာ ခံစားရင်း သေဆုံးခဲ့ရလေသည်။ ဪ-မိဘအတူတူ နေ့ရက်အတူတူ မွေးဖွားခဲ့သော်လည်း အလုပ် (ကံ) ချင်း မတူသောကြောင့် (ကံ) အကျိုးပေးများမှာလည်း မတူနိုင်ခဲ့ပါတကား။

( မောင်သောင်းဝင်း-စစ်ကွင်း )

( မြတ်မင်္ဂလာ ၂၀၀၂-ခု ဇန်န၀ါရီလ )

Read more...

ဗုဒ္ဓ၀ါဒဆိုတာ...


ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး

ဗုဒ္ဓ၀ါဒသည် ကိုးကွယ်သည့် ဘာသာ (Religion) မဟုတ်

ကိုးကွယ်ခြင်း နှင့် ကျင့်သုံးခြင်း

ဇာတံ သရဏတော ဘယံ-ကိုးကွယ်ရာမှ ဘေး ဖြစ်တတ်သည်-ဟူသော ဗုဒ္ဓစကားတော်အရ
သတ္တ၀ါများစွာတို့သည် ကိုးကွယ်မှား၍ ဘေးဒုက္မများစွာ ရောက်ခဲ့ကြသည်။ ရောက်နေကြသည်။ ရောက်ကြလိမ့်ဦးမည်။ သတ္တ၀ါများစွာတို့သည် စည်းစိမ်ချမ်းသာ အဖြာဖြာကိုလိုလားတောင့်တသောကြောင့်လည်း ကိုးကွယ်ရာ ရှာကြသည်။
ဘေးအန္တရာယ်တခုခုဖြင့် ခြိမ်းခြောက်ခံရသောကြောင့်လည်း ကိုးကွယ်ရာ ရှာကြသည်။
ကိုးကွယ်ရာ ရသောအခါ ထိုကိုးကွယ်ရာက ချမ်းသာစည်းစိမ်အမျိုးမျိုးကို ပေးလိမ့်မည်ဟူ၍လည်း ယုံကြည်ကြသည်။ ဘေးအန္တရာယ်ကို ကာကွယ်ပေးလိမ့်မည်ဟူ၍လည်း ယုံကြည်ကြသည်။ သစ်သီးစားချင်သူသည် သစ်ပင်ပေါ်မတက်ဘဲ သစ်ပင်အောက် ထိုင်၍ သစ်ပင်ကို ရှိခိုးဆုတောင်းခြင်းဖြင့် သစ်သီး မစားရပေ။ သစ်ပင်ပေါ်တက်မှ သစ်သီးစားရမည် ဖြစ်၏။
ဒီဘက်ကမ်းမှ မြစ်ကို ဖြတ်၍ ဟိုဘက်ကမ်း သွားလိုသူသည် လှေရှာ၍ ခပ်မြန်မြန် ကူးရမည်သာ ဖြစ်၏။ ဟိုဘက်ကမ်းသည် ငါ့ဆီလာပါစေဟု ဆုတောင်းနေရုံဖြင့် ဟိုဘက်ကမ်း မရောက်ပေ။ ရောဂါ အနာ စွဲကပ်သူသည် ဆရာဝန်ကို ရှိခိုးရုံဖြင့် အနာရောဂါ မပျောက်ပေ။ ဆရာဝန် ညွှန်ကြားသည့် ဆေးကို သောက်ရမည်သာဖြစ်၏။ ဆရာဝန် တားမြစ်သည်ကို လိုက်နာရမည်သာ ဖြစ်၏။ သို့မှ အနာရောဂါ ပျောက်ပေမည်။
သစ်သီးစားချင်လျက် သစ်ပင်ပေါ် မတက်ဘဲ သစ်ပင် ရှိခိုးနေသလို-ဟိုဘက်ကမ်း သွားချင်လျက် လှေရှာ၍ မကူးဘဲ မြစ်ကြီးကို ရှိခိုးနေသလို-အနာရောဂါ ပျောက်လိုလျက် ဆေးမသောက်ချင်ဘဲ ဆရာဝန်ကို ရှိခိုးနေသလို ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်၍ ချမ်းသာသုခများစွာကို လိုလားကြကုန်သော
သတ္တ၀ါတို့သည် ကိုးကွယ်ရာ အမှန်ကို မရကြသည့်အတွက် ချမ်းသာသုခ မရသည့်အပြင် ပို၍ပင် ဆင်းရဲဒုက္ခရောက်နေကြသည်။



ကျင့်သုံးမှုနှင့် သတိတရား

ကိုးကွယ်ရာအမှန်ကား အကျင့်တရား။(စရဏ) ပင် ဖြစ်၏။

သစ်သီးစားချင်သူသည် သစ်ပင်ပေါ်တက်ရမည်သာ ဖြစ်၏။
ဟိုဘက်ကမ်း ရောက်လိုလျှင် လှေရှာ၍ ကူးရမည်သာ ဖြစ်၏။
အနာရောဂါ ပျောက်လိုလျှင် ဆေးသောက်ရမည်သာ ဖြစ်၏။


ထိုနည်းတူစွာ ဆင်းရဲလွတ်လိုလျှင် မကောင်းကျင့်ကို ရှောင်ရမည်။ ချမ်းသာရလိုလျှင် အကောင်းကျင့်ကို ကျင့်ရမည် ဖြစ်၏။ မိမိအကျင့်မကောင်းလို့ မိမိဆင်းရဲတာ၊ မိမိအကျင့်ကောင်းလို့ မိမိချမ်းသာတာ ထင်ရှားပါသည်။
ဒုစရိုက်ဟူသည် အပြစ်လည်း သင့်၏။ ဒုက္ခလည်း ပေးတတ်သည်။ သုစရိုက်ဟူသည် အပြစ်လည်း ကင်း၏။ သုခကိုလည်း ပေးတတ်သည်။ သို့ဖြစ်၍ ချမ်းသာရလိုလျှင် သုစရိုက်ကို ကျင့်သုံးရမည်သာ ဖြစ်၏။ ဆင်းရဲကင်းလိုလျှင် ဒုစရိုက်ကို ရှောင်ရှားရုံသာ ဖြစ်၏။
တရားကျင့်သူကို တရားက ပြန်၍ စောင့်ရှောက်ပါသည်။ (ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ )
ထို့ကြောင့် ကိုးကွယ်ခြင်းဟူသည် ကျင့်သုံးခြင်းပင် ဖြစ်၏။ ကျင့်သုံးရာ၌လည်း ယုံကြည်မှုနှင့် အသိဉာဏ် (သဒ္ဓါနှင့်ပညာ) ညီညွတ်စွာ ပေါင်းစပ်၍ သတိဖြင့် ကျင့်သုံးရပါသည်။
ဤကျင့်သုံးခြင်းဖြင့် ဒုက္ခနှင့် ဒုက္ခဖြစ်ခြင်းအကြောင်းရင်းကိုလည်း သိရမည်။ သုခနှင့် သုခ၏ အကြောင်းရင်းကိုလည်း သိရမည်။


ကျင့်ကြံမှုနှင့် အမှန်တရား

ဤအမှန်တရား လေးပါးကို သိစေသော အကျင့်မျိုးကို ဗုဒ္ဓ၀ါဒ ခေါ်သည်။
ဗုဒ္ဓ၀ါဒသည် ယုံကြည်မှုကိုသာ ဦးစားပေး၍ အသိဉာဏ် မပါသော (Religion) မျိုးလည်း မဟုတ်။ အသိဉာဏ်ကိုသာ ဦးစားပေး၍ ယုံကြည်မှုမပါသော (Philosophy) မျိုးလည်း မဟုတ်ပေ။
စရဏ ခေါ် ကိုယ်တိုင်ကျင့်ရသည့် အကျင့်တရားကတော့ Religion နှင့် Philosophy နှစ်မျိုးစလုံးမှာ မရှိပေ။ ဗုဒ္ဓ၀ါဒမှာ စရဏ (အကျင့်) က ပဓာန ဖြစ်ခြင်းကြောင့် ကိုယ့်ကိုယ်ကို အားကိုးရသော ၀ါဒဖြစ်၏။
လူဖြစ်ဖို့ ခက်၏။ သဒ္ဓါနှင့် ပညာ ပြည့်စုံသော လူ ဖြစ်ဖို့ ပို၍ခက်၏။ ထိုထက် ပို၍ ခက်သည်ကား စရဏ (အကျင့်) ဖြစ်၏။ သစ္စာသိဖို့ကား အခက်ဆုံးဖြစ်၏။ သစ္စာမသိသောကြောင့် ချမ်းသာမရ၊ ဆင်းရဲနေကြရ၏။
စရဏ ကို ကျင့်ဖို့ သစ္စာကို သိဖို့ရန် သဒ္ဓါ ပညာ ပြည့်စုံသောလူတို့ တရားမှန်ကို နာကြားရဖို့လည်း အခက်ကြီးတပါးပင် ဖြစ်၏။ ထို့ကြောင့် ဗာရာဏသီဆရာတော်ကြီးနှင့် မိမိတို့သည် အာရှခြောက်နိုင်ငံ (ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ နီပေါ၊ အိန္ဒိယ၊ သီရိလင်္ကာ) သို့ သုံးလနှင့် သုံရက်ကြာ ခရီးထွက်၍ ဘာသာ သာသနာ အရေးများကို နား, မျက်စိ မီသလောက် လေ့လာခဲ့ကြသည်။
၁၃၄၃-ခု တန်ဆောင်မုန်းလဆုတ် ၁၂-ရက်နေ့မှ စတင်ထွက်ခဲ့၍ ထိုနှစ် တပို့တွဲလကွယ်နေ့ မြန်မာပြည်သို့ ပြန်ရောက်သည်။ စင်ကာပူနှင့် မလေးရှားမှာ ၂-ပွဲ၊ ထိုင်းနိုင်ငံ ၇-ပွဲ၊ နီပေါ ၅-ပွဲ၊ အိန္ဒိယ ၂-ပွဲ၊ သီရိလင်္ကာ ၆-ပွဲ အသီးသီး တရားဟောခဲ့ပါသည်။ မလေးရှား နီပေါ အိန္ဒိယ သီရိလင်္ကာ တရားပွဲများမှာ တရာဟောပြီးလျှင် မေးခွန်းတွေ များစွာ မေးကြသည်။


ဗုဒ္ဓ၀ါဒသည် ဘာကို အခြေခံသလဲ

ယနေ့ကမ္ဘာလောကမှာ Religion ဆိုသော စကားကို လူတိုင်း သုံးစွဲပြောဆိုနေကြပါတယ်။ သူတို့ပြောနေတဲ့ အဓိပ္ပါယ်က လူသားတွေ ကိုးကွယ်တဲ့ ဘာသာတရားအားလုံး Religion လို့ ဆိုနေကြတာပါပဲ။ အများပြောကြတဲ့အတိုင်းဆိုရင် ဗုဒ္ဓ၀ါဒလည်း Religion အထဲ ပါဝင်နေပါလိမ့်မယ်။
ဗုဒ္ဓ၀ါဒကို Religion မဟုတ်ဘူးလို့ဆိုချင်ပါတယ်။ ပြီးတော့ ယုံကြည်မှု၊ မျှော်လင့်တောင့်တမှုထားပြီး ကိုးကွယ်နေရတဲ့ စနစ်မျိုးလည်း မဟုတ်ဘူးလို့ ဆိုချင်ပါတယ်။ ဗုဒ္ဓ၀ါဒသည် တစုံတယောက်သော တန်ခိုးရှင်ကို ယုံကြည်ပြီး မှီခိုနေရတဲ့ ၀ါဒမျိုး မဟုတ်ပါဘူး။
အသိဉာဏ်နှင့် အကျင့် မပါတဲ့ ယုံကြည်မှု (သဒ္ဓါ) မျိုးကို ဗုဒ္ဓ၀ါဒက လက်မခံလိုပါဘူး။ ယုံကြည်မှု (သဒ္ဓါ) ဆိုတာဟာ အသိဉာဏ်ပေါ်မှာ အခြေခံရပါတယ်။ အသိဉာဏ်ပေါ်မှာ အခြေခံမှ ယုံကြည်မှု (သဒ္ဓါ) ဟာ အကျင့်တရား ပါတယ်။ အကျင့်တရားပါမှ ချမ်းသာစစ်၊ ချမ်းသာမှန်ကို ရနိုင်ပါတယ်။
ဗုဒ္ဓရဲ့ အဆင်းတော်၊ အသံတော်၊ ဘုန်းတော်၊ တန်ခိုးတော်၊ ဉာဏ်တော်တွေကို အလွန်အမင်း ကြည်ညိုပြီး ဗုဒ္ဓအနားက မခွာနိုင်အောင် ဖြစ်နေတဲ့ ၀က္ကလိ ရဟန်းတော်ကို ဗုဒ္ဓက-
အို-၀က္ကလိ၊ ငါ၏ ပူတိကာယ (အပုပ်ပြည့်တဲ့ကိုယ်ကြီး) ကို ကြည်ညို၍နေခြင်းဟာ ဘာအကျိုး ရှိမည်နည်း။ သွားလော့၊ ကျင့်လော့၊-ဟု နှင်ထုတ်ခဲ့ထူးပါတယ်။ ၀က္ကလိ ရဟန်းကို နှင်ထုတ်တာဟာ သဒ္ဓါသာရှိပြီး ပညာနှင့် အကျင့်ကို အသုံးမချလို့ ဖြစ်ပါတယ်။



ဗုဒ္ဓကို ဘယ်လို ယုံကြည်အားကိုးသလဲ

ဗုဒ္ဓ၀ါဒမှာ သဒ္ဓါကို လက်မခံဘူးတော့ မဟုတ်ပါဘူး။ သဒ္ဓါကို အရေးကြီးတဲ့ သဘာဝတရားတခု အနေနဲ့ လက်ခံပါတယ်။ ဥပမာ-အနာရောဂါ ရနေတဲ့ လူမမာဟာ သူ့ကို ဆေးကုတဲ့ ဆေးဆရာရဲ့ အရည်အချင်းကို ယုံကြည်ထားရသလိုပါပဲ။ ထို့ပြင် ပညာသင်နေတဲ့ ကျောင်းသား တပည့်ဟာ မိမိအား ပညာသင်ပေးနေတဲ့ ဆရာ့အရည်အချင်းနှင့် မေတ္တာ၊ ကရုဏာကို ယုံကြည်ထားရသလိုပါပဲ။
ဗုဒ္ဓဘာသာဝင်တွေဟာ ဗုဒ္ဓအပေါ်မှာ ဒုက္ခအားလုံးမှ လွတ်မြောက်ရေး လမ်းစဉ်၊ ချမ်းသာစစ် ချမ်းသာမှန် ရရှိရေး လမ်းစဉ်တွေကို ရှာဖွေပေးတဲ့ ပုဂ္ဂိုလ်အဖြစ်ဖြင့် ယုံကြည်ကြတယ်။ အားကိုးကြတယ်။
သို့သော် ယုံကြည်အားကိုးနေကြတဲ့ သတ္တ၀ါတွေရဲ့ အပြစ်တွေ၊ အညစ်အကြေးတွေ၊ ဆင်းရဲဒုက္ခတွေကို ဗုဒ္ဓက တန်ခိုးတော်နဲ့ ပယ်ဖျောက်ပေးလိမ့်မယ်၊ ချမ်းသာသုခအားလုံး ပစ်ချပေးလိမ့်မယ်၊ ချမ်းသာတဲ့ ဘုံဌာနကြီးတခုသို့ ဆွဲခေါ်ကယ်တင်သွားလိမ့်မယ် ဆိုတဲ့ မျှော်လင့်ချက်၊ ယုံကြည်ချက်တွေနဲ့ ဗုဒ္ဓကို ယုံကြည်အားကိုးနေကြတာ မဟုတ်ပါဘူး။




ဗုဒ္ဓ ဘယ်လို ညွှန်ကြားခဲ့သလဲ


ဗုဒ္ဓကလည်း-သင်တို့ရဲ့ ကျူးလွန်ထားတဲ့ အပြစ်တွေ ငါ အားလုံး ဆေးကြောသုတ်သင်ပေးမယ်၊ အပြစ်နှင့် ဒုက္ခမှ လွတ်မြောက်စေပြီး ချမ်းသာတဲ့ ဘုံဌာနကြီးတခုသို့ ငါ ပို့ဆောင်ပေးမယ်-လို့ ဘယ်တော့မှ ဘယ်တုန်းကမှ အာမခံချက် မပေးပါဘူး။
ဒီအာမခံချက်မျိုး ဘယ်ပုဂ္ဂိုလ်မှလည်း မပေးနိုင်ပါဘူး။ တစုံတယောက်ရဲ့ ပြစ်မှုတွေကို ပယ်ရှားပေးနိုင်တဲ့ တန်ခိုးသတ္တိဟာ ဗုဒ္ဓမှာ မရှိပါဘူး။ တကယ်စင်စစ်တော့ တစုံတယောက်သည် အခြားတစုံတယောက်ကို သန့်ရှင်းအောင်လည်း လုပ်မပေးနိုင်ပါဘူး။ ညစ်နွမ်းအောင်လည်း လုပ်မပေးနိုင်ပါဘူး။ မိမိသည်သာလျှင် မိမိကိုယ်ကို ညစ်နွမ်းစေနိုင်ပြီး မိမိသည်ပင် မိမိ၏ သန့်ရှင်းရေးကို ဆောင်ရွက်နိုင်ပါတယ်။ တယောက်က တယောက်ကို ကယ်တင်နိုင်ကြတာ မဟုတ်ပါဘူး။
ထို့ကြောင့် ကျောင်းဆရာ တယောက်ဟာ ကျောင်းသားတယောက်ကို သင်ကြားပြသသလို ပါပဲ။ ဗုဒ္ဓသည် ဆရာနှင့်တူစွာ ကျွန်ုပ်တို့ကို ညွှန်ကြားခဲ့ပါတယ်။ မိမိကိုယ်ကို မိမိတို့ အားကိုးကြပါ။ ကိုယ်ကျင့်ထားတဲ့ တရားကို အားကိုးကြပါ။ ကိုယ်ကျင့်ထားတဲ့ ကိုယ်ကျင့်တရားက လွဲလို့ တခြား အားကိုးစရာ မရှိပါဘူး-တဲ့။


လွတ်လပ်မှုအပြည့်ရှိတဲ့ ဗုဒ္ဓဘာသာ


ဗုဒ္ဓဘာသာဝင်တယောက်သည် ဗုဒ္ဓကို ကိုးကွယ်ဆည်းကပ်နေပေမယ့် စစ်ရှုံးလို့ လက်နက်ချ အရှုံးပေး၊ အညံ့ခံ လိုက်တာမျိုး မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်တယောက် ဖြစ်လာတာနဲ့ပဲ လွတ်လပ်စွာ တွေးတောကြံစည် စဉ်းစား ဝေဖန်ခြင်းတို့ကို စွန့်လွှတ်ရတာမျိုး မဟုတ်ပါဘူး။ မိမိစိတ်ထဲမှာ အချုပ်အနှောင်မရှိ လွတ်လပ်စွာ ကျင့်ကြံအားထုတ်နိုင်ပါတယ်။ ဘယ်လောက်အထိ လွတ်လပ်ပါသလဲဆိုရင် ကိုယ်ကိုယ်တိုင် ဗုဒ္ဓ ဖြစ်လာသည်အထိ မိမိရဲ့ အသိဉာဏ်များကို ပွားများနိုင်ပါတယ်။ တို့ချဲ့နိုင်ပါတယ်။
ဗုဒ္ဓ၀ါဒရဲ့ အစကတော့ သမ္မာဒိဋ္ဌိ ပါပဲ။ သမ္မာဒိဋ္ဌိ ဆိုတာ အသိဉာဏ် မှန်ကန်ဖို့၊ အယူအဆ မှန်ကန်ဖို့ ပါပဲ။ ဒုက္ခ နှင့် ဒုက္ခအကြောင်းမှန်ကို သိရှိနားလည်ရမယ်။ ဤအချက်တို့ကို သိရှိနားလည်ဖို့ရန် မိမိတို့၏ စိတ်၊ စေတသိက် တို့ရဲ စွမ်းရည်သတ္တိကို လွတ်လပ်စွာ အသုံးချဖို့ လိုအပ်ပါတယ်။ ထိုသစ္စာတရားတို့ကို ရှာဖွေပေးခဲ့တဲ့ ဗုဒ္ဓက ကောသလတိုင်း ကေသမုတ္တိရွာသား ကာလာမလူမျိုးတို့အား အောက်ပါအတိုင်း ဟောထားခဲ့ပါတယ်။


ဗုဒ္ဓရဲ့ စကားကြီး ၁၀-ခွန်း


ကာလာမတို့-
၁။ အဆင့်ဆင့်ပြောဆိုလာခဲ့တဲ့ ရှေးစကား ကြားရုံမျှနဲ့လဲ ၀ါဒတခု လက်မခံလိုက်နဲ့ဦး။


၂။ အစဉ်အဆက်က ကျင့်သုံးလာတဲ့ ဓလေ့ထုံးစံအားလုံးလဲ မှန်တယ်လို့ သိမ်းကျုံး လက်မခံလိုက်နဲ့ဦး။


၃။ သူတပါး ပြောတိုင်းလဲ မစုံစမ်း မဆင်ခြင်ဘဲ လက်မခံလိုက်နဲ့ဦး။


၎။ စာနဲ့ ရေးထားတိုင်းလဲ အားလုံးမှန်ပြီလို့ လက်မခံလိုက်နဲ့ဦး။


၅။ မိမိတွေးတောကြံဆလို့ ပေါ်လာတဲ့ မိမိရဲ့ အတွေးအကြံတွေအားလုံး မှန်ပြီလို့ လက်မခံလိုက်နဲ့ဦး။


၆။ မှီရာနည်းနိဿယတွေ ရှိသားပဲဆိုပြီး အဲဒီနည်းတွေကို မှန်ပြီလို့ လက်မခံလိုက်နဲ့ဦး။


၇။ မိမိအကြံအစည် အတွေးအခေါ်ကို မိမိဘာသာ အကြောင်း အထောက်အထားပေးပြီး ခိုင်လုံလှပြီလို့ မယူလိုက်နဲ့ဦး။


၈။ မိမိကြိုတင် စဉ်းစား တွေးတော လက်ခံထားသော အယူအဆနှင့် တစုံတယောက် ဟောပြောချက်၊ ရေးသားချက်၊ အယူအဆတို့ ကိုက်ညီပါပေတယ်ဆိုပြီး လက်မခံလိုက်နဲ့ဦး။


၉။ ထင်ရှားကျော်ကြားပြီး လူအများ လေးစားတဲ့ပုဂ္ဂိုလ်ကြီး ပြောတဲ့စကားပဲဆိုပြီးတော့လဲ လက်မခံလိုက်နဲ့ဦး။


၁၀။ ငါတို့ လေးစားတဲ့ ငါတို့ ဆရာ့စကားဆိုပြီးတော့လဲ အပြီးသတ် လက်မခံလိုက်ပါနဲ့ဦး။



ကောင်းဆိုးနှစ်ဖြာ ခွဲခြားပါ

ကာလာမတို့-ဤတရားကား စက်ဆုပ်ဖွယ် တရားတို့ပါတကား။ ဤအကျင့်တို့ကား မကောင်းသော အကျင့်တို့ပါတကား။ ဤအကျင့်တို့ကား သူတော်ကောင်းများ ကဲ့ရဲ့သော အကျင့်တို့ပါတကားလို့ သင်တို့ကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်နဲ့ သိနိုင်ကြသားပဲ။
အဲဒီလို သိတဲ့အခါ အဲဒီမကောင်းတဲ့ အကျင့်တရားတွေကို ပယ်လိုက်ကြ၊ စွန့်လိုက်ကြရုံပဲပေါ့။ အဲဒီအကျင့် တစုံတခုကို ကျင့်လို့ အကျိုးမဲ့ ဖြစ်မယ်၊ ဆင်းရဲမယ်ဆိုရင် ဘာပြုလို့ ကျင့်နေရမှာလဲ ပယ်လိုက်ကြပေါ့။
ကာလာမတို့-သင်တို့သည် သင်တို့၏ ကိုယ်ပိုင်ဉာဏ်ဖြင့် ဤအကျင့်တရားတို့သည် အပြစ်ကင်း၍ သန့်ရှင်းသော တရားများ၊ ကောင်းကျိုးချမ်းသာဖြစ်၍ ပညာရှိ သူတော်ကောင်းများ ချီးမွမ်းသော အကျင့်တရားတွေပဲလို့ သိသောအခါ ဒီအကျင့်တရားမျိုးကို လိုက်နာကျင့်သုံးကြပေါ့။
သင်တို့ ကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်နဲ့ သိနိုင်ကြသားပဲ။ ဘာပြုလို့ မျက်စိမှိတ်နေကြတာလဲ။
ကိုယ်ပိုင်ထားသော စိတ်၊ စေတသိက်တို့ရဲ့ ထက်မြက်လှစွာသော စွမ်းရည်သတ္တိတွေကို အသုံးချလိုက်ကြပါ။
ဤသုတ္တန်လာ ဗုဒ္ဓ၏ မိန့်ခွန်းသံများဟာ ဘာသာရေးမှာ မျက်စိမှိတ်နေကြတဲ့ ပုဂ္ဂိုလ်တွေကို မျက်စိပွင့်စေတဲ့ စွမ်းအားတမျိုး ဖြစ်ပါတယ်။ ကိုးကွယ်ဆည်းကပ်မှု၌ တွေဝေ ငေးငိုင်နေသူတွေကို ကြည်လင်တက်ကြွလာစေတဲ့ မိန့်ခွန်းတော်များလဲ ဖြစ်ပါတယ်...။

သီတဂူ ဆရာတော်ဘုရားကြီး
( ၁၉၉၉-ခု မေလထုတ် မြတ်မင်္ဂလာမှ )

ဗုဒ္ဓဘာသာဝင်တိုင်း သိသင့်သိထိုက်တဲ့ သီတဂူဆရာတော်ဘုရားကြီးရဲ့ ဆောင်းပါးတစ်ပုဒ်အား စာဖတ်သူအားလုံးအတွက် ပြန်လည်မျှဝေလိုက်ပါတယ်...။
အားလုံးပဲ ဗုဒ္ဓဘာသာရဲ့အနှစ်သာရကို မှန်ကန်စွာ သိရှိနားလည်ကြပြီး ယုံကြည်မှု (သဒ္ဓါ ) နှင့်
အသိဉာဏ် ( ပညာ) တို့ ညီညွတ်စွာ ပေါင်းစပ်၍ သတိဖြင့် ကျင့်သုံးနိုင်ကြသော ဗုဒ္ဓဘာသာဝင် သူတော်စင်များဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်...။

ချစ်ခင်လေးစားလျှက်
နှင်းဟေမာ
(2 Nov 2009)

Read more...

ဤသည်ပင်လျှင် ဆင်းရဲ၏ အဆုံးတည်း...


စတုတ္ထနိဗ္ဗာနပဋိသံယုတ္တသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ် သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို နိဗ္ဗာန်နှင့် စပ်သော တရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက် တရားကို ဆောက်တည်စေကာ တရားကျင့်သုံးရန် ထက်သန် ရွှင်လန်းစေတော်မူ၏။

ထိုရဟန်းတို့သည် အရိုအသေပြု၍ နှလုံးသွင်းလျက် အလုံးစုံသော စိတ်ဖြင့် ကောင်းစွာ ဆောင်ပြီးလျှင် နားစိုက်ကာ တရားကို နာကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသော အချိန်၌-

''ရုပ်အစရှိသော သင်္ခါရ၌ တဏှာ ဒိဋ္ဌိတို့ဖြင့် မှီသောသူအား တဏှာ ဒိဋ္ဌိတို့ဖြင့် တုန်လှုပ်၏။ တဏှာဒိဋ္ဌိတို့ဖြင့် မမှီသောသူအား တုန်လှုပ်မှု မရှိ၊ တုန်လှုပ်မှု မရှိသော် ငြိမ်းအေး၏။ ငြိမ်းအေးမှု ရှိလတ်သော် ညွတ်မှုတဏှာ မဖြစ်၊ ညွတ်မှု တဏှာ မရှိသော် ပဋိသန္ဓေအားဖြင့် ဤဘဝသို့ လာခြင်း, စုတေအားဖြင့် ထိုဘဝသို့ သွားခြင်း မဖြစ်၊ လာခြင်း သွားခြင်း မရှိသော် စုတေခြင်း ပဋိသန္ဓေနေခြင်း မဖြစ်၊ စုတေခြင်း ပဋိသန္ဓေနေခြင်း မရှိသော် မျက်မှောက်ဘဝ၌ လည်းကောင်း၊ တမလွန်ဘဝ၌ လည်းကောင်း၊ နှစ်ပါးစုံဘဝ၌ လည်းကောင်း မဖြစ်တော့လတ္တံ့။ ဤသည်ပင်လျှင် ဆင်းရဲ၏ အဆုံးတည်း'' ဟု ဤ ဥဒါန်းကို ကျူးရင့်တော်မူ၏။ 74

၎ - စတုတ္ထနိဗ္ဗာနပဋိသံယုတ္တသုတ်၊ ပါဋလိဂါမိယဝဂ်၊ ဥဒါန်းပါဠိတော်၊

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Read more...

ဒေါင်းမြူးချောင်းတေး(၃)


(၁)

နဘဲကျင်းရပ်ကိုလွန်လိုက်သည်နှင့် ငယ်စဉ်က သူနေခဲ့ရာ မြို့ရှေ့ရေ၀န်းကျောင်းတိုက်ကြီးက ဘွားကနဲ ပေါ်လာသည်။


ကျောင်းတိုက်ပရိဝုဏ်ပြင်ပတွင် ရှည်လျားခိုင်ခံ့သောအုတ်တံတားကြီးရှိသည်။ သူကိုရင်လေးဘ၀က ညနေခင်း ဆွမ်းချိုင့်ပို့ပြီး ပြန်လာချိန်တွင် ကျောင်းထဲသို့တိုက်ရိုက်မပြန်ဘဲ ရပ်ကွက်ထဲက ကလေးများနှင့် ရောနှော ဆော့ကစားခဲ့ဖူးရာ တံတားကြီးဖြစ်သည်။


ဝန်းသိုမြို့လေး၏ ထုံးစံက ညနေပိုင်းတွင် ဆွမ်းအလှူရှင်အိမ်များဆီ သူတို့ကိုရင်လေးများက ဆွမ်းချိုင့်အလွတ်များကို လိုက်ပို့ထားရသည်။ နောက်နေ့ နံနက် ၉း၃၀ နာရီခန့်မှာတော့ ထိုဆွမ်းချိုင့်များကို ပြန်ယူရမည်ဖြစ်သည်။ ညနေခင်းသည် တစ်နေ့တာအတွက် သူမျှော်လင့်ရသော အချိန်ဖြစ်သည်။ နံနက် လင်းသည်နှင့် ကျောင်းဝေယျာဝစ္စ၊ ဆရာသမားဝတ်ဖြည့်ရခြင်းနှင့် ပျင်းရိငြီးငွေ့ဖွယ် စာတက်စာကျက် ချိန်များကိုသာ တွန့်လိမ်နေအောင် ကျော်ဖြတ်ရလေသောအခါ ညနေခင်း ဆွမ်းချိုင့်ပို့ ချိန်များကို တစ်နေတာ အကောင်းဆုံးအချိန်ဆုပေးဖြစ်သည်။


စာတက်စာကျက်ဆိုသည်ကလည်း အချိန်ပိုင်းခြားထားသည်မျိုးမဟုတ်။ ဆရာဘုန်းကြီးထံမှ ကြမ်းပြင်ကို ကြိမ်ဖြင့်ရိုက်လိုက်သည့် ဗြောင်းကနဲ မည်သံမကြားမချင်း တစ်နေကုန် အသံအီနေရလေသည်။ ဆရာဘုန်းကြီး က အတွေးခေါ်ခေတ်မီဟန်ရှိသော်လည်း ရှေးရိုးအစဉ်အလာများကို ဆက်လက်ထိန်းသိမ်း တတ်ပါသည်။ ရဟန်းသာမဏေဟူသည် စိတ်မလေလွင့်အောင် အချိန်တိုင်း စာဖြင့် ဖိကပ်ထားရမည် ဟု ယုံကြည်နေသည်။ တစာစာ လုပ်နေမှ စာတတ်မယ် ဟုလည်း သြ၀ါဒပေးတတ်သည်။


ဘယ်အချိန်မှာ စာကျက်ရမည် မပြဌာန်း၊ နံနက်ဆွမ်း နေဆွမ်းစားချိန်၊ ကျောင်းဝေယျာဝစ္စဆောင်ရွက်ချိန်နှင့် ရေချိုးချိန်များမှအပ ကျန်အချိန်များသည် သူတို့အတွက် စာအုပ်နှင့် မျက်နှာကပ်နေရလေသည်။ ရေက တစ်နေ့လျှင် နံနက်တစ်ကြိမ်သာ ချိုးရလေ့ရှိသည်။ ညနေခင်းရေချိုးလျှင် မကြိုက်ပါ။ လှချင်ပချင် လိုက်ကြတာ ဟုပင် အပြစ်တင်တတ်ပါသေးသည်။ ဖျားနာလျှင် ညနေရေချိုးလို့ ဟုလည်း အယူရှိတတ်သည်။


စည်းကမ်းကြီးကာ အကွပ်အညပ်ကောင်းလှသော သူတို့ဆရာဘုန်းကြီးထံတွင် စာသင်သားများများ ကြာကြာ နေနိုင်လေ့မရှိပါ။ သူသည်ပင်လျှင် ဖခင်က ဘုန်းတော်ကြီးနှင့် ငယ်သူငယ်ချင်းပီပီ ''တပည့်တော်သား မကျိုး မကန်းပြီးရော၊ ရိုက်သာရိုက်ဘုရား။ စာတတ်ဖို့သာ အဓိက၊ အရှင်ဘုရားရိုက်လို့ ထွက်လာရင်လည်း တပည့်တော်က ဆီးရိုက်မယ် ဘုရား "ဟု ဆရာဒကာအချင်းချင်း ကတိစကားထားကြသည်ကို ကြားရသော ကြောင့်သာ ထွက်ပေါက်မရှိဖြစ်သွားသည်။ သူလည်း ပြေးချင်ခဲ့တာပါပဲ။


ထိုသည့်အခါ ကျောင်းတိုက်နှင့်၊ ဘုန်းကြီး၏ ကြိမ်လုံးနှင့်၊ ပျင်းရိငြိးငွေ့ဖွယ်ရာ သဒ္ဒါ သဂြိုဟ်စာမျက်များနှင့် ဝေးရာ ဆွမ်းချိန်ပို့ချိန်များကို သူမျှော်ရပါသည်။ ဆွမ်းအလှူရှင်က ဝေးလေ သူတို့ကိုရင်လေးတွေ အကြိုက်တွေ့လေ ဖြစ်သည်။ ကျောင်းပြန်နောက်ကျလျှင်လည်း ဝေးလို့နောက်ကျတာပေါ့လေ။ တကယ်တော့ သူတို့ကိုရင်လေးတွေက လူပြတ်သောလမ်းကို ရွေးပြီး ပြေးကြသည်။ ဆွမ်းချိင့်မည်သံ ဂွလွမ်း ဂွလွမ်းတွေကိုပင် ပြန်ကြားနေသေးသည်။


သူတို့ကို စောင့်နေမည့် အုတ်တံတားကြီးဆီ ။ ထိုအုတ်တံတားပေါ်က ဒိုးပစ်၊ သရေးကွင်းပစ်ပွဲလေးတွေဆီ၊ သူ့စည်း ကိုယ့်စည်း ငြင်းခုန်သံများဆီ။


(၂)


ထိုအုတ်တံတားကြီးက ပထမရေ၀န်းဆရာတော်ကြီးကို ကန်တော့ရန်ရောက်လာမည့် မဃဒေ၀လင်္ကာသစ် ကျမ်းပြုအကျော် မန်လည်ဆရာ တော်ကြီးကို ကြိုဆိုရန် ခင်းထားခဲ့ခြင်းဖြစ်သည်ဟု ဆိုစမှတ်ရှိသည်။ ၀န်းသိုနှင့် မန်လည်ဆိုသည်က ခရီးကြမ်းတစ်ပြေးတည်း ဖြစ်သည်။


ပထမရေ၀န်းဆရာတော်ကြီး ဘွဲ့တော်က အရှင်ဇယန္တမဟာထေရ်ဖြစ်သည်။ မန္တလေးရတနာပုံနေပြည်တော်မှာ ပရိယတ္တိပညာတွေကို ကုံလုံအောင် ဆည်းပူးခဲ့သည့် ပရိယတ္တိအချွန်အမွန်ဆရာတော်ကြီးတစ်ပါးဖြစ်သည်။

ရတနာပုံနန်းတွင်းရေးအခြေအနေများ ရှုပ်ထွေးချိန်မှာတော့ အေးချမ်းသော ၀န်းသိုမြို့လေးဆီ ခိုလှုံရန် ရောက် ရှိလာခြင်းဖြစ်သည်။



ဝန်းသိုမြို့လေးတွင် တပည့်ရဟန်းသာမဏေများကို စာပေပို့ချရင်း သိက္ခာသုံးရပ်ကို ဖြည့်ဆည်းကျင့်ကြံ နေခဲ့သည်။ ဆရာတော်ကြီးကို အကြောင်းပြုကာ ရေ၀န်းကျောင်းတိုက်သည် ပရိယတ္တိစာသင်တိုက်ကြီးအဖြစ် နှစ်ပေါင်းများစွာ ထွန်းကားခဲ့သည်။ မြို့ပေါ်ရှိထက်ဝက်ခန့်မျှသော ကျောင်းတိုက်များသည် ရေ၀န်းကျောင်း တိုက်ကြီးကို အမှီပြုဖြစ်ပေါ်လာကြသည်။



ဝိနည်းပိဋကတ် ၀ိနိစ္ဆယကျမ်းပြုအကျော် အဂ္ဂမဟာပဏ္ဍိတ မဟာဗောဓိဆရာတော်ကြီးသည် ၀န်းသိုပထမ ရေ၀န်းဆရာတော်ဘုရား၏ သြရသတပည့်ကြီးဖြစ်သည်။ အဘိဓဇ ခန္တီးဆရာတော်ဘုရားကြီးသည်လည်း ပထမရေ၀န်းဆရာတော်ကြီးကို ဥပဇ္ဈာယ်ပြုကာမြတ်သောရဟန်းဘ၀ကို ခံယူခဲ့သည်။ ထို့ကြောင့် ပင် ခန္တီးဆရာ တော်ကြီးက နှစ်စဉ် ရေ၀န်းကျောင်းတိုက်သို့ ကြွရောက်ကာ ဥပဇ္ဈာယ်ဆရာ၏ အရိုးဂူကို ဦးခိုက်လေ့ရှိသည်။

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP