* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, March 28, 2010

“နတ်တိအွန်နယ်ဆရာတော်”

မင်းကွန်းဆရာတော်ဘုရားကြီးဦးဝိစိတ္တသည် ပြည်တွင်းပြည်ပတွင် သာသနာပြုရဟန်းတော်များ ပေါ်ထွန်းရန် ဟူသော ရည်ရွယ်ချက်ဖြင့် သာသနတက္ကသိုလ်ကြီးနှစ်ခုကို တည်ထောင်တော်မူခဲ့ပါသည်။ ရန်ကုန်မြို့တွင် သာသ န တက္ကသိုလ်တစ်ခုတည်ထောင်တော်မူ၍ မန္တလေးမြို့တွင် သာသနတက္ကသိုလ်တစ်ခုကို တည်ထောင် တော်မူခဲ့ပါသည်။ ထိုတက္ကသိုလ်ကြီးများတွင် ပါဠိဘာသာအပြင် တခြားအင်္ဂလိပ်ဘာသာ သက္ကတဘာသာ စသည် တို့ကို လည်း သင်ကြရလေသည်။ အထူးအားဖြင့် တက္ကသိုလ်ရောက်မှ အင်္ဂလိပ်စာကို ABCမှ စသင်ကြရ သည်။ ဤသည်ကို သိသော ဆရာများသည် သံဃာတော်များကို အသံထွက်သင်္ကေတဖြင့် အသံကို ဘယ်လို ထွက်ရမည်ဆိုသည်ကို အထူးအားဖြင့် သင်ကြားပေးတော်မူခဲ့ပေသည်။ ဆရာနည်းကို လေ့လာလိုက်စားသော သံဃာတော်များအတွက် အင်္ဂလိပ်စာကို အထူးပင် တော်သွားကြကာ အသံထွက်သည်လည်း နားဝင်ချိုဖွယ် ပင်ဖြစ်ပါပေသည်။ သို့သော် အချို့သော သံဃာတော်များသည် ဆရာသင်ပြပေးသည်ကိုလည်း နားစိုက်၍ မထောင်ပေ။ အသံထွက်ကိုလည်း ထင်ရာထွက်ကြပေသည်။ ထို့သို့ထင်ရာထွက်သဖြင့် ဈေးချိုမှ နာရီရောင်း သော ဒါယိကာမလေးများ မျက်စိလည်သွားပုံကို တင်ပြပေအံ့။ တစ်နှစ်က မန်းသာသနတက္ကသိုလ်မှ ကိုယ်တော် လေး တစ်ပါးသည် ဈေးချိုသို့ ရေဒီယိုဝယ်ရန် ကြွသွားလေသည်။ ရေဒီယိုဆိုင်ရောက်သောအခါ အရောင်းစာ ရေးမလေးများက
“အရှင်ဘုရား ဘာအလိုရှိပါသလဲ ဘုရား။” ဟု မေးလျှောက်လေသည်။ ဤတွင် ကိုယ်တော်လေးမှ
“ဒကာမလေးတို့ ဦးဇင်း “နတ်တိအွန်နယ်အမျိုးစားရေဒီယို”တစ်လုံးလိုချင်တယ်၊ အဲဒီအမျိုးအစား ရေဒီယိုကို ဦးဇင်းကို ပြပေးပါ။ ”ဟု အမိန့်ရှိလေသည်။ စာရေးမလေးများကြောင်သွားသည်။ ထိုအခါ
“အရှင်ဘုရား တပည့်တော်တို့ ရေဒီယိုဆိုင်မှာ အလုပ်လုပ်လာတာ ကြာပြီ “နတ်တိအွန်နယ်အမျိုးစားရေဒီယို”ကို တစ်ခါမှ မကြားဖူးပါဘူး။”ဟု စားရေးမလေးများက လျှောက်ထားလေသည်။ ဤတွင် ကိုယ်တော်လေးမှ သူပြော သည်ကို နားမလည်ရကောင်းလားဆိုပြီး
“နင်တို့ကလဲ ဆိုင်မှာ အလုပ်လုပ်နေတာကြာပြီး ဒါတောင်မသိဘူးလား၊ ဟိုမှာလေ ငါပြောတဲ့ ရေဒီယိုက ဆိုပြီး national အမျိုးအစားရေဒီယိုကို ထိုးပြလေတော့သည်။ ထိုအခါမှ စာရေးမလေးတွေ သဘောပေါက်သွားသည်။ တစ်ယောက်ကို တစ်ယောက်ကြည့်လျှက် ပြုံးကာ နေရှင်နယ်အမျိုးအစားရေဒီယိုကို ထုတ်ပြလေတော့သည်။ ကိုယ်တော်လေးသည်
“နင်တို့ ဆိုင်က, စာရေးမတွေဖြစ်ပြီး 'နတ်တိအွန်နယ်ရေဒီယို' တောင်မသိဘူး၊ မှတ်ထား ဒါ “နတ်တိအွန်နယ် ရေဒီယို”လို့ခေါ်တယ်”ဟု စာရေးမလေးတွေကို သင်ပြပေးလိုက်သေးသည်။ ဤတွင် စားရေမလေးများက
“အရှင်ဘုရားအသံထွက်က အစစ်ကြီးလိုဖြစ်နေတော့ လိုက်မမှီလို့ပါဘုရား”ဟု လျှောက်တင်သောအခါ
“ဒါတောင် ငါတက္ကသိုလ်မှာ အင်္ဂလိပ်စာသင်တာ တစ်နှစ်မပြည့်သေးဘူး၊ ခြောက်လဘဲရှိသေးတယ်။”ဟု ပြန် ကြွားလိုက်သေးသည်။ တက္ကသိုလ်ရောက်ပြန်တော့လည်း အေးအေးမနေ။ သူနတ်တိအွန်နယ်ရေဒီယိုဝယ်လာ ကြောင်း လိုက်ကြွားလေသည်။ ထိုအခါ
“ဟာ ဘယ်ကလာ နတ်တိအွန်နယ်ရေဒီယိုရမှာလဲ၊ နေရှင်နယ်ရေဒီယိုပါဟ၊ ငါ့ကောင်ကြီး အသံထွက်မသိရင်လဲ ဘေးကသိတဲ့သူကို မေးအုံးဟ၊ မင်းလုပ်ပုံနဲ့ ဒို့တက္ကသိုလ်သိက္ခာကျနေအုံးမယ်၊” ဟု အသံထွက်မှန်ကို သိသော သူ့ထက် အသက်သိက္ခာအားဖြင့်ကြီးသော ဆရာတော်များက ၀ိုင်းဝန်းဆုံးမလေသည်။ ထိုအခါမှ ကိုယ်တော် လေးသည်လည်း သူ၏ အသံထွက်သည် အတော်ပင်မှားကြောင်းသိရှိသွားကာ သူဝယ်ခဲ့သော “နတ်တိအွန်နယ်
ရေဒီယို”ကို မြင်တိုင်း သူ့ကိုယ်သူ ဒေါသထွက် ရှက်စိတ်များဖြစ်ပေါ်မစဲ တဖွဲဖွဲပင် ဖြစ်၍နေလေတော့သည်။ “အသံထွက်ကို မသိဘဲ ၇မ်းမထွက်သင့်ကြောင်း၊ ရမ်းထွက်က မှားတတ်ကြောင်းသိရှိသွားကာ” နောင်တတရား များပင်ရခဲ့လေသည်။ သို့သော် နောင်တကား အရနောက်ကျသွားလေပြီး။ ထိုအချိန်မှစ၍ တက္ကသိုလ်က သူငယ်ချင်းများက သူ့ကို “နတ်တိအွန်နယ်ဆရာတော်” ဟု အမည်ကင်းပွန်းတပ်ပေးလိုက်လေတော့သတည်း။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP