မင်းဟာ….အမြဲတမ်း ကိုယ့်သူငယ်ချင်း။
Posted by မြန်မာ့အားမာန် on Saturday, March 27, 2010 Labels: poem / Comments: (0)
မင်းဟာ စမတ်ကျကျပွဲလယ်တင့်သူ
ဖြစ်ချင်ဖြစ်နိုင်တယ်..
မင်းဟာ ရွက်ကြမ်းရေကျိုး စကားကြွယ်သူ
ဖြစ်ချင်ဖြစ်နိုင်တယ်..
မင်းဟာ လူဖြူ၊လူမည်းတစ်ယောက်
ဖြစ်ကောင်းဖြစ်လိမ့်မယ်…
မင်းဟာ ယောကျာ်းလေး(သို့) မိန်းကလေး
တစ်ယေက်လည်း ဖြစ်နိုင်တယ်..
မင်းဟာ ကဗျာတစ်ပုဒ်ကိုသီချင်းလုပ်ဆိုတတ်သူ
တစ်ယောက်ဖြစ်ချင် ဖြစ်နိုင်တယ်….
မင်းဟာ ဂီတကိုနှစ်သက်သူတစ်ယောက်
ဖြစ်ကောင်း ဖြစ်လိမ့်မယ်…
မင်းဟာ လူကောင်း(သို့)လူဆိုးတစ်ယောက်
ဖြစ်ကောင်း ဖြစ်နိုင်တယ်..
မင်းဟာ မင်းကိုယ်မင်း အထင်ကြီးသူ (သို့)
နှိမ့်ချသူတစ်ယောက်
ဖြစ်ချင် ဖြစ်နိုင်တယ်…
မင်းဟာ နှစ်လိုဖွယ်အပြုံးနဲ့ ခင်စရာကောင်းသူ
(သို့) ခက်ထန်သော မျက်လုံးတွေပိုင်ဆိုင်သူ
ဖြစ်ကောင်း ဖြစ်နိုင်တယ်…
မင်းဟာအရမ်းဝလွန်းသူ (သို့) ကြည့်မကောင်းအောင်ပိန်လွန်းသူ
ဖြစ်ချင် ဖြစ်နိုင်တယ်
မင်းဟာ လောကကြီးနဲ့အံဝင်ခွင်ကျသူ (သို့)
အမြဲလွဲချော်နေသူ..
ဖြစ်ချင် ဖြစ်နိုင်တယ်
မင်းဟာ ခြေလျင်လျှောက်သူ (သို့) ကိုယ်ပိုင်ကားစီးနိုင်သူ
ဖြစ်ကောင်း ဖြစ်လိမ့်မယ်…
ဘာတွေဖြစ်နေ ဖြစ်နေ ဘာတွေပဲမပိုင်ဆိုင်နိုင်ခဲ့ပါစေ….
မင်းဟာ အမြဲတမ်းကိုယ့်သူငယ်ချင်းပါပဲ
ခိုင်နငယ်(၂၆.၃.၂၀၁၀ )

0 comments:
Post a Comment