မြန်မားများအတွက် အထူးတနင်္ဂနွေ...
၀၅၃-၂၉၅-၉၂၂၀(ကျောင်းဖုန်း)
၀၁၀-၆၈၇၂-၃၈၅၆(ဆရာတော်)
၀၁၀-၇၂၅၂-၁၆၇၆(ကျောင်းအကျိုးဆောင်)
အပြည့်အစုံသို့...
Read more...
ဓမ္မ အနှစ်သာရများ စုဝေးရာနေရာ
Posted by cittasukha at 5:40 AM 0 comments
Labels: ၂။ ပြန်ကြားရေးဆိုင်ရာများ
တနေ့ကတော့ ကျောင်း ထဲမရောက် ရောက် အောင်သွားမယ်ဆိုပြီးသွားတော့ လည်း၊မဖူးမြင်ရတာ ကြာပြီဖြစ်တဲ့ကျေးဇူးရှင်ဆရာတော်ဘုရားကြီးဆီရောက်ဖြစ်တယ်အလုပ်တွေများနေတဲ့ခုတလောကစိတ်ထဲမှာငြီ စီစီကြီးခံစားနေရသလို၊ကိုယ်ရေးတဲ့ကဗျာကိုယ်ပြန်ဖျက်လိုက်ရတဲ့ခံစားမှုအသစ်က၊ကျနော့်ရင်ကိုထပ်ပြီးဖို့လိုက်တော့၊ဦးနောက်ကြီးထူသွားသလို နှလုံးသားလည်းထူသွားတယ်ဆိုပါတော့၊ ငယ်တုံးကကျောင်းသားဘ၀မှာ သူများပြောတာမခံချင်လို့ စာ…စာ…..စာ..တွေချည်းဖြစ်လာတော့ ဦးနောက်ကထူထုံထိုင်းကြီးဖြစ်လာတယ်၊အခု လည်း သူများရမ်းတာမခံချင်လို့ကဗျာကိုပြန်ဖျက်လိုက်ရပေမဲ့နှလုံးသားက ထူပြီးထုံနေတယ်၊ခံစားချက်မဲ့နေတဲ့
စ်လူရုပ်တရုပ်လိုပဲ၊အစစအရာရာကိုကြောက်ပြီးနေရတဲ့နေရတဲ့ဘ၀၊ကြာတော့လည်းကိုယ့်ဘာသာကိုယ်မုန်းလာတယ်..တကယ်၊စိတ်ထဲလေ့မဲ့အစားတခုခုလုပ်ရင်ကောင်းမယ်ဆိုပြီးတော့၊ဘုရားမှာလှူထားတဲ့သင်္ကန်းတစ်စုံကို၊ယူပြီးတောရကျောင်းထဲကိုဝင်သွားတယ်၊တကယ်တော့ဒီသင်္ကန်းတစုံက၀ယ်ထားတာကြာပါပြီ၊ကျနော်က သူ့
အတွက်ပေါ့လေ…အနစ်နာခံနေသူအတွက်ပေါ့လေ၊အလှူလုပ်ပေးနေကြ၊အဲလှူမယ်ဆိုပြီးတော့ဝယ်ပြီးအိမ်ကဘုရားမှာအရင်ကပ်ပြီးထားခဲ့တာလေ။သွားမယ်လုပ်လိုက်..မဖြစ်လိုက်နဲ့၊သွားမယ်ဆိုရင်တော့မဝေးပါဘူးတရက်လောက်နေချင်သေးတယ်၊တညလောက်ဆရာတော့်အရိပ်မှာခိုချင်သေးတယ်၊အလုပ်ခွင်ထဲမရှင်းတာတွေမေးချင်သေးတာကိုး၊အခုတော့လည်းရက်ခြင်းပြန်ပဲသွားမယ်ဆိုပြီးတော့၊သင်္ကန်းပိုက်ပြီးတော့၊ဟန်ဆောင်မှုကင်းရာ၊မာယာ
မဲ့ရာ၊သစ္စာရှိရာကျောင်းတော်ကိုပဲ လှမ်းဖြစ်တယ်လေ။
ကျောင်းထဲရောက်ရင်ကျနော်ကခလေးဖြစ်ပြီ၊ဆရာတော်ရေးချိုးဖို့ရေခပ်ပေး၊ဆွမ်းစားဖို့ဆွမ်းကပ်ပေး၊ဆရာတော်စားပြီးချကျွှေးတာကိုစားပြီးတော့နေ့လည်ကျိန်းတော်မူချိန်ဆိုရင်၊အနားမှာထိုင်ပြီးဝတ်ဖြည့်၊မေးချင်ရာကိုမေး၊အားမနာတမ်းထော့ပြီးကလှော်ပြီးမေး၊ညဖက်ကျတော့ဆရာတော်နဲ့အတူအလုပ်လုပ်၊မဟုတ်ရင်လဲကိုယ့်ဘာသာကိုယ်၊ဇရပ်ပေါ်ဖြစ်ဖြစ်သိမ်ထဲဖြစ်ဖြစ်လုပ်၊အိပ်ပျော်နေရင်အဆဲခံအအိပ်မက်ရင်မနက်ကျအဆဲခံ၊ဘယ်လိုဆဲလဲသိလာား၊“ နင့်ရုပ်ကလေ..အိပ်နေလိုက်တာ၊ငရဲမီးနဲ့ထိမှ အသိတရားရပြီးနိုးမဲ့ရုပ”်၊ အဲ..မအိပ်ပဲတောက်လျှောက်ထိုင်
မနက်ကျရင်ပြောလိမ့်မယ်..တော်တယ်ဘုရားကိုပါးစပ်နဲ့မချစ်ဘူး၊လက်တွေ့ချစ်တယ်..သာဓုခေါ်တယ်ဆိုပဲ။
ကျနော်အိပ်မအိပ်ဘယ်နည်းနဲ့သိလဲလို့မေးတော့၊နင့်အရလားဆိုပြီးတော့..ငေါက်တာခံရဘူးသဗျ၊ငေါက်တော့လည်းခံရတာပေါ့၊နင်သိချင်နင်လုပ်မှရတဲ့တရား၊ငါငှါးလို့မရဘူးဆိုပဲ။ပြီတော့ဘာပြောလဲမှတ်..တခါတည်းမှတ်အောင်ဆုံးမတတ်တယ်၊ပြောပြရဦးမယ်…တစ်ခါတော့စာရေးဆရာဆိုတဲ့၊သူတစ်ယောက်ကျောင်းထဲလာပြီးဆရာတော် ကြီးကိုလာ ဖူးတယ်၊။
ဘာတွေရေးလဲဒကာ လို့မေးတော့၊ ဘာသာရေးပါဘုရားတဲ့…ဆရာတော်က ဘာပြောလဲ သိလား၊“ သူများရေး ပြီးသာဟာသာမကူးချနဲ့ တရားတော်ကို ကိုယ်သိတဲ့အတိုင်းရေး၊ ငါသာဓုခေါ်တယ်၊အခုခေတ်က ရှေးဆရာတော်ကြီးတွေရေးတာကူးချ၊ ပြီးတော့ဆရာလုပ်တာများတော့ခက်တယ်ကွယ်” ဆိုပြီးငြီးတော်မူတယ်၊
ကျနော်ဘလော့ရေးတယ်ဆိုတာဆရာတော်သိတော့၊“ဟေ့..သားအငယ်ရေနင်ကူးချမယ်ဆိုငါ့ဆီစာအုပ်တွေလာယူ” တဲ့လေ။ ပြုံးပြုံးကြီးနဲ့မိန့်တယ်..နောက်ထပ်ဆက်ပြီးမှတ်စရာကောင်းလွန်းလို့ဆက်ပြီးပြောရမယ်ဆိုရင်တော့
“ကျမ်းဆိုတာ၊ကိုးကားခွင့်၊မှီငြမ်းခွင့်၊ပဲရှိတာပါ၊တခါတည်းအပြီသတ်ခိုးချပြီးလူတွေကိုပြန်ပြောရင်၊နာဖူးထပ်မံဆိုပေမဲ့လည်းခဏ ခဏဆို လူတွေက ထပ်မမံခြင်တော့ဘူး” တဲ့လေ။
စကားတွေကတောင်ရောက်မြောက်ရောက်ဖြစ်ကုန်ပါပြီလေ၊တကယ်ပြောချင်တာက၊တစ်နေ့တည်ဲး့၊တစ်ပြိုင်တည်းမှာ၊နေလနှစ်ပါးကိုတစ်ပြိုင်တည်းတွေ့လိုက်ရတဲ့၊ကျနော့်ံအကြောင်းပြန်ပြောချင်လို့၊ရေးမိတာကတစ်ခြားဥပသကာတို့တော်လိုက်ပုံများလက်ဖျားခါလောက် ပါရဲ့နော်။
ထားလိုက်ပါတော့လေ..အဲကျနော်ကျောင်းထဲရောက်တော့..ယဉ်ငေးဆရာတော်ကြီးပါရောက်နေတာကိုဖူးတွေ့လိုက်ရတာ..စိတ်ထဲဝမ်းသာလိုက်တာမပြောနဲ့တော့..သူတော်ကောင်းအရိပ်လေ၊ဒီဆရာတော်ကြီနှစ်ပါးလုံးကတော့ကျနော်တို့ဆီမှာတော့ပဋိပတ်ထိပ်ခေါင်ပါ၊ကျနော်တို့ဒေသမှာပေါ့လေ၊ရောက်တာနဲ့ဘုရားကိုဦးချပြီးဆရာတော်နှစ်ပါးလုံးကိုဦးချပြီးသင့်တယ်နေရာမှာပဲတရားနာလိုက်နေမိတယ်၊ ဆရာတော်ကြီးကအနားလာဖို့မိန့်တဲ့အခါ တော့အနားသွားပြီဝတ်ဖြည့်နေမိတယ်လေ၊၀တ်သာဖြည့်နေရပေမဲ့စိတ်ထဲမကောင်းဘူး၊ကျနော်အသံဖမ်းချင်နေတာဆရာတော်ကြီးတွေအလုပ်အကြောင်းပြောနေကြတာကို၊ပြီးတော့ဓာတ်ပုံလည်းရိုက်ချင်တယ်၊မှတ်တမ်းပေါ့ လေ၊ဒါပေမဲ့ကျနော်ဥပသကာသည်ဥပသကာသာမို့၊၀မ်းနည်မိနေတယ်လေ၊ကျနော်မ၀ယ်နိုင်တဲ့ဟာအတွက်စိတ်မကောင်းဖြစ်ယုံပဲလေ။
တရားဟောခဲသောဆရာတော်များမို့အလုပ်အကြောင်း ကိုမှတ်တမ်းတင်နာယူချင်တာတော့အမှန်၊အဲလိုပြောရက် ကနေ..ဒီညကျောင်းမှာအိပ်နော်၊တောင်တွေးမြောက်တွေးနဲ့အကုသိုလ်များမနေနဲ့”လို့တောရဆရာတော်ကြီးကမိန့်တော့ ကျနော့်အဖို့တော့မဆန်းတော့၊ဆရာတော်သိချင်ရင်သိနိုင်တဲ့ သူမှန်းကျနော် သိနေတာကြာပါပြီလေ။
အင်းညကျရင်တော့ကျနော်တရားတွေအများကြီးနာရဦးမှာကိုတော့ဝမ်းသာမိတယ်ဗျာ..ညကနာတဲ့တရား ကို တော့ လာမဲ့ပို့စ်မှာ ပြောပါ့မယ်နော်။
လေးစားစွာဖြင့် ဥပသကာ
၁။ ဤကမ္ဘာမှ မရေတွက်နိုင်သော ကမ္ဘာ၌ …တဏှင်္ကရာမြတ်စွာဘုရားသည် လည်းကောင်း၊ မေဓင်္ကရာ မြတ်စွာဘုရားသည် လည်းကောင်း၊ သရဏင်္ကရာ မြတ်စွာဘုရားသည် လည်းကောင်း၊ ဒီပင်္ကရာမြတ်စွာဘုရားသည် လည်းကောင်း ထိုလေးဆူသော မြတ်စွာဘုရားတို့ သည် တစ်ခုတည်းသော သာရမဏ္ဍကမ္ဘာ၌ ပွင့်တော်မူကုန်၏။
၂။ ဒီပင်္ကရာမြတ်စွာဘုရား၏ နောက်အဖို့၌ ကောဏ္ဍညမည်သော မြတ်စွာဘုရား သည် တစ်ခုသော သာရကမ္ဘာ၌ တစ်ဆူတည်းသာလျှင် ပွင့်တော်မူ၍ များစွာသော သတ္တ၀ါအပေါင်းကို (နိဗ္ဗာန်သို့) ကယ်တင်တော်မူ၏။
၃။ ထိုဒီပင်္ကရာမြတ်စွာဘုရားနှင့် ကောဏ္ဍညမြတ်စွာဘုရားတို့၏ အကြား၌ ကမ္ဘာ တို့ကို ဂဏန်း (သင်္ချာ)အားဖြင့် မရေတွက်နိုင်ကုန်။
၎။ ကောဏ္ဍညမြတ်စွာဘုရား၏ နောက်အဖို့၌ မင်္ဂလမည်သော မြတ်စွာဘုရား သည် ပွင့်တော်မူ၏၊ ထိုမြတ်စွာဘုရားတို့၏ အကြား၌လည်း ကမ္ဘာတို့ကို ဂဏန်း (သင်္ချာ) အားဖြင့် မရေတွက်နိုင်ကုန်။
၅။ မင်္ဂလမြတ်စွာဘုရားသည် လည်းကောင်း၊ သုမနမြတ်စွာဘုရားသည် လည်း ကောင်း၊ ရေ၀တမြတ်စွာဘုရားသည် လည်းကောင်း၊ သောဘိတမြတ်စွာ ဘုရား သည် လည်းကောင်း စက္ခု (ငါးမျိုး) ရှိတော်မူကုန်သော အလင်းရောင်ကို ပြုတော် မူတတ်ကုန်သော ထိုမြတ်စွာဘုရားတို့သည်လည်း တစ်ခုသော သာရမဏ္ဍကမ္ဘာ၌ ပွင့်တော်မူကြကုန်၏။
၆။ သောဘိတမြတ်စွာဘုရား၏ နောက်အဖို့၌ များသော အခြံအရံရှိသော အနောမ ဒဿီ မြတ်စွာဘုရားသည် ပွင့်တော်မူ၏၊ ထိုမြတ်စွာဘုရားတို့၏ အကြား၌လည်း ကမ္ဘာတို့ကို ဂဏန်း (သင်္ချာ) အားဖြင့် မရေတွက်နိုင်ကုန်။
၇။ အနောမဒဿီမြတ်စွာဘုရားသည် လည်းကောင်း၊ ပဒုမမြတ်စွာဘုရားသည် လည်းကောင်း၊ နာရဒ မြတ်စွာဘုရားသည် လည်းကောင်း သစ္စာလေးပါးကို သိတော်မူကြကုန်သော အမိုက်မှောင်၏ အဆုံးကို ပြုတတ်ကုန်သော ထိုမြတ်စွာ ဘုရားတို့သည်လည်း တစ်ခုသော ၀ရကမ္ဘာ၌ ပွင့်တော်မူကုန်၏။
၈။ နာရဒမြတ်စွာဘုရား၏ နောက်အဖို့၌ ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် တစ်ခုသော သာရကမ္ဘာ၌ ပွင့်တော်မူလျက် များစွာသော သတ္တ၀ါအပေါင်းကို (နိဗ္ဗာန်သို့) ကယ်တင်တော်မူ၏။
၉။ နာရဒမြတ်စွာဘုရားနှင့် ပဒုမုတ္တရမြတ်စွာဘုရားတို့၏ အကြား၌လည်း ကမ္ဘာတို့ ကို ဂဏန်း (သင်္ချာ)အားဖြင့် မရေတွက်နိုင်ကုန်။
၁၀။ ကမ္ဘာတစ်သိန်းထက်၌ လောကသုံးပါးကို သိတော်မူသော ပေးလှူဖွယ်ပစ္စည်း ၀တ္ထုတို့ကို ခံတော်မူထိုက်သော ပဒုမုတ္တရမြတ်စွာဘုရားသည် တစ်ဆူတည်းသာ ပွင့်တော်မူ၏။
၁၁။ ပဒုမုတ္တရမြတ်စွာဘုရား၏ ဤမှာဘက်ဖြစ်သော ကမ္ဘာသုံးသောင်းထက်၌ သုမေဓမြတ်စွာဘုရား သည် လည်းကောင်း၊ သုဇာတမြတ်စွာဘုရားသည် လည်းကောင်း နျစ်ဆူသော မြတ်စွာဘုရားတို့သည် ပွင့်တော်မူကြကုန်၏။
၁၂။ သုဇာတမြတ်စွာဘုရား၏ ဤမှာဘက်ဖြစ်သော ကမ္ဘာ တစ်ထောင့်ရှစ်ရာထက် ၌ (နိဗ္ဗာန်သို့) ပို့ဆောင်တော် မူတတ်ကုန်သော ပိယဒဿီ အတ္ထဒဿီ ဓမ္မဒဿီ အားဖြင့် သုံးဆူသော မြတ်စွာဘုရား တို့သည် ပွင့်တော်မူကြကုန်၏။
၁၃။ သုဇာတမြတ်စွာဘုရား၏ ဤမှာဘက်၌ ကိုယ်တိုင် သစ္စာလေးပါးကို သိတော် မူကုန်သော ခြေနှစ်ချောင်းရှိသူ နတ်လူတို့ထက် မြတ်တော်မူကုန်သော လောက၌ ပြိုင်ဘက်ပုဂ္ဂိုလ် ရှိတော် မမူကုန်သော ထိုပိယဒဿီစသော မြတ်စွာဘုရားတို့သည် တစ်ခုသော ၀ရကမ္ဘာ၌ ပွင့်တော်မူကြကုန်၏။
၁၄။ ဤကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ လောကသုံးပါးကို သိတော်မူသော (ကိလေသာ) ငြောင့်ကို နုတ်ပယ်တော်မူတတ်သော အမြတ်ဆုံးပုဂ္ဂိုလ် ဖြစ်တော်မူ သော သိဒ္ဓတ္ထမြတ်စွာဘုရားသည် တစ်ဆူတည်းသာ ပွင့်တော်မူ၏။
၁၅။ ဤကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ တူသောသူ ရှိတော် မမူကုန်သော ပြိုင်ဘက်ပုဂ္ဂိုလ် ရှိတော် မမူကုန်သော တိဿမြတ်စွာဘုရားသည် လည်းကောင်း၊ ဖုဿမြတ်စွာဘုရားသည် လည်းကောင်း နှစ်ဆူသော မြတ်စွာဘုရားတို့သည် ပွင့်တော်မူကြကုန်၏။
၁၆။ ဤကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ၀ိပဿီမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏၊ သနားခြင်း ကရုဏာ ရှိတော်မူသော ထိုမြတ်စွာဘုရားသည်လည်း သတ္တ၀ါတို့ကို သံယောဇဉ်အနှောင်အဖွဲ့မှ လွတ်စေတော်မူ၏။
၁၇။ ဤကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ တူသောပုဂ္ဂိုလ် ရှိတော်မမူသော ပြိုင်ဘက်ပုဂ္ဂိုလ် ရှိတော် မမူကုန်သော သိခီမြတ်စွာဘုရားသည် လည်းကောင်း၊ ဝေဿဘူမြတ်စွာဘုရားသည် လည်းကောင်း နှစ်ဆူသော မြတ်စွာဘုရားတို့သည် ပွင့်တော်မူကြကုန်၏။
၁၈။ ဤဘဒ္ဒကမ္ဘာ၌ ကကုသန်မြတ်စွာဘုရားသည် လည်းကောင်း၊ ကောဏာဂုံ မြတ်စွာဘုရားသည် လည်းကောင်း၊ ကဿပမြတ်စွာဘုရားသည် လည်းကောင်း သုံးဆူသော မြတ်စွာဘုရားတို့သည် ပွင့်တော်မူကြကုန်၏။
၁၉။ ယခုအခါ ငါသည် ဘုရားဖြစ်တော်မူ၏၊ မေတ္တေယျမြတ်စွာဘုရားသည်လည်း (နောက်၌) ပွင့်တော်မူလတ္တံ့၊ ပညာရှိတော်မူကုန်သော လောကကို အစဉ် သနား စောင့်ရှောက်တော် မူတတ်ကုန်သော ဤငါးဆူသော မြတ်စွာဘုရားတို့သည်လည်း ဤဘဒ္ဒကမ္ဘာ၌ပင် ပွင့် တော်မူကြကုန်၏။
၂၀။ ဤတရားမင်း မြတ်စွာဘုရားတို့၏ လည်းကောင်း၊ အကုဋေမကများစွာသော အခြား တစ်ပါးသော မြတ်စွာဘုရားတို့၏ လည်းကောင်း ထိုဗုဒ္ဓ၀င် အကျင့်လမ်းကို ဟောကြားပြီးလျှင် ထိုမြတ်စွာဘုရားတို့သည် တပည့်သာဝကနှင့်တကွ ပရိနိဗ္ဗာန် ပြုတော်မူကြလေကုန်ပြီ။
ဂေါတမ ဘုရားရှင် ဖြစ်လာမည့် သုမေဓါ ရှင်ရသေ့အား နောင် ဘဒ္ဒကမ္ဘာ တွင် ဂေါတမ အမည်ဖြင့် ဘုရားဖြစ်မည် ဟု ဗျာဓိတ်ပေးသော “ ဒီပင်ကရာ” ဘုရားရှင် ပွင့်တော်မူသော သာရမဏ္ဍကမ္ဘာ တွင် ပွင့်တော်မူကြသော ဘုရားရှင်များ မှ ဂေါတမ ဘုရားရှင်အထိ ဘုရားရှင် ၂၈ - ဆူ ရှိလေသည်။ ဤဘုရားရှင်များကို နှစ်ကျိပ်ရှစ်ဆူဘုရားများ ဟုခေါ်ဝေါ် ပူဇော်ကြပါသည်။
ဂေါတမ ဘုရားလောင်း ဗျာဒိတ်ခံယူသော ကမ္ဘာမှစ၍ ပွင့်တော်မူသော ဘုရားရှင်များ၏ အမည်တော်တို့ဖြစ်သည်။
(၁) တဏှင်္ကရာဘုရား - ဒုက္ကရစရိယာ ၇-ရက်၊ စရီးပင် (တောင်မရိုးပင်) ဗောဓိ၊ သက်တော်တစ်သိန်း နေတော်မူ၏။
(၂) မေဓင်္ကရာဘုရား-ဒုက္ကရစရိယာ ၁၅-ရက်၊ ပေါက်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၃) သရဏင်္ကရာဘုရား-ဒုက္ကရစရိယာ တလ၊ သခွတ်ပင် ဗောဓိ၊ သက်တော် ရှစ်သောင်း။
(၄) ဒီပင်္ကရာဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ညောင်ကြပ်ပင် ဗောဓိ၊ သက်တော် တစ်သိန်း။
(၅) ကောဏ္ဍညဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ ကြောင်လျှာပင် ဗောဓိ၊ သက်တော် တစ်သိန်း။
(၆) မင်္ဂလဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၇) သုမနဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၈) ရေ၀တဘုရား-ဒုက္ကရစရိယာ ၇-လ၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ခြောက်သောင်း။
(၉) သောဘိတဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၁၀) အနောမဒဿီဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ ထောက်ကြံ့ပင် ဗောဓိ၊ သက်တော် တစ်သိန်း။
(၁၁) ပဒုမဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ကြောင်လျာပင် ဗောဓိ၊ သက်တော် တစ်သိန်း။
(၁၂) နာရဒဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ကြောင်လျာပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၁၃) ပဒုမုတ္တရဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ထင်းရူးပင် ဗောဓိ၊ သက်တော် တသိန်း။
(၁၄) သုမေဓာဘုရား-ဒုက္ကရစရိယာ ၁၅-ရက်၊ ထိန်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၁၅) သုဇာတဘုရား-ဒုက္ကရစရိယာ ကိုးလ ၊ ၀ါးပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၁၆) ပီယဒဿီဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ ရေခတက်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၁၇)အတ္တဒဿီဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ စကားပင် ဗောဓိ၊ သက်တော် တစ်သိန်း။
(၁၈) ဓမ္မဒဿီဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ လိပ်ဆူးရွှေပင် ဗောဓိ၊ သက်တော် တစ်သိန်း။
(၁၉) သိဒ္ဓတ္ထဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ မဟာလှေကားပင် ဗောဓိ၊ သက်တော် တစ်သိန်း။
(၂၀) တိဿဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ပိတောက်ပင် ဗောဓိ၊ သက်တော် တစ်သိန်း။
(၂၁) ဖုဿဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ သျှိသျှားပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၂၂)၀ိပဿီဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ သခွတ်ပင် ဗောဓိ၊ သက်တော် ရှစ်သောင်း။
(၂၃) သိခီဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ သရက်ဖြူပင် ဗောဓိ၊ သက်တော် ခုနစ်သောင်း။
(၂၄) ဝေဿဘူဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ အင်ကြင်းပင်ဗောဓိ၊ သက်တော် ခြောက်သောင်း။
(၂၅) ကကုသန်ဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ကုက္ကိုပင် ဗောဓိ၊ သက်တော် လေးသောင်း။
(၂၆) ကောဏဂုံဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ ရေသဖန်းပင် ဗောဓိ၊ သက်တော် သုံးသောင်း။
(၂၇) ကဿပဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ပညောင်ပင် ဗောဓိ၊ သက်တော် နှစ်သောင်း။
(၂၈) ဂေါတမဘုရား-ဒုက္ကရစရိယာ ခြောက်နှစ်ကြာ၊ ညောင်ဗုဒ္ဓဟေပင်ရင်း၌ ပွင့်တော်မူသည်၊ သက်တော် ရှစ်ဆယ် နေတော်မူသည်။
တ မေ သ ဒီ ကော မံ သု ရေ ၊ သော အ ပ နာ ပ ၊ သု သု ပိ။
အ ဓံ သိ တိ ဖု ၀ိ သိ ဝေ ၊ က ကော က ဂေါ နမာမဟံ ။
နှစ်ကျိပ်ရှစ်ဆူသော ဘုရား ကိုယ်တော်မြတ်များသည် တနင်္ဂနွေသား (၄) ဆူ ၊တနင်္လာသား(၄)ဆူ …(၇)နေ့ မှာ ၄-ဆူစီ အတိအကျ ဖြစ်နေကြသည်။
တနင်္ဂနွေ သား (၄) ဆူ - မေဓင်္ဂရာ ၊ သောဘိတ ၊ ပိယဒဿီ ၊ သိခီ ။
တနင်္လာ သား (၄) ဆူ - သရဏှင်္ဂရာ ၊ အ နောမဒဿီ ၊ အတ္ထဒဿီ ၊ ဝေဿဘူ ။
အင်္ဂါ သား (၄) ဆူ - ဒီပင်္ကရာ ၊ ပဒုမုတ္တရ ၊ ဓမ္မဒဿီ ၊ ကကုသန် ။
ဗုဒ္ဓဟူး သား (၄) ဆူ - ကောဏ္ဍည ၊ နာရဒ ၊ သိဒ္ဓတ္ထ ၊ ကောဏဂုံ ။
ကြာသပတေး သား(၄) ဆူ - မင်္ဂလ ၊ ပဒုမုတ္တရ ၊ တိဿ ၊ ကဿပ ။
သောကြာ သား (၄) ဆူ - သုမန ၊ သုမေဓာ ၊ ဖုဿ ၊ ဂေါတမ ။
စနေ သား (၄) ဆူ - တဏှင်္ကရာ ၊ ရေ၀တ ၊ သုဇာတာ ၊ ၀ိပဿီဘုရား ။
ကိုယ့်နေ့သား ဘုရားရှင်တွေကို သီးသန့်ရှိခိုးပူဇော်ချင်လျင်-
တနင်္ဂနွေနေ့ဖွား
မေဓင်္ဂရော ၊ သောဘိတောစ ၊
ပိယဒဿီ ၊ သိခီဇိနော ၊
ရ၀ိဝါရေ ၊ အဘိဇာတာ ၊
တေ နမဿမိ သာဒရံ
နမေနာနေန ကမ္မေန
ပေါရဏကံ ၀ါနဿတု
စတုန်နံ ဗုဒ္ဓတေဇေန
သဒါ သုခီ ဘ၀န္တုမေ ။
——————————————————- တနင်္လာနေ့ဖွား
သရဏှင်္ဂရာ ၊ နောမာစ၊
အတ္ထဒဿီစ ၊ ဝေဿဘူ ။
စန္ဒ ၀ါရေ ၊ အဘိဇာတာ ၊
တေ နမဿမိ သာဒရံ
နမေနာနေန ကမ္မေန
ပေါရဏကံ ၀ါနဿတု
စတုန်နံ ဗုဒ္ဓတေဇေန
သဒါ သုခီ ဘ၀န္တုမေ ။
——————————————————- အင်္ဂါ နေ့ဖွား
ဒီပင်္ကရော ၊ ပဒမောစ ၊
ဓမ္မဒဿီ ၊ ကကုသန္ဓော ၊
ဘောမ ၀ါရေ ၊ အဘိဇာတာ ၊
တေ နမဿမိ သာဒရံ
နမေနာနေန ကမ္မေန
ပေါရဏကံ ၀ါနဿတု
စတုန်နံ ဗုဒ္ဓတေဇေန
သဒါ သုခီ ဘ၀န္တုမေ ။
——————————————————- ဗုဒ္ဓဟူး နေ့ဖွား
ကောဏ္ဍညော ၊ နာရဒေါ သတ္တာ ၊
သိဒ္ဓတ္ထ ၊ ကောဏဂမနာ ။
ဗုဒ္ဓ ၀ါရေ ၊ အဘိဇာတာ ၊
တေ နမဿမိ သာဒရံ
နမေနာနေန ကမ္မေန
ပေါရဏကံ ၀ါနဿတု
စတုန်နံ ဗုဒ္ဓတေဇေန
သဒါ သုခီ ဘ၀န္တုမေ ။
——————————————————- ကြာသပတေး နေ့ဖွား
မင်္ဂလော ၊ ပဒုမုတ္တရော ၊
တိဿနာထောစ ၊ ကဿပေါ ။
ဂုရု ၀ါရေ ၊ အဘိဇာတာ ၊
တေ နမဿမိ သာဒရံ
နမေနာနေန ကမ္မေန
ပေါရဏကံ ၀ါနဿတု
စတုန်နံ ဗုဒ္ဓတေဇေန
သဒါ သုခီ ဘ၀န္တုမေ ။
——————————————————- သောကြာနေ့ဖွား
သုမနော ၊ သုမေဓာ ဗုဒ္ဓေါ ၊
ဖုဿ ဇိနောစ ၊ ဂေါတမော ။
သုက္က ၀ါရေ ၊ အဘိဇာတာ ၊
တေ နမဿမိ သာဒရံ
နမေနာနေန ကမ္မေန
ပေါရဏကံ ၀ါနဿတု
စတုန်နံ ဗုဒ္ဓတေဇေန
သဒါ သုခီ ဘ၀န္တုမေ ။
——————————————————- စနေ နေ့ဖွား
တဏှင်္ကရော ၊ ရေ၀တောစ ၊
သုဇာတောစ ၊ ၀ိပဿီကော ၊
သောရီ ၀ါရေ ၊ အဘိဇာတာ ၊
တေ နမဿမိ သာဒရံ
နမေနာနေန ကမ္မေန
ပေါရဏကံ ၀ါနဿတု
စတုန်နံ ဗုဒ္ဓတေဇေန
သဒါ သုခီ ဘ၀န္တုမေ ။
တနင်္ဂနွေနေ့ဖွားအတွက်-
(၁) မေဓင်္ဂရော ၊ သောဘိတောစ ၊
ပိယဒဿီ ၊ သိခီဇိနော ၊
ရ၀ိဝါရေ ၊ အဘိဇာတာ ၊
တေ နမဿမိ သာဒရံ
(၂) နမေနာနေန ကမ္မေန
ပေါရဏကံ ၀ါနဿတု
စတုန်နံ ဗုဒ္ဓတေဇေန
သဒါ သုခီ ဘ၀န္တုမေ ။
(၁)မာရ် ငါးပါး ကို အောင်မြင်တော်မူပြီးသော (မေဓင်္ဂရာ မြတ်စွာဘုရား ၊ သောဘိတ မြတ်စွာဘုရား ၊ ပိယဒဿီ မြတ်စွာဘုရား ၊ သိခီ မြတ်စွာဘုရား) တို့သည် (တနင်္ဂနွေနေ့)တွင် ဖွားမြင်တော်မူခဲ့ကြကုန်၏ ။ ထို (တနင်္ဂနွေနေ့ဖွား) ရှင်တော်မြတ် ဘုရားတို့ကို တပည့် တော်သည် ရိုသေစွာဖြင့် ဦးညွတ်ရှိခိုးပါ၏ အရှင်ဘုရား ။
(၂)ထိုသို့ ဦးညွတ် ရိုကျိုးရှိခိုးရခြင်းအကြောင်းေ
(ကျန်နေ့များ ထို့အတူ သင့်တော်သလိုပြောင်းပြီးမှတ်ရန်
(၁) အကြောင်းဟုတ်၊မဟုတ်ကို သိသော ဌာနာဌာန ကောသလ္လ ဥာဏ်တော် (သတ္တ၀ါ တစ်စုံတစ်ယောက် အာသဝေါတရား ကုန်နိုင်၊မကုန်နိုင်(သို့) ရဟန္တာ ဖြစ်နိုင်၊မဖြစ်နိုင်ကို ဤဥာဏ်ဖြင့် ဆင်ခြင်တော်မူသည် ။)
(၂)ကောင်းကျိုး ၊ မကောင်းကျိုး ကို သိသော ၀ိပါက ဥာဏ်တော် (ပုဂ္ဂိုလ်တစ်ယောက်တွင် ဈာန်၊မဂ်ဖိုလ်ရမှု၌ အန္တရာယ် (အဟိတ် ၊ ဒွိဟိတ်ပဋိသန္ဓေနေမှု ) ရှိ၊ မရှိကို ဤဥာဏ်ဖြင့် ဆင်ခြင်တော်မူသည် ။)
(၃)သတ္တ၀ါတို့လားရာ ၊ရောက်ရာကို သိသော သဗ္ဗတ္ထ ဂါမိနီပဋိပဒါ ဥာဏ် (ပုဂ္ဂိုလ်တစ်ယောက်တွင် ဈာန်၊မဂ်ဖိုလ်ရမှု၌ ပဉ္စာနန္တိရိယကံ ရှိ၊ မရှိ ကို ဤဥာဏ်ဖြင့် ဆင်ခြင်တော်မူသည် ။)
(၄) အထူးထူးသော ဓာတ်သဘောများကို သိသော အနေကဓာတု နာနာဓာတု ဥာဏ်တော် ( အထက်ပါ ဥာဏ်(၃)မျိုးနဲ့ ကြည့်ပြီး အန္တရာယ်ကင်းပါမှ ကျွတ်နိုင် ချွတ်နိုင်သော စရိုက်နှင့် ကိုက်ညီမည့် တရားဟော (၀ါ) ကမ္မဋ္ဌာန်းပေးရန် ဤဥာဏ်ဖြင့် ဆင်ခြင်တော်မူသည် ။)
(၅) သတ္တ၀ါတို့၏ ဆန္ဒအလိုကို သိသော နာနာဓိမုတ္တိက ဥာဏ် (သတ္တ၀ါတို့၏ နှလုံးသွင်းတတ်မှု သဘောထားကို သိပြီး သင့်လျော်သောတရားဟောရန် ဤဥာဏ်ဖြင့် ဆင်ခြင်တော်မူသည် ။)
(၆) လူတို့၏ ဣနြေ္ဒအနုအရင့်ကို သိသော ဣနြ္ဒိယပရောပရိယတ္တဥာဏ် (သတ္တ၀ါတို့၏ သဒ္ဓါတရားကောင်း၊မကောင်း ကို ဤဥာဏ်ဖြင့် ဆင်ခြင်တော်မူသည် ။)
(၇) ဈာန်၊၀ိမောက္ခ ၊ သမာဓိ ၊သမာပတ် စသည်တို့၏ ညစ်ညူးကြောင်းကို သိသော ဈာန၀ိမောက္ခ သမာဓိ သမာပတ္တိဥာဏ် တော် (ဤဥာဏ်ဖြင့် ဆင်ခြင်တော်မူပြီးမှ ချွတ်သင့် သည်ဆိုလျှင် သေးကွာသော အရပ်သို့ပင် ကြွရောက် တော်မူပါသည် ။)
(၈)ရှေးဖြစ်ဟောင်း ၊ဘ၀ခန္ဓာဖြစ်စဉ်ကို သိသော ပုဗ္ဗေနိဝါသာနုဿတိဥာဏ် ( ရှေးဘ၀ဖြစ်စဉ်နှင့် အထုံ ၊ပါဂမီစသည်တို့ကို ဤဥာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်တော်မူသည် ။)
(၉) သတ္တ၀ါတို့၏ ပဋိသန္ဓေနေခြင်း ၊ စုတေခြင်း တို့ကို သိသော စုတူပပါတ (၀ါ) ဒိဗ္ဗစက္ခု ဥာဏ်တော် ( သတ္တ၀ါတို့၏ လက်တလောစိတ်ဖြစ်စဉ်ကိုလဲ ဤဥာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်တော်မူသည် ။)
(၁၀) အာသဝေါတရား ကုန်ရာဖြစ်သော အာသ၀က္ခယ ဥာဏ်တော် (သတ္တ၀ါတို့ အား အရဟတ္တမဂ် တရားပေါက်အောင် တရားဟောရန်အလို့ငှာ ဤဥာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်တော်မူသည် ။)
ဘုရားရှင်တို့၏ တူသော အချက်များ (၃၀) ရှိပါသည် ။
(၁) အလောင်းတော်သည် နောက်ဆုံးသောဘ၀၌ မိခင်ဝမ်းကြာတိုက်တွင် ပဋိသန္ဓေ နေတော်မူသည်။ (ဒီမှာထူးခြားတာက နတ်ပြည်ကနေ စုတေကြတာပဲ ဖြစ်ပါတယ် ။ အလောင်းတော်တွေဟာ ဗြဟ္မာပြည်ကနေ စုတေပြီး ပဋိသန္ဓေ နေတော်မူတာမျိုးမရှိပါဘူး..တဲ့ ။ ဘာလို့လဲဆိုတော့ ဗြဟ္မာပြည်ကနေ လာရင် ကာမဂုဏ်ကို ရွံမုန်းတဲ့စိတ် အထုံ လူ့ပြည်ကို ပါလာမယ် ။ အိမ်ထောင်ပြုမှာ မဟုတ်ဘူး ။ (တချို. အပျိုကြီး ၊ လူပျိုကြီး တွေလဲ ဗြဟ္မာပြည်က လာလို့ အိမ်ထောင်မပြုတာလို့ ပြောတာပဲ…ဤကားစာကြွင်း)
အလောင်းတော်တွေဟာ ဒီလို စောစောစီးစီး ကတည်းက ကာမဂုဏ်ကို ရွံမုန်းနေရင်လည်း မဇ္စိမပဋိပဋာ လမ်းစဉ်ကို တွေ့ဖို့ခက်မယ် လို့ ဆိုပါသည် ။
(၂) မယ်တော်ဝမ်း၌ ထက်ဝယ်ပလ္ဘင်ဖွဲ့ခွေ၍ အရှေ့သို့ မျက်နှာမူပြီး နေပါသည် ။ (အလောင်းတော်တွေဟာ သာမန်လူ သန္ဓေသားတွေလို အမိဝမ်းမှာ ပြောင်းပြန်မနေပါ။ အတည့်ပဲနေပါသည်။ မယ်တော်ရဲ. ၀မ်းဗိုက်ဟာလည်း ပူထွက်လာခြင်းမရှိပါ ။ မယ်တော်ဟာ ကိုယ့်သားကို ဗိုက်ကနေ ကောင်းကောင်းမြင်နေရပါသည်။ ချင်ခြင်းတပ်ခြင်း ၊ နာကျင်အော့အန်ခြင်း မရှိပါ ။ အလောင်းတော်တွေဟာ မယ်တော်တွေကို ကိုယ်ဝန်ဆောင်ခြင်းဒုက္ခ မပေးကြပါ ။)
(၃) အလောင်းတော်ကို မတ်တတ်ရပ်လျက် ဖွားသည် ။ (ညစ်ပေမှု မရှိပါ ၊ မိခင်လည်း ကျန်းမာစွာ ရှိရပါသည် ၊ နောက် (၇) ရက်မှာတော့ မိခင် ကံတော်ကုန်ရပါသည် ။ သကျသာကီဝင် ဆိုသည်မှာ ပင်ကိုယ်စွမ်းရည်ရှိသူဟု အဓိပ္ပာယ်ရသည့်အတိုင်း မွေးမွေးခြင်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပါသည် ။ စောင့်ကြည့်နေကြသော နတ်၊ဗြဟ္မာတွေတောင် မျက်လုံးပြူးကုန်ကြသည်ဟု ဆိုသည်။(ဤကား။ အရှင် ဥာဏိသာရ၏ အဟော)
(၄) တောအရပ်၌သာ ဖွားတော်မူပါတယ်။
(၅) ဖွားပြီးပြီးခြင်း မြောက်အရပ်သို့ ခြေ (၇)လှမ်းကြွကာ…“ဤလောက၌ ငါသာ အမြတ်ဆုံးတည်း ၊ ငါ၏ နောက်ဆုံး ပဋိသန္ဓေ နေရခြင်းတည်း ၊နောက်ထပ် ပဋိသန္ဓေ နေစရာ မလိုတော့ပြီ ”ဟု ကြုံးဝါးတော်မူပါသည်။ (ထိုကာလတွင် အကိုးကွယ်ခံ ဘ၀သို့ ရောက်မှန်းမသိရောက်နေသော ဗြဟ္မာတွေကို အသိပေးကြုံးဝါးခြင်း ဟုဆို၏။ ဂေါတမ ဘုရားလောင်းသည် (၃) ဘ၀၌ ဖွားစမှာပင် စကားပြော၏ ။ မဟောသဓာ ၊ ဝေဿန္တရာ နှင့် နောင်ဆုံးဘ၀ -(သုခမှတ်စု))
(၆) သူအို၊သူနာ၊သူသေ ၊ရဟန်း နိမိတ် (၄)ပါးမြင်၍ သား(၁)ယောက်ဖွားသော ညမှသာ တောထွက်တော်မူကြသည်။ (ထိုနိမိတ်ပြသော နတ်သားကို ဘုရားလောင်း၏ ဆရာ ၅-ယောက် တွင် ၁-ယောက် အပါအ၀င်ဟု သတ်မှတ်သည်။)
(၇) အရဟတ္တဖိုလ်၏ တံခွန်ဖြစ်သော ရဟန်းအဖြစ်ကို ရယူပြီးမှ ဒုက္ကရစရိယကျင့်သည်။ (အရဟတ္တဖိုလ်၏ တန်ဖိုးသည် ရဟန်းမှ မည်သည့် အမျိုးနှင့်မျှ မတန်ဟုဆိုသည်။ လူဝတ်ကြောင် မှ အရဟတ္တဖိုလ်ရလျှင်လည်း ရဟန်းဝတ်ချင်ဝတ်၊ မ၀တ်ချင်လျှင် ပရိနိဗ္ဗာန်စံဝင်ကြရသည်။)
(၈) ဘုရားဖြစ်မည့်နေ့ နွားနို့ဃနာဆွမ်း ဘုန်းပေးတော်မူကြသည်။ (ထိုဆွမ်းတွင် နတ်သြဇာပါတတ်ပြီး ဘုရားဖြစ်ပြီး (၇) ပတ် ၊ (၄၉) ရက်စာ အာဟာရဖြစ်သည်။ ဘုရားရှင်၏ ၀မ်းထဲတွင် အစာခြေလဲ မမြန် ၊ မြန်မြန်လဲ မဆာလောင်ပဲ သမာပတ်ဝင်စားခြင်း ၊ တရားတော်များကို ဆင်ခြင်သုံးသပ်ခြင်းများ အတွက် ကောင်းစွာ ထောက်ပံ့သည်။)
(၉) မြက်အခင်းတွင် ထိုင်တော်မူလျက် ဘုရားဖြစ်သည်။
(၁၀) အာနပါန ကမ္မဌာန်းကို စီးဖြန်းတော်မူကြသည်။ (ဘုရားရှင်တို့သည် အာနပါန ကမ္မဌာန်းဖြင့်သာ သဗ္ဗညုတဥာဏ်တော်ကို ရရှိကြသောကြောင့် ဂေါတမ ဘုရားရှင်သည်လည်း အာနပါန ကိုလွန်စွာ ချီးမွမ်းတော်မူသည်။ မဟာသတိပဌာနသုတ် ( ဒီ-၂ ၊ ၃၁ )၊ မဟာသတိပဌာနသုတ် ( မ-၁ ၊ ၇၀ )၊ တတိယပါရာဇိက ပါဠိ ( ၀ိ-၁ ၊ ၈၉ )၊ အာနာပါနဿတိ သုတ် ( မ-၃ ၊ ၁၂၂ )၊ မဟာရာဟုလောဝါဒသုတ် ( မ-၂ ၊ ၈၈ )၊ ကာယဂတာသတိသုတ် ( မ-၃ ၊ ၁၃၀ ) တို့၌ ဟောတော်မူခဲ့သည်။)
(၁၁) မာရ်စစ်သည်ကို အောင်တော်မူသည် ။
(၁၂) ဗောဓိပလ္လင်၌သာ ၀ိဇ္ဇာ(၃)ပါးစသော ဆအသာဓာရဏ …အစရှိသော ကျေးဇူးတရားအပေါင်းကို ရတော်မူကြပါသည်။
(၁၃) ဗောဓိပင်ရဲ. ထက်ဝန်းကျင်၌သာ သတ္တ သတ္တာယ(၇) ဌာန ကျင့်တော်မူကြသည်။
(၁၄) တရားဦးဟော စိမ့်သောငှာ ဗြဟ္မာမင်းက လျှောက်ရသည် ။ ၇-သတ္တဟ အပြီး ၅၀-ရက်မြောက်နေ့မှာ အဘယ်သူအား တရားဟောရမည်နည်း ၊ အဘယ်သူသည် ခက်ခဲနက်နဲသော ဤတရားများကို ခေတ်ကာလ၏ အယူဝါဒများမှ ခွဲထွက်၍ လျင်မြန်စွာ နားလည်နိုင်မည်နည်း ဟုဆင်ခြင် ကြည့်တော်မူပါသည်။ ဆင်ခြင်တဲ့ နေရာတွင် ဘုရားရှင်များသည် ပကတိမျက်စိကိုပဲ သုံးတော်မူကြတယ်လို့ ဟောသည်။ ပကတိမျက်စိနှင့် ကြည့်တော့ ပထမမှာ ဒီလောက် ခက်ခဲနေတဲ့ တရားတွေကို နားလည်သဘောပေါက်ပြီး စောစောစီးစီး တရားထူးရမယ့် သူကိုမတွေ့ဘူးလို့ ဆိုသည်။ ကိလေသာထူပြောလွန်းတဲ့ လောကကို တရားမဟော၊ တစ်ကိုယ်တည်း ဖိုလ် ချမ်းသာနဲ့ နေတော့မယ် ဆိုတဲ့ စိတ်အကြံလည်း ဖြစ်လာသည်။ ထိုအခါ ဗြဟ္မာမင်းက တရားဦးဟောရန်လျှောက်ရသည်။ ဂေါတမဘုရားရှင်ကိုတော့ မဟာသဟမ္ပတိ ဗြဟ္မာမင်းက တောင်းပန်သည် လို့ဆိုပါသည်။ ဒီဃနိကယ် မှာ ၀ိပဿီ ဘုရားရှင်လည်း ဒီလို ဖြစ်ခဲ့သည်ဟု အတိအလင်း ရေးထားသည်။)
(၁၅) ဣတိပတနမိဂဒါဝုန်တော ၌သာ ဓမ္မစကြာတရားဦးကို ဟောတော်မူကြသည်။
(၁၆) တပို့တွဲလပြည့်နေ့ ၌သာ ပါတိမောက် ပြတော်မူကြသည်။
(၁၇) ဇေတ၀န်မည်သော ကျောင်းတော်၌သာ သီတင်းသုံးကြသည်။ (ပိဋကတ်တော်တွင် (၁၄) ၀ါမြောက်၊ ( ၂၁ ) ၀ါမှ ( ၄၄ ) ၀ါ အထိ (၂၅) ၀ါ ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးပါသည်။ ဇာတိမြေ ကပိလ၀တ်မှ နိဂြောဓာရုံကျောင်းမှာ(၁၅) ၀ါမြောက် တစ်ဝါသာ သီတင်းသုံးတော်မူပါသည်။)
(၁၈) သာဝတ္ထိမြို့၌သာ ယမိုက်ပြာဋိဟာ ပြတော်မူပါသည်။ ( ယမိုက်+ပြာဋိဟာ = အစုံစုံ + တန်ခိုး ။ ရေအစုံ၊ မီးအစုံ ဟုဆိုအပ်သော အစုံလိုက် အစုံလိုက် ဖြစ်ပေါ်စေသော တန်ခိုးတော် )
(၁၉) တာဝတိသာ၌သာ အဘိဓမ္မာတရားဟောသည်။
(၂၀) သင်္ကဿနဂိုရ်ပြည်၌သာ နတ်ပြည်မှ သက်တော်မူပါသည်။
(၂၁) ဖလသမာပတ်ကို မပြတ်ဝင်စားတော်မူပါသည်။
(၂၂) နံနက်အခါ ၊ ညဉ့်အခါ တို့၌ ကျွတ်ထိုက်သော ဝေနေယျကို ကြည့်ရှုတော်မူပါသည်။ (နေ့ (၃) ခါ ၊ ည (၃)ခါ ..၆ ခါ ကြည့် ပါသည်။)
(၂၃) အကြောင်းရှိမှ ၀ိနည်းတရားတို.ကို ပညတ်တော်မူပါသည်။ ( ဒီဝိနည်းတွေကို စောစောကတည်းက ကြိုထုတ်ထားရင် ဘယ်သူမှ ရဟန်းဝတ်ရဲ/၀တ်ချင်မှာ မဟုတ်ဘူးဟု ဆိုသည်။ ထို့ကြောင့် ဖြစ်စဉ်ပေါ်လာမှ စည်းကမ်းထုတ်ခြင်း ဖြစ်သည်။)
(၂၄) အတ္ထုပ္ပတ္တိ နဲ့ တိုက်ဆိုင်မှုရှိလျှင် အတိတ်မှ ဇာတ်တရားများကို ဟောသည်။
(၂၅) ဆွေတော် ၊ မျိုးတော်တို့၏ အစည်းအဝေး တရားပွဲများတွင် ဗုဒ္ဓ၀င် ကိုသာဟောတော်မူကြသည်။
(၂၆) ဧည့်သည်ရဟန်းတို့နှင့် တရားစကား ပြောတော်မူကြသည်။
(၂၇) ဒါယကာတို့ ဖိတ်၍ ၀ါဆိုတော်မူသော် ၊ ၀ါကျွတ်လျှင် ဒါယကာတို့ အားပန်ကြားပြီးမှ သာ ထွက်ခွာကြွသွားတော်မူကြသည်။
(၂၈) နေ့စဉ် အခါခပ်သိမ်း ဗုဒ္ဓကိစ္စငါးပါး ကို ပြုတော်မူသည်။
(၂၉) ပရိနိဗ္ဗာန်ပြုအံ့သောနေ့၌ သားပြွမ်းဆွမ်းကို ဘုဉ်းပေးတော်မူသည်။ (မြတ်စွာဘုရား နောက်ဆုံးဘုန်းပေးတဲ့ဆွမ်းသည် ၀က်သား (၀က်ပျိုသား) ( မဟာအဋ္ဌကထာ၊ PDS dictionary အရ ) နဲ့ မှို ဆိုပြီး (၂)မျိုး ရှိနေသည်။ ပါဠိလို “သူကရမက္တ၀” လို့ခေါ်တဲ့ အရာ(ဘောဇဉ်) ကို ဘုရားရှင် ဘုန်းပေးခြင်းဖြစ်သည်။ ကမ္ဘာပေါ်မှာ ပါဠိ-အင်္ဂလိပ် အဘိဓာန် ၁ ခုကလွဲရင် အခြားသော ဘာသာပြန်တွေမှာ မှို လို့ပဲ အဓိပ္ပါယ် ဖွင့်ကြသည်။ အားလုံး အဘိဓာန် (၅)ခုက ဘာသာပြန်ထားသည်။ မှို ၊ ဆေးပေါင်းစုံဟင်း ၊နူးညံ့လှစွာသော မကြီးမငယ် ၀က်သား၊ ၊မျှစ် (ဥဒါန်းအဋ္ဌကထာအရ)၊ နွားနို့နဲ့ ချက်ထားတဲ့ ထမင်းစားဖွယ် စသည် (၅)မျိုး ရှိနေပါသည်။ မြန်မာဆရာတော်တွေက ထိုရာသီမှာ မှို မပွင့်သေးလို့ ၀က်သားကိုပဲ ယူသည်။ နိုင်ငံတကာမှာကတော့ မှိုကို ယူကြသည်။ အခါမဟုတ်မှိုကို ဘုန်းပေးပြီးတော့ အဆိပ်သင့်တာလို့ ဆိုကြသည်။ ထို့ကြောင့် “သူကရမက္တ၀”ဟာ ဘာသာပြန်ကွဲလွဲမှုရှိနေသည်။ ဘုရားရှင်တို့၏ တူရာ အချက် (၃၀) အရ သားပြွမ်းဆွမ်း ဘုဉ်းပေးတော်မူရမယ်ဆိုတော့ ၀က်သား ဟု ပြောရမှာပါ။)
(၃၀) သမာပတ်ဝင်စားပြီးမှ ပရိနိဗ္ဗာန်ပြုတော်မူသည်။
“အသေ၀နာစ ဗာလာနံ၊ ဧတံမင်္ဂလမုတ္တမံ။
လူမိုက်ကို မမှီဝဲမဆည်းကပ်ခြင်းသည်
မြတ်သောမင်္ဂလာမည်၏။
လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့၊
မမှီဝဲနဲ့ကင်းအောင်နေ။”
တစ်ခါတုန်းက ဗာရာဏသီပြည်မှာ သာမလို့ အမည်ရတဲ့ မင်းတစ်ပါး ရှိခဲ့ပါတယ်။ အဲဒီသာမမင်းမှာ အလွန်တော်တဲ့ မြင်းတစ်ကောင်လည်း ရှိပါတယ်။ အဲဒီမြင်းရဲ့အမည်က ပဏ္ဍ၀တဲ့။ မြင်းက သိပ်တော်တော့ မင်းကိုယ်တိုင်ကလည်း မင်္ဂလာမြင်းအဖြစ် သတ်မှတ်ပေးထားပါတယ်။ မင်္ဂလာမြင်းဆိုတော့ သာမန်မြင်းတွေထက် အခွင့်အရေး ပိုရပါတယ်။
တစ်နေ့တော့ ဘယ်လိုအကြောင်းကြောင့်ရယ်တော့ မသိဘူး၊ မင်္ဂလာမြင်းကို ထိန်းကျောင်းဖို့ မြင်းထိန်းတစ်ယောက်ရောက်လာပါတယ်။ မြင်းထိန်းရဲ့အမည်က ဂိရိဒတ္တတဲ့။ မင်္ဂလာမြင်းကို ထိန်းကျောင်းမယ့် ဂိရိဒတ္တဟာ မြင်းထိန်းပညာနဲ့ပတ်သက်ပြီး ဘယ်လောက်တော်တယ်၊ ဘယ်လောက်ကျွမ်းကျင်တယ်ဆိုတာ စာထဲမှာပြမထားလို့ မသိရပါဘူး။ ဒါပေမယ့် ဂိရိဒတ္တမှာ လူအများမြင်သာတဲ့ ထူးခြားချက်တစ်ခု ရှိနေပါတယ်။ အဲဒီထူးခြားချက်ကတော့ ခြေခွင်နေတာပါပဲ။
ဂိရိဒတ္တဟာ မြင်းထိန်းတစ်ယောက်ရဲ့ တာဝန်တွေဖြစ်တဲ့ မြင်းစာကျွေးတာ၊ မြင်းရေချိုးတာ၊ သန့်ရှင်းရေးလုပ်တာ စသည်ဖြင့် မြင်းတစ်ကောင်လုံးနဲ့ဆက်စပ်သမျှကို တာဝန်ကျေအောင်လုပ်ပေးပါတယ်။
မြင်းထိန်းဂိရိဒတ္တလုပ်ရတဲ့အလုပ်တွေထဲမှာ မင်္ဂလာမြင်းကို မြင်းစားကျက်သွားကျောင်းပေးရတဲ့ အလုပ်လည်း တစ်ခုပါပါတယ်။ ဒီတော့ ဂိရိဒတ္တလည်း မြင်းရဲ့နှာရှုပ်ကြိုးကိုကိုင်ပြီး ရှေ့ကနေ သွားပါတယ်။ မြင်းထိန်းဂိရိဒတ္တဟာ ခြေခွင်နေတဲ့သူဆိုတော့ လမ်းလျှောက်တဲ့အခါ ထော့နဲ့ထော့နဲ့နဲ့ပေါ့။ ဒါကို မင်္ဂလာမြင်းက သူ့ကို သင်တာပဲဆိုပြီး မြင်းထိန်းလျှောက်တဲ့အတိုင်း ထော့နဲ့ထော့နဲ့နဲ့ နောက်က လိုက်လျှောက်တယ်။ ကာလတစ်ခုလည်းကြာလာရော မင်္ဂလာမြင်းလည်း လမ်းလျှောက်တဲ့အခါ သူ့ထိန်းကျောင်းသူ မြင်းထိန်းအတိုင်း ထော့နဲ့ ထော့နဲ့ ဖြစ်သွားပါရောတဲ့။
တစ်နေ့တော့ မင်းချင်းတစ်ယောက်က မင်္ဂလာမြင်း ခြေထောက် ထော့နဲ့ထော့နဲ့ ဖြစ်နေတာကို တွေ့သွားပါတယ်။ ဒီတော့ မင်းကို မင်္ဂလာမြင်းခြေထောက်ထော့နဲ့ထော့နဲ့ဖြစ်နေတဲ့အကြောင်း သွားလျှောက်ပြပါတယ်။ မင်းကလည်း မြင်းခြေထောက်မှာ အနာတစ်ခုခု ဖြစ်လို့နေမှာပဲ ဆိုပြီး ဆေးဆရာတွေလွှတ်ပြီး ဆေးကုခိုင်းလိုက်ပါတယ်။ ဆေးဆရာတွေက မင်္ဂလာမြင်းကို ခြေထောက်မှာဘာရောဂါဖြစ်နေသလဲဆိုတာ သေချာစစ်ဆေးကြည့်ကြတယ်။ အစကတည်းက ဘာရောဂါမှ မရှိတာဆိုတော့ ဘာရောဂါမှလည်းမတွေ့ပါဘူး။ ဆေးဆရာတွေက မြင်းမှာ ဘာရောဂါမှ မရှိတဲ့အကြောင်း မင်းကိုလျှောက်ပြပါတယ်။ ဒီတော့ မင်းက ဘုရားအလောင်းပညာရှိအမတ်ကို တစ်ဖန်ထပ်ကြည့်ခိုင်းပြန်ပါတယ်။
ဘုရားလောင်းပညာရှိအမတ်ကတော့ စဉ်းစားပါပြီ။ မြင်းမှာ ဘာရောဂါမှ မရှိဘူးဆိုတော့ တခြားအာရုံဘက်ကိုတွေးပြီး ရှာပါတယ်။ နောက်ဆုံးတော့ ထော့နဲ့ထော့နဲ့နဲ့ ခြေခွင်နေတဲ့မြင်းထိန်းကို သွားတွေ့ပါတယ်။ မြင်းထိန်းကိုတွေ့လိုက်တာနဲ့ ဘုရားအလောင်းပညာရှိအမတ်က အဖြေကို ချက်ချင်းသိလိုက်ပါပြီ။ ဒါကြောင့်မင်းဆီသွားပြီး -
“ အရှင်မင်းကြီး အရှင်မင်းကြီးရဲ့ မင်္ဂလာမြင်းခြေထောက် ထော့နဲ့ထော့နဲ့နဲ့ ဖြစ်ရတာဟာ သူ့ရဲ့မြင်းထိန်း ခြေထော့နဲ့ထော့နဲ့ဖြစ်တာ ကို အတုလိုက်ပြီး ဖြစ်သွားတာပါဘုရား”
“ဒါဆို ယခင်အတိုင်း ပြန်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ”
“ဒါကလွယ်ပါတယ်ဘုရား၊ ခန္ဓာကိုယ်ကောင်းမွန်တဲ့ မြင်းထိန်းယောက်ျားတစ်ယောက်ကို မြင်းရဲ့နှာရှုပ်ကြိုးကိုကိုင်ပြီး ရှေ့ကနေ သွားခိုင်းပေးပါဘုရား၊ ဒါဆို ယခင်အကောင်းအတိုင်း ပြန်ဖြစ်သွားပါလိမ့်မည်ဘုရား”
မင်းလည်း ဘုရားအလောင်းပြောတဲ့အတိုင်း ပြုလိုက်တာ မင်္ဂလာမြင်းဟာ ယခင်အကောင်းအတိုင်း ပြန်ဖြစ်သွားပါသတဲ့။
(ငါးရာငါးဆယ်ဇာတ်ဝတ္ထု-ဂိရိဒတ္တဇာတ်)
“ဓာတ်ဆိုတာကူးဆက်တတ်တဲ့သဘောရှိတယ်” ဆိုတာ ဒီဓမ္မ ပုံဝတ္ထုလေးက အလွယ်ဆုံးနည်းနဲ့ ပြလိုက်တာပါပဲ။
ဗုဒ္ဓခေတ်ကို အာရုံပြုကြည့်လိုက်ပါ။ အရှင်သာရိပုတ္တရာက ပညာကြီးတော့ သူ့ရဲ့တပည့်တွေကလည်း ပညာကြီးကြပါတယ်။ အရှင်မောဂ္ဂလာန်က တန်ခိုးကြီးတော့ သူ့ရဲ့တပည့်တွေကလည်း တန်ခိုးကြီးကြပါတယ်။ ဒေ၀ဒတ်က အလိုဆိုးရှိတော့ သူ့ရဲ့တပည့်တွေကလည်း အလိုဆိုး ရှိကြပါတယ်။ ဒါ ဓာတ်ကူးသွားတဲ့သဘောပါ။
မျက်မှောက်ခေတ်မှာလည်း ဒီအတိုင်းပါပဲ။ ကိုယ့်ဝန်းကျင်မှာ ပညာတတ်တွေရှိနေရင် ပညာတတ်ဖြစ်သွားတတ်ပါတယ်။ ကိုယ့်ဝန်းကျင်မှာ စီးပွားရေးသမားတွေရှိနေရင် စီးပွားရေးသမား ဖြစ်သွားတတ်ပါတယ်။ ကိုယ့်ဝန်းကျင်မှာ နိုင်ငံရေးသမားတွေရှိနေရင် နိုင်ငံရေးသမား ဖြစ်သွားတတ်ပါတယ်။ ကိုယ့်ဝန်းကျင်မှာ ဂမ္ဘီရသမားတွေရှိနေရင် ဂမ္ဘီရသမား ဖြစ်သွားတတ်ပါတယ်။ ကိုယ့်ဝန်းကျင်မှာ မသမာတဲ့နည်းနဲ့စီးပွားရှာတဲ့သူတွေရှိနေရင် ကိုယ်ကိုယ်တိုင်လည်း မသမာတဲ့နည်းနဲ့ စီးပွားရှာသူ ဖြစ်သွားတတ်ပါတယ်။
ဓာတ်ဆိုတာ ကူးဆက်တတ်တဲ့သဘောရှိတယ် ဆိုပေမယ့် ဓာတ်ကောင်းနဲ့ဓာတ်ညံ့မှာ ဓာတ်ညံ့က ပိုပြီး ကူးစက်မြန်ပါတယ်။ ဒါကြောင့် ဓာတ်ညံ့ရှိတဲ့သူကို မမှီဝဲမဆည်းကပ်ခြင်းဟာ မင်္ဂလာတရားနဲ့ အညီ နေထိုင်နေတာပါပဲ။
စာမှာတိုက်ရိုက်ပြတာကတော့ လူမိုက်ကို မမှီဝဲမဆည်းကပ်ပါနဲ့တဲ့။
ဒီတော့လူမိုက်ဆိုတာဘာလဲ?
သူတစ်ပါး အသက်သတ်သူ၊ သူတစ်ပါးဥစ္စာခိုးသူ၊ သူတစ်ပါး ပစ္စည်းကို လုယက်ဓားပြတိုက်သူ စသည်ဖြင့် မြင်လိုက်ကြမှာပါ။
မြတ်စွာဘုရားကတော့ လူမိုက်ဆိုတာကို ဒီလိုဖွင့်ပြထားပါတယ်။
၁။ မကောင်းတာတွေးနေတဲ့သူ။
၂။ မကောင်းတာပြောနေတဲ့သူ။
၃။ မကောင်းတာလုပ်နေတဲ့သူ။
အဲဒီအင်္ဂါသုံးပါးနဲ့ ညီနေရင် ပစ္စည်းဥစ္စာတွေ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ၊ ပညာတွေ ဘယ်လောက်ပဲတတ်တတ်၊ အနုပညာအရ ဘယ်လောက်ပဲအောင်မြင်မှုတွေ ရှိနေရှိနေ၊ ရာထူး အာဏာ ဂုဏ်သိန် တန်ခိုးသတ္တိတွေဘယ်လောက်ပဲ ရှိနေရှိနေ၊ မြတ်စွာဘုရားရဲ့ အလိုအရတော့ လူမိုက်ပါပဲတဲ့။
မင်္ဂလာတရားတော်နဲ့အညီ လူမိုက်လက္ခဏာတွေ ရှိနေတဲ့သူကို မမှီဝဲမဆည်းကပ်ဘဲတော့နေပါရဲ့။ ဒါပေမယ့်ကိုယ်ကိုယ်တိုင်ကတော့ မကောင်းတာတွေးနေမယ်၊ မကောင်းတာပြောနေမယ်၊ မကောင်းတာ ပြုလုပ်နေမယ်ဆိုရင်တော့ ကိုယ်ကိုယ်တိုင် လူမိုက်ဖြစ်နေပြီး တကယ့် အတွင်းလူမိုက်နဲ့ပေါင်းနေတာပါပဲ။ အမှန်တကယ်တော့ ကိုယ်ကိုယ်တိုင် လူမိုက်မဖြစ်အောင် နေတတ်ဖို့က အဓိကပါ။
ဒီတော့ ညအိပ်ရာဝင်ရင် နဖူးပေါ်လက်တင်ပြီး ဒီနေ့တစ်နေ့တာရဲ့ အတွေးအခေါ် အပြောအဆို အပြုအမူတွေကို စဉ်းစားကြည့်လိုက်ပါ။
“ငါ ဒီနေ့တစ်နေ့တာ မကောင်းတာတွေတွေးဖြစ်လား...? မကောင်းတာတွေပြောဖြစ်လား…? မကောင်းတာတွေပြုလုပ်ဖြစ်လား…?”
တကယ်လို့များ တစ်နေ့တာရဲ့အချိန်ကာလတစ်ခုမှာ မကောင်းတာ တစ်ခုခု တွေးမိပြောမိပြုမိခဲ့တယ် ဆိုရင်တော့ ကိုယ့်ကိုယ်ကို အားနာမှု ကင်းစွာနဲ့ လူမိုက်လို့ပဲ သတ်မှတ်လိုက်ပါတော့။ ။
Posted by ကဗျာမလေး at 12:26 AM
Labels: ရဝေနွယ် (အင်းမ) (အလင်းတန်း ဂျာနယ်)
Posted by sonesiyar.blogspot.com at 9:42 AM
Labels: အမေးအဖြေ trackbacks
Posted by sonesiyar.blogspot.com at 8:50 PM
Labels: မြတ်ဗုဒ္ဓသို့ ဦးတိုက်ခြင်း trackbacks
© Blogger templates The Professional Template by Ourblogtemplates.com 2008
Back to TOP