Sunday, September 18, 2011
ဆယ်မိနစ်တရား ("ပျင်းတောင်ပျင်းသေးတယ်")
ဆယ်မိနစ်တရား ("ပျင်းတောင်ပျင်းသေးတယ်")
အရှင်ဇနကာဘိဝံသ
------
မြန်မာ နှင့် ကမ္ဘာ
- ကြီးပွားခြင်း မကြီးပွားခြင်း
- ဗုဒ္ဓဘာသာဟုတ်ခြင်း မဟုတ်ခြင်း
နှင့် စပ်မလျဉ်း၍
သာသနာ့ဝံသာနုဆရာတော်ကြီး၏ အဆုံးအမ
စေတနာရှင်မလေးသို့
အရှင်မြတ်ဘုရား
ဒိုမိန်း သက်တမ်းတိုးဖို့ ဂူဂယ်က စာဝင်လာလို့ တိုးလိုက်ပြီးပါပြီ။ နောက်နှစ်တွေလဲ ဆက်တိုးပေးသွားပါ့မယ်ဘုရား။
ကျန်းမာချမ်းသာစွာ သာသနာကို စောင့်ရှောက်နိုင်ပါစေဘုရား။
ရိုသေစွာဖြင့်
----------------------
---------------------------------------------------------------------------------------------------
ဒကာမကြီး
နေကောင်းပါရဲ့လား။
ဒီနေ့မှ မေးကိုစစ်မိတယ်။
ဦးဇင်းက ၃ လပိုင်းကတည်းက မြန်မာပြည်ကို ပြန်ရောက်နေတယ်။ အင်တာနက်ရတာလည်း ရက်ပိုင်းလောက်ပဲရှိသေးတော့ ဝက်ဆိုဒ်နဲ့က အတော်အလှမ်းဝေးသွားတယ်။ နောက်ပြီး ရိုးရိုးသားသား ဝန်ခံရရင် ဒိုမိန်းအလှူရှင်ဟာ ဘယ်သူမှန်း ဦးဇင်းမသိခဲ့ဘူး၊ သက်တမ်းကုန်ရင် သက်တမ်းဘယ်လို တိုးရမယ်မှန်းလည်း ဦးဇင်းမသိခဲ့ဘူး။ ( ကူညီပေးခဲ့တဲ့ ကိုကျော်စွာ နဲ့ကလည်း အဆက်အသွယ်ပြတ်နေတယ်)။ အဲဒီအကြောင်းတွေကြောင့် ဝက်ဆိုဒ်မှာ စာတွေလည်း သိပ်မတင်ဖြစ်ခဲ့တော့တာပါ။
ခုတော့ အားရှိပါပြီ။ ဒိုမိန်းအလှူရှင်ဟာ ဒကာမကြီးမှန်းသိရပါပြီ။ ဦးဇင်း စာတွေပြန်တင်ပါ့မယ်။ ဦးဇင်း အမြဲသုံးဖြစ်တဲ့ အကောင့် visarada.ven@gmail.com နဲ့ invite လုပ်လိုက်ပါမယ်။ ဦးဇင်းက ဒိုမိန်းကို စိတ်မချတာတစ်ပိုင်း၊ အင်တာနက်မရတာတစ်ပိုင်းကြောင့် စာတွေ ဆက်မတင်ဖြစ်ခဲ့ပေမယ့် ဦးဇင်းရေးနေတဲ့ (လင်္ကာမြေမှာ တစ်နှစ်တာကတော့) ပုံနှိပ်ပြီးသွားပါပြီ။ ဖြန့်ချီခွင့်တင်ရုံပဲ ကျန်ပါတော့တယ်။ လိပ်စာရပြီး ဒကာမကြီးဆီ စာအုပ်ပို့နိုင်မယ့် နည်းလမ်းရှိရင် စာအုပ်ပို့ပေးချင်ပါတယ်။ (ခု တွဲပြီးပို့လိုက်တဲ့ပုံကတော့ စာအုပ်ကာဗာပါ။) 
ခုလောလောဆယ် ဇင်ဘုန်းကြီးတစ်ပါးရဲ့ စာအုပ်ကို ဘာသာပြန်ပြီး http://www.facebook.com/ashin.
ကျန်းမာချမ်းသာပါစေ...
မေတ္တာဖြင့်
အရှင်ဝိသာရဒ (ရမ္မာဝတီ)
စက်တင်ဘာ ၁၈ ရက်နေ့တရားအစီအစဉ်များ။
၂၀၁၁ ခု စက်တင်္ဘာလ ၁၈ ရက် ( ၁၃၇၃ ခု တော်သလင်း လဆုတ် ၅ ရက် ) တနင်္ဂနွေနေ့
ဓမ္မဒူတ အရှင်ပညာဇောတ (တောင်စွန်းမြို့)ဟောကြားတော်မူသောတရားတော်များ
၁။ အတုမရှိလေးပါး
၂။ ဘယ်သူတို့က ကိုယ်စောင့်ကြပ်
၃။ ခန္ဓာကြီးသည် ဘယ်သွားနေလဲ
၎။ ကုသိုလ်သီလ ဘယ်ကျိုးရ
၅။ လမ်းရှင်းလေမှ ရှုပွားရ
၆။ သီးခံကျင့်ဟာ မြတ်ဆုံးပါ
၇။ သင်္ခါရနှင့် လက္ခဏာ
၈။ ရေချိုးခြင်းနှင့် သက်သတ်လွတ်
သာသနဓဇ။ သဒ္ဓမ္မနေပုည။ သာသနဇောတိပါလ ဓမ္မာစရိယ။ ဓမ္မကထိက ဗဟုဇနဟိတဓရ ဓမ္မဒူတ ဒေါက်တာ အရှင် ဆေကိန္ဒ ဟောကြားတော်မူသောတရားတော်များ
၁။ ဣနြေ္ဒမရှိ တရားမသိ၂။ ဝေဒနာပစ္စယာ တဏှာ တဏှာပစ္စယာ ဝေဒနာ
၃။ သေမထူး နေမထူး
၎။ ၀ိပဿနာအစ ၀ိပဿနာအဆုံး
၅။ တစ်သက်လုံးနေတတ်အောင်
၆။ ပြေးသူကပြေး ဆွဲသူကဆွဲ
၇။ ရုပ်နာမ်မမြင် ဘာကိုမြင်
၈။ သေသင်.သူကိုသတ်လိုက်ပါ
၉။ အပြစ်မရှိ အပြစ်ရှာတယ်
၁၀။ ၀ဋ်ကြိုက်ရင် ၀ဋ်လိုက်တယ်
တရားတော်များကိုလွှင့်ကြားပေးသွားပါမည်။
တရားကိုချစ်ခင်၊ တရားကိုမြတ်နိုး၊ တရားနှင့်ပျော်မွေ့သူတိုင်း ဘ၀၏ငြိမ်းအေးရာ တရားထူး၊တရားမြတ်များ ရှာတွေ့နိုင်ကြပါစေ။ Read more...
- သာသနာ့ရောင်ခြည် (၂၂) ကြိမ်မြောက်အလှူတော်
သာသနာ့ရောင်ခြည်အဖွဲ့၏ (၂) နှစ်ပြည့် (၂၄) ကြိမ်မြောက် အလှူတော်နှင့်အတူ အဖွဲ့သူ အဖွဲ့သား အားလုံး ညီရင်းအစ်ကို မောင်ရင်းနှမ မိသားစု စိတ်ဓာတ် ပိုမိုတိုးပွား ခိုင်မာလာစေရန် ရည်ရွယ်ပြီး စင်ကာပူနိုင်ငံရှိ အပန်းဖြေနေရာတစ်ခုခုတွင် ပျော်ပျော်ပါးပါး စုစည်းပြီး ပျော်ရွှင်ချမ်းမြေ့စွာ အနားယူရင်း တစုတဝေးတည်း စုပေါင်းပျော်ရွှင် နိုင်မည့် အစီအစဉ်တစ်ခု ပြုလုပ်နိုင်ရန် စိတ်ကူးထားရှိပါသည်။ အဲဒီအတွက်လည်း ဆွေးနွေးတိုင်ပင် အကြံဥာဏ်ကောင်းလေးများ ပေးကြပါအုံး။
အားလုံးကျန်းမာ ချမ်းသာကြပါစေ။
ပါဏာတိပါတကံ၏ဆိုးကျိုးများ
ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ (သတ္တဝါ၏ အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်ပါ၏)တဲ့။ ဒါက ဦးဇင်းတို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ စောင့်ထိန်းနေကြဖြစ်တဲ့ ငါးပါးသီလရဲ့ ပထမဆုံး သီလဖြစ်ပါတယ်။ သတ္တဝါ၏ အသတ်ကို သတ်ခြင်းမှ ရှောင်ကြဉ်တယ်ဆိုရင် ပါဏာတိပါတ ကံလုံခြုံတယ်ပေါ့။ သတ္တဝါရဲ့ အသတ်ကို သတ်လိုက်ရင် ပါဏာတိပါတကံကို ကျူးလွန်တာပါ။ ပါဏာတိပါတကံကို ကျူးလွန်လိုက်ရင် အောက်ပါဆိုးကျိုးတွေကို ရရှိစေပါတယ်။
(၁)။ အသက်တိုခြင်း။
(၂)။ အနာရောဂါထူပေါခြင်း။
(၃)။ အင်အားဆုတ်ယုတ်ခြင်း။
(၄)။ ကြောက်ရွံ့တတ်ခြင်း။
(၅)။ စိုးရိမ် ပူဆွေးစိတ် များခြင်း။
(၆)။ သူတစ်ပါး အနှိပ်စက်ခံရခြင်း၊
(၇)။ သူတစ်ပါးသတ်လို့သေရခြင်း။
(၈)။ ကိုယ်လက်အင်္ဂါချို့တဲ့ခြင်း။
(၉)။ ကိုယ်လုံးကိုယ်ထည်အချိုးမကျခြင်း။
(၁၀)။ ချစ်သူတို့နှင့်ကွဲကွာရခြင်း- စသော ဆိုးကျိုးများကို ရတတ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့သေဆုံးသူ၊ ကျန်းမာရေး မကြာခဏမကောင်းပဲ အနာရောဂါထူပြောသူ၊ အားအင်ယိုယွင်းပြီး ချည့်နဲ့နေသူ၊ ဘေးရန်တစ်ခုခုပေါ်ပေါက်လာလျှင် အလွန်အမင်းကြောက်ရွံ့တတ်သူ၊ စိုးရိမ် ပူပန်မှုများတတ်တဲ့သူ၊ သူတပါးရဲ့နှိပ်စက်ခြင်းကို ခံနေရသူ၊ သူတစ်ပါးသတ်လို့သေခြင်း၊ မိမိကိုယ်မိမိ အဆိပ်သောက် ကြိုးးဆွဲချပြီး သေတတ်သူ၊ ကိုယ်လက်အင်္ဂါ မပြည့်မစုံပဲ ချို့ယွင်းနေသူ၊ ကိုယ်လုံးကိုယ်ထည် အချိုးမကျပဲဖြစ်နေသူ၊ အခြွေရံတွေပျက်စီးပြီး ချစ်တဲ့သူနဲ့ဝေးကွာခြင်းစတဲ့ချက်တွေနဲ့ပြည့်စုံနေသူများကိုတွေ့ရင် အဲဒီသူသည် အတိတ်က ပါဏာတိပါတကံကို ကျူးလွန်းခဲ့သူလို့ သိထားစေချင်ပါတယ်။ ဒါက ပါဏာတိပါတကံကို ကျူးလွန်လို့ ခံစားရတဲ့ဆိုကျိုးတွေပါ။
ပါဏာတိပါတလုံခြုံသူများကျတော့ ဆိုးကျိုးနဲ့ပြောင်းပြန် ကောင်းကျိုးတွေကိုဖြစ်စေပါတယ်။ အသက်ရှည်ခြင်း၊ အနာရောဂါကင်းခြင်း၊ အားအင်ပြည်ဖြိုးခြင်း၊ ကြောက်ရွံ့မှုကင်းခြင်း၊စိုးရိမ်ပူပန်မှုကင်းခြင်း၊ သူတစ်ပါးတို့၏နှိပ်စက်ခြင်းမှကင်းဝေးခြင်း၊ သူတစ်ပါး
သတ်လို့သေရခြင်းမှကင်းဝေခြင်း၊ မိမိကိုယ်မိမိ အဆိပ်စသည်သောက်သေခြင်းမှကင်းဝေးခြင်း၊ ကိုယ်လက်အင်္ဂါချို့တဲ့မှုမရှိခြင်း၊ ကိုယ်လုံးကိုယ်ထည်လှပခြင်း၊ ချစ်ရသူနဲ့ပေါင်းသင်းရခြင်း၊ အခြွေအရံများပြားခြင်း- စတဲ့အကျိုးတရားတွေကိုခံစားကြရမှာဖြစ်ပါတယ်။
အရှင်လတ်လတ် ပုပ်နေသော ရဟန်း
သာဝတ္ထိပြည် ဇေတဝန်ကျောင်းဝင်း၏ အစွန်ကျသော ကျောင်းတစ်ကျောင်း၌ ရဟန်းတော်တစ်ပါး ညောင်စောင်းပေါ်မှာ လူးလှိမ့်ရင်း ဝေဒနာအပြင်းအထန်ခံစားနေပါတယ်။ ရဟန်းရဲ့ခန္ဓာကိုယ်ပေါ်မှာတော့ ဆီးသီးခန့်၊ ဆီးဖြူသီးခန့် ပမာဏရှိတဲ့ အနာလုံးကြီးများ သွေးတစိုစို ပြည်တရွှဲရွှဲ တစ်ကိုယ်လုံး အပ်ချစရာ နေရာမကျန်အောင် အနှံ့အပြားပေါက်နေပါတယ်။ ရဟန်းတော်ရဲ့ တစ်ကိုယ်လုံးကား ပုပ်စော်နံနေပါတယ်။ ပြုစုမည့်သူလည်း တစ်ဦးတစ်ယောက်မျှမရှိပါဘူး။
ဒါပေမယ့် မြတ်စွာဘုရားရှင်ရဲ့ မဟာဂရုဏာတော် မေတ္တာကတော့ အင်မတန်မှကြည်ညိုဖွယ်ကောင်းလှပါတယ်။ ဘာလို့လဲဆိုတော့ ပုပ်စော်နံပြီး မည်သူမှ မကပ်ချင်တဲ့ ဂိလာနရဟန်းတော်ကို ပြုစုဖို့ဆိုပြီးကြွရောက်တော်မူပါတယ်။ မြတ်စွာဘုရားရှင်က ရဟန်းတော်နားကိုရောက်လာတော့မှ အခြားရဟန်းတွေက ဝိုင်းအုံလာပြီး ဂိလာန ရဟန်းရဲ့ ကိုယ်ပေါ်မှာရှိတဲ့ သင်္ကန်းတွေကို လျှော်ဖွပ် လဲလှယ်ပေးခြင်း၊ အနာလုံးကြီးများကို ဖန်ရည်ဖြင့်ဆေးကြောပေးခြင်း၊ ဆေးထည့်ပေးခြင်း စတဲ့ သူနာပြုလုပ်ငန်းများကိုလုပ်ဆောင်ပေးတာပါ။ အဲလိုပြုစုပေးလိုက်တော့မှ ထိုဂိလာနရဟန်း သက်သာရာရကာ ငြိမ်သက်တဲ့ စိတ်နဲ့ မှိန်းနေပါတယ်။
ပြောချင်တာက ထိုဂိလာနရဟန်း ဘာလို့အခုလို ဆိုးရွားတဲ့ရောဂါဝေဒနာကို ခံစားရတာလဲဆိုတာကိုပြောပြချင်တာပါ။ လောကမှာ တရားသဘောအရ (အကြောင်းရှိမှ အကျိုးဖြစ်တယ်)။ အကြောင်းကင်းပြီး အကျိုးဖြစ်လို့မရဘူး။ ဒီရဟန်းဘာကြောင့် အခုလို ရောဂါဆိုး ဝေဒနာဆိုကျိုးတွေကိုခံစားရတာလည်းဆိုတော့ ကဿပ မြတ်စွာဘုရားလက်ထက်တော်အခါက ထိုရဟန်းဟာ ငှက်မုဆိုးဖြစ်ခဲ့ပါတာပါ။ ငှက်မျိုးစုံကို သတ်ပြီး ဘုရင့်စားတော်ပွဲအတွက် ဟင်းလျာတစ်ခုအနေနဲ့ဆက်သရပါတယ်။ ကျန်တဲ့ ငှက်တွေကိုရောင်းပါတယ်။ ရောင်းလို့ မကုန်တဲ့ငှက်တွေကိုတော့ မပျံနိုင်အောင် အတောင် တွေကိုချိုးထားပါတယ်။ မသွားနိုင်အောင်ခြေထောက်တွေကို ချိုးထားပါတယ်။ တစ်ချို့ငှက်တွေကိုတော့ နောက်တစ်နေ့မှာသတ်ပြီးရောင်းချပါတယ်။ အတောင်ချိုး၊ ခြေချိုးထားတဲ့ငှက်တွေကိုတော့ နှစ်ရက် သုံးရက်နေပြီးမှသတ်ဖြတ်ပြီးရောင်းချပါတယ်။ အဲဒီတော့ ငှက်များဟာ ဆင်းရဲဒုက္ခကို အချိန်ကြာကြာခံစားရပြီးမှ အသတ်ခံကြရတာပါ။ အဲဒီမကောင်းတဲ့ အကုသိုလ်ကံအကြောင်းကြောင့် ယခုဘဝမှာ အရှင်လတ်လတ်ပုပ်နေတဲ့ ဆိုးကျိုးကိုခံစားရတာပါ။ ဒါပေမယ့် တစ်နေ့တော့ ငှက်မုဆိုးက ထိန့်လန့်သံဝေဂဖြစ်တာနဲ့ ရဟန္တာအရှင်မြတ်တစ်ပါးကို အရသာရှိတဲ့ ဆွမ်းနှင့် ဆွမ်းဟင်းလျာကိုလောင်းလှူပြီး မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်ရပါစေလို့ဆုတောင်းပါတယ်။ ယခုဘဝရောက်တော့ ထိုဂိလာနရဟန်းက ဝေဒနာကနေသက်သာလာတဲ့အခါ မြတ်စွာဘုရားက ဘာမျှ အသုံးမကျတဲ့၊ ဘာမျှတင့်တယ်ခြင်းမရှိတဲ့ ဒီခန္ဓာကိုယ်ကြီးရဲ့ အပြစ်ပြတရားတွေကိုဖော်ထုတ်ပြီး သစ္စာလေးပါးတရားတို့ကိုဟောပေးလိုက်တော့ ရဟန္တာ အရှင်မြတ်ကို လှူဒါန်းခဲ့တဲ့ ကုသိုလ်အထောက်ပံ့ကြောင့် အရဟတ္တဖိုလ်ဥာဏ်ထိရပြီး ပရိနိဗ္ဗာန်စံဝင်ခဲ့ပါတယ်။ ဒီနေရာမှာတစ်ခုမေးဖွယ်ရှိလာပြန်တယ်။ အဲဒါဘာလဲလို့ဆိုတော့ သတ္တဝါတွေကိုညှဉ်းပန်းနှိပ်စက်တဲ့ အကုသိုလ်ကံကြီးရှိနေပါလျှက် အရဟတ္တဖိုလ်ဉာဏ်ထိရနိုင်သလားပေါ့လေ။ အဲဒီတော့ ပဉ္စာနန္တရိယကံ- မြတ်စွာဘုရားကိုသွေးစိမ်းတည်အောင်ပြုခြင်း၊ ရဟန္တာကိုသတ်ခြင်း၊ သံဃာသင်းကွဲစေခြင်း၊ အမိကိုသတ်ခြင်း၊ အဖကိုသတ်ခြင်းဆိုတဲ့ ကံကလွဲရင် ကျန်တဲ့အကုသိုလ်ကံကို အရိယာမဂ်က ပယ်သတ်နိုင်ပါတယ်။ အဇာတသတ်မင်းသားဆိုလျှင် သာမညဖလသုတ်ကို နားကြားပြီးတော့ သောတာပန်တည်ရမည့်အစား အဖသတ်ထားတဲ့ကံကြောင့် အရိယာမဂ်နဲ့လွဲခဲ့တာပါ။ အဲဒီတော့ အတိတ်ဘဝက မမြင်ရတဲ့ အကုသိုလ်ကံကြွေး၊ ဒီဘဝမှာပြုလုပ်ထားတဲ့အကုသိုလ်ကံကြွေးတွေကို နှလုံးမသာမယာမဖြစ်ကြပဲ ပြုသင့်ပြုထိုက်တဲ့ ဒါန၊ သီလ၊ သမထ၊ ဝိပဿနာအလုပ်များကိုကြိုးစားလုပ်သင့်တယ်လို့အသိပေးချင်တာပါ။
အကုသိုလ်ကံကြွေးတွေကို အရိယာမဂ်ကပယ်သတ်နိုင်တယ်ဆိုပြီး ကုသိုလ်အလုပ်ကိုမလုပ်ပဲ အကုသိုလ်အလုပ်တွေကိုတော့မလုပ်စေချင်ပါ။ ဘာလို့လဲဆိုတော့ ဒီဘဝမှာတကယ်အရိယာမဂ်ကိုရမယ်ဆိုတာ ဘယ်သူမှကျိန်းသေ တွက်ဆလို့မရပါဘူး။ ဂိလာနရဟန်းအရိယာမဂ်ကိုရတယ်ဆိုတာကလည်း သားသတ်မုဆိုးဘဝက ရဟန္တာအရှင်မြတ်ကိုလှူဒါန်းခဲ့တဲ့ကုသိုလ်ရယ်၊ အခြားဘဝတွေမှာပြုလုပ်ခဲ့တဲ့ကောင်းမှုကုသိုလ်တွေရယ် ပါရမီဉာဏ်တွေရင့်သန်လို့သာရခဲ့တာပါ။ ဦးဇင်းတို့တွေက ပါရမီဉာဏ်ရင့်သန်နေတဲ့သူတွေဟုတ် မဟုတ်ဆိုတာ သေချာပြောလို့မရတာဖြစ်သည့်အတွက် အကုသိုလ်ကိုတော့ရှောင်ကြဉ်စေချင်ပါတယ်။ ဒါက ပါဏာတိပါတကံကိုကျူးလွန်လို့ ခံစားရတဲ့ အကျိုးဒုက္ခပြ ပုံပြင်လေးတစ်ခုပါ။
ပါဏာတိပါတကံလုံခြုံရင်တော့ အထက်ကဖော်ပြခဲ့တဲ့ ကောင်းကျိုးတွေထဲက သူတစ်ပါးသတ်လို့မသေပဲအသက်ချမ်းသာခွင့်ရ၊ လက်တွေ့ခံစားရတဲ့ အကျိုးတရားလေးတစ်ခုပြောပါဦးမယ်။ ရှေးတုန်းက သီဟိုဠ်ကျွန်းမှာလယ်သမားကြီးတစ်ဦးပေါ့လေ၊ နွားပျောက်လို့ နေရာအနှံ့အပြားလိုက်ရှာနေရာကနေ တောင်စောင်းတစ်ခုပေါ်မှာရပ်ပြီး နွားများကိုလှမ်းမျှော်ကြည့်ရှုပြီးရှာဖွေနေတုန်း စပါးကြီးမြွေတစ်ကောင်က လယ်သမာကြီးရဲ့ ခြေထောက်ကို ရစ်ပတ်ထားပါတယ်။ လယ်သမားကြီးက လက်ထဲမှာကိုင်ထားတဲ့ ထက်လှတဲ့ ပဲခွပ်(ဓား)ဖြင့် မြွေကြီးကို ခုတ်ပိုင်းရန်ကြံစည်ပြီးကာမှ၊ ပိင်္ဂလဗုဒ္ဓရက္ခိတမထေရ်ထံမှာ ဆောက်တည်ခဲ့တဲ့သီလကို ပြန်ပြီးသတိရလို့ မြွေကြီးကို မသတ်ပဲ ပဲခွပ်ကိုတောထဲသို့လွင့်ပစ်လိုက်ပါတယ်။ အဲဒီတော့မှ မြွေကြီးက အခွေကိုဖြေကာ တောထဲသို့လျှောကနဲ ဝင်သွားပါတယ်။ ပြောချင်တာက သူတစ်ပါးအသတ်ကို သတ်ခြင်းမှ ရှောင်ကြဉ်လျှင် မိမိလည်း အသက်ချမ်းသာရတယ်၊ အသက်ရှည်တယ်လို့ပြောလိုခြင်းသာဖြစ်ပါတယ်။ ပါဏာတိပါတကံကျူးလွန်
လျှင် ပစ္စုပ္ပန်လည်းမကောင်း၊ နောင်သံသရာလည်းမကောင်း။ နောင်သံသရာဆိုရင်တော့ ဆိုးကျိုးဆယ်မျိုးလုံးနဲ့ဆိုးကျိုးတွေခံစားရပြီး၊ ရှောင်ကြဉ်မယ်ဆိုရင်တော့ အခုလည်းကောင်း နောင်သံသရာလည်းကောင်းပါတယ်။ အားလုံး သူတစ်ပါးအသတ်ကိုသတ်ခြင်းမှ ရှောင်ကြဉ်စေလိုကြောင်း ဒီပိုစ့်လေးနဲ့ အသိပေးလိုက်ပါရစေ။ ဒီလောက်ဆိုရင် ပါဏာတိပါတကံရဲ့ ဆိုးကျိုး၊ ကောင်းကျိုးတို့ကို သိနားလည်လောက်ပါပြီ။ အဒိန္နာဒါန အကြောင်းကိုဆက်ရေးပါဦးမယ်။
အားလုံးကိုယ်စိတ်နှစ်ပါး၊ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်)
သန္ဓေတားဆီးခြင်း၊ ဖျက်ချခြင်း
နိုင်ငံခြားသာသနာပြု ခေါင်းဆောင်ဆရာတော်များကို ဖူးတွေ့ရခြင်း
ဆင်ခြင်သုံးသပ်မိခြင်း (အဆုံးပိုင်း)
အမှတ်စဉ်(၁၈)
ဤအပိုင်းတစ်ဆယ့်ရှစ်ဆောင်းပါးသည်ရေးသားနေဆဲဖြစ်သောနိုင်ငံခြားသာသနာပြုခေါင်းဆောင် ဆရာတော်များကို ဖူးတွေ့ရခြင်း အခန်းဆက်ဆောင်းပါးများ၏နောက်ဆုံးပိုင်းဖြစ်ပါသည်။ ဤအပိုင်းတွင် စာရေးသူ၏ ဆရာတော်ကြီးများကို သုံးသပ်ခြင်းဖြစ်သဖြင့်ဆောင်းပါး (၁၇)ခု၏ အနှစ်ချုပ်ဟု ယူဆပေးစေ လိုပါသသည်။
၁။ ဆရာတော် ဦးသုမနသာဂရ၊ (စာရေးဆရာ) ကန္ဒီဆရာတော်ကြီး ၁၉၉၆ခုနှစ်မှစ၍ ပျံတော်မူ သည်နှစ်အထိ အကြိမ်များစွာဖူးတွေ့ဖြစ်ပါသည်။ ၂၀၁၀ခုနှစ်၊ ရန်ကုန်၊ ယုဇနဥယျာဉ်၊ ကန္ဒီမြန်မာကျောင်း တွင် ပျံလွန်သည်။ ဆရာတော်ကြီးသည်မေတ္တာအားကြီးသော ဆရာတော်ကြီးတစ်ပါးဖြစ်ပါသည်။ ကိုယ်ချင်းစာစိတ်ကို အထူးမွေးမြူတတ်သည့် ဆရာတော်ကြီးဖြစ်ပါသည်။ ဆရာတော်ကြီးသည် သီရိလင်္ကာ တွင်နေစဉ် လိပ်နှစ်ကောင် ၊ကြောင်တစ်ကောင် ၊ခွေးတစ်ကောင်နှင့်မျောက်အုပ်တို့အားနေ့စဉ်ဒါနပြုခဲ့ သည်။ လိပ်နှစ်ကောင်အား ကန်ဇွန်း ရွက်၊ကြောင်တစ်ကောင်အား ငါးတင်းဗူးကို ကိုယ်တိုင် ချက်ပြုတ်ပြီး စိတ်ရှည်ရှည်ဖြင့် ကျွေးမွေးခဲ့သည်၊ ခွေးတစ်ကောင်ကိုလည်း စောင့်ရှောက်ပါသည်၊ မျောက်အုပ်ကိုမူ ပေါင် မုန့်များဝယ်ပြီးနေ့စဉ် ဒါန ပြုလျက်ရှိ ခဲ့သည်။ ဆရာတော်၏ ယုံကြည်ချက်မှာ ဒီဘ၀တွင်ပင် မြန်မာပြည်တွင် ကိုယ်ပိုင်ကျောင်းကို ရလိုသည်ဟုပြောပြခဲ့ပါသည်။ အဘိဓမ္မာအလိုဇောခုနှစ်ဇော စောရာတွင် ပထမဇော၏ အစွမ်းကြောင့်ဟုယူဆပါသည်။ ရလိုသောကျောင်းကောင်းကြီးကို ယုဇနဥယျာဉ်မြို့သစ်တွင် အလှူခံရရှိခဲ့ ပါသည်။ ထိုကျောင်းမရမီက ဆရာတော်ကို ကြည်ညိုရင်းစွဲရှိကြသော ရန်ကုန်မြို့နေ ဒကာ၊ဒကာမ များကကျောင်းဆောက်ရန်ကြိုးစားခဲ့ကြပါသော်လည်း အထမမြောက်ခဲ့ကြပါ။ စာရေးသူကိုပင်ဖြတ်ပိုင်းပေြး ပီးအလှူခံခိုင်းခဲ့ပါသေးသည်။
၂။ ဆရာတော်ဦးဥာဏိန္ဒ၊ (ကျမ်းပြုဆရာ) ဂေါလ်ဆရာတော်ကြီး ၁၉၉၇ခုနှစ်တွင် စတင် ဖူးတွေ့ဖြစ်ြပီး ငါး ကြိမ်ထက် မနည်းဖူးတွေ့ဖြစ်ပါသည်။ ရန်ကုန်မြို့၊ သီရိလင်္ကာမြန်မာကျောင်း တာမွေမြို့တွင် ပျံလွန်တော်မူခဲ့ သည်။ စာမတတ်ရင် စာမရေးပါနဲ့ဒေါင်းကသလိုဖြစ်နေမယ်၊ဒေါင်းငှက်ကတာကရှေ့ကနေ ကြည့်တော့ လှတယ်၊နောက်ကနေကြည့်တော့ သူ့ဖင်က မလုံဘူး၊ စာမတတ်ဘဲ စာရေးရင် ကိုယ်ညံ့တာတွေ အကုန်ပေါ် တယ်ဟုမိန့်ပါသည်။ ဆရာတော်သည် သီဟိုဠ်ဘာသာဖြင့် အဘိဓမ္မာအရကောက်များကို ဘာသာပြန်ဆို သည်ဟုသိရပါသည်။ ပါဠိဘာသာဖြင့် ဂါထာစီကုံးထားသည်များကိုလည်း စစ်ဆေးပေးရန် မိတ်ဆွေဦး သာသန၀ရကိုပြသနေခဲ့သည်ကို မှတ်မိနေပါသည်။ ဆရာတော်ကြီးသည် အစိုးရပိုင်းနှင့် အလွန်အ ဆင်ပြေသော ဆရာတော်ကြီးဟု သိထားပါသည်။
၃။ ဆရာတော်ဦးကုမာရ၊ သံဃမဟာနာယက ဥက္ကဋ္ဌဆရာတော်ကြီး မကွေးဆရာတော်ကို သီရိလင်္ကာတွင် ၁၉၉၇ခုနှစ်က တစ်ကြိမ်၊ မကွေးမြို့ဆရာတော်ကြီး၏ကျောင်းတွင် ၂၀၀၅ခုနှစ်က တစ်ကြိမ် စုစုပေါင်းနှစ် ကြိမ်သာ ဖူးတွေ့ခွင့်ရခဲ့ပါသည်။မြန်မာနိုင်ငံတွင်ပျံလွန်တ်ာမူခဲ့ပါသည်။ စာရေးသူ၏ ဆရာတော် မစိုရိမ်တိုက် သစ်ကြီး၏ ဦးစီးနာယကက ဘုန်းကြီးပီသသည်ဟု မိန့်ကာ ကြည်ညိုခံရသော ဆရာတော်ကြီး တစ်ပါးဖြစ်ပါသည်။လောကတွင် အမျိုးသမီးများက ကြည်ညိုသော ဘုန်းတော်ကြီးက အရေအတွက် များပါ သည်။ယောင်္ကျာများက ဘုန်းတော်ကြီးကို ကြည်ညိုကြသည်မှာ အမျိုးသမီးဦးရေလောက် မများ လှပေ။ ရဟန်းတော် အချင်းချင်း ကြည်ညိုဖို့ဆိုသည်မှာ အကြောင်းသိမို့ မလွယ်ဟု ဆိုပါသဖြင့် အရေအတွက် အထူးပင်နည်းပေမည်။ မိမိကိုယ်တိုင် ကြည်ညိုဖို့ ဆိုသည်မှာ ပို၍ပင် ခက်ခဲပေသည်။ ယခု ဥက္ကဋ္ဌ ဆရာတော်ကြီးကို ကြည်ညိုသူမှာသီလ၊သမာဓိ၊ပညာ အရာအရာတွင် အဆင့်မြင့်နေသော ဆရာတော်ကြီး ကကြည်ညိုနေသူပေရာ အလွန်ခက်ခဲသော ကြည်ညိုမှုပင်ဖြစ်ပေသည်။ ဥက္ကဋ္ဌဆရာတော်ကြီးသည် စကားပြော ဆိုရာတွင် နူးညံ့ချိုသာစွာ ပြောတော်မူပြီး ကျမ်းဂန် အထောက်အထားကို သုံးစွဲတော်မူပါသည်။ ဆရာတော်ကြီး၏ နိုင်ငံတော်နှင့် သက်ဆိုင်သည့် သြ၀ါဒများကို ပေးတော်မူရာ သတင်းစာ တွင်ပါသဖြင့် စာရေးသူသည် ဂရုတစိုက်ဖတ်မိလေ့ရှိရာ ထူးခြားသည့် အရေးအသားများကို ဖတ်မိခဲ့ပါသည်။ သတင်းစာ တွင် ပါသောသြ၀ါဒ ကထာများတွင် သာသနာတော်တွင် ၀ါဒကွဲများပြန်လည်ခေါင်းထောင်လာနေသဖြင့် စိတ်ပူမိကြောင်း စိုးရိမ်သည့် အရိပ်အယောင်များကို သတိပြုနိုင်ပါသည်။
၎။ ဆရာတော်ဒေါက်တာအရှင်ရေ၀တဓမ္မ၊ (ကျမ်းပြုဆရာ) ဘာမင်ဂန်ဆရာတော်ကြီး ၁၉၉၇ခုနှစ်နှင့် ၁၉၉၈ခုနှစ်တွင်နှစ်ကြိမ်မျှသာ ဖူးတွေ့ဖူးပါသည်။ အင်္ဂလန်နိုင်ငံတွင် ပျံလွန်တော်မူခဲ့ပါသည်။ တရားဟော၊ တရားပြ တာဝန်များကိုဆောင်ရွက်တော်မူပါသည်။ မကွေးဆရာတော်ကို ဖူးတွေ့ရသည့်နည်းတူ သီရိလ င်္ကာနှင့်မြန်မာတွင် တစ်ကြိမ်စီ စုစုပေါင်းနှစ်ကြိမ်မျှသာ ဖူးတွေ့ဖူးခဲ့ပါသည်။ အဘိဓမ္မတ္ထသင်္ဂဟစာအုပ်ကို ဟိန္ဒီဘာသာဖြင့်ရေးသားရာတွင်ရွှေတံဆိပ်ဆုကို ရတော်မူခဲ့ပါသည်။ငွေနောက် မလိုက်ပဲ တရားနောက် လိုက်ရမည်ဟူသော အသိကို တရားဆရာကြီး ဦးဂိုအင်ကာထံမှ ရခဲ့သည်ဟု မိန့်သည်ကို စာရေးသူ ကိုယ်တိုင် ကြားခဲ့ပါသည်။ ရဟန်းတော်များ အတွက်ငွေနှင့် အမျိုးသမီးသည် အသွားထက်သည့် ဓားစက် ပမာဖြစ်ပါသည်။ ပစ္စည်းမာတု ဤနှစ်ခုကား ဘိက္ခုသေမင်း ဓားနှစ်စင်း ဟုအဆိုရှိပါသည်။ ဆရာတော် သည်နိုင်ငံတော်မှ အလှူခံရသောမြန်မာကျပ်ငွေများကိုနိုင်ငံခြားသုံးငွေအဖြစ် လဲပေးရန် အကြီးအကဲများကို မိန့်တော်မူပြီး အင်္ဂလန်နိုင်ငံတွင် စေတီတော်တည်ထား ကိုးကွယ်သည်ဟု သိရပါသည်။ ဆရာတော်သည် အစိုးရပိုင်းနှင့်ပြည်သူလူထု ပိုင်းအတွင်း သဟဇာတဖြစ်စေရန် ကြိုးစားခဲ့ပါသော်လည်း လုပ်နည်းမ မှန်သောကြောင့်လားမသိရပါ။အောင်မြင်မှုမရခဲ့ပါ။ ရဟန်းလောကတွင် ဆရာတော်နှင့် နီးစပ်ကြသော ရဟန်းတော်များ၏ ကဲ့ရဲ့ဒဏ်ကို ခံခဲ့ရပါသည်။
၅။ ဆရာတော်ဦးပညာဝံသ ပီနန်ဆရာတော်ကြီး ကမ္ဘာ့သာသနာပြု ဆရာတော်ကြီး တစ်ပါးဖြစ်ပါသည်။ လက်တွေ့ကျကျ သာသနာပြုနေသည့် ဆရာတော်ကြီးဖြစ်ပါသည်။ ဆရာတော်ကြီးကို အကြိမ်တော်တော် များများ ဖူးတွေ့ဖူးပါသည်။ ဖူးတွေ့ရတိုင်းလည်း ကြဘ်ညိုစိတ်နှင့် အားကိုးစိတ်၊ အတုယူစိတ်များ ကိုဖြစ်ပေါ်စေသည့် အတွေးအခေါ် ထူးခြားသည့် ဆရာတော်ကြီးဖြစ်သည့်ပြင် မျိုးဆက်သစ် ရဟန်းတော် များကို အထူးတန်ဖိုးထားသည့် ဆရာတော်ကြီးလည်းဖြစ်ပါသည်။ ဤကမ္ဘာ၏ မည်သည့်နေရာတွင်မဆို သာသနာ ထွန်းကားအောင်ဆောင်ရွက်မည်ဟု စိတ်တွင် ဆုံးဖြတ်ထားသော ဆရာတော်ဖြစ်ပါသည်။ ဆရာတော်ကြီးသည် သည်းခံ ခွင့်လွှတ်နားလည်ပေးတတ်သည့် အရှည်ကိုမျှော်ကိုးတတ်သည့် ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်ပါသည်။ ဆရာတော်ကြီးသည် ကမ္ဘာတစ်ဝှန်းတွင် ဘုန်းတော်ကြီးကျောင်း များကို တည်ထောင်လျက် သာသနာပြုနိုင်စွမ်းရှိသော ရဟန်းတော်များကို မျက်နှာအစိမ်းအကျက်မရွေး ချီးမြှောက်တော်မူပါသည်။ ဤကဲ့သို့ ဆောင်ရွက်နိုင်သော သာသနာပြုဆရာတော်များမှာ များများစားစား မရှိပါ။ ဆရာတော်သည်မြန်မာပြည်တွင် သာသနာပြုစင်တာဆောက်ခဲ့သော်လည်း အစိုးရပိုင်းနှင့် လမ်းခွဲ ခဲ့သဖြင့်ပြည်တွင်းအောင်မြင်မှု မရခဲ့ပါ။ပြည်ပသာသနာပြု ခရီးတွင်မူ ပြိုင်စံရှား ဆရာတော်တစ်ပါးဖြစ် ပါသည်။
၆။ ဆရာတော်ဦးဓမ္မာနန္ဒ၊ (ကျမ်းပြုဆရာ) ၀ပ်ထာမအိုဝ့်ရာတော်ကြီး၊ သာသနာချစ်စိတ်၊ မျိုးချစ်စိတ် အထူးပြင်း ထန်သည့် ဆရာတော်ကြီးဖြစ်ပါသည်။ မျက်ခုံးမွေး အဆုံးအဖြတ်ကျမ်းကို ရေးသားဖြန့်ဝေသည်။ ထိုင်းနိုင်ငံတွင် ရဟန်းတော်ဟူသမျှ မျက်ခုံးမွေးရိတ်ရသည့် စည်းကမ်းရှိရာ ဘုရားဟောဒေသနာနှင့် မညီ သည့်အကြောင်း အထောက် အထားပြပြီး ဆန့်ကျင်ကာ အမှန်သို့ရောက်အောင် တည့်ပေးတော်မူပါသည်။ သာသနာ ချစ်စိတ် အနည်းငယ်မျှဖြင့် ဤကဲ့သို့ဆောင်ရွက်ရန် ခဲယဉ်းပါသည်။ ဆရာတော်ကြီး သည်နှစ်ပေါင်းများစွာ ထိုင်းနိုင်ငံ တွင် သီတင်းသုံးလျက် တစ်နိုင်ငံလုံး၏ အယူကို ပယ်လှန်တော်မူပါ သည်။မြန်မာပြည်၏ ချမ်းသာရေးကိုလည်းတွေးတောပြီးပြောဆိုလေ့ရှိပါသည်။ ဆရာတော်သည်နိုင် ငံတော် အစိုးရပိုင်းနှင့် ခပ်ဝေးဝေးရှိလှပါသည်။ သို့သော်လည်းအောင်မြင်သော စာသင်တိုက်ကို ထိုင်းနိုင်ငံတွင် တည်ထောင်နိုင်ပါသည်။နိုင်ငံခြားတွင် စာသင်တိုက်တည်ထောင်နိုင်သောကျောင်းဟူ၍ ဤတစ်ကျောင်း ကို သာတွေ့ဖူးပါသည်။
၇။ ဆရာတော်ဦးဥာဏိဿရ၊(ကျမ်းပြုနှင့် စာရေးဆရာ) သီတဂူဆရာတော်ကြီးသည်လည်း မိမိအကျိုး၊ အများ အကျိုးအတွက်ခြင်္သေ့လိုရဲရင့်သည့်စိတ်၊မြင်းလိုလျင်မြန်သည့်စိတ်၊ ဆင်လိုအားကြီးသည့် စိတ်၊ နွား လားဥသဘလို ဇွဲနှင့်ရုန်းကန်တတ်သည့်စိတ်များနှင့် သာသနာစိတ်ကို အမြင့်ဆုံးဖြစ်ပေါ်စေပြီး ဥပဓိ သမ္ပတ္တိနှင့် ကျန်းမာရေး ကောင်းမွန်မှုတို့၏ အဓိက အထောက်အပံ့ဖြင့် မရပ်မနား သာသနာပြုနေပါသည်။ ပုဂ္ဂိုလ်ထူးများ များများစားစား မပေါ်တတ်သည်တွင် တစ်ပါးအပါဝင် ထူးကဲသည့် ပါရမီရှင်ဖြစ်ပါသည်။ အချိန်များစွာကို ဘ၀များစွာအတွက် တန်ဖိုးများစွာတက်အောင်ပေးဆက်နေသည့် ဘုရားသားတော် တစ်ပါးဖြစ်ပါသည်။ ဆရာတော်ကြီး၏ အများအတွက်ဆောင်ရွက်ချက်များကို အထူးရေးပြနေရန် မလိုတော့ ပေ။ ဆရာတော်သည်ပြည်သူနှင့် အစိုးရကြား သဟဇာတဖြစ်အောင်ဆောင်ရွက်နိုင်သဖြင့် အစစအရာရာ တွင် အောင်မြင်ပေသည်။
၈။ ဆရာတော်ဦးဝဏ္ဏဓဇ၊ မိဂဒါဝုန်ဗာရာဏသီဆရာတော်၊ အကြိမ်များစွာ ဖူးတွေ့ဖူးပြီး ဘုရားဖူးများကို ကူညီပေးသည့်ဆရာတော်ဖြစ်ပါသည်။ ၉။ဆရာတော်ဒေါက်တာဦးဂမ္ဘီရဗုဒ္ဓိ၊ (စာရေးဆရာ) ဗာရာဏသီဆေးဝင်္ကဘာဆရာတော်၊လေးငါးကြိမ်ထက် မနည်းဖူးတွေ့ခဲ့ဖူးပါသည်။ စာသင်သား ရဟန်းတော် များကို တတ်စွမ်းသည့်ဖက်မှ အကူအညီပေးပါသည်။ ၁၀။ ဆရာတော်ဦးဥာဏိဿရ (စာရေးဆရာ ဟရိဗလ) ကုသိနာရုံဆရာတော် လေးငါးကြိမ်ထက် မနည်း ဖူးတွေ့ခဲ့ဖူးပြီး လူမှုရေးနှင့် ဘာသာရေးများကို တက်တက်ကြွကြွဆောင်ရွက်ပါသည်။ ဆရာတော်၏ လူမှုရေးဆောင်ရွက်ချက်များသည် အိန္ဒိယနိုင်ငံတွင် ပိုပြီးထင်ရှားပါသည်။ ၁၁။ ဆရာတော်ဦးဇယန္တ၊ ရာဇဂြိုဟ်ဆရာတော်၊ ဘုရားဖူးများကို ကူညီပေးပါသည်။ တစ်ကြိမ်သာ ဖူးတွေ့ဖူးပါသည်။ ၁၂။ ဒေါက်တာအရှင်ဓမ္မာစာရ၊ (စာရေးဆရာ)၊ သုံးကြိမ်မျှ ဖူးတွေ့ဖူးပါသည်။ စာသင်သားများကို ကူညီဆောင်ရွက်၊မျှမျှတတ စိတ်ဖြင့်ဆောင်ရွက်တတ် သည်ဟု ကျော်ကြားပါသည်။ ယခုအခါ သြစတေးလျ နိုင်ငံ၊ဆစ်ဒနီတွင် သာသနာပြုလျက် ရှိပါသည်။ ၁၃။ ဆရာတော်ဦးသြဘာသ၊ (စာရေးဆရာ) သာဝတ္ထိဆရာတော်ကို ငါးကြိမ်မျှ ဖူးတွေ့ဖူးခဲ့ပါသည်။ စာသင်သားများကို ကူညီဆောင်ရွက်၊ မျှမျှတတ စိတ်ဖြင့် ဆောင်ရွက်တတ်သည်ဟု ကျော်ကြားပါသည်။ နံပါတ် (၈) မှ (၁၃) အထိ အိန္ဒိယနိုင်ငံတွင် သီတင်းသုံးသော ဆရာတော်များသည် ဘုရားဖူးအဖွဲ့များနှင့် ဆက်ဆံရေးများနေကြသဖြင့် တစ်ခြားသောသာသနာရေးရာ ကိစ္စများတွင် (ပရိယတ္တိ၊ ပဋိပတ္တိလုပ်ငန်းများ) သိသာထင်ရှားသော ဆောင်ရွက်မှုမျိုးကို မတွေ့ရပေ။ အများအကျိုးဆောင် လုပ်ငန်းများဖြင့် အချိန်ကုန်နေ ကြပေသည်။ ဒေသအနေအထားကလည်း ဤကဲ့သို့ ဆောင်ရွက်နိုင်စေရန် အခွင့်မပေးပေ။
၁၄။ ဆရာတော် ဦးအာစိဏ္ဏ၊(ကျမ်းပြုဆရာ) ဖားအောက်ဆရာတော်ကြီးသည်ပြည်တွင်းပြည်ပ သာသ နာပြုနိုင် စွမ်းရှိသော အာဇာနည် မထေရ်ဖြစ်ပါသည်။နှစ်ကြိမ် ဖူးတွေ့ဖူးပါသည်။၁၅။ ဆရာတော်ဦး သီလာနန္ဒာဘိဝံသ ဟာလ်မူးန်ဘေးဆရာတော် (Half Moon Bay) ကာလီဖိုးနီးယားပြည်နယ်၊မြောက်ပိုင်း ဆန်ဖရန်စ္စ္စကိုဘေးဧရိယာတွင် သီတင်းသုံးခဲ့ပါသည်။ ယခုအခါတွင်မူ အရှေ့တိုင်းကပေါ်ထွန်းခဲ့သောနေ မင်းကြီးသည် အနောက်တိုင်းတွင် ၀င်ခဲ့ပါပြီ။ ၁၉၉၈ခုနှစ်တွင် ဖူးတွေ့ခဲ့ပြီးချိန်မှ ပျံလွန်တ်ာမူသည် အထိ ငါးနှစ်မျှကာလဖြစ်ပါသည်။ ၁၆။ ဆရာတော်ဦးသောမဗုဒ္ဓိ တန့်ကြည်တောင်ဆရာတော် ဤဆရာတော်ကြီး သည်ကျောင်းနီးချင်းဖြစ်နေသဖြင့် စာရေးသူအတွက် အိမ်နီးချင်းကောင်းပီသစွာ ဆက်ဆံသွားရမည့် ဆ ရာတော်ကြီးတစ်ပါးဖြစ်ပါသည်။ ၀ါဒရေးရာနှင့် ပတ်သက်၍မူ ကိုယ့်မူကို ထိန်းသိမ်းဆောင်ရွက် သွား ရပေမည်။ ဤသို့ဖြင့် ဆရာတော်ကြီများဖူးတွေ့ရခြင်းဆောင်းပါးများကို အခန်းတစ်ဆယ့်ရှစ်ပိုင်းဖြင့် အဆုံး သတ်လိုက်ပါသည်။ မေတ္တာဖြင့် ဒေါက်တာအရှင်နန္ဒက
Read more...“ထမင်းစားရင်း ပါရမီဖြည့်မယ်” (ရဝေနွယ်- အင်းမ)

မြတ်စွာဘုရား လက်ထက်တော်က မထင်ရှားတဲ့ရဟန်းငယ်လေးတစ်ပါးရှိပါတယ်။ အညတရရဟန်းလေးလို့ပဲ ဆိုပါတော၊့ အဲဒီအညတရ ရဟန်းလေးဟာ ဖြစ်ပျက်ကမ္မဋ္ဌာန်းကို ကြိုးစားအားထုတ်နေပါတယ်။ တရားအားထုတ်နေတုန်းမှာပဲ နားကိုက်ဝေဒနာ ဖြစ်လာပါတယ်။ ဒါကြောင့် တရားအားထုတ်လို့မရတော့ပါဘူး။
နားကိုက်ဝေဒနာကို ဆေးဆရာတွေပြပြီးကုပေမယ့် မပျောက်ပါဘူး။ နောက်ဆုံးတော့ အညတရ ရဟန်းငယ်က နားကိုက်ဝေဒနာ ခံစားနေရ တာကို မြတ်စွာဘုရားကို သွားလျှောက်ပြပါတယ်။
ဒီတော့မြတ်စွာဘုရားရှင်က ရဟန်းငယ်ဟာ ပုဇွန်ဆီနဲ့ချက်ထားတဲ့ ဆွမ်းဘောဇဉ်ကိုစားရင်သပ္ပါယဖြစ်ပြီး ဓာတ်စာဖြစ်မယ်ဆိုတာ သိတော်မူလို့ “ချစ်သား.. သင် မာဂဓလယ်ကွင်းထဲကို ဆွမ်းခံကြွပါ”လို့ မိန့်လိုက်ပါတယ်။ လယ်တောထဲဆိုတော့ ပုဇွန်လုံးပဲ ပေါတာပါ။
အညတရရဟန်းကလည်း“ငါ့အတွက်ကောင်းကျိုးမြင်လို့မိန့်တာပဲ”လို့ နှလုံးသွင်း ပြီးကြွပါမယ်ဆိုတဲ့အကြောင်းဝန်ခံခဲ့ပါတယ်။
ဒီလိုနဲ့သပိတ်သင်္ကန်းကိုယူပြီး လယ်ကွင်းထဲကိုဆွမ်းခံထွက်ခဲ့ပါတယ်။ လယ်ကွင်းထဲရောက်တော့ လယ်စောင့်တဲတစ်ခုတွေ့တာနဲ့ တဲတံခါးဝမှာ ဆွမ်းခံရပ်လိုက် ပါတယ်။
လယ်စောင့်ယောင်္ကျားကလည်း အဲဒီအချိန်မှာ ပုဇွန်ဆီနဲ့စီရင်ထားတဲ့ထမင်းကို ချက်ထားပြီးစပါ။ ဆွမ်းခံရဟန်းတော်ကိုမြင်တော့ တဲထဲကိုပင့်ပြီး အခင်းလေးတစ်ခုပေါ် မှာထိုင်စေပါတယ်။ ပြီးမှကိုယ်တိုင်ချက်ထားတဲ့ ပုဇွန်ဆီထမင်းကို သပိတ်ထဲလောင်း လိုက်ပါတယ်။
အညတရရဟန်းဟာ ပုဇွန်ဆီဆွမ်းကို တစ်လုပ်နှစ်လုတ်စားလိုက်တာနဲ့တင် နားကိုက်ဝေဒနာဟာ အစာနဲ့ဆေး သပ္ပါယသင့်ပြီး ပျောက်သွား ပါတယ်။ ဝေဒနာပျောက်သွားတော့ ချက်ချင်းစိတ်ချမ်းသာသွားပါတယ်။ ဒါကြောင့် ဆွမ်းစားရင်းဖြစ်ပျက်ကမ္မဌာန်းကို နှလုံးသွင်းပါတယ်။ ဆွမ်းစားလို့ မပြီးခင်မှာဘဲ ရဟန္တာဖြစ်သွား ပါတော့တယ်။
ဒီတော့.. အညတရရဟန်းဟာ လယ်စောင့်ဒကာကို “ဒကာ.. သင့်ရဲ့ဆွမ်း ဘောဇဉ်နဲ့ ငါ့ရဲ့ရောဂါဝေဒနာလည်းပျောက်သွားလို့ စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြစ်ရတယ်။ သင်လည်း ဒီကုသိုလ်ကြောင့် ဆင်းရဲမှလွတ်ကင်းပြီး ကိုယ်စိတ်ချမ်းသာဖြစ်လိမ့်မယ်”လို့ ပြောပြီး မိမိကျောင်းကိုပြန်ခဲ့ ပါတယ်။
လယ်စောင့်ယောင်္ကျားလည်း သူလောင်းလှူလိုက်တဲ့ပုဇွန်ဆီထမင်းကုသိုလ်လေးကို နေ့တိုင်းအောက်မေ့နေပါတယ်။ ကွယ်လွန်တဲ့အခါမှာတော့ တာဝတိံသာနတ်ပြည်မှာ နတ်သားသွားဖြစ်ရပါတယ်။
ထူးခြားတာကနတ်သားရဲ့ဗိမာန်တံခါးဝမှာ ကုသိုလ်သင်္ကေတဖြစ်တဲ့ ရွှေပုဇွန်လုံး ရုပ်ကြီးပါတွဲလျားချပေါ်နေပါတော့တယ်။ ထူးထူးခြားခြား ရွှေ ပုဇွန် ရုပ်ကြီးပေါ်နေတဲ့ အတွက်အားလုံးက “ရွှေပုဇွန်နတ်သား”လို့ပဲခေါ်ကြပါတော့သတဲ့။
(ဝိမာနဝတ္ထုအဋ္ဌကထာ၊ ကက္ကဋကရသဒါယကဝတ္ထု)
လှူသူလည်းအကျိုးရှိ အလှူခံသူလည်းအကျိုးရှိနဲ့ ဖတ်ရတာကြည်နူးဖို့ ကောင်းတဲ့ဝတ္ထုလေးပါ။ လူတွေပြောပြောနေကြတဲ့ “မစားတတ်တော့ တဏှာ၊ စားတတ် တော့ဘာဝနာ”ဆိုတဲ့စကားလေးကို သာဓကပြသွားတဲ့ အညတရရဟန်းလေးရဲ့ ဘဝ ဖြစ်စဉ်လေးပါပဲ။
အညတရရဟန်းလေးဟာ လူလိုပြောရင်တော့ ထမင်းစားရင်းပဲ တရားအားထုတ်သွားတာပါ။ ထမင်းစားရင်းပဲ တရားထူးတရားမြတ်ရသွားတာပါ။ ဒါကိုထောက်ပြီး ထမင်းစားရင်းလည်းအားထုတ်လို့ ရတယ်ဆိုတာပါပဲ။
ဒီနေရာမှာတစ်ခုသတိထားရမှာက နားကိုက်တော့စိတ်မချမ်းသာ, စိတ်မချမ်းသာ တော့ တရားအားထုတ်လို့မရဆိုတဲ့ ဆိုးကျိုးအဆင့်ဆင့်လေးကို အာရုံပြထားရပါမယ်။ စိတ်မချမ်းသာဘူးဆိုရင် တရားအားထုတ်ရတာလည်း အဆင်မပြေတော့ပါဘူး။
တရားအားမထုတ်ခင် စိတ်ဆင်းရဲစရာတွေရှိနေရင် ကြိုရှင်းထားလိုက်တာ အကောင်းဆုံးပါ။ တရားအားထုတ်နေတုန်း ဒီစိတ်ဆင်းရဲစရာကို ပဲတွေးနေမိရင် အားထုတ်ရတာအဆင်မပြေဖြစ်နေပါလိမ့်မယ်။
အညတရ ရဟန်းလေးဟာ တရားအားထုတ်တာကို အနှောက်အယှက်ပေးနေတဲ့ နားကိုက်ဝေဒနာကိုအရင်ကုပစ်လိုက်တာပါ။ ရောဂါပျောက်ကင်း သွားတာနဲ့ တရားအားထုတ်ရတာလည်း အဆင်ပြေသွားတော့တာပါ။ ဆွမ်းစားရင်းတရားရသွားတာလေးကလည်း အတုယူစရာလေးပါပဲ။ လိုရင်းကတော့ထမင်းစားရင်းလည်း တရားအားထုတ်လို့ရတယ်ဆိုတာပါပဲ။
သဒ္ဓမ္မရံသီဆရာတော်ဘုရားကြီးကရိပ်သာမှာ စားခြင်းသုံးမျိုးကိုမကြာခဏ ဟောပြလေ့ရှိပါတယ်။
စားခြင်းသုံးမျိုးကတော့..
၁။ သီလနဲ့စားခြင်း
၂။ သမထနဲ့စားခြင်း
၃။ ဝိပဿနာနဲ့စားခြင်းပါ။
ဆွမ်းစားခါနီးမှာ “ဒီဆွမ်းဘောဇဉ်တွေကို မြူးတူးပျော်ပါးဖို့၊ အသားအရေလှပ တင့်တယ်ဖို့စားတာမဟုတ်ဘူး။ ကိုယ်ကာယအရှည်တည်တံ့ဖို့၊ မဂ်ဖိုလ်အကျင့်ကို ကျင့်နိုင်ဖို့၊ ဝိပဿနာတရားကိုကျင့်နိုင်ဖို့စားတာ”လို့ ဆင်ခြင်လိုက်ရင် ပစ္စယသန္နိဿိတ သီလဖြစ်သွားပါတယ်။ ဒါဆို သီလနဲ့ စားလိုက်တာပါ ၊သီလကုသိုလ်တွေရ သွားတာပါ။
ရိပ်သာမှာတော့ “ဤသည့်စားဖွယ် အမယ်မယ်ကို”ဆိုပြီး စားကြတာပါ။ လိုရင်းကတော့ဆင်ခြင်ပြီးစားရင် သီလနဲ့စားတာပါ။ ဆင်ခြင် လိုက်တာလည်း ဘာမှမခက်ပါဘူး။ မိနစ်ပိုင်းလေးပဲရှိပါတယ်။
ရိပ်သာမှာဆွမ်းစားခါနီးဆွမ်းအလှူရှင်တွေ၊ ဝေယျာဝစ္စကုသိုလ်ရှင်တွေကို မေတ္တာပို့ပြီးမှစားကြပါတယ်။ မေတ္တာပွားတာဟာသမထထဲမှာပါတဲ့အတွက် သမထနဲ့ စားလိုက်တာပါ။
အိမ်မှာတော့ ထမင်းဝိုင်းကိုကြည့်ပြီး “ဒီထမင်းဟင်းတွေရှာပေးတဲ့အဖေ ကိုယ်ဆင်းရဲကင်းပါစေ၊ စိတ်ဆင်းရဲကင်းပါစေ၊ အစစအရာရာ အဆင်ပြေပါစေ၊ ဒီထမင်းဟင်းတွေချက်ပေးတဲ့အမေ ကိုယ်ဆင်းရဲကင်းပါစေ၊ စိတ်ဆင်းရဲကင်းပါစေ၊ အစစအရာရာ အဆင်ပြေပါစေ”လို့ မေတ္တာပို့ပြီး စားလိုက်ရင် မေတ္တာကုသိုလ်တွေဖြစ်သွား တော့တာပါ။ မေတ္တာပွားပြီးစားတာဟာ သမထနဲ့စားလိုက်တာပါ။
မေတ္တာပို့ပြီးစားရင် မိသားစုစားဝတ်နေရေးကိုရှာပေးနေတဲ့ မိဘတွေအပေါ်မှာလည်း ပိုပြီးတန်ဖိုးထားတတ်သွားပါတယ်။ ထမင်းဟင်းတွေဖြစ်ဖို့ ရှာရတဲ့ ကိစ္စဟာ လွယ်ကူလှတဲ့ကိစ္စမဟုတ်ပါဘူး။ နေ့တိုင်းစားနေရတော့ တန်ဖိုးလည်း မထားမိတော့ပါဘူး။
မေတ္တာပို့ပြီးစားတာ ဘာမှလည်းခက်လှတာမဟုတ်ပါဘူး။ တကယ့်လွယ်လွယ်လေးပါပဲ။ ကြားရတဲ့မိဘတွေမှာလည်း စိတ်ချမ်းသာ၊ ကိုယ်လည်းကုသိုလ်ရ၊ မုန့်ဖိုး တောင်းရတာလည်းအဆင်ပြေ အကုန်လုံးအဆင်ပြေမှုတွေချည်းပါပဲ။
ကိုယ်ကလုပ်ငန်းရှင်ဆိုရင်လည်း “ဒီထမင်းဟင်းတွေဖြစ်အောင် ကျေးဇူးပြုသူ အားလုံးကိုယ်ဆင်းရဲကင်းကြပါစေ၊ စိတ်ဆင်းရဲကင်းကြ ပါစေ”စသည်ဖြင့် မေတ္တာပို့ရုံပါပဲ။
ဒီထမင်းဟင်းတွေဖြစ်ဖို့ ကိုယ့်ကိုကျေးဇူးပြုနေတဲ့သူတွေကို ကိုယ်ပဲအသိဆုံးပါ။ ဒီတော့ ကျေးဇူးပြုသူတွေကို မေတ္တာပို့စားရမှာပါပဲ။
တတိယက ဝိပဿနာနဲ့စားတာပါ။ ဒါကတော့ မြတ်စွာဘုရားသဘောအကျဆုံး စားနည်းပါပဲ။
ထမင်းစားပွဲထိုင်လိုက်တာနဲ့ ဟင်းခွက်ကိုကြည့်တော့ “ကြည့်တယ်”၊ မြင်တော့ “မြင်တယ်”၊ လှမ်းတော့ “လှမ်းတယ်”၊ ခပ်တော့ “ခပ်တယ်”၊ ယူတော့ “ယူတယ်”၊
ပါးစပ်ဟတော့ “ဟတယ်”၊ ခွံ့တော့ “ခွံ့တယ်”။ ဝါးတော့ “ဝါးတယ်” စသည်ဖြင့် လိုက်မှတ်တာပါ။ အဲဒီလိုအမှတ်နဲ့စားတာဟာ ဝိပဿနာနဲ့ စားတာပါပဲ။
ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ဘုရားကြီးက ထမင်းစားလို့ ဝါးတဲ့နေရာမှာ အထက်မေးနဲ့ အောက်မေးနှစ်ခုမှာ ဘယ်မေးက လှုပ်နေတာလဲလို့ မေးပါတယ်။ ရိုရိုသေသေသ ရှုမှတ်တဲ့ယောဂီတွေကတော့ အောက်မေးကလှုပ်နေတာဆိုတာ သိရပါတယ်။ အဲဒီ အောက်မေး လှူပ်နေတာလေးကိုပဲ မြန်မာဝေါဟာရအားဖြင့် “ဝါးတယ်၊ ဝါးတယ်”လို့ ရှုမှတ်ရတာပါ။
တစ်နပ်စာအကုန်လိုက်မှတ်ဖို့ကတော့ မလွယ်ကူဘူးထင်ပါတယ်။ ဒါပေမယ့် ထမင်းအလုတ်သုံးဆယ်စားမယ်ဆိုရင် သုံးလုတ်လောက်တော့ မှတ်လိုက်နိုင်မယ်ဆိုရင် မဆိုးပါဘူး။ တစ်မှတ်ကို ကုသိုလ်တစ်ချက်နဲ့ တွက်ရင်လည်း မနည်းပါဘူး။
ဧည့်ခံပွဲတွေ၊ ညစာစားပွဲတွေမှာလည်း နှစ်လုတ်သုံးလုတ်လောက်တော့ ရသလောက်မှတ်ကြည့်ရမှာပါပဲ။ ကိုယ်က ဝိပဿနာနဲ့စားနေတာကို ဘေးကလူလည်းမသိပါဘူး။ ထမင်းဝိုင်းမှာ အချင်းချင်းစကားပြောသံတွေကြားတော့လည်း “ကြားတယ်” “ကြားတယ်”လို့ မှတ်ရုံပါပဲ။
အညတရရဟန်းလေးဟာ ဆွမ်းစားရင်းနဲ့ပဲ တရားအားထုတ်ပြီး တရားထူးတရားမြတ်ရသွားတာပါ။ ကိုယ်ကဒါကို အာရုံပြုထားရပါ မယ်။ နှစ်လုတ်သုံးလုတ်လောက် အမှတ်နဲ့စားတာကို နောက်ဘဝတွေအတွက် အထုံဓာတ်ပါသွားအောင် ပါရမီဖြည့် နေတယ်လို့ နှလုံး သွင်းထား လို့လည်းရပါမယ်။ ကောင်းတဲ့အထုံဓာတ်တွေဟာ တရားထူးရဖို့အတွက်လည်းအများကြီး အထောက်အပံ့ပေးတာပါ။ ထမင်းစားရင်း ပါရမီဖြည့် တယ်ပဲပြောပြော၊ ထမင်းစားရင်း တရားအားထုတ်တယ်ပဲပြောပြော စကားလေးကတော့ သိပ်ကြည်ညိုဖို့ကောင်းတာပါ။ ဘဝမှာ တရားလေးတွေနဲ့ ပျော်တာပဲ ကောင်းပါတယ်။
ဒီစားခြင်းသုံးမျိုးကို သဒ္ဓမ္မရံသီဆရာတော်ကြီးက မှတ်ရလွယ်အောင်ဆောင်ပုဒ် ကလေးတွေ စီပေးထားပါတယ်။
၁။ကျင့်နိုင်ဖို့ရာ၊ ဆင်ခြင်ကာ ၊ စားတာ သီလမည်။
၂။ မေတ္တာပွားကာ၊ စားသုံးတာ ၊မှန်စွာ သမထမည်။
၃။ စားသုံးမူရာ၊ ရှုမှတ်ကာ၊ စားတာ ဝိပဿ်မည်။
ဒီနေရာမှာ ဦးဇင်းအရှင်ဆန္ဓာဓိကက စာရေးသူကိုသင်ပေးထားတဲ့ ဆွမ်းစား နည်းလေးကိုလည်း ဓမ္မဒါနပြန်မျှပါရစေဦး။
ဆွမ်းမစားခင်ဆွမ်းဝိုင်းတစ်ဝိုင်းလုံးကို “မြတ်စွာဘုရား.. ဤဆွမ်းဘောဇဉ်အချိုပွဲများကို ကပ်လှုပူဇော်ပါ၏ဘုရား ဘုရားတပည့်တော်ကို သနားချီးမြှောက်သောအားဖြင့် ဘုဉ်းပေးသုံးဆောင်တော်မူပါဘုရား”လို့ဆိုပြီးမြတ်စွာဘုရားကိုကပ်လိုက်ပါတဲ့။ စိတ်ထဲမှာလည်းမြတ်စွာဘုရား တကယ်ကြွလာပြီး ဘုဉ်းပေးနေတယ်လို့ အာရုံပြုထားပါတဲ့။
မြတ်စွာဘုရားဘုဉ်ပေးနေတုန်းမှာ နမောတဿ၊ သရဏဂုံ၊ ဒိဝါတပတိ၊ အဋ္ဌာန မေတံ၊ ဟေတုပစ္စယော၊ ဘုရားဂုဏ်တော် ၊မေတ္တာသုတ်(၇)မျိုး ရအောင် ရွတ်နေ လိုက်ပါတဲ့။ ပြီးမှ “မြတ်စွာဘုရား…ဘုဉ်းပေးပြီးပြီဖြစ်တဲ့အတွက် ဘုရားတပည့်တော်ကို ဆေးအဖြစ်ပြန်စွန့် တော်မူပါဘုရား”လို့ ဆိုပြီး စွန့်ပြီးစားလိုက်ပါတဲ့။ ဒါဆို ကိုယ့်အတွက် ဆွမ်းဒါနဖြစ်သွားပါတယ်တဲ့။
ဒီနည်းလေးကိုယူပြီး ဆွမ်းမစားခင်မြတ်စွာဘုရားကို ကပ်ပြီးစားလိုက်ဖို့ပါ။ (၇)မျိုးမရွတ်နိုင်ရင်တောင် နမောတဿ၊ သရဏဂုံ၊ ဒိဝါတပတိ၊ အဋ္ဌာနမေတံ ဒါမှမဟုတ် နမောတဿ၊ သရဏဂုံ၊ ဟေတုပစ္စယော ရွတ်နေလိုက်လည်းရပါတယ်။ တစ်ခုသတိထားရမှာက မွန်းတည့်ဆယ့်နှစ်နာရီနောက်ပိုင်းမှာတော့ ဘုရားကိုကပ်လို့ မရတော့ပါဘူး။ ကပ်ချင်ရင် ဆယ့်နှစ်နာရီရှေ့ပိုင်းပဲ ကပ်ရမှာပါ။
ရှေးခေတ်ဆရာတော်ဘုရားကြီးတွေထေရုပ္ပတ္တိတွေဖတ်ရင် ဆရာတော်ဘုရား ကြီးတွေဟာဆွမ်းခံပြန်လာရင် သပိတ်လိုက် အဖုံးဖွင့်ပြီး မြတ်စွာ ဘုရားကိုကပ်ထားလိုက်တာပါ။ ဆွမ်းစားချိန်ကျမှစွန့်ပြီးစားကြတာပါ။ ဒီခေတ်မှာ ဦးဇင်းတချို့ဆိုလည်း ဘုရားမှာသပိတ် လိုက်ကပ်ပြီးမှ ဘုဉ်းပေးကြတာပါ။ မန္တလေးကဆရာတော်၊ ဦးဇင်း၊ ကိုရင်တချို့ဆိုလည်း မဟာမြတ်မုနိဘုရားကြီးကို သပိတ်လိုက်ကပ်ပြီးမှ ဘုဉ်းပေးတယ်လို့ တဆင့်ကြားဖူးပါတယ်။ မဟာမြတ်မုနိဘုရားကြီးကို သပိတ်လိုက်ကပ်လိုက်ရတာဆိုတော့ အာရုံပြုရတာပိုလို့တောင်ကောင်းဦးမှာပါ။ စပယ်ပန်းလေး ကပ်ရတာတောင် ကြည်နူးလို့မဆုံးဖြစ်ရတာပါ။
ဘာပဲပြောပြောမြတ်စွာဘုရားကိုဆွမ်းကပ်ပြီးမှစားရင် ဒါနကုသိုလ်ဖြစ်သွားတာ တော့အမှန်ပါပဲ။ ဒါဆိုရင် ဒါနနဲ့စားလိုက်တာပါပဲ။
သဒ္ဓမ္မရံသီဆရာတော်ကြီးရဲ့ ဆောင်ပုဒ်အတိုင်းမှီးဆိုရရင်တော့..
“ဆွမ်းတော်ကပ်ကာ၊ စားသုံးတာ၊ စားတာဒါနမည်”လို့ ဆိုရပါလိမ့်ပါမယ်။
ဒါဆိုထမင်းစားတာ ၁။ ဒါနနဲ့စားခြင်း၊ ၂။ သီလနဲ့စားခြင်း၊ ၃။ သမထနဲ့စားခြင်း၊ ၄။ ဝိပဿနာနဲ့စားခြင်းဆိုပြီး စားခြင်းလေးမျိုးဖြစ်သွားပါလိမ့်မယ်။
ထမင်းစားတိုင်းစားတိုင်း စားခြင်းလေးမျိုးပါအောင် နေ့တိုင်းစားနိုင်ရင်တော့ ကိုယ့်အတွက်ကုသိုလ်(၄)မျိုးရနေတော့တာပါ။ ဒါတင်မက ပါဘူး နောက်ဘဝတွေ အတွက်လည်း ပါရမီအထုံဓာတ်တွေပါသွားဦးမှာပါ။
နောက်ဘဝကိုပါရမီအထုံဓါတ်တွေ များများပါသွားဖို့ အရေးကြီးပါတယ်။လယ်စောင့်ဒကာလေးက အညတရရဟန်းလေးကို ဆွမ်းတစ်နပ်ကပ်ပြီး နတ် ပြည်ရောက်သွားရတာပါ။ ကိုယ်ကစားခြင်းလေးမျိုးနဲ့ နေ့စဉ်စားနေမယ်ဆိုရင် ပါရမီအထုံဓာတ်တွေသာမက သုဂတိဘုံဘဝအတွက်လည်း အထောက်အပံ့ပေးနေမှာပါ။
မြန်မာ့ရာဇဝင်မှာ နရသီဟပတေ့မင်းဟာ ဟင်းခွက်ပေါင်းသုံးရာပွဲတော်တည်ပါသတဲ့။ တရုတ်နဲ့စစ်ဖြစ်လို့ပြေးလွှားနေရတဲ့ကာလမှာ ဟင်းခွက် တစ်ရာ့ငါးဆယ်ပဲသုံး ဆောင်ရလို့ “ငါဆင်းရဲလိုက်တာ”လို့ ငိုငြီးပါသတဲ့။
နရသီဟပတေ့မင်းကြီးမှာ သားတော် ဥဇနာ၊ ကျော်စွာ၊ သီဟသူ၊ သမီးတော် မိစောဦးတို့ရှိပါတယ်။ အမေချင်းတွေတော့ မတူကြပါဘူး။
နရသီဟပတေ့မင်းပွဲတော်တည်တဲ့အခါ ဥဇနာနဲ့ကျော်စွာကို ဝက်လက်ပေးပြီး သီဟသူကိုဝက်ပေါင်ပေးပါတယ်။ မကြာခဏပေးပါများလာတော့ သီဟသူရဲ့အမေ ရှင်မောက်က “သူများသားတွေကျတော့ ဝက်လက်ပေးတယ်၊ ငါ့သားကျတော့ ဝက်ပေါင်ပေးတယ်”ဆိုပြီး မကျေနပ်ပါဘူး။
ဒါကြောင့်သီဟသူအမေ ရှင်မောက်က စားတော်ကဲ ကိုငွေသုံးဆယ်ပေးပြီး ကျော်စွာကို ဝက်ပေါင်ပေးဖို့၊ သူ့သားသီဟသူကို ဝက်လက်ပေးဖို့ လာဘ်ထိုးပါတယ်။
ဒါကိုကျော်စွာ့အမေ ရှင်ပါးသိတော့မင်းကြီးကိုသွားတိုင်ပါတယ်။ နရသီဟပတေ့ မင်းဟာလူဘုံအလယ်မှာ မိဖုရားရှင်မောက်ကို “ဝက်လက်ခိုးမ”လို့ဆဲပြီး သားသီဟသူကိုလည်း “ဝက်လက်ခိုးမသား”လို့ ဆဲလိုက်ပါတယ်။ နရသီဟပတေ့မင်းဟာ သီဟသူကို စိတ်အလိုမကျတိုင်း “ဝက်လက်ခိုးမသား”လို့မကြာခဏဆဲရေးတတ်ပါတယ်တဲ့။
ဒီတော့ သားတော်သီဟသူက အဖေအပေါ်စိတ်နာပြီး အညှိုးအတေးထားလိုက်ပါတယ်။တရုတ်နဲ့စစ်ဖြစ်လို့စစ်ပြေးရင်းပြည်ကိုရောက်တဲ့အခါ သားတော်သီဟသူက ရှေ့ ဆက်မသွားဖို့တားထားလိုက်ပါတယ်။ ပြီးတော့ အဆိပ်ခတ်ထားတဲ့ပွဲတော်အုပ်ကို ပေးပြီး“စားတော်ခေါ်ပါ”လို့ ဆက်သ ပါတယ်။ နရသီဟပတေ့မင်းဟာ အဆိပ်ပါမှန်း သိလို့မစားပါဘူး။ ဒီတော့ သားတော်သီဟသူက ရဲမက်သုံးရာလွှတ်ပြီး ဓားဖွေးဖွေးတွေ နဲ့မင်းကြီးဖောင်တော်ကိုဝိုင်းထားလိုက်ပါတယ်။
နရသီဟပတေ့မင်းဟာ မိဖုရားဖွားစောကို“ဘာလုပ်ရမလဲ”လို့မေးပါတယ်။ မိဖုရားဖွားစောက“အရှင်မင်းကြီး.. ဓား လှံ လက်နက်တွေနဲ့ သွေးသံ တရဲရဲ သေရတာ ထက် အဆိပ်စားပြီးသေရတာကမြတ်ပါသေးတယ်”လို့ အကြံပေးပါတယ်။
နရသီဟပတော့မင်းလည်း “ငါသည် နိဗ္ဗာန်မရသေးသရွေ့ သံသရာကျင်လည် ရသမျှဘဝတိုင်း သားယောင်္ကျားကို မရရပါလို၏”လို့ ဆုတောင်းသစ္စာပြု၊ ဝတ်ထားတဲ့လက်စွပ်တော်ကိုရေစက်ချပြီး မိဖုရားဖွားစောကိုပေးပါတယ်။ပြီးမှအဆိပ်ခတ်ထားတဲ့ ပွဲတော်အုပ်ကို စားပြီး သေသွားပါတယ်။ သေချိန်မှာသက်တော်ခြောက်ဆယ်လို့ ဆိုပါတယ်။
ဒီသမိုင်းဖတ်ပြီး “သြော်”လို့ပဲ တလိုက်မိပါတော့တယ်။ ဝက်ပေါင်၊ ဝက်လက်အစားတစ်ခုကိုအကြောင်းပြုပြီး သားက အဖေကိုသတ်ရတဲ့အထိဖြစ်သွားရပါတယ်။ စိတ်ထဲမှာလည်းတွေးစရာတွေအများကြီးပါပဲ။ ဝက်ပေါင်နဲ့ဝက်လက်ဘာများထူး လို့လဲမသိပါဘူး။ ဘာမှလည်းထူးမယ်မထင်ပါဘူး။ ပြီးတော့အဖေလုပ်သူက သားသမီး တွေအပေါ်ပေးကမ်းတာဘာဖြစ်လို့မညီမျှရတာလဲ၊ ညီညီမျှမျှ ဝက်ပေါင် တစ်လှည့်၊ ဝက်လက်တစ်လှည့်စီပေးလိုက်ရင်လည်း ဒီပြဿနာဖြစ်ချင်မှဖြစ်မှာပါ။ မိဘဖြစ်သူ တွေအတွက်သတိထားစရာပါပဲ။
မိဘတွေအနေနဲ့ဘယ်ပစ္စည်းပဲပေးပေးသားသမီးတွေကို ညီညီမျှမျှပေးတာ အကောင်းဆုံးပါပဲ။ ဒါတင်မကပါဘူး “ဝက်လက်ခိုးမသား” ဆိုတဲ့ စကားတစ်ခွန်း ကြောင့်ပဲ သားလုပ်သူရဲ့အသတ်ကိုခံသွားရတယ်လို့လည်း ဆိုနိုင်ပါတယ်။ ပြောမယ့် စကား တစ်ခွန်းအတွက်လည်း သတိထားစရာ ပါပဲ။ ပြောတဲ့သူက မှတ်မထားပေမယ့် အပြောခံရတဲ့သူကတော့ မမေ့အောင်မှတ်ထားတော့တာပါ။
အမေလုပ်သူကလည်း မချစ်တတ်တဲ့အချစ်နဲ့ချစ်မိလိုက်တာပါ။ မချစ်တတ်တာ ကလည်းခက်တာပါပဲ။ ချစ်တော့ချစ်တာပါပဲ၊ မချစ်တတ်တဲ့ အချစ်နဲ့ချစ်လိုက်တဲ့အတွက် သားဖြစ်သူကို ပဉ္စာနန္တရိယကံကြီးကို ကျူးလွန်ခိုင်းသလိုဖြစ်သွားရပါတယ်။ ဘယ်ဘက် ကကြည့်ကြည့် သံဝေဂယူ စရာတွေချည်းပါပဲ။
တကယ်လို့များစာဖတ်သူတို့လိုစားခြင်းလေးမျိုးနဲ့သာ စားကြမယ်ဆိုရင် ဒီလို အဖြစ်ဆိုးကြီးကိုကြုံကြရမှာမဟုတ်ပါဘူး။သူများကိုသာပြောနေ ရတာပါ။ သံသရာမှာ ကိုယ်လည်းအမှားတွေကျူးလွန်ခဲ့ချင် ကျူးလွန်ခဲ့မှာပါ။ မသိနိုင်လို့သာပါ။ တွေးရင်လန့်စရာကြီးပါ။
သတ္တဝါတွေဟာ အစာအဟာရကိုမှီပြီးအသက်ရှင်နေကြရတာပါ။ မစားလို့လည်း မရပါဘူး။ သတိကပ်ပြီးအစားကို တရားဖြစ်အောင်စားကြရမှာပါ။ ဒါဆိုရင် ထမင်း စားရင်းပါရမီဖြည့်နေတာပါပဲ။
ဘာပဲပြောပြော တစ်နေ့နှစ်ကြိမ်သုံးကြိမ် စားနေကြရတာဆိုတော့ စားခြင်းလေး မျိုးပါနိုင်သမျှပါအောင်ကြိုးစားပြီးစားကြည့်ဖို့ပါပဲလေ။
ကျမ်းကိုး။ ။
၁။ သဒ္ဓမ္မရံသီဆရာတော်ဘုရားကြီး၏တရားစာအုပ်များ ။
၂။ ဝိမာနဝတ္ထုတော်ကြီး ၊ မြို့မိဆရာတော်။
၃။ ဦးကုလားမဟာရာဇဝင်ကြီး (ပထမအုပ်) စာမျက်နှာ ၂၄၂-မှ ၂၅၁) ။
၎။ လောကကြေးမုံ(လေးမြိုင်) ။
မေတ္တာများဖြင့်
မေတ္တာဥယျာဉ်
2011-ခု၊ စက်တင်ဘာလ( 16)ရက်၊ သောကြာနေ့။ Read more...ရှိခိုးဝန္ဒနာ သတိပြုစရာ
တစ်နေ့ လုပ်ဖေါ်ကိုင်ဖက် သူငယ်ချင်းအဖေါ်နဲ့အတူ သူနာပြုဆရာမလေးတစ်ယောက် ကျောင်းပေါ် သို့ ရောက်ရှိလာပါတယ်။ ၀တ်ပြုပြီးတဲ့အခါ သူမရဲ့နာမည်က မ…………..ပါလို့ သူမကိုသူမ မိတ်ဆက်လာပါတယ်။ တစ်ဖန်သူမက “တပည့်တော်တို့ ဗုဒ္ဓဘာသာ များ ဦးချကန်တော့တဲ့အခါမှာ ထိခြင်းကြီးငါးပါးနဲ့ ဦးချကန်တော့ကြတာကို မြင်ခဲ့ ကြားခဲ့ သင်ခဲ့ရပါတယ်ဘုရား။ တစ်နေ့ တပည့်တော်သူငယ်ချင်းမအိမ်ကို ကိစ္စတစ်ခုနဲ့ သွားရောက်ခဲ့ပါတယ်။ အဲဒီမှာ သူငယ်ချင်းရဲ့ အမေက ဘုရားအဆောင်ရှေ့မှာ ထိုင်ကာ ထူးဆန်းတဲ့ ရှိခိုးနည်းနဲ့ ရှိခိုးနေတာကို တွေ့ရပါတယ်။ ဒီလို ရှိခိုးတာကိုလဲ အခုမှမြင်ဖူးတဲ့အတွက် ထူးဆန်းနေသလိုပါပဲ။ ဒါကြောင့် စိတ်ထဲ မနေနိုင်တာနဲ့ ရှိခိုးနည်းအကြောင်းကိုမေးလိုက်ပါတယ်။ သူငယ်ချင်းရဲ့အမေက ဒီလိုရှိခိုးတာဟာ ဘုရားရှင်တို့ မုဒြာကန်တော့ နည်း ဖြစ်တယ် လို့ ဆိုပါတယ်။ မုဒြာရှိခိုးနည်းကို မြင်ရတဲ့အတိုင်း ပြောရရင် လက်နှစ်ဘက်ကို ဆန့်တန်းကာ ဟိုရမ်းဒီရမ်းနဲ့ သဘင်သည် ကနေသလိုမျိုးပါပဲဘုရား။ ပြီးတော့ ဘုရားရှင်တို့ကို အာရုံပြုပြီး အမူအရာအမျိုးမျိုးနဲ့ ကန်တော့ရတယ်လို့လဲ ရှိခိုးသူ အမျိုးသမီးကြီးက ပြောပြပါတယ်။
လောကမှ ဒီလိုရှိခိုးနည်းမျိုးလဲ ရှိသေးပါလား လို့ တွေးမိပါတယ်။ မုဒြာကန်တော့နည်းလို့ နာမည်ပေးထားတဲ့ ကန်တော့နည်း မျိုးဟာ မှန်ကန်သင့်လျော်မှု ရှိသလား လို့ တပည့်တော် သံသယ ဖြစ်မိပါတယ်ဘုရား။ ဒါကြောင့် ရှိခိုးမှုနဲ့ ပတ်သက်ပြီး တပည့်တော်အပါအ၀င် ဗုဒ္ဓဘာသာဝင်အားလုံး သေသေချာချာ ဂဃနဏ သိသင့်တယ်လို့ တပည့်တော်ထင်ပါတယ်ဘုရား” လို့ လျှောက်ထားလာပါတယ်။
သူနာပြုဆရာမလေး ပြောလိုက်တဲ့အခါကျမှ စာရေးသူတို့ အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာသွားစဉ်က မြင်ဖူးခဲ့တဲ့ ရှိခိုးနည်းတစ်မျိုးကို သတိရမိတယ်။ အဲဒါကတော့ တိဗက်ဘုန်းကြီးများ ရှိခိုးကန်တော့တဲ့နည်းပါ။ မတ်တတ်ရပ်ကနေ မြေကြီးပေါ်မှာ ၀မ်းလျားမှောက်ပြီး လက်ကိုဆန့်တန်းထားပါတယ်။ မြေကြီးပေါ် ခန္ဓာကိုယ်ကို မှောက်လျက် ပြားပြားဝပ်လိုက် မတ်တတ်ပြန်ရပ်လိုက် ရှိုးခိုးနေတာကို မြင်ခဲ့ရပါတယ်။ ဒါဟာ သူတို့နည်းသူတို့ဟန်နဲ့ သူတို့ယုံကြည်ချက်အတိုင်း ရှိခိုးနေကြတာပါ။ ဥပမာလူတို့ပြောတဲ့ စကားများဟာ ဒေသတစ်ခုနဲ့တစ်ခု မတူ အပြောအဆိုအသုံးအနှုန်း ကွဲလွဲကြပါတယ်။ ထို့အတူပဲ တိဗက်နိုင်ငံက (မဟာယာန)တိဗက်တွေရဲ့ ရှိခိုးမှုဟာ တစ်မျိုးတစ်ဘာသာဖြစ်သလို မြန်မာနိုင်ငံ က ထေရ၀ါဒဗုဒ္ဓဘာသာဝင်များရဲ့ ရှိခိုးမှုဟာလဲ တစ်မျိုး တစ်ဘာသာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ က ထေရ၀ါဒဗုဒ္ဓဘာသာဝင်များ သတ်မှတ်ထားတဲ့ ရှိခိုးနည်းကို ဖေါ်ပြပေးဖို့ လိုအပ်တယ်လို့ထင်ပါတယ်။
ရှေးဦးစွာ ရှိခိုးခြင်း ဆိုတဲ့ ဝေါဟာရ ဖြစ်ပေါ်လာပုံကို ဗဟုသုတဖြစ်ဖွယ် ဖေါ်ပြပေးချင်တယ်။ စာချစ်သူများ သည်းခံဖတ်ပေး ကြပါ။
‘ရှိခိုး’ ဆိုတဲ့ ဝေါဟာရဟာ အိန္ဒိယ၊ သီဟိုဠ်က ရဟန်းတော်များဟာ ရှိခိုးဝတ်ပြုလာကြတဲ့ ဒါယကာ ဒါယကာမ လူငယ်လူရွယ် များကို သုခီဟောဟိ သုခိတော(တာ)ဟောဟိ သုခေါ ဟောဟိ စတဲ့ ပြန်လည် ဆုပေးလေ့ရှိခဲ့ပါတယ်။ သုခေါ ဟောဟိ ဆိုတဲ့ မြန်မာ အသံထွက်ကို အိန္ဒိယ သီဟိုဠ်အသံထွက်နဲ့ပြောရရင် “ဆုခို ဟိုဟိ (ရှုခို ဟိုဟိ) လို့ အသံထွက်ပါတယ်။
မွန်ပြည်နယ် သထုံခေတ်မှာ ဒီလို ဆုပေးတဲ့ဓလေ့တွေ ကူးစက်လာခဲ့ပါတယ်။ မွန်အသံထွက်မှာလဲ ဆုခို ဟိုဟိ လို့ပဲ အသံထွက်ခဲ့ပါတယ်။ နောက်တော့ ပုဂံသာသနာထွန်းကားချိန် နဲ့ သရေခေတ္တရာ သာသနာထွန်းကားချိန်တို့မှာ ရှိခိုးသူတဲ့သူများက အိန္ဒိယ သီဟိုဠ်ရဟန်းများရဲ့ ရှုခို ဟိုဟိ ဆိုတဲ့ ဆုပေးသံကို ကြားခဲ့ကြရပါတယ်။ ထိုခေတ်က ရှိခိုးဝတ်ပြုတာကို “ရှုခို ပြုခြင်း”လို့ ဝေါဟာရ ပြုခဲ့ကြပါတယ်။ အဲဒီကနေ ရှုခိုပြု ဆိုတဲ့ဝေါဟာရကို ပြောဆိုသုံးနှုန်းခဲ့ကြရာက ရှုခိုပြု ရှိခိုပြု ရှိခိုးပြု လို့ မြန်မာဝေါဟာရ သက်သက် ပေါ်ပေါက်လာခဲ့ဟန်တူပါတယ်။ ထိုဝေါဟာရပေါ်ပေါက်လာပုံနဲ့ပတ်သက်လို့ အခြားအကြောင်း များရှိသေးရင်လဲ ပညာရှင်များ ထုတ်ဖေါ်ရေးသားကြဖို့လဲ ပြောလိုပါတယ်။
တစ်ဖန် ရှိခိုးတာနဲ့ပတ်သက်လို့ ၁-ကာယဝန္ဒနာ ။ ၂-၀ါစာဝန္ဒနာ။ ၃-မနောဝန္ဒနာ ရယ်လို့ ရှိခိုင်းခြင်း သုံးပါးရှိပါတယ်။
၁။ ။နှုတ်ကမဆိုဘဲ လက်အုပ်ချီ ဦးညွတ်ဝတ်ချ ရှိခိုးတာကို ကာယဝန္ဒနာ လို့ခေါ်တယ်။
၂။ ။နှုတ်သက်သက်ဖြင့် ဗုဒ္ဓံ ၀န္ဒာမိ စတဲ့ ရွတ်ဆိုပြီး ရှိခိုးတာကို ၀ါစာဝန္ဒနာ လို့ခေါ်ပါတယ်။
၃။ ။ကိုယ်နှုတ်မပါ စိတ်နဲ့အာရုံပြု ရှိခိုးတာကို မနောဝန္ဒနာ လို့ခေါ်ပါတယ်။
အဲဒီသုံးအပါးအနက် ကိုယ်ဖြင့်ရှိခိုးရတဲ့ (ကာယဝန္ဒနာ)မှာ
(က) အဉ္ဇလီကမ္မ ဝန္ဒနာ ။ (ခ) ပဉ္စပတိဋ္ဌိ ဝန္ဒနာ။ (ဂ) အတိဂါရ ဝန္ဒနာ။ (ဃ) ထေရ ဝန္ဒနာ ရယ်လို့ လေးမျိုး ကွဲပြားပါတယ်။
အဉ္ဇလီကမ္မ ဝန္ဒနာ။ ။ ထိခြင်းကြီးငါးပါး (ပဉ္စပတိဋ္ဌိ ) နဲ့ ရှိခိုးပြုခွင့် မသာတဲ့အခါများမှာ လက်အုပ်ချီရုံမျှ ရှိခိုးခြင်းပါ။ အချို့ အချိန်နေရာတွေမှာ ရဟန်းတော်များကို ဖူးမြင်ရတဲ့အခါ ထိခြင်းငါးပါးနဲ့ ရှိခိုးဖို့ အခွင့်မသာဘဲ ဖြစ်တတ်တယ်။ ထိုအခါမျိုးမှာ လက်အုပ်ချီရုံ ချီပြီး ရှိခိုးတာကို အဉ္ဇလီကမ္မဝန္ဒနာ လို့ ခေါ်ပါတယ်။
ပဉ္ဗပတိဋ္ဌိ ဝန္ဒနာ။ ။ တည်ခြင်းကြီးငါးပါးဖြင့် ရှိခိုးတာကို ခေါ်ပါတယ်။ ဒါနဲ့စပ်လို့ ပဋိသမ္ဘိဒါမဂ်ဂဏ္ဍိပုဒ်မှာ ပြဆိုထားတဲ့ ရှိခိုးနည်းက တစ်တောင်ဆစ်နှစ်ဘက် အင်္ဂါနှစ်ချက်။ ဒူးဆစ်နှစ်ဘက်က အင်္ဂါ နှစ်ချက်။ ဦးခေါင်းအင်္ဂါတစ်ချက်ယူပြီး ထိုအင်္ဂါငါးချက်(ပဉ္စပတိဋ္ဌိတ)နဲ့ ရှိခိုးတယ်လို့ ဆိုပါတယ်။
တဖန် သီလက္ခန်ဆရာရဲ့ တည်ခြင်းငါးပါးယူပုံကတော့ (၁) ခြေဖျားတို့ မြေ(ကြမ်းပြင်)မှာ တည်ခြင်း။ (၂)ဒူးဆစ်တို့ မြေ(ကြမ်းပြင်)မှာ တည်ခြင်း။ (၃) တစ်တောင်ဆစ်တို့ မြေ(ကြမ်းပြင်)မှာ တည်ခြင်း။(၄)လက်ဖ၀ါးတို့ မြေ(ကြမ်းပြင်)မှာတည်းခြင်း။ (၅) နဖူးကို မြေ(ကြမ်းပြင်)မှာ တည်ခြင်း ဆိုပြီး တည်ခြင်းငါးပါး ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်စေ ရှိခိုးတဲ့နေရာမှာ ခြေ၊လက် ၊ နဖူး ၊တစ်တောင်၊ ဒူး ဆိုတဲ့ တည်(ထိ) ခြင်းငါးပါးဖြင့် ရှိခိုးကြတာပါ။ဒါကိုပဲ ပဉ္စပတိဋ္ဌိတ ဝန္ဒနာ လို့ခေါ်ပါတယ်။
အတိဂါရ ဝန္ဒနာ။ ။ အတိဂါရ ဝန္ဒနာဆိုတာက တည်(ထိ)ခြင်းကြီးငါးပါးနဲ့ ရှိခိုးပြီးတဲ့နောက် ခြေကိုဖက်ခြင်း၊ ပွတ်ခြင်း၊မျက်နှာနဲ့ အပ်ခြင်း၊ ခြေချောင်းတို့ကို နှုတ်ခမ်းနဲ့ ငုံစုပ်ခြင်း တို့ဖြင့် လွန်လွန်ကဲကဲ ရိုသေမြတ်နိုးတဲ့အမူအရာနဲ့ ရှိခိုးခြင်း ကို အတိဂါရ ဝန္ဒနာ လို့ ခေါ်ပါတယ်။ ထိုအတိဂါရ ဝန္ဒနာ နဲ့စပ်လို့ ဘုရားရှင်လက်ထက်က သာဝတ္ထိမြို့မှာ အလွန်မာနကြီးတဲ့ ပုဏ္ဏားတစ်ဦးရှိခဲ့ဖူးတယ်။ သူ့နာမည်က မာနတ္ထဒ္ဓ လို့ ခေါ်ပါတယ်။ သူဟာ အခြားခြားသော မိတ်ဆွေသူငယ်ချင်းများအပေါ်မှာ မာနကြီးရုံတင်မက ကိုယ့်ရဲ့ မိခင်ဖခင်တို့အပေါ်မှာတောင် မာနမချ။ ဒါကြောင့် မိဘများကိုလဲ ရှိမခိုး၊ ဆရာသမားကိုလဲ မရိုသေ၊ အစ်ကိုကြီး အစ်မကြီးများကိုလဲ မလေးစားဘဲ ရှိနေတယ်။ တစ်နေ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ပရိသတ်များကို တရားဟောတော်မူနေပါတယ်။ ထိုအခိုက် တရားပွဲရှိရာသို့ မာနတ္ထဒ္ဓ ပုဏ္ဏား ရောက်လာပါတယ်။
“ငါ့ကို ရဟန်းဂေါတမက စတင်ပြီးစကားပြောမှ ငါ စကားပြန်ပြောမယ်” လို့ စိတ်အကြံနဲ့ စကားမပြောဘဲ နေခဲ့ပါတယ်။ ဘုရားရှင်ကလဲ မာနနဲ့ ထိုင်နေတဲ့ ပုဏ္ဏားကို စကား လုံးဝ ပြောတော်မမူခဲ့ပါ။ ထိုအခါ ပုဏ္ဏားက “ရဟန်းဂေါတမဟာ ငါလို ဇာတ်မြင့်တဲ့သူက တရားနာလာတာတောင် နှုတ်ဆက် စကား ပြောခြင်းမရှိ၊ငါ့ရဲ့စိတ်အကြံကိုလဲ သိပုံမရပါဘူး၊ သိစရာအားလုံးကို သိတယ်ဆိုတာ ဟုတ်ဟန်မတူပါဘူးလေ” လို့တွေးပြီး ထပြန်ဖို့ ဟန်ပြင်ပါတော့တယ်။ အဲဒီအခါကျမှ ဘုရားရှင်က ပုဏ္ဏားရဲ့စိတ်အကြံကို သိတော်မူတဲ့အတွက် “အသင်ပုဏ္ဏား….မိမိအကျိုးလိုလားတဲ့သူများဟာ မာန်မာနထောင်နေလို့ ဘာအကျိုးထူးလာမှာလဲ၊ အကျိုးမရတဲ့ အပြင် အရှုံးသာအဖတ်တင်မှာပေါ့။ မိမိက အကျိုးလိုလားလို့ လာခဲ့တယ်ဆိုရင် ထိုအကျိုးတရားများ တိုးပွားအောင် ပြုလုပ်ဖို့လိုတာပေါ့” လို့ မိန့်တော်တော်မူလိုက်ပါတယ်။ ထိုအခါ ပုဏ္ဏားက “ငါ့ရဲ့စိတ်အကြံကို ဘုရားရှင် သိတော်မူနေပါလား” ဆိုပြီး စိတ်အားတက်ကြွ ဝမ်းသာကြည်ညိုမှုတွေ ဖြစ်ခဲ့ရပြီး၊ ဘုရားရှင်ရဲ့ ခြေတော်အစုံကို သူ့ရဲ့ဦးခေါင်းနဲ့ပွတ်တိုက်၊ ပါးစပ်နဲ့လဲ စုပ်ကာ လက်နဲ့လဲ ဆုပ်နယ်ပြီး ရှိခိုးနေပါတော့တယ်။ သူ့ရဲ့နှုတ်ကလဲ “တပည့်တော်ဟာ မာနတ္ထဒ္ဓ ဆိုသူပါဘုရား” လို့ အဖန်ဖန်အထပ်ထပ်ပြောဆို လျှောက်ထားလိုက် ပါတယ်။ ဒေသနာလာအကြောင်းအရာက မပြီးဆုံးသေး၊ ဆက်ရန်ရှိနေပေမဲ့ အတိဂါရ ဝန္ဒနာ ကိုပြလိုရင်းသာဖြစ်တဲ့အတွက် ဒီမျှလောက်ပဲ ဖေါ်ပြလိုက်ပါတယ်။
တဖန် အညာသိကောဏ္ဍညမထေရ်က ဘုရားရှင်အား ပရိနိဗ္ဗာန်စံဖို့အကြောင်း လျှောက်ထားပြီးတဲ့နောက် ရှိခိုးတဲ့အခါမှာလဲ လွန်ကဲပြီး ရိုသေလေးမြတ်ကြည်ညိုတဲ့စိတ်နဲ့ အတိဂါရ ဝန္ဒာ ဖြင့် ရှိခိုးခဲ့တာ ကိုတွေ့ရပါတယ်။
ထေရ ဝန္ဒနာ။ ။သီတင်း(သိက္ခာဝါ)ငယ်တဲ့ရဟန်းက မထေရ်ကြီးများအား ရှိခိုးတာကိုတော့ ထေရ ဝန္ဒနာ လို့ ခေါ်ပါတယ်။ ထိုရှိခိုးနည်းမှာ (စံပယ် လက်အုပ် ခြေဆုပ် ချစ်ခင် ရိုသေထင် ငါးအင်ရှိခိုးနည်း)ဆိုတဲ့ လင်္ကာနဲ့အညီ ရဟန်းငယ်များက သိက္ခာဝါကြီးသော ဆရာတော်ကြီးများကို ရှိခိုးတဲ့အခါ (၁)လက်ယာပုခုံးကိုသင်္ကန်းနဲ့ မခြုံရုံရ လက်ယာပုခုံးကို ဖေါ်ပြီး လက်ဝဲလက်ပေါ်မှာ လက်ကတော့ စံပယ်တင်ရုံရပါမယ်။ (၂) လက်အုပ်ချီရမယ်။ (၃) ရှိခိုးတဲ့အခါ ထေရ်ကြီးရဲ့ခြေကို လက်ဖြင့် ဆုပ်ကိုင်ရမယ်။(၄) ချစ်ခင်ကြည်ညိုခြင်းကို ဖြစ်စေရပါမယ်။ (၅) လေးစားမြတ်နိုးတဲ့ အမူအရာရှိရမယ်။ ထို အင်္ဂါငါးချက်နဲ့ ရဟန်းငယ်က မထေရ်ကြီးများကို ရှိခိုးခြင်းကို ထေရ ဝန္ဒနာ လို့ခေါ်ပါတယ်။ ဒီရှိခိုးနည်းများဟာ ထေရ၀ါဒဗုဒ္ဓဘာသာဝင်များ ကျင့်သုံးတဲ့နည်းဖြစ်တယ်။
(မဟာသုတဒီပနီကျမ်း၊ ပထမတွဲ)
အချူပ်ပြောရရင်တော့ လက်ကို ကိုးရိုးကားရားလုပ်ပြီး ရှိခိုးတဲ့မုဒြာရှိခိုးနည်းဆိုတာတွေဟာ ဘုရားရှင် လက်ထက်ကလဲ မရှိသလို အခုလဲ မရှိ နောင်လဲ ရှိလိမ့်မယ်မဟုတ်ပါ။ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များအတွက် ဖေါ်ပြခဲ့တဲ့ ရှိခိုးနည်းဟာ အမှန်ဆုံးဖြစ်တယ်ဆိုတာ တင်ပြပေးလိုက်ပါတယ်။
"ပြင်၍ မရတော့သော ဂေါပကလူကြီးများ"
သို့သော် တစ်နေ့သ မိမိသည် ထိုရွာကျောင်း ဆရာတော်ထံသို့ ရောက်ရှိသွားလေသည်။ မိမိရောက်သော အချိန် သည်ကား ညရှစ်နာရီလောက်ဖြစ်ပေသည်။ ကျောင်းအတွင်းရှိ ဓမ္မာရုံအတွင်းဝယ် လူကြီးများ စုဝေးရောက်ရှိနေ ကြလေသည်။ မိမိက
"ဘုန်းကြီး ဒီနေ့ ထူးထူးခြားခြား ဘုန်းကြီးရွာမှာ ဘာရှိလို့လဲဘုရား၊ ရွာထဲက ဂေါပကလူကြီးတွေ ဓမ္မာရုံထဲ ရောက်လို့ပါလားဘုရား"ဟုမေးလိုက်ရာ ဆရာတော်က
"ဒီနေ့ ငါ့ရွာက ဂေါပကလူကြီးတွေ ဘုရားဝတ်တက်ကြမလို့ကွ၊ ရွာထဲက ဒကာမတစ်ယောက်မွေးနေ့လေ၊ သူက ဂေါပကလူကြီးတွေကို ဖိတ်ပြီး ဘုရားဝတ်တက်မယ်၊ ပြီးရင် ဂေါပကလူကြီးတွေကို ကြာဇံတိုက်မယ်ပေါ့ကွာ" `ဤတွင် မိမိက
"အွန်း ဘုန်းကြီးရွာက ဂေါပကလူကြီးတွေကတော့ တော်တော်လေးကို တော်ကြပါတယ်ဘုရား၊ စုပေါင်းပြီး ဘုရား ၀တ်တက်ကြတယ်၊ လုပ်စရာရှိရင် တက်ညီလက်ညီနဲ့ လုပ်ကိုင်ကြတယ်၊ တပည့်တော်ရွာမှာတော့ ဒါမျိုး စုစု စည်းစည်း လုပ်လေ့လုပ်ထ မရှိဘူးဘုရား"ဟု လျှောက်ထားလိုက်လေသည်။ မိမိစကားသည်ပင် အဆုံးမသတ် သေးပါ။ ဆရာတော်က
"ဇ၀န မင်းက အဲဒါလောက်သိတာ၊ လူငယ်တွေကတော့ တော်ပါတယ်၊ ဂေါပက လူကြီးတွေက ဘုရားဝတ်တက် မယ်ဆိုရင် မိုက်လုနေတာ၊ ကလေးတွေကျနေတာပဲ၊ ပြီးတော့ သူတို့ အနှစ်နှစ်ကာလက မှားပြီး ရွတ်ဆိုလာတာ ပြင်ပေးတာတောင် လက်မခံဘူး၊ ငါ့ကို ပြန်ပြောတယ်ကွ"ဟုဆိုသောအခါ မိမိက သိလိုဇောဖြင့်
"ဘာပြန်ပြောတာလဲဘုရား"ဟု မေးလိုက်သောအခါ ဆရာတော်က
"ဒီလိုကွ၊ ဒို့ ပါဠိတော်မှာ ကောဋ္ဌာသ (၃၂)နှစ်ပါးရှိတယ်လေကွာ၊ အတ္ထိ ဣသ္မိံ ကာယေ ကေသာ လောမာ နခါ ဒန္တာ တစော မံသံ နှာရု အဋ္ဌိ အဋ္ဌိမိဉ္ဇံ လို့လာတယ်မဟုတ်လား၊ သူတို့ က အတ္ထိ ဣသ္မိံ ကာယေ ကေသာ လောမာ နခါ ဒန္တာ တစော မံသံ နှာရု အဋ္ဌိ အဋ္ဌိလို့ မှားဖတ်နေတယ်ကွာ၊ ငါကလဲ ဒကာကြီးတို့ ဖတ်တာ မှားနေတယ်နော် ၊ ဒီမှာကြည့် ပါဠိစာအုပ်မှာက အဋ္ဌိ အဋ္ဌိမိဉ္ဇံလို့ရှိတယ် ဆိုပြီး စာအုပ်ထုတ်ပြတယ်၊ အဲဒီအချိန်မှာ ဒကာတစ် ယောက်က 'အရှင်ဘုရား စာအုပ်က မှားနေရင်ကောဘုရားတဲ့' ဒါတင်မကဘူး နောက်တစ်ယောက်က 'အရှင်ဘုရား တပည့်တော်တို့က တစ်ချိန်တုံးက ဒီနယ်မှာ နာမည်ကြီးနေတဲ့ စာချဘုန်းကြီး ဦးကောဏ္ဍညရဲ့ တ ပည့်တွေပါဘုရား'တဲ့ အဲဒီလို ကတ်ပြောနေတော့ ငါ့လဲ 'အေး ဒကာကြီးတို့ ဖတ်ချင်သလိုသာ ဖတ်ပါဗျာ၊ ခင်ဗျားတို့ကို ပြောမိတာက ကျုပ်ရဲ့အမှားပါဗျာ'ဟု စိတ်ပေါက်ပေါက်နဲ့ ပြောထည့်လိုက်တယ်ကွာ၊ အဲဒီအချိန်စပြီး သူတို့ဘာသာ ဘာရွတ်ရွတ် ငါဘာမှ မပြောတော့ဘူးကွာ။"ဟုဆရာတော်က သူနှင့် ဂေါပကလူကြီးတို့အကြား ဖြစ်စဉ်အကြောင်းကို ခရေစေ့တွင်းကျ ပြောပြလေသည်။မိမိ၏ စိတ်တွင် အတွေးတစ်ခု ၀င်ရောက်လာသည်ကား "အော် ပြင်၍ မရတော့သော ဂေါပကလူကြီးတွေပါတကား"ဟူ၍ပင် ဖြစ်လေတော့သတည်း။
အမေ့မှာ မုတ်ဆိတ်မရှိပါ..သို့သော်...
ကြယ်တွေ မကြွေရာ လွင်ပြင်ပေါ့
ငရဲဘုံခန်းမှာ
လ မသာတာလည်း သိပါရဲ့..။
လမ်းဘေး ပလက်ဖောင်းပေါ်
လျှော့ဈေးနဲ့ ရောင်းနေတဲ့
သမုဒယ အက်ီၤမ်ား
ပါးသထက် ပါးလာတဲ့အခါ
မုတ်ဆိတ် မရှိတဲ့ အမေ့ကို
သတိရမိတယ်..။
ချောင်အနီးမှာ ကိုက်မယ့် တစ္ဆေ
(အမေရယ်)
ဆင်ခြေပေးတယ် မထင်ပါနဲ့လား..
"တရား ရှာတဲ့အခါ
အဖော်ပါတာ ကောင်းသလား"..လို့..။
သတိပဋ္ဌာန်နဲ့လား…၊ ဝိပဿနာနဲ့လား…
နောက်ဆုံးတော့ သူတို့ရဲ့ တရားဆွေးနွေးပွဲဟာ ပြောရင်းပြောရင်းနဲ့ အဖြေမထွက်ဘဲ အဆုံးသတ် သွားကြပါတယ်။ ဒီအကြောင်းကို တစ်ယောက်က ဘုန်းဘုန်းကို လျှောက်ပြတော့ “ဒကာလေးတို့က စကားလုံး ဝေါဟာရတွေနဲ့ ငြင်းခုံကြသလို ဖြစ်နေတာပဲ”လို့ ဘုန်းဘုန်းက ပြောပြရင်း သူတို့ပြောတဲ့ သတိပဋ္ဌာန်နဲ့ ဝိပဿနာ အကြောင်းကို ရှင်းပြလိုက်ရပါသေးတယ်။ သူတို့ပြောသလို ဝိပဿနာ အကျင့်နဲ့မှ ကိလေသာကို ခွာနိုင်တာ၊ သတိပဋ္ဌာန်နဲ့မှ ကိလေသာကို ခွာနိုင်တာ စတဲ့ စကားတွေအရ ကောက်ချက်ချကြည့်ရင် အကျင့်တရားကို ဦးစားပေးကြရမယ်ဆိုတာကို ကောက်ချက်ချနိုင်မှာ ဖြစ်ပါတယ်။ ဝိပဿနာပဲ အားထုတ်အားထုတ်၊ သတိပဋ္ဌာန်နဲ့ပဲ နေနေ အချုပ်ကြည့်တော့ အလုပ်ရှိနေဖို့ပဲ ဖြစ်ပါတယ်။ သတိကပ်ထားတဲ့ အလုပ်ရှိနေကြဖို့ပါ။ ဒီတော့ကား သတိက အရေးကြီးတယ်ဆိုတာကိုလည်း သဘောပေါက်ထားရမှာ ဖြစ်ပါတယ်။
တကယ်တော့ ဝိပဿနာဆိုတဲ့ စကားနဲ့ သတိပဋ္ဌာန်ဆိုတဲ့ စကားတွေရဲ့ အချုပ်က သတိပဲဖြစ်ပါတယ်။ သတိပဋ္ဌာန်ဆိုတဲ့ စကားလုံးကို တိုက်ရိုက်အဓိပ္ပါယ်ပြောရရင် “သတိ၏ မြဲမြံစွာ တည်ခြင်း၊ သတိရှိခြင်း”လို့ ပြောရမှာဖြစ်ပြီး ဝိပဿနာဆိုတဲ့ စကားလုံးကိုလည်း “အထူးထူး အပြားပြားအားဖြင့် ရှုခြင်း၊ အထူးထူး အပြားပြားကို မြင်ခြင်း၊ ကြည့်ခြင်း”လို့ ပြောရမှာဖြစ်ပါတယ်။ အထူးထူးအပြားပြားကို မြင်တယ်ဆိုတာ စိတ်မှာပဲဖြစ်ဖြစ်၊ ရုပ်မှာပဲဖြစ်ဖြစ် ဖြစ်သမျှ၊ ပေါ်သမျှ အရာတွေကို အရှိအတိုင်း မျက်စိနဲ့မြင်သလို စိတ်နဲ့မြင်နေခြင်း၊ သိနေခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီလိုမြင်သိနေဖို့ဆိုတာကလည်း သတိရှိနေမှပဲ ဖြစ်ပါတယ်။ သတိမရှိရင် ဒီအရာတွေကို အရှိအတိုင်း မြင်ဖို့မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဝိပဿနာ အလုပ်ရဲ့ အချုပ်ဟာလည်း သတိပဲလို့ ဆိုရခြင်း ဖြစ်ပါတယ်။ အမှန်တော့ ဝိပဿနာအကျင့်၊ သတိပဋ္ဌာန် အကျင့်၊ ဘာဝနာအကျင့်၊ ကမ္မဋ္ဌာန်းအကျင့် စသဖြင့် ဘယ်လိုပဲ အမည်ဝေါဟာရတွေနဲ့ ပြောနေကြပါစေ အရေးအကြီးဆုံးက သတိရှိနေဖို့ပါပဲ။ ဘယ်ဆရာတော်က ဘယ်နည်းတွေနဲ့ ဘယ်လိုပဲပြပြ အားလုံးဟာ ဘုရားဟောထားတဲ့ မဟာသတိပဋ္ဌာနသုတ်ကို အခြေခံပြီး ပြသနေကြတာ ဖြစ်ပါတယ်။
မဟာသတိပဋ္ဌာနသုတ်ကို အခြေခံထားတာ ဖြစ်တဲ့အတွက် ဒီသုတ်တော်မှာ လာတဲ့အတိုင်း ရုပ်တရားအပေါ်မှာ အရှိအတိုင်း ရှုရတဲ့ ကာယာနုပဿနာ၊ ခံစားမှု မှန်သမျှကို အရှိအတိုင်း ရှုရတဲ့ ဝေဒနာနုပဿနာ၊ ဘယ်လိုစိတ်မျိုးပဲ ဖြစ်ဖြစ် အဲဒီစိတ်ကို အရှိအတိုင်း သိမှတ်ပေးရတဲ့ စိတ္တာနုပဿနာ၊ အမည်ပညတ်မရှိ သဘောတရား သက်သက်ကို ရှုမှတ်ရတဲ့ ဓမ္မာနုပဿနာဆိုတဲ့ ဒီလေးမျိုးကိုပဲ မှတ်ရတာဖြစ်ပါတယ်။ ဒီလေးမျိုးလုံးမှတ်နိုင်ဖို့က သတိရှိနေမှ ဖြစ်တဲ့အတွက် သတိကိုသာ အပိုင်ထိန်းထားနိုင်ရင် ဒီမှတ်နည်းလေးမျိုးလုံးကို ရှုမှတ်ပြီး ဖြစ်နေတော့တာ ဖြစ်ပါတယ်။ ရှုမှတ်တဲ့ အခိုက်မှာ ကိုယ်ရှုလိုက်တဲ့ အမှတ်အာရုံကို လိုက်ပြီးတော့သာ ကာယာနုပဿနာ၊ ဝေဒနာနုပဿနာ စတဲ့ အမည်သတ်မှတ်ချက်တွေ ရှိနေပေမယ့် အားလုံးဟာ သတိပါပဲ။ ဒါကြောင့် ဒီရှုမှတ်နည်းလေးမျိုးကို အချုပ်အနေနဲ့ သတိပဋ္ဌာန်လို့ ဆိုခြင်းဖြစ်ပါတယ်။ ဒီလိုသတိပဋ္ဌာနသုတ်မှာ လာတဲ့အတိုင်း ရှုမှတ်နေတာကိုပဲ သတိပဋ္ဌာန်နဲ့နေခြင်း၊ ဒါမှမဟုတ် ဒီနေ့ခေတ် အသုံးပြုနေတဲ့ စကားနဲ့ပြောရရင် ဝိပဿနာအားထုတ်ပြီး နေခြင်းလို့ ပြောဆိုကြခြင်း ဖြစ်ပါတယ်။
အဲဒီလို သတိပဋ္ဌာနသုတ်မှာလာတဲ့ နည်းအတိုင်း ဝိပဿနာ တရားအားထုတ်နိုင်ရင် ဝိပဿနာဉာဏ်တွေ တဖြည်းဖြည်း ရင့်သန်တိုးတက်လာမှာဖြစ်ပြီး နောက်ဆုံး မဂ်ဉာဏ်အထိဆိုက်ရောက်ကာ သောတာပတ္တိမဂ်ဉာဏ်ကို ရတဲ့ပုဂ္ဂိုလ်ကို သောတာပန်၊ သကာဒါဂါမိမဂ်ဉာဏ်ကို ရတဲ့ပုဂ္ဂိုလ်ကို သကာဒါဂါမ် စသဖြင့် ပြောကြတာ ဖြစ်ပါတယ်။ ဒီလိုဉာဏ်တွေကို ရသွားတဲ့ ပုဂ္ဂိုလ်တွေကို အရိယမဂ်ဉာဏ်ရတဲ့ ပုဂ္ဂိုလ်၊ အရိယာပုဂ္ဂိုလ်လို့ ဆိုခြင်းဖြစ်ပါတယ်။ အရိယာဖြစ်သွားပြီဆိုရင် ကိလေသာတွေကိုလည်း သူ့ဉာဏ်အဆင့်အလိုက် ပယ်ခွာသွားပြီး ဖြစ်တဲ့အတွက် နိဗ္ဗာန်နဲ့လည်း တဖြည်းဖြည်း နီးလာနေတော့တာ ဖြစ်ပါတယ်။ ဒါဟာ သတိကို အခြေခံထားတဲ့ ဘာဝနာအကျင့်၊ တစ်နည်းအားဖြင့် သတိပဋ္ဌာန် အကျင့်၊ တစ်နည်းအားဖြင့် ဝိပဿနာအကျင့်တွေကို နည်းမှန်လမ်းမှန် ကျင့်ကြံနိုင်တဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
ဆိုတော့ကား ဘုန်းဘုန်းတို့ ဒကာလေးတွေ ဆွေးနွေးကြသလို ကိလေသာ ပယ်ခွာနိုင်ရေးဟာ ဝိပဿနာ အကျင့်နဲ့မှ ရမယ်၊ သတိပဋ္ဌာန် အကျင့်နဲ့လည်း ဖြစ်တယ်လို့ ဆိုနိုင်ကြပေမယ့် အချုပ်ကတော့ သတိကပ်ထားတဲ့ အမှတ်တရားနဲ့ လက်တွေ့ကြိုးစား ကျင့်ကြံအားထုတ်မှုနဲ့ပဲ ပယ်ခွာရမှာ ဖြစ်တယ်ဆိုတာကို သတိပြုနားလည် ထားရမှာ ဖြစ်ပါတယ်။ ဝိပဿနာအကျင့်တွေကို ဘယ်လိုပဲ အားထုတ်အားထုတ် သတိမရှိဘူးဆိုရင်၊ သတိပဋ္ဌာန်ဆိုတဲ့ စကားကို ဘယ်လောက်ပဲ ပြောပြော သတိမပါဘူးဆိုရင် အားထုတ်တာနဲ့ ပြောနေတာပဲရှိပြီး လက်တွေ့ပိုင်းမှာ ဉာဏ်အဆင့်အတန်း တိုးတက်ဖို့ မလွယ်လှပါဘူး။ သတိကို အခြေခံထားတဲ့ သဒ္ဓါ၊ ပညာ၊ သမာဓိ၊ ဝီရိယ တရားတွေကို ညီမျှအောင် ကြိုးစားနိုင်မှပဲ ဉာဏ်အဆင့်အတန်း တိုးတက်ကာ ပယ်ရမယ့် ကိလေသာတွေကို ပယ်နိုင်ကြမှာ ဖြစ်ပါတယ်။
ဒါပေမယ့် အပြောလွယ်သလောက် အလုပ်ခက် ဆိုသလို ဝိပဿနာအလုပ် အားထုတ်ဖို့ပဲ ဖြစ်ဖြစ်၊ နေ့စဉ်အလုပ်တွေမှာ သတိကပ်ပြီး နေကြည့်ကြဖို့ပဲ ဖြစ်ဖြစ် တကယ်လုပ်ကြည့်ကြတဲ့အခါ ထင်သလောက် မလွယ်ဘူးဆိုတာ သတိပြုမိကြမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အနေအထား၊ ရုပ်ပိုင်းဆိုင်ရာတွေရဲ့ လွှမ်းမိုးမှု အနေအထား၊ ဟိုအလုပ်ဒီအရှုပ်တွေနဲ့ အာရုံတွေ များနေတဲ့ အခြေအနေများက ရှိနေကြတော့ ဒီနေ့ခေတ်မှာ အပြောနဲ့အလုပ် ထပ်တူထုတ်ဖို့က မလွတ်လှတဲ့ သဘောရှိပါတယ်။ ဒါကြောင့် အိမ်မှာနေရင်၊ စက်ရုံမှာနေရင်၊ အလုပ်မှာနေရင် အားမထုတ်ဖြစ်တဲ့အတွက် တရားအားထုတ်တဲ့ ပတ်ဝန်းကျင်မှာ သွားရောက်ပြီး တရားအလုပ် အားထုတ်ကြတာပဲ ဖြစ်ပါတယ်။ ပါရမီအားကောင်းလှတဲ့ သူတွေမှာ တရားစကားတစ်ခွန်း၊ သံဝေဂဉာဏ် တစ်ခဏလောက်နဲ့ သောတာပန်တည်သွား၊ ရဟန္တာဖြစ်သွားတာတွေ ရှိနေကြပေမယ့် ဒီနေ့လို ခေတ်မျိုးမှာတော့ တရားအလုပ် အားထုတ်နိုင်မယ့် ပတ်ဝန်းကျင် အခြေအနေကို ရွေးချယ်ပြီး အားထုတ်နိုင်မှပဲ အထိုက်အလျောက် လုပ်ဖြစ်ကြတာတွေ ရှိပါတယ်။ ကိုယ့်နေရာမှာ ကိုယ့်ပတ်ဝန်းကျင်မှာ ဆိုရင်တော့ စိတ်ရှိပေမယ့် မဖြစ်နိုင်တာတွေက ပိုများလှပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဓိကကတော့ တစ်စတစ်စ အားထုတ်နိုင်သလောက် အားထုတ်ကြပြီး အချိန်ပေးနိုင်တဲ့ အခါဆိုရင်တော့ ဒီအလုပ်ကိုပဲ တစ်စိုက်မတ်မတ် ကျင့်ကြံနိုင်တဲ့ နေရာတွေကို သွားရောက်ကာ ကြိုးစားအားထုတ်ကြည့်ရမှာ ဖြစ်ပါတယ်။ အဲဒီလို ဆိုရင်တော့ အထိုက်အလျောက် တရားအားတွေ တိုးတက်လာနိုင်ကြမှာ ဖြစ်ပါတယ်။
ဆိုလိုတာက ကိလေသာပယ်ခွာပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုရေးမှာ ဝိပဿနာအကျင့်ကသာ အဓိကကျတယ်၊ သတိပဋ္ဌာန် အကျင့်ကသာ အဓိကကျတယ်ဆိုတဲ့ အမည်အသုံးအနှုန်းတွေနဲ့ ပြောဆိုဆွေးနွေးကြတာထက် သတိတရား လက်ကိုင်ထားတဲ့ သဒ္ဓါ၊ ပညာ၊ သမာဓိ၊ ဝိရီယ တရားတွေနဲ့ လက်တွေ့ကျင့်ကြံ အားထုတ်မှုကသာ အကျိုးသက်ရောက်မှုကို အမြန်ဆုံး ဖြစ်စေကြောင်း၊ သတိပဋ္ဌာန်အကျင့်ကိုပဲ ကျင့်ကျင့်၊ ဝိပဿနာအကျင့်ကိုပဲ ကျင့်ကျင့် အားလုံးဟာ အတူတူပဲ ဖြစ်ပြီး အချုပ်ကတော့ သတိပဲဖြစ်တဲ့အတွက် ရိပ်သာသွားပြီးပဲ အားထုတ်အားထုတ်၊ နေ့စဉ်အလုပ်တွေကို လုပ်နေရင်းပဲ လေ့ကျင့်လေ့ကျင့် လက်တွေ့ကျင့်ကြံနိုင်မှုကသာ ကိလေသာတွေကို တစ်စတစ်စ ပယ်ခွာလာနိုင်ကြမှာ ဖြစ်တဲ့အတွက် ဘယ်လို အခြေအနေမျိုးဖြစ်ဖြစ် ရသလောက်တော့ အားထုတ်နေကြရမှာ ဖြစ်ကြောင်း စသဖြင့် ဆိုလိုတာ ဖြစ်ပါတယ်။
ဒါကြောင့် သတိပဋ္ဌာန်နဲ့ ဝိပဿနာဆိုတာ အမည်နာမ အနေနဲ့ တစ်မျိုးစီလို့ ထင်နေကြပေမယ့် အမှန်တော့ ကျင့်စဉ်အနေနဲ့ သတိကိုအချုပ်ထားတဲ့ ကျင့်စဉ်ပဲဖြစ်တဲ့အတွက် ဟိုအမည်ဒီအမည်တွေနဲ့ ဇဝေဇဝါဖြစ်မနေကြပဲ လက်တွေ့အနေနဲ့ သတိတရား လက်ကိုင်ထားပြီး စိတ်မှာပဲဖြစ်ဖြစ်၊ ရုပ်မှာပဲဖြစ်ဖြစ် ဖြစ်သမျှ၊ ပေါ်သမျှအာရုံတွေကို အရှိအတိုင်း သိမှတ်ကာ ကိလေသာကို ခွာနိုင်အောင်သာ ကြိုးစားကြရမှာ ဖြစ်ပါကြောင်း အသိပေးတင်ပြရင်း နေ့စဉ်အလုပ်တွေမှာပဲ သတိကပ်နိုင်အောင် တစ်စတစ်စ ကျင့်ကြံကြဖို့ အလေးအနက် တိုက်တွန်းလိုက်ရပါတယ်။
စာရေးသူ = အရှင်ဝိစိတ္တ (မနာပ ဒါယီ) ။ အချိန် 6:03 PM
စုစည်းထားမှု = တွေးမိသမျှ
Read more...MV Full Moon and New Moon

Full Moon days are important for Buddhists as major events took place on these days in the time of the Buddha.
The Buddha-to-be was conceived in the womb of Maya, chief queen of King Suddhodhana, the ruler of Kapilavattha, on the Full Moon Day of Savana (July/August), the fifth month of the Buddhist Calendar, in the Great Era 67. He was born on the Full Moon Day of Vesakha (April/May), the second month in the Buddhist calendar, in the Great Era 68, so the Vesak Celebration of Buddhists is celebrated on the Full Moon Day, also called the Buddha’s Birthday Celebration. However, it is just called Vesak Day, perhaps to respect the Buddha since the celebration of birthdays is a secular affair. Vesak is named after the month (Vesakha) when the Buddha was born. On the same day (Full Moon Day of Vesaka) in the Great Era 103 the Buddha attained enlightenment. He also passed away on the Full Moon Day of Vesakha in the Great Era 148.
Moreover, two months after his enlightenment, on the Full Moon Day of the month Asalha, the fourth month of the Buddhist Calendar (June or July), the Buddha preached his first sermon (Dhammacakkapavattana sutta). On the Full Moon Day of the month Assayuja, the seventh month of the Buddhist Calendar (September or October), at the end of his first vassa, the Buddha’s missionary ministry was initiated with 60 disciples. On the Full Moon Day of Magha, the eleventh month of the Buddhist calendar, in the Great Era 103, Ven Sariputta and Ven Moggallana were appointed as the Buddha’s chief disciples, his left hand disciple and right-hand disciple respectively; and on this Full Moon day, fifteen days after his ordination, Ven Sariputta attained arahantship while Ven Moggallana's attainment of arahantship was achieved seven days earlier. In the Great Era 148 on the Full Moon Day of Kattika (October/November), the eighth month of the Buddhist calendar, Ven Sariputta passed away and two weeks later, on the New Moon Day of Kattika, Ven Moggallana passed away.
Since the time of the Buddha, Patimokkha (monastic rules for monks) recitation has been made by the Buddhist Sangha, fortnightly, on Full Moon Days and New Moons days. This practice is called uposatha. Buddhist devotees took the eight precepts (uposathasila) on these days. Full Moon Days are public holidays in Buddhist countries.
Now, at Mangala Vihara (MV), we celebrate Full Moon and New Moon Days with important activities. These activities are wholesome deeds or meritorious acts. When flowers, candles, etc. are offered to the Buddha, special chanting is performed, special lunch donations are served to members and devotees, and special blessings and evening dhamma talks are delivered by resident monks.
Actually these good deeds can be done anywhere at any time. So, why are these done on Full Moon and New Moon Days only? The answer is simply that we cannot do these good deeds every day. So Full Moon and New Moon Days are selected for the performance of these meritorious deeds.
Another reason or explanation is as follows: According to the Catumaharaja-sutta of Anguttara Nikaya (Tikanipata, The Threes), ministers of the four great kings of gods namely Ratarattha, Virulaka, Virupakkha, and Kuvera, come down to the human world on the eighth waxing and waning days; sons of the kings of gods come down to the human world on the fourteenth new moon days; and the kings of gods themselves come down to the human world on the fifteenth Full Moon and New Moon Days.
In this regard it should then be noted that in the Buddhist calendar there are the two types of New Moon Days: one falls on fourteenth waning day which is the end of month, and the other falls on the fifteenth waning day which is also the end of month. Full Moon Days fall in the middle of a month and always upon the 15th day of the waxing of the moon. There are 12 calendar months and the months have alternate 29 days and 30 days. The first month of the calendar has 29 days, the second month has 30 days, and so on. And days are counted from 1 to 14 or 15, not from 1 to 29 nor 1 to 30 as in other calendars. For example, days of the calendar are waxing 1 to 15 and waning 1 to 14 or 15. Thus in the Buddhist calendar, the New Moon Day (and the end of the month) may fall on either the 14th or 15th waning day of the moon.
These celestial beings observe the human world. They want to know if human beings are performing meritorious deeds and thus may be reborn in the deva world and populate it with merit makers. That is why at Mangala Vihara Full Moon and New Moon Days are selected for the performance of special meritorious deeds so that our wholesome deeds can be recognized by celestial beings who, as it is traditionally believed, regularly come to the human world to observe us.
One of distinguished MV’s celebrations is Pin Kamma, celebrated on Full Moon and New Moon Days. Pin Kamma is a Sri Lankan word derived from Pali. The original Pali word for Pin Kamma is Punna Kamma that means wholesome (Punna) act (Kamma) or meritorious (Punna) deed (Kamma). In Sri Lanka almost all Buddhist religious ceremonies are called Pin Kamma or Pin Kama (Punna Kamma). For example, there are ceremonies of Vesak Pin Kamma (Vesak Day or Buddha Day Celebration), Kathina Pin Kamma (Kathina Robe Donation Ceremony), Seventh Day Pin Kamma (Transferring Merit to a Departed One on the Seventh Day Counted from the Day on which he or she passed away), and Bana Pin Kamma (Ceremony of Buddhist Religious Sermon). Actually all the Buddhist ceremonies might be named Pin Kamma. Very often Kamma is spelled with only one ‘m’; that is, Pin Kama.
At Mangala Vihara this name (Pin Kamma) is only applied to the meritorious deeds that are done on Full Moon and New Moon Days. More specifically, the lunch donations to the resident monks, members and devotees made on those days are called Pin Kamma. This is one of the Theravada practices of Mangala Vihara, initiated by the late founder Bhante, MM Mahavira who was a Sri Lankan monk. It is believed that the founder gave the Sri Lankan name of the meritorious deed (Pin Kamma) to the lunch donations at Mangala Vihara. This name is given to this merit only and thus this has become significant.
In conclusion, Full Moon Days and New Moon Days are very important, as has been described. Extraordinary meritorious deeds which cannot easily be performed every day are reserved for these days.
:)
Shin Acara
မိဘဂုဏ်(၁၂)ပါး
မိဘဂုဏ်(၁၂)ပါး
ဂုဏ်တွေသိတော့ပိုပြီးလေးစားတက်
မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော သောဏနန္ဒဇာတ်လာ မိဘဂုဏ်(၁၂)ပါး။
၁။ မိဘ ဆိုတာ ကိုးကွယ်ရာ ဗြဟ္မာဖြစ်တော့သည်။
၂။ သွန်သင်ပြသ ဆိုဆုံးမ မိဘ ဆရာ ဖြစ်တော့သည်။
၃။ အလှူခံ ပုဂ္ဂိုလ် မိဘဆို လှူကို လှူရမည်။
၎။ အိမ်စောင့် အိမ်ဦး နတ်မြတ်ထူး အထူးပူဇော်မည်။
၅။ ခြင်ဆီရိုးထဲ လွန်စွာကဲ ချစ်လည်းချစ်ကြသည်။
၆။ မွေးဖွားပို့ဆောင် ဤလူ့ဘောင် ဂုဏ်ရောင်လင်းစေသည်။
၇။ နို့ချို တိုက်ကျွေး မွေးမြူပေး အလေးထားရမည်။
၈။ ယုယ ကြင်နာ ပိုးပမာ မွေးရှာခဲ့ကြသည်။
၉။ ပူပန်ကြီးစွာ စောင့်ရှောက်ကာ ကာကွယ်ပေးကြသည်။
၁၀။ လောကအကြောင်း လူ့အကြောင်း ကောင်းကောင်းညွှန်ပြသည်။
၁၁။ ယုယပိုက်ထွေး ချော့မြှူပေး နွေးထွေး ကြင်နာသည်။
၁၂။ ရတဲ့ ဥစ္စာ သားသမီးဖို့ပါ ဖွေရှာ ထိန်းသိမ်းသည်။
မိဘတို့သည် သားသမီးအပေါ်တွင် မည်မျှကောင်းကြောင်းကို ထင်ရှားစေသော စာသားများဖြစ်သည်။ အချို့သော သားသမီးတို့သည် မိဘကို ပစ်ပယ်၍ ဘိုးဘွား ရိပ်သာ သို့ပို့ထားကြသည်။ အချို့ သော သားသမီးများက မိဘတို့ကို စော်ကားကြသည်၊ ထိုသို့သာ သားသမီးများက မိဘကိုစော်ကားနေလျှင် ငရဲရောက်မည်မှာ ဧကန်ဖြစ်သည်။ ထိုသို့ မဖြစ်ရလေအောင် လူတိုင်းသိရှိပြီး လိုက်နာနိုင်ရန်ရေးသားလိုက်ရပါ
၁။ သားသမီးအပေါ်တွင် ထာဝစဉ် မေတ္တာထားသောကြောင့် ဗြဟ္မာ ဖြစ်ပါသည်.
၂။ ငယ်စဉ်ကတည်းက ဒီလိုစား၊ဒီလိုသွား၊ဒီလိုနေ ဟူ၍ သင်ကြားပြသပေးသောကြောင့်လက်ဦး
၃။ မိဘသည် ရပ်ဝေးတွင် စီးပွားရှာ၍ သားသမီးကိုကျွေးမွေးသည်။သားသမီး
၎။ သားသမီး ရှာဖွေသည်ကို မပျောက်ပျက်အောင် တိုးတက်အောင် စောင့်ရှောက်ပေးသော ပုဗ္ပဒေဝတာ ဖြစ် သည်။
၅။ သားသမီးမမွေးခင် ကတည်းက ကြိုတင်ချစ်ခင်လွန်းသောကြောင့် သုဟဒ ဟုမည်သည်။
၆။ လူဖြစ်အောင် မွေးဖွားပေးခဲ့သော မိခင်၏ ဂုဏ်ကို ဇနေတ္ထိ ဟုခေါ်သည်။
၇။ နို့ချိုတိုက်ကျွေးခဲ့သော မိခင်၏ ဂုဏ်ကို ပေါသက ဟုခေါ်သည်။
၈။ ယုယကြင်နာစွာ မွေးဖွားပေးခဲ့သော မိခင်၏ဂုဏ်ကို ပေါသေန္တ ဟုခေါ်သည်။
၉။ အမြဲတစဉ် စောင့်ရှောက်နေတတ်သောကြောင့် အာပါဒက ဟုမည်သည်။
၁၀။ လူအကြောင်း၊လောကအကြောင်းကိုမိ
၁၁။ သားသမီးများကို ချော့ပြော၊နားဝင်အောင် ပြောသောကြောင့် တောသယန္တိ ဂုဏ်မည်သည်။
၁၂။ ကိုယ်သုံးဖို့ ရှာထားသောပစ္စည်းကို ကိုယ် ကိုယ်တိုင်မသုံးရက် ၊မစားရက်အောင် သားသမီး အတွက် ချန်ထားသောကြောင့် ရသော ဂုဏ်ကို ဂေါပယန္တိ ဟုခေါ်သည်။
စကားချပ်။ ။ ပါဠိစာပေကို များစွာ ကျွမ်းကျင်မှု မရှိသောကြောင့် အချို့ သော ပါဠိစာသားများမှားယွင်းမှု ရှိခဲ့သော် ကျွန်ုပ်၏ အမှားပင်ဖြစ်ကြောင်းဝန်ခံအပ်ပါ
from forward mail.



