မေတ္တာရှင်ရွှေပြည်သာဆရာတော် ဦးဇ၀နမှ စစ်ကိုင်းသင်တန်းကျောင်းကုဋီဆောက်လုပ်ရန်ကြွရောက်လှူဒါန်း
၁၁.၆.၂၀၀၉ ရက်နေ့ နံနက်ခင်း ၇း၀၀ နာရီကနေ ၉း၀၀ နာရီသင်တန်းအချိန်ပေါ့ တယ်လီဖုန်းလာ ခေါ်တဲ့အိမ်ကဦးဇင်းတယ်လီဖုန်းလာတယ်ဆိုပြီးလာခေါ်ပါတယ်။ မေတ္တာရှင်ရွှေပြည်သာဆရာတော်ဆီကတဲ့။
အဲဒါနဲ့သင်တန်းကို တပည့်တစ်ဦးကို ခဏလွှဲထားခဲ့ပြီး တယ်လီဖုန်းအိမ်ရောက်တော့ ပြန်ဆက်ဖို့မှာသွားတယ်ဆိုလို့ဆရာတော်ရဲ့ ဖုန်းကိုပြန်ဆက်လိုက်ပါတယ်။
အဲဒီမှာ ဆရာတော်ရဲ့ကပ္ပိယ နဲ့တွေ့တော့ ဒီနေ့နေ့လည်၂း၀၀ နာရီထိုးကို ဆရာတော်စစ်ကိုင်းက ဦးဇင်းသင်တန်းကိုကြွမယ်လို့ဆိုတာနဲ့ ဆရာတော်ကို စစ်ကိုင်းတံတားပေါ်ကနေ လာကြိုဖို့ လျှောက်ပါတယ်.။
အဲဒါနဲ့ နီးစပ်ရာ ဒါယကာတွေဆီကဆိုင်ကယ်လိုက်ဌားရတာပေါ့။ ဆိုင်ကယ်ရတော့ဆိုင်ကယ်စီး တဲ့သူရှာရပြန်တော့...။ အဆင်သင့်ဖြစ်ချင်တော့ ဆိုင်ကယ်စီးမည့်သူတွေအဆင်သင့်ရပါတယ်။
သင်တန်းကတပည့် တွေကောပါတယ်..။ အဲဒါနဲ့ဆရာတော်ကိုသွားကြိုဖို့တပည့်တွေကိုဆိုင်ကယ်မှာ သာသနာ့အလံလေးတွေတပ်ပြီး ဆရာတော်ကိုသွားကြိုဖို့ အဆင်သင့်ဖြစ်အောင်ပြင်ရတာပေါ့...။
နေ့လည်၁း၁၅လောက်မှာ ဖုန်းအိမ်ကတစ်ခေါက် လာပြန်ရော...။ ဆရာတော်ဆီကဖုန်းပြန်လာတယ်... ။ ဒီနေ့မကြွဖြစ်တော့ဘူး...။ မနက်ဖြန်မှကြွဖြစ်မယ်ဆိုတာနဲ့ ဦးဇင်းလည်းသေချာအောင်ချက် ချင်းလိုက်သွားတာပေါ့...။ အချိန်ကနီးနေပြီလေ...။
ဖုန်းအိမ်ရောက်တော့ ဆရာတော်ဖုန်းကို အဆင်သင့်ခေါ်လို့ရလိုက်တော့ ကပ္ပိယကဆရာတော်မနက်ဖြန်နံနက် ၇း၀၀ နာရီမှကြွဖြစ် မယ်လို့မိန့်တတယ်ဆိုပြီးကပ္ပိယ ကလျှောက်ပါတယ်။
အဲဒါနဲ့ဦးဇင်းလည်း ဆရာတော်မကြွဖြစ်တော့ဘူးဆိုတော့ ဌားထားတဲ့ဆိုင်ကယ်တွေ ပြန်ပြီးတော့ပို့ဖို့စီစဉ်ရတာပေါ့..။ပြီးတာနဲ့နေ့လည်သင်တန်းကိုဆက်ပြီးသင်ပါတယ်။ မန္တလေးသင်တန်းကိုတော့ဖုန်းဆက်ပြီး ဦးပညာဝံသနဲ့ ဘလော့ကာဂျေဂျူဝိုင်တို့အား သင်ကြားပေးဖို့ အကူအညီ တောင်းရတာပေါ့..။ အဲဒီမှာ မန္တလေးသင်တန်းကိစ္စလည်းအဆင်ပြေသွားတယ်...။
ညနေပိုင်းသင်တန်းတစ်ချိန်ပဲကျန်တဲ့အချိန်မှာတော့ဆရာတော်ကိုသွားဝတ်ပြုဦးမယ်ဆိုပြီး...စစ်ကိုင်းသင်တန်းမှာတပည့်တွေကိုထားခဲ့ပြီး မန္တလေးကိုဒါယကာကိုအောင်ကိုခေါ်ပြီးတော့ဆိုင်ကယ်နဲ့ မန္တလေးကဆရာတော်သီတင်း သုံးတဲ့တောင်မြို့က အိမ်ကိုရောက်သွားခဲ့ပါတယ်။
ရောက်သွားတော့မ၀င်ရဲတာနဲ့ ဆရာတော်ရဲ့ကပ္ပိယကိုဖုန်း ဆက်ရပြန်ပါတယ်..ဘာဖြစ်လို့လဲဆိုတော ညနေ၆း၀၀နာရီထိုးနေပြီလေ..ဆရာတော်က ၇း၃၀ မှာ အမရပူရ မှာ တရားပွဲရှိတယ်ဆိုတာကို သိထားတာကိုး..။
အဲဒါနဲ့ကိပ္ပယက ၀င်ဖူးလို့ရပါတယ်ဆိုတော့ ဆရာတော်ဆီကိုဝင် သွားခဲ့တယ် အဆင်သင့်ပါပဲဆရာတော်ညောင်းလို့ လမ်းလျှောက်တာနဲ့ကြုံတော့ဆရာတော်က ထိုင်ခုံပေါ်မှာ ထိုင်ပါတယ်.။ အဲဒီအချိန်မှာဆရာတော်ကို ၀တ်ချပြီးတော့ဆရာတော်နဲ့စကားခဏတာပြောဖြစ်ပါတယ်..။
နာရီဝက်လောက်ဆရာတော်ကိုလျှောက်တင်စရာရှိတာများလျှောက်ထားခဲ့ပြီးတော့..ဆရာတော်ကညတရားပွဲကို လာနာဖို့မိန့်တာနဲ့..။ စစ်ကိုင်းကိုခဏပြန်ပြီးသင်တန်းလေးကို အပြီးသတ်သင်ပြီးဒါယကာကို အောင်ကိုခေါ်ပြီးအမရပူရကဆရာတော်ရဲ့တရားပွဲကိုသွားကြပြန်တော့စစ်ကိုင်းကနေတရားပွဲကိုပြန်အလာလမ်းမှာဆရာတော်တရားပွဲကြွှတဲ့ကားနဲ့တွေ့တော့တခါတည်းလိုက်သွားခဲ့ပါတယ်.။
တရားပွဲမှာဆရာတော်ဟောတဲ့တရားကတော့... အရှုံးမရှိတဲ့ဒဿန.... ဆိုတဲ့တရားလေးပါပဲ.. တရားကိုတော့ဆရာတော်ရဲ့တရားတော်မျာ့းမှာသာ ဖတ်ကြည့်ကြပါ ... ဆရာတော်နဲ့ဆက်သွယ်ပေးတဲ့ ဒါယကာကတော့ဓမ္မရံသီမှAdmin ဖြစ်သူကိုမျိုးပဲဖြစ်ပါတယ်...။
၁၂.၆.၂၀၀၉ ရက်နေ့ နံနက်ခင်းမှာတော့ဦးဇင်းလုပ်စရာ ရှိတာလေးတွေဆောင်ရွက်ပြီး..ဆိုင်ကယ်ကိုကြိုပြော ထားတော့ ဆိုင်ကယ်တွေတပည့်တွေကို သွားယူခိုင်းပြီးတော့ ကြိုဖို့စီစဉ်ရတာပေါ့ .. နံနက်၈း၃၀လောက်မှာတော့ ဆရာတော်ကြွလာခဲ့ပြီး ဦးဇင်းလည်း ဆရာတော်ကိုဝတ်ချ ဆရာတော်ကိုဖူးမည့်သူတွေကိုတခါတည်းဖူးဖို့စီစဉ်ခဲ့ပါတယ်..။
အဲဒီနောက်မှာတော့ ဆရာတော်ဦးဆောင်သော အဖွဲ့ဝင်များအား သင်တန်းနှင့်ပါက်သက်၍ လျှောက်ထားစရာရှိသည်များကို လျှောက်ထားခဲ့ပြီးဆရာတော်မှ လှူဒါန်းသည့်ကုဋီအားကြည့်ရှုခဲ့ပြီး ကျောင်းဝိုင်းအတွင်း လှည့်လည်ကြည့်ကြည့်ရှုရင်း ဒါယကာဖိုသား လှူဒါန်းသည့် ထိုင်ခုံအနီးတွင် သြ၀ါဒများထပ်မံမိန့်ကြားခဲ့ပါသည်။
ဆရာတော်မှ သင်တန်းကုဋီအတွက်အလှူငွေ ၂၅ သိန်းကျပ်အား လှူဒါန်းခဲ့ပြီးတော့ "သင်တန်းကလိုအပ်ချက်ကများတော့ လှူစရာချည်းပါပဲ ဈေးဆိုင်တစ်ဆိုင်မှာ သီလ၊သမာဓိရှိတဲ့သူတစ်ဦးလာဝယ်ရင်အဲဒီဈေးဆိုင်ကတစ်နေကုန်ရောင်းရတော့တာပဲ၊
အခုလည်းဦးဇင်းကျောင်းကိုဆရာတော်ကိုတိုင်လာလှူခဲ့ပြီးပြီပဲ နောက်အလှူရှင်ပေါ်လာမှာ ပါအားမငယ်ပါနဲ့ ကြိုးစားပါ"
ဆိုတဲ့သြ၀ါဒလေးမိန်ကြား ကျောင်းအနီးမှသီလရှင်များအားလည်း အလှူငွေများလှူဒါန်းခဲ့ပြီးတော့ နောက်ထပ်လှူဒါန်းမည့်စာ သင်ကျောင်းကိုကြွသွားပါတော့တယ်.. ဦးဇင်းလည်း ဆရာတော်ကိုယ်တိုင် အခုလိုဦးဇင်းသင်တန်းတွေကိုကြွရောက် အားပေးလှူ ဒါန်းခဲ့လို့အလွန်ဝမ်းသာပြီး ကြိုးစားဖို့အားတွေပိုရှိလာတာပေါ့..။





































