ကဲန်ဆယ်လေးရှင်းအလွန်
အခန်းတွင်းဝယ် ဘာသာရပ်ဆိုင်ရာပါမောက္ခဂုရုကြီးများက အသင့်မေးခွန်းများနှင့် တိုက်ပွဲခေါ်သံပေးနေကြလေသည်။ သူတို့လက်ထဲတွင် သူရေးသားမည့် ကျမ်းစာ၏ အကြိုပဏာမစာတမ်းငယ်များကိုယ်စီရှိနေခဲ့ပြီးပြီ။
Read more...
ဓမ္မ အနှစ်သာရများ စုဝေးရာနေရာ
တစ်ခါတွင် ဘိုးတော်မင်းတရားကြီသည် တောင်စမုတ်ဆောင်တော်တွင် မှုးမတ်အပေါင်းနှင့် စံနေတော်မူလေသည်။ ထိုအခိုက်တွင် သားတော် သမီးတော် နှင့်တကွ နန်းတွင်းရှိ မောင်းမငယ် တို့ ကစားပျော်ရွှင်စေရန် ရွှေမန်းကျည်းစေ့တို့ကို ရွှေပန်းထိမ်တော် တွင် အပ်နှံထားရာပြီးစီးသဖြင့် မင်းတရားကြီးထံ အပ်နှံဆက်သလေသည်။
ထိုအခါ ဘိုးတော်မင်းတရားကြီးက ရွှေမန်ကျည်းစေ့ ၏ ပုံကို ပကတိမန်းကျည်းစေ့နှင့် ယှဉ်ပြိုင်ကြည့်ရှု၍ ပုံတူလှကြောင်း ပန်းထိမ်ဆရာတို့အား ချီးကျူးတော်မူလေသည်။ ထို့နောက် တစ်ခုသော ရွှေမန်းကျည်းစေ့ကို ဘိုးတော်မင်းတရားကြီးက ရွှေလက်ဖြင့် ကိုင်ဆုပ်ထား၍ နှစ်ခုသော ရွှေမန်းကျည်းစေ့တို့ကို မိဖုရားခေါင်ကြီးအေား ကိုင်စေတော်မူသည်။ ညီလာခံတွင်ရှိသော အမတ်ကြီးပေါ်ဦး ကိုခေါ်၍ ပျော်ရွှင်စေသောငှာ မိန့်တော်မူလေသည်။
ပေါ်ဦး ငါ၏ရွှေလက်တော်၌ ရှိသော ရွှေမန်းကျည်းစေ့နှင့် မိဖုရား၏ လက်တော်တွင်ရှိသော ရွှေမန်းကျည်းစေ့တို့တွင် မည်သူက အရေအတွက်များတော်မူသလဲ မောင်မင်း...
ထိုအခါ အမတ်ကြီးပေါ်ဦးကလည်းေ အဆိုင်မတွပင် ပြန်လည်ဖြေကြားလိုက်သည်မှာ....
မှန်လှပါ ဘုန်းတော်ကြောင့် ညီတူညီမျှပါဘုရား
ဟေ့...ပေါ်ဦး ငါကိုယ်တော်မြတ် လက်တော်တွင် ရွှေမန်းကျည်းစေ့တစ်စေ့သာရှိသည်။ မိဖုရားလက်တော်တွင် နှစ်စေ့ရှိသည်။ ဤသို တစ်စေ့နှင့် နှစ်စေ့ ရှိနေပါလျက် မောင်မင်းက အဘယ်ကြောင့် ညီတူညီမျှဟု ထင်ဘိသလဲ ပေါ်ဦး (မကျေနပ်ဟန်ဖြင့် ထပ်မံမေးမြန်းတော်မူလိုက်သည်။)
မှန်လှပါဘုရား ၊ ဘုန်းတော်ကြောင့် (ပါတော်မူရင်း)နှင့် ရောကြည့်ပါလျှင် တစ်ကိုယ်လျှင် သုံးစေ့စီပင် ညီတူညီမျှပင် ဖြစ်ရကြောင်းပါဘုရား။
ထိုသို့ ဦးပေါ်ဦး၏ လျှောက်ထားချက်ကို ကြားရသောအခါတွင် ဘ၀ရှင်မင်းတရားကြီး၊ မိဖုရားနှင့်တကွ ညီလာခံတွင် ရှိကြသော မှူးမတ်ဗိုလ်ပါအပေါင်း ပရိသတ်တို့မှာ သဘောပေါက်သွာကြ၍ ရယ်မောကြလေသည်။ ဦးပေါ်ဦးသည် အတည်အတံ့ တရားသဘောသို့သာမက ဟာသရသ စကားလင်္ကာများသည်လည်း ဖြေကြားနိုင်ကြောင်း တွေ့ရပါသည်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း
ကျွန်မသည် မြန်မာနိုင်ငံ အောက်ပိုင်းတွင် မွေးဖွားခဲ့သူ ဖြစ်ပါသည်။ ငါးပေါများသော အရပ်ဖြစ်၍ လတ်ဆတ်သော ငါးများကိုသာ စားတတ်ပါသည်။ ငါးအသေသားဆိုလျှင် ၀ယ်မစားချင်ပါ။ ငါးအရှင်များကိုသာ ၀ယ်၍ မိမိအိမ်ရောက်မှ ကိုယ်တိုင် ကိုင်ကာ ချက်စားတတ်ပါသည်။
လတ်ဆတ်သောငါးဖြစ်၍ အရသာရှိလှ၊ နှစ်ခြိုက်လှပါသည်။ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တဦး ဖြစ်သော်လည်း ကျွန်မသည် ငါးကို အသက်သတ်ရန် ၀န်မလေးတတ်ပါ။ လေးလေးနက်နက် တွေးတောတတ်သူလည်း မဟုတ်ပါ။ ကျွန်မ အသက်အရွယ် ရလာသောအခါ ခေါင်းမကြာခဏ ကိုက်တတ်သော ဝေဒနာတခု ရလာပါသည်။ အခြားရောဂါတော့ မရှိပါ။
ကျွန်မအတွက် ကူဖော်လောင်ဖက် ရရှိရန် တူမလေးတယောက်ကို ခေါ်ထားပါသည်။ တူမလေးက လိမ္မာရေးခြား ရှိလှပါသည်။ နံနက်စောစောထ၍ ဘုရားရှိခိုး၊ ဆွမ်း၊ ရေချမ်းကပ်၊ ပြီးမှ အခြားလုပ်စရာများကို လုပ်ပါသည်။ ကျွန်မ ခိုင်းရန် မလို။ သူ့ပင်ကိုယ်အသိ ရှိသူလည်းဖြစ်ပါသည်။
သူသည် မည်သည့်သတ္တ၀ါကိုမျှ သတ်ဖြတ်ခြင်း မပြုပါ။ ခြင်ကိုက်လျှင်တောင်မှ လေဖြင့်မှုတ်၍ ခြောက်ပါသည်။ လက်ဖြင့် ဘယ်တော့မှ မရိုက်ပါ။ ကျွန်မ တူမလေးကိုကြည့်၍ ဪ-ငါနှင့်များ ကွာခြားလှပါဘိ-ဟု တွေး၍ ရှက်မိပါသေးသည်။ ငါးဝယ်လာသောအခါ အရှင်များကို တွေ့ပါက အိမ်အနီးရှိ ရေကန်ထဲတွင် လွှတ်ပါသည်။ မည်သည့်အခါမှ မသတ်ဖြတ်ပါ။
နောက်ပိုင်းတွင် ကျွန်မ ငါးမသတ်တော့ပါ။ အခြား သတ္တ၀ါများကိုလည်း မသတ်ဖြတ်တော့ပါ။ ကျွန်မ၏ မြင်ဆရာ တူမလေးကြောင့် ဖြစ်ပါသည်။ တနေ့ ကျွန်မနှင့် တူမလေး ဈေးသို့သွားရန် ထွက်လာကြပါသည်။ ကျွန်မသည် တူမ၏ စက်ဘီးနောက်က ထိုင်လိုက်ရန် ဟန်ပြင်လိုက်သည်။ ကျွန်မသည် ထိုင်ခုံပေါ် မထိုင်မီလေးတွင်ပင် တူမလေးက ထိုင်ပြီးပြီအထင်နှင့် စက်ဘီးကို နင်းထွက်လိုက်ပါသည်။
ကျွန်မ မြေကြီးပေါ် ဖင်ထိုင်လျက်ကျပြီး ပက်လက်လန် လဲပါတော့သည်။ နာလိုက်သည်မှာ မပြောပါနဲ့တော့။ ကျွန်မ၏ တင်ပဆုံရိုး ကျိုးသွားပါသည်။ ကျောက်ပတ်တီးကိုင်ပြီး သတ်မှတ်ရက် ပြီးဆုံးသော်လည်း လမ်းလျှောက်ရာတွင် နဂိုအတိုင်း မဖြစ်တော့ပါ။ တွန်းလှည်းလေးအကူအညီနှင့်သာ သွားလာနိုင်ပါတော့သည်။ ကျွန်မ ဒုက္ခိတ ဖြစ်သွားရချေပြီ။ ကျွန်မ ဘာကြောင့် ဒီလိုဖြစ်ရသည်ကို နေ့စဉ် တွေးတောနေမိပါတော့သည်။
( ချယ်ရီ-ရွှေခြံ )
( မြတ်မင်္ဂလာ ၂၀၀၁-မတ်လ )
စေတီတည်ထား ကိုးကွယ်ထိုက်တဲ့ ပုဂ္ဂိုလ် ၄-ဦး
ဒီဃာနိကာယ်၊ မဟာပရိနိဗ္ဗာနသုတ် အဋ္ဌကထာ၌ ပြဆိုထားတဲ့ စေတီတည်ထား ကိုးကွယ်ထိုက်တဲ့
ပုဂ္ဂိုလ်-၄-မျိုး--
၁။ ပူဇော်အထူးကိုခံတော်မူထိုက်သောဘုရားရှင်၊
၂။ ဘုရားငယ်ခေါ်=ပစ္စေကဗုဒ္ဓါအရှင်မြတ်များ၊
၃။ သီလဝန္တဖြစ်သော မြတ်စွာဘုရား၏ တပည့်သားများ၊
၎။ စကြာဝတေမင်း။
တခြားပါဠိတော်၊ အဋ္ဌကထာတို့မှာ ပြဆိုထားတဲ့ စေတီထိုက်သော ပုဂ္ဂိုလ်မြတ် ၄-ပါး---
အင်္ဂုတ္တရ။ ပါဠိတော်နှင့် ၄င်း အဋ္ဌကထာတို့၌ပြဆိုထားသော စေတီတည်ထားထိုက်တဲ့ ပုဂ္ဂိုလ် -၄-ယောက်-
၁၊ သမ္မာသမ္ဗုဒ္ဓဘုရား၊ ၂ ပစ္စေကဗုဒ္ဓါ၊ ၃ ရဟန္တာ၊ ၄ စကြာဝတေးမင်း။
ဒီစကား -၂-ရပ်ကို ချုံငုံကြည့်လိုက်မယ်ဆိုရင်.. စေတီတည်ထား ကိုယ်ကွယ်ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်ထူး/ ပုဂ္ဂိုလ်မြတ်များဟာ
သမ္မာသမ္ဗဒ္ဓဘုရားရှင်၊ ပစ္စေကဗုဒ္ဓါဘုရား၊ ရဟန္တာ၊ စကြာဝတေမင်း- ၄-ဦးပဲ ဖြစ်ပါတယ်။
သာမန် ဘယ်ပုဂ္ဂိုလ်မျိုးကိုမှ စေတီတည်ထားပြီး မကိုးကွယ်ထိုက်ဘူးဆိုတာ သိနိုင်ပါတယ်။
© Blogger templates The Professional Template by Ourblogtemplates.com 2008
Back to TOP
ကိုကို၏ စာရွတ်သော အသံသည် တရားပြသော ကမ္မဋ္ဌာန်းဆရာ၏ အလွန်လေးနက်သော လေးနက်ခြင်းမျိုးဖြင့် ညဥ့်ဦးယံကို ရဲတင်းစွာ ထွင်းဖောက်ကာ ကြည်လင်စွာ ထွက်ပေါ်လာခဲ့သည်။
---"ကျွန်တော်တို့သည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည့် အားလျော်စွာ ကျွန်တော်တို့၏ အမျိုးဘာသာ၊ သာသနာအတွက် ဖွံ့ဖြိုးတိုးတက်အောင် အားထုတ်ရာ၌ ဤကတညုတ အမြင်မျိုးသာ အားထုတ်အပ်ပါသည်။
ကျွန်တော်တို့သည် မိမိတို့၏ အမျိုးကို ချစ်ကြ၏။ ကမ္ဘာပေါ်ရှိ အခြားလူမျိုးများကိုလည်း ဗြဟ္မစိုရ်မျက်စိဖြင့် ကြည့်၍ ချစ်သည်ပင် ဖြစ်ပါ၏။ သို့ရာတွင် ကတညုတမျက်စိဖြင့် ကြည့်သောအခါ ပဋ္ဌာန်းပါဠိတော် ဥပနိဿယ ပစ္စည်းအရ ကျွန်တော်တို့အပေါ်၌ ကျွန်တော်တို့ လူမျိုးက ပို၍ ကျေးဇူးကြီးသည်။ ထို့ကြောင့် အခြားလူမျိုးများ အပေါ်ထက် ကျွန်တော်တို့ လူမျိုးများအပေါ် ကျွန်တော်တို့က ပို၍ကျေးဇူးဆပ်ရ၏။ ဤသို့ကျေးဇူးဆပ်ခြင်းကို စရဏကျမ်းများကလည်း "နရယည" ဟူ၍ဆို၏။ "နရယည" ဟူသည်မှာ ကြီးမြတ်သော ပူဇော်ခြင်းဖြင့် ပူဇော်အပ်သော မိမိတို့၏ လူမျိုးများ ဟူ၍ ဖြစ်သည်။
ထိုနည်းအတူ ကျွန်တော်တို့သည် မိမိတို့၏ဘာသာကို မြတ်နိုးကြ၏။ ကမ္ဘာပေါ်ရှိ အခြားလူမျိုးတို့၏ ဘာသာများကိုလည်း ဗြဟ္မစိုရ်မျက်စိဖြင့် ကြည့်၍ မြတ်နိုးသည်ပင် ဖြစ်၏။ သို့ရာတွင် ကတညုတမျက်စိဖြင့် ကြည့်ပါက ကျွန်တော်တို့၏ ဘာသာက အခြားလူမျိုးတို့၏ ဘာသာထက် ကျွန်တော်တို့အပေါ် ပို၍ ကျေးဇူးများ၏။ ထို့ကြောင့် ကျွန်တော်တို့၏ဘာသာအပေါ် ပို၍ ကျေးဇူးဆပ်ရ၏။ ဤသို့ ကျေးဇူးဆပ်ခြင်းကို စရဏကျမ်းများက "ဗြဟ္မယည"ဟူ၍ ဆို၏။ "ဗြဟ္မယည"ဟူသည်မှာ ကြီးမြတ်သော ပူဇော်ခြင်းဖြင့် ပူဇော်အပ်သော မိမိတို့၏ စာပေများဟူ၍ ဖြစ်၏။
အလားတူပင် ကျွန်တော်တို့သည် ဗြဟ္မစိုရ်မျက်စိဖြင့် ကြည့်၍အခြားလူမျိုးများ၏ ဘာသာ၊သာသနာကို လေးစားသည်ပင် ဖြစ်၏။ သို့ရာတွင် ကတညုတမျက်စိဖြင့် ကြည့်သောအခါ ကျွန်တော်တို့၏ သာသနာ ကျွန်တော်တို့အပေါ် ပို၍ကျေးဇူးများ၏။ ထို့ကြောင့် ကျွန်တော်တို့သည် ကျွန်တော်တို့၏ သာသနာအပေါ် ပို၍ ကျေးဇူးဆပ်ရ၏။ ထိုသို့ ကျေးဇူးဆပ်ခြင်းကို စရဏကျမ်းများက "ဒေ၀ယည" ဟူ၍ ဆို၏။ "ဒေ၀ယည"၏ အနက်မှာ ကြီးမြတ်သော ပူဇော်ခြင်းဖြင့် ပူဇော်အပ်သော ဘုရားဟူ၍ ဖြစ်၏။
သို့ရာတွင် ကျွန်တော်တို့၏ ဘုရားကား အခြားသူများ၏ဘုရားနှင့်မတူ။ ထို့ကြောင့် ကျွန်တော်တို့၏ သာသနာသည်လည်း အခြားသူများ၏ သာသနာနှင့်မတူချေ။ဤသည်မှာ ကတညုတမျက်စိဖြင့် လောကကို ကြည့်သော အခါ မြင်ရသော အမြင်များ ဖြစ်၏။ ဤအမြင်မျိုးဖြင့်သာ ကျွန်တော်တို့သည် ကျွန်တော်တို့၏ အမျိုးဘာသာ သာသနာကို တိုးတက်သည်ထက် တိုးတက်အောင်၊ သန့်ရှင်းသည်ထက် သန့်ရှင်းအောင် ပြန့်ပွားသည်ထက် ပြန့်ပွားအောင် အားထုတ်အပ်ပါ၏။
အမှန်အားဖြင့် အရေအတွက်ထက် အရည်အချင်းသည် ပြဋ္ဌာန်း၏။ အရေအတွက်သည် "အားသစ်"ကို မဖြစ်ပေါ်စေနိုင်ဘဲ အရည်အချင်းသည်သာ အားသစ်ကို ဖြစ်ပေါ်စေနိုင်၏။ အမှန်အားဖြင့် အရည်အချင်းအားဖြင့် ဖွဲ့စည်းနိုင်ပါမှလည်း ကျွန်တော်တို့၏ အမျိုးဘာသာ သာသနာသည် တကယ်တမ်း တိုးတက်နိုင်မည် ဖြစ်၏။
ထို့ကြောင့် ကျွန်တော်တို့သည် ကျွန်တော်တို့၏ အမျိုးဘာသာ သာသနာကို တကယ်တမ်း တိုးတက်စေလိုပါလျှင် လောကကို ကတညုတ(သူ့ကျေးဇူးကို အထူးသိတတ်သော) မျက်စိဖြင့် ကြည့်ပြီး အရေအတွက်အရ ဖွဲ့စည်းမှုနည်းထက် အရည်အချင်းအရ ဖွဲ့စည်းမှု နည်းဖြင့် လုပ်သင့်ပါသည်။ ဤသည်မှာ ဗုဒ္ဓအလိုကျနည်း ဖြစ်ပါ၏။"---
မြန်မာပြည် လူဦးရေ၏ တစ်ဝက်မျှ ရှိမည်ဖြစ်သော ကလေးသူငယ် အများစုကဲ့သို့ပင် ညီညီသည်လည်း "အညတရ" ကလေးတစ်ဦးသာ ဖြစ်ပါသည်။ သို့ရာတွင် လောကကို အညတရများက တည်ဆောက်ထားတာကို သတိပြုမိသော ကိုကိုကမူ သူ၏ညီကို ကောင်းမွန်စွာ ပြုစုပျိုးထောင် ပေးလေသည်။ ပြုစုပျိုးထောင်ရာတွင် အညတရအဖြစ်မှ ထင်ရှားကျော်ကြား အောင်မြင်သော ညီတစ်ယောက် ဖြစ်လာအောင် ပြုစုပျိုးထောင်သည့် နည်းမျိုးဖြင့် ပျိုးထောင်ခဲ့သည်ကား မဟုတ်။ အညတရအဖြစ်ဖြင့် လောက၏ ကျေးဇူးကို ဆပ်တတ်ရန်သာ ပြုစုပျိုးထောင်ခဲ့ခြင်း ဖြစ်ပါသည်။ အသာစံလိုသော စိတ်ထားမျိုးဖြစ်အောင် ပျိုးထောင်ခဲ့ခြင်းမဟုတ်ဘဲ အနစ်နာခံတတ်သော စိတ်ထားမျိုး မွေးမြူတတ်ရန်သာ ပျိုးထောင်ခဲ့ခြင်း ဖြစ်ပါ၏။
အညတရများက စောင့်ရှောက်ခဲ့၍သာ မိမိတို့၏ အမျိုးဘာသာ သာသနာသည် ဤမျှကြာရှည်တည်တံ့၍ မိမိတို့ကို ကျေးဇူးပြုနေနိုင်ခဲ့သည် မဟုတ်ပါလော။