* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, March 28, 2010

ဓမ္မဂင်္ဂါစာစုများနှင့် ဓမ္မဒါနတန်ဖိုး (၂,၀၀၀)ကျပ်

ဓမ္မဂင်္ဂါစာစုများကို တစုတဝေးတည်း ဖတ်ချင်သူများ(ထင်မြင်ချက်)အတွက် ဘုတ်အုပ်ကလေးတစ်အုပ် ထုတ်ဝေရန် စီစဉ်လျက်ရှိပါကြောင်း ၊ စာအုပ်ခေါင်းစဉ်ကို “ရဟန္တာကိုယ်တိုင်ရွတ်တဲ့ကဗျာ” ဆိုတာလေးကို ဓမ္မဂင်္ဂါကိုယ်တိုင်က နှစ်ခြိုက်လျက်ရှိကြောင်း။ ဘုတ်အုပ်လေးတွင် အောက်ဖော်ပြပါစာစုလေးများကို ထည့်သွင်းရန်စဉ်းစားထားပါကြောင်း။ ဓမ္မဂင်္ဂါ စာမျက်နှာများကို ဖြတ်သန်းလျှောက်ဖူးသူများအနေဖြင့် အကြံဉာဏ်နှင့် အပေါ့အငန် စသည်များ ဝေဖန် ရေးသား ပေးပို့နိုင်ပါကြောင်း။


ရဟန္တာကိုယ်တိုင်ရွတ်တဲ့ကဗျာ
ဓမ္မဂင်္ဂါ အရှင်ဝိစိတ္တသာရ

၁)ရဟန္တာကိုယ်တိုင်ရွတ်တဲ့ကဗျာ

၂)အရိယာတို့၏ ဥဒါန်းကဗျာ

၃)ဂင်္ဂါကမ်းက ကဗျာလမ်း

၎)ကဗျာနှင့် ရဟန်း

၅)ဣတ္ထိယတောင်တန်းမှာ စခန်းချခြင်း

၆)မိဝင်းဖို့ကဗျာ မိဝင်းဖတ်ဖို့မဟုတ်

၇)နားမလည်ပေမယ့် ဆက်ဖတ်မိတဲ့ကဗျာ

၈)မျိုးကြီး ဗာရာဏသီသတို့သားနှင့် သူစိမ်းတစ်ယောက်

၉)င့ါလို ရဟန္တာမဟုတ်သေးနှင့် ဥရုဝေလမိတ္တူများ

၁၀)နေက္ခမ္မလရောင်

၁၁)မုဒိတာဖြင့် ဘလော့ဂ်ခြင်း

၁၂)မိဂဒါဝုန်ဂျန်ရှင်း

၁၃)ဟုပေယျလွဲချော်မှု


မှတ်ချက်၊ စာအုပ်ဖြစ်မြောက်ရေးမတည်အလှူရှင်ရှိပြီးဖြစ်သော်လည်း ဘလော့ဂါကိုနောပြောသလို လက်ယားတိုင်း စိတ်ယားတိုင်း ထထရေးမိနေဆဲဖြစ်သောကြောင့် နောက်ထုတ်ဝေမည့် စာအုပ်များအတွက် အမေ့နားကပ်ကို ထိပါးနိုင်စရာရှိသောကြောင့် ဓမ္မဒါန = တန်ဖိုးငွေ နှစ်ထောင်ကျပ် ဖြစ်ချင်လည်း ဖြစ်နိုင်ပါကြောင်း။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP