ဝါတွင်း(၃)လ အချိန်ပိုင်းတရားစခန်းများအတွက် စာရင်းပေးသွင်းကြပါရန်။
Jayamangala Buddhist Vihara (စင်္ကာပူ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ)
Ph-67781678, 81230769
ဓမ္မ အနှစ်သာရများ စုဝေးရာနေရာ
If you were around about last November you will probably have met British Bhikkhuni ordained in the Tibetan tradition, Ani Zamba. Something of a hit with our community here, we invited her back to Bangkok.
Timing has worked out a little difficult, but we will be holding several events with her from 11th – 16th August, at various venues.

Ani Zamba has a vigorous style of teaching, entertaining, absorbing and with lots of metta.
You can hear some of Ani Zamba’s previous teachings podcasted here. Her main website, much of it in Portuguese as she is based in Brazil, is www.anizamba.org
The reason for the advance notice of her visit is the New Life Foundation in Chiang Rai will be holding a meditation weekend retreat with her. This centre is very nice – simple rooms, but each yogi gets a private room/bathroom. Set in the countryside where the temperature is pretty cool at night, and with an open air sala, it’s a pretty ideal place for retreat. Our very own Jabu will be leading Yoga sessions also.
Please contact the NLF directly as directed below.
Details :
Mindfulness Retreat with Bikkhuni Zamba Chozom 18 – 21 August
New Life Foundation is organizing a retreat with Ani Zamba, one of the world’s well-known Buddhist nuns. The retreat will start on the 18th of August at 19h and end on the 21st at 17h. Thai translation will be available.
Our guest, Ven. Bikkkuni Zamba Chozom, has numerous centers and groups around the world where she has been teaching for the past 37 years. She had the opportunity to study under some of the greatest meditation masters of the last century not only from the Tibetan but also Thai, Burmese, Korean and Chinese traditions of Buddhism. Her approach is very scientific, dynamic and interactive- not particularly religious , as she focuses on our “perception” and how it works to condition our experience of life. “If we understand why we see things in certain ways, we’ll understand how we can change our experience of life-we can be our own psychotherapist healing all our neurotic tendencies and so removing the conditions that result in our dissatisfaction, confusion and suffering.”
“Using our confusion as our path to awakening” will be the main topic of the retreat. We are going to examine the way we see life’s changing conditions. Analyzing the way we see things is very revealing and liberating: we see how we can take full responsibility for changing our lives and have the tools needed to do it! Do we really seek freedom? And what is it we seek freedom from? What is it that limits our perception?
Retreatants have a single room each, with shower, bed, sheets, towel and fan. Vegetarian meals are served, with a light meal in the evening for those who need it. The retreat will include teachings and guided meditation practice, yoga with an experienced teacher, swimming pool and herbal steam bath are at everyone’s disposition. Cost is 2000 baht per person. Please spread the word and bring some friends.
For those who don’t know New Life yet: it is an international recovery community, located amidst the hills and lakes of Chiang rai, Northern Thailand. This community provides the best possible environment for healing body and mind: mindfulness practice, which forms the heart of our recovery program, nature therapy as well as a choice of many different types of group and individual activities.
If you’re interested in our retreat contact us at info@newlifethaifoundation.com
Have a look at our website: www.newlifethaifoundation.com
Find us on Facebook: New Life Foundation
Retreat schedule:
| Thursday 18.08 | 19h | Introduction talk by Ani Zamba |
| Friday 19.08 | 5h30 | Yoga with Jabu Munalula |
| 6h30 – 7h30 | Teachings and practice – Ani Zamba | |
| 7h30 – 8h30 | Breakfast in silence | |
| 9h00 – 12h00 | Teachings and practice – Ani Zamba | |
| 12h00 – 13h00 | Lunch | |
| 14h00 – 16h30 | Teachings and practice – Ani Zamba | |
| 17h00 – 18h30 | Yoga with Jabu Munalula and steam bath | |
| 18h30 | Dinner | |
| 19h30 – 21h00 | Teachings and practice – Ani Zamba | |
| Saturday 20.08 | 5h30 | Yoga with Jabu Munalula |
| 6h30 – 7h30 | Teachings and practice – Ani Zamba | |
| 7h30 – 8h30 | Breakfast in silence | |
| 9h00 – 12h00 | Teachings and practice – Ani Zamba | |
| 12h00 – 13h00 | Lunch | |
| 14h00 – 16h30 | Teachings and practice – Ani Zamba | |
| 17h00 – 18h30 | Yoga with Jabu Munalula and steam bath | |
| 18h30 | Dinner | |
| 19h30 – 21h00 | Teachings and practice – Ani Zamba | |
| Sunday 21.08 | 5h30 | Yoga with Jabu Munalula |
| 6h30 – 7h30 | Teachings and practice – Ani Zamba | |
| 7h30 – 8h30 | Breakfast in silence | |
| 9h00 – 12h00 | Teachings and practice – Ani Zamba | |
| 12h00 – 13h00 | Lunch | |
| 14h00 – 17h00 | Teachings, practice and evaluation |
စာရေးသူ = အရှင်ဝိစိတ္တ (မနာပ ဒါယီ) ။ အချိန် 2:57 PM
စုစည်းထားမှု = ဓမ္မရသစာစုများ
Read more...Posted by cittasukha at 10:40 PM
စုစည်းထားမှု = ၈။ ဟိုဟိုဒီဒီ သတင်းများ
Read more...
နာမရူပပစ္စယာ သဠာယနံ-တုန်းက သဠာယတန-အရ အတွင်းအာယတန(၆)ပါးကိုသာ ယူရတယ်။ သူက အာယတနဖြစ်ပုံကို ပြောခြင်းမျှသာ ဖြစ်တယ်။ သဠာယတနပစ္စယာ ဖေဿာ-၌ သဠာယတန-အရမှာတော့ အတွင်းအာယတန(၆)ပါး၊ အပြင်အာယတန(၆)ပါးကို ယူရပါတယ်။ ဒီမှာကျတော့ အာယတနပြည့်စုံပြီး ဖဿဖြစ်ဖို့အတွက် အကြောင်းခံတာဖြစ်လို့ အတွင်း အပြင် အာယတနတွေယူရခြင်းဖြစ်တယ်။ အတွင်းအာယတန(၆)ပါးကို အဇ္ဈတ္တိကာယတနလို့ ခေါ်တယ်။ မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ် (၆)ပါး။ အပြင်အာယတန(၆)ပါးကို ဗာဟိရာယတနလို့ ခေါ်တယ်။ အဆင်း အသံ အနံ့ အရသာ တွေ့ထိစရာ ကြံတွေးစရာ။ ဒီအတွင်း အပြင် အာယတန (၁၂)ပါး ဟာ သဠာယတနပါပဲ။
ဒီအတွင်း အပြင်အာယတန (၁၂)ပါးက ကျေးဇူးပြုလိုက်လို့ ဖဿဆိုတာ ပေါ်လာရတယ်။ ဖဿ-အရ လောကီဝိပါက်(၃၂)ခုနှင့်ယှဉ်သော ဖဿစေတသိက်ကိုယူရပါတယ်။ ဖဿ-ကလဲ (၆)ပါးရှိတယ်-
၁။ စက္ခုသမ္ဖဿ- စက္ခုပသာဒကို မှီပြီး ဖြစ်တဲ့ဖဿ (မြင်စိတ်ဖဿ)
၂။ သောတသမ္ဖဿ- သောတပသာဒကို မှီပြီး ဖြစ်တဲ့ဖဿ (ကြားစိတ်ဖဿ)
၃။ ဃာနသမ္ဖဿ- ဃာနပသာဒကို မှီပြီး ဖြစ်တဲ့ဖဿ (နံစိတ်ဖဿ)
၎။ ဇိဝှါသမ္ဖဿ- ဇိဝှါပသာဒကို မှီပြီး ဖြစ်တဲ့ဖဿ (စားစိတ်ဖဿ)
၅။ ကာယသမ္ဖဿ- ကာယပသာဒကို မှီပြီး ဖြစ်တဲ့ဖဿ (တွေ့ထိစိတ်ဖဿ)
၆။ မနောသမ္ဖဿ- မနောဘ၀င်ကို မှီပြီး ဖြစ်တဲ့ဖဿ (တွေးစိတ်ဖဿ)
စိတ်တွေနဲ့ တွဲပြောမယ်ဆိုရင်တော့ စက္ခုဝိညာဏ်ဒွေ၌ယှဉ်သော ဖဿစေတသိက်က စက္ခုသမ္ဖဿ၊ သောတ၀ိညာဏ်ဒွေ၌ ယှဉ်သော ဖဿစေတသိက်က သောတသမ္ဖဿ၊ ဃာန၀ိညာဏ်ဒွေ၌ ယှဉ်သော ဖဿစေတသိက်က ဃာနသမ္ဖဿ၊ ဇိဝှါဝိညာဏ်ဒွေ၌ယှဉ်သော ဖဿစေတသိက်က ဇိဝှါသမ္ဖဿ၊ ကာယ၀ိညာဏ်ဒွေ၌ယှဉ်သော ဖဿစေတသိက်က ကာယသမ္ဖဿ၊ ကျန်တဲ့ လောကီဝိပါက် (၂၂)ခု၌ ယှဉ်သော ဖဿစေတသိက်က မနောသမ္ဖဿလို့ ဒီလို အသီးသီး ခွဲယူရပါတယ်။ ဒွေပဉ္စ၀ိညာဏ်(၁၀)မှကြွင်းသော စိတ် (၇၉)ခုနှင့်ယှဉ်သောဖဿစေတသိက်ကို မနောသမ္ဖဿလို့လဲ ယူနိုင်ပါတယ်။ ဒီမှာ စက္ခုဝိညာဏ်ဒွေဆိုတာ အဘိဓမ္မာဝေါဟာရတွေပါ။ မြင်စိတ်နှစ်ပါးကိုပြောတာ။ မြင်စိတ်က ကောင်းတာမြင်ရလို့ ဖြစ်တဲ့စိတ်နဲ့ မကောင်းတာကိုမြင်ရလို့ ဖြစ်တဲ့စိတ်ပေါ့။ ဒီလို အကြမ်းဖျင်းအားဖြင့် မြင်စိတ်နှစ်ပါးကို စက္ခုဝိညာဏ်ဒွေလို့ခေါ်တာ။ ဒီအတိုင်းပဲ ကျန်တဲ့ကြား နံ စား တွေ့ထိစိတ်တွေမှာလဲ ဆိုင်ရာအာရုံကောင်း မကောင်းနှစ်မျိုးစီရှိတယ်လို့ နားလည်ရမယ်။
သဠာယတနကြောင့် ဖဿဖြစ်တယ်ဆိုတာ အာယတနကို အမှီပြုပြီးတော့ ဖဿစေတသိက်ဖြစ်တယ်၊ အာယတနအမှီမရရင် ဖဿစေတသိက်မဖြစ်ဘူးပေါ့။ စက္ခုပသာဒ(မျက်စိ)ကိုမှီပြီး စက္ခုဝိညာဏ်စိတ်၊ မြင်စိတ်ဖြစ်တယ်။ အဲဒီမြင်စိတ်နှင့်ယှဉ်တဲ့ဖဿကို စက္ခုသမ္ဖဿလို့ခေါ်တယ်။ သောတပသာဒ(နား)ကိုမှီပြီး သောတ၀ိညာဏ်စိတ်၊ ကြားစိတ်ဖြစ်တယ်။ ကြားစိတ်နှင့်ယှဉ်ဖြစ်တဲ့ ဖဿကို သောတသမ္ဖဿလို့ခေါ်တယ်။ ဃာနပသာဒ(နှာခေါင်း)ကိုမှီပြီး ဃာန၀ိညာဏ်စိတ်၊ နံစိတ်ဖြစ်တယ်။ နံစိတ်နှင့်ယှဉ်ဖြစ်တဲ့ဖဿကို ဃာနသမ္ဖဿလို့ ခေါ်တယ်။ ဇိဝှါပသာဒ(လျှာ)ကိုမှီပြီး ဇိဝှါဝိညာဏ်စိတ်၊ စားစိတ်ဖြစ်တယ်။ စားစိတ်နှင့်ယှဉ်ဖြစ်တဲ့ ဖဿကို ဇိဝှါသမ္ဖဿလို့ခေါ်တယ်။ ကာယပသာဒ(ကိုယ်)ကိုမှီပြီး ကာယ၀ိညာဏ်စိတ်၊ ယားနာကောင်းစိတ်ဖြစ်တယ်။ ကာယ၀ိညာဏ်စိတ်နှင့် ယှဉ်ဖြစ်တဲ့ဖဿကို ကာယသမ္ဖဿလို့ခေါ်တယ်။ မနောဘ၀င်ကိုမှီပြီး မနောဝိညာဏ်စိတ်၊ တွေးတောစိတ်ဖြစ်တယ်။ တွေးတောစိတ်၊ ကျန်တဲ့ လောကီဝိပါက်(၂၂)ပါးနှင့်ယှဉ်ဖြစ်တဲ့ ဖဿကို မနောသမ္ဖဿလို့ခေါ်တယ်။
အဘိဓမ္မာအခြေခံမပါတဲ့သူတွေအနေနဲ့တော့ နားလည်ဖို့ နဲနဲခက်သွားမယ်ထင်တယ်။ ဒါပေမယ့် စိတ်မပျက်ပါနဲ့။ သေသေချာချာဖတ်ရင် အတိအကျမဟုတ်တောင် သဘောတရားတော့ သိလာမှာပါ။ ရှင်းအောင်ပြောရရင် မျက်စိနဲ့ အဆင်းတိုက်လို့ မြင်စိတ်ဖြစ်တယ်။ မြင်စိတ်ဖြစ်လို့ မြင်စိတ်နှင့်ယှဉ်တဲ့ ဖဿဖြစ်တာ။ မျက်စိမရှိရင် မြင်စိတ်မဖြစ်၊ မြင်စိတ်မဖြစ်ရင် မြင်စိတ်ဖဿမဖြစ်ဘူး။ ဒါကြောင့် ၀မ်းတွင်းကတည်းက မျက်စိချို့ယွင်းလာသူ၊ သန္ဓေကန်းမှာ မြင်စိတ် တစ်သက်လုံးဖြစ်ခွင့်မရှိဘူး။ အကြောင်းတစ်ခုခုကြောင့် မျက်စိနှစ်ကွင်း အလင်းမရတော့လျှင်လည်း မြင်စိတ်က လုံးဝ မဖြစ်တော့ဘူး။ ဒါဆို မြင်စိတ်ဖဿလဲ မဖြစ်တော့ဘူး။ သို့သော် ကျန်တဲ့ဖဿတွေတော့ ဖြစ်နေဦးမှာပဲ။ နားကောင်းရင် ကြားစိတ်ဖဿ၊ နှာခေါင်းကောင်းရင် နံစိတ်ဖဿ စသည်ပေါ့။ သူတို့လဲ ဒီအတိုင်းပဲ။ ချို့ယွင်းမယ်ဆိုရင် ချို့ယွင်းတဲ့အာယတနနဲ့ဆိုင်တဲ့ ဖဿဖြစ်ခွင့်မရှိဘူး။ မြင်စိတ်ဖဿနည်းတူ နားနဲ့အသံတိုက်လို့ကြားစိတ်ပေါ်၊ ကြားစိတ်ပေါ်လို့ ကြားစိတ်ဖဿဖြစ်။ နှာခေါင်းနဲ့အနံ့တိုက်လို့နံစိတ်ပေါ်၊ နံစိတ်ပေါ်လို့ နံစိတ်ဖဿဖြစ်။ လျှာနဲ့ အရသာတိုက်လို့စားစိတ်ပေါ်၊ စားစိတ်ပေါ်လို့ စားစိတ်ဖဿဖြစ်။ ကိုယ်နဲ့ တွေ့ထိစရာတိုက်လို့ တွေ့ထိစိတ် (ယားနာကောင်းစိတ်)ပေါ်၊ တွေ့ထိစိတ်ပေါ်လို့ တွေ့ထိစိတ်ဖဿဖြစ်။ မနောဘ၀င်အကြည်နဲ့ ကြံတွေးစရာတိုက်လို့ တွေးစိတ်ပေါ်၊ တွေးစိတ်ပေါ်လို့ တွေးစိတ်ဖဿဖြစ်တယ်လို့ နားလည်ရမယ်။
မျက်စိ၊ အဆင်း၊ မြင်စိတ်သုံးခု ပေါင်းဆုံမိတာကို ဖဿလို့ ဘုရားရှင်ကဟောထားပါတယ် (စက္ခုံစ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖေဿာ)။ ဖဿ-ရဲ့အဓိပ္ပါယ်ကိုက တွေ့ထိခြင်းပါပဲ။ ဒါပေမယ့် ပေါင်းဆုံမိတာ တိုက်ဆိုင်မိတာဆိုတဲ့သဘောလောက်ပါ။ ဥပမာ- မြင်စိတ်ဖဿဆိုပါတော့။ မြင်စိတ်ဖဿဟာ မျက်စိမရှိလဲ မဖြစ်၊ အဆင်းမရှိလဲ မဖြစ်၊ မြင်စိတ်မရှိလဲ မဖြစ်။ သူတို့သုံးခုပေါင်းစည်းမိမှ ဖဿက ဖြစ်ရတယ်။ ဒါက မြင်စိတ်ဖဿဖြစ်ပုံပေါ့။ ဒီလို သုံးခုပေါင်းဆုံမိလို့သာ ဆိုင်ရာဆိုင်ရာ ဖဿတွေ ပေါ်တာ။ မပေါင်းဆုံမိရင် ဖဿမပေါ်ဘူးဆိုတာကို နားလည်ထားရမယ်။ ဒီတော့ ဖဿသည် အထူးအခြားမဟုတ်၊ သုံးခုပေါင်းဆုံမိခြင်းသာဖြစ်တယ်လို့ ဆိုရင်လဲ ရတယ်။ ဒီသုံးခုပေါင်းဆုံမိတာနဲ့ ဖဿဖြစ်တာကတော့ တစ်ပြိုင်နက်ပါပဲ။ သို့သော် ပေါင်းဆုံခြင်းကြောင့်သာ ဖဿဖြစ်ရတဲ့အတွက် သဠာယတနပစ္စယာ ဖေဿာ-လို့ ဟောတော်မူတာ။ မြင်စိတ်ဖဿအတိုင်း- နား အသံ ကြားစိတ် သုံးခုပေါင်းဆုံမိတော့ ကြားစိတ်ဖဿ။ နှာခေါင်း အနံ့ နံစိတ်သုံးခုပေါင်းဆုံမိတော့ နံစိတ်ဖဿ။ လျှာ အရသာ စားစိတ်သုံးခုပေါင်းဆုံမိတော့ စားစိတ်ဖဿ။ ကိုယ် တွေ့ထိစရာ တွေ့ထိစိတ် သုံးခုပေါင်းဆုံမိတော့ တွေ့ထိစိတ်ဖဿ။ မနောဘ၀င်အကြည် ကြံတွေးစရာ တွေးတောစိတ် သုံးခုပေါင်းဆုံမိတော့ တွေးတောစိတ်ဖဿဖြစ်တယ်။ ဒီလို ဆိုင်ရာ ဆိုင်ရာ သုံးခု အသီးသီး ပေါင်းဆုံမိခြင်းသည်ပင် ဖဿလို့ မှတ်လိုက်ပါ။ ပေါင်းဆုံမိတာနဲ့ ဖဿမဖြစ်ပါနဲ့လို့ တားလို့မရတော့ဘူး။ ဖြစ်ကိုဖြစ်မှာ။
ဖဿ(၆)မျိုးဖြစ်ပုံ
၁။ မျက်စိ + အဆင်း + မြင်စိတ် = မြင်စိတ်ဖဿ
၂။ နား + အသံ + ကြားစိတ် = ကြားစိတ်ဖဿ
၃။ နှာခေါင်း + အနံ့ + နံစိတ် = နံစိတ်ဖဿ
၎။ လျှာ + အရသာ + စားစိတ် = စားစိတ်ဖဿ
၅။ ကိုယ် + တွေ့ထိစရာ + တွေ့ထိစိတ် = တွေ့ထိစိတ်ဖဿ
၆။ မနော + ကြံတွေးစရာ + တွေးတောစိတ် = တွေးစိတ်ဖဿ
ဒေါက်တာအရှင်ပါရမီ
Dalai Lama၏ “A Human Approach to World Peace”ကို မြန်မာဘာသာပြန်ဆိုပါသည်။Ref: (20 May 2011):http://www.dalailama.com/messages/world-peace/a-human-approach-to-peace Posted by Ashin Acara. at 6:59 PM ဒီနေ့တော့ ကာရက(Case) (၈)မျိုးအစုံသိရတော့မှာပါ..။ ဒီကာရကဆိုတာကို ရှေးရိုးသင်နည်းစနစ်မှာတော့ အလွန်ရှုပ်ထွေးကျယ်ပြန့်စွာ လေ့လာကြရတာပါ..။ သဒ္ဒါဆရာတွေရဲ့ အယူအဆအမျိုးမျိုးတွေကို အခြေပြုစာသင်သားတွေ ကျက်မှတ်ရတဲ့ အခါ သဒ္ဒါလန်သွားတတ်ပါတယ်..။ ငယ်ငယ်က သင်ခဲ့ရတဲ့ ကစ္စည်းသဒ္ဒါဟာ ပါရဂူဘွဲ့ယူကျမ်းစာလိုမျိုး သုတေသနအဆင့်မြင်မြင့် လုပ်ထားတဲ့ ကျမ်းကြီးမှန်း ခုမှ သိရတယ်..။ အခြေပြုစာသင်သားဘ၀က သင်ရတော့ ခေါင်းကိုက်သပေါ့လေ..။ အခုအချိန်မှ ပြန်ဖတ်မိတော့ အရသာရှိသား..။ (ဒါပေမယ့် ငယ်ငယ်က အငြိုးနဲ့မို့ သိပ်တော့ မကျေနပ်ချင်သေး..။)
(ခက်တာက ခုထိ မြန်မာ့ပါဠိသင်ရိုးမှာ ကိုရင်ငယ်လေးတွေ သုတေသနကျမ်းကြီးကို သင်ရိုးလုပ်ကျက်မှတ်နေကြရတာ သနားပေမယ့် ဒီအတိုင်းပဲ ကြည့်နေရသေးတယ်..။ အခြားနိုင်ငံတွေမှာတော့ ကလေးတွေနဲ့ သင့်တော်တဲ့ သင်ရိုးစာအုပ်လေးတွေ အလွယ်တကူ ရေးလို့ ပြဌာန်းသင်ယူနေကြပြီ..။)
အာလုပ် (Vocative Case ) (အာလပနကာရက)
တစ်စုံတစ်ယောက်ကို ဟေ့ ဘယ်သူရေ ဟေ့ ဘယ်ဝါရေ ခေါ်တာမျိုးကို အာလုပ်ပြုတယ်လို့ မြန်မာတွေ သိပါတယ်..။
ဘုရားရှင်က တပည့်သာဝကတွေကို အို ရဟန်းတို့ လို့ အာလုပ်ပြုတာ ခဏ ခဏ ကြည်ညိုကြရလေသကိုး..။ အဲဒီအာလုပ်ပုဒ်တွေ ပြုဖို့ဆိုရင် ဘာမှ ခက်လှတယ်မဟုတ်ဘူး...
အနည်းကိန်းမှာ ဘာမှ ဆက်ပေးစရာမလိုဘူး.. အများကိန်းမှာတော့ ကတ္တားပုဒ် အများကိန်းနဲ့အတူတူပဲ ဆက်ပေးရတယ်..။
ဒီလိုလေ
အနည်းကိန်း(ဧက၀ုစ်)မှာ
samaṇa
သမဏ (အို ရဟန်း..)
အများကိန်း(ဗဟုဝုစ်)မှာ
samaṇ+ ā=samaṇā
သမဏာ (အို ရဟန်းတို့)
ကာရက (၈)မျိုးကို တစ်ပေါင်းတစ်စည်းတည်း ပြန်ဖတ်ကြစို့ရဲ့..
လေ့ကျင့်ခန်းတော့ အပြောင်းအလဲလေးဖြစ်အောင် မြန်မာလို ဘာသာပြန်ကြည့်ပေါ့..
နိဒါန်းအချီ စကား...
မြန်မာပြည်သို့  ပြန်မှာက ၁၄ ရက်နေ့ ည မှာ ပြန်ပါမယ်။
သို့ ပေမယ့် ဥရောပရဲ့ ထုံးစံ အတိုင်း အားလပ်ရက်ဖြစ်တဲ့
စနေ တနင်္ဂနွေ တစ်ရက်ရက်မှ အဆင်ပြေမှာမို့  တနင်္ဂနွေနေ့ ကို
ရွေးခဲ့ပါတယ်။
ပြန်ခါနီးမှာ မြန်မာလိုသာ ဂျာမန်စကားကို ကောင်းကောင်းသိနေမယ်ဆိုရင်
ရယ်စရာတွေလည်း အများကြီး ပြောဖြစ်အုံးမယ်။ လွမ်းစရာဖြစ်အောင်လည်း
ပြောဖြစ်အုံးမယ်လို့  ထင်ပါတယ်။ ခုတော့ ဘယ်ပုံစံနဲ့  ပြောမလဲ သူတို့ ကို
ရယ်စရာတွေချည်း ပြောလို့ လည်း မသင့်ဘူးထင့်။ ပြီးတော့ လွမ်းအောင်ဖြစ်အောင်
ပြောဆိုတော့လည်း လွမ်းတာက တရားမဟုတ်ပြန်။ ပြောလည်း အဲလောက်
မပြောတတ်ပါလေ။ ဒါကြောင့် ဒီလိုလေးပဲ အတိုလေး ပြောလိုက်ပါတယ်။
တွေ့  ဆုံပွဲ စကား
ကောင်းသောညနေခင်းပါ။ ခုလို အားလုံးစုံညီတွေ့ ရတဲ့ အတွက် ၀မ်းသာပီတိ
ဖြစ်မိပါတယ်။ ဒီနေ့ ဟာ ခွဲခွါရမည့် ညနေခင်းလေးပေါ့။ အဲ သို့ သော်
မပြန်သေးဘူးနော်။ ၁၄ ရက်နေ့ မှ ပြန်မှာ။ နေအုံးမှာ။ ကိုယ်ရေးထားတဲ့အတိုင်း
စာဖတ်လိုက်တတ်တာကိုး ။ ( ပရိသတ်များရယ်ကြတယ်)။
ဘုန်းဘုန်း အနေနဲ့  ကျေးဇူးတင်စကား ထုတ်ဖေါ် ပြောကြားချင်ပါတယ်။
ဘုန်းဘုန်း ဒီမှာနေစဉ်အတွင်း အားလုံးက အကူညီတွေ ပေးခဲကြပါတယ်။
ဥပမာ ရဟန်းတွေ မရှိမဖြစ် လိုအပ်တဲ့ အသုံးဆောင်ဖြစ်တဲ့ ဆွမ်း သင်္ကန်း
ကျောင်းဆေး ပစ္စည်းလေးပါး၊ အဲ... ဒါ့ပြင် ဘုန်းဘုန်းမှာ လိုတာက
ရထားလက်မှတ် ၊ စကားပြောသင်တန်းကြေး ၊ ဟန်ဒီဖုန်းကဒ်စသဖြင့်ပေါ့လေ။
( အားလုံးပဲ အကူညီပေး လှူဒါန်းသမှု ပြုခဲ့ကြပါတယ်။)
ပြီးတော့ ဘုန်းဘုန်း အခုလို အကူညီပေး လှူဒါန်းကြလို့  သာဓုခေါ်
ဝမ်းမြောက်ပါတယ်။ ဘုန်းဘုန်းလည်း တတ်နိုင်သရွေ့  တရားတွေ
လေ့လာသင်ယူ ဟောပြောခွင့်ရခဲ့တာပေါ့။
ခု ဘုန်းဘုန်းရဲ့  ပစ္စည်းလေးပါးထောက်ပံ့တဲ့ ဒကာမ တစ်ဦးက ဘုန်းဘုန်းအတွက်
ကျောင်းဆောက်လှူဒါန်းမည် လို့  လျှောက်ပါတယ်။ ဒါ ဘုန်းဘုန်းအတွက်
ကောင်းပါတယ်။ သာဓုခေါ် ၀မ်းမြောက်မိပါတယ်။
ဒါပေမယ့် အခြားတစ်ဘက်ကကြည့်တော့လည်း သိပ်ဝမ်းမမြောက်ပါဘူး။
( ၀မ်းမမြောက် ကံမကောင်းဘူးပေါ့၊) ဘာလို့ လဲဆိုတော့ ဒီမှာ တရားနာလိုသူ
တွေကို တရား များများစားစား သင်မပေးခဲ့နိုင်တာကြောင့်ပါပဲ။
ခု ဘုန်းဘုန်းရဲ့  အစီစဉ်တွေကို ပြောပြပါမယ်။ ၁။ ပရိယတ္တိ ၂။ ပဋိပတ္တိ
နှစ်ခုစလုံး အလုပ်လုပ်သွားပါမယ်။ ပရိယတ္တိဆိုတာ အထူးသဖြင့်
ကိုရင် ဥူးဇင်းများကိုသင်ကြားခြင်း ၊( သင်ယူခြင်း၊ ဟောကြားခြင်း )
ငယ်ရွယ်တဲ့ ကျောင်းသားလေးများကို ဘာသာရေး သင်ပေးခြင်း နှင့်
ပဋိပတ္တိဆိုတာက တရားဘာဝနာများ နှလုံးသွင်း အားထုတ်ခြင်းတို့ 
ဖြစ်ပါတယ်။
ဒါကြောင့် ကျောင်းတွေဆောက်လုပ်ရပါ့မယ်။ ပုံစံအမျိုးမျိုး ကျောင်းတွေပေါ့။
အလယ်ခေါင်က ခပ်မြင့်မြင့် ကျောင်းကြီးတစ်ဆောင် ဘေးမှာက
ခပ်နိမ့်နိမ့်ကျောင်းလေးတွေ ၀ိုင်းရံလို့ ပေါ့။ ခုလောလောဆယ်တော့
ကျောင်းသေးသေးက စပြိး အစပျိုးရမှာပါ။
ဘုန်းဘုန်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ တပည့်တော်တို့ 
တရားလည်း ဆက်လက်အားထုတ်ကြမယ်၊ ပြီးတော့ သင်ကြားလေ့လာ
ရမည့် တရားဗဟုသုတတွေ လည်း ဆက်လုပ်ကြရမယ်ပေါ့။
အဓိကကတော့ ကိုယ့်ကိုယ်ဘဲ အဓိက လုပ်ဆောင်ကြရတာပါ။
လူတိုင်းလူတိုင်း နေ့ စဉ်ဆိုသလို မှန်ကြပါတယ်။ အဲသလိုမျိုးလေး
ကိုယ့်ရဲ့  ကာယကံ ၀စီကံ မနောကံ လေးတွေကို ကြည့်ရပါမယ်။
ပြီးတော့ ကိုယ့်ကိုယ်ကိုလည်း မေးကြပေါ့။
ငါတို့ ဟာ ကောင်းတာတွေ လုပ်နေကြသလား၊ မကောင်းတာတွေ
လုပ်နေမိနေကြတာလားလို့ ။ တကယ်လို့  မကောင်းဘူး မြင်ရင်
ထင်ရင် မကောင်းရင် စတော့ပ် ရပ်လိုက်ပေါ့။ ကောင်းတယ်ဆိုရင်တော့
( ဘာမှပြောမနေနဲ့  ) ဆက်သာတွန်းပြီး ကျိုးစားလုပ်ဆောင်ကြပေါ့။
မြတ်စွာဘုရားရှင်က အမြဲတမ်း ပြောဟောခဲ့ပါတယ်-
အပ္ပမာဒေန သမ္ပာဒေထ တဲ့။ ဆိုလိုတဲ့  အဓိပ္ပါယ်က
အမြဲတမ်း သတိနဲ့ ပြည့်စုံအောင် နေကြတဲ့။
ကိုင်း ဒါပါပဲ။ သာဓု သာဓု သာဓု။
( ဆိုလိုတာကတော့ အဲလိုပဲ လာတဲ့သူအများက ကိုယ့်နိုင်ငံသားတွေ
မဟုတ်ကြလေတော့ အဲလိုမျိုးထိ ပေါက်ပါ့မလားဘဲ)။
ကိုင်း ဂျာမန်ဘာသာလိုလေး ဖတ်ကြည့်ပါလေ...
Guten Abend! Ich sehe euch und freue mich. Heute ist der Abschiedsabend.
Ich möchte euch meine Dankebarkeit ausdrücken. Als ich in dem Land
gewohnthabe, haben alle mir mit allen geholfen. z.B Mönche brauchen vier
Dinge: Essen,Wohnung, Medikamente , und Kleidung und ich auch
Fahrkarten, Sprachshule,Handy u. s. w.
Ich bin glücklich über die Hilfe von euch und ich hatte die Möglichkeit den
Dhamma zu lehren. Jetzt hat mich eine Unterstüzerin aus Myanmar
eigeladen, ein neues Kloster zu bauen. Das ist gut für mich . Ich bin
glücklich. Aber die andere seite ist: Ich bin unglücklich, weil ich den
Dhamma hier nicht mehr lehren kann.
Meine Päne sind: 1. Pariyatti 2. Patipatti. Pariyatti bedeutet Unterrict
besondersfür Novizen und Mönche, außerdem für Kinder.Patipatti
bedeutet Meditation.
Deshalb baue ich ein Kloster mit verschiedenen Gebäuden. In der
Mitte ist einhohes Gebäude. Links und rechts sind niedrige Gebäude.
Ich beginne mit den kleinen Gebäuden.
Ob ich hier bin oder nicht: wir meditieren und lernen weiter. Wichtig ist :
wir machen es selbest. Jedentag schauen wir in den Spiegel. Genauso
sehenwir unsere 3 Handlungen. Uund wir fragen uns: Sind sie heilsam
oder unheilsam? Wenn ihr unheilsam seht, dann stopp. Und wenn ihr
unheilsamseht , dann weiter.
Buddha saget immer: APPAMAADENA SAMPAADETHA
Das bedeutet seid achtsam jeden Momement !
Sadhu Sadhu Sadhu !
မှတ်ချက်။ ။ မိမိအတွေးရှိသည့်အတိုင်း ဂျာမန် ဆရာမကြီး ခရစ်စတီးနားကို
ပြောပြခဲ့သည်။ သူက အားလုံးဆိုသလို ပြင်ဆင်ပေးခဲ့ပါသည်။
အားလုံးကို ကျေးဇူးတင် သာဓုခေါ်လျက်...
မြတ်ရောင်နီ
( ၁၁ ၊ ၀၇ ၊ ၂၀၁၁ )
မေး။ ။ ဝေစန်း "နမော တဿ ဘုရားဟော ဟုတ်မဟုတ် သိလိုပါသည်ဘုရား၊ ကျေးဇူးပြု၍ ဖြေကြားပေးတော်မူပါ"
အဖြေ။ ။ အထက်ပါမေးခွန်းမှာ အလွန်သိထားသင့်သော မေးခွန်းဖြစ်သလောက်၊ နီးလျှက်နဲ့ ဝေးသော အဖြေဟုလည်း ဆိုချင်ပါသည်။
လေ့လာမိသလောက် ပြန်လည်ဖြေကြားရသော်၊ နမော တဿသည် ဘုရားရှိခိုး ဖြစ်သည့်အတွက်၊ ဘုရားရှင်အား ဂုဏ်တင်ထားသော၊ ဥဒါန်း၊ သို့မဟုတ်၊ အများနားလည်အောင် ပြောရမည့်ဆိုပါက၊ ဘုန်းတော်ဘွဲ့ တစ်ခု ဖြစ်လေသည်။ ဘုရားရှင်သည် မိမိကို ဂုဏ်တင်သော စကားကို ပြောဆိုမည်မဟုတ်ပေ၊ ဤတစ်ချက်တည်းဖြင့်ပင်လျှင်၊ ဘုရားဟော ဟုတ်မဟုတ် သဘောပေါက်ကြရပေမည်။
နမော တဿကို ရွတ်ဆိုခဲ့ကြသော ကျမ်းဂမ်လာ ပုဂ္ဂိုလ်များမှာ အောက်ပါအတိုင်း ဖြစ်လေသည်။
ဂေါတမဗုဒ္ဓလက်ထက်၊ ဗြဟ္မာယုပုဏ္ဏား၊ ဇာဏုသောဏိပုဏ္ဏား၊ ကာရဏပါလီပုဏ္ဏား၊ အာရာမဒဏ္ဍပုဏ္ဏား၊ ဓနဉ္ဇာနီပုဏ္ဏေးမ၊ ကောသလမင်းကြီး၊ သိကြားမင်း။
ဖုဿဘုရားရှင်လက်ထက်၊ မဟိန္ဒမင်းကြီး၊ အထက်ပါ ပုဂ္ဂိုလ်များသည်၊ မြတ်စွာဘုရားရှင်ကို ကြည်ညိုလှသဖြင့် နမော တဿ ဘဂဝတော အရဟတော သမ္မာသမဒ္ဗုဒ္ဓဿ ဟု ရွတ်ဆိုပြီး ရှိခိုးကန်တော့ခဲ့ကြသည် ဟူ၍မှတ်သားဖူးပါသည်၊
၎င်း နမော တဿ တွင်၊ ဘဂဝတော၊ အရဟတော၊ သမ္မာသမ္ဗုဒ္ဓဿ ဟူ၍ ဗုဒ္ဓ၏ဂုဏ်တော် သုံးမျိုးပါဝင်နေသည်ကိုလည်း တွေ့ရှိရပေသည်။
အကျယ်ကို သိလိုပါက၊ စာအုပ်မြောက်များစွာကို အချိန်ကြာကြာပေး၍ ဖတ်ရှူရပါမည်၊ အချိန်တိုအတွင်း သိလိုသူများသည်၊ (ပုံတော် ဂုဏ်တော်၊ ပရိတ်တော်) စာအုပ်ငယ်တွင် ရှာဖွေဖတ်ရှုလေ့လာနိုင်ပါသည်။
မှတ်သားရန်မှာ၊ နမော တဿသည် ဘုရားဟောမဟုတ်သော်လည်း ဘုရားရှိခိုးဟူ၍ မှတ်သားစေချင်ပါသည်။
Posted by ရွာဦးကျောင်း ဆရာတော် at 3:31 AM
Labels: ဘာသာရေးအမေးအဖြေကဏ္ဍ
Read more...
ရှေးဟောင်းကျမ်းစာတစ်ခု ပြောတာက “ဘုရားသခင်ဟာ သစ်တော ဖြစ်တယ်။ သစ်တောကို မြတ်နိုးကိုးကွယ်ပါ” ဆိုတာပါ။ ယခု ဘုရားသခင်ဟာ ဘာ့ကြောင့် သစ်တော ဖြစ်လာရမှာလဲ?
သစ်တောတစ်တောထဲမှာ ရှိရှိသမျှ အရာရာတိုင်းဟာ (ဧရာမကြီးမားတဲ့ တိရိစ္ဆာန်များမှ အန္တရာယ်မပေးတဲ့ ပိုးကောင်ကလေးများတိုင်) သူတို့ရဲ့ရိပ်မြုံ ရှိပါတယ်။ ကျန်သည့် အခြားတစ်ဖက်ရှိအရာများနှင့် အသီးသီးဟာ ဟန်ချက်ညီညီ နေထိုင်ကြပြီး သင့်မြတ် အတွဲအဖက် ညီကြပါတယ်။ သစ်တောတစ်ခုထဲမှာ သက်ဝင်လှုပ်ရှားမှု ဇီဝလောကဟာ များများပြားပြား လုံလုံလောက်လောက် ဖွဲ့စည်းပါဝင်ပါတယ်။ အဲဒီမှာ နေထိုင်အခြေချသူ တစ်ဦးတစ်ယောက်ကမှ (အားလုံးအတွက် အများအပြား ရှိပါတယ်) မရှိမဖြစ် လိုအပ်တာထက် ပိုမိုလို့ မယူကြပါ။
အမျိုးမျိုးကွဲပြားတဲ့ မျိုးစိတ်များအတွက် ဇာတိရှင်သန်ရာ ကိုယ့်ရပ်ကိုယ့်မြေ ရှိစေကာမူ သစ်တောများဟာ သန့်ရှင်းလတ်ဆတ် အသစ်အတိုင်းပဲ ဖြစ်ပါတယ်။ သစ်တောတစ်ခုထဲမှာ ဗြောင်းဆန်နေတဲ့ ကမောက်ကမအခြေအနေတစ်ခုကို တွေ့ရဖို့ဟာ တစ်ဦး တစ်ယောက်အတွက် တကယ့်ကြုံတောင့်ကြုံခဲပါ။ ဘုရားသခင်ဟာ သဘာဝအလျောက်ဖြစ်တဲ့ ရှင်းလင်းဖယ်ရှားပေးသူ ကိုယ်စားလှယ်များကို သတ်မှတ်ပြဌာန်း ပေးထားပါတယ်။
သက်ရှိသတ္တ၀ါတစ်ဦးအတွက် အလဟဿဖြုန်းတီးပစ်တဲ့အရာဟာ အခြားသတ္တ၀ါ တစ်ဦးဦးအတွက် အကျိုးရှိရှိအသုံးဝင်ပါတယ်။ မုချ လိုအပ်ချက် ဖြစ်ပါတယ်။ သစ်တော တစ်တောထဲမှာ အသက်ရှင်သန်ရပ်တည်ဖို့ သင်ဟာ အားလုံးအပါအ၀င်ဖြစ်တဲ့ သဘာဝ အရ မှန်မှန်လှုပ်ရှားမှုစည်းချက်များနှင့် တေးသွားလိုက်ဖက်မှု ရှိဖို့ လိုအပ်ပါတယ်။
ဘ၀ပုံစံ မျိုးစုံတဲ့ သက်ရှိတို့ရဲ့တည်ရာဘုံ ဖြစ်သည်အလျောက် အလုပ်အကျွေးပြု နေစဉ်အတွင်း- လေထုအထဲ အသက်ဆက်တဲ့ အောက်ဆီဂျင်ကို ထုတ်လွှင့်ပေးကာ- ဂြိုလ်တစ်ခုလုံးရဲ့ ကောင်းကျိုးအတွက် သစ်တောတစ်တောက ဖြည့်ဆည်းပေးပါတယ်။ အဲဒါက အနာရောဂါကိုနိုင်တဲ့ ဆေးဖက်ဝင်အပင်များရဲ့ လှိုင်လှိုင်ပြည့်နှက် ကြွယ်ဝတဲ့ အရင်းအမြစ်တစ်ခုနှင့် အဏုဇီဝရုပ်များ ဖြစ်ပါတယ်။ ဒါတွေနဲ့ပတ်သက်လို့ တတ်ကျွမ်းဖို့ ဖြစ်တယ်ဆိုတာ အကျွန်ုပ်တို့အားလုံး အရင်သိနားလည်ရပါဦးမယ်။
သစ်တောရဲ့ဗဟုသုတကို ပြည့်ပြည့်၀၀ ဆည်းပူးမိတာမရှိဘဲနဲ့တောင် အကျွန်ုပ်တို့ဟာ - အဲဒါတွေနဲ့ပတ်သက်လို့ ဖျက်ဆီးခြင်းကို အကြောင်းမဲ့သက်သက် ပွင့်အန်ထွက်ဖို့ ရွေးချယ်ကြပါတယ်။ အကျွန်ုပ်တို့ရဲ့လောဘကို လောင်စာ ဖြည့်ခြင်းသာ ဖြစ်ပါတယ်။
အတိတ်ဆီက မိုးသစ်တောဟာ ကမ္ဘာမြေမျက်နှာပြင်ရဲ့ ၁၄-ရာခိုင်နှုန်းထက် များစွာ ဖုံးလွှမ်းပါတယ်။ ယနေ့အခါ ၆-ရာခိုင်နှုန်းထက် ပိုလို့နည်းပါးပါတယ်။ ယခု လောလောဆယ်နှုန်းအတိုင်း အကျွန်ုပ်တို့ သစ်တောများ သုံးစွဲခြင်းကို ဆက်လက်မပြတ် သွားနေမယ်ဆိုလျင် နောက်ထပ်နှစ် ၄၀-ခန့်မှာ ဒီဘုရားသခင်ကဲ့သို့သော ဘ၀ရဲ့ ခံနိုင်အားများ အားဖြည့်ပေးတဲ့အရာများကို အကျွန်ုပ်တို့ ဆုံးရှုံးနိုင်ပါတယ်။
ပညာရှင်များအလိုအရ စက္ကန့်တိုင်း စက္ကန့်တိုင်း တစ်(၁)ဧကထက်များတဲ့ အချိုးအစား နှုန်းတစ်ခုဖြင့် မိုးသစ်တောများ ဆုံးရှုံးနေပါတယ်။ နေ့စဉ် အကျွန်ုပ်တို့ဟာ သစ်ပင်များ-တိရိစ္ဆာန်များနှင့် အဏုဇီဝရုပ်များရဲ့ ၁၃၇-မျိုးစိတ်ကို ဆုံးရှုံးနေပါတယ်။ သစ်ပင်များ-တိရိစ္ဆာန်များနှင့် အဏုဇီဝရုပ်များအနက် သစ်ပင်မျိုးစိတ်ထက်ဝက်ထက် များစွာဟာ- သစ်တောဖျက်ဆီးခြင်းများ လျော့နည်းရပ်စဲသွားတာ မရှိလျင်- မျိုးသုဉ်းတိမ်ကော ပျောက်ကွယ် သွားနိုင်ပါတယ်။
ရှေးဟောင်းကျမ်းစာများက ဘ၀ကို ပိုကောင်းစေတဲ့အရာများအဖြစ် သစ်တောများကို အမွှမ်းတင် ထောမနာပြုထားပါတယ်။ ဘုရားသခင်ရဲ့ဝိညာဉ် သွင်းပေးခဲ့တယ်လို့ သူတို့ကို သက်ဝင်ယုံကြည်စေခဲ့ပါတယ်။ ဒါ့ကြောင့် အထွတ်အမြတ်ထားအပ်တယ်လို့ ယူဆကြပါတယ်။ ထူးကဲဆန်းစုံကြွယ်ဝတဲ့ ဇီဝဗေဒအမျိုးအစားများကို ပေါက်ဖွားစေ ဖန်တီးဖြစ်ပေါ်စေတဲ့ အရေးပါအရာရောက်တဲ့ ဂေဟစနစ် (အပင်နှင့်သတ္တ၀ါတို့ သဘာ၀၀န်းကျင်နှင့်လျော်ညီစွာ ဖွဲ့တည်မှုစနစ်) အနေဖြင့် အလေးထားအပ်တဲ့ တောအုပ်များကို အလေးဂရုပြုခဲ့ကြပါတယ်။
ဆည်းကပ်ကိုးကွယ်ခြင်းရဲ့ဦးတည်ရည်မှန်းချက်ဟာ မွန်မြတ်သန့်စင်မှု ရှိပါတယ်။ ပြီးတော့ အဲဒါက အကျွန်ုပ်တို့ ချစ်မြတ်နိုးတဲ့ အထွတ်အမြတ်ကိုင်စွဲထားတဲ့အရာကို ဖျက်ဆီးဖို့ ထည့်သွင်းမစဉ်းစားပါ။ ဆည်းကပ်ကိုးကွယ်ခြင်းရဲ့ ဦးတည်ရည်မှန်းချက်ကို အကျွန်ုပ်တို့ အမြတ်တနိုး တန်ဖို့ မထားတာလား?
ဝေဒအလိုအရကတော့ သဘာဝလက်ဆောင်နဲ့ပတ်သက်လို့ ထိန်းသိမ်းစောင့်ရှောက်ခြင်းအတွက် လိုအပ်ချက်ကို ဟောကြားခဲ့ပါတယ်။ ဒီရတနာတွေကို မတော်မလျော် ပြုလုပ်တာမဟုတ်ဆိုတာ သေချာစေဖို့- ထိန်းသိမ်းစောင့်ရှောက်ခြင်းနဲ့ဆက်စပ်တဲ့ ဓလေ့ထုံးစံ များကို ဖွဲ့စည်းတည်ဆောက်ပုံပေါ်ပါတယ်။ ဤသို့သော ထိန်းသိမ်းစောင့်ရှောက်ခြင်း ဓလေ့ကို သိနားလည်ဖို့နှင့် ဆက်စပ်စဉ်းစားရမည့်အကြောင်းအရာက အဲဒါတွေကို လေးစားဖို့ အကျွန်ုပ်တို့ လိုအပ်ပါတယ်။
စိမ်းလန်းစိုပြေရေးကိုဦးတည်တဲ့ ရှင်သန်နေထိုင်ခြင်းဟာ သစ်တောများရဲ့ ဘုရားသခင်နဲ့ သက်ဆိုင်တဲ့သဘာဝကို ကျေးဇူးပြုအသိအမှတ်ပြုတဲ့လမ်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ရှေးရှေးများက အဲဒါကို ဘ၀ဆိုင်ရာ အချင်းချင်းအကြားဆက်သွယ်တဲ့ သဘာဝကို ရိုသေလေးစားဖို့ အရေးကြီးတယ်လို့ ယူဆပါတယ်။
မျိုးနွယ်စုယဉ်ကျေးမှုဓလေ့များမှာ လူတွေဟာ သစ်တစ်ပင်ကို ဖြတ်တောက်ခြင်း မတိုင်မီ- လျော်ကြေးနစ်နာကြေးပေးသည့်အနေဖြင့် သစ်ပင် ငါး(၅)-ပင်ကို စိုက်ပျိုးဖို့ ၀န်ခံကတိပေးကာ- သစ်ပင်ရဲ့ခွင့်ပြုသဘောတူညီချက်ကို ဖိတ်ကြားမေးမြန်း မေတ္တာရပ်ခံပါလိမ့်မယ်။ ယနေ့ မဆီမဆိုင်အပို ဆီလျော်မှုမရှိတော့သကဲ့သို့ ဒီဓလေ့ထုံးတမ်းများကို ပစ်ပယ်စွန့်လွှတ်နေပါတယ်။
အဲဒါတွေက သက်မဲ့ ဒါမှမဟုတ် သက်ရှိ တာဝန်ထမ်းဆောင်သည့်အနေနှင့်- သစ်ပင်များဟာ အလုပ်အကျွေးပြုတဲ့ ၀ိညာဉ်ကို သင်္ကေတအဖြစ် ထားရှိပါတယ်။ မြင့်မြင့်မားမား မပြိုလဲဘဲရပ်တည်နေတဲ့အခါ အဲဒါတွေက ဂေဟဗေဒစနစ်ဆိုင်ရာ ဟန်ချက် ညီမျှမှုကို ထိန်းသိမ်းကာကွယ်ပြီး- သေပြီးတဲ့နောက်မှာတောင် သစ်သားအနေဖြင့် အသုံးတော်ခံပါတယ်။ အကျွန်ုပ်တို့ဟာ တူညီတဲ့ကိုယ့်ကျိုးမငဲ့တဲ့ အများအကျိုးဦးစားပေးတဲ့ စိတ်ဖြင့် တစ်စုံတစ်ရာကို ပြန်ပေးဆပ်ဖို့ လိုအပ်ပါတယ်။
အကျွန်ုပ်တို့ဟာ အကျွန်ုပ်တို့က နေ့စဉ်ပြုလုပ်တဲ့ ဘ၀ပုံစံစတိုင် ရွေးချယ်စရာကို ကြည့်ရှုစစ်ဆေးရပါ့မယ်။ အကျွန်ုပ်တို့ပြုလုပ်တဲ့ ရွေးချယ်မှုဟာ- မူလအတိုင်း ပြန်လည် ဖော်ထုတ်ဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ဖို့ အရေးထား အသိရှိသင့်ပါတယ်။ ပြီးတော့ သဘာဝကပေးလာတဲ့လက်ဆောင်များကို ချစ်ခင်မြတ်နိုးဖို့ ရင်ဝယ်ပိုက် ထားဖို့ပဲ ဖြစ်ပါတယ်။
အကျွန်ုပ်တို့ရဲ့အတွေးစိတ်ကူးများကို စိမ်းလန်းစိုပြည်ကြပါစို့!
“ကမ္ဘာမြေကြီးက လူသားတိုင်းရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းကျေနပ်ဖို့ လုံလုံလောက်လောက် စီစဉ်ပေးပါတယ်။ ဒါပေမယ့် လူတိုင်းရဲ့ လောဘအတွက်တော့ မဟုတ်” ဆိုတဲ့ မဟတ္တမဂန္ဓီရဲ့ စကားလုံးကို အောက်မေ့အမှတ်ရကြရအောင်ပါ။
အကျွန်ုပ်တို့ လိုအပ်တဲ့အရာထက်များစွာ ရယူဖို့ကတော့ - “ကိုယ့်ကျိုးအတ္တကို ဖျက်ဆီးခြင်းရဲ့ မျိုးစေ့”ကို စိုက်ပျိုးကြဖို့ပဲ ဖြစ်ပါတယ်။
© Blogger templates The Professional Template by Ourblogtemplates.com 2008
Back to TOP