Tuesday, February 14, 2012
မြစ်သာမြစ်ဝှမ်းစိမ်းလန်းခြင်းဖြင့်အေးမြစေ - ၎
အုံးတုံးတောင်တောရ က ပြန်တဲ့ အချိန်မှာ နောက်ထပ်သွားလိုလှတာကတော့ ကျောက်ဂူတောရပါ။ အရိယာ သူတော်ကောင်း ရဟန်းတော်များ ထွက်ပေါ် လေ့ရှိသော ယောနယ် ဒေသက တော့ ဖူးတွေ့ချင်စရာ အများသားမဟုတ်ပါလား။ ကျေးဇူးတော်ရှင် ယောဆရာတော်ဘုရား၊ မုံလယ်တောရ ဆရာတော်ဘုရားတို့ ကဲ့သို့ပင် ကျောက်ဂူတောရ ဆရာတော် ဘုရားလည်း ရှိနေပြန်သေးသည် တဲ့။
ဂန့်ဂေါမြို့နယ် ကန်ငါးရွာက အဘယဇီဝိတာ ပါဏီပဗ္ဗံတံ ၊ ပဋိပတ်သာသနာ ၊ပရဟိတ ဘိုးဘွားရိပ်သာမှာ သီတင်းသုံးလျက် တရားပြနေတဲ့ ဆရာတော်ကတော့ ကျောက်ဂူဆရာတော် ဘဒ္ဒန္တ ဣန္ဒာစရိယ ရယ်လို့ ထင်ရှားကျော်ကြားလျက်ရှိပါတယ်။
အချိန် ကနည်း ခရီးကဝေးတာမို့ သွားရောက်မဖူးမျှော် နိုင်သော်လည်း ဆရာတော်ဘုရား ရဲ့ အဆုံးအမ ဓမ္မ တို့ဖြင့် ထိတွေ့ခွင့်ရအောင် စီစဉ်ပေးကြပါတယ်။ဆရာတော်ဘုရားဟောကြားတော်မူသော တရာတော်များ သြဝါဒ စာအုပ်များ ရရှိခဲ့ တာမို့ တစ်ပိုင်းတစ်စ တရားဓမ္မ ကိုမျှဝေချင်မိပါတယ်။
*ယောဂီ..
မဝေးတဲ့နိဗ္ပ္ဗာန် ဘာကြောင့်မရောက်တာလဲ။
ပြေးလွှားနေတဲ့ မြင်းရဲ့ကျော ပေါ်က အုန်းသီး ပမာ ၊ငါတို့သဒ္စ္ဒ္ဓါ…
ဒါကြောင့်..သြ
နိဗ္ဗာန် မခက် ခန္ဓ္စ္ဒာငါးပါး မုန်းဘို့ခက်။*
ကျွန်မတို့ တွေရဲ့ သဒ္စ္ဒ္ဓါ…တရားသည် *မြင်းပေါ်မှ အုန်းသီးပမာ* အဘယ်မှာ တည်ကြည်ခိုင်ခန့်နိုင်ပါမည်နည်း။
ထိမိသောစကားလုံး ၊ အဆုံးအမ ကြောင့် ကိုယ့်အားနည်းချက် ကိုယ်ပြန်မြင်ရသလို ….။ တည်ကြည် ညိမ်သက်အောင် ကြိုးစားပါ့မယ်ဘုရား။
သင်တန်းဆင်း ခဲ့ပါပြီ
နမောတဿ ဖြင့် စတင်ဖွင့်လှစ်ခဲ့သောသင်တန်းသည် အစကောင်းခဲ့တာမို့ အဆုံးလည်း လှပခဲ့ပါတယ်။ သင်တန်း သားဦးရေ လျော့ မသွားပဲ ၃၀ကျော် မှ ၅၀ ကျော်.. ၆၀ကျော် မှ တဆင့်တိုးတက်လာကာ သင်တန်းဆင်းသည့်အချိန်မှာ ၇၉ ယောက်ဖြင့် ဆင်းဖြစ်ခဲ့ပါတယ်။
ကျောင်းထိုင်ဆရာတော် ဘုန်းဘုန်းဦးသုဇာတ ခရီးထွက်နေတာမို့ တက်ရောက်နိုင်ခြင်းမရှိခဲ့ပါ။ ဂန့်ဂေါခရိုင် စိုက်ပျိုးရေး မန်နေဂျာ ဦးဝင်းဖေ ကိုယ်တိုင် တက်ရောက် မိန့်ခွန်း ပြောကြားပေးပါတယ်။
စိုက်ပျိုးရေးတက္ကသိုလ်တက်စဉ် နှစ်တန်းကြီး သော စီနီယာ အစ်ကို တစ်ယောက်ဖြစ်တာမို့ ရှေးဟောင်းနှောင်းဖြစ်တွေ အတူ တကွ တူးဖေါ်ရင်း အားတက်ဝမ်းသာ ရပါတယ်။ ဆရာဦးဝင်းဖေ နှင့်အတူ အထူးစုံစမ်းစစ်ဆေးရေးဋ္ဌာန မှ အရာရှိ ဦးအောင်ကျော်၊ ပုညဟိတေသီ အသင်းဥက္ကဋ္ဌ ဦး ဝင်းမြင့် တို့က တို့က သင်တန်းဆင်း လက်မှတ် ချီးမြှင့်ပေးခဲ့ပါတယ်။
ကျွန်မတွေ့ကြုံခဲ့ဘူးသော ကျေးလက်ပညာပေးသင်တန်းတို့တွင် တစ်ခုတွင်မှ မပါဘူးသော ဆရာကန်တော့ပွဲ အစီအစဉ် ကတော့ စိတ်နှလုံး ထိထိခိုက်ခိုက်ဖြစ်ရပါတယ်။ မေတ္တာ ဆိုသည်မှာ အားကောင်းစွာ တန်ပြန်ရိုက်ခတ် တတ်သော နူးညံ့တဲ့ စိတ်လှိုင်း များပင်မဟုတ်ပါလား။
ပူဇော် မှုများစွာ နှင့်ထိုက်တန်အောင်ဖြည့်ကျင့်ရမဲ့ သိက္ခာ သုံးပါးကိုလည်း စိတ်ထဲရွတ်ဆို သံမှိုနှက်သလို အမှတ်ရ ခိုင်မြဲစေ ခဲ့ပါတယ်။
အော်..ပီတိလွှမ်းသော ကာလများ..။
အစုန်ပီတိ…… အဆန်ပီတိ
လောက မှာ သိတာ နှင် သိစရာ နှစ်မျိုးသာရှိသည်မို့ သိစရာကိုသိခြင်း သဘောမျှသာရှိသော စိတ်ကို စေတသိတ် တို့ကချယ်လှယ်မြဲပါ..။ ထိုသို့သော ၅၂ ခုသော စေတသိတ်များ တွင် ပီတိ ဆိုသော စေတသိတ် သည် အာရုံကိုနှစ်သက်ခြင်း ရယ်လို့ အဓိပ္ပါယ်ရတာမို့ နှစ်သက်စရာ အာရုံ တို့ စိတ် နဲ့ တွေ့ လေတိုင်း ပီတိ ကိုခံစား ရပါတယ်..။
ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရား ကတော့ အစုန် ပီတိ နှင့် အဆန် ပီတိ နှစ်မျိုး ရှိကြောင်း ဟောကြား ဘူးပါတယ်။ အဆိပ်ပျော့ နဲ့ တူ တဲ့ ပီတိကတော့ အစုန်ပီတိ ဖြစ်ပါတယ်။ တစ်ဘက်သားရဲ့ ဘဝကို ကိုယ့်ဘဝထားပြီး အပေး နဲ့ ပျော် တဲ့ ပီတိကတော့ အဆန်ပီတိဖြစ်ပါတယ် တဲ့။
အစုန်ပီတိ ဆိုတာကတော့ အယူ နဲ့ပျော် တာ ကိုယ်ရရှိတာကို ပျော်တာ ၊ ကိုယ့်ကို လိုလေသေး မရှိ လုပ်ကိုင်ဆောင်ရွက် ပေးတာကို ကျေနပ်တာ..။ အဲဒီ ရရှိမှုအပေါ် စိတ်ကျက်စား ထားပြီး နောင်သောအခါ ဝယ် အရင်ကလို မရရှိတော့ရင် ပူလောင်ခံစား ကြရပါတယ် ။
နှလုံးသွင်းသတ္တိကိန်းထားတဲ့ အခံဓာတ် နဲ့ အာရုံ တွေ့ဆုံအဆင်မပြေရင် အပူဓာတ်သာ ထွက်ပေါ်နိုင်တာကိုး..။ ဒါကြောင့် လည်း တမြေ့မြေ့ ဆိုးကျိုး ပေးတတ်တာမို့ အဆိပ်ပျော့ နဲ့ တူတယ်လို့ ဆိုပါတယ်။ မကျေမနပ် အပူဓာတ် ဖြစ်ပြီး အကုသိုလ် ဖြစ်တတ်တာမို့ အစုန်လမ်း ကိုဆင်း တတ်တာမို့ အစုန်ပီတိလည်း ခေါ်ပါသေး တယ်။
လောက မှ အောင်မြင်တဲ့ လူ တိုင်း ကတော့ အဆန်ပီတိကို ဖန်တီးကျက်စား တတ်ကြပါတယ်။ အဆန်ပီတိ ကတော့ ပြောင်းပြန်ပေါ့နော် ။ လူတစ်ဘက်သား ရဲ့ အခက်အခဲ …ခံစားချက်ကို ကိုယ်ချင်းစာနာစိတ်ဖြင့် ထဲထဲဝင်ဝင် စိတ်ဝင်စားပြီး စိတ်တိုင်းကျဖြစ်အောင် ကူညီပေးတာ..ဖြည့်ဆည်းပေးတာ ။ ပေးဆပ် နေရခြင်း အပေါ်မှာ ပဲ အာရုံပြုပြီး ပျော်တတ်တာ အဆန်ပီတိ ဖြစ်ပါတယ်။
ဧည့်ဝတ်ကျေပွန်သော … တန်ဘိုးထားဂရုစိုက်တတ်သော ယောဒေသ ရဲ့ ပုံရိပ်တွေက တော့ ဘဝ မှာ ယခင် ကမရရှိခဲ့ဘူး သော နွေးထွေးလှိုက်လှဲမှုများ ဖြစ်လေသည် မို့ အစုန်ပီတိ ဖြင့် မကျက်စားမိအောင် သတိဥာဏ်ဝင် ဆင်ခြင်ဖြစ်ခဲ့ ပါတယ်။ သတ္တိက ကိန်းထားမိတာမို့ သတိ ထားရင်း ဖြင့်ပင် တခြားသော ဒေသ များရောက်လျှင် မနှိုင်းယှဉ် မိအောင်လည်း ကြိုးစားရပါသေး တယ်။
အစုန်ပီတိဆိုသည့်အတိုင်း ကွာဟချက်ပေါ်လျှင် ပုထုဇဉ် သဘာဝ ဝေဖန်တော့မည်.. အလိုမကျ ဖြစ်တော့မည်…အပူ ဓာတ်ထွက်မည်…. စုန်တော့မည် မဟုတ်ပါလော..။
ပေးဆပ်မှု ဖြင့်ရင့်ကျက် ရမည်… ။
စာနာမှုဖြင့် ကြီးမြတ်နိုင် ရမည် ။
နားလည်မှုဖြင့် ယုံကြည် ရမည်။
ယုံကြည်မှုသဒ္စ္ဒ္ဓါ ခိုင်မာစေရမည် ။
စသည် စသည်..တို့ကို အပီအပြင် တည်ဆောက်ရပါအုံးမည်..။
တစ်ခါတစ်ခါ ယိမ်းယိုင်တတ်သောစိတ်စွမ်း အား များပြန်လည်ဖြည့်တင်းချိန်မှာ တော့
မြန်မာ ပြည် မြေပုံပေါ်မှ တောင်မှမြောက်သို့ တစ်သွင်သွင် ဆန်တက် စီးဆင်းနေမည့် ..စိမ်းလန်းဝေဆာနေမည့် မြစ်သာမြစ်ဝှမ်းကို
ကျွန်မ ဘဝ မှာ မှတ်မှတ်ရရ သတိတရ ရှိနေပါလိမ့်မည်..။
မြစ်သာမြစ်ဝှမ်းစိမ်းလန်းခြင်း ဖြင့် ထာဝရအေးမြ ညိမ်းချမ်းပါစေသား။
မေတ္တာဖြင့်
သစ္စာအလင်း
Read more...ဗုဒ္ဓဘာသာနဲ့ မြန်မာ့ယဉ်ကျေးမှု သင်တန်း
╰⊰⊹✿ ဗုဒ္ဓဘာသာ
လေး ငါး နှစ် အရွယ်ကလေးတွေရဲ့ ပါးစပ်တဲ သရဏဂုဏ် နဲ့ ငါးပါး သီလ ရောက်သွားရင်ကော နည်းသလား၊
( ၇ ) နေ့ ဘုရားရှိခိုးတွေ၊ရွတ်လို့ကောင်းတဲ့ ကဗျာ လေးတွေ ရသွားရင် ဘောနပ်စ်။
နိဗ္ဗာန် အထိ မှန်းကြရင်တော့ ကိုယ်တိုင်ပဲ ဆက်လုပ်ကြတော့ပေါ့။
မြန်မာ့ယဉ်ကျေးမှု ✿⊹⊱╮
သူတို့လေးတွေ ရင်ထဲ မျိုးချစ်စိတ်ပါ တွဲပြီး အင်စတောလ်လုပ်ရမယ်၊
အနည်းဆုံး နိုင်ငံတော် သီချင်းတော့ ပါးစပ်ထဲ ရောက်သွားစေရမယ်၊
အဲ..နောက်မှ စီတီဇင်တွေ အခြေအနေ အရ ကွဲကုန်တာတော့ သင်တန်းနဲ့ မဆိုင်လှဘူး။ ။
“စုန္ဒဝက်ကုန်သည်” နှင့် “မဟာဓမ္မိကဥပါသကာ”
လောကချမ်းသာဆရာတော် မြန်မာပြည်သို့ ခေတ္တ ကြွရောက်နေ၍ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက် စနေနေ့ ‘လောကချမ်းသာ ၅-မိနစ်တရားတော်’ကို ဆရာတော် အရှင်စက္ကိန္ဒက ဟောကြားရာ - သဒ္ဓါတရားရှိသူ၊ ဝိပဿနာကို ဥဒယဗ္ဗယဉာဏ်ထိ အားထုတ် ပြီးပြည့်စုံသူတို့အတွက် အချိန်နှင့်အမျှ ဆက်လက် ပွားများ အားထုတ်နေပါက မဂ်ဖိုလ်သို့ အမှန်ပင် ဆိုက်ရောက်မည်ဖြစ်ကြောင်း ပုဂ္ဂလပညတ်အဋ္ဌကထာလာ အားတက် မှတ်သားဖွယ်ရာဖြင့် တိုက်တွန်းသွား၏။
ယုံကြည်အားပြည့်၊ ဖြစ်ပျက်မိ၊ မြင်သိနေပါမူ။
(စားစဉ်ဘောဇဉ်)၊ သွားစဉ်ရပ်စဉ်၊ ထိုင်လျောင်းစဉ်၊ ဘယ်ချိန်မဆို ရှိပါစေ။
ရှုမှတ်သူမှာ၊ မဂ်ဖိုလ်ဟာ၊ မှန်စွာ ဖြစ်နိုင်ပေ။

+++++
မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် ဆရာတော် အရှင်စက္ကိန္ဒက ဓမ္မပဒ၊ ယမကဝဂ်၊ ဂါထာ ၁၅ - စုန္ဒဝက်ကုန်သည်အကြောင်း သင်ကြား ပို့ချပေး၏။
‘စုန္ဒဝက်ကုန်သည်’သည် နှစ်ပေါင်း ၅၀ ကျော် ဝက်တို့ကို သတ်ဖြတ် ရောင်းချ အသက်မွေးခဲ့၏။ မသေမီ ၇-ရက်တို့ပတ်လုံး ထိုမကောင်းမှုတို့၏အကျိုးကို သူကိုယ်တိုင် ပင်ပန်း ဆင်းရဲကြီးစွာ ခံစားသွားရလေသည်။
(၁၅)
သည်ဘဝမှာ စိုးရိမ်ရ။
နောင်ဘဝမှာ စိုးရိမ်ရ။
နှစ်ဘဝလုံး စိုးရိမ်ရ။
ကိုယ့်လုပ်ငန်းယုတ် သိမြင်က
သူယုတ်မာသည် စိုးရိမ်ရ။
ပင်ပန်း ဆင်းရဲ အမြဲပါ့။
(မင်းသုဝဏ်)


+++++
မွန်းလွဲ ၄ နာရီ ၁၅ မိနစ်တွင် ဆရာတော် အရှင်ဝဏ္ဏိတက အဘိဓမ္မာ၊ ပကိဏ်းပိုင်း၊ ဝေဒနာသင်္ဂဟ, ဟေတုသင်္ဂဟ, ကိစ္စသင်္ဂဟတို့ကို ပို့ချ သင်ကြားပေး၏။


+++++
ညနေ ၆ နာရီ၊ လောကချမ်းသာ ဆည်းဆာတရားပွဲတွင် ဆရာတော် အရှင်စက္ကိန္ဒကပင် ဓမ္မပဒ၊ ယမကဝဂ်၊ ဂါထာ ၁၆ လာ ကောင်းမှုတို့၏ ကောင်းကျိုးကို ယခုဘဝ နောင်ဘဝ ပြုံးရွှင်စွာ ခံစားရသော မဟာဓမ္မိကဥပါသကာအကြောင်း ဓမ္မဒါနပြု ဟောကြား၏။
(၁၆)
သည်ဘဝမှာ ဝမ်းမြောက်ရ။
နောင်ဘဝမှာ ဝမ်းမြောက်ရ။
နှစ်ဘဝလုံး ဝမ်းမြောက်ရ။
ကိုယ့်လုပ်ငန်းမြတ် သိမြင်က
သူတော်ကောင်းသည် ဝမ်းမြောက်ရ။
နှစ်လိုအားရ အမြဲပါ့။
(မင်းသုဝဏ်)

တရားပွဲပြီးသော် တစ်နေ့တာ ကုသိုလ်အစုအပေါင်းတို့၏ အဖို့ဘာဂကို အမျှပေးဝေကြ၏။
သာဓု ... သာဓု ... သာဓု။
Read more...Sayadaw U Ottamasara's oversea trip schedule 2012
24/2/2012 - 29/3/2012 in Penang,
(Address: Bodhi Heart Sanctuary, 677-G, Jalan Mt Erskine, 10470 Tanjung Tokong, Penang)
01/3/2012 - 02/3/2012 in KL,
(Address: Chempeka Buddhist Lodge _No.60. Jalan SS23/25, Taman Sea Petaling Jaya 47400, Kuala Lumpur).
09/3/2012 - 20/3/2012 in Singapore,
20/3/2012 - 22/3/2012 in KL
(Address: Blk A, 31st floor, Unit 02 (A-31-02), Suasana Sentral Condominium, KL Sentral Station_Brick fields.)
(Note: Sayadaw's trip schedule may be slightly changed according to the situation. If any changes, we will let you know about it.)
For more enquires,
email: soewinhtut1977@gmail.com
mtsm45@gmail.com
(6) 016 638 7439
ဘ၀တစ်သက်တာ ဆောင်ရန် – ရှောင်ရန် (အနတ္တအဆုံးအမများ အပိုင်း ၁)
ပျော်ရွှင်အေးချမ်းသောဘ၀ တည်ဆောက်နိုင်ရေး
ဘ၀တစ်သက်တာ ဆောင်ရန် – ရှောင်ရန်
(အနတ္တအဆုံးအမများ အပိုင်း ၁)
ဦးဥတ္တမသာရ (သဘာဝတရားရိပ်သာ-သန်လျင်)
အဓိက ထားရမှာ နဲ့ မထားရမှာ
- လုပ်သင့်တာကိုလုပ်နိုင်ဖို့ကို
လုပ်ချင်တာ(မလုပ်ချင်တာ)ကို အဓိကမထားနဲ့။
-ဖြစ်သင့်တာ ဖြစ်ဖို့ကိုသာ အဓိကထား၊
ဖြစ်ချင်တာ(မဖြစ်ချင်တာ) ကို အဓိကမထားနဲ့။
သိသင့်တာသိဖို့ကိုသာ အဓိကထား၊
သိချင်တာ(မသိချင်တာ)ကို အဓိကမထားနဲ့။
- အိတ်ထဲမှာ ပိုက်ဆံရှိတာ၊ မရှိတာထက်၊
စိတ်ထဲမှာ ပိုက်ဆံရှိမနေဖို့ကို အဓိကထားပါ။
- ကိုယ်ခန္ဓာမှာ ရောဂါရှိတာ မရှိတာထက်၊
စိတ်ထဲမှာ ရောဂါရှိမနေဖို့ကို အဓိကထားပါ။
ကံတူ အကျိုးပေး
-ပြုလုပ်သည့်အတိုင်းပင် အကျိုး ဖြစ်သည်။
-သတ်ဖြတ်ခြင်း၏အကျိုးသည် သတ်ဖြတ်ခံရခြင်း ဖြစ်သည်။
-ကဲ့ရဲ့ခြင်း၏အကျိုးသည် ကဲ့ရဲ့ခံရခြင်းဖြစ်သည်။
-အမျက်ထွက်ခြင်း၏ အကျိုးသည် အမျက်ထွက် ခံရခြင်းဖြစ်သည်။
-မည်သူ့ကိုမျှ ကြမ်းတမ်းသည့်စကားကိုမဆိုပါနှင်
ကြမ်းတမ်းသည့်စကားကိုဆိုလျှင်ထိ
-ခိုက်ရန်စကားကြောင့်ဒုက္ခပွားမျ
-သူတစ်ပါးကို ဒဏ်ပြုလျှင် သင်လည်းဒဏ်ပြန်ခံရလိမ့်မည်။
-မကောင်းမှုသည် လတ်ဆတ်သောနို့ကဲ့သို့ လျင်မြန်စွာ ဖောက်ပြန်ပြောင်းလဲမသွားပေ၊
ပြာဖုံးထားသောမီးခဲကဲ့သို့ တငွေ့ငွေ့လောင်ကျွမ်းလျှက်
လူမိုက်၏နောက်သို့ အစဉ်လိုက်လေသည်။
-အကျိုးမဲ့အချည်းနှီးဖြစ်သော စကားအခွန်း တစ်ထောင် နာကြားရသည်ထက်ငြိမ်းချမ်းမှုကို
အကျိုးရှိသောစကားတစ်ခွန်းက သာ၍မြတ်၏။
-၀ါဒငြင်းခုန်ခြင်းကိုပြုလုပ်သြ
စင်ကြယ်မှုမဖြစ်နိုင်ပေ၊ မာန်မာနပွားများခြင်း၏
အကျိုးကျေးဇူးသာလျှင် အဖတ်တင်သည်။
-တစ်ယောက်ကိုတစ်ယောက် လူမိုက်လူအ ဟူ၍
ပြောဆိုနေကြသူတို့သည် လူတော်လူကောင်းမဟုတ်ကြပေ၊ အကြောင်းမူကား သူတို့သည်
မိမိ၏အယူဝါဒကိုသာလျှင် အမှန်ဟုယူဆကြ၍သူတစ်ပါးတို့ကိုမူ လူမိုက်လူအဟု ထင်မှတ်ကြ
သောကြောင့် ဖြစ်သည်။
စွမ်းရည်သတ္တိကို အဓိကထား
-အကယ်၍ တစ်စုံတစ်ယောက်သောသူသည် လုံ့လ
ရှိသူ လမ်းကောင်းလမ်းမှန်သို့သွားသူ ဇွဲရှိသူ မိတ်ဆွေမျိုးကို တွေ့ရလျှင် ဒုက္ခဟူသမျှ အနှောင့်
အယှက်ဟူသမျှကို တွေ့ကြုံခံစားရသော်လည်း ထိုမိတ်ဆွေနှင့် အတူတကွ နေသင့်သည်။
ကြည့်တဲ့အတိုင်း မြင်တယ်
-လောက၌ အကဲ့ရဲ့လွတ်သောသူဟူ၍ မရှိ၊ ချီးမွမ်း စရာ တစ်ကွက်မျှမရှိသောသူ ကဲ့ရဲ့စရာတစ်ကွက်
မျှ မရှိသောသူဟူ၍ ရှေးကလည်းမရှိခဲ့ နောင်သော အခါလည်း ရှိလိမ့်မည်မဟုတ်၊ ယခုလည်းမရှိ။
-အချို့သောသူတို့က မြတ်၏ဟု အထင်ရှိသော
တရားကိုပင် အချို့သောသူတို့က ယုတ်၏ဟု အထင်ရှိကြသည်။
ပုဂ္ဂိုလ်အားလုံးသည် ကိုယ့် ငါးချဉ် ကိုယ်ချဉ်တတ်ကြသည်ဖြစ်ရာ ယင်းတို့၏
ဝါဒအနက် အဘယ်ဝါဒသည် မှန်ကန်သင့်လျော် သည်ဟု ပြောမည်နည်း။
မှန်သောအဓိကထားခြင်း
-ဘယ်သူဘယ်ဝါဆိုတာထက် ဘာလုပ်သလဲ ဆိုတာကို ပိုအဓိကထားပါ၊
-ဖြစ်တဲ့အကျိုးထက် ပြုလုပ်တဲ့အကြောင်းကို ပိုအဓိကထားပါ။
-ဖြစ်တာ မဖြစ်တာ၊ လုပ်တာ မလုပ်တာ၊ သိတာ၊ မသိတာတွေကို အဓိကထားမှုကြောင့် လုပ်ချင် - မလုပ်ချင်၊ ဖြစ်ချင်မဖြစ်ချင်၊ သိချင်မသိချင်ဆိုတဲ့ လိုအင်ဆန္ဒတွေ မဆုံးနိုင်အောင်ဖြစ်ရတယ်၊
အဟုတ်ထင်-ငြိတွယ်-အဓိကထားမှုကို
-ဟိုဟာလုပ်ချင်၊ဒီဟာလုပ်ချင်ဆို
ရဲ့ သေးသိမ်တဲ့လိုအင်ဆန္ဒနဲ့ ပတ်သက်နေတယ်။
-နာမည်ကို အဓိကထားရင် နာမည်ခံပဲဖြစ်မယ်၊
အလုပ်နဲ့ စွမ်းဆောင်ရည်ကို အဓိကထားမှ
အမှန်အကန်ဖြစ်မယ်။
-စကားကို အဓိကထားတာ၊ စိတ်ကို အဓိကထား တာထက် တရားနားလည်ဖို့ကို အဓိကထားမှ မှန်တယ်။
-အပူဇော်ခံရတာမခံရတာထက် အပူဇော်ခံထိုက်တဲ့ စွမ်းရည်သတ္တိရှိဖို့က ပိုအရေးကြီးတယ်။
-လာဘ်လာဘပေါတာ မပေါတာထက် အလှူခံယူ ထိုက်တဲ့ စွမ်းရည်သတ္တိရှိဖို့က ပိုအရေးကြီးတယ်။
-သူများကြည်ညိုတာ မကြည်ညိုတာထက်အကြည် ညိုခံထိုက်တဲ့ စွမ်းရည်သတ္တိရှိဖို့က ပိုအရေးကြီးတယ်။
-အသုံးပြုတဲ့နည်းလမ်းတွေ၊ အချိန်ကာလ၊ နေရာ
ဒေသတွေ၊ တွေ့ကြုံတဲ့ အတွေ့အကြုံတွေကိုအဓိက
ထားမှုကိုစွန့်ပြီး ကြိုးပမ်းအားထုတ်မှုကိုသာ အဓိကထားပါ။
(သန်လျင်သဘာဝရိပ်သာ ဆရာတော် ဦးဥတ္တမသာရ ၏ အနတ္တအဆုံးအမများ ၃-၂၀၁၁၊ ၄-၂၀၁၁ ကို အပိုင်းခွဲလျှက် တင်ပြထားခြင်းဖြစ်ပါသည်။ ဆက်လက်ဖော်ပြပါမည်။)
ပညာ အမိုး၊ သမာဓိ အခင်း၊ သီလ အကာ
သဘာဝတရားရဲ့ သဘာဝတရားရိပ်သာ။
အနတ္တ (၂)
(၃) ရက်တရားစခန်းဖွင့်မည်။
ဖေဖော်ဝါရီ ၂၄-၂၅-၂၆ ရက်၊ မတ်လ ၂-၃-၄ နေ့များတွင် ၂ ညအိပ် ၃ ရက် စခန်းများ ဖွင့်လှစ်သွားမည်ဟု သတင်းရရှိပါသည်။
( ရုံးသူ ၊ရုံးသားများအတွက် တရား ၀င်နိုင်အောင် စီစဉ်ပေးခြင်းဖြစ်သည်ဟု သိရပါသည်။ )
မွေးနေ့
သမိုင်း၏တရားခံ အခန်း(၂) ရေးသားသူ-ဆရာတော် ၀ီရသူ(မစိုးရိမ်)
အချို့က အလှည့်ကျ၍၊ အချို့က စီးပွားရေးတွက်ခြေကိုက်၍၊ အချို့က ဗိုလ်ကျစိုးမိုးချင်၍ ဖြစ်လေသည်။
သာသနာအတွက် အလုပ်လုပ်ရာ၌ လုပ်ပိုင်ခွင့်ရလို၍ ဝင်ကြသည့် ဆရာတော်များလည်း ရှိပါသည်။
မင်းကွန်းဆရာတော်ကြီးတို့လို အမှန်တကယ်ဖြူစင်သည့် ဆရာတော်ကြီးများ ဖြစ်၏။
သာသနာပြုမည်လော၊ ဖျက်မည်လော၊
ဆန္ဒမဲဖြင့် ဆုံးဖြတ်သည့်နေရာမျိုး၌ အတ္တသမားများက အနိုင်ရရှိသွားခြင်း၊လွှမ်းမိုးသွားခြင်းတို့ကများပါသည်။
အချို့ အရည်အချင်းရှိ၍ ရွေးကောက်တင်မြှောက်ခြင်းခရသူများရှိသလို၊
အချို့ဆိုင်ရာ အဖွဲ့အစည်း အဆင့်ဆင့်သို့ လာဘ်ပေး၍ ဝင်ရောက်ခဲ့ကြသူများလည်း ရှိလေသည်။ မဟနအဖွဲ့သို့ဝင်ဖို့ မန္တလေးတိုင်း၊မြို့နယ်တစ်ခု ဆရာတော်ကြီးတစ်ပါးက ငွေ(၁၀)သိန်း အကုန်အကျခံ လာဘ်ထိုးကြောင်း၊ (၁)နှစ်တည်းနှင့် အရင်းကျေသည်ဟု ပြောကြောင်း၊
ဗုဒ္ဓဘာသာ ၀င်တိုင်းသိသင့်တဲ့..ဘာသာရေးဆိုင်ရာ သိမှတ်ဖွယ်ရာများ
၂။ ကောဏဂုံမြတ်စွာဘုရား
၃။ ကဿပမြတ်စွာဘုရား
၎။ ဂေါတမမြတ်စွာဘုရား
၅။ အရိမေတ္တေယျမြတ်စွာဘုရား (နောင်ပွင့်တော်မှုမည်)
၂။ ပဋိပတ္တိ သာသနာ = တရားတော်နှင့်အညီကျင့်ခြင်း
၃။ ပဋိဝေဒ သာသနာ = ထိုးထွင်းသိမြင်ခြင်း
မြတ်စွာဘုရား၏ မယ်တော်အမည် = မယ်တော်မာယာ
မြတ်စွာဘုရား၏ မွေးဖွားရာဇာတိ = ကပ္ပိလ၀တ်
မြတ်စွာဘုရား၏ ငယ်နာမည် = သိဒ္ဓတ္ဘမင်းသား
မြတ်စွာဘုရား၏ ကြင်ယာတော် = ယသော်ဓရာ
မြတ်စွာဘုရား၏ သားတော် = ရာဟုလာ
မြတ်စွာဘုရား၏ ဖွားဖက်တော်ခုနှစ်ယောက်= မောင်စံ၊ ခန္ဓိကမြင်း၊ ကာဠုဒါရီအမတ်၊
၂။ ဘုရားအဖြစ်ရောက်တော်မူသောနေရာ
၃။ ဓမ္မစကြာတရားဦးဟောတော်မူသောနေရာ
၎။ ပရိနိဗ္ဗာန်ပြုသောနေရာ
၂။ ဗောဓိပင်၏ မြောက်ဘက် ၁၀ လံကွာဌာန အနိမိသအရပ်
၃။ ဗောဓိပင်နှင့် အနိမိသအကြားနှစ်လံကွာဌာန ရတနာစင်္ကြံ
၎။ ဗောဓိပင်၏ အနောက်မြောက် ၁၅ လံကွာ ရတနာဃရရွှေအိမ်
၅။ ဗောဓိပင်၏ အရှေ့ ၃၂ လံကွာ အဇပါလ ဆိတ်ကျောင်းညောင်ပင်
၆။ ဗောဓိပင်၏ အရှေ့တောင် ၁၅ လံကွာ မုစလိန္ဒာအိုင်ဝယ် နဂါးပါးပြင်းအောက်ဌာန
၇။ ဗောဓိပင်၏ တောင်ဘက် ၁၁ လံကွာ လင်းလွန်းပင်အရပ်
၂။ သမ္မာသမ္ဗုဒ္ဓေါ = အလုံးစုံသောတရားအပေါင်းကိုသြိ
၃။ ၀ိဇ္ဇာစရဏသမ္ပန္နော = ၀ိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါး၊ စရဏတရား ၁၅ပါး တို့နှင့်
၎။ သုဂတော = ကောင်းသောစကားကိုသာဆိုတော်မူသော
၅။ လောက၀ီဒူ = လောကသုံးပါးကိုသိတော်မူအပ်သောဂု
၆။ အနုတ္တရော ပုရိသ ဓမ္မသာရထိ= မယဉ်ကျေးသော လူနတ်ဗြဟ္မာသတ္တ၀ါတို့ကို
ရ။ သတ္ထာဒေ၀မနုဿာနံ = နတ်လူတို့၏ ဆရာဖြစ်သောမူသောဂုဏ်။
၈။ ဗုဒ္ဓေါ
၉။ ဘဂ၀ါ
၂။ သန္ဒိဌိကော
၃။ အကာလိကော
၎။ ဧဟိပဿိကော
၅။ သြပနေယျိကော
၆။ ပစ္စတ္တံဝေဒိတဗ္ဗောဝိညူဟိ
၂။ ဥဇုပ္ပဋိပန္နော = သိက္ခာကျင့်ဝတ်တို့ကို ဖြောင့်မတ်စွာကျင့်သောဂုဏ်။
၃။ ဥာယပ္ပဋိပန္နော = နိဗ္ဗာန်၏ အကျိုးငှာ ကျင့်တော်မူသောဂုဏ်။
၎။ သာမိစိပ္ပဋိပန္နော = အရိုအသေပြုထိုက်အောင် သိက္ခာတို့ကိုရိုသေထိုက်သောဂုဏ်။
၅။ အာဟုနေယျော = အဝေးမှဆောင်၍ သီလ၀န္တတို့အား လှူအပ်သော ပစ္စည်းကို
၆။ ပါဟုနေယျော = ချစ်ခင်နှစ်လိုအပ်သောဧည့်သည်တို
ရ။ ဒက္ခိနေယျော = တမလွန်လောကကို ယုံကြည်၍ပေးအပ်သော မြတ်သော
အလွဴကိုခံေ
၈။ အဉ္ဇလီကရဏီယျော = ကောင်းမူကိုအလိုရှိသူတို့ လက်အုပ်ချီ၍ ရှိခိုးခြင်းငှာ
၉။ အနုတ္တရံပုညခေတ္တံ = ကောင်းမူတည်းဟူသော မျိုးစေ့တို့၏ စိုက်ပျိုးရာ
၂။ ဥာဏ် (မျက်စိ)ကြည်လင်ခြင်း
၂။ ၀ဏ္ဏ = အဆင်းလှခြင်း
၃။ သုခ = ချမ်းသာကြီးခြင်း
၎။ ဗလ = ခွန်အားကြီးခြင်း
၅။ ပရိဘာန = ဥာဏ်ပညာကြီးခြင်း
၂။ ခန္ဒာကိုယ်သန့်ရှင်းစင်ကြယ်စေသည်
၃။ ခံတွင်းအနံ မွှေးကြည်စေသည်။
၂။ ဂုဏ်သတင်းကျော်ကြားနိုင်သည်။
၃။ တင့်တင့်တယ်တယ်နေနိုင်သည်။
၎။ မတွေမဝေဘဲသေရမည်။
၅။ သေပြီးနောက် ကောင်းသောဘ၀ရောက်နိုင်သည်။
၂။ ကြားဖူးသော တရားကောင်းကို အဖန်တလဲလဲ မှတ်မိအောင်နာကြားရခြင်း။
၃။ ယုံမှားသံသယကို ဖျောက်နိုင်ခြင်း။
၎။ အယူဝါဒကို ဖြောင့်မတ်စွာ ယူနိုင်ခြင်း။
၅။ သဒ္ဓါယုံကြည်သောစိတ်တိုးပွားစြေ
၂။ ချမ်းသာစွာနိုးရသည်။
၃။ မကောင်းသောအိမ်မက်မမြင်
၎။ လူနတ်ချစ်သနားသည်။
၅။ ဘေးလွတ်အောင်နတ်တို့စောင်မသည်။
၆။ မီးမလောင်နိုင်
၇။ ဓားလက်နက်မထိနိုင်
၈။ အဆိပ်နှင့်မသေနိုင်
၉။ မကောင်းသောစိတ်ပျောက်သည်။
၁၀။ မျက်နှာအဆင်းလှသည်။
၁၁။ မတွေဝေဘဲသေ၍ ဗြမ္မာပြည်သို့ရောက်သည်။
၂။ ရန်ငြိမ်းခြင်း။
၃။ အပြစ်နည်းခြင်း။
၎။ မတွေမဝေသေရခြင်း။
၅။ သုဂတိဘ၀သို့လားရခြင်း။
၂။ သတ္တန္တရကပ် = လက်နက်ဘေးကြောင့် ပျက်စီးသောကပ်
၃။ ရောဂန္တရကပ် = ရောဂါဘေးကြောင့် ပျက်စီးသောကပ်
၂။ တိရစ္ဆာန်
၃။ ပြိတ္တာ
၎။ အသညဇော = ခန္ဓာကိုယ်တစ်ပါးသာရှိ၍ အသက်နာမ်မရှိသော ဗြဟ္မာဘုံ
၅။ ပစ္စန္တရော = ရတနာသုံးပါး မသိ၊ မရှိသော တောချုံ အုံခြားအရပ်
၆။ မိစ္ဆာဒိဌိ
၇။ ၀ိကလိနြ္ဒိယ
၈။ ဗုဒ္ဓသုညော တိဟေတုကော = အသိအလိမ္မာနှင့်ပြည့်စုံသော်လည်း ဘုရားပွင့်သော
၂။ ဒိဌိဝိပတ္တိ = အယူပျက်ခြင်း
၃။ အာစာရ၀ိပတ္တိ = အကျင့်ပျက်ခြင်း
၎။ အာဇီ၀၀ိပတ္တိ = အသက်မွေးမှုပျက်ခြင်း
၂။ ဘောဂဗျသန = ရာထူးဂုဏ်သိမ် စည်းစိမ်ဥစ္စာလျောကျပျက်စီးခြင်း
၃။ ရောဂဗျသန = အနာရောဂါ နှိပ်စက်ပျက်စီးခြင်း
၎။ သီလဗျသန = အကျင့်သီလပျက်စီးခြင်း
၅။ ဒိဌိဗျသန = အယူဝါဒ လွဲမှားပျက်စီးခြင်း
၂။ ပစ္စုပ္ပါန် = လက်ရှိကာလ
၃။ အနာဂတ် = နောင်ကာလ
၂။ သုရာဓုတ္တ = သေသောက်ကြူးခြင်း
၃။ အက္ခဓုတ္တ = လောင်းကစားခြင်း
၂။ ၀စီကံ
၃။ မနောကံ
၂။ သဒ္ဒါရုံ
၃။ ဂန္ဓာရုံ
၎။ ရသာရုံ
၅။ ဖောဌဗ္ဗရုံ
၆။ ဓမ္မာရုံ
၂။ သင်္ခါရလောက = ဖြစ်ပျက်ပြုပြင်လောက
၃။ သြကာသလောက = ရှိရှိသမျှလူသတ္တ၀ါအားလုံးရှိသော
၂။ ဂတိသမ္ပတ = လူ့ဘ၀နတ်ဘ၀ကဲ့သို့ ကောင်းသောဂတိနှင့် ကြုံတွေ့ရခြင်း။
၃။ ဥပဓိသမ္ပတ = ခြေလက်အင်္ဂါညီညာပြည့်စုံခြင်း၊ ရုပ်ရည်ရူပကာတင့်တယ်ခြင်း။
၎။ ပယောဂသမ္ပတ = ကာယကံ၊ ၀စီကံ၊ မနောကံ ကံသုံးပါးဖြူစင်ကောင်းမွန်ခြင်း
၂။ အာရက္ခသမ္ပဒါ
၃။ ကလျာဏမိတ္တသမ္ပဒါ = မိတ်ဆွေကောင်းရှိမှု
၎။ သမဇီဝိတသမ္ပဒါ
၎။ သညာက္ခန္ဓာ ၅။ ၀ိညာဏက္ခန္ဓာ
၂။ ဒဏ္ခုဥပါယ် = ထောင်ချခြင်း၊ အချုပ်ချခြင်းစသော ဒဏ်ခတ်သည့်နည်းလမ်း။
၃။ သာမဥပါယ် = ရင်းနှီးအောင်ပေါင်းသင်းဆက်ဆြံ
ပြောဆိုစည်းရုံးခြင်းနည်းလမ်း။
၎။ ဒါနဥပါယ် = ပေးကမ်းခြင်းနည်းလမ်း။
ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ..ရွှေဝန်းရတနာ..(၁၄.၂.၁၂)အင်္ဂါနေ့
Email..ashinvimala2009@gmail.com...
ချစ်တတ်ပါရဲ့လား ရဟန်းများ
ချစ်ပြီဆို
ဝတ်ကြီး ၀တ်ငယ်
အသွယ်သွယ်နှင့်
နှလုံးသွင်းမှု
ကမ္မဌာန်းရှု့
ပရိယတ်စာပေ
ရွတ်အံနေ
နေ့စဉ်ကြိုးကုတ်
ဤသုံးလုပ်
ကိုယ့်ကိုယ်ကိုချစ်
ရဟန်းကောင်းဖြစ်
ပစ္စုပ်သံသရာ
အေးစေသော် .....။
Don't Sleep There Are Snakes
People find their faith or lose it (or lose their reason and then find it, as a friend of mine prefers to say) for a wide variety of reasons. The linguist Daniel Everett spent years in the Amazonian jungles trying to share his faith with the Piraha Indians. But in a strange reversal of expectations the simple, practical and content Indians caused Everett to abandon his faith. In his book Everett tells how this happened and articulately explains how one view of reality can be just as valid and just as satisfying, as another. The Piraha were able to accept Everett despite him having a different faith. But when Everett announced to his family that he had lost his faith, he lost them also. It’s a very interesting story.http://www.youtube.com/watch?v=dg84mFeIsLQ&feature=related
ခွင့်လွှတ်ပါတယ်
ဦးစန်းမြင့် (USA) မွေးနေ့အလှူပွဲ










သာသနာတော်နှစ် ၂၅၅၅ခု ကောဇာသက္ကရာဇ် ၁၃၇၃ ခု တပိုတွဲလပြည့်ကျော် (၇) ရက် အင်္ဂါနေ့ ၁၄.၂.၂၀၁၂အရုဏ် ကြက်သားကြာဇံချက်ဆွမ်း ကပ်လှူခြင်းနှင့် ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင်
ဦးစန်းမြင့် (USA) မွေးနေ့အလှူပွဲဖြစ်ပါသည်။
သံဃာတော်များနေ့ဆွမ်းဘုန်းပေးသုံးဆောင်နိုင်ရန်အတွက်
ဆွမ်း
ကြက်သားဟင်း
ကုလားပဲနှပ်
သရက်ချဉ်
ပါလချောင်ကြော်
စသည့်ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါသည်။
ယနေ့ ဦးစန်းမြင့် မွေးနေ့ အလှူကုသိုလ်ပြုပွဲမှာ သံဃာတော်များအား အရုဏ်ဆွမ်း+နေ့ဆွမ်းများကပ်လှူပေးသော
ကုသိုလ်ကောင်းမှုကံစေတနာသည် ရန်သူမျိုးငါးပါး မဖျက်စီးနိုင်သော ကုသိုလ်ကောင်းမှုကံဖြစ်ပါသည်။
ယနေ့ ဦးစန်းမြင့် လှူဒါန်းလိုက်သော ဆွမ်းတည်းဟူသော ကောင်းမှုကံစေတနာ တို့ကြောင့် ယနေ့မှစ၍
ကိုယ်စိတ်နှစ်ဖျာ ကျန်းမာ၊ချမ်းသာ စွာဖြင့် အစစအရာရာအဆင်ပြေအောင်မြင်ပြည့်စုံ၍ ဘာသာသာသနာအကျိုး
လောကကောင်းကျိုးများ သယ်ပိုးဆောင်ရွက်ပါစေရန် ဆွမ်းလောင်းအသင်းမှဆုတောင်းမေတ္တာပို့သလိုက်ပါသည်။
အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ...








