Tuesday, December 15, 2009
ဓမ္မောသဓတရားအကျိုးဆောင်
အထက်ပါ ဓာတ်ပုံသည် မွေးနေ့အလှူရှင်များဖြစ်ပါသည်။
မအူပင်မြို့၊ဘုရားလမ်းရှိတရားတော် CD /VCD/DVD တိတ်ခွေနှင့်ဘာသာရေး စာအုပ်များ အခမဲ့ငှားသော
ဓမ္မောသဓ အကျိုးဆောင်အဖွဲ့၏ စေတနာနှင့်ရည်ရွယ်ချက်များ-----
(၁) မိမိထံရှိ တရားခွေနှင့်တရားစာအုပ်များကို မိမိတစ်ဦးတည်းနာယူ၊ဖတ်ကြား၊ သိမ်းဆည်း
ထားခြင်းထက် သူတစ်ပါးဖတ်ကြားနိုင်ရန် လှူဒါန်းခြင်းဖြင့်အခြားသူများလည်းနာယူ၊ ဖတ်ကြား ၊ အသိဥာဏ်တိုးပွားစေလိုခြင်း။
ကုသိုလ်တရားတိုးပွားစေလိုခြင်းအယူ/အမြင်စင်ကြယ်စေလိုခြင်း။
(၂) သူတစ်ပါးထံမှ တရားခွေ၊တရားစာအုပ်များ ကိုလည်းမိမိမှအခမဲ့ နာယူ၊ဖတ်ကြားနိုင်ခြင်း
(အပြန်အလှန် အလဲ၊အလှယ်ပြုလုပ်ရာရောက်ခြင်း)
(၃) တရားခွေ၊တရားစာအုပ်များဝယ်ယူရန်ငွေကြေး အခက်အခဲရှိသူများအတွက်လည်း
အဆင်ပြေစွာအခက်အခဲမရှိ အခမဲ့ငှားနိုင်ခြင်း၊တရားတော်အလှူတော် ဖြစ်ခြင်း၊ အမြတ်ဆုံး အလှူတော်ဖြစ်နေခြင်း၊ လှူဖြစ်ခဲသော အလှူမျိုးဖြစ်ခြင်း၊ ထာဝရအလှူဖြစ် နေခြင်း။
(၄) ထေရ၀ါဒ ဗုဒ္ဓသာသနာတော်ကြီး စည်ပင်ပြန့်ပွား၍ အရှည်တည်တံ့ခိုင်ခံ့အောင်
တတ်စွမ်းသမျှသောအင်အားဖြင့်ကြောင်းကျိုးညီညွတ်မျှတအောင်ဆောင်ရွတ်
ပေးလိုခြင်း။
(၅) တရားတော်နှင့်ပတ်သက်သမျှသောအသံတော်တရားခွေ၊စာအုပ်၊စာပေများကို
မအူပင်မြို့တစ်နေရာတည်းတွင်ပြည့်စုံနိုင်အမျှပြည့်စုံအောင်ထားရှိပေးခြင်း။
(၆) ဗုဒ္ဓ၏ အဆုံးအမ၊တရားဓမ္မများကို နာယူ၊ဖတ်ကြားကြခြင်းဖြင့်၊ ဓမ္မဗဟုသုတ တိုးပွားစေခြင်း၊ အကုသိုလ်တရားနည်းပါးလာခြင်း၊ကုသိုလ်တရားတိုးပွားလာခြင်း၊ အယူအမြင်
စင်ကြယ်ကာ အသိမှအကျင့်သို့ တတ်လှမ်းနိုင်ရန်အတွက် တစ်ဖတ်တစ်လှမ်းမှ
ကူညီရာ ရောက်စေခြင်း
(၇) သဗ္ဗဒါနံ ဓမ္မဒါနံဇိနာတိ ဟူသည်နှင့်အညီတစ်ဦးခြင်းတက်စွမ်းသမျှဖြင့်၊အားလုံးစုပေါင်း
ကြ၍ တရားအလှူတော်ကြီးပေးကာ(ဓမ္မောသဓ) တရာဆေးတိုက်ကျွေးပြီး၊ သံသရာက
ပါလာသောရောဂါဆွေး၊ရောဂါဟောင်းကြီးဖြစ်သည့် ကိလေသာရောဂါ(စိတ်ရောဂါကို)
ကုသပေးရာရောက်လျှက်ရောဂါကင်းပျောက်နိဗ္ဗာန်ရောက်(ကိလေသာနိရောဓေါနိဗ္ဗာနံ)
ဖြစ်စေရန်ရည်ရွယ်ကြပါသည်။
(လာရောက်လှူဒါန်းနိုင်ပါသည်။ လာရောက်ငှားရမ်းနိုင်ပါသည်။)
သူငါအများတရားကိန်းပါစေ
စာကြည့်တိုက်မှူး
ဓမ္မောသဓတရားအကျိုးဆောင်အဖွဲ့
ဘုရားလမ်း၊မအူပင်မြို့
(၁) ဂီလာနသံဃာတော်နှင့်သီလရှင်ဆရာလေးဆရာကြီးများအား မော်တော်ယာဉ်ဖြင့် ကြိုပို့ဆောင်ရွတ်ပေးနေမှုမှတ်တမ်း
(၂) ဆေးကုသပေးနေမှုမှတ်တမ်း
(၃)ဆေးကုသပေးနေမှုမှတ်တမ်း
(၄)ဆေးကုသပေးနေမှုမှတ်တမ်း
(၅) အလှူရှင်များ၏ပီတိမှတ်တမ်း
(၆)မွေးနေ့ အလှူရှင်များ၏ပီတိမှတ်တမ်း
မှတ်ချက်။ ။ ပေးပို့သူ-- မခင်ဆွေဝင်း(မအူပင်)
Read more...
ဖြစ်သင့်တဲ့လောဘ
ကြီးပွားတိုးတက်ချင်သော ဆန္ဒဖြင့် စီးပွားရေးလုပ်ခြင်းကြောင့် လောဘဖြစ်သည်မှာ မှန်ပေ၏။ သို့သော် လောဘဖြစ်တိုင်း ဒုစရိုက်ဟု ပြောလို့မရပေ။ လောဘသည် ၂-မျိုးရှိပေသည်။ တရားသောလောဘနှင့် မတရားသော လောဘတို့တည်း။ အများအတွက် (မိသားစု၊ ရပ်ရွာ၊ အမျိုး၊ ဘာသာ၊ သာသနာအတွက်) ရည်ရွယ်ပြီး စီးပွားရေးလုပ်ငန်းများ လုပ်လျှင် ``တရားသောလောဘ´´ ဖြစ်၏။ (သေ၀ိတဗ္ဗတဏှာ-ဟုခေါ်၏)။ ဆိုလိုသည်ကား ယင်းလောဘကြောင့် ကုသိုလ်ကောင်းမှုမျး တပွေ့တပိုက်ကြီး ရနိုင်ခြင်းပင်။ ထို့ကြောင့် တရားသော လောဘသည် ဖြစ်သင့်သောလောဘတည်း။
မိမိမှာ ပစ္စည်းဥစ္စာ များများရှိလျှင် စာသင်ကျောင်းပဲ ဆောက်ဆောက်၊ ရေတွင်းရေကန်ပဲ တူးတူး၊ မိဘဆွေမျိုးတွေကိုပဲ ထောက်ပံ့ထောက်ပံ့၊ ဆေးရုံကိုပဲလှူလှူ မိမိကြိုက်သည့်ကုသိုလ်ကို လုပ်နိုင်ပေသည်။ မိမိလုပ်ချင်သည့် ဘာသာရေး လူမှုရေးလုပ်ငန်းမှန်သမျှကိုလည်း လုပ်နိုင်၏။ အူမတောင့်မှ သီလ စောင့်နိုင်သည် မဟုတ်ပါလော။
ကျောင်းဒကာကြီး အနာထပိဏ် ကျောင်းအမကြီး ၀ိသာခါတို့ ကျောင်းတိုက်ကြီးဆောက်လုပ်ပြီး သာသနာပြုနိုင်ခြင်းသည် ဓနဥစ္စာကြွယ်ဝသောကြောင့်ပင်တည်း။ ဘုရင်မင်းမြတ်အနော်ရထာသည်သည် နိုင်ငံတော်ကြီးကို ပြုပြင်ပြောင်းလဲခဲ့၏။ ဘုရားပုထိုးများတည်ခဲ့၏။ ဆည်မြောင်းတာတမံများကို ဆောက်လုပ်၏။ ရှေး အခေါ် ပိဋကတ်တိုက် ၊ ယခုခေတ်အခေါ် စာကြည့်တိုက်များကိုလည်း တည်ဆောက်ခဲ့၏။ ထို့ကြောင့် ``စာကြည့်တိုက်အစ ပိဋကတ်တိုက်က´´ဟုပင် ပြောနိုင်ပါ၏။ ယင်းသို့ တိုင်းကျိုးပြည်ပြုအလုပ်များကို လုပ်နိုင် ခြင်းသည် တန်ခိုးသြဇာ ကြီးမားသောကြောင့်ပင်တည်း။
ယင်းတန်ခိုးသြဇာ၊ ဓနဥစ္စာတို့သည်ကား တန်ဖိုးရှိရှိ အသုံးချတတ်လျှင် နိဗ္ဗာန်ဆိပ်ကူးတံတားပင်တည်း။ ဦးအနာထပိဏ်၊ ဒေါ်ဝိသာခါ၊ ဘုရင်အနော်ရထာတို့ကား တန်ခိုးသြဇာ၊ ဓနဥစ္စာတို့ဖြင့် နတ်ရွာ နိဗ္ဗာန်သို့ တက်လှမ်းသွားကြကုန်ပြီ။ ထို့ကြောင့် တန်ခိုးသြဇာ၊ ဓနဥစ္စာတို့ကို ရရှိအောင် ကြိုးစားသင့်လှပါသည်။ တတ်နိုင်သူများအနေဖြင့် တိုက် ၁-လုံးကနေ တိုက် ၁၀-လုံး ၁၅-လုံးဖြစ်အောင်၊ ကား ၁-စီးကနေ ကား ၁၀-စီး ၁၅-စီးပိုင်အောင် စီးပွားရေးလုပ်ကြစမ်းပါ။ မိမိတို့ ဗုဒ္ဓဘာသာဝင်တစ်ယောက် သန်းပေါင်းများစွာ ချမ်းသာသော သူဋ္ဌေးသူကြွယ်ဖြစ်နေလျှင် မြန်မာလူမျိုးတို့အနေဖြင့် အင်မတန် ဂုဏ်ယူသင့်ပေသည်။
မြွေပွေး၏ ပါးစပ်ထဲသို့ရောက်သွားသည့် မိုးရေစက်သည် အဆိပ်ဖြစ်သွားသော်လည်း မုတ်ကောင်၏ ပါးစပ်ထဲသို့ ရောက်သွားသော မိုးရေစက်သည်ကား ပုလဲဖြစ်သွားပေသည်။ မိုးရေစက်ခြင်းတူသော်လည်း တန်ဖိုးခြင်း မတူတော့။
လောကကြီးသည် ခြွေမှ ရံ၏။ မခြွေလျှင် မရံပေ။ မှန်၏။ တချို့ဆင်းရဲသောဗုဒ္ဓဘာသာဝင်များသည် ဘာသာခြားတို့က ဓနဥစ္စာများဖြင့် ထောက်ပံ့ကြသောကြောင့် ဗုဒ္ဓဘာသာကို ကျောခိုင်းသွားတော့သည်။ အဘယ်သို့ ကာကွယ်မည်နည်း။ တန်ခိုးသြဇာ၊ ဓနဥစ္စာတို့သာရှိလျှင် ယင်းမိသားစုများကို စားနပ်ရိက္ခာ တို့ဖြင့်ထောက်ပံ့ပြီး ဗုဒ္ဓဘာသာဝင်ထဲသို့ရောက်အောင် ပြန်ပြီးစည်းရုံးနိုင်ပေမည်။ ထို့ကြောင့် အရင်းအနှီး တောင့်တင်းသော ဗုဒ္ဓဘာသာဝင်တို့သည် စက်ရုံအလုပ်ရုံ၊ ကုန်တိုက်စသည်များကို တည်ထောင်နိုင်အောင် ကြိုးစားသင့်လှပေသည်။ ဓနဥစ္စာတို့ရှိမှသာလျှင် ကိုယ့်လူမျိုးများကို ထောက်ပံ့နိုင်မည်မဟုတ်ပါလော။
မှတ်ချက်။ ။သီတဂူအရှင်ဒေ၀ိန္ဒာဘိဝံသ၏ ဆောင်းပါးဖြစ်ပါသည်။
သေဖို့ပြင်ဆင်ကြရာတွင်…
ရောဂါတွေနဲ့ နပမ်းလုံးရင်း သေဖို့အတွင် ပြင်ဆင်နေတဲ့ ဒကာမကြီးရဲ့ လျှောက်ထားတာတွေကို နားထောင်ပြီး စိတ်ထဲမှာ မကောင်းလှပါဘူး။ စိတ်ဓာတ်မာတဲ့ ဒကာမကြီး ဖြစ်လို့လည်း တော်သေးတယ်လို့ ဖြေလိုက်ရပါတယ်။ ဒကာမကြီးလည်း သူ့အခြေအနေ သူသိပါတယ်။ ဘာသာရေး လိုက်စားနေတဲ့သူ ဖြစ်လို့လည်း သေခါနီး စိတ်အစဉ်ဟာ အရေးကြီးတယ်ဆိုတာ ဒကာမကြီး ကောင်းကောင်း သဘောပေါက်နေပါတယ်။ ဒါကြောင့် တစ်ခြားအစွဲတွေ မ၀င်နိုင်အောင် သရဏဂုံကို အချိန်မရွေး အာရုံပြု ရွတ်တတ်တဲ့ အကျင့်လုပ်ပေးနေတာလို့ လျှောက်တာဖြစ်မှာပါ။ ဘုန်းဘုန်းအနေနဲ့ ဒကာမကြီးကိုတော့ သတိပေးရပါတယ်။ “ဒကာမကြီးရေ… သရဏဂုံကို အာရုံပြုပြီး အမြဲရွတ်တတ်တဲ့ အကျင့်လုပ်တာ ကောင်းပါတယ်၊ ဒါပေမယ့် ဒီအကျင့်ဟာလည်း သေဖို့အတွက် ပြင်ဆင်ရာမှာ သိပ်တော့စိတ်မချရသေးပါဘူး၊ သေခါနီး ဝေဒနာတွေ သိပ်ပြင်းထန်လာရင် သတိလက်လွတ် ဖြစ်သွားတတ်ပြီး နှုတ်နဲ့စိတ်က သရဏဂုံကို ရွတ်ဖို့၊ အာရုံပြုဖို့ဆိုတာ မလွယ်လှပါဘူး၊ အကောင်းဆုံးကတော့ ဝေဒနာကို ရှုတတ်တဲ့ အကျင့်လုပ်ပေးတာက အကောင်းဆုံးပါ၊ ဝေဒနာကို ရှုတယ်ဆိုတာက ၀ိပဿနာ အလုပ်ကို လုပ်တာကို ပြောတာ၊ ခန္ဓာကိုယ် အမြဲမပြတ် နာနေတဲ့သူ၊ ခံစားမှုဝေဒနာတွေနဲ့ အမြဲမပြတ် နှိပ်စက်နေတဲ့သူအတွက် ဘယ်လိုဝေဒနာပဲရှိရှိ အဲဒီဝေဒနာကို သတိကပ်ပြီး လိုက်သိလိုက်မှတ် ပေးနေဖို့လို့ပါတယ်၊ အဲဒါကို စာလိုပြောတော့ ဝေဒနာနုပဿနာ ရှုတယ်လို့ ခေါ်ပါတယ်၊ ဒီလို ဝေဒနာကို ရှုမှတ်တတ်တဲ့ အကျင့်လုပ်ထားတဲ့သူဟာ ဝေဒနာ ပြင်းလေလေ ရှုမှတ်မှု အမှတ်ကို မလွတ်အောင် ရှုမှတ်တတ်လေလေ ဖြစ်လာပြီး နောက်ဆုံးဝေဒနာကို ခံလာနိုင်တဲ့အထိ သတိကပ် လာတတ်ပါတယ်၊ အဲဒီလို ဝေဒနာကို ခွါနိုင်တဲ့အထိ ၀ိပဿနာ အလုပ်ကို အားထုတ်ထားတဲ့သူ ဖြစ်မှသာ သေခါနီအခါမှာလည်း ဘာဝေဒနာပဲပေါ်ပေါ် ခံနိုင်ရည်ရှိကာ အမှတ်သတိ မပြတ်ရှိနေတတ်ပါတယ်။ မေ့လျော့မှု သတိမလွတ်ပဲ နေတဲ့သူအတွက် သေခါနီးမှာ စိတ်ခံစားမှု အားကောင်းပြီး ဘ၀ကူးလည်း ကောင်းသွားပါလိမ့်မယ်၊ ဒါကြောင့် ဒကာမကြီး အနေနဲ့ သေဖို့ပြင်ဆင်ရာမှာ ၀ိပဿနာ အလုပ်ကို ခရီးရောက်အောင် အားထုတ်ပြီး ပြင်ဆင်တာက ပိုပြီးစိတ်ချရပါတယ်…” လို့ ဒကာမကြီးကို သတိပေး တရားစကား ပြောဖြစ်လိုက်ပါတယ်။ ဒီတော့မှ ဒကာမကြီးက “ဒါဆိုရင် တပည့်တော်အနေနဲ့ လိုပါသေးတယ်၊ ခုချိန်ကစပြီး အရှင်ဘုရား အမိန့်ရှိသလို ဝေဒနာကို ရှုနိုင်အောင် ကြိုးစားမှဖြစ်တော့မယ်“လို့ လျှောက်ပါတယ်။
ဟုတ်ပါတယ်။ သေဖို့ပြင်ဆင်ရာမှာ ၀ိပဿနာ အလုပ်ကို အားထုတ်ပြီး ပြင်ဆင်တာက ပိုကောင်းပါတယ်။ အရင်ဆုံးလိုအပ်တာက အခြေခံဖြစ်တဲ့ ကိုယ်ကျင့်သီလကို လုံခြုံအောင် ကြိုးစားဖို့ပါပဲ။ အရာရာမှာ စိတ်ကအဓိက ကျတယ်လို့ ဆိုတဲ့အတိုင်းပဲ ၀ိပဿနာ အလုပ်လုပ်တာဟာလည်း ဒီစိတ်ကို တစ်ခြားအာရုံတွေနောက် လိုက်မသွားရအောင်၊ စိတ်ကို သန့်ရှင်းနေအောင်၊ သတိမလွတ်တဲ့ စိတ်ဖြစ်အောင် ကြိုးစားကြခြင်း ဖြစ်ပါတယ်။ စာလိုပြောရင် စိတ္တ၀ိသုဒ္ဓိဖြစ်အောင် လုပ်ခြင်းဖြစ်ပါတယ်။ ဒီလို လုပ်တဲ့အခါမှာ ကိုယ်ကျင့်သီလလည်း လုံခြုံပြီး ဖြူစင်စေဖို့လိုပါတယ်။ ဒါကို သီလ၀ိသုဒ္ဓိလို့ ဆိုပါတယ်။ သီလဖြူစင်ခြင်း သီလ၀ိသုဒ္ဓိဖြစ်မှ စိတ်စင်ကြယ်ခြင်း စိတ္တ၀ိသုဒ္ဓိလည်း ဖြစ်ပါတယ်။ စိတ်စင်ကြယ်မှလည်း သမာဓိဖြစ်လွယ်ပြီး သတိကပ်နိုင်မှာ ဖြစ်ပါတယ်။ သတိကပ်နေခြင်းဟာ မမေ့မလျော့ နေခြင်းပါပဲ။ ဗုဒ္ဓက “မေ့လျော့ပေါ့ဆပြီး သတိမရှိဘဲ နေတဲ့သူဟာ သေနေတဲ့သူနဲ့တူပြီး မမေ့မလျော့ဘဲ သတိတရား လက်ကိုင်ထားသူဟာ သေခြင်းကင်းရာ နိဗ္ဗာန်ကို သွားနေသူနဲ့တူကြောင်း“ မိန့်ကြားတော်မူပါတယ်။ ၀ိပဿနာ အလုပ်ကို အားထုတ်ခြင်းဆိုတဲ့ သတိပဋ္ဌာန်အလုပ်ဟာ မမေ့မလျော့အောင် အားထုတ်တဲ့ အလုပ်ဖြစ်ပါတယ်။ ဒီအလုပ်ကို လုပ်ပြီးနေတဲ့သူဟာလည်း မမေ့မလျော့ဘဲ သတိရှိနေတဲ့သူ၊ သေဖို့အတွက် အကောင်းဆုံး ပြင်ဆင်နေတဲ့သူ၊ သေခြင်းကင်းရာ နိဗ္ဗာန်ကို သွားနေတဲ့သူပဲ ဖြစ်ပါတယ်။ ဒါကြောင့် သေခါနီး သတိကောင်းဖို့နဲ့ အခြားအစွဲတွေ မ၀င်ဖို့ သတိပဋ္ဌာန်အလုပ် တစ်ခုခုကို လုပ်နေဖို့လိုကြောင်း ဆိုခြင်းဖြစ်ပါတယ်။
တကယ်တော့ ဘုန်းဘုန်း ဒကာမကြီးဟာ ဝေဒနာတွေနဲ့ အမြဲနပမ်းလုံးနေရတဲ့သူဖြစ်လို့ သတိပဋ္ဌာန်ရှုမှတ်ဖို့ အထင်ရှားဆုံးဖြစ်တဲ့ ဝေဒနာကို ရှုပြီးသေနိုင်အောင် ပြင်ဆင်ဖို့ ပြောကြားခဲ့ပေမယ့် တခြားသူများ အနေနဲ့ကတော့ ကိုယ်နဲ့သင့်လျော်တဲ့ သတိပဋ္ဌာန်ကို အားထုတ်ပြီး ပြင်ဆင်နိုင်ကြပါတယ်။ တစ်ချို့က ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှု ဖြစ်ပျက်မှုစတာတွေကို ရှုမှတ်တဲ့ ကာယာနုပဿနာ သတိပဋ္ဌာန် ပွားများရတာကို အားသန်ပြီး တစ်ချို့ကတော့ ခန္ဓာကိုယ်နဲ့ စိတ်မှာပေါ်လာတတ်တဲ့ ခံစားမှုတွေကို ရှုမှတ်တဲ့ ဝေဒနာနုပဿနာ သတိပဋ္ဌာန် အားထုတ်တာကို ပိုပြီးသဘောကျတတ်ပါတယ်။ တစ်ချို့လည်း စိတ်အစဉ်ကို မလွတ်တမ်းလိုက်ပြီး ရှုမှတ်တဲ့ စိတ္တာနုပဿနာ သတိပဋ္ဌာန် ပွားများမှုကို နှစ်သက်ပြီး တစ်ချို့ကျပြန်တော့ ခန္ဓာငါးပါး၊ ဓာတ်ကြီးလေးပါးစတဲ့ သဘောတရားတွေကို ရှုမှတ်တဲ့ ဓမ္မာနုပဿနာ သတိပဋ္ဌာန် ပွားများရတာကို အားသန်ကြပါတယ်။ ဘယ်လို သတိပဋ္ဌာန်ကိုပဲ သဘောကျကျ ဒီလေးပါးလုံးဟာ အမှတ်သတိ မပြတ်ရှိအောင်၊ သတိတရား လက်ကိုင်ထားနိုင်အောင်၊ ဘာပဲဖြစ်ဖြစ် အရှိအတိုင်း သိနေနိုင်အောင် အားထုတ်စေတဲ့ သတိအထူးပြု သတိပဋ္ဌာန် ၀ိပဿနာ အလုပ်ဖြစ်တဲ့အတွက် ဘယ်အရာကိုပဲ အားသန်သန် အချုပ်က အမှတ်သတိ မပြတ်ရှိနေဖို့ပဲ ဖြစ်ပါတယ်။ ဒီလို သတိတရား၊ အမှတ်တရားနဲ့သာ နေသွားကြမယ်ဆိုရင် သေတဲ့အထိ သတိကောင်းနေသူဖြစ်နေပြီး အသေလည်း ကောင်းသွားမှာ ဖြစ်ပါတယ်။ သေချာတွေးကြည့်လိုက်ရင် သတိပဋ္ဌာန်အလုပ်ကို ကြိုးစားအားထုတ်နေတဲ့ သူတွေဟာ နေတဲ့အခိုက်မှာလည်း အနေကောင်းသူတွေ ဖြစ်နေကြသလို အသေကောင်းအောင် လုပ်နေကြသူတွေလည်း ဖြစ်ပါတယ်။ အသေကောင်းအောင် ပြင်ဆင်နေသူတွေလို့ ဆိုရင်လည်း မမှားပါဘူး။
မှန်ပါတယ်။ လောကသားတွေဟာ နေဖို့အတွက် ကြိုးစားကြသလို သေဖို့အတွက်လည်း ကြိုးစားသင့်ကြပါတယ်။ အနေကောင်းအောင် ပြင်ဆင်ကြသလို အသေကောင်းအောင်လည်း ပြင်ဆင်ကြဖို့ လိုပါတယ်။ နေတဲ့အခိုက်မှာ မတောင့်မတ မကြောင့်မကျ နေနိုင်အောင် အားထုတ်ကြသလို သေတဲ့အခိုက်မှာလည်း မပူမပင် မပင်မပန်း သေနိုင်အောင် အားထုတ်သင့်ကြပါတယ်။ မတောင့်မတ နေနိုင်အောင် ရှာဖွေကြရင်း မကြောင့်မကျ သေနိုင်အောင်လည်း ရှာသင့်ပါတယ်။ ဆိုလိုတာက ဘ၀နေဖို့အတွက် ငွေကြေးပစ္စည်းဥစ္စာ ရအောင်ရှာရင်း နေခြင်းရဲ့နောက် သေခြင်းအတွက်လည်း သတိတရား လက်ကိုင်ထားနိုင်အောင် တရားတစ်ခုခု ရအောင်ရှာသင့်ပါတယ်။ ၀ိပဿနာ အားထုတ်ဖူးတဲ့သူ သတိပဋ္ဌာန်တစ်မျိုးမျိုးကို အထူးပြု အားထုတ်ဖူးသူတွေဟာ အနေကောင်းနေသူတွေဖြစ်ပြီး အသေကောင်းသူတွေဆိုလည်း မမှားပါဘူး။ တရားအားထုတ်ထားတဲ့ သူတစ်ယောက်အဖို့ သာမန်သူတွေ မခံနိုင်တဲ့ အကောင်းအဆိုး လောကဓံတွေကို ကောင်းကောင်းခံနိုင်ရည် ရှိလာကြပါတယ်။ လောကသားတွေ ဒုက္ခရောက်ကြ၊ ပျက်စီးကြတယ်ဆိုတာလည်း ဒီလောကဓံကို မခံနိုင်ကြလို့ပဲ ဖြစ်ပါတယ်။ တရားအားထုတ်ခြင်းဖြင့် လောကဓံကို ခံနိုင်ရည် ရှိနေတဲ့သူဟာ ဘာအခက်အခဲမဆို ခံနိုင်ရည်ရှိနေတဲ့ အနေကောင်းသူတွေ ဖြစ်နေကြပါတယ်။ ဒီအလုပ်ကို အားထုတ်ရင်း ဒီအတိုင်းပဲ အမှတ်သတိ မပြတ်ရှိသွားမယ်ဆိုရင် အသေလည်းကောင်းမှာ သေချာပါတယ်။
ဝိပဿနာအားထုတ် ထားသူဟာ တစ်ခြားသူတွေထက် လောကဓံကို ကောင်းကောင်းခံနိုင်သွားတယ် ဆိုတာကတော့ တရားအားထုတ်ဖူးသူတိုင်း လက်တွေ့သိကြပါတယ်။ ကြုံလာတဲ့ အကောင်းအဆိုးကို တရားနဲ့ဖြေတတ်တဲ့ အကျင့်လေးတွေရှိလာပြီး စိတ်ကိုခဏချင်း သက်သာအောင် လုပ်နိုင်တယ်ဆိုတာ တရားအလုပ် အားထုတ်ဖူးသူတွေ သိကြပါတယ်။ နည်းနည်း အားထုတ်ဖူးသူတွေဟာ နည်းနည်းသိနေရသလို များများ အားထုတ်ထားသူတွေဟာ များများသိနေကြပါတယ်။ အထူးသဖြင့် စိတ်အစဉ်ကို သတိကပ်ပြီး လေ့ကျင့်လာတတ်ကြပါတယ်။ စိတ်ဆိုးတော့မယ်၊ ဒေါသဖြစ်တော့မယ်၊ စိတ်လိုက်မာန်ပါ လုပ်ဖြစ်တော့မယ်ဆိုရင် မဖြစ်ခင် အဲဒီစိတ်လေးကို သိလာပြီး ရှေ့ဆက်မဖြစ်အောင် သတိဆောင်လာ တတ်ကြပါတယ်။ စိတ်အစွဲကို မစွဲခင် ထိန်းသိမ်းလာတတ်ကြပါတယ်။ အရာရာမှာ စိတ်သာအဓိကလို့ ဆိုတဲ့အတိုင်း ဒီစိတ်ကို အချိန်မီ သတိကပ်ပြီး ထိန်းချုပ်လာတတ်ပြီဆိုရင် နေရတာလည်း သက်သောင့်သက်သာ ဖြစ်လာပါတော့တယ်။ စိတ်ထောင်းတော့ကိုယ်ကျေ စိတ်ပျိုတော့ ကိုယ်နုဆိုသလို စိတ်ကို အကုသိုလ်မဖြစ်အောင် အချိန်မီ သတိကပ်နေနိုင်သူဟာ စိတ်အစဉ် နူးညံ့နေပြီး ရုပ်ပါနုပျို လာလေ့ရှိပါတယ်။ ဒါဟာ သတိပဋ္ဌာန်အလုပ် အားထုတ်မှုရဲ့ လက်တွေ့ကျတဲ့ အကျိုးသက်ရောက်မှု ဖြစ်ပါတယ်။ ဒီအကျိုးသက်ရောက်မှုဟာ နေတဲ့အခိုက်မှာသာမဟုတ် သေတဲ့အထိလည်း အထောက်အကူ ဖြစ်စေပါတယ်။ သေခါနီး စိတ်အစဉ်အထိ ကောင်းတဲ့အာရုံ ကောင်းတဲ့အသိတွေနဲ့ သေနိုင်အောင် ထောက်ပံ့ပေးပါလိမ့်မယ်။ သေဖို့ပြင်ဆင်နေသူတွေကို အသေလှအောင် ဖြေမပေးပါလိမ့်မယ်။
ဒါကြောင့် သေဖို့ပြင်ဆင်ရာတွင် အကောင်းဆုံး ပြင်ဆင်နိုင်သူတွေ ဖြစ်စေဖို့၊ အနေလည်းကောင်း၊ အသေလည်းကောင်း ဖြစ်စေဖို့၊ အနေလှပြီး အသေလှသူတွေ ဖြစ်စေဖို့နဲ့ အနေလည်းအေး အသေလည်းအေးသူတွေ ဖြစ်စေဖို့ သတိတစ်လုံး လိုက်ကိုင်သုံးကာ အမှတ်သတိ မပြတ်ရှိစေနိုင်သည့် သတိပဋ္ဌာန်အလုပ် ကြိုးစားအားထုတ်ရင်းဖြင့်သာ အကောင်းဆုံး သေနိုင်အောင် ပြင်ဆင်ကြပါစို့ဟု…..
Posted by ဘုန်းဘုန်း ဦးဝိစိတ္တ at 7:39:00 PM
Labels: ၃။ တွေးမိသမျှ
Read more...
အရိပ်သာခို၊ အပွင့်မပန် အသီးမစားကြသူများ
ကြည့်စမ်း သစ်ပင်ကြီး၊ အရိပ်ကြီးကလည်း ကောင်း၊ အပွင့်တွေကလည်း ပွင့်နေလိုက်တာ ဝေလို့၊ အသီးတွေကလည်း ပွတ်သိပ်ခဲနေတာပဲ သီးနေလိုက်တာ၊ အရည်ရွှမ်းပြီး အရသာ ရှိလိုက်မယ်ဖြစ်ခြင်း…. သို့သော်… ဒါပေမယ့် … သို့သော်…..
ပေါများလိုက်တဲ့၊ အဆောက်အဦး၊ ပေါများလိုက်တဲ့ စေတီပုထိုးများ၊ ပေါများလိုက်တဲ့ တရားဓမ္မ ပွဲသဘင်များ၊ ပေါများလိုက်တဲ့ ပရိယတ္တိစာသင်တိုက်တွေ၊ ပေါများလိုက်တဲ့ တရားရိပ်သာ တွေ၊ ပေါများလိုက်တဲ့ ကျမ်းတတ်အကျော် ပိဋကတ်မော်တွေ၊ ပေါများလိုက်တဲ့ အေးရိပ်ဆာယာ ဘ၀ နားခိုစရာတွေ….
တကယ်တော့ တရားဓမ္မဆိုတာ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေအတွက် ခိုနားရာ ဖြည်ဆည်ရာ ဧည့်ဂေဟာ ဧည့်ရိပ်သာတွေပါပဲ၊ စေတီပုထိုး ကျောင်း ကန်များဟာဖြင့် ဗုဒ္ဓဘာသာဝင်တို့အတွက် တကယ့်ကိုပဲ အလေးထား အားကိုးရာ အရိပ်ဆာယာတွေပါပဲ၊ ပန်လို စားသုံးလိုသူတွေအတွက် ထူးကဲတဲ့ အရသာတွေနဲ့ ပြည့်သိပ်နေတဲ့ သစ်ပင်ပန်းမာန်ကြီးတွေပါပဲ။
အရိပ်ခိုသူတွေ ပေါများနေပါတယ်၊ ဒါပေမယ့် အသီးကို မစားသုံးကြဘူး၊ အပွင့်ကို မပန်ဆင်ကြဘူး၊ ဘေးကနေ အဝေးကနေ ငေးကြည့် တွေးကြည့်ပြီး ချီးမွမ်းခန်းတွေပဲ ထုတ်နေ ကြတယ်၊ ရလာတဲ့ ရနေတဲ့ အခွင့်ထူးကြီးကို အသုံးမချတတ်ကြဘူး၊ လက်လွတ်အဆုံးရှုံးခံ နေကြတယ်၊ ဘုရားကို ရှိခိုးဦးချသော်လည်း ဘုရားကိုမမြင်ကြဘူး၊ တရားတွေနာသော်လည်း တရားကို လက်တွေ့လိုက်နာ ကျင့်သုံးမှု မပြုကြဘူး၊ သံဃာတော်တွေကို လက်တွေ့မျက်မြင်ဒိဋ္ဌ ဖူးမြော်နေ ကြရသော်ငြား သံဃာကို မရိုသေတတ်ကြဘူး။
သူတို့နှုတ်တွေကတော့ အဆက်မပြတ်ရွတ်ဆိုနေကြတယ်၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ- ဘုရားကို ကိုးကွယ်ဆည်းကပ်ပါ သိမှတ်ပါ၏၊ ဓမ္မံ သရဏံ ဂစ္ဆာမိ- တရားကို ကိုးကွယ်ဆည်းကပ် သိမှတ်ပါ၏၊ သံဃံ သရဏံ ဂစ္ဆာမိ- သံဃာကို ကိုးကွယ်ဆည်းကပ် သိမှတ်ပါ၏တဲ့၊ တကယ်ပဲ ဆည်းကပ် သိမှတ်နေ ကြပါသလား၊ ကိုယ့်ဟာကိုယ် စစ်ဆေးကြည့်ဘို့ကောင်းသည်၊ ဆိုကြသေးသည် … ဗုဒ္ဓေါ မေ သရဏံ အညာ နတ္ထိ၊ ဓမ္မော မေ သရဏံ အညာ နတ္ထိ၊ သံဃော မေ သရဏံ အညာ နတ္ထိ၊ ဘုရားမှတစ်ပါး ကိုးကွယ် အားထားရာ အခြားမရှိ၊ တရားမှတစ်ပါး ကိုးကွယ်အားထားရာ အခြားမရှိ၊ သံဃာမှတစ်ပါး ကိုးကွယ် အားထားရာ အခြားမရှိတဲ့၊ ဟုတ်ရောဟုတ်ပါရဲ့လား၊ မှန်မှန်ကန်ကန် မလိမ်တမ်း ၀န်ခံကြည့် ကြပါ၊ ကိုယ့်ဟာကိုယ်ပဲ ကိုယ်တိုင်စစ်ဆေးကြည့်ကြပါ။
ဗုဒ္ဓဘာသာလို့ခေါ်ဆိုရတဲ့ ဘုရားတရားတော်တွေဟာ မြင်ရုံကြားရုံ မှတ်သားထားရုံမျှနဲ့ လုံလောက်တဲ့ အဆုံးမတွေမဟုတ်ပါဘူး၊ ရွတ်ဖတ်သရဇ္ဈာယ်နေရုံမျှနဲ့လည်း ပြီးသွားရတဲ့ ကိစ္စမဟုတ် ပါဘူး၊ လိုက်နာရပါမယ်၊ ကျင့်ကြံကြိုးကုတ်အားထုတ်မှသာလျှင် လိုရာခရီးလမ်းဆုံးကို ရောက်နိုင် ပါတယ်။ တရားတော်ကို မသိသေးသမျှ ဘုရားကို မသိသေးပါဘူး၊ တရားတော်ကို နားမလည်သေးသ၍ ဘုရားရှင်ကို နားမလည်သေးပါဘူး၊ တရားမမြင်သေးသမျှကာလပတ်လုံး ဘုရားကိုလည်းမမြင်နိုင်ပါဘူး၊ တရားမြင်မှ ဘုရားမြင်ပါတယ်၊ တရားဆိုတာကလည်း အမှန်တရား၊ တကယ့် မြင့်မြတ်တဲ့သစ္စာအမှန်တရားကို မြင်မှသာ ဘုရားအစစ်ကိုတွေ့မှာပါ၊ မဂ် ဖိုလ် နိဗ္ဗာန်ချမ်းသာ ဆိုတာကိုလည်း တကယ်ကျင့်သုံးပြီး အမှားမြင် အမှန်သိပါမှ ရောက်ရှိ ရရှိခံစားရမှာပါ။
သစ်ပင်အောက်မှာ အရိပ်ကလေးခိုပြီး အသီးအပွင့်တွေ လှလိုက်တာ၊ စားချင်စရာကောင်း လိုက်တာ၊ ပန်ချင်စရာကောင်းလိုက်တာ ဆိုနေရုံမျှနဲ့ တကယ့်အသီးမစား၊ အပွင့် မပန်ဘဲနဲ့ကတော့ဖြင့် တကယ့်အလှတရားကို မတွေ့နိုင်သေးပါဘူး၊ တကယ့်အရသာကို မစားသုံးရသေးပါဘူး။ ပန်ကြည့် စားကြည့်မှ တကယ့်အရသာကို ခံစားရမှာပါ၊ ငါ ဗုဒ္ဓဘာသာဆိုပြီး ပြောနေရုံလေးနဲ့၊ ငါတို့နိုင်ငံက ဗုဒ္ဓဘာသာနိုင်ငံကွလို့ ဆိုနေရုံမျှနဲ့ တကယ်ဗုဒ္ဓဘာသာ မဖြစ်သေးပါဘူး၊ အမေဗုဒ္ဓဘာသာ၊ အဖေဗုဒ္ဓဘာသာ၊ ဘိုးတွေ ဘွားတွေ ဗုဒ္ဓဘာသာဖြစ်နေရုံမျှနဲ့ ကိုယ်တိုင်ဗုဒ္ဓဘာသာစစ်စစ် မဖြစ်သေးပါဘူး၊ ကိုယ်တိုင်ဖြစ်ဘို့က ကိုယ်တိုင်သိ၊ ကိုယ်တိုင်မြင်၊ ကိုယ်တိုင်ကျင့်မှ ဖြစ်လာမှာပါ၊ ဒီလိုမဟုတ်ရင်တော့ အမိဗုဒ္ဓဘာသာ၊ အဖဗုဒ္ဓဘာသာ၊ ဘိုးဘွားတွေ ဗုဒ္ဓဘာသာဖြစ်လို့ မိ-ရိုး-ဖ-လာ ဗုဒ္ဓဘာသာပဲဖြစ်ပါလိမ့်မယ်။
သီရိလင်္ကာနိုင်ငံမှာ နှစ်နှစ်ကြာအောင် ပညာဆည်းပူးသင်ယူလျက် နေထိုင်ခဲ့ဘူးပါတယ်၊ သူတို့တွေဟာ ဗုဒ္ဓဘာသာကို ဗုဒ္ဓတရားတော်တွေကို မြန်မာပြည်က ပြည်သူပြည်သားတွေထက် ပိုပြီး သိရှိနားလည် နေကြတယ်၊ ဓမ္မပဒဂါထာတွေ သူတို့နှုတ်က မကြာခဏ ထုတ်ဖော်ရွတ်ဆိုနေကြတယ်၊ သံဃာကိုလည်း အလွန်အလေးထား ယုံကြည်ကြတယ်၊ မြန်မာပြည်မှာ တရားပွဲတွေလုပ်ရင်၊ မိမိတို့ အိမ်မှာ ဘုန်းတော်ကြီးတွေကို ဆွမ်းကပ်၊ တရားဟော တရားနာပြုကြလျှင် မိဘတွေကရော၊ ပတ်ဝန်းကျင်ရှိ လူကြီးသူမတွေကရော ကလေးတွေကို မောင်းထုတ်တတ်ကြသည်၊ အနားမကပ်နဲ့ ပြောကြတယ်၊ သူတို့ဆီမှာ အဲဒီလို မဟုတ်ဘူး၊ ကလေးတွေကို ထိပ်ဆုံးမှာ နေရာယူစေတယ်၊ ဘုရားစာ တရားစာတွေကို ကလေးတွေကို အဦးဆုံး နာယူစေတယ်၊ ကလေးတွေကလည်း ရိုရိုသေသေ လေးလေးစားစား နာယူလက်ခံကြတယ်။
ဖြစ်မှာပေါ့၊ သူတို့ကလေးတွေက သုံးနှစ်သား လေးနှစ်သားအရွယ်ကပင် ဘုန်းတော်ကြီး ကျောင်းတွေမှာ စပြီးပညာသင်ခဲ့ကြရတာကိုး၊ ကလေးတွေအတွက် မူကြိုကျောင်းမှန်သမျှဟာ ဘုန်းတော်ကြီး ကျောင်းဝန်းတွေထဲမှာပဲ ရှိနေတယ်၊ နိုင်ငံတော်ကလည်း အဲဒီ မူကြိုကျောင်းတွေ အတွက် ဆရာ/ဆရာမတွေကို လစာလခ လုံလောက်အောင်ပေးထားတယ်၊ အဲဒီမူကြိုကျောင်း အုပ်ချုပ်သူတွေက ဘုန်းတော်ကြီးတွေချည်း ဖြစ်နေတယ်၊ မွေးစ စကားပြောတတ်စကပင် ဘုန်းတော်ကြီးတွေရဲ့ အဆုံးအမကို အစောဆုံး လက်ခံနာယူခဲ့ကြတယ်၊ ငါးနှစ်ပြည့်လို့ ကျောင်းကြီးတွေမှာ ပညာသင်တဲ့အခါမှာလည်း စနေနဲ့တနင်္ဂနွေနေ့တွေမှာ ဘုန်းတော်ကြီးကျောင်းတွေ အတွင်းရှိ ဆန်းဒေးစကူးလို့ခေါ်တဲ့ တနင်္ဂနွေ ကျောင်းတွေမှာ လာရောက်ပြီး ဘုန်းတော်ကြီးတွေထံမှာ ဘုန်းတော်ကြီးပညာ၊ ဗုဒ္ဓစာပေကို သင်ကြားကြရသည်၊ ကျန်တဲ့လူပုဂ္ဂိုလ်ဆရာ/ဆရာမတွေကလည်း ဘာသာရေးစာပေကို သင်ပေးနိုင်ကြသည်။ သို့သော် အုပ်ချုပ်သူက ဘုန်းတော်ကြီးများပင်။
စာသင်ကျောင်းတွေမှာလည်း ဆယ်တန်းအဆင့်ထိ ဗုဒ္ဓစာပေကို ဘာသာရပ်တစ်ခုအဖြစ် သင်ကြားပေးကြပြန်တယ်၊ ဆိုတော့ ဗုဒ္ဓစာပေနဲ့ဒီကလေးတွေဟာ စဉ်ဆက်မပြတ် ထိတွေ့နေရတယ်၊ နောက်ဆုံး ပညာရေးဆုံးခန်းရောက်လို့ အလုပ်လျှောက်တဲ့အခါ ဆန်းဒေးစကူးဆင်းတဲ့ သင်တန်းဆင်း လက်မှတ်ကိုပြရတယ်၊ အဲဒီလက်မှတ်မပါသူကို နိုင်ငံတော်က အလုပ်မပေးဘူး၊ ဒီတော့ ဆန်းဒေးစကူးကို မတက်ချင်လည်း တက်ရတယ်၊ တက်ချင်လည်း တက်ရတယ်၊ ဗုဒ္ဓစာပေကို သိလိုသည်ဖြစ်စေ၊ မသိလိုသည် ဖြစ်စေ၊ သိကိုသိနေရတယ်။ နိုင်ငံရေး ရွေးကောက်ပွဲတွေ အပြီး အနိုင်ရရှိတဲ့ သမ္မတလောင်းဟာ ပထမဦးဆုံး ကန္ဒီမြို့ရှိ ဗုဒ္ဓမြတ်စွယ်တော်ကို သွားရောက်ဖူးမြော် ရသည်၊ ဒီနောက် သံဃမဟာနာယက ဦးသျှောင်ဆရာတော်ကြီးတွေထံမှာ သြ၀ါဒ အဆုံးအမကို ခံယူရသည်၊ အဲဒီကိစ္စပြီးမြောက်တဲ့အခါမှ ကျမ်းသစ္စာကျိန်ဆိုပြီး တကယ့်သမ္မတအစစ် ဖြစ်တော့သည်။
ဒီနေရာမှာ မန္တလေး၊ တောင်မြို့၊ အမရပူရ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးရဲ့ အဆုံးအမသြ၀ါဒ ကဗျာလေးကို သတိရမိပါတယ်….
အိုးမဖုတ်ခင် အိုးလုပ်စဉ်ဝယ်
အိုးတွင်နှိပ်ခပ် တံဆိပ်မှတ်ကား
မပြတ်မစဲ အိုးပင်ကွဲလည်း
အမြဲတစေ တည်ရှိနေသို့
ထွေထွေသွေးသား ကလေးများ၌
ဘုရားတံဆိပ် ဘာသာစိတ်ကို
ခတ်နှိပ်နိုင်မှ သက်ဆုံးကျအောင်
ဗုဒ္ဓ၀ါဒီ စွဲ၍တည်မည်
ကိုယ်စီ ခပ်နှိပ်စေသတည်း။
အိုးလုပ်တဲ့အခါမှာ အိုးမဖုတ်ခင်ထဲက ကိုယ်လိုချင်တဲ့ တံဆိပ်ကို ခပ်နှိပ်ရပါတယ်၊ အဲဒီလို နှိပ်ပြီးပြီဆိုရင် အဲဒီအိုး ကွဲသွားတဲ့တိုင် တံဆိပ်က ရှိနေမှာ ဖြစ်ပါတယ်၊ မီးဖုတ်ပြီးသွားပြီဆိုရင်ဖြင့် ပြုပြင်လို့ မရတော့ပါဘူး၊ တံဆိပ်ရိုက်လို့မရတော့ပါဘူး၊ မဖုတ်ခင်ပေါ့၊ ဖယောင်းရုပ်လေးတွေလည်း ထိုနည်း အတိုင်းပါပဲ၊ ပျော့နေစဉ်ခါမှာပဲ လိုရာပုံသွန်းထုဆစ်လို့ ရပါတယ်၊ ဖယောင်းမာသွားပြီဆိုရင်ဖြင့် ပြုပြင်မရတော့ပါဘူး၊ အဲဒီတိုင်းပါပဲ….
ဘာသာသွေးဆိုတာ ငယ်ငယ်လေး၊ အမေမွေးစထဲက ရေးပေးတတ်ရတယ်၊ အ၀တ်ထည် များကို ဆေးရောင်ဆိုးတဲ့ခါ မူလ ဘာအရောင်မှမရှိတဲ့ အဖြူထည်ကိုဆိုးမှ လိုရာဆေးရောင် ကောင်းကောင်းစွဲပါတယ်၊ ဒီလိုမဟုတ်ပါဘဲ အရောင်တစ်ခုခု စွန်းငြိပြီးမှ၊ ဆိုးခဲ့ပြီးမှ လိုချင်တဲ့ အရောင်ကို ပြောင်းဆိုးရင် ဆေးမစွဲတော့ဘူး၊ အရောင်မျိုးစုံစွန်းထင်းပြီးသားကိုဖြင့် နောက်ထပ် ဘာရောင်ဆိုးဆိုး မစွဲစေတော့ပါဘူး၊ ဒီလိုပဲပေါ့၊ မိမိသားငယ် သမီးငယ်လေးတွေကို စကားတတ်စ၊ သိတတ်စ အရွယ်ထဲက ဗုဒ္ဓဘာသာသွေးကို ရေးပေး ဆိုးပေးနိုင်ကြမယ်ဆိုရင် ကလေးတွေဟာ ကြီးလာသည်ထိ ဗုဒ္ဓကို ချစ်ခင်မြတ်နိုး တန်ဘိုးထားတတ်ကြပါလိမ့်မယ်၊ ဘာသာတရားကိုချစ်မှ ခင်မှ တန်ဘိုးထားမှာပါ၊ မချစ်ခင်ဘူးဆိုရင်ဖြင့် တန်ဘိုးထားကြမယ် လေ့လာချင်ကြလိမ့်မယ် မဟုတ်ပါ၊ အရောင်မျိုးစုံစွန်းငြိပြီးမှ ဘာသာသွေးကို ရေးရင်တော့ဖြင့် ဘာသာတံဆိပ်ကို ခပ်နှိပ်ရင်တော့ဖြင့် အ၀တ်စုတ်ဖတ် လက်နှီးစုတ်ဖတ်ကို ဆေးဆိုးသလိုပဲ ဖြစ်နေပါလိမ့်မယ်၊ သတိထားစရာပ။
ဗုဒ္ဓတရားတော်တွေ ပုံစံမျိုးစုံနဲ့ သီးပွင့်ရာ သစ်ပင်ကြီးဖြစ်တဲ့ အမိမြန်မာပြည်ကြီးမှာ နေထိုင်ကြပါတသည်၊ ဘုရားရိပ် ကျောင်းရိပ်တွေကို ခိုမှီးကြပါသည်၊ ဘုရား ကျောင်းကန်တွေကို ၀င်ရောက်ကြပါသည်၊ သို့သော် ဒီနေ့ခေတ်ကလေးတွေ ဘုန်းတော်ကြီးများနဲ့ စကားကိုမပြောတတ်ကြ၊ ဘုန်းတော်ကြီးတွေကို မရိုသေတတ်ကြ၊ သီလပေး သီလယူတဲ့ခါ ကောင်းကောင်း သြကာသ ကန်တော့ခန်းကို မရတတ်ကြ၊ သရဏဂုံကို ပီပီသသ မရွတ်ဆိုတတ်ကြ၊ ကလေးများတွင်လားဆိုတော့ မဟုတ်သေး လူကြီး လူလတ်ပိုင်းတွေပါ ပါသည်၊ ဘာတွေ ဖြစ်နေကြပါလိမ့်ဟု စဉ်းစားကြည့်ပါ၊ အရိပ်ခိုပါသည်၊ အပွင့်ကို အလှကြည့်ပါသည်၊ အသီးကို မျက်ဝါးထင်ထင် မြင်နေပါသည်၊ ပန်ဘို့ စိတ်မကူး၊ ခူးစားဘို့ စိတ်မကပ်၊ စိတ်မ၀င်စား၊ ဘယ်ဟာက တကယ့်တရားဆိုတာကို ဘယ်လိုသိနိုင်ပ။
မြတ်ဘုရားကတော့ မိန့်မှာခဲ့သည်၊ တရားကို မမြင်သေးသမျှ ငါဘုရားကို မမြင်၊ တရားမြင်မှ ငါဘုရားကို တကယ်မြင်မယ်တဲ့၊ ခု မြင်နေကြပြီလား၊ မမြင်သေးရင် မြင်အောင်လုပ်ဘို့ ကိုယ့်တာဝန်ပေါ့၊ ပြောချင်ပါသည်၊ ဗုဒ္ဓဘာသာတရားတွေ အထွန်းကားဆုံးဟာ ဒီနေ့ မြန်မာနိုင်ငံပါ၊ ထပ်ပြောချင်ပါသည်၊ ဗုဒ္ဓတရားတော်တွေအတိုင်း လိုက်နာကျင့်သုံးမှု မရှိဆုံးဟာလည်း မြန်မာနိုင်ငံပါဟု၊ ဟုတ်မဟုတ် ကတော့ဖြင့် ကိုယ်တိုင်လေ့လာ ဆန်းစစ်ကြရုံပ။
သီရိလင်္ကာနိုင်ငံမှာတော့ ဘုန်းတော်ကြီးကျောင်းတိုင်း မူကြိုကျောင်းဖွင့်ရသည်၊ မဖွင့်မနေရ၊ မြို့၊ ရွာ၊ ရပ်ကွက် အားလုံးဖွင့်ပေးရသည်၊ သင်ပေးရသည်၊ ဆန်းဒေးစကူးကိုလည်း ထိုနည်းလည်း ကောင်းပင် ဖွင့်ရ သင်ပေးရသည်၊ အလုပ်ခန့်တဲ့ခါ ဆန်းဒေးစကူးဆင်းလက်မှတ်ပါမှ ခန့်သည်၊ သူတို့နိုင်ငံလည်း ထေရ၀ါဒဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့နိုင်ငံ၊ မြန်မာပြည်လည်း ထိုနည်းလည်းကောင်း ထေရ၀ါဒဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့နိုင်ငံ၊ ၊ သူတို့နိုင်ငံလို ကိုယ့်နိုင်ငံလည်းဖြစ်ရင် ဘယ်လောက်များ ကောင်းလိမ့်မည် လဲ၊ ခုတော့….ဒို့
သစ်ပင်ကြီးအောက်မှာ နေကြသည်၊ အရိပ်တော့ ခိုရသည်၊ ခိုကြသည်၊ သို့သော်…. ဒါပေမယ့် အပွင့်ကိုတော့်ဖြင့် မပန်၊ အသီးကိုတော့ဖြင့်လည်း မစားကြ…..
14. 12. 2009
Read more...
SWIMOLOGY နှင့် လက်တွေ့ပညာ ( ဒု )
ဘ၀ရည်မှန်းချက် မြင့်မြင့်ကို မှန်းထားတယ်ဆိုရင် မင်းတို့ရဲ့ ဦးနှောက်တွေကို အမှိုက်ပုံးမဖြစ်စေနဲ့။ အမှိုက်ပုံးဆိုတာမျိုးဟာ စွန့်ပစ်ထိုက်တာအားလုံးကို လက်ခံထားတော့ ခဏလေး ပြည့်တာပေါ့။ မင်းတို့ ဦးနှောက်ထဲကိုလည်း အကျိုးမရှိတဲ့ ကိစ္စတွေ အကြောင်းအရာတွေကို ထည့်မထားသင့်ဖူး။ အဲဒါတွေနဲ့ ပြင်ပကိစ္စအကြောင်းအရာတွေနဲ့ပြည့်နေရင် မင်းတို့ ခရီးမတွင်ပဲ ပန်းတိုင်ရောက်ဖို့ ကြာနေလိမ့်မယ်။ ဒီတော့ စောစောက လက်တွေ့ပညာအတွက် ဥပမာကို ဆက်ပြောပြမယ်။
Swimology
တခါက မြို့ကြီးတမြို့မှာ တက္ကသိုလ်ပေါင်းများစွာက ထင်ရှားအောင်မြင်နေတဲ့ ပရော်ဖက်ဆာ အိုကြီးတစ်ယောက်၊ သူ့ ပုခုံးမှာလည်း ဘွဲ့တံဆိပ်တွေ ချိတ်ထားတာ ရင်ဘက်အထိ အပြည့်ပေါ့ကွာ၊ မင်းတို့ မှန်းကြည့်ကြပေါ့။ ဘ၀ရဲ့ နောက်ဆုံးအရွယ်လည်း ရောက်လာပြီ၊ ခံစားဖို့ရာ လောကီစည်းစိမ်တွေလည်း ပြည့်စုံခဲ့ပြီဆိုတော့ တက္ကသိုလ်ကြီးတွေကနေ အနားယူပြီး လေ့လာရေးခရီး ထွက်မယ်ပေါ့- စိတ်ကူးတဲ့အတိုင်း ရိက္ခာပစ္စည်း ကိရိယာတန်ဆာပလာ အစုံထည့်ပြီး ခရီးထွက်လာတာ ပင်လယ်အနီးက ရွာတစ်ရွာကို ရောက်တော့ ရွာသားတွေကို ပြောတယ်။ May I introduce myself, My name is- ပရော်ဖက်ဆာ ဘယ်သူ ဘယ်သူပေါ့။ ဟုတ်လား။ စာမတတ်တဲ့ တံငါသည်တွေဆီသွားပြီး ဘိုလို ပြောနေတာ။ ငါ ရေကြောင်းသုတေသန လေ့လာခရီးထွက်ချင်တယ်။ မင်းတို့ ငါ့အတွက် မော်တော်တစ်စီးနဲ့ လူတစ်ယောက်ကို ရှာပေးပါ။
ရွာသားတွေကလည်း အခုရာသီဥတု မကောင်းသေးပါဘူး၊ မဖြစ်နိုင်ပါဘူးဆို ငြင်းတာပေါ့။ ဟာ--- မင်းတို့ ဘာကို စိုးရိမ်နေတာလဲ။ ဘာပညာကို မဆို ငါအားလုံးသင်ခဲ့ပြီးပြီ။ ( တတ်ခဲ့ပြီလို့ မပါဘူးနော် ) မင်းတို့ သတိထား။ ရိက္ခာကိရိယာ အစုံအလင်ပါတယ်။ ရအောင် စီစဉ်ပေးပါ။ ပရော်ဖက်ဆာ ကြီးက တောင်းဆိုတာ ဆိုတော့ ရွာသားတွေလည်း အာ မခံရဲဖူးပေါ့ကွာ။ မင်းတို့လည်း မှတ်ထား။ ပညာတတ်ဖြစ်လာရင် ပညာမာန်မတက်မိစေနဲ့။ ခုကြည့် သူလိုချင်တာ အကုန်တောင်းတာပဲ။ နောက်ဆုံးတော့ ရွာသားတွေလည်း စီစဉ်ပေးရတာပေါ့။ ဒီလိုနဲ့ ပင်လယ်ပြင် ရောက်ရော ။
လှေပေါ်မှာ သူယူလာတဲ့ ပစ္စည်းအစုံအလင်နဲ့ အလုပ်ရှုပ်နေတာ။ မိုးလေ၀သ ကြည့်ဖို့ တိုင်တွေ ထောင်လိုက်။ စလောင်းတွေ တက်လိုက်။ ဟိုဘက် လှည့်လိုက် ဒီဘက်လှည့်လိုက်နဲ့။ မင်းတို့ မြင်ကြည့်ပေါ့။ သူတစ်ယောက်တည်း ပျင်းလာတော့ လှေသမားကို မေးတယ်။ ဟေ့-- မင်း meteorology ဆိုတာကို သိလား။ ဟာ--- ဘယ်သိမလဲဗျ။ ကျွန်တော် ကြားတောင် မကြားဖူးဘူး။ အေး - အဲဒါက မိုးလေ၀သ အကြောင်းကွ။ မင်းမှတ်ထား။ ဒါက ဒီလိုရှိတယ်။
ဒါလေး ဒီလိုဖြစ်နေရင် လေတိုက်တော့မယ်။ ဒီ ရေဒါက ဘယ်အရပ်ကို ပြနေရင် မိုးရွာတော့မယ်။ အဲလို ကြည့်ရတယ်။ လှေသမားက ဘာသိမလဲ။ အင်း အင်းပေါ့။ နားပူသက်သာအောင် သူပြောလိုက်တာ။ နောက်ရက်ကျပြန်တော့ ဟေ့မင်း hydrology ဆိုတာရောသိလား။ မသိဘူးဗျာ။ အေး အဲဒါ ဒီပင်လယ်ပြင်ကြီး အကြောင်းကွ။ မင်းဒါလောက်တောင် မသိလို့ကတော့ သေမှာပဲ။ မသိဘူး။သေလည်း သေပါစေတော့။ တစ်ရက်တမျိုး တမျိုးနဲ့ ------
Astronomy - နက္ခတ္တဗေဒ
Philology - ဘာသာစကားဗေဒ
Biology - ဇီဝဗေဒ
Physiology - ဇီဝကမ္မဗေဒ
Entomology - ကိမိလ အင်းဆက်ပိုးပညာ
Pathology - ရောဂါဗေဒ
အို စုံနေတာပဲ။ သာမာန်ကျောင်းသားတစ်ယောက်တောင် အားလုံးနားလည်ဖို့ မလွယ်ကူတဲ့ ပညာတွေကို တံငါသည် လှေသမားကို သွားပြီး မေးနေတာ။ လှေသမားကလည်း စိတ်မရှည်တော့ဘူး။ ကျွန်တော် ဘာမှ မသိဘူး၊ ဟာ မင်းဒါတွေ မသိရင် မလွယ်ဘူး။ သေလိမ့်မယ်။ ဘာညာပေါ့ကွာ။ အထူးသဖြင့် နက္ခတ္တဗေဒကို မင်းတတ်သင့်တယ်။ ဘယ်နက္ခတ် ဘယ်အရပ်မှာ ရှိနေရင် ပင်လယ်လှိုင်းကြီးမယ်။ လှိုင်းငြိမ်မယ် ဆိုတာကို သိရတာပေါ့။ ပင်လယ်ကို ဖက်ပြီး ကြီးပြင်းလာတဲ့ ကောင်ကို သွားပြီး ဆရာလုပ်နေတယ်။ ဒီလိုနဲ့ တစ်ရက်တော့ လှေသမားက စနေထောင့်ကို ကြည့်ပြီး- အင်း.... ရာသီဥတုကတော့ အခြေအနေမကောင်းဘူး။ လှိုင်းကြီးပြီး လေမုန်တိုင်း ကျတော့မယ့် လက္ခဏာပဲ ဆိုတာသိနေတယ်၊ သိမှာပေါ့။ ပင်လယ်ကမ်းစပ်နေပြီး မိဘတွေရဲ့ရိုးရာ တံငါ အလုပ်နဲ့ လှေကိုဖက် ပင်လယ်ရေထဲမှာ ကြီးပြင်းလာတဲ့ အကောင်ဆိုတော့ လေတိုက်တာ နေထွက်တာ လထွက်တာ အခြေအနေကြည့်တာနဲ့တင် သိတယ်လေ။ ဆိုလိုတာက လက်တွေ့ပညာ သူ့မှာ အများကြီးရှိတယ်။ စာတွေ့တော့ လာမမေးနဲ့။ ကကြီးတောင် သိမှာ မဟုတ်ဘူး။ ဒါနဲ့ ပရော်ဖက်ဆာ ကြီးကို မေးတယ်။
ဆရာကြီး-- ဆရာကြီးက ကျွန်တော့ကို ပညာတွေ တရက်ပြီးတရက် မရိုးအောင် ပြောပြပေးနေတာ ကျေးဇူးတင်ပါတယ်။ ကျွန်တော်လည်း အဲဒီပညာတွေ မတတ်လို့ သေချင်လည်း သေပါစေတော့။ ဒီနေ့တော့ ကျွန်တော်က ဆရာကြီးကို မေးမလို့ပါ။ ဆရာကြီး swimology ကို သိရဲ့လား။ ဟေ့- ငါ့တသက်လုံး swimology ဆိုတာ မကြားဖူးပေါင်ကွာ။ အော်… ဆရာကြီးက ပညာတွေတတ် ဘွဲ့တွေတော့ ရပါတယ်။ ဒါတောင် မသိဘူးလား၊
swimology ဆိုတာ ရေကူးတဲ့ ပညာကို ပြောတာ။( အမှန်က ပရော်ဖက်ဆာကြီးဆီက ology တွေ နားဝနေတော့ ရေကူးတာကို ology ထည့်လိုက်တာ swimologyဖြစ်သွားတာ) အခုရာသီဥတုက မကြာခင် မုန်တိုင်းလာတော့မယ်။ ရေကူးတာမတတ်လို့ကတော့ ဆရာကြီးသေမှာပဲ။ ကျွန်တော်လည်း မကယ်နိုင်ဘူး လို့ဆိုတော့ ပရော်ဖက်ဆာ လည်း ချွေးပြန်ပြီပေါ့ကွာ။ တကယ်လည်း မုန်တိုင်းလာရော လှေသမားက ရေကူးတတ်လို့ အသက်ချမ်းသာရာ ရသွားတယ်။ ပရောဖက်ဆာအိုကြီးကတော့ ကယ်ကြပါ ကယ်ကြပါ အော်ရင်းနဲ့ ရေနစ်သေရတာပေါ့။
ဒီလိုပါပဲ... မင်းတို့လည်း စာတွေ့လောက် ကျေနပ်မနေကြပဲ လက်တွေ့ swimology ဖြစ်အောင်ထိ လေ့လာကြပါလို့ တိုက်တွန်းအားပေးရင်း ဆရာ့သြ၀ါဒကို နိဂုံးချုပ်ပါတယ်။
ကိုယ်တွေ့ ( ဓမ္မအသိ )ဖြင့် ဒုက္ခအပေါင်းမှ လွတ်မြောက်ရာ နိဗ္ဗာန်တိုင်အောင် သယ်ယူနိုင်ကြပါစေ။
ဤဆောင်းပါးအားကျေးဇူးတော်ရှင်သီတဂူဆရာတော်ဘုရားကြီး၏သြ၀ါဒကိုနည်းမှီရေးပါသည်၊
Read more...
လိုတရ
မဆာတဲ့သူတွေ၊ စားစရာပေါတဲ့သူတွေ၊ ပြည့်စုံလွန်းတဲ့သူတွေကို ကောင်းကောင်းမွန်မွန် ဖိတ်ကြားကျွေးမွေး လက်ဆောင်ပေး ဂုဏ်ယူတတ်ကြပါတယ်။ တကယ်ဆာ၊ တကယ်လိုအပ်နေတဲ့ သူတွေကိုတော့ သီးသန့်မဟုတ်တောင် ကိုယ်စားမယ့်၊ ကိုယ်သုံးမယ့်အထဲက နည်းနည်းလောက် ဖဲ့ကျွေးလိုက်ဖို့၊ ပေးလှူလိုက်ဖို့ သတိရသူ ရှားလှပါတယ်။ လိုအပ်လွန်းလို့၊ ဆာလွန်းလို့ လာတောင်းရင်တောင် ရွံရွံရှာရှာနဲ့ မောင်းထုတ်ခိုင်းမိကြပါတယ်။
သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ငွေထောင်သောင်းချီ ဖြုန်းသုံးစားသောက် ပျော်ပါးပစ်လိုက်ဖို့ ၀န်မလေးပေမယ့် လမ်းပေါ်က အိုကြီးအိုမ သူတောင်းစားတစ်ယောက်ကိုတော့ မိဘချင်း ကိုယ်ချင်းစာပြီး ရာဂဏန်းလောက်တောင် မလှူဖူး၊ လှူဖို့လည်း အာရုံမရှိဖူးသူတွေ အများကြီးပါ။ လွတ်လွတ်စွန့်ကြဲဖို့ထားလို့…။ သံသရာမှာ ကိုယ်လည်း သူတို့နေရာ ရောက်နိုင်တယ်။ အဲဒီ့ကျရင် တူသောအကျိုးလေး ပြန်ခံစားရအောင် လှူလိုက်ပါဦးမယ်လို့တောင် မတွေးဖြစ်ပါဘူး။ သတိပေးရင်တောင် ကျိန်စာတိုက်တယ် ထင်မလားမသိ။
ကုန်တိုက်ကြီးတွေမှာ ဈေးကြီးလှတဲ့ ပစ္စည်းတွေကို ဈေးနှုန်းကပ်ထားသလောက် ရက်ရောစွာ ၀ယ်ဖြစ်ကြပေမယ့် လမ်းဘေးက ဟင်းရွက်သည်ကိုတော့ မရမက ကပ်သပ်ဆစ်နေတဲ့သူတွေကိုလည်း မြင်ဖူးကြမှာပါ။ ၀ယ်ရတာချင်းအတူတူတောင် ကုန်တိုက်က ဆစ်မရတဲ့ ပစ္စည်းကိုတော့ ငါ့ပစ္စည်းက ဘယ်လောက်တန်ကွလို့ ဈေးကြီးကြောင်း၊ ဟင်းရွက်ကိုကျတော့ ငါက ဘယ်လောက်လေးနဲ့ ရခဲ့တာလို့ ဈေးနည်းကြောင်း (ဈေးချိုကြောင်း) ကြွားဝါလိုက်ပါသေးတယ်။ ကုန်တိုက်က ပစ္စည်းတစ်ခုရဲ့အမြတ်က ဟင်းရွက်သည်လေးတွေရဲ့ ဆယ်ရက်စာ အမြတ်မကပါလား။ သူတို့ကမှ တကယ်လိုအပ်နေသူများပါလားလို့ သတိရမိသူ ရှားပါလိမ့်မယ်။
အာကာသကို အပြိုင်အဆိုင် အပန်းဖြေ အလည်ခရီး လိုက်သွားတဲ့ ကမ္ဘာ့သူဌေးကြီးတွေရဲ့ ဒေါ်လာသန်းပေါင်းများစွာကို တကယ်ကို ဆင်းရဲငတ်မွတ်နေတဲ့သူတွေကို လှူလိုက်ရရင် ဘယ်လောက်ကောင်းလိုက်မလဲ....။ ဒါပေမယ့် သူသူကိုယ်ကိုယ် ပုထုဇဉ်တွေချည်းပဲမို့ ပါရမီမြောက်တဲ့ ဒါနမျိုးစေ့နဲ့ မနီးတာလည်း အပြစ်ဆိုစရာ မရှိပါဘူး။ ကိုယ်လည်း သူတို့လို သူဌေးကြီးဆိုရင် အပန်းဖြေခရီး သွားမှာလား၊ အကောင်းဆုံးဆိုတာတွေနဲ့ချည်း ဖြုန်းတီးဇိမ်ခံပစ်လိုက်မှာလား၊ လိုအပ်သလောက်ပဲသုံးပြီး ပေးလှူပစ်လိုက်မှာလား…။ နောက်ဆုံးအချက်နဲ့တော့ သိပ်မနီးစပ်ဘူး ထင်ပါတယ်။
ဘုရားရှင် ဟောတော်မူခဲ့ပါတယ်။ သတ္တ၀ါတွေဟာ ဒါနရဲ့အကျိုးကို ငါဘုရားလိုသာ သဘောပေါက်ကြမယ်ဆိုရင် မလှူဘဲ ဘာကိုမှ စားမှမဟုတ်ဘူး။ စိတ်ထဲမှာလည်း ငြူစူမိတာတွေ၊ နှမြောမိတာတွေ ရှိမှာမဟုတ်ဘူး။ အလှူခံသာရှိမယ်ဆိုရင် ပါးစပ်နားရောက်နေတဲ့ ထမင်းလုပ်ကိုတောင် မစားဘဲ လှူကြလိမ့်မယ်။ မလှူဖြစ်ကြတဲ့အကြောင်းက နှမြောလို့နဲ့၊ လှူဖို့သတိမရလို့ (လှူရကောင်းမှန်း မသိလို့) ပါတဲ့။ မိမိတို့အနေနဲ့ အမှောင်ထဲကပဲ လာလာ၊ အလင်းထဲကပဲ လာလာ ရှေ့ဆက်ရမယ့်ခရီးကို အလင်းပဲဖြစ်စေဖို့ ကိုယ်လက်လှမ်းမှီရာ ပတ်ဝန်းကျင်မှာ လိုအပ်ချက်လေးတွေ၊ ဖြည့်နိုင်မှာလေးတွေ ရှာကြည့်ဖို့ လိုပါတယ်။
လိုချင်မှု တဏှာမကင်းတဲ့ လောကကြီးမှာ တစ်ခုခုကတော့ အမြဲလိုအပ်နေမှာပါဘဲ။ လိုချင်တာမျိုးမဟုတ်ဘဲ လိုအပ်နေတဲ့ နေရာလေးတွေကို ကိုယ်တတ်နိုင်တဲ့ဘက်ကနေ တတ်နိုင်သလောက် ဖြည့်ဆည်းပေးဖို့ပါပဲ။ ဘာလိုတယ် မလိုဘူး ခွဲခြားသိဖို့ဆိုတာ ဉာဏ်က အရေးအကြီးဆုံးပါ။ အသိဉာဏ်မယှဉ်တဲ့ လှူဒါန်းပေးကမ်းမှုတွေ လောကမှာ အလွန်ပေါလှပါတယ်။ ဗေဒင်၊ ယတြာသဘောအရ မလိုအပ်တာတွေ၊ အလှူခံနဲ့ မသင့်လျော်တာတွေ၊ သုံးမရတာတွေ လျှောက်လှူနေကြတာ မြင်နေကြားနေကြမှာပါ။ ဉာဏ်မပါတဲ့အတွက် သူများလိုတာ ဖြည့်ဖို့ထက် ကိုယ်လိုတာ ပြည့်ဖို့ကိုပဲ ကြိုးစားနေမိတာပါ။
မှန်နဲ့တူတဲ့ သံသရာမှာ သူများ မလိုတာတွေ ဖြည့်ရင် ကိုယ်လည်း မလိုတာတွေ ပြည့်မယ်။ ကိုယ်လိုတာ ပြည့်ဖို့ဆိုရင် သူများလိုတာ ဖြည့်မှရမယ်လို့ သဘောပေါက်ရင်…၊ အားလုံးကို မဖြည့်စွမ်းနိုင်ပေမယ့် ကိုယ်တစ်နိုင်လေး ဖြည့်ဆည်းသွားမယ်လို့ ရည်ရွယ်ထားရင်တော့ မလိုတာတွေကို မပိုမိစေပဲ လိုတာကို လိုတဲ့အချိန်မှာ ဖြည့်ရင်းက လိုတရကြမှာပါ…။
Read more...
သတိမြဲစွာ ပထမာ
ဖော်ပြပါ နံပါတ် (၂) ပုံသည် ထွက်လေ၊ ၀င်လေနှစ်ပါးတို့ကို ရေတွက်ပြီး ဖမ်းယူရာ နှာသီးဖျား(နာသိကဂ္ဂ) အာနာပါနနိမိတ္တ ခေါ် အာနာပါနကသိုဏ်းကွက်ကို မြှားနှင့်အသေအချာ နေရာတကျ ပြသထားသောပုံဖြစ်ပါသည်။ လေတို့တိုးဝင်ရာအရပ်၍သာ စိတ်မြဲမြဲသတိစွဲအောင် သမာဓိမြဲအောင် သိမှတ်အားထုတ်ရသောကြောင့် အာနာပါနကသိဏဟု ခေါ်ဆိုရလေသည်။
သတိမြဲစွာ ပထမာ-ဟူသည်မှာ ဤကဲ့သို့ နည်းလမ်းတကျ ဖမ်းယူရှုမှတ်သော ယောဂီသူမြတ်၏စိတ်သည် ထိုအာနာပါနကသိုဏ်းကွက်၍ ရပ်တည်လျှက် သတိမြဲပြီး သမာဓိတည်နေသည်ကိုပင် ပထမအားထုတ်စ အာနာပါနကမ္မဋ္ဌာန်းအားထုတ်သူယောဂီ၏ သတိမြဲစွာ ပထမာ ပင်ဖြစ်ပေတော့သည်။
ထိုကြောင့် အာနာပါနပါရဂူကျမ်း၌ နှာသီးဖျားဟူသော ကသိဏ၊ ထွက်လေ၀င်လေဟူသော အာရမ္မဏဟူသော နှစ်ပါးတို့ကို တစ်ထပ်တည်းကျအောင် အားထုတ်နိုင်မှသာ အာနာပါနဘာဝနာ၏ ပြည့်စုံမှုကို ရနိုင်လေသည်ဟု ပြဆိုထားခြင်းဖြစ်သည်။
ဥပမာအားဖြင့် ထုတ်စည်းထိုးတမ်းကစားကြသော ကလေးတို့သည် သတ်မှတ်ထားသော စည်းပေါ်မှသာ ထိုစည်းပေါ်သို့ ဖြတ်ကျော်ဆဲသူတို့ကိုသာ ဖမ်းယူရသကဲ့သို့ပင် ဖြစ်ပါသည်။ ထိုစည်းကို လွှတ်၍(စည်းပေါ်မှ မဟုတ်ဘဲ) ဖမ်းယူ၍ မရသကဲ့သို့ နှာသီးဖျားဟူသော ကသိဏကို လွှတ်၍ (နှာသီးဖျားမှ မဟုတ်ဘဲ) ထွက်လေ၀င်လေဟူသော အာရမ္မဏကို ဖမ်းယူ၍ မရပေ။
သို့ဖြစ်၍ နှာသီးဖျားသို့ မရောက်လာသေးသော လေ၊ နှာသီးဖျားကို ကျော်လွန်သွားသော လေတို့ကို ဖမ်းယူရှုမှတ်ခြင်း မပြုသင့်ချေ။ ထိုသို့ပြုနေပါက အကျိုးမရဖြစ်တတ်လေသည်။
ပြဆိုခဲ့ပြီးသည့်အတိုင်း စည်းကမ်းတကျ ဂဏန(ရေတွက်ခြင်း)၊ အနုဗန္ဓန(ဖွဲ့ချည်ခြင်း၊ ဖုသန(ထိတွေ့ခြင်း)၊ ဌပန(တည်ခြင်း)ဟူသော နည်းလေးမျိုးတို့ဖြင့် တစ်ပေါင်းတည်းကျအောင် ထွက်တယ်၊ ၀င်တယ် ၁၊ ထွက်တယ်ဝင်တယ် ၂….စသည်ဖြင့် အသိအမှတ် ယတိပြတ်ဖမ်းယူနိုင်အောင် အားထုတ်ရပါမည်။
ထိုသို့နည်းလမ်းတကျ အားထုတ်ပြီး သတိမြဲလာပါက မိမိ၏နှာသီဝကြီးကို မြင်လာပြီး ကျဉ်းသွားသကဲ့သို့လည်းကောင်း၊ ကျယ်သွားသကဲ့သို့လည်းကောင်း ထင်မြင်လာတတ်သည်။ ထို့အပြင် အချို့ယောဂီတို့အား နှာပိတ်နေသကဲ့သို့လည်းကောင်း၊ နှာခေါင်းဝ၌ တုတ်ချောင်းကလေး ကန့်လန့်ကန့်လန့်နှင့် ခုနေသကဲ့သို့လည်းကောင်း ထင်မြင်လာတတ်ကြသည်။
အချို့ယောဂီတို့အား နှာသီးဝကလေး ပွင့်ချည်ပိတ်ချည်ဖြစ်နေသကဲ့သို့လည်းကောင်း၊ မျော့တွယ်ထားသကဲ့သို့လည်းကောင်း၊ ခွက်တောင်းပြည်တောင်းခန့် နှာဖုကြီး ကြီးကြီးလာသကဲ့သို့လည်းကောင်း၊ ဆင်နှာမောင်းပမာဏ ရှည်ထွက်သွားသကဲ့သို့လည်းကောင်း၊
မီးခိုးတန်း-အဖြူတန်း-အလင်းတန်း-အလင်းကွက်စသော အခြင်းအရာအမျိုးမျိုး ထင်မြင်လာတတ်ကြပါသည်။ ထင်မြင်လာပုံခြင်းကား တစ်ဦးတစ်ဦး မတူတတ်။ အမျိုးမျိုးအဖုံဖြစ်နိုင်ပါသည်။ ဤသို့ ထင်မြင်လာရမည်ဟု တထစ်ချ မှတ်ယူ၍ မရနိုင်ချေ။
သို့ရာတွင် နှာသီးဖျားအရပ်တွင် ထူးခြားမှုတစ်ခုမှ မရရှိသေးပါက သတိမမြဲနိုင်သေးဟု မှတ်ရမည်။ ထို့ကြောင့် မိမိ၏နှာသီးဖျားကို စိတ်မလွတ်စေဘဲ ထွက်တိုင်းဝင်တိုင်းသောလေတို့ကိုသိအောင် မှတ်နိုင်အောင် ကြိုးစားရှုမှတ်ကြရမည်ဖြစ်သည်။ သို့မှသာ ဓမ္မရောင်ခြည်ခေါ် ဥဂ္ဂဟနိမိတ်ထူးကို ဖူးတွေ့ရပေလိမ့်မည်။ မဂ်ဖိုလ်အထိ အားထုတ်နည်းများအတိုင်း အားထုတ်နိုင်စေရန် အထူးလုံ့လစိုက်၍ အားထုတ်တော်မူနိုင်ကြပါစေ။
*သီလနှင့် ထိုးထွင်း သိမြင်မှုဉာဏ် ၀ိရောဓိ ဖြစ်လာရင် (မေး-ဖြေ)*
ဉာဏ်အဆင့် တစ်ဆင့်အထိတော့ သီလက လမ်းညွှန်ပေးနိုင်တာ မှန်ပါတယ်။ သို့သော ဒီသီလကိုချည်း ဖက်တွယ် စွဲကိုင်ထားရင် အန္တရာယ်တစ်ခု ဖြစ်မလာဘူးလား။ သီလ ဆိုတာတွေက ပညတ်တွေပဲ။ ဒါတွေကို ဖက်တွယ်ထားရင် ဒါတွေဟာ အဟန့်အတားတွေ ဖြစ်မလာ ဘူးလား။ ကရုဏာကို အခြေခံတဲ့ အပြုအမူတွေ ရှိကောင်း ရှိနိုင်တာပဲ။ တစ်စုံတစ်ယောက်ရဲ့ အသက် အန္တရာယ် ချမ်းသာ ရစေချင်လို့ လိမ်ပြောရတဲ့ ကိစ္စဟာ သီလနှင့် ဆန့်ကျင် နေပါတယ်။ သီလနှင့် ထိုးထွင်း သိမြင်မှုဉာဏ် ၀ိရောဓိ ဖြစ်လာရင် ဘာဖြစ်မလဲ။
အဖြေ
ဒီ ကမ္မ၀ိသုဒ္ဓိ ကိစ္စတွေကို နားလည်အောင် ကြိုးစားတဲ့ အခါ စေတသိက်တွေ အပေါ်မှာသာ အခြေခံ စဉ်းစားရတယ်။ အပြုအမူတွေ အပေါ် အခြေ မခံရဘူး။ (စေတနာကို ကံလို့ ယူတဲ့အတွက် ပြုတဲ့ကံထက် စေ့ဆော်တဲ့ စေတနာကိုသာ အဓိက စဉ်းစားရတယ်။) ကရုဏာ မေတ္တာကို အခြေခံပြီး အပြုအမူ တစ်ခုကို ပြုခဲ့လို့ ရှိရင် အဲဒါ ကုသိုလ်ကံ ဖြစ်သွားတော့ တာပဲ။ သို့သော်လည်း တစ်ခါတစ်ရံ အပြုအမူတွေ အကြောင်းကို စဉ်းစားကြတဲ့ အခါ ကျွန်တော်တို့ အနေနှင့် အပြုအမူ ကိစ္စတွေထဲမှာ ပါဝင်နေတဲ့ စေတသိက်တွေကို ခွဲခြမ်း သိမြင်တဲ့ အဆင့်အထိ မရောက်ဘူး။ ခံစား သိမြင်တဲ့ အပိုင်းကျတော့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ ပြုတဲ့ကံကို စေ့ဆော်တဲ့ စေတနာတွေရဲ့ ပြုပြင် စီစဉ်တဲ့ အပိုင်းကို ရောက်သွားပြီ။ ဒီ အပြုအမူဟာ လိမ္မာတဲ့ အပြုအမူလား၊ မလိမ္မာတဲ့ အပြုအမူလား ဆိုတာကို ဆုံးဖြတ်နိုင်တဲ့ အဆင့်ကို ရောက်သွားပြီ။ အဲဒီ အဆင့်တွေကို မရောက်မချင်း သီလ သိက္ခာပုဒ်တွေဟာ အလွန်အသုံးဝင်တဲ့ လမ်းညွှန်ချက်တွေ ဖြစ်နေပါသေးတယ်။
ဆရာ ဦးဆန်းလွင်နှင့် ဆရာ ဦးဟန်ဌေးတို့ ဘာသာပြန်ဆိုသော ဂိုးလ်စတိန်း၏ ကိုယ်တွေ့ဝိပဿနာ စာ-၁၄၂ မှ
လေးစားစွာဖြင့်
ဖိုးသား
12/14/2009, MON:, 7:52:02 PM
Read more...
ကျွန်တော်သိခဲ့သော ဖြူးဆရာတော် (သို့ ) သာသနာတော်အတွက် ဆိုရင်ကွယ်.....
(ဒီပို့ စ်ကို ဆရာတော်ကြီးဈာပနအမှီ အမှတ်တရ ရေးမယ်စိတ်ကူးထားပေမယ့် မအားတာနှင့် မရေးဖြစ်ခဲ့ပါဘူး။ အခုရက်ပိုင်းထဲ တိုက်တိုက်ဆိုင်ဆိုင် ရေးဖို့ အကြောင်းတွေကြုံလာတာရော၊ အချိန်လည်း ရနေတာရောနှင့် ဆရာတော်ကြီးရဲ့ ဂုဏ်တော်တွေကို ရည်မှန်းပြီး ပူဇော်ရေးသားလိုက်ရပါတယ် ခင်ဗျာ။)
ကျွန်တော်နှင့် ဖြူးဆရာတော်နှင့် လူချင်း ခင်မင်သိကျွမ်းရင်းနှီးလားလို့  မေးခဲ့ရင် မသိကျွမ်းခဲ့ပါဘူးလို့ ဘဲ ဖြေရမှာပါ။ နှစ်ခါ သုံးခါလောက်တော့ မိနစ်ပိုင်းလေး စကားပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် ဆရာတော်နှင့် ကျွန်တော်နှင့်ကြားမှာ အကြောင်းတိုက်ဆိုင်မှုလေးတွေ ရှိခဲ့ပါတယ်။
လွန်ခဲ့တဲ့ ဆယ်ငါးနှစ်ကျော်ကာလ ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသား စဖြစ်ခါစ ဘာသာရေးနှင့်ပက်သတ်တာတွေ ရှာဖွေလေ့လာတဲ့အချိန်တွေတုန်းကေ
လွန်ခဲ့တဲ့ လေးနှစ်ကျော် လောက်ကပါ။ ကျွန်တော်နေတဲ့ မြို့ ကဗုဒ္ဓဘာသာလူငယ်အဖွဲ့ တစ်ခုက တရားပွဲတစ်ခုကို ရက်ရှည်လုပ်ဖို့  စီစဉ်ကြပါတယ်။ အဲဒီမှာ ကျွန်တော်က ဆရာတော်တွေကို လိုက်ပင့်ပေးဖို့ တာဝန်ယူရပါတယ်။ အားလုံးက ဖြူးဆရာတော်ကြီးကို ပင့်ပေးဖို့ တောင်းဆိုကြတာနှင့် ကျွန်တော်လည်း ဆရာတော်ကြီးသီတင်းသုံးတဲ့ ကမာရွတ်ဘူတာနားက ကျောင်းကို သွားခဲ့ပါတယ်။ ကျောင်းရောက်တော့ ဆရာတော်ကြီးကတော့ တရားပွဲအတွက် နယ်ကြွနေလို့ ရှိမနေပါဘူး။ တပည့်ဦးဇင်းတွေနှင့်ဘဲ လိုချင်တဲ့ရက်ကိုလျှောက်တော့ ဆရာတော်ရဲ့ တရားပွဲ Planner စာအုပ်ထဲမှာ ရက်အားမအား ရှာကြည့်ကြပါတယ်။ ကျွန်တော်တို့ တရားပွဲ လုပ်မယ့်အချိန်မှာ ဆရာတော်က တရားပွဲအတွက် နယ်ကို ရောက်နေမယ့်အချိန်ဖြစ်နေပါတယ်။ ရန်ကုန်ပတ်ဝန်းကျင်ဆိုရင်တောင် ရှေ့ တရားပွဲအပြီး နောက်တရားပွဲကို အဆင်ပြေရင်ကြွပေးနိုင်သေးတယ်။ အခုတော့ နယ်ကိုကြွမှာဆိုတော့ ဘယ်လိုမှ မဖြစ်နိုင်တော့တာနှင့် ကျွန်တော်လည်း ဆရာတော့်ကျောင်းကနေ တပ်ခေါက်ပြီး ပြန်လာခဲ့လိုက်ပါတော့တယ်။
နောက်တစ်နှစ် ကျွန်တော်တို့ အဖွဲ့ တရားပွဲထပ်လုပ်ဖို့ ပြင်ဆင်တော့ ဒီတခါတော့ ဖြူးဆရာတော်ကြီး အားမယ့်ရက်ကို ရွေးပြီး ရက်ရတော့မှ စီစဉ်မယ်ဆိုပြီး သဘောတူဆုံးဖြတ်ကြပါတယ်။ ဒါနဲ့ ကျွန်တော်လည်း နောက်တစ်ခေါက် ဆရာတော့်ကျောင်းကို ရောက်ခဲ့ပါတယ်။ ဒီတခါတော့ ဆရာတော့်ကို ဖူးတွေ့ ရပါတယ်။ တပည့်ရဟန်းတစ်ပါးက ဆရာတော့်ကျောကအနာလေးတွေကို ဆေးလိမ်းပေးနေတဲ့အချိန်မှာ ရောက်သွားတာပါ။ (အဲဒီတုန်းကမှ ဆရာတော့်မှာ ဆီးချိုရောဂါရှိမှန်း သိခဲ့ရပါတယ်။) ဆရာတော်ကြီးကို တရားပွဲပင့်ချင်တဲ့အကြောင်းလျှေ
တရားပွဲနီးလာတဲ့ လပိုင်းအလိုလောက်မှာပါ။ ကျွန်တော်တို့ မြို့ က ပြီးစီးခါနီး သာသနာရေးဆိုင်ရာ အဆောက်အအုံအသစ်တစ်ခုဆက်လက်ဆောက်
ဒီတခါလည်းဆရာတော်ကြီးကို ကျောင်းမှာ ဖူးတွေ့ ရပါတယ်။ အကျိုးအကြောင်းလျှောက်ပြီး တရားပွဲရက်မပြောင်းဘဲ ကျင်းပတဲ့နေရာနှင့် ဦးစီးတဲ့အဖွဲ့ အပြောင်းအလဲလုပ်လိုက်တဲ့အကြော
အဲဒီလိုနှင့် ဆရာတော်ကြီးရဲ့ တရားပွဲရက်ကို ရောက်လာပါတော့တယ်။ အဲဒီနေ့ က ဖြူးဆရာတော်တရားပွဲဆိုတော့ ပရိတ်သတ်က သောင်းနှင့်ချီပြီး တရားနာလာကြပါတယ်။ ဆောက်လက်စ အဆောက်အဦးထဲမှာပြည့်ကျပ်သွားလိ
ကျောင်းကို ရောက်တော့လည်း ဆရာတော်ကြီး ပြန်ကြွမလာသေးပါဘူး။ တရားပွဲကျင်းပရမယ့်အချိန်က ရောက်နေပါပြီ။ ကျွန်တော်တို့ လည်း စိတ်တွေပူပြီး စောင့်နေကြပါတယ်။ နောက်တော်တော်လေးကြာတော့ ဆရာတော်ကြီးကား ကျောင်းထဲဝင်လာပါတယ်။ ဆရာတော်ကြီးကို တွဲပြီး ကျောင်းပေါ်ကို ပင့်သွားကြပါတယ်။ နောက်ထပ် ဆယ့်ငါးမိနစ်လောက်နေတော့ ဆရာတော်ကြီးဟာ တပည့်ရဟန်းတော်၊ ကပ္ပိယတို့ နှင့်အတူ ကျွန်တော်တို့ ကားပေါ်ကို တက်လာပြီး တရားပွဲကို စတင်ထွက်ခွာကြပါတော့တယ်။
မြို့ ရောက်လို့ တရားပွဲစတော့ တစ်နာရီခွဲလောက်တောင် နောက်ကျနေပါပြီ။ ဒါပေမယ့် ပရိတ်သတ်ကတော့ လျော့မသွားပါဘူး။ ချမ်းအေးနေတဲ့ကြားကဘဲ ဇွဲကောင်းကောင်းနှင့် ဆရာတော့်ကြွအလာကို စောင့်မျှော်နေကြပါတယ်။ ဒီလိုနှင့် ဆရာတော်ကြီးလည်း ပလ္လင်ပေါ်တက်ပြီး တရားမဟောခင် သူနောက်ကျရတဲ့အတွက်တောင်းပန်စကားဆိုပါတယ်။ အမှန်က ဆရာတော်ကြီးက ဆေးခန်းတစ်ခုမှာ သွားပြီးကျောက်ကပ်ဆေးပြီး ပြန်ကြွလာတာပါ။ ကျောင်းပြန်ရောက်ရောက်ချင်း တရားပွဲကို ချက်ချင်းပြန်ထွက်လိုက်လာခဲ့တာပါ။
ဆရာတော်ကြီးဟာ တရားပွဲ စစချင်းမှာ တော်တော်ကို အားယူပြီး သီလပေး၊ တရားနိဒါန်းပျိုးတွေလုပ်နေရတာကို ကျွန်တော်တို့ တွေသတိထားမိပါတယ်။ အသံက တိုးတိမ်နေပြီး တစ်ချက်တစ်ချက် ပျောက်မလိုတောင် ဖြစ်ဖြစ်သွားပါတယ်။ ဆောက်လက်စအဆောက်အဦးရဲ့  မိုးမလုံ၊ လေမလုံတဲ့ ခန်းမဆောင်ထဲမှာ ဆောင်းလေကလည်း တဖြူးဖြူးနှင့် တိုက်ခတ်နေပါတယ်။ ကျန်းမာရေးမကောင်းတဲ့ ဆရာတော်ကြီးဟာ ဘယ်လိုများဝေဒနာကို တောင့်ခံပြီး တရားဟောနေမလဲလို့  ကျွန်တော်တွေးကြည့်မိပါတယ်။ တော်တော်ကိုလည်း စိတ်မကောင်းဖြစ်မိပါတယ်။
ကျွန်တော်တို့ အဖွဲ့ တွေက တရားပွဲကြီးအပြင်မှာ Stand By အဖြစ် တာဝန်ကျနေကြတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း မျက်နှာတွေပျက်နေကြပါတယ်။ ဆရာတော်ကြီးကို ဒုက္ခပေးသလိုတော့ဖြစ်သွားပြီဆိုပြီးတော့။ တစ်ယောက်ကဆိုရင် “ရင်ထဲမကောင်းလိုက်တာဗျာ” ဆိုပြီးတော့ကို ပါးစပ်က ထုတ်ပြောလာပါတယ်။
ဒီလိုနှင့် တရားပွဲစလို့  နာရီဝက်ကျော်လာတော့ ဆရာတော်ကြီးအသံက တဖြည်းဖြည်းကျယ်လာပြီး ပုံမှန်လိုဖြစ်လာပါတယ်။ နောက်တစတစနှင့် ဆရာတော်ကြီးဟောနေကျစတိုင်လ်အတိုင်း အသံမြှင့်တဲ့နေရာတွေမှာ မြှင့်ပြီး အားကျိုးမာန်တက်ကို ဟောနေပါတော့တယ်။ ဆရာတော်ကြီး အခုအချိန်မှာ ဝေဒနာဒဏ်ကို ဘယ်လိုများသည်းခံနိုင်သွားလဲတော့ မပြောတတ်ပါဘူး။ တကယ့်ကို ပုံမှန်အခြေအနေအတိုင်းဖြစ်သွားပါတယ်။ အဲဒီညက တရားကို နှစ်နာရီကျော်ကျော်လောက်ကြာအောင်ကို ဟောပေးတော်မူသွားခဲ့ပါတယ်။ အဲဒီနေ့ က ရရှိတဲ့ န၀ကမ္မအလှူငွေတွေရဲ့  တစ်ဝက်ကို ဆောက်လက်စ သာသနာ့အဆောက်အအုံအတွက် ပြန်လည်လှူဒါန်းသွားပြီး ကျန်တစ်ဝက်ကို ယိုးဒယားသွားဆေးကုရာမှာ အသုံးပြုမှာဖြစ်တဲ့အကြောင်းလည်း မိန့် တော်မူသွားခဲ့ပါတယ်။
အဲဒီနေ့ က ဆရာတော်ကြီးဟာ တရားကို ပုံစံနှစ်မျိုးနှင့် ဟောပြော ပြသသွားခဲ့တယ်လို့  ကျွန်တော်စိတ်ထဲမှာ စွဲမြဲယုံကြည်နေပါတယ်။ တစ်မျိုးက တရားကို ပါးစပ်ကနေ ၀စီကံမြောက် ဟောပြောညွှန်ပြသွားပြီး နောက်တစ်မျိုးကတော့ လုပ်ဆောင်မှုနှင့် ပြသသွားခဲ့တာပါဘဲ။ ကျွန်တော်တို့ မျိုးဆက်သစ်တွေအတွက် သာသနာ့တာဝန်ဆိုတာ ခန္ဓာကိုယ်ကို မငဲ့ဘဲ ဒီလိုမျိုးထမ်းရတယ်ကွလို့  ကာယကံမြောက် လမ်းညွှန်သွားခဲ့ သလိုပါဘဲ။ အဲဒီညရဲ့  တရားပွဲကို ကျွန်တော် ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်တော့ပါဘူး။
တစ်နေ့ က ကျွန်တော့်လက်ကို မတော်တဆထိခိုက်မိလို့  ကွဲသွားတာ သုံးချက်ချုပ်လိုက်ရပါတယ်။ ရာသီဥတုအေးအေးမှာ အနာဖြစ်တော့ လက်က နာပြီး ကိုက်တာပေါ့ဗျာ။ ဆရာဝန်က လက်ကို ငြိမ်ငြိမ်ထားပါလို့ တော့ မှာလိုက်ပါတယ်။ ကျွန်တော့်ခေါင်းထဲ ဆရာတော်ကြီး အကြောင်းက ချက်ချင်းရောက်လာပါတယ်။ ဆရာတော်ကြီးရဲ့  ဝေဒနာနှင့်ယှဉ်ရင် ကျွန်တော့်အနာက ဘာမှမပြောပလောက်တာလေးပါ။ နောက် လေတဖြူးဖြူးတိုက်နေတဲ့ကြားမှာ အသံကိုမြှင့်ပြီးလည်း စကားပြောနေရတာ မဟုတ်ပါ။ တင်ပလ္လင်ခွေပုံစံနှင့်လည်း နှစ်နာရီကျော်ထိုင်ရတာမဟုတ်ပါ။ အပူပေးစက်ဖွင့်ထားတဲ့အခန်းထဲမှာ အေးအေးလူလူ ခြေပစ်လက်ပစ်ထိုင်ပြီး လက်ချောင်းလေး ဆယ်ချောင်းနှင့် သာသနာ့တာဝန်ကို (ကြီးကြီးကျယ်ကျယ်ပြောတာပါ) မဆိုစလောက် သေးသေးမွှားမွှားပမာဏလေး ထမ်းဆောင်ရတာ ဘာများအပန်းကြီးနိုင်မှာ မို့ လို့ လဲနော်။
ကျွန်တော် ဒီအပတ်ထဲ လေးငါးရက်လောက်တော့ အခန်းထဲမှာ နားနေရပါမယ်။ အချိန်အားလေးမှာ ဆရာတော်ကြီးရဲ့ သာသနာတော်အတွက်လုပ်ဆောင်ခဲ့တဲ့ ဂုဏ်တော်တွေကို အာရုံပြုကြည်ညိုရင်း ကျွန်တော်လည်း တတ်နိုင်သလောက် သာသနာ့ဝန်ကို ရက်ပိုင်းလောက်လေး နိုင်သလောက် ထမ်းလိုက်ပါအုံးမည်ဟု စိတ်ကူးလျက်။
လေးစားစွာဖြင့်
ဝိမုတ္တိသုခ
Read more...
ဘ၀နဲ့စိတ်ကောက်နေကြသူများ
ဘယ်သူမှားတယ်ဆိုတာတော့ ကိုယ်ဟာကိုပဲစဉ်းစားကြည့်ကြပေါ့၊ နောက်ဆုံးမှ ဆုံးဖြတ်ချက် ချကြပါ၊ ဘ၀နဲ့ စိတ်ကောက်နေကြတဲ့သူတွေအကြောင်း နည်းနည်းပြောကြည့်ချင်ပါတယ်။
ဘ၀ဆိုတာ တိုက်ပွဲတဲ့၊ တိုက်ပွဲဆိုတာက အနိုင်ရှိသလို အရှုံးဆိုတာလည်း ရှိတာပဲလေ၊ အမြဲတမ်းနိုင်နေလို့ကတော့ ဘယ်တိုက်ပွဲခေါ်ပ၊ နိုင်ပွဲလို့ တစ်မျိုးတည်း ခေါ်မှာပေါ့၊ လောကမှာ တိုင်းပြည်အတွင်း အချင်းချင်း တိုက်ခိုက်ကြတဲ့ ပြည်တွင်းစစ်တိုက်ပွဲ၊ နိုင်ငံရပ်ခြား တိုင်းတစ်ပါးတို့နဲ့ တိုက်ခိုက်ကြတဲ့ ပြည်ပစစ်ပွဲ စသည်စသည်ဖြင့် တိုက်ပွဲတွေအများကြီးပါပဲ၊ နောက် လူတွေပဲ ပြုလုပ်ကြတဲ့ လူတွေကပဲဖန်တီးပေးနေတဲ့ နွားချင်းတိုက်တဲ့ နွားတိုက်ပွဲ၊ လူချင်းတိုက်တဲ့ လက်ဝှေ့ပွဲ၊ ကြက်ချင်းတိုက်တဲ့ ကြက်တိုက်ပွဲ၊ ကုန်ကုန်ပြောရရင် တွင်းထဲမှာနေတဲ့ ပုရစ်ကလေးတွေကိုတောင် တိုက်ပွဲလုပ်ပေးကြတဲ့ တိုက်ပွဲတွေကို စိတ်ဝင်စားတတ်တဲ့ လူဆိုတဲ့ လူတွေ … လူသားတွေပေါ့…
အဲဒီလူသားတွေ သူများတွေကိုသာ တိုက်ပွဲတွေကို ဖန်တီးပေးနေကြတာ၊ ကိုယ်ကိုယ်တိုင် နေ့စဉ်နဲ့အမျှ နာရီနဲ့အမျှ မိနစ်နဲ့အမျှ စက္ကန့်နဲ့အမျှ တိုက်ပွဲဝင်တိုက်ခိုက်နေကြတဲ့ ကိုယ့်ဘ၀တိုက်ပွဲတွေ ကိုတော့ အမေ့ကြီးမေ့နေကြတယ်၊ ကိုယ့်ဟာကိုယ်ကိုပဲ တိုက်ပွဲဝင်နေကြရတယ်ဆိုတာကို မေ့နေကြတယ်၊ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းနှစ်ခုအကြားက တိုက်ပွဲဟာ ကိုယ့်ဘက်က တစ်နေ့ သေမင်းကို အရှုံးပေးရမယ်၊ ဘယ်လိုပဲဖြစ်ဖြစ် အရှုံးပေးရမယ်ဆိုတာကို သိသိကြီးနဲ့တစ်ချို့၊ တစ်ချို့ သိပင်သိငြား မသိချင်ယောင်ဆောင်လျက်၊ တိုက်ပွဲဝင်စိတ်ဓာတ်တွေ ကင်းနေကြတယ်။
ဘ၀မှာ အရှုံးဆိုတာတစ်ခု ရင်ဆိုင်လိုက်ရရင်ပဲ ဘ၀ကြီးတစ်ခုလုံး ဆုံးသွားတော့သလောက် ခံစားနေကြတယ်၊ စာမေးပွဲရှုံးတဲ့ ကျောင်းသား/ကျောင်းသူလေးဟာ ဘ၀တစ်ခုလုံး ဆုံးသွား သလောက် စိတ်ပင်ပန်း လူပင်ပန်းနဲ့ ဘ၀ကိုစိတ်ကောက် ပစ်လိုက်တတ်ကြတယ်၊ လက်မြောက် အရှုံးပေးလိုက်တတ်ကြတယ်၊ အဲဒါလေးကြောင့်ပင် ကိုယ့်ကိုယ်ကို သတ်သေပစ်လိုက် တတ်ကြတယ်၊ တစ်ချို့ အရွယ်ရောက်လာလို့ လူ့သဘာဝ အချစ်တိုက်ပွဲမှာ ဆုံးရှုံးသွားလို့ ဘ၀ကိုပါ စိတ်ကောက်ပြီး အရှုံးပေးကာ အသက်ကိုပါ အဆုံးသတ်ပစ်လိုက်တတ်ကြတယ်၊ စီးပွားရေးတွေလုပ် အရှုံးတွေပေါ်လာတဲ့အခါ ဘ၀ကိုစိတ်ကောက် လက်မြောက်အရှုံးပေးပြီး ကိုယ့်ဘ၀ကို ရေစုန်မျောလျက် ဘာတစ်ခုမှ ဆက်လက်ရုန်းကန်လိုစိတ်မရှိတော့ဘဲ အရက်သေစာသောက်၊ မူးရစ်စေတတ်တဲ့ ဆေးဝါးတွေအသုံးပြုလျက် ကိုယ့်ဘ၀ကို ဖျက်ဆီးပစ်လိုက်တတ်ကြတယ်၊ အမျိုးမျိုး ပါပဲ၊ မအောင်မြင်ခဲ့တာတစ်ခုကို သင်ခန်းစာယူဘို့စိတ်မကူးတော့ဘဲ ဆက်လက်ပြုပြင်မှု မရှိကြတော့ ဘဲနဲ့ အရှုံးပေးတတ်ကြတယ်၊ ဘ၀ကိုစိတ်ကောက်ပြီး ဘာမှမလုပ်တော့ဘဲ မကြိုးစားတော့ဘဲ နေတတ်ကြတော့တယ်။
တိုက်ပွဲဆိုတာ အနိုင်ရှိသလို အရှုံးလည်း ရှိတာပေါ့၊ အနိုင်ကို အပြုံးနဲ့ရင်ဆိုင်တတ်ရင် အရှုံးဆိုတာကိုလည်း အပြုံးမပျက် လက်ခံနိုင်ရမှာပေါ့၊ ရှုံးခါမှ ရှုံးရော၊ မသေမချင်းတော့ တိုက်ပွဲဝင် နေရဦးမှာပဲဆိုတာကို မကျင့်သုံးကြဘူး၊ စိတ်ခံစားမှုလေးတစ်ခုကို ရေးကြီးခွင်ကျယ်လုပ်ပစ်တတ် ကြတယ်၊ အပြစ်ရှိသူတွေကို လိုက်ကြည့်ရအောင်….
မိဘ
သားသမီးတွေကို သိပ်တတ်စေချင်၊ တော်ချင်စေချင်ကြတဲ့ မိဘများ ကိုယ့်သားသမီးရဲ့ မူလ ပင်ကိုယ်စရိုက်၊ ဗီဇ၊ ဥာဏ်ရည်ကို မကြည်ဘဲနဲ့ ဆရာဝန်ကြီးတွေ ဖြစ်စေချင်ကြတယ်၊ အင်ဂျင်နီယာ ကြီးတွေ ဖြစ်လိုကြတယ်၊ ကလေးရဲ့ ဥာဏ်ရည်ဟာ အဲဒီအဆင့်ကို မှီလားမမှီလား ထည့်မစဉ်းစားဘူး၊ ပိုက်ဆံရှိရင် အကုန်ဖြစ်တယ်ဆိုပြီး ဆရာမျိုးစုံကို ပိုက်ဆံနဲ့ငှါး၊ ကလေးကိုသင်ခိုင်း၊ ကလေးက စာမလိုက်နိုင်၊ ကလေးကလည်း ကိုယ့်စာကိုအလိုမကျဖြစ်၊ မိဘကလည်း သားသမီးကို အလိုမကျဖြစ်၊ တစ်နေ့တစ်နေ့ ကလေးတွေဟာ ကိုယ့်ဘ၀ကို မကျေမနပ်ဖြစ်လာ၊ စိတ်က စာထဲမရောက်၊ လွတ်ပေါက် ထွက်ပေါက်ကိုရှာ၊ စိတ်ညစ်ညူးတာပျောက်တယ်ဆိုပြီး ဆေးလိပ်စီးကရက်ခိုးသောက်၊ မကောင်းတဲ့ အပေါင်းအသင်းတွေရဲ့ အဆွယ်ကောင်းမှုနဲ့ အရက်သေစာကိုပါ သောက်စားတတ်လာ၊ မိဘလည်း ဒုက္ခရောက်၊ ကလေးလည်း ဆင်းရဲ၊ ဘ၀နဲ့ နောက်ဆုံးစိတ်ကို၊ ဘ၀ကို အချဉ်ပေါက်ပြီး ပျက်စီးသွားခဲ့တာ ဘယ်လောက်များရှိနေပြီလဲ။
သိဘူးခဲ့တဲ့ မိဘသုံးဦးလောက်ရှိတယ်၊ တစ်ဦးရဲ့ သမီးလေးဟာ ပင်ကိုယ်ဥာဏ်ရည် အလွန်ကောင်းတယ်၊ ကလေးလေးဟာ အတန်းတိုင်းမှာလည်း ပထမတွေနဲ့ချည်း အောင်တယ်၊ ကလေးက သိစက လေးတန်း၊ အဲဒီကလေးဟာ ကျောင်းစာလည်း ကျက်ရတယ်၊ ၀ါသနာအရ ကလေးက သီချင်းဆိုလေးကလည်းကောင်းတယ်၊ အဲဒါကို အမေလုပ်တဲ့သူက ခေတ်ပေါ် ဆို က ရေးတီးမှာ သူ့သမီးလေးကို ပြိုင်ပွဲဝင်ခွင့်ရတဲ့အထိ နည်းပြဆရာမတွေနဲ့ စနစ်တကျသင်တယ်၊ ကလေး မှာ ကျောင်းအတွက် ကျူရှင်မျိုးစုံလည်း တက်ရတယ်၊ အကလည်း သင်၊ အဆိုလည်း သင်နဲ့ ကလေးလေးဟာ အရုပ်လေးလိုပဲ၊ နားချိန်ပင်မရတော့၊ နှစ်စဉ် ဆိုကရေးတီးကိုလည်း ပါဝင်ပြိုင်စေ သင်စေနဲ့ သမီးလေးဟာ ကလေးဘာသာဘာဝ ကစားချိန်ကို မရှိလောက်အောင် နေနေခဲ့ရတယ်၊ တဖြေးဖြေးနဲ့ကလေးဟာ စက်ရုပ်ဆန်လာတယ်၊ ငေးလာ ငိုင်လာ တွေလာ ဝေလာနဲ့ နောက်ဆုံး ကလေးဟာ အတန်းစာတွေမှာ အားနည်းလာခဲ့တယ်၊ ခုဆို ကလေးက ကိုးတန်း ဆယ်တန်းရောက်ရောပေါ။့
နောက်တစ်ဦးက ကလေးလေးက ခုမှ နှစ်တန်း၊ ကလေးက ပင်ကိုယ်ကကို ဥာဏ်က သိပ်ထက်မြက်လှသည်မဟုတ်ဘူး၊ သို့သော် မအေက သူ့ကလေးကို အရမ်းတော်စေချင် တတ်စေချင်တယ်၊ ကလေးလေးက သူငယ်တန်းတုန်းက အဆင့် ငါး/ခြောက်လောက်မှာ ရှိနေသေးတယ်၊ ပထမတန်းရောက်တော့ ဘာသာစုံသင်ပေးဘို့ ကျူရှင်ဆရာမကို အိမ်မှာခေါ်သင် တယ်၊ ကလေးဟာ ကျောင်းကပြီးတာနဲ့ အိမ်ရောက်တော့လည်း စာဆက်သင်ရတယ်၊ စနေ တနင်္ဂနွေမှာ ကလေးကို ကွန်ပြူတာပါ သင်စေပြန်တယ်၊ ကလေးကတော့ ပိုပြီးတိုးမလာတဲ့အပြင် စာက တဖြေးဖြေး ပိုပိုညံ့ညံ့လာတယ်၊ ဒုတိယတန်းရောက်တော့ ကျောင်းသားကျောင်းသူ ငါးဆယ်ရှိတဲ့ အတန်းထဲမှာ ကလေးဟာ အဆင့် လေးဆယ်ကျော်မှာပဲ အမြဲလိုရှိနေခဲ့တယ်။
နောက်တစ်ဦးကတော့ ပင်ကိုယ်ဥာဏ်က အသင့်အတင့်ရှိတယ်၊ ဒါပေမယ့် သူဖြစ်ချင်တာက ဆရာဝန်တဲ့၊ ဆယ်တန်းမှာတွေ့တာ၊ သူ့ဥာဏ်ရည်ကို ကိုယ်တိုင်တွေ့ရတာက အလယ်အလတ်အဆင့် ပဲ၊ လိုချင်စိတ်ကတော့ အားကြီးတယ်၊ ကြိုးစားတယ်၊ စာတွေလည်း တအားသင်တယ်၊ နောက် သူက သူများတွေ တော်သမျှ အကုန်လိုက်တော်ချင်တယ်၊ စီးပွားရေးဝါသနာပါတယ်တဲ့၊ ချမ်းသာချင်လွန်းက လည်း အားကြီးတယ်၊ ကွန်ပြူတာကို ဆရာကြီးတစ်ဆူ ဖြစ်ချင်ပြန်ရော၊ မိဘတွေကတော့ သူ့သား ဘာဖြစ်ဖြစ် ကျေနပ်ပါတယ်ဆိုတဲ့အတန်းစားထဲကပါ၊ ဆယ်တန်းအောင်တော့ ဂုဏ်ထူးတစ်ခုပဲပါတယ်၊ ဆရာဝန်လိုင်းမရလို့ဆိုပြီး နောက်ပိုင်း ရောင်ပေပေဖြစ်သွားတယ်။
ဒီနေရာမှာ ကလေးတွေရဲ့အပြစ်ဆိုတာထက် မိဘတွေမှာ ပိုပြီးအမှားများနေတယ်၊ မိဘတွေက ကိုယ့်သားသမီးကို တတ်စေချင်တယ်၊ တော်စေချင်တယ်၊ ကိုယ့်သားသမီး တော်တာတတ်တာထက် မိဘတွေ အချင်းချင်း ဂုဏ်တု ဂုဏ်ပြိုင်လုပ်ချင်တာက ပိုများနေတာကို ကိုယ်တိုင်တွေ့ခဲ့ရတယ်၊ အဲဒီကလေးတွေ နောက်ပိုင်း ဘ၀ကိုမကျေမနပ်နဲ့ ဘ၀နဲ့စိတ်ကောက်ပြီး လေလွင့်သွားတတ်တာကို မိဘတွေက အလေးမပြုကြဘူး၊ ဒါဟာ အလွန်ပဲ ကြောက်စရာကောင်းတဲ့ ဒီနေ့ ပိုက်ဆံရှိ သားသမီးတွေရဲ့ဘ၀တွေပါပဲ။
ကျောင်းသား
ကိုယ့်ရဲ့ဥာဏ်ရည်ကို ကိုယ်ကိုယ်တိုင်မသိတတ်၊ ကိုယ့်ဝါသနာကို ကိုယ်မဆုံးဖြတ်ရဲ၊ သူများဆရာဝန်ဖြစ်တာကို ကိုယ်က လိုက်ဖြစ်ချင်၊ ကြိုးစားမှုတော့လည်းရှိပါရဲ့၊ သို့သော် အဲဒီကြိုးစားမှု က ပင်ကိုဗီဇ ၀ါသနာနဲ့ မတိုက်ဆိုင်၊ ပင်ကိုယ်ဥာဏ် အဲဒီလောက်ထိ အဆင့်မမီ၊ ကိုယ်လိုချင်တဲ့ လိုင်းဖြစ်တဲ့ ဆရာဝန်မရ၊ အင်ဂျင်နီယာမဖြစ်၊ လိုတာမရတော့ ဘ၀ကိုစိတ်ပျက်၊ ဘ၀နဲ့ မိတ်ပျက်၊ ဘ၀ကိုစိတ်ကောက်၊ နောက်ဆုံး ဖြစ်ချင်ရာဖြစ်စေတော့ဆိုပြီး ဘ၀ကို ရေစုန်မျှောပစ်လိုက်ကြ၊ အရှုံးသံသရာမှာ နစ်မွန်း၊ လူဖြစ်လည်း ရှုံး၊ ဘ၀လည်း ဆုံးတဲ့ထိရောက်၊ ကိုယ့်ကိုယ်ကို မယုံမကြည် အောင် မိမိကိုယ်တိုင်လည်းလုပ်ခဲ့၊ ပတ်ဝန်းကျင်ရဲ့တွန်းအား၊ ဆွဲအားတွေကိုလည်း မတော်လှန်နိုင်ခဲ့၊ စိတ်ကောက်မိတဲ့ ဘ၀ကိုပဲ အပြစ်ပုံချခဲ့၊ စာမေးပွဲတစ်ခါရှုံး/ကျတာကိုပဲ ဘ၀ကြီးတစ်ခုလုံး ဆုံးသွားသယောင် အတွေးမှာထင်ခဲ့၊ အဲဒီခါမှာ အရင်းနှီးဆုံး ပတ်ဝန်းကျင်ဖြစ်တဲ့ မိဘတွေက ဆူကြ၊ မောင်းကြ၊ ကျေအေးအောင် မနှစ်သိမ့်တတ်ကြတော့ ကလေးဟာ ဘ၀ကို ထိခိုက်ရှနာတွေနဲ့သာ လူဖြစ်လာခဲ့တော့၊ ဘယ်သောအခါမှ မအောင်မြင်တဲ့ လူသားလေးအဖြစ် ရပ်တည်သွားခဲ့ကြရ။
စီးပွားရှာသူ
ရတာက တစ်နေ့ကို တစ်ရာကျပ်- ကွမ်းယာစားတာက ၂၅-ကျပ်၊ လဘက်ရည်သောက်တာက မနက်ည- ၅၀၊ ဆေးလိပ်ဘိုးက ၂၅-ကျပ်၊ အိမ်ပြန်လာတော့ အိပ်ကပ်က ဗလာဖြစ်၊ ဘယ်မှာလည်း သားကျွေးဘို့၊ ဘယ်မှာလည်း မယားအတွက်၊ ဘယ်မှာလည်း ထမင်းဘိုး၊ ဘယ်မှာလည်း ဟင်းဘိုး၊ မသုံးတတ်ဘဲ အဖြုန်းနဲ့ဘဲ သံသရာလည်၊ ဘယ်လိုလုပ်စီးပွားဖြစ် ချမ်းသာကြတော့မည်လဲ။ နောက်ထပ် အိမ်က မိန်းမဖြစ်သူ အိမ်ထောင်ရှင်၊ အိမ်ကြီးရှင်မ ကျပြန်တော့လည်း ပါသွားတဲ့ဟင်းဘိုး ကို ကလေးတွေမသိအောင် မုန့်ဟင်းခါးခိုးဝယ်စားတာက တစ်မျိုး၊ ခေတ်စားနေတဲ့ နှလုံး သုံးထိုးတာက တစ်ဖုံ၊ အိမ်ပြန်လာတော့ ကစွန်းရွက်စီးတောင်မှ အနိုင်နိုင်၊ ကိုယ့်ရှိတာကို မသုံးတတ်တာ ပြောပါတယ်၊ ဒီလို မိသားစုမျိုး လင်ကဘယ်လောက်ပဲရှာရှာ၊ ဘယ်လောက်ပဲ ငွေရရ၊ စီးပွား မဖြစ်တော့။ အိမ်ထောင်ဟာ ဘယ်သောအခါမှ မတိုးတက်တော့။
မတိုးတက်တော့ ဖြစ်လာတဲ့ဆိုးကျိုးတွေက အမျိုးမျိုးပေါ့၊ စားဝတ်နေရေး မပြေလည်ဘူးဆိုမှ ဖြင့် လောကကြီးဟာ ဖြစ်ချင်သလိုဖြစ်ကြတော့တာပါပဲ၊ သားသမီးက မိဘကို မရိုသေ၊ မိဘက သားသမီးတွေကို ဂရုမစိုက်နိုင်၊ ပညာသင်မပေးနိုင်၊ သူများဝတ်တာ စားတာတွေကိုမြင်ပြီး အားကျစိတ်ဝင်၊ မိရယ် ဖရယ်ဆိုတာတွေကို အရေးမထားတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဘယ်နည်းနဲ့ ဖြစ်ဖြစ် ငွေရအောင်ရှာကြရော၊ သမီးမိန်းကလေးက ခန္ဓာကိုယ်ကိုရောင်းပြီး ငွေရအောင်လုပ်တယ်၊ သားယောကျာ်းလေးက ခိုးဆိုးလုယက်လာတတ်တယ်၊ မိမနိုင် ဖမနိုင်လေးတွေဖြစ်လာတယ်၊ မအေက လည်း လင်ယောကျာ်းကို မယုံကြည်တော့၊ သူ့နည်းသူ့ဟန်နဲ့ စားဘို့ဝတ်ဘို့ ရှာလာတယ်၊ စရိုက်တွေ ပျက်၊ အကျင့်တွေဖောက်၊ နောက်ဆုံး အိမ်ထောင်ရေးပါ ပျက်ပြားကြ၊ ဘ၀ကို စိတ်နာ၊ စိတ်ကောက်၊ ဖြစ်ချင်ရာတွေ ဖြစ်တော့တာပါပဲ။
ဆရာနဲ့တပည့်
ဒီနေရာမှာတော့ ဆရာဆိုတာကို စာသင်ပေးတဲ့ ကျောင်းဆရာ/ဆရာမတို့ကိုပဲ ပြောပါမယ်၊ ဒီနေ့ခေတ်ကျောင်းသား ကျောင်းသူအများစုဟာ ဆရာဆိုတဲ့သူတွေကို ဆရာလိုမဆက်ဆံကြတော့ဘူး၊ သူငယ်ချင်းလိုဆက်ဆံနေကြတယ်၊ ဒို့များဖြင့် ဆရာဆိုတာကို ဒီနေ့တိုင်အောင် မြင်တာနဲ့ ကြောက်ရွံ့နေတုန်းပါပဲ၊ တောသားဆိုတော့ ကျွန်တော်ဆိုတဲ့အသုံးကို အဲဒီဆရာရှေ့ကလွဲပြီး မသုံးခဲ့ဘူးဘူး၊ ခုထိလည်း ဆရာနဲ့တွေ့ရင် ကျွန်တော်က သူ့အလိုလို ပါးစပ်ကနေ ခုန်ပေါက်ထွက်သွား တုန်းပါပဲ၊ ရွာမှာက တစ်ရွာလုံး ယောကျားလေးတွေ ကျုပ်ကျုပ်နဲ့ပဲ သုံးခဲ့ကြတာကိုး၊ ခုတော့လည်း ခေတ်တွေပြောင်း၊ နှစ်တွေဟောင်းလာတော့ တိုးတက်လာပြီပေါ့။
ဘာဖြစ်လို့ အဲဒီခေတ်ကလို ဆရာတွေကို တပည့်တွေက သူငယ်ချင်းလို ဆက်ဆံနေကြ တာလည်း ဆန်းစစ်ကြည့်တော့ ကျူရှင်ဆိုတာတွေက အရင်းအကျဆုံးဖြစ်နေတယ်၊ မိဘတွေက တတ်နိုင်ရင် တတ်နိုင်သလောက် ဆရာတွေအမျိုးမျိုးကို အိမ်ကိုခေါ်၊ ပိုက်ဆံကို မတန်တစ်ဆပေး၊ ကလေးကို စာသင်ခိုင်း၊ ကလေးက ဒီလူ (ဆရာကိုပြောပါသည်) ငါ့မိဘကပိုက်ဆံပေးပြီး ငါ့ကိုစာသင် ခိုင်းတဲ့ အခိုင်းအစေပါပဲလို့ အမြင်တွေဖြစ်၊ ဆရာဟာ ဆရာ့နေရာမှာ မရှိတော့ဘဲ၊ ငွေပေးပြီး ခိုင်းရတဲ့ အခိုင်းအလုပ်သမားဖြစ်သွားရော။ အဲဒီအခါ ဆရာကလည်း သူ့မှာ သူ့အာဏာပါဝါတွေကို ငွေနဲ့ရောင်း ထားသလိုဖြစ်နေလို့ ငွေမျက်နှာကိုကြည့်လျက် တပည့်ကို မဆုံးမရဲ၊ နောက်တော့ အို ငါက သူ့ကိုစာသင်ပေးရတာပဲ၊ သူ စာတတ်၊ ငါ စာသင်ခရ ပြီးတာပဲရယ်ဟု ဆုံးဖြတ်၊ ဆရာလည်း အကျင့်ပျက်၊ တပည့်လည်း အကျင့်ပျက်၊ ဘ၀တွေဟာ နေသားကျမဖြစ်တော့ဘဲ၊ ဖောက်ပြန်ပြီး ဆရာတပည့်ဆိုတဲ့ ဆက်ဆံရေးတွေ ပျောက်ဆုံးကုန်တော့တာပါပဲ။
အဲဒီမှာလည်း ဘ၀ကိုစိတ်ကောက်ပစ်လိုက်ကြတာမို့ ဆရာတပည့်ဆိုတဲ့ ချစ်စရာ ဆက်ဆံရေး ဘ၀လေး ပျက်စီးခဲ့ရ၊ ဆရာတွေ အားလုံးကို သိမ်းကြုံးပြောလိုက်ခြင်းမဟုတ်ပါ၊ ဘ၀ပျက်နေကြသော ဆရာနဲ့တပည့်တို့ကိုသာ ပြောလိုရင်းဖြစ်ပါသည်။
ဒီလောက်ဆိုရင် အရာရာကိုမြင်တတ်လောက်ပါပြီ၊ နေရာတိုင်းမှာ ဒါမျိုးတွေ အများကြီး ဖြစ်နေပါတယ်၊ ဘ၀ဆိုတာ ကံဇာတ်ဆရာ အကခိုင်းတဲ့အတိုင်း ကနေကြရတာပါ၊ အဲဒီဘ၀ထဲမှာ တစ်ခါ တစ်ခါ ကိုယ်ဖြစ်ချင်သလို မဖြစ်ရတာတွေလည်း ရှိတတ်ပါတယ်၊ ကိုယ်ဖြစ်ချင်တဲ့အတိုင်း ဖြစ်လာတွေလည်း အများကြီးပါပဲ၊ ဘာပဲဖြစ်ဖြစ်ပေါ့၊ က-ရတော့မှာ သေချာနေပြီဆိုမှဖြင့် ကျရာ ဇာတ်ရုပ်ကို အကောင်းဆုံးဖြစ်ဘို့က အလိုအပ်ဆုံးလို့မြင်ပါတယ်၊ တစ်ခုရှုံးရင် တစ်ခုနိုင်ရမှာပေါ့၊ စာမေးပွဲကျရှုံးခြင်း၊ စီးပွားကျရှုံးခြင်းတွေက နောက်ထပ်တစ်ခါ ထပ်ပြီးတော့ ပြင်လို့ ကြိုးစားလို့ ရပါသေးတယ်၊ အဲ စိတ်ဓာတ်ကျရှုံးသွားပြီဆိုရင်ဖြင့် ပြင်လို့မရတော့ပါဘူး၊ ခဏခဏ ပြောဖြစ်ပါတယ်၊ ကျရှုံးတာကြီးကို ရင်ဝယ်ပိုက် နှလုံးသားမှာထွေးသိပ်ထားလို့ကတော့ဖြင့် မစားရတဲ့၊ စားလို့မရတော့တဲ့ ထမင်းထုပ်ကြီး ခေါင်းပေါ်ရွက်ပြီး ရွာရိုးလျှောက် ပစ်လည်း မပစ်ရက်၊ စားလည်း စားမရ၊ ဘာမှ အသုံးမကျတော့ပါဘူး၊ ဒီတော့ ဘ၀ဆိုတာရှိနေသေးရင် တိုက်ပွဲတွေကလည်း မပြတ်ရှိနေမှာပါ၊ အမြဲတန်းလည်း တိုက်ပွဲဝင်နေကြရမှာပါ၊ တိုက်ပွဲတော့ အမြဲတန်း ဘယ်နိုင်နေပ၊ အရှုံးဆိုတာလည်း ရှိမှာပေါ့၊ ရှိနေမှာပေါ့။
အနိုင်ကို အပြုံးနဲ့ဆီးကြိုနိုင်ရင်ဖြင့် အရှုံးကိုလည်း မတုန်မလှုပ်နဲ့ လက်ခံနိုင်အောင် ကြိုးစား ရမှာပေါ့၊ ဘ၀ကိုစိတ်ကောက်မနေကြပါနဲ့၊ ဘ၀ကို စိတ်လည်း ပျက်မနေကြပါနဲ့၊ မသေခင်လေးပဲ ကြိုးစားဘို့အခွင့် အချိန်ရှိတာပါ၊ သေသွားရင် ဘာမှလုပ်လို့မရတော့ပါဘူး၊ အခွင့်သာတုန်းလေးသာ ရုန်းထားလိုက်ကြစေချင်တာပါပဲ၊ လသာတုန်းလေး ဗိုင်းငင်ထားစေချင်တာပါ…….
ဒီလိုမှမဟုတ်ရင်ဖြင့်……. သံသရာက အရှည်ကြီး…. ဘ၀တွေက မဆုံးသေး … ဆက်လျှောက်ကြရပေဦးမှာ… ဘယ်လိုလျှောက်ပ….
ခေတ္တ(ဘုံဘေ)
Read more...
အလှူ၏ ကြီးကျယ်မြင့်မြတ်ပုံ..
-ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ စားဖွယ်ပစ္စည်း ၈၄၀၀၀ စီ လှူသော အလှူထက်
-သောတာပန်တစ်ဦးကို လှူပါက ကြီးမြတ်ကြောင်း။
-သောတာပန် ၁၀၀ ကို လှူသည်ထက်
-သကဒါဂါမ်တစ်ဦးကို လှူပါက ပိုမြတ်ကြောင်း။
-သကဒါဂါမ် ၁၀၀ ကို လှူသည်ထက်
-အနာဂါမ်တစ်ဦးကို လှူပါက ပိုမြတ်ကြောင်း။
-အနာဂါမ် ၁၀၀ ကို လှူသည်ထက်
-ရဟန္တာတစ်ပါးကို လှူသူက ပိုမြတ်ကြောင်း။
-ရဟန္တာ ၁၀၀ ကို လှူသည်ထက်
-ပစ္စေကဗုဒ္ဓါတစ်ပါးကို လှူသူက ပိုမြတ်ကြောင်း။
-ပစ္စေကဗုဒ္ဓါ ၁၀၀ကို လှူသည်ထက်
-သမ္မာသံဗုဒ္ဓ ဘုရားရှင်ကို လှူသူက ပိုမြတ်ကြောင်း။
-ဘုရားတစ်ဆူကို လှူသည်ထက်
-ဘုရားအမှူးထားသည့် သံဃာကို လှူသူက ပိုမြတ်ကြောင်း။
-ဘုရားအမှူးပြုပြီး သံဃာကို လှူသူထက်
-ကျောင်းတစ်ဆောင်ကို လှူသူက ပိုမြတ်ကြောင်း။
-ကျောင်းတစ်ဆောင် လှူသူထက်
-ဘုရား၊ တရား၊ သံဃာ (သရဏဂုံ ၃-ပါး) ကို ကိုးကွယ်ဆည်းကပ်သူက သာလွန်မြင့်မြတ်ကြောင်း။
-ဘုရား၊ တရား၊ သံဃာကို ကိုးကွယ်ဆည်းကပ်သူထက်
-ငါးပါးသီလကို စောင့်ထိန်းသူက ပိုမြတ်ကြောင်း။
-ငါးပါးသီလကို စောင့်ထိန်းသူထက်
-ပန်းတစ်ရှုပ် နမ်းခိုက်မျှ မေတ္တာစိတ်ကို ပွားများပါက ပိုမြတ်ကြောင်း။
-မေတ္တာပို့သ ပွားများသူထက်
-လက်ဖျစ်တတွတ်မျှ အနိစ္စသညာကို ပွားများသူက အမြတ်ဆုံး ဖြစ်ပါသည်။
(ဓမ္မမိတ်ဆွေ ရေးသားသော လူ့ပြည်မှအပြန် စာအုပ်မှ ကောက်နှုတ်ချက်)
-
Read more...

