ထိုင်းဆရာတော်ဘုရားကြီး ဖရအာဂျန်မန်း သို့မဟုတ် Acariya Mum
ထိုင်းနိုင်ငံမှာံ ပရိယတ္တိသံဃာတော်များ မြန်မာနိုင်ငံလောက်ထွန်းပေါက်ခြင်း မရှိခဲ့ပေမယ့် ပဋိပတ္တိသံဃာတော် အတော်များများ နေလိုလလို ထွန်းပေါက်ခဲ့ကြတာကို သမိုင်းမှတ်တမ်းများအရ သိရပါတယ်။
ထိုင်းဆရာတော်ကြီး. ဖရအာဂျန်မန်း အမှုးပြုတဲ့ ရဟန်းမြတ်များဟာ မြန်မာနိုင်ငံတောင်တန်းများပေါ်နှင့် လောနိုင်ငံတောင်တန်းများပေါ်မှာ် နှစ်ပေါင်းများစွာနေပြီး ဂူများစွာ ကျိန်းစက်လျက် တရားများ ပြင်းပြင်းထန်ထန် အားထုတ်ခဲ့ကြပါတယ်၊
ဖရအာဂျန်မန်းဟာ သူရဲ့ လက်ရင်းငယ် သံဃာတစ်ပါးအား သူတွေ့ရှိခဲ့တဲ့ ကိုယ်တွေ့အဖြစ်အပျက်များကို အမြဲပြောကြားခဲ့ပါတယ်၊ ဒါပေမယ့်လဲ သူ့မှာ စိုးရိမ်စိတ်ကတော့ ရှိနေခဲ့ပါတယ်. သူ့ကိုယ်တွေ့ အဖြစ်အပျက်တွေကို ပြောပြနေရင် မယုံကြည်တဲ့ သူတွေရှိနေမယ်ဆိုတာပါပဲ၊ ( ဘုရားလက်ထက်တော်အခါကလဲ အရှင်မဟာမောဂ္ဂလာန်နဲ့ အရှင်လက္ခဏတို့က သူတို့တွေ့မြင်တဲ့ ဂိဇ္ဈကိုဋ်တောင်စောင်းက ပြိတ္တာတွေ အကြောင်းလျှောက်တဲ့အခါ ငါဘုရား စောစောကပင် မြင်တော်မူကြောင်း သို့သော် မျက်မြင်သက်သေမရှိလို့ မပြောဆိုသေးတာဖြစ်ကြောင်း မြတ်စွာဘုရား ပြန်လည်မိန့်ကြားရတဲ့ သာဓကတွေအများကြီးရှိပါတယ်၊ )
ဒါကြောင့်တပည့်ဖြစ်သူ âcariya Mahà Boowa ¥àõasampannoကိုသူပျံတော်မူရင် သူ့ကိုယ်တွေ့ဖြစ်စဉ်တွေကို စာအုပ်ရေးသားပါလို့ မိန့်မှာတော်မူခဲ့ပါတယ်.. တပည့်ဖြစ်သူကလဲ စာမျက်နှာပေါင်း ၆၈၀ ကျော်ခန့်ရှိ စာအုပ်တအုပ်ကို ရေးသားခဲ့ပါတယ်။.
ဆရာတော်အာဂျန်မန်းကို ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းမှာ မွေးဖွားခဲ့တာပါ။
မိသားစုကိုးယောက်မှာ အကြီးဆုံးသားဖြစ်ပြီး အသက် ၁၅ နှစ်မှာ ကိုရင်ဝတ်ခဲ့ပါတယ်။ ကိုရင်ဝတ်နဲ့ ၂ နှစ်လောက် တရားကျင့်ကြံ အားထုတ်ခဲ့ပြီး မိဘအလုပ်ဖြစ်တဲ့ တောင်သူအလုပ်ကို ကူညီလုပ်ကိုင်ဖို့် သူ့ကို လူထွက်ခိုင်းခဲ့ပါတယ်
အသက် ၂၂ နှစ်အရွယ်မှာ မိဘများကို ခွင့်ပန်ပြီး ရဟန်းဘောင်သို့ ၀င်ခဲ့ပြန်ပါတယ်၊ ရဟန်းဘ၀ကို ရောက်ပြီဆိုတာနဲ့ ကမ္မဋ္ဌာန်း ၀ိပဿနာကို နေ့စဉ်မပြတ်အားထုတ်ခဲ့တယ်။ ထိုင်းနိုင်ငံ အလယ်ပိုင်း တောကလည်းနက် ရေတံခွန်များ ဂူများပေါများတဲ့ နခနရုတ်ဒေသကို သွားရောက်ပြီး သာယာတဲ့ ဂူကြီးတခုကိုတွေ့တော့ ဒီမှာပဲ တရားအားထုတ်တော့မယ်ဆိုပြီး တောင်ခြေမှာ ရှိတဲ့ ဒကာတချို့ကို ပြောပါတယ်.. ဒကာ ဒကာမတွေက ဒီဂူမှာ တရားအားမထုတ်ပါနဲ့ ဒီဂူမှာ တရားအားထုတ်တဲ့ သံဃာတော်တွေ ရုတ်တရက် ပျံလွန်တော်မူကြတယ်ဘုရား အခုဆိုရင် ပျံတော်မူတာ လေးပါးတောင် ရှိနေပါပြီလို့ လျှောက်ထားပြီး ဒီဂူမှာ တရားအားမထုတ်ရန် တားမြစ်ကြပါတယ်.
ဆရာတော် ဖရအာဂျန်မန်းကတော့ သတ္တ၀ါဆိုတာ တနေ့သေရမှာပဲ ရဟန်းဘ၀နဲ့ တရားရှုမှတ်ပြီးသေတာ ပိုပြီးမြင့်မြတ်ပါတယ် လို့ အမိန့်ရှိကာ ဒီဂူမှာပဲ ပထမည ဒုတိယည တတိယည သုံးညလွန်မြောက်ခဲ့ပါတယ်. ဆရာတော်အတွက်လဲ အေးချမ်းသာယာစွာ တ၇ားများ ပွားများအားထုတ်နိုင်ခဲ့တယ်
စတုတ္ထညမှာတောူ့ ဆရာတော့် ၀မ်းတွင်းက ပူလောင်လာပြီး ဓာတ်များမရပ်မနား သွားပါတော့တယ်. ကာယဂတာသတိ ကမ္မဋ္ဌာန်းကို ပွားများနေရာက ဝေဒနာကို ပြောင်းပြီး ရှုမှတ်ခဲ့ရာ ကိုယ်တွင်းမှာတောက်ပြောင်တဲ့ အလင်းရောင်ကို ရှုမြင်ရပြီး ခန္ဓာကိုယ်မှာလဲ ပေါ့ပါးလာကာ. ဝေဒနာလည်း ကင်းပျောက်ပြီး နေထိုင်၍ အလွန်ကောင်း တရားပွား၍ အလွန်ကောင်းလာပါတယ်။
ထိုစဉ်အခါတွင် ဂူကြီးထဲကို ခန္ဓာကိုယ်ကြီးမားတဲ့ သတ္တ၀ါကြီး ၀င်လာပါတယ် နတ်လား ဘီးလူးလား မခွဲခြားနိုင်ပါဘယး ပြီးတော့ ဒီသတ္တ၀ါကြီးက ဆရာတော့်ကို ပြောပါတယ်.. သူဟာ ဒီတောတောင်မှာ တန်ခိုးအာဏာကြီးတဲ့ တောင်စောင့်ဘီးလူးကြီးပါတဲ့..ဒီလိုပြောပြီး သူ့လက်ထဲမှာပါလာတဲ့ တင်းပုတ်ကြီးကို ပြပြီး ဒီတင်းပုတ်နဲ့ ဆင်ကိုတောင် မြေကြီးထဲဝင်သွားအောင် ၀င်သွားအောင် ရိုက်သတ်ခဲ့ဖူးကြောင်း ဒီဂူထဲကို လာပြီးတရားအားထုတ်တဲ့ သံဃာလေးပါးကိုလည်း ဒီတင်းပုတ်နဲ့ ရိုက်သတ်ခဲ့တာ ဖြစ်ကြောင်းလျှောက်ထားပါတယ်......
.အခုလဲ ဆရာတော်အနေနဲ့ ဒီဂူကနေ ချက်ချင်းထွက်သွားပါ..ထွက်မသွားရင် ဒီတင်းပုတ်ကြီးနဲ့ ရိုက်သတ်ပစ်မည် ဖြစ်ကြောင်းလျှောက်ထားပါတယ်… ဆရာတော် အာဂျန်ချမ်းကတော့ ကြောက်ရွံမှုမရှိ တည်ငြိမ်တဲ့လေသံနဲ့… အသင်ဘီလူး… သတ္တ၀ါမှန်ရင် တနေ့သေကြရမှာပါ… ရဟန်းဘ၀နဲ့ မြတ်စွာဘုရားရဲ့ တရားတွေကို ပွာများအားထုတ်ရင်း ကိလေသာစစ်တပ်ကို အောင်နိုင်ဖို့ ဒီဂူကို ရောက်လာခြင်းသာဖြစ်ပါတယ်၊
သင့်ကို နှောင့်ယှက်ဖို့ ရောက်လာတာမဟုတ်ဘဲ ငြိမ်းချမ်းစွာ အားထုတ်ဖို့လာတာဖြစ်ပါတယ်…သင်ပြောသလို သင်ဟာတကယ် တန်ခိုးကြီးတယ်ဆိုရင် သင့်ကိုယ်တွင်းက ကိလေသာတွေကို အောင်နိုင်အောင် ဖြိုခွင်းနိုင်သူ ဖြစ်ပါရဲ့လား…သင် သတ်လိုက သတ်ပါ.. ငါ့အတွက်တရားပွားများရင်း မြတ်သောသေခြင်းနဲ့ သေရမှာမို့ ငါ့မှာ ကြောက်ရွံစရာ လုံးဝမရှိပါဘူး သင်ကသာ ရဟန်းမြတ်ကို သတ်လို့ ဒုက္ခကြီးစွာ ရလိမ့်မယ်. မမိုက်ပါနဲ့ ကောင်းမှုကုသိုလ်များ အားထုတ်ပါဟု တရားဟောလိုက်တော့ ဒီတောင်စောင့်ဘီလူးကြီးဟာ သေးငယ်သွားပြီး ဆရာတော်ကို ဦးချကန်တော့ပါတယ်.
ပြီးတော့ ဒီဂူမှာပဲ ဆက်ပြီးတရားအားထုတ်ပါလို့ လျှောက်ထားပြီး ပျောက်ကွယ်သွားပါတယ်၊ နောက်ပိုင်းမှာတော့ သူ့ရဲ့ တပည့်တပန်းတွေကို ပါခေါ်လာပြီး ဆရာတော်ထံမှာ တရားတွေ နာကြားပါတယ်၊. ရုက္ခစိုးပေါင်း ထောင်သောင်းများစွာလည်း ဆရာတော့်တရားကို နာယူဖို့ လာရောက်ကြပါတယ်၊
ဆရာတော် ကမ္မဋ္ဌာန်းစတင်ပွားများစဉ်က သူ့ဆရာ အာဂျန်စောက ၀င်သက်ရှုသည့်အခါ ဗု ဟူ၍မှတ်ပြီး ထွက်သက်မှာ ဓော ဟုမှတ်ရန် ပြောပြထားလို့ စိတ်ကိုမလွှင့်စေပဲ ဗုဓော ဗုဓော ဟု ပွားများသလို၊ လမ်းလျှောက်ရာတွင်လည်း ဘယ်ခြေတွင် ဗု ဟုမှတ်ကာ ညာခြေတွင် ဓော ဟု မှတ်ကာပွားများအားထုတ်တယ်။ ဒီလို သုံးလလောက် ပြင်းပြင်းထန်ထန် အားထုတ်လိုက်တော့ ပိုးလောက်တွေ လူသေကောင်တွေ အလောင်းကောင်တွေ့မြင်ရတော့ ဆရာဖြစ်သူ အာဂျန်စောကို လျှောက်ဖြစ်ပါတယ်.. ဆရာက
ကာယဂတာ သတိပဋ္ဌာန်ကို ပွားများအားထုတ်ဖို့ လမ်းညွှန်ပြတယ်။ တခါတရံ ဦးခေါင်းမှအောက်သို့ နှလုံး အသည်း အူ စသည်များကို စူးစိုက်ပြီး ပွားများအားထုတ်ပါတယ်၊ တခါတရံ ကျောကိုသာ အာရုံစူးစိုက်လျက်၎င်း တခါတရံ ဆံပင်ကိုသာ အာရုံစူးစိုက်လျက်၎င်းပွားများအားထုတ်ပါတယ်
ဒီကမ္မဋ္ဌာန်းကို ပျံလွန်တော်မူသည်အထိ ပွားများအားထုတ်ပြီး ဘယ်သောအခါမှ စိတ်ကို ကိုယ်တွင်းမှ ထွက်မသွားအောင် စိတ်ကို သတိဖြင့်ထားကြောင်းကို လည်းမိန့်ကြားပါတယ်၊
. နုနယ်စဉ်က စိတ်မှာ စူးစမ်းလိုစိတ်များ ပေါ်ပေါက်ခဲ့ဖူးတယ်၊ တနေ့မှာတော့ စိတ်ပျံလွင့်သွားပြီး ငရဲဘုံသို့ ရောက်သွားခဲ့တယ်။ ငရဲမှာ ခံစားနေရတဲ့ သူတွရဲ့ ဆင်းရဲမှုဝေဒနာတွေကို မြင်တွေ့ရပြီး သံဝေဂရ ငေးမောနေမိခဲ့တယ်။ အဲဒီနေ့မှာ မွန်းလွဲသွားလို့ ဆွမ်းမစားလိုက်ရပါဘူး
တခါမှာလည်းစိတက်ပျံလွင့်ပြီး နတ်ဘုံသို့ရောက်သွားပါတယ်. နတ်ဘုံမှာလည်း နတ်သားများက သူ့အား အရေးတယူ ကြည့်ရှုခြင်းမရှိကြောင်း သွားမြဲ လာမြဲ အလုပ်များ လုပ်ဆောင်နေကြကြောင်း သူတို့ဘာသာ နေကြကြောင်း တွေ့ရှိခဲ့တယ်လို့ မိန့်တော်မူပါတယ်၊
ဤဖြစ်ရပ်များကို သူ၏ဆရာ အာဂျန်စောအား လျှောက်ထားတဲ့အခါ ဆရာတော်က မင်းစိတ်ဟာ မျောက်စိတ်လိုပဲ ဟိုရောက် ဒီရောက်နဲ့ ကိုယ်ထဲက စိတ်ကို ဘယ်တော့မှ အပြင်မထွက်စေနဲ့လို့ ငါပြောထားသားပဲ ဟု မိန့်တော်မူလိုက်ပါတယ်၊
ဖရအာဂျန်မန်းဟာ် ကာယဂတာသတိပဋ္ဌာန်ကို ပွားများလို့ အတော်အတန် အသားကျပြီး မိမိကိုယ်ကို ယုံကြည်အားထားမှု ရှိလာတဲ့အခါ မြောက်ဖက်ဒေသသို့ တပါးတည်းကြွလာခဲ့တယ်
. နောက်ပိုင်း မြန်မာပြည်ဖက်ကိုကူးလာပြီး တောနက်နယ်စပ်တခုတွင် တရားများ ငါးနှစ်တိုင်တိုင် အားထုတ်ခဲ့တယ်။ ထိုစဉ်က မြန်မာကျေးရွာများမှ ဒကာ ဒကာမများနှင့် စကားပင်ပြောကြားနိုင်ခဲ့တယ်၊ ဒုတိယကမ္ဘာစစ်ကြီးဖြစ်တဲ့်အခါ ထိုင်းနိုင်ငံဘက်သို့ ပြန်ကြွလာခဲ့တယ်။ တောအထပ်ထပ် တောင်အထပ်ထပ်ကို ဖြတ်ကျော်ပြီးသုံးရက် သုံးည တိုင်တိုင်ကြွလာခဲ့တယ်
. ကျမ်းဂန်များမှာ ရုက္ခစိုးများက ဒီလို ရဟန်းတော်တွေကို ဆွမ်းကပ်ကြောင်းဖတ်ဖူးပေမယ့် ငါ့မှာ တစ်ယောက်မှ မရှိဟု စဉ်းစားလျက် ကျောက်ဖျာ တစ်ခုပေါ်မှာ အနားယူနေခိုက် ဘယ်သူမှန်းမသိရတဲ့ လူရည်သန့်တစ်ဥိးက ဆရာတော့်အား ဆွမ်းကပ်ပါတော့တယ်
. ဆရာတော်ကလည်း ဆွမ်းကို လက္ခံပြီး ဘယ်အရပ်က လာပါသလဲ ဟုမေးရာ မည်သို့မျှ ပြန်မပြောပဲ ခမ်းလှမ်းလှမ်းကို လက်ညှိုးထိုးပြပြီး လမ်းလျှောက်သွားပါတယ်. ဆွမ်းမှာလည်းအလွန်အရသာရှိတယ်. ဆရာတော်ကလည်း တောကြီးမျက်မည်းထဲ အိမ်တွေမရှိပါပဲ ဘယ်ကလာသလဲလို့ သိချင်တာနှင့် ထိုလူသွားရာကို ကြည့်နေရာ ခပ်လှမ်းလှမ်း သစ်ပင်တပင်ရင်းရောက်တော့ ပျောက်ကွယ်သွားပါတော့တယ်၊
ဆ၇ာတော်အာဂျန်ချမ်းဟာ ကမ္မဋ္ဌာန်းနှင့်သာ မွေ့လျော်လေ့ရှိတယ်။ ညဖက်မှာ နတ်ဒေ၀ါများ နဂါးများ လာရောက် တရားနာလေ့ရှိပါတယ်။်။ ဆရာတော်ဟာ် တနေရာ တဒေသတွင် ကြာကြာ သီတင်းသုံးတော်မမူပါဘူး။ ဇင်းမယ်နယ်ဖက်မှာတော့ ကြာကြာသီတင်းသုံးပါတယ်.
ဇင်းမယ်နယ်ဖက်မှာ် ဒေ၀တာများ များပြားစွာလာရောက်တရားနာယူကြသည်ကို သတိပြုမိကြောင်း အရှေ့မြောက်ပိုင်းတွင် ဒေ၀တာများ မများပဲ နဂါးများ လာရောက်သည်ကများပြားကြောင်း မှတ်တမ်းမှာ ဖော်ပြထားပါတယ်။ နဂါးတွေဟာ ညဖက် ၁၀ နာရီမှ ၁၁ နာရီခန့်တွင် လာရောက်တရားနာလေ့ရှိသလို ၊ဒေ၀တာများကတော့ ညသန်းခေါင်ယံအချိန်မှ လာရောက်ကြပြီး နံက်မိုးသောက် ၂ နာရီခန့်ရှိမှ ပြန်လေ့ရှိကြောင်း အမိန့်ရှိတော်မူပါတယ်.
နတ်များ နဂါးများဟာ် အလွန်စည်းကမ်းသေ၀ပ်ကြသလို တရားနာယူသည့်အခါမှာ် လူများကဲ့သို့လှုပ်ရှားခြင်းမရှိပဲ နာယူကြပါတယ်။ နတ်များဟာ လာရောက်တဲ့အခါ ဆရာတော်ကို သုံးပတ်လှည့်၍ ကန်တော့ကြတယ်၊ တည်ငြိမ်စွာ တရားနာပြီးသည့်အခါ သာဓု သုံးကြိမ်ခေါ်ကြပြီး နောက်သို့ ရွေ့လျားသွားကြပြီး တခဏချင်းပင်လျှင် ၀ါဂွမ်းပုံလေးကဲ့သို့ဖြစ်ပြီး လျင်မြန်စွာ ကောင်းကင်၌ ပျောက်ကွယ်သွားကြပါတယ်၊
တခါက နဂါးမင်းနှင့် နဂါးပရိသတ်များ နေ့စဉ်ရက်ဆက် တရားနာလာကြပါတယ် လာတဲ့်အခါ နဂါးမင်းက သူ့ရဲ့ ရာဇပလ္လင်ကိုပါ ယူလာပြီ်း သူ၏ ရာဇပလ္လင်ပါ သူ့ပရိသတ်နဲ့ တရားနာယူပါတယ်။ သူသောက်ဖို့ယူလာတဲ့ ရေကို ဆရာတော် အာဂျန်ချန်းကို အရင်ဆက်ကပ်ပြီးမှ သူသောက်လေ့ရှိပါတယ်။သုတ္တန်ဒေသနာတော်နှင့် အောင်ခြင်းရှစ်ပါး တရားကို နတ်များအလွန်နှစ်သက်ကြတယ်လို့ အမိန့်ရှိပါတယ်။ ပဋိပတ်စခန်းကို ကျွမ်းကျင်စွာ ကျင့်ကြံတော်မူတဲ့ ဆရာတော် ဖရအာဂျန်ချမ်းဟာ ၁၉၄၉ခုမှာ လူ့ဘ၀ဇာတ် သိမ်းတော်မူပါတယ်၊။
ဆရာတော်ကြီးရဲ့ ကိုယ်တွေ့ ထူးဆန်းထွေလာ ပရလောကကမ္ဘာကို သိရှိနိုင်ဖို့ ဒီစာအုပ်မူရင်းမှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်၊
Ven. Acariya Mun - Spiritual Biography + photos
Read more...





























The Prime Minister of the Tang Dynasty was a national hero for his success as both a statesman and military leader. But despite his fame, power, and wealth, he considered himself a humble and devout Buddhist. Often he visited his favorite Zen master to study under him, and they seemed to get along very well. The fact that he was prime minister apparently had no effect on their relationship, which seemed to be simply one of a revered master and respectful student.