* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, February 3, 2010

ဗုဒ္ဓဘာသာဝင် နိုင်ငံတွေ ဘာကြောင့်ဆင်းရဲနေရတာလဲ?

ဘုန်ဘုန်း.. တပည့်တော်မ သိချင်တာလေး တစ်ခုလျှောက်ထားခွင့်ပြုပါ၊ ဗုဒ္ဓရဲ့ တရားတော်တွေက သန့်စင်မွန်မြတ်ပါလျှက် ဘာဖြစ်လို့ ဗုဒ္ဓဘာသာဝင်နိုင်ငံတွေ ဆင်းရဲနေရတာလဲ၊ လိုအပ်တဲ့နေရာတွေမှာ မပေးလှူဘဲ အရမ်းကြီးမလိုအပ်တဲ့ စေတီ ဘုရားကျောင်းကန်တွေမှာ လှူနေလို့ ဆင်းရဲနေတာလား၊ တပည့်တော်မ စိတ်ထဲမရှင်းလို့ ဖြေကြားပေးပါ ဘုရား။
ပူစူး အင်္ဂလန်

အီးမေးလ်နဲ့ မေးထားတဲ့ မေးခွန်းပါ၊ ဒီလိုမေးခွန်းမျိုး မကြာခဏအမေးခံခဲ့ရဖူးတယ်၊ ဘာသာရေးကို အလေးအနက်ထားသူများကြားမှာလဲ ဒီမေးခွန်းက စိတ်ဝင်စားစရာ ဖြစ်နေခဲ့တယ်။ မေးခွန်းရှင်ရဲ့ မေးခွန်းကို အပိုင်း ၂ ပိုင်းခွဲပြီး ဖြေကြရအောင်၊ ပထမ အပိုင်းက ဘုရားရှင်ဟောကြားတဲ့ တရားတွေ သန့်စင်မွန်မြတ်ပါလျှက် ဘာဖြစ်လို့ ဗုဒ္ဓဘာသာဝင်တွေ ဆင်းရဲနေရတာလဲ ဆိုတာပါ။

တကမ္ဘာလုံးကို ခြုံပြီးကြည့်မယ်ဆိုရင် ဗုဒ္ဓဘာသာဝင်နိုင်ငံတွေသာ ဆင်းရဲတာ မဟုတ်ဘဲ ခရစ်ယာန်နိုင်ငံများ အစ္စလာမ်ဘာသာဝင်နိုင်ငံများ ဟိန္ဒူဘာသာဝင်နိုင်ငံများလည်း ဆင်းရဲနေကြတာကို တွေ့မြင်နိုင်တယ်၊

တကယ်ဆိုရင် တိုင်းပြည်တစ်ခုရဲ့ ဖွံ့ဖြိုးမှု နောက်ကျခြင်း ဆင်းရဲမွဲတေခြင်းဟာ ဘာသာရေးကြောင့် မဟုတ်ဘဲ အဲဒီတိုင်းပြည်ရဲ့ နိုင်ငံရေး စီးပွားရေး လှုမှုရေးတွေကြောင့် ဖြစ်တယ်ဆိုတာ နားလည်နိုင်ပါတယ်။ နိုင်ငံရေး စီးပွားရေးစနစ်ကောင်းနေတဲ့ ဂျပန် ကိုရီးယား တရုတ် ဗုဒ္ဓဘာသာဝင်နိုင်ငံတွေ တိုးတက်နေတာကိုလဲ သတိထားကြည့်နိုင်တယ်။

တကယ်တော့ ဘာသာရေးဆိုတာ အိမ်ပေါ်မှာတင်ထားတဲ့ ပစ္စည်းလိုပါပဲ၊ အိမ်တစ်လုံးဟာ အမိုးကလဲကောင်း အကာလဲကောင်း ခိုင်ခိုင်ခန့်ခန့် ရှိနေမယ်ဆိုရင် အိမ်ပေါ်မှာ တင်ထားတဲ့ ပစ္စည်းဟာ အရောင်ထွက်နေပါလိမ့်မယ်၊ အမိုးအကာမဲ့ပြီး ယိုင်နဲ့ ချည့်နဲ့နေတဲ့ အိမ်ပေါ်မှာ တင်ထားတဲ့ ပစ္စည်းဟာ မိုးဒဏ် လေဒဏ်ကြောင့် အရောင်ညှိုးမှိန် ရမှာ အမှန်ပါ။ နိုင်ငံရေး စနစ် စီးပွားရေးစနစ် လှုမှုရေးစနစ် အစစ အရာရာ နိမ့်ကျ(အရည်အသွေးမမှီ)တဲ့ နိုင်ငံမှာရှိနေတဲ့ ဘာသာရေးကလဲ အများလေးစားစရာ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်၊

တစ်ခုတော့ ပြောစရာရှိပါတယ်၊ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုကို တန်ဖိုးထားရှာဖွေနေကြသူများကတော့ မွန်မြတ်တဲ့တရား ဘယ်နေရာမှာရှိရှိ ဘယ်နိုင်ငံမှာရှိရှိ တန်ဖိုးထားကြမှာပါ၊ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှု တစ်ခုတည်းကို ကြည့်မယ်ဆိုရင်တော့ ဗုဒ္ဓဘာသာကြောင့်ပဲ တိုးပြည်ဆင်းရဲနေရသလို မြင်ပါလိမ့်မယ်၊
လိုရင်းပြောရရင်တော့ ဗုဒ္ဓဘာသာကြောင့် ဗုဒ္ဓဘာသာဝင်တိုင်းပြည်တွေဆင်းရဲ နေရတာမဟုတ်ဘဲ အိမ်မကောင်းလို့ အိမ်ထဲက ပစ္စည်းများ အရောင်မှိန်နေခြင်းသာဖြစ်ပါတယ်လို့ ဖြေကြားပါရစေ။

ပူစူးရဲ့ မေးခွန်း အပိုင်းနှစ်က လိုအပ်တဲ့နေရာတွေမှာ မလှူဘဲ အရမ်းမလိုအပ်တဲ့ စေတီ ဘုရားကျောင်းကန်တွေမှာ လှူနေလို့ တိုင်းပြည်ဆင်းရဲနေရတာလား ဆိုတာပါ၊ ဒီနေရာမှာ အမြင်တွေ အမျိုးမျိုး ကွဲနိုင်ပါတယ်၊

အနော်ရထားမင်းကြီး ကျန်စစ်သားမင်းကြီးတို့လက်ထက်က တည်ထားခဲ့တဲ့ စေတီတွေ အများကြီးပါ၊ ဒီလို စေတီတွေ အများကြီးတည်ခဲ့လို့ တိုင်းပြည်မွဲတာလို့ တချို့က မြင်တယ်။ အေဒီ ၇ ရာစု ၈ ရာစု ၀န်းကျင်က တည်ထားခဲ့တဲ့ ဒီစေတီတွေရဲ့ အနုပညာလက်ရာတွေ။ မြစေတီလို ဘာသာ သုံးမျိုးနဲ့ရေးစိုက်ခဲ့တဲ့ ကျောက်စာတွေဟာ အဲဒီခေတ်ကို ကိုယ်စားပြုခဲ့တာတွေပါ၊

ပုဂံခေတ်ရဲ့ ပညာရေးအဆင့်အတန်း အနုပညာအဆင့်အတန်းနဲ့ မြန်မာတို့ရဲ့ တိုးတက်မှုကို ဖော်ကျူးပြခဲ့တာပါ၊ တကယ်လို့သာ အဲဒီစေတီတွေ အများကြီးမတည်ဖြစ်ခဲ့ရင် ဒီနေ့ခေတ်မှာ ပုဂံဆိုတာကို ကမ္ဘာက သိမှာမဟုတ်ဘူး၊ဒီလိုဆိုတော့ သမိုင်းတန်ဖိုးအရ ကြည့်ရင် လူသားတို့ရဲ့ ယုံကြည်မှုအရကြည့်ရင် တကယ့်ကို လုပ်သင့်တဲ့အလုပ်ကို လုပ်ခဲ့တာဖြစ်လို့ တိုင်းပြည်ဆင်းရဲခြင်း ချမ်းသာခြင်းဟာ ဘုရားစေတီတွေကို လှူခြင်း မလှူခြင်းနဲ့တော့ အများကြီး မသက်ဆိုင်ပါဘူး၊
ဘကြီးတော်မင်းတရား လက်ထက်က ပုထိုးတော်ကြီး၊ မင်းကွန်းခေါင်းလောင်းကြီး စတာတွေ မဆောက်ဖြစ်ခဲ့ရင် မလုပ်ဖြစ်ခဲ့ရင် မင်းကွန်းဆိုတဲ့ ရွာသိမ် ရွာငယ်လေးကို ကမ္ဘာက သိမှာမဟုတ်ဘူး။
လူသားဆိုတာ ကိုယ်ကျေနပ်မှုရအောင် စိတ်ချမ်းသာအောင်အမြဲ လုပ်ဆောင်လေ့ရှိတဲ့ သတ္တ၀ါမျိုးပါ၊

ဘုရား စေတီတွေ တည်ဆောက်ခြင်းဖြင့် ရလာတဲ့ စိတ်ချမ်းသာမှုမျိုးကို တန်ဖိုးထားကြတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဘုရား စေတီတည်တာကြောင့် ချမ်းသာ ဆင်းရဲဖြစ်ရတာ မဟုတ်ဘူး၊ လူတိုင်းလဲ ဘုရား စေတီတည်နေကြတာ မဟုတ်သလို လူတိုင်းလဲ ပရဟိတ ခေါင်းပါးနေတာ မဟုတ်လို့ပါပဲ။ ဟန်ချက်ညီတဲ့ လုပ်ဆောင်မှုတွေ ဖန်တီးနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပါ။

အင်္ဂလန်က ပူစူးကျေနပ်မည်ဟု မျှော်လင့်ပါသည်၊ နားလည် တတ်ကျွမ်းသည့် အခြားအခြား ဆရာတော်များကိုလဲ မေးမြန်းသင့်ပါ၏။


Read more...

အသက် 'ဇီဝိတိနြေ္ဒ'သည် အဘယ်ကို စွဲ၍ တည်သနည်း

မဟာဝေဒလ္လသုတ်

"အသက် 'ဇီဝိတိနြေ္ဒ' သည် အဘယ်ကို စွဲ၍ တည်သနည်း"

ငါ့သျှင် အသက် 'ဇီဝိတိနြေ္ဒ' သည် အဘယ်ကို စွဲ၍ တည်သနည်း ဟု လျှောက်၏။

ငါ့သျှင် အသက် 'ဇီဝိတိနြေ္ဒ' သည် ကိုယ်ငွေ့ 'ကမ္မဇတေဇောဓာတ်' ကို စွဲ၍ တည်၏ ဟုမိန့်ဆို၏။

ငါ့သျှင် ကိုယ်ငွေ့ 'ကမ္မဇတေဇောဓာတ်' သည် အဘယ်ကို စွဲ၍ တည်သနည်း ဟု လျှောက်၏။

ငါ့သျှင် ကိုယ်ငွေ့ 'ကမ္မဇတေဇောဓာတ်' သည် အသက် 'ဇီဝိတိနြေ္ဒ'ကို စွဲ၍ တည်၏ဟု မိန့်ဆို၏။

ငါ့သျှင် ''အသက် 'ဇီဝိတိနြေ္ဒ' သည် ကိုယ်ငွေ့ 'ကမ္မဇတေဇောဓာတ်'ကို စွဲ၍ တည်၏'' ဟု ယခုပင် အသျှင်သာရိပုတြာ ပြောဆိုသည်ကို ငါတို့ သိရကုန်၏။ ငါ့သျှင် ''ကိုယ်ငွေ့ 'ကမ္မဇတေဇောဓာတ်'သည် အသက် 'ဇီဝိတိနြေ္ဒ' ကို စွဲ၍ တည်၏'' ဟု ယခုပင် အသျှင်သာရိပုတြာ ပြောဆိုသည်ကို ငါတို့ သိရကုန်၏။

ငါ့သျှင် ဤစကား၏ အနက် အဓိပ္ပါယ်ကို အဘယ်ကဲ့သို့ သိမှတ် ရမည်နည်း ဟု လျှောက်၏။

ငါ့သျှင် သို့ဖြစ်လျှင် သင့်အား ဥပမာပြုအံ့၊ ဤလောက၌ ဥပမာဖြင့်လည်း အချို့သော ပညာရှိ ယောက်ျားတို့သည် ပြောဆိုသော စကား၏ အနက် အဓိပ္ပါယ်ကို သိကုန်၏။ ငါ့သျှင် တောက်လောင်သော ဆီမီး၏ မီးလျှံကို စွဲ၍ အလင်းရောင်သည် ထင်ရှား သကဲ့သို့၊ အလင်းရောင်ကို စွဲ၍ မီးလျှံသည် ထင်ရှား သကဲ့သို့၊ ဤအတူပင် အသက် 'ဇီဝိတိနြေ္ဒ'သည် ကိုယ်ငွေ့ 'ကမ္မဇတေဇောဓာတ်'ကို စွဲ၍တည်၏၊ ကိုယ်ငွေ့ 'ကမ္မဇတေဇောဓာတ်'သည် အသက် 'ဇီဝိတိနြေ္ဒ'ကို စွဲ၍ တည်၏'' ဟု မိန့်ဆို၏။

ငါ့သျှင် ထိုအသက်တို့သည်ပင် ထိုခံစား တတ်သော သဘောတို့လော၊ သို့မဟုတ် အသက်တို့က တစ်ခြား, ခံစားတတ်သော သဘောတို့က တစ်ခြားတို့လေဟု လျှောက်၏။

ငါ့သျှင် ထိုအသက်တို့သည်ပင် ထိုခံစား တတ်သော သဘောတို့ မဟုတ်ကုန်။ ငါ့သျှင် မှန်၏၊ ထိုအသက်တို့သည်ပင် ထိုခံစား တတ်သော သဘောတို့ ဖြစ်ခဲ့ကြမူ ဤမှတ်သားမှု 'သညာ', ခံစားမှု 'ဝေဒနာ'တို့ ချုပ်ရာ 'နိရောဓ သမာပတ်'ကို ဝင်စားသော ရဟန်းအား (သမာပတ်မှ) ထခြင်းသည် မထင်ရှားရာ၊ ငါ့သျှင် အသက်က တစ်ခြား, ခံစားတတ်သော သဘောက တစ်ခြား ဖြစ်ခြင်းကြောင့် မှတ်သားမှု 'သညာ', ခံစားမှု 'ဝေဒနာ'တို့ ချုပ်ရာ 'နိရောဓ သမာပတ်'ကို ဝင်စားသော ရဟန်းအား သမာပတ်မှ ထခြင်းသည် ထင်ရှား၏ ဟု မိန့်ဆို၏။

၃ - မဟာဝေဒလ္လသုတ်၊ မှ ၊ စူဠယမက၀ဂ်၊ မူလပဏ္ဏာသပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Read more...

မဟာဇနကဇာတ်တော် ၅...

Cover (front)


Read more...

မဇ္ဈိမဒေသ အလယ်ပိုင်း အပိုင်းအခြား (၂)

၁။ အရှေ့အပိုင်းအခြား

၎င်းမှာ ဂဇင်္ဂလမြို့တော်ဖြစ်၍ အိန္ဒိယရာဇ၀င်မှတ်တမ်းများ ရေးသားကြသည့် အခိုင်အမာ ယူဆသော နေရာဌာန အပိုင်းအခြားကား ရှေးအခါက စမ္ပာမြို့တော်တည်ရာဖြစ်သော ယခု ဘာဂလမြို့မှ ၀ှင်သျှင် အမည်ရှိသော တရုတ် ရဟန်းတော်၏ မှတ်တမ်းအရ လီပေါင်း ၁၀၁- သို့မဟုတ် ယူဇနာပေါင်း ၈-ယူဇနာ မျှတည်ရှိသော ရာဇမဟာလ နယ်၌ရှိကြောင်း ၄င်းမှာ စမ္ပာမြိှု့ အရှေ့ဘက်၌ တည်ရှိကြောင်း အခိုင်အမာ ရေးသားဆုံးဖြတ်ကြကုန်၏။

၂။ အရှေ့တောင် အပိုင်းအခြား

၎င်းအပိုင်းအခြားဖြစ်သော သလ္လာဝတီ သို့မဟုတ် သလလ၀တီဟုခေါ်သော မြစ်ငယ်မှာ အရှေ့အပိုင်းအခြား ဖြစ်သော ဂဇင်္ဂလမှ ထောက်ဆ၍ အရှေ့တောင် ၀င်္ဂသမုဒြာ သို့မဟုတ် ၄င်းဌာန ဘင်္ဂလာပင်လယ်သို့ စီးဆင်း သွားသော သုဝဏ္ဏမြစ် သို့မဟုတ် ၄င်းဌာန ဒေသအသံအားဖြင့် ဆုဗရဏမြစ်ဖြစ်ကြောင်း ဆုံးဖြတ်၍ ၄င်းကိုပင် သလလ၀တီ သလဠ၀တီ သရာဝတီ စသည်ဖြင့် ရေးသားကြကြောင်း၊ ၄င်းပြင် ဗင်္ဂါလီဘာသာအားဖြင့် ထုတ်ဝေ သောမြေပုံများ၌လည်း ၄င်းကိုပင် ညွှန်ပြရေးသားကြကြောင်း နေရာဌာနအပိုင်း အခြားအားဖြင့်လည်း သင့်လျော်ကြောင်း စသည်တို့ကို ထောက်ထား၍ ထိုမြစ်ကိုပင် ဟုတ်မှန်လောက်သည်ဟု ခန့်မှန်းမှတ်သားအပ် ကုန်၏။

၃။ တောင်ဘက် အပိုင်းအခြား

၎င်းတောင်ဘက် အပိုင်းအခြားဖြစ်သော သေတကဏ္ဏိကနိဂုံး သို့မဟုတ် သေတကဏ္ဏကမြို့ငယ်မှာလည်း အလယ်ပိုင်းတိုင်းနိုင်ငံဌာန မဇ္ဈိမ အပိုင်းအခြား ရေးသားကြသော သက္ကတအားဖြင့် မဓျယဒေသ အလယ်ပိုင်း ဌာနတို့၏ အပိုင်းအခြားတို့၏ လာသောအပိုင်းအခြားများကို ထောက်ဆခြင်းအားဖြင့်လည်းကောင်း၊ ၀ိဉ္စတောင် ဆွယ်နှင့် နမ္မဒါမြစ်များဖြစ်သော အရပ်နယ်ပယ်များ၌ ရှိသင့်ကြောင်း မှတ်သားကြကုန်၏။

၎။ အနောက်ဘက် အပိုင်းအခြား

အနောက်ဘက်အပိုင်းအခြားဖြစ်သော ထုဏမည်သော ပုဏ္ဏားရွာမှာ ကုရုတိုင်းနယ်၊ ယမုနာမြစ် အနောက် ဘက်ဒေသများဖြစ်သင့်၍ ၄င်းတိုင်းနယ်၌ ပါဝင်သင့်ကြောင်း အားလုံးသော မှတ်တမ်းရာဇ၀င် ရှေးဟောင်းမြေပုံ နယ်ပုံ အပိုင်းအခြား ရေးသားကြသော ဆရာများ အယူအဆတို့နှင့် ညှိနှိုင်း၍ ဆုံးဖြတ်ကြသည်ကား ယမုနာကမ်း၏ အနောက်ဘက် သက္ကတအားဖြင့် ဆဋ္ဌာနေသျှရ ယခုအခါ ဋ္ဌာနေသရ-ဖြစ်သင့်၍ ၄င်းမှာ ဌာန- ဤသရပုဒ် ၂-ပုဒ်အနက် ဤသရပုဒ်မှာ နောက်ဆက်မျှသာဖြစ်သည့်အပြင် မပြဋ္ဌာန်း လိုရင်းအမည်မဟုတ်၊ ဌာနသာ လိုရင်းအမည်ဖြစ်သောကြောင့် ဆဌာနသည် ဆဌုဏ-ဌုဏ-ထုဏ စသည်ကာလရှည်လျား တစစအားဖြင့် ပြောင်းလဲလာခဲ့နိုင်ကြောင်း ၄င်းအမည်အရ ၄င်းဌာနသည်ပင် အလယ်ပိုင်း အနောက်ဘက် နယ်နိမိတ်ဖြစ်သင့်ကြောင်း ရေးသားကြကုန်၏။

မြတ်စွာဘုရား လက်ထက်တော်က ၄င်းအမည်တူ ထုဏအမည်ရှိသော ပုဏ္ဏားရွာသို့ ကိုယ်တော်တိုင်း ကြွဖူး တော်မူ၍ ၄င်းရွာသူရွာသား ဗြဟ္ဗဏများတို့သည် ရေစသည်တို့ကို ပိတ်ဆို့ကာ ရေတွင်း ရေကန်များကိုလည်း ဖို့ထားကြပြီးလျှင် မုဏ္ဍကသမဏများ ရေအငတ်ထားအံ့ဟု ကြံစည်ကြသော်လည်း မြတ်စွာဘုရားသည် အရှင်အာနန္ဒာအား ရေခပ်ခိုင်းသောအခါ ၄င်းတို့ဖို့ထားသော မြက် ဖွဲစသည်တို့သည် အထက်သို့ အန်ထွက်လျက် ကောင်းမြတ်ကြည်လင်သော ရေတို့ကိုမြင်ရသောအခါ အလွန်ပင်အံ့သြသဖြင့် မြတ်စွာဘုရားအား ရေတော်ကပ်ပြီး ပြန်ကြားလျှောက်ထားလျှင် .........

ကိံ ကယိရာ ဥဒပါနေန၊ အာပါ စေ သဗ္ဗဒါ သိယျုံ၊
တဏှာယ မူလတော ဆေတွာ၊ ကိဿ ပရိယေသနံ စရေ။ (ဥဒါန- ၁၇၆)

ရေကို သုံးသဖြင့် အကျိုမည်သို့နည်း။ ရေသည်ကား အခါခပ်သိမ်း ရှိကုန်ရာ၏။ တဏှာလောဘ အရင်းမှဖြတ်၍ ရေစသည်ရှာဖွေရန် အဘယ်သို့သွားမည်နည်း ဟု ဥဒါန်းကျူးတော်မူလေသည်။

၎င်းထုဏ ပုဏ္ဏားရွာကား မလ္လတိုင်း၌ဖြစ်ကြောင်း ၄င်းတို့၏ နိဒါန်း၌ ထင်ရှား၍ အနောက်ဘက်အပိုင်းအခြား ဖြစ်သောအရပ်ဒေသ မဟုတ်နိုင်သည်မှာ မလ္လတိုင်းသည် မဇ္ဈိမဒေသ အလယ်ပိုင်း အချက်အချာမှ အရှေ့ဘက်ကျသော တိုင်းနိုင်ငံ ဖြစ်သဖြင့်အရှေ့အနောက် ဖြောင့်ဖြောင့် ဆန့်ကျင်လျက်ရှိသောကြောင့် ဖြစ်လေသည်။

၅။ မြောက်ဘက် အပိုင်းအခြား

၎င်းမြောက်ဘက် မဇ္ဈိမနယ်နိမိတ် အပိုင်းအခြားမှာ ဥသိရဒ္ဓဇတောင်ဖြစ်၍ ၄င်းဥသိရဒ္ဓဇတာင်နှင့်စပ်၍ မြတ်စွာဘုရားလက်ထက် အဖြစ်အပျက် တစ်စုံတခု မရှိဘဲ နယ်အပိုင်းအခြားမျှသာ ဟောကြားသော်လည်း ၄င်းအတွင်းဖြစ်သောအရပ်ကား သာသနာတော်နှင့်စပ်သော အရပ်ဖြစ်သောကြောင့် ၄င်းကို ကောင်းစွာ မှတ်အပ်သော အပိုင်းအခြားဖြစ်လေသည်။ ၄င်းကို အိန္ဒိယရှေးဟောင်းဌာနများ ရှာဖွေမှတ်သားကြသော ရှေးဟောင်းရာဇ၀င် ဆရာတို့ကား ...

- ယခုအခါ ဟိန္ဒူများ ကိုးစားကြသော ဟရိဒွါရမြို့၏ မြောက်ဘက်၌ ထင်ရှားရှိသော ဥသီရဂီရိဖြစ်သင့်ကြောင်း၊

- ဂိရိ သဒ္ဒါ- တောင်အနက်ဟောဖြစ်၍ အမည်ရင်းကား ဥသိရဖြစ်ကြောင်း ဓဇပုဒ်ဖြင့် ရှေ့ကဆက်၍ ခေါ်ဝေါ်ခဲ့ သော်လည်း နောက်အခါ ကာလကြာ၍ ၄င်းပုဒ်မပါတော့ဘဲ ဂီရိနှင့် စပ်ခေါ်လာနိုင်ကြောင်း၊ ရေးသားကြ၍ ၄င်း ဥသိရတောင်သည်လည်း အရပ်ဌာနနှင့် ထောက်စာသဖြင့် မြောက်ဘက်ဌာန အပိုင်းအခြားဟု အမှန်အားဖြင့် မှတ်သား အပ်ကုန်၏။



Read more...

လောကီစောင်းငဲ့ခြင်းနှင့်ပိုင်စိုးဝေကဗျာ(၄)

ပိုင်စိုးဝေကြီးရဲ့ ကဗျာစာအုပ်အမည်ကိုက “ဣတ္ထိယတောင်တန်း”တဲ့၊ လောကီဆန်လွန်းလှပါပေ့။ မာတုဂါမ အရိပ်တွေ ထင်းထင်းကြီးပေါ်နေပါရောလား။ ဗုဒ္ဓအရှင်နဲ့ ရှင်အာနန္ဒာတို့ရဲ့ ကုသိနာရုံနောက်ဆုံးစကားဝိုင်းမှာ မာတုဂါမအရေးကို ဆွေးနေခဲ့ကြတာ အမှတ်ရမိပါသေးတော့တယ်။ အဲဒီအကြောင်းကို “ကုသိနာရုံဆင်ဖိုနီ” ကဗျာရှည်မှာ ဒီလို ရေးမှတ်ခဲ့ဖူးရဲ့။

“ရှင်အာနန်မှာ
မေးခွန်းတွေတိုးလာခဲ့ပြန်ပေါ့။
ရဟန်းတစ်ပါးနဲ့ အမျိုးသမီးထုဆက်ဆံရေး
နည်းပေးခဲ့ပါဦးတဲ့
တိုတိုရှင်းမိန့်ဆိုတယ်
“မကြည့်နဲ့ အာနန္ဒာ” တဲ့

“မကြည့်လို့ မဖြစ်တဲ့ အခြေအနေမျိုးမှာ ဘုရား” တဲ့
“မပြောနဲ့ကွာ အာနန္ဒာ”တဲ့။

“မပြောလို့လည်း မဖြစ်ဘူးဆိုရင်ကော ဘုရား”တဲ့
“ သတိသာ ထားပေရော အာနန္ဒာ ”တဲ့။


မူရင်းလေးလည်း ဖော်ပြချင်ပါသေးတယ်။

“ကထံ မယံ ဘန္တေ မာတုဂါမေ ပဋိပဇ္ဇာမ။”
“အဒဿနံ အာနန္ဒ”
“ဒဿနေ ဘဂ၀ါ သတိ ကထံ ပဋိပဇ္ဇိတဗ္ဗံ။”
“အနာလာပေါ အာနန္ဒ”
“အာလပန္တေန ပန ဘန္တေ ကထံ ပဋိပဇ္ဇိတဗ္ဗံ”
“သတိ အာနန္ဒ ဥပဌာပေတဗ္ဗာ။”

ဒီဓမ္မဒိုင်ယာလော့ဂ်လေးကို အရှင်ဇနကာဘ၀ံသက အဖွင့်ကျမ်းတွေနဲ့ညှိနှိုင်းပြီး ဒီလို ရှင်းပြခဲ့တာပါ။

(၁။ အဒဿနံ။ မိမိ၏ ပရိယတ်ပဋိပတ်တရား၌ စိတ်ဝင်စား၍ ကြိုးစားနေသော ရဟန်းမှာ မာတုဂါမကို မမြင် ရလျှင် လောဘစိတ်လည်း မဖြစ်၊စိတ်လှုပ်ရှားမှုလည်း မဖြစ်၊ မိမိ၏ ပရိယတ်ပဋိပတ်တရားအပေါ်၌သာ စိတ်ဝင် စား၍နေသောကြောင့်“မမြင်ရခြင်း”ကို အကောင်းဆုံးအကျင့်အဖြစ် ပထမစည်းထားတော်မူသည်။ (နဂိုကပင် စိတ်မထိန်းပဲ ကြံချင်ရာကြံနေသူအတွက် မမြင်ရသော်လည်း စိတ်အားဖြင့်သွားနေမည်ဖြစ်သော ကြောင့် မမြင်ရ ရုံမျှကို အကောင်းဆုံးဟု ဆိုမရသေးပါ။)

၂။အနာလာပေါ။ စကားပြောမိလျှင် ရင်းနှီးမှုဖြစ်၏၊ ရင်းနှီးမှုဖြစ်လျှင် စိတ်ဖောက်ပြန်မှုဖြစ်တတ်၏။ ဖောက်ပြန် မှုဖြစ်လျှင် သီလပျက်၍ အပါယ်လေးပါးသို့ ရောက်တတ်သည်။ ထို့ကြောင့်စကားမပြောခြင်းကို အကောင်းဆုံး အကျင့်အဖြစ် ဒုတိယစည်းထားတော်မူသည်။

၃။အာလပန္တေန။ မာတုဂါမက “ဒီနေ့ ဘာနေ့ပါလဲ” ဟုမေးလျှင် ပြန်ဖြေရလိမ့်မည်။“ သီလပေးပါ” ဟုတောင်း လျှင် ပေးရလိမ့်မည်။ “တရားနာလိုပါသည်”ဟု လျှောက်လျှင် တရားစကားပြောရလိမ့်မည်။ ပြဿနာမေးလျှင် ဖြေရလိမ့်မည်။

စကားမပြောလျှင် ကဲ့ရဲ့ခံရ။ ဤသို့ရဟန်းကောင်းများပြုထိုက်သောအလုပ်ဖြစ်၍ စကားမပြောဘဲနေသော ပုဂ္ဂိုလ်ကို“ဒီကိုယ်တော်ကအအကြီးပဲ၊” “ဒီကိုယ်တော်က အထိုင်းကြီးပဲ” ဒီကိုယ်တော်က စားပြီးတော့ ကြိုးနဲ့ တုပ်ထားသလိုထိုင်နေတာပဲ” ဤသို့စသည်ဖြင့် အပြစ်တင်ကာ အကုသိုလ်ဖြစ်စရာရှိ၏။ ထို့ကြောင့် စကား ပြောခွင့်ကြုံလျှင်--

၎။သတိ ဥပဋ္ဌာပေတဗ္ဗာ။ အမိလို့ သတိထားလိုက်၊ အမ နှမလို့ သတိထားလိုက်၊ သမီးလို့ သတိထားလိုက်။ ဤသို့သတိထားနိုင်လျှင် မေတ္တာစိတ်သာဖြစ်ဖို့ ရှိ၏။ ဖောက်ပြန်သောစိတ်ကား မဖြစ်နိုင်တော့။ ထို့ကြောင့် စကားပြောခွင့်ကြုံလာလျှင်သတိထားဖို့ရာတတိယစည်းထားတော်မူသည်။(သုတ်မဟာဝါဘာသာဋီကာ၊ဒု၊၄၅၂။)

(၂)

ဒေသနာတော်မူရင်းကို စဖတ်လိုက်မိတဲ့အချိန်မှာ နည်းနည်းတော့ ပြာသွားပါတယ်။ မာတုဂါမမကြည့်ရ၊ မာတုဂါမစကားမပြောရ ဆိုတော့လေ။ဝေးပြီပေါ့။သူ့မှာက ထသွားထလာတယ်လီဖုန်းလေးတစ်လုံးကလည်း ရှိပြန်၊ ဂူးဂဲလ်ချတ်တင်းအကောင့်လေးတစ်ခုကိုလည်း ဖန်တီးထားပြန်ဆိုတော့ ခက်ခက်ရချည်ရဲ့။ မပြောရတော့ ဘူးဆိုရင်တော့ ဗာရာဏသီမှာ ခါနာနိမ်း(စားစရာမရှိ)၊ ဂျကာနိမ်း(နေစရာမရှိ)ဖြစ်သွားချေမပေါ့။ မိခင်တွေ အမ နှမတွေနဲ့ စကားပြောရပေဦးမှာ မဟုတ်လား။

ရှင်အာနန္ဒာကို ကျေးဇူးတင်ကာ အခါခါဦးညွတ်မိပါတော့တယ်။ မပြောလို့လည်း မဖြစ်ဘူးဆိုရင်ကော ဘုရား တဲ့။ Woh Good Question! ပစ္စည်းလေးပါးအမှီအခိုရှာပြီး သာသနာ့ဝန်ထမ်းနေရတဲ့ ရဟန်းတစ်ပါးအတွက်ကတော့ ဒကာတွေ ကြည်ညိုရုံနဲ့ မပြီးဘဲကိုး။ ဒကာမတွေရဲ့ ယုံကြည်လေးမြတ်မှုကလည်း အရေးကြီးတဲ့ အခန်းက ပါနေခဲ့တာပါ။( အဟမ်း အဟမ်း ဆွမ်ခံကြွချိန်မှာ ဒကာမကြည်ညိုမှ ဟင်းကောင်းကောင်း စားခဲ့ရတာတော့ သေချာတယ်။)

ဝိပဿနာဒေသနာပြပြီး သံသရာငြီးငွေ့ကြောင်းတရားတွေ ဟောတော်မူခဲ့တဲ့ လယ်တီဆရာတော်ကြီးကိုယ်တိုင် လည်း အဲဒါကိုတော့ ကောင်းကောင်းသဘောပေါက်ခဲ့လေသပေါ့။ ကမ္မဋ္ဌာန်းဆရာဟာ ကာမဂုဏ်ရဲ့ အပြစ်ကို ထောက်ပြရလေ့ရှိပါတယ်။ ဆရာတော်ဘုရားများနဲ့ အမျိုးသားယောဂီဆရာတွေရဲ့ ကာမဂုဏကထာမှာ မာတုဂါမတွေက ထိပ်တန်းခေါင်းစဉ်အဖြစ်ရှိနေတတ်ပါတယ်။ ရှောင်ကြကွင်းကြ ဖယ်ရှားကြလော့။

အမျိုးသမီးကမ္မဋ္ဌာန်းနည်းပြ ဆိုရင်တော့ ယောက်ျားတွေကို ကာမဂုဏ်ဇယားကွက်ထဲထည့်ပြီး နောက်နားမှာ တော့ “ ရှင်းလင်းဖယ်ရှားရန်” လို့ မှတ်ချက်ပေးထားမယ်ထင်ပါရဲ့။အဲဒီလိုမှ မဖယ်ရှားချင်သေးဘူး ဆိုရင်တော့ ဘလော့ဂါမိတ်ဆွေနာမည်ကြီး စာရေးဆရာမတစ်ယောက်ရဲ့ ကဗျာတစ်ပုဒ်လို
“ခုတော့ ဒီမှာလေ..
စိတ်လက်ခန္ဓာတွေ… အထပ်ထပ် တုပ်နှောင်ခံထားရ…
ရုန်းမရ… ဖယ်မရ…
တကယ်တမ်းက ပိုးသားမျှင်လေးတွေမျှ…။

ဒါနဲ့ပဲ နောက်ဆုံးတော့...
"ကျမချစ်မြဲ သံသာဝဲမှ
ခွဲထွက်ချင်ဘူး တပ်မက်ဦးမည်.. "ဆိုတဲ့
ကြည်အေးရဲ့ သစ္စာသစ်ကိုပဲ သီချင်းလုပ်ဆို...။” ဖြစ်ရချေဦးမပေါ့။

ထားပါ။
လယ်တီဆရာတော်ကြီးရဲ့တရားပွဲတစ်ပွဲကအသံလေးနားထောင်ကြည့်ပါဦး။တရားထောက်တာက အမျိုးသားပါ။
“ဒကာရေ ဒီမာတုဂါမတွေကြောင့်ပဲ သံသရာလည်နေကြသကိုးကွဲ့”
”မှန်ပါ”
“အဲဒီတော့ မာတုဂါမတွေ မရှိမှ သံသရာဝဋ်က ကျွတ်မယ် ဒီလိုမဟုတ်လား”
“ မှန်ပါ ကျွတ်မှာပါဘုရား”
“ ကဲ ဒီလိုဆို မာတုဂါမတွေကို လှေကြီးတစ်စင်းထဲ စုပြုံထည့်ပြီးမျှောလိုက်ကြရအောင် လှေကြီးလုပ်ဟေ့”
“မှန်ပါ လုပ်သင့်ကြောင့်ပါ”
“ကဲ ကြာတယ် ခုပဲ လုပ်ကြစို့”
“မှန်ပါ လုပ်ပြီးကြောင်းပါ” (ဆရာဒကာ အတိုင်အဖောက်ညီနေတာပါ။)
“ ကိုင်း ဒကာရေ လှေလုပ်ပြီးရင် မိန်းမမှန်သမျှ ဘုစုခရု မျိုးစေ့ပါမကျန် စုပြုံထည့်ကွာ”
“ထည့်ပြီးကြောင်းပါဘုရား”
“မျှောဖို့ အသင့်ဖြစ်ပြီလား”
“ ဖြစ်ပါပြီဘုရား”
“ဟဲ့ ဟဲ့ နေကြဦး ဒကာတို့ ဒို့များကို ဘယ်သူက ဆွမ်းချက်ကပ်ကြမတုန်းကွယ်။ အိမ်က ဘုရားခန်းမှာ သောက် တော်ရေချမ်းဆီမီးပန်းတွေ ဘယ်သူတွေက ကပ်လှူကြမတုန်းကွယ်။ မောင်တို့ စီးပွားရှာနေတုန်း အိမ်ကို သပ်ရပ်သန့်ရှင်းပြီး သာသာယာယာဖြစ်အောင် ဘယ်သူက ဆောင်ရွက်ကြမတုန်းကွယ်။”
စသည် စသည် ဆရာတော်ကြီးက မိန်းမတွေရဲ့ တန်ဖိုးကို ဟောပါတော့တယ်။

တော်တော်ပိုင်တဲ့ ဆရာတော်ကြီးပေပါ့။ ဒီလိုမှ မဟုတ်ရင် မိန်းမတွေကို မျှောပစ်လိုက်တော့မလို့။ တရား ထောက်တဲ့ ဒကာကလည်း သိသိကြီးနဲ့ မျှောပစ်လိုက်သေးတယ်။ နောက်က ပါရမီဖြည့်ဘက်ကြီးကို လှည့်ကြည့် လိုက်တော့ “ မျှောလိုက် မျှောလိုက်” လို့ အချက်ပေးလိုက်လေသကိုး။

ကဗျာဆရာ ဒကာပိုင်စိုးဝေကြီးကလည်း “ဣတ္ထိယတောင်တန်း”တဲ့။ ကျော်လို့လည်း မရ၊ ထားလို့လည်း မရ ဖြစ်နေပါရောလား။

(၃)

ကိုးကွယ်ရာအစစ်ဗုဒ္ဓအရှင်မြတ်ကိုယ်တော်တိုင်လည်း ဘဒ္ဒကဉ္စနာဆိုတဲ့ မာတုဂါမလေးရဲ့ အကူအညီတွေများ စွာ ယူခဲ့ရလေသပေါ့။ ဘဒ္ဒကဉ္စနာဆိုတာ ယသော်ဓရာလို့ ထင်ရှားတဲ့ မိန်မမြတ်ကြီးတစ်ဆူပေပ။ ဒီပင်္ကရာ ဘုရားမြတ်ခြေတော်ရင်းမှာ ၀မ်းလျားထိုးမှောက်လို့ ခန္ဓာကိုယ်ကို တံတားခင်းဆောက်လှူနေရှာတဲ့ လူချော လူလှ သုမေဓာရှင်ရသေ့လေးကို တိတ်တခိုးချစ်မိရာက ပါရမီဖြည့်ဘက်အဖြစ် ဆုတောင်းခဲ့မိလေသကိုး။ လေး သင်္ချေနဲ့ ကမ္ဘာတစ်သိန်းခရီးကြမ်းဆိုတာ သုမေဓာကိုယ်တော်လေးတစ်ပါးတည်း ဖောက်ခဲ့ရတဲ့ ပါရမီလမ်းမှ မဟုတ်တာပဲ။ သုမိတ္တာမာတုဂါမလေးကလည်း ကြာငါးခိုင်ကို ကိုင်ဆွဲပြီး နောက်တော်ပါးက ရဲရဲကြီးလျှောက် ခဲ့ရတာပါပဲလေ။

ယသောဓရာမင်းသမီးကိုယ်တိုင် ရဟန္တာထေရီမကြီးအဖြစ် ပရိနိဗ္ဗာန်စံဝင်ခါနီးဆဲဆဲ ဗုဒ္ဓအရှင်မြတ်ကို နောက်ဆုံး ကန်တော့ခြင်းနဲ့ ဓမ္မကဗျာတွေရွတ်ဆိုသီဖွဲ့ပြီး လျှောက်ထားခဲ့တာလေးကိုသာ ကြည်ညိုကြည့်ကြပါဦးတော့။ သံသာလေကမ်းတိုင်ခဲ့ကြပြီဖြစ်တဲ့ ပါရမီဖြည့်ဖက်ကြီးနှစ်ဆူရဲ့ အန္တိမလမ်းခွဲပါပဲ၊ သံဝေဂထက် လွမ်းတောင် လွမ်းမိရသေး။

ပုဗ္ဗာနံ လောကနာထာနံ၊
သင်္ဂမံ တေ နိဒဿိတံ။
အဓိကာရံ ဗဟုံ မယှံ၊
တုယှတ္ထာယ မဟာမုနေ၊

လောကနတ်အဆူဆူထံပါး၊
အရှင်နဲ့ ပေါင်းဆုံညားခဲ့သမျှ ကျွန်မမြင်မိပေါ့။
အကျွန့်မှာ ဆုတောင်းတွေများခဲ့ရ၊
အရှင့်အတွက်သာပ သခင်ဘုရား။

ယံ မယှံ ပူရိတံ ကမ္မံ၊
ကုသလံ သရသေ မုနေ၊
တုယှတ္ထာယ မဟာဝီရ။
ပုညံ ဥပစိတံ မယာ။

အကျွန်ဆည်းပူးခဲ့တဲ့ ကံ၊
ကောင်းမှုမှန်သမျှ သတိရပါ အရှင်။
အရှင့်အတွက်သာပဲပ သခင်၊
အကျွန်ကောင်းကျိုး ပြုခဲ့ပြီ။

အဘဗ္ဗဋ္ဌာနေ ၀ဇ္ဇေတွာ၊
ဝါရယိတွာ အနာစာရံ။
တုယှတ္ထာယ မဟာဝီရ၊
သဉ္စတ္တံ ဇီဝိတံ မယာ။

မလျော်တာ ကြဉ်ဖယ်၊
မဖွယ်ရာတာ မခင်တွယ်ဘဲ၊
အရှင့်အတွက်သာပဲပ သခင်၊၊
အကျွန်အသက်ကိုလည်း စွန့်ခဲ့ ပြီ။

နာနာဝိဓံ ဗဟုဒုက္ခံ၊
သံသာရေစ ဗဟုဗ္ဗိဓေ။
တုယှတ္ထာယ မဟာဝီရ၊
အနုဘုတ္တံ အသင်္ခယံ။

အမျိုးမျိးသော ဆင်းရဲ
သံသာဝဲအဖုံဖုံမှာ၊
အရှင့်အတွက်ပဲပ သခင်၊
အကျွန်ခံစားခဲ့ဖူးပါပြီ။

သုခပ္ပတ္တာနုမောဒါမိ၊
န စ ဒုက္ခေသု ဒုမ္မနာ။
သဗ္ဗတ္ထ တုလိတာ ဟောမိ၊
တုယှတ္ထာယ မဟာဝီရ။

သခင်လန်းတော့ ကျွန်မ ပျော်၊
ဆင်းရဲသော်လည်း ၀မ်းမနည်း။
အရာအားလုံးမှာ အတူတူပဲ ဖြစ်ခဲ့။
အရှင့်အတွက်သာပ သခင်ဘုရား။

ယသော်ဓရာထေရီရဟန္တာမကြီးရဲ့ ဓမ္မကဗျာကောက်နှုတ်ချက်အချို့ပါ။ မူရင်းအတိုင်းကြည်ညိုချင် သူများက တော့ ထေရီအပါဒါန်ပါဠိတော်အရိပ်သာ ခိုကြပေရော။ ဗုဒ္ဓအရှင်ကလည်း ယသော်ဓရာထေရီကို ဒီလို ကောင်းချီး ပေးတော်မူခဲ့ပါတယ်။

ဥပကာရာစ ယာ နာရီ၊
ယာ နာရီ စ သုခေ ဒုခေ။
အတ္ထက္ခာယီ စ ယာ နာရီ၊
ယာ စ နာရီ နုကမ္ပိကာ။

( ယသောဓရာသည်)
ကျေးဇူးလည်း ပြုတတ်ပေသော မိန်းမမြတ်၊
ချမ်းသာ ဆင်းရဲ သံသာဝဲမှာ လက်တွဲမဖြုတ်ခဲ့သော မိန်းမမြတ်၊
အကျိုးဖြစ်ရန် မှန်သာစကားကိုသာ ဆိုပေသော မိန်းမမြတ်၊
အမြဲအစဉ်သာ စောင့်ရှောက်ရှာသော မိန်းမမြတ်ပေတည်း။

အော် ဣတ္ထိယတောင်တန်းပေတကား။




Read more...

အဘိဓမ္မာအပိုင်း ၂၊ အခန်း ၁၄ (သဒ္ဓါ-ယုံကြည်မှုဆိုတာ)

ယနေ့ ပြောပြရမည့်... မိမိတို့ခန္ဓာကိုယ်မှာဖြစ်နေတဲ့ အဘိဓမ္မာတရားများအဆက်က... “သောဘဏသာဓာရစေတသိက်= တင့်တယ်ကောင်းမြတ်တဲ့စေတသိက်အုပ်စု” ဖြစ်ပါတယ်။ မကောင်းတဲ့အုပ်စုဖြစ်တဲ့ အကုသိုလ်အုပ်စုစေတသိက်က ပြီးသွားပါပြီ။
သောဘဏ=တင့်တယ်ကောင်းမြတ်တဲ့စေတသိက်အုပ်စုရဲ့ ပထမဆုံးစေတသိက်တရားက.. လူတွေရဲ့နှုတ်ဖျားမှာ ပါဠိပျက် စကားလုံးအနေနဲ့ ပြောဆိုသုံးစွဲနေကြတဲ့ “သဒ္ဓါ=ဘုရားစသော အာရုံ၌ ယုကြည်ခြင်း/ ကံ ကံ၏အကျိုးတရားကို ယုံကြည်ခြင်း” သဘောတရားဖြစ်ပါတယ်။

ဒီစကားလုံးကို လူအများပြောနေတာက “သဒါ”လို့ ပြောလေ့ရှိကြပါတယ်။ “မင်း “သဒါ”တရားကို မကောင်းဘူး၊ မင်း“သဒါ”တရား တော်တော်ခေါင်းပါးတာပဲ” စသည်ဖြင့် ပြောလေ့ ရှိကြပါတယ်။ တချို့အရေးအသားများကြတော့လည်း (ဒီ သဒ္ဓါတရားကို) စိတ်ပိုင်းမှာတုန်းက ပြောခဲ့တဲ့ “သဒ္ဒါရုံ=အသံအာရုံ”နှင့် လွဲမှားစွာ “သဒ္ဒါ”လို့ ရေးသားလေ့ ရှိကြပါတယ်။ သဒ္ဓါလို့... ”ဒ.ဒွေး၊ ဒအောက်ချိုင့်”ဆင့်လျှက် ရေးသားတဲ့ ပါဠိစကားလုံးမှ “ယုံကြည်ခြင်း”အဓိပ္ပါယ်ထွက်ပါတယ်။ “သဒါ”လို့ဆိုရင် “အခါခပ်သိမ်း/ အမြဲတမ်း”ဆိုတဲ့ အဓိပ္ပါယ်ပဲ ထွက်ပါတယ်။ “သဒ္ဒါ”လို့ သုံးရင်တော့ “အသံ/ သဒ္ဒါကျမ်း (ဂရမ္မာ)”ဆိုတဲ့ အဓိပ္ပါယ်ထွက်ပါတယ်။ဒါက စကားလုံးအမှန်ကို ပြောပြတာပါ။
ဒီနေရာမှာ သဒ္ဓါ=ယုံကြည်တယ် ဆိုတာ.. အကုသိုလ်အုပ်စုတုန်းက ပြောခဲ့တဲ့ “၀ိစိကိစ္ဆာ”လို ယုံမှားမှု မရှိပဲ... မိမိကိုးကွယ်တဲ့ ဘုရား၊ တရား၊ သံဃာဟူသော ရတနာသုံးပါး... ကံ ကံ၏အကျိုးတရားများအပေါ် မမှိတ်မသုန် ယုံကြည်ချက် အပြည့်နဲ့ သက်ဝင်ယုံကြည်.. လက်ခံတာကို ဆိုလိုပါတယ်။ ကိုယ့်ယုံကြည်ချက်အပေါ် ခိုင်မြဲရင် မိမိစိတ်အစဉ်သည်လည်း ကြည်လင်ပါတယ်။ ငြိမ်းချမ်းပါတယ်။ ဒါကြောင့် ဒီ “သဒ္ဓါ”တရားကို ဥပမာပုံဆောင်ပြောလေ့ရှိကြတာက... နောက်နေတဲ့ ရေကိုကြည်လင်စေတဲ့ ပတ္တမြားရတနာနှင့် တင်စားပြောလေ့ရှိကြပါတယ်။ နောက်နေတဲ့ ရေထဲ ရေကိုကြည်လင်စေတဲ့ ပတ္တမြားရတနာထည့်လိုက်ရင် ရေကြည်သွားသလို... မိမိတို့သန္တာန်မှာ ဒီခိုင်မြဲတဲ့ ယုံကြည်ချက် သဒ္ဓါတရားကိန်းအောင်းနေရင်လည်း စိတ်အမြင်ရှင်းတယ်၊ စိတ်ကြည်လင်တယ်လို့ ဆိုလိုပါတယ်။ ယုံကြည်ချက် မခိုင်လုံတဲ့အခါမှာ သံသယတွေနဲ့ နေနေရတော့ စိတ်နောက်ကျုတယ်၊ စိတ်မချမ်းသာမှုတွေ ဖြစ်တတ်တယ်ဆိုတာ ခံစားဘူးမယ်ထင်ပါတယ်။

ကံ ကံ၏အကျိုးကို ယုံကြည်မှုနှင့်ပတ်သက်လို ပြောပြရရင်... ဗုဒ္ဓဘာသာသည် ကံ ကံ၏အကျိုးကို လက်ခံယုံကြည်တဲ့အပေါ် အခြေခံထားတဲ့ “ကမ္မ၀ါဒ”ဖြစ်ပါတယ်။ ကိုယ်ပြုရင် ကိုယ်ခံ/ ကိုယ်စံ သဘောပါ။ မိမိတို့ တတွေ ဒီကမ္မ၀ါဒကို တကယ်လက်ခံ ယုံကြည်တယ်ဆိုရင် မကောင်းမှုပြုဖို့ စဉ်းစားချိန်ရှိမှာ မဟုတ်သလို၊ ပြုလုပ်ချိန်လည်း ရှိမည် မဟုတ်ပါဘူး။ ဒါဆို ကောင်းတဲ့အကြံ၊ ကောင်းတဲ့ အပြော၊ ကောင်းတဲ့ အလုပ်တွေပဲ လုပ်ဖြစ်မယ်။ အကျိုးဆက်ကျတော့ စိတ်ကြည်လင်မယ်ပေါ့။ စိတ်ကြည်လင်တော့ အမြင်ရှင်းမယ်ပေါ့။ အမြင်ရှင်းတော့ လုပ်သမျှအဆင်ပြေမယ်... စတဲ့ စတဲ့ အကျိုးတွေ ခံစားရမယ်ပေါ့။ ကိုယ်တိုင်ခံစားချင်ရင်၊ ဟုတ်/ မဟုတ်သိချင်ရင် လက်တွေ့ အသုံးချကြည့်ပါ။
ကံတရားကို ယုံကြည်မှုနှင့်ပတ်သက်လို့.... မိမိတို့တတွေဟာ ရတနာသုံးပါး၏ ဂုဏ်တော်ကို ယုံကြည်မှု, ကိုယ် ပြုအပ်သမျှကံသည် သတ္တ၀ါတို့ သန္တာန်၌ အကျိုးပေးခြင်း သဘောရှိတယ်လို့ ယတိပြတ်ယုံကြည်မှု, ထိုကံ၏ ကောင်းကျိုး မကောင်းကျိုး ရှိ၏ဟု ယုံကြည်မှု, ရှေးအတိက်ဘ၀မှ ယခု ပစ္စုပ္ပန်ဘ၀သို့ လာခဲ့ရသည်ဖြစ်၍ အတိတ်ဘ၀ကို ထောက်လျှင် “ပစ္စုပ္ပန်ဘ၀ အမှန်ရှိ၏”ဟု ယုံကြည်မှု, နောက်တခါ “ပစ္စုပ္ပန်ဘ၀ကို ထောက်ဆလျှင် နောင်တမလွန်ဘ၀သည်လည်း အမှန်ရှိ၏”ဟု ယုံကြည်မှုမျိုးသာ ကံကံ၏အကျိုးကို ယုံကြည်နှင့်ပတ်သက်လို့ ဗုဒ္ဓဘာသာဝင်တို့ တကယ်အစစ်အမှန် “သဒ္ဓါ=ယုံကြည်မှု”ဖြစ်ပါတယ်။
အဓိကမှတ်သားရမှာက... ယုံကြည်မှုသဒ္ဓါတရား-ဆိုတာ အကြောင်းအကျိုးညီညွတ်တဲ့ ယုံကြည်မှုမျိုးကိုသာ တကယ်အစစ်အမှန် “ယုံကြည်မှု=သဒ္ဓါ”ဖြစ်တယ်ဆိုတာ မှတ်သားရပါမယ်။ ဘာသာအလိုက်၊ ဓလေ့ထုံးတမ်းစဉ်လာအရ... ကိုးကွယ်မှု၊ ယုံကြည်မှုတွေ ရှိကြပါတယ်။ အဲဒီယုံကြည်မှုမျိုးကိုလည်း အကြောင်းအကျိုးညီ/မညီ စဉ်းစားကြည့်ပါ။
တကယ်တော့ အမှား/အမှန်ဟူသမျှကို ကိုယ်ယုံကြည်တိုင်း “သဒ္ဓါ=ယုကြည်မှု”ဟု မဆိုလိုကြောင်း ပြောပြချင်တာပါ။
ဒီနေရာမှာ စပ်မိလို့ ပြောပြစရာက.... ဗုဒ္ဓဘာသာဝင်တို့ ယုံကြည်ကိုးကွယ်နေတာသည်... ရုပ်တုကိုးကွယ်နေတာ... အုတ်ပုံကို ကိုးကွယ်နေတာ.... စသည်ပြောကြတာ ကြားဘူးမယ်ထင်ပါတယ်။ အမှန်မှာက ဗုဒ္ဓရုပ်ပွားတော်များကို မိမိတို့က ယုံကြည် ကိုးကွယ်နေတာ မဟုတ်ပါဘူး။ ဗုဒ္ဓပုံတော်အမျိုးအမျိုးသည် ပုံပေါ်မှာ ဂုဏ်ရောက်အောင် ထုလုပ်ထားရုံမျှပါ။ Symbol-မျှဖြစ်ပါတယ်။ ဥပမာ... ကွယ်လွန်သွားပြီးဖြစ်တဲ့ မိဘဘိုးဘွားတို့ရဲ့ ပုံတော်များကို ကြည့်ပြီး... သူတို့ရဲ့ ကျေးဇူးဂုဏ်များကို အမှတ်ရအောင်... အတုယူနိုင်အောင်... ပုံကိုကြည့်ပြီး..သူတို့၏စွမ်းရည်ကို မိမိတို့က ထုတ်ယူကာ လိုက်နာကျင့်သုံးတာပါ။
ဗုဒ္ဓပုံတော်များကို ရှိခိုးကြတာသည်လည်းပဲ ထိုနည်းတူစွာပဲ ဖြစ်ပါတယ်။ ဗုဒ္ဓပုံတော်ကိုကြည့်ပြီး ဗုဒ္ဓ၏ဂုဏ်တော်များကို ဖော်ယူကာ ဗုဒ္ဓ၏စွမ်းရည်ဂုဏ်သတ္တိများ အာရုံပြုကာ ပုံဖော်ယူကြဖြစ်ပါတယ်။ စွမ်းရည်ထုတ်ယူကြခြင်း ဖြစ်ပါတယ်။
ရုပ်တုကိုးကွယ်နေကြခြင်း မဟုတ်ဘူးဆိုတာ၊ အုတ်ပုံများကို ဗုဒ္ဓအဖြစ် ယုံကြည်ကာ ရှိခိုးပူဇော်နေကြခြင်း မဟုတ်ဘူးဆိုတာ၊ ရုပ်တုများက မစမယ်၊ ကယ်မယ်ဆိုတဲ့ သဘောမျိုး မဟုတ်ဘူးဆိုတာ နားလည်အောင် စဉ်းစားယူပါ၊ မေးလာခဲ့သည်ရှိသော် ပြောတတ်အောင်လည်း လေ့လာယူစေလိုပါသည်။
ကိုင်း ဒီနေ့ “သဒ္ဓါ=ယုံကြည်မှု”စေတသိက် အဘိဓမ္မာတရားတစ်လုံးနှင့်ပဲ ရပ်ပါအုန်းမယ်။
ဒီပို့စ်လေး လေ့လာရသဖြင့် စကားလုံးအမှန်ကိုလည်း သုံးစွဲနိုင်ကြပါစေ... ယုံကြည်မှုအမှန်ကို ဆုံးဖြတ်လက်ခံနိုင်တဲ့ အသိပိုင်နိုင်အောင် ကျင့်ကြံနိုင်ကြပါစေ...

အဘိဓမ္မာအပိုင်း ၂၊ အခန်း ၁၄ (သဒ္ဓါ-ယုံကြည်မှုဆိုတာ)

ယနေ့ ပြောပြရမည့်... မိမိတို့ခန္ဓာကိုယ်မှာဖြစ်နေတဲ့ အဘိဓမ္မာတရားများအဆက်က... “သောဘဏသာဓာရစေတသိက်= တင့်တယ်ကောင်းမြတ်တဲ့စေတသိက်အုပ်စု” ဖြစ်ပါတယ်။ မကောင်းတဲ့အုပ်စုဖြစ်တဲ့ အကုသိုလ်အုပ်စုစေတသိက်က ပြီးသွားပါပြီ။
သောဘဏ=တင့်တယ်ကောင်းမြတ်တဲ့စေတသိက်အုပ်စုရဲ့ ပထမဆုံးစေတသိက်တရားက.. လူတွေရဲ့နှုတ်ဖျားမှာ ပါဠိပျက် စကားလုံးအနေနဲ့ ပြောဆိုသုံးစွဲနေကြတဲ့ “သဒ္ဓါ=ဘုရားစသော အာရုံ၌ ယုကြည်ခြင်း/ ကံ ကံ၏အကျိုးတရားကို ယုံကြည်ခြင်း” သဘောတရားဖြစ်ပါတယ်။

ဒီစကားလုံးကို လူအများပြောနေတာက “သဒါ”လို့ ပြောလေ့ရှိကြပါတယ်။ “မင်း “သဒါ”တရားကို မကောင်းဘူး၊ မင်း“သဒါ”တရား တော်တော်ခေါင်းပါးတာပဲ” စသည်ဖြင့် ပြောလေ့ ရှိကြပါတယ်။ တချို့အရေးအသားများကြတော့လည်း (ဒီ သဒ္ဓါတရားကို) စိတ်ပိုင်းမှာတုန်းက ပြောခဲ့တဲ့ “သဒ္ဒါရုံ=အသံအာရုံ”နှင့် လွဲမှားစွာ “သဒ္ဒါ”လို့ ရေးသားလေ့ ရှိကြပါတယ်။ သဒ္ဓါလို့... ”ဒ.ဒွေး၊ ဒအောက်ချိုင့်”ဆင့်လျှက် ရေးသားတဲ့ ပါဠိစကားလုံးမှ “ယုံကြည်ခြင်း”အဓိပ္ပါယ်ထွက်ပါတယ်။ “သဒါ”လို့ဆိုရင် “အခါခပ်သိမ်း/ အမြဲတမ်း”ဆိုတဲ့ အဓိပ္ပါယ်ပဲ ထွက်ပါတယ်။ “သဒ္ဒါ”လို့ သုံးရင်တော့ “အသံ/ သဒ္ဒါကျမ်း (ဂရမ္မာ)”ဆိုတဲ့ အဓိပ္ပါယ်ထွက်ပါတယ်။ဒါက စကားလုံးအမှန်ကို ပြောပြတာပါ။
ဒီနေရာမှာ သဒ္ဓါ=ယုံကြည်တယ် ဆိုတာ.. အကုသိုလ်အုပ်စုတုန်းက ပြောခဲ့တဲ့ “၀ိစိကိစ္ဆာ”လို ယုံမှားမှု မရှိပဲ... မိမိကိုးကွယ်တဲ့ ဘုရား၊ တရား၊ သံဃာဟူသော ရတနာသုံးပါး... ကံ ကံ၏အကျိုးတရားများအပေါ် မမှိတ်မသုန် ယုံကြည်ချက် အပြည့်နဲ့ သက်ဝင်ယုံကြည်.. လက်ခံတာကို ဆိုလိုပါတယ်။ ကိုယ့်ယုံကြည်ချက်အပေါ် ခိုင်မြဲရင် မိမိစိတ်အစဉ်သည်လည်း ကြည်လင်ပါတယ်။ ငြိမ်းချမ်းပါတယ်။ ဒါကြောင့် ဒီ “သဒ္ဓါ”တရားကို ဥပမာပုံဆောင်ပြောလေ့ရှိကြတာက... နောက်နေတဲ့ ရေကိုကြည်လင်စေတဲ့ ပတ္တမြားရတနာနှင့် တင်စားပြောလေ့ရှိကြပါတယ်။ နောက်နေတဲ့ ရေထဲ ရေကိုကြည်လင်စေတဲ့ ပတ္တမြားရတနာထည့်လိုက်ရင် ရေကြည်သွားသလို... မိမိတို့သန္တာန်မှာ ဒီခိုင်မြဲတဲ့ ယုံကြည်ချက် သဒ္ဓါတရားကိန်းအောင်းနေရင်လည်း စိတ်အမြင်ရှင်းတယ်၊ စိတ်ကြည်လင်တယ်လို့ ဆိုလိုပါတယ်။ ယုံကြည်ချက် မခိုင်လုံတဲ့အခါမှာ သံသယတွေနဲ့ နေနေရတော့ စိတ်နောက်ကျုတယ်၊ စိတ်မချမ်းသာမှုတွေ ဖြစ်တတ်တယ်ဆိုတာ ခံစားဘူးမယ်ထင်ပါတယ်။

ကံ ကံ၏အကျိုးကို ယုံကြည်မှုနှင့်ပတ်သက်လို ပြောပြရရင်... ဗုဒ္ဓဘာသာသည် ကံ ကံ၏အကျိုးကို လက်ခံယုံကြည်တဲ့အပေါ် အခြေခံထားတဲ့ “ကမ္မ၀ါဒ”ဖြစ်ပါတယ်။ ကိုယ်ပြုရင် ကိုယ်ခံ/ ကိုယ်စံ သဘောပါ။ မိမိတို့ တတွေ ဒီကမ္မ၀ါဒကို တကယ်လက်ခံ ယုံကြည်တယ်ဆိုရင် မကောင်းမှုပြုဖို့ စဉ်းစားချိန်ရှိမှာ မဟုတ်သလို၊ ပြုလုပ်ချိန်လည်း ရှိမည် မဟုတ်ပါဘူး။ ဒါဆို ကောင်းတဲ့အကြံ၊ ကောင်းတဲ့ အပြော၊ ကောင်းတဲ့ အလုပ်တွေပဲ လုပ်ဖြစ်မယ်။ အကျိုးဆက်ကျတော့ စိတ်ကြည်လင်မယ်ပေါ့။ စိတ်ကြည်လင်တော့ အမြင်ရှင်းမယ်ပေါ့။ အမြင်ရှင်းတော့ လုပ်သမျှအဆင်ပြေမယ်... စတဲ့ စတဲ့ အကျိုးတွေ ခံစားရမယ်ပေါ့။ ကိုယ်တိုင်ခံစားချင်ရင်၊ ဟုတ်/ မဟုတ်သိချင်ရင် လက်တွေ့ အသုံးချကြည့်ပါ။
ကံတရားကို ယုံကြည်မှုနှင့်ပတ်သက်လို့.... မိမိတို့တတွေဟာ ရတနာသုံးပါး၏ ဂုဏ်တော်ကို ယုံကြည်မှု, ကိုယ် ပြုအပ်သမျှကံသည် သတ္တ၀ါတို့ သန္တာန်၌ အကျိုးပေးခြင်း သဘောရှိတယ်လို့ ယတိပြတ်ယုံကြည်မှု, ထိုကံ၏ ကောင်းကျိုး မကောင်းကျိုး ရှိ၏ဟု ယုံကြည်မှု, ရှေးအတိက်ဘ၀မှ ယခု ပစ္စုပ္ပန်ဘ၀သို့ လာခဲ့ရသည်ဖြစ်၍ အတိတ်ဘ၀ကို ထောက်လျှင် “ပစ္စုပ္ပန်ဘ၀ အမှန်ရှိ၏”ဟု ယုံကြည်မှု, နောက်တခါ “ပစ္စုပ္ပန်ဘ၀ကို ထောက်ဆလျှင် နောင်တမလွန်ဘ၀သည်လည်း အမှန်ရှိ၏”ဟု ယုံကြည်မှုမျိုးသာ ကံကံ၏အကျိုးကို ယုံကြည်နှင့်ပတ်သက်လို့ ဗုဒ္ဓဘာသာဝင်တို့ တကယ်အစစ်အမှန် “သဒ္ဓါ=ယုံကြည်မှု”ဖြစ်ပါတယ်။
အဓိကမှတ်သားရမှာက... ယုံကြည်မှုသဒ္ဓါတရား-ဆိုတာ အကြောင်းအကျိုးညီညွတ်တဲ့ ယုံကြည်မှုမျိုးကိုသာ တကယ်အစစ်အမှန် “ယုံကြည်မှု=သဒ္ဓါ”ဖြစ်တယ်ဆိုတာ မှတ်သားရပါမယ်။ ဘာသာအလိုက်၊ ဓလေ့ထုံးတမ်းစဉ်လာအရ... ကိုးကွယ်မှု၊ ယုံကြည်မှုတွေ ရှိကြပါတယ်။ အဲဒီယုံကြည်မှုမျိုးကိုလည်း အကြောင်းအကျိုးညီ/မညီ စဉ်းစားကြည့်ပါ။
တကယ်တော့ အမှား/အမှန်ဟူသမျှကို ကိုယ်ယုံကြည်တိုင်း “သဒ္ဓါ=ယုကြည်မှု”ဟု မဆိုလိုကြောင်း ပြောပြချင်တာပါ။
ဒီနေရာမှာ စပ်မိလို့ ပြောပြစရာက.... ဗုဒ္ဓဘာသာဝင်တို့ ယုံကြည်ကိုးကွယ်နေတာသည်... ရုပ်တုကိုးကွယ်နေတာ... အုတ်ပုံကို ကိုးကွယ်နေတာ.... စသည်ပြောကြတာ ကြားဘူးမယ်ထင်ပါတယ်။ အမှန်မှာက ဗုဒ္ဓရုပ်ပွားတော်များကို မိမိတို့က ယုံကြည် ကိုးကွယ်နေတာ မဟုတ်ပါဘူး။ ဗုဒ္ဓပုံတော်အမျိုးအမျိုးသည် ပုံပေါ်မှာ ဂုဏ်ရောက်အောင် ထုလုပ်ထားရုံမျှပါ။ Symbol-မျှဖြစ်ပါတယ်။ ဥပမာ... ကွယ်လွန်သွားပြီးဖြစ်တဲ့ မိဘဘိုးဘွားတို့ရဲ့ ပုံတော်များကို ကြည့်ပြီး... သူတို့ရဲ့ ကျေးဇူးဂုဏ်များကို အမှတ်ရအောင်... အတုယူနိုင်အောင်... ပုံကိုကြည့်ပြီး..သူတို့၏စွမ်းရည်ကို မိမိတို့က ထုတ်ယူကာ လိုက်နာကျင့်သုံးတာပါ။
ဗုဒ္ဓပုံတော်များကို ရှိခိုးကြတာသည်လည်းပဲ ထိုနည်းတူစွာပဲ ဖြစ်ပါတယ်။ ဗုဒ္ဓပုံတော်ကိုကြည့်ပြီး ဗုဒ္ဓ၏ဂုဏ်တော်များကို ဖော်ယူကာ ဗုဒ္ဓ၏စွမ်းရည်ဂုဏ်သတ္တိများ အာရုံပြုကာ ပုံဖော်ယူကြဖြစ်ပါတယ်။ စွမ်းရည်ထုတ်ယူကြခြင်း ဖြစ်ပါတယ်။
ရုပ်တုကိုးကွယ်နေကြခြင်း မဟုတ်ဘူးဆိုတာ၊ အုတ်ပုံများကို ဗုဒ္ဓအဖြစ် ယုံကြည်ကာ ရှိခိုးပူဇော်နေကြခြင်း မဟုတ်ဘူးဆိုတာ၊ ရုပ်တုများက မစမယ်၊ ကယ်မယ်ဆိုတဲ့ သဘောမျိုး မဟုတ်ဘူးဆိုတာ နားလည်အောင် စဉ်းစားယူပါ၊ မေးလာခဲ့သည်ရှိသော် ပြောတတ်အောင်လည်း လေ့လာယူစေလိုပါသည်။
ကိုင်း ဒီနေ့ “သဒ္ဓါ=ယုံကြည်မှု”စေတသိက် အဘိဓမ္မာတရားတစ်လုံးနှင့်ပဲ ရပ်ပါအုန်းမယ်။
ဒီပို့စ်လေး လေ့လာရသဖြင့် စကားလုံးအမှန်ကိုလည်း သုံးစွဲနိုင်ကြပါစေ... ယုံကြည်မှုအမှန်ကို ဆုံးဖြတ်လက်ခံနိုင်တဲ့ အသိပိုင်နိုင်အောင် ကျင့်ကြံနိုင်ကြပါစေ...
ကူးယူချင်တယ်


Read more...

ကပ္ပိယကျော်ခေါင်နှင့် မေတ္တာခြုံ လုံပါပေ့၊

Tuesday, February 2, 2010

တစ်နေ့သ၌ အကျွန်ုပ်ကပ္ပိယကျော်ခေါင် သည် အလွန်တရာမှ ထူးဆန်း အံ့သြဖွယ် ကောင်းသော သတင်း တစ်ပုဒ်ကို ကြားသိရ၍၊ သွားရောက် ကြည့်ရှုလိုစိတ်များ တဖွားဖွား ဖြစ်လျှက်ရှိပေသည်။

ကြားရသော သတင်းမှာ အောက်ပါ အတိုင်းဖြစ်လေသည်။

ကျားနှင့် အတူ လမ်းလျှောက်နေသော ဘုန်းတော်ကြီးများ

ထိုင်းနိုင်ငံ၏ မြို့ငယ် တစ်မြို့တွင်၊ အလွန်တရာမှ ရက်စက်ရိုင်းစိုင်းသော အသားစား ကျားသတ္တဝါ များသည်၊ ဘုန်းတော်ကြီးများ၏ ပို့ သသော မေတ္တာတော်ကြောင့်၊ လူသားကို စားမည့် နေနေ သာသာ ခလေးသူငယ်များဖြင့် ကြောင်းကလေးများပမာ ဆော့စကားနေသည်ဟု ထူုးဆန်းစွာ ကြာသိခဲ့ရလေသည်။

ပြောသံကြားရုံမျှဖြင့် လက်ခံလေ့ မရှိသော အကျွန်ုပ်ကပ္ပိယကျော်ခေါင်သည်၊ လက်တွေ့  ကြည့်လို မြင်လိုစိတ်များကို တားမနိုင်ဆီးမရ ဖြစ်နေလေတော့၏။

မေတ္တာပို့ ထားရုံသက်သက်ဖြင့် လူကို ရန်မမူ ဟု ဆိုသော သတင်းကို အကျွန်ုပ်ကပ္ပိယ ကျော်ခေါင် မယုံသည်မှာလည်း၊ အထူးအဆန်းတော့ မဟုတ်ပေ။ များမကြာသေးသော နစ်များက မှ မေတ္တာပို့ လမ်းလျှောက်ကြသည် ဟု ဆိုကာ ထောင်ကျသောဘုန်းကြီးက ကျ၊ သေနပ်နဲ့  အပစ်ခံရသောဘုန်းကြီးက ခံရ၊ တိုင်းတစ်ပါးသို့ ထွက်ပြေးသော ဘုန်ြးုကီးက ထွက်ပြေးရနှင့်၊ ဗြောင်ဆန်သွားသေးသည် မဟုတ်ပါလား။ ထားပါတော့။

သို့နှင့် အကျွန်ုပ် ကပ္ပိယကျော်ခေါင်သည်၊ ထိုင်းနိုင်ငံသို့ ရောက်တုန်း ရောက်ခိုက်၊ မမြင်ဖူးသည်များကို မြင်ဖူးရလေအောင် ဟု ဆိုကာ၊ ၄င်း လူကို မကိုက်သော ကျားများကို သွားရောက် ကြည့်ရှူရလေတော့၏( ရွာပြန်ရောက်တော့လည်း ကြွားရတာပေါ့လေ)။
အကျွန်ုပ် ကဲ့သို့သော တောသား တစ်ယောက်က တောတိရိစ္ဆာန်ကို ငွေပေး၍ ကြည့်ရသည် ဆိုပြန် တော့လည်း ရာဇဝင်များရိုင်းလေမလား ဟု စိုးရိမ်မိပြန်သေး၏၊ သို့သော်လည်း မတတ်နိုင်တော့ပေ၊ ဘုန်းတော်ကြီးများ ပို့သသော မေတ္တာကို ခံယူရသောကြောင့် လူကို ရန်မမူ ဟု ဆိုသော ဂုဏ်ထူး ဝိသေသ ကြောင့်ပင်လျှင် ကြေစေတော့။

ကျားနှင့်ဆော့ကစားနေသော ထိုင်းလှပျိုဖြူးလေး တစ်ဦး

အကျွန်ုပ်ရောက်သွားပြီး လက်တွေ့ မြင်လိုက်ရတော့မှ = အား…ပါး…ပါး၊ ကိုးတောင် ဆယ်တောင် ဆယ့်နစ်တောင် ကျားကြီးတွေ ပါလား……….။ တစ်ကောင်… နစ်ကောင်… သုံးကောင်း…. အကျွန်ုပ် ရေကြည့်မိသေးသည်။
ဘုန်းတော်ကြီးတွေ မေတ္တာကို ခံယူရရှိထားလို့ လူကို မကိုက်ဘူး..တဲ့။ အဟင်း……သူတို့က မေတ္တာကို ခံယူတတ်ကြသကိုး..။

video

၎င်း ကျားကျောင်း ခေါ် ဝပ်ဖလောင်တဘူ ကျောင်းသည် Wat Pha Luang Ta Bua, ကင်ချနပူရီမြို့၊ စီယွတ်နယ်တွင် တည်ရှိပြီး၊ မြန်မာနိုင်ငံနယ်စပ်မှ ကီလိုမီတာ ၃၂၃ သာ ကွာဝေး ပါသည်၊ ဘန်ကောက်မြို့မှ နေ့ချင်းပြန် ကားများဖြင့် သွားရောက်လည်ပတ်နိုင်ပါသည်။

ကျားများကို မကိုင်ရဲသော်လည်း အားငယ်စရာမလို

လက်ရှိတွင် ၄င်းကျောင်းတိုက်၌ ကျားအကောင် ၄၅ ကောင်ခန့်ရှိပြီး၊ တစ်ခြား သားငှက်တိရိစ္ဆာန် စုံလင်စွာ တွေ့မြင်နိုင်ကြောင်း အသိပေးအပ်ပါသည်။



Read more...

မအိနှင့် အာဝါဟ ဝိဝါဟမင်္ဂလာ အမေး အဖြေ


ဆရာတော်ဘုရား ဘာသာခြားတွေက မေးလာတဲ့ မေးခွန်းအချို့ တပည့်တော်မ အဖြေ မပေးနိုင်လို့ လုံးဝ စိတ်မကောင်းပါဘုရား။ ဘာသာရေး အမေး အဖြေကဏ္ဍ တွေ့လိုက်ရလို့ တပည့်တော်မ အရမ်းပဲ ၀မ်းသာမိပါတယ်ဘုရား။ အမေးက ဒီလိုပါဘုရား

မေး။ ။ မအိ ။ ၁- အာဝါဟမင်္ဂလာ ၀ိဝါဟမင်္ဂလာ စရမင်္ဂလာဆိုဒါ ဘုရားဟော ဟုတ်မဟုတ် ပါဠိတော်နှင့်အညီ ဖြေပေးပါ။

ဖြေ။ ။ မင်္ဂလာဆိုသည်မှာ “မင်္ဂံပါပံ ဆိန္ဒတိ လုနာတီတိ မင်္ဂလံ” အဓိပ္ပါယ်ကား= မကောင်းမှု အကုသိုလ် အညစ် အကြေး တို့ကို ရိတ်ဖြတ် ပယ်ဖျောက် တတ်သောကြောင့် မင်္ဂလာ ဟုခေါ်ပါသည်။

အာဝါဟ ဆိုသည်မှာ သတိုးသား အိမ်ရာသို့ သတိုးသမီးကို ခေါ်ဆောင်လာပြီး ပြုသော မင်္ဂလာ၊
ဝိဝါဟ ဆိုသည်မှာ သတိုးသမီး နေထိုင်ရာ အိမ်ဂေဟာ သို့ သတိုးသားက သွားရောက် ဆောင်နှင်းသော မင်္ဂလာဖြစ်ပြီး၊
စရမင်္ဂလာ ဆိုသည်မှာ မိမိအိမ်ရာမှ တစ်ပါး ကြီးကျယ် ခမ်းနားသော အဆောက်အဦး (ဟိုတယ်-ခန်းမ စသည်) ၌ ဆင်နွှဲသော မင်္ဂလာဖြစ်ပါသည်။


ဘုရားဟောသော ၃၈ ဖြာမင်္ဂလာ များမှာကား အောက်ပါ အတိုင်းဖြစ်လေသည်=

၁။ အသေ၀နာစ ဗာလာနံ = လူမိုက်တို့ကို မဆည်းကပ် မပေါင်းသင်းရခြင်း။
၂။ ပဏ္ဍိတာနဉ္စ သေ၀နာ = ပညာရှိတို့ကို ဆည်းကပ် ပေါင်းသင်းရခြင်း။
၃။ ပူဇာစ ပူဇနေယျာနံ = ပူဇော်ထိုက်သူတို့အား ပူဇော်ခြင်း။
၎။ ပတိရူပဒေသ ၀ါသောစ =သင့်တင့်သောအရပ်၌ နေထိုင်ခြင်း။
၅။ ပုဗ္ဗေစ ကတပုညတာ = ပြုခဲ့ဖူးသော ကောင်းမှုကုသိုလ် ရှိသောသူဖြစ်ခြင်း။
၆။ အတ္တသမာပဏီဓိ = မိမိကိုယ်ကို ကောင်းစွာ ဆောက်တည် ထိန်းသိမ်းခြင်း။
၇။ ဗာဟုဿစ္စ = အကြားအမြင်များသောသူ ဖြစ်ခြင်း။
၈။ သိပ္ပ = လက်မှုပညာ အစရှိသော အပြစ်မရှိသော အတတ်တို့ကို တတ်ခြင်း။
၉။ ၀ိနယောစ သုသိက္ခိတော = ကောင်းစွာ သင်အပ်သော ၀ိနည်းတရား (လူ့မှူုကျင့်ဝတ်) ရှိခြင်း။
၁၀။ သုဘာသိတ၀ါစာ = ကောင်းစွာပြောဆိုခြင်း။
၁၁။ မာတာပိတု ဥပဋ္ဌာန = အမိအဘတို့ကို ကောင်းစွာ လုပ်ကျွေးခြင်း။
၁၂။ ပုတ္တဒါရဿသင်္ဂဟ = သားမယားတို့အား ပြုစုလုပ်ကြွေး ထောက်ပံ့ခြင်း။
၁၃။ အနာကုလ ကမ္မန္တာ = အနှောင့်အယှက်မရှိသော အမှုတို့ကိုသာ ပြုခြင်း။
၁၄။ ဒါနဉ္စ = အလှူပေးခြင်း(ပရဟိတ) လုပ်ခြင်း။
၁၅။ ဓမ္မစရိယ = မြတ်သော အကျင့်တို့ကို (ငါးပါး ရှစ်ပါးသီလတို့ကို)ကျင့်ခြင်း။
၁၆။ ဉာတကာနဉ္စ သင်္ဂဟ = ဆွေမျိုးတို့အား ကူညီင်္ထောက်ပံ့ခြင်း။
၁၇။ အန၀ဇ္ဇာနိကမ္မာနိ = အပြစ်မရှိသော အမှုတို့ကို ပြုခြင်း။
၁၈။ ပါပ အာရတီ = မကောင်းမှုမှ ဝေးစွာ ရှောင်ကြဉ်ခြင်း။
၁၉။ ပါပ ၀ိရတီ = မကောင်းမှုမှ အထူး ရှောင်ကြဉ်ခြင်း။
၂၀။ မဇ္ဇပါန သံယမော = သေရည် သေရက်ကို သောက်စား ခြင်းမှ ရှောင်ကြဉ်ခြင်း။
၂၁။ အပ္ပမာဒေါစ ဓမ္မေသု = ကောင်းမှု ကုသိုလ်တို့၌ မမေ့လျော့ခြင်း။
၂၂။ ဂါရ၀ = ရိုသေထိုက်သူ တို့အား ရိုသေခြင်း။
၂၃။ နိဝါတ = မိမိကိုယ်ကို နှိမ့်ချခြင်း။
၂၄။ သန္တုဋ္ဌီ = ရောင့်ရဲလွယ်ခြင်း။
၂၅။ ကတညုတ = သူပြုဖူးသော ကျေးဇူးကို သိခြင်း။
၂၆။ ကာလေန ဓမ္မဿဝန = သင့်တင့် လျောက်ပတ်သော အခါ၌ သူတော်ကောင်း တရားကို နာယူခြင်း။
၂၇။ ခန္တီ = သည်းခံခြင်း။
၂၈။ သောဝစဿတာ = သူတော်ကောင်းတို့ ဆုံးမ အပ်သော စကားကို နာလွယ်ခြင်း။
၂၉။ သမဏာနဉ္စဒဿန = ရဟန်းပုဏ္ဏားတို့အား ဖူးမြင်ခြင်း။
၃၀။ ကာလေန ဓမ္မသာကစ္ဆာ = သင့်တင့် လျောက်ပတ်သော အခါ၌ တရားတော်ကို ဆွေးနွေး မေးမြန်းခြင်း။
၃၁။ တပေါ = ခြိုးခြံစွာ ကျင့်ခြင်း။
၃၂။ ဗြဟ္မစရိယ = မြတ်သော အကျင့်တို့ကို ကျင့်ခြင်း။
၃၃။ အရိယသစ္စာနဒဿန = အရိယသစ္စာတို့ကို သိမြင်ခြင်း။
၃၄။ နိဗ္ဗာန သစ္ဆိကိရိယာ =နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း။
၃၅။ နကမ္ပတိ = လောကဓံတရားတို့နှင့်တွေ့သော် တုန်လှုပ်သောစိတ် မရှိခြင်း။
၃၆။ အသောက = လောကဓံတရားတို့နှင့်တွေ့သော် စိုးရိမ်သောစိတ် မရှိခြင်း။
၃၇။ ၀ိရဇံ = လောကဓံတရားတို့တွေ့သော် စိတ်၌ အလိုရမ္မက်မရှိခြင်း။
၃၈။ ခေမံ = လောကဓံတရားတို့တွေ့သော် စိတ်၌ ကြောက်ရွံ့သော ဘေးမရှိခြင်း။ ဟူ၍- ပရိတ်ကြီး မင်္ဂလသုတ်တွင် ၃၈ ဖြာ မင်္ဂလာဟူ၍ ဗုဒ္ဓဟောကြားထားလေသည်။

ဟိန္ဒူ ဗြဟ္မဏဝါဒလာ လောကီမင်္ဂလာ ၁၂ ပါး=

၁၊ ဂဗ္ဘသာဝက မင်္ဂလာ- ပဋိသန္ဓေနေသည့်နေ့မှစ၍ ရံခါရံခါ ပြုလုပ်ပေးသော မင်္ဂလာ။
၂၊ ဝိဇာတ မင်္ဂလာ- ဖွားမြင်သောအခါ ပြုလုပ်သော မင်္ဂလာ။
၃၊ အာဟာရ ပရိဘောဂ မင်္ဂလာ- သူငယ်ကို ထမင်း ခွံသော မင်္ဂလာ။
၎။ တမ္ဗုလ ဘတ္တ မင်္ဂလာ- ကွမ်း ခွံသော မင်္ဂလာ။
၅၊ ဒေါဠာ ကရဏ မင်္ဂလာ- ပုခက်လွှဲသော မင်္ဂလာ။
၆၊ ကေသစ္ဆေဒန မင်္ဂလာ- ဆံပင်ပယ်သော မင်္ဂလာ။
၇၊ ဂေဟကရဏ မင်္ဂလာ- အိမ်သစ်တက်သော မင်္ဂလာ။
၈၊ သာမဏေရ ဗ္ဗဇ္ဇမင်္ဂလာ- ရှင်ပြုပေးသော မင်္ဂလာ။
၉၊ ကဏ္ဏဝိဇ္ဈန မင်္ဂလာ- နားသ မင်္ဂလာ။
၁၀၊ ဒုဿနဂဟ မင်္ဂလာ- ပုဆိုး ထဘီ ဝတ်ပေးသော မင်္ဂလာ။
၁၁၊ စူဠဂဟန မင်္ဂလာ- ဆံထုံးဥသျှောင် ထုံးပေးသော မင်္ဂလာ။
၁၂၊ အာဝါဟ ဝိဝါဟ မင်္ဂလာ- လက်ထပ်မင်္ဂလာ။ ဟူသော မင်္ဂလာ တရား ၁၂ ပါးရှိပါသည်။

အာဝါဟ ဝိဝါဟ မင်္ဂလာ-ခေါ် လက်ထပ်မင်္ဂလာသည် ဘုရားဟော ထားသော ၃၈ ဖြာ မင်္ဂလာ တရား၌ မပါဝင်သော်လည်း၊ ၄င်းမင်္ဂလာကိုြ့ပုလုပ်ကြသော ဇနီးမောင်နှံများ အတွက် ကျင့်ဝတ် တရားများကို ဟောကြားတော်မူခဲ့လေသည်။

မိမိတို့ ငယ်စဉ်က သင်ခဲ့ဖူးသော၊ မြန်မာ့ရိုရာ ကျင့်ဝတ်ခေါ် မယားကျင့်ဝတ် လင့်ကျင့်ဝတ်၊ တပည့်ကျင့်ဝတ် ဆရာကျင့်ဝတ်၊ အလုပ်သမားကျင့်ဝတ် အလုပ်ရှင်ကျင့်ဝတ် စသည်အားဖြင့် သင်ခဲ့ရသမျှ ကျင့်ဝတ်တို့သည်၊ သိင်္ဂါလောဝါဒ သုတ်လာ ဘုရားဟောကြားတော်မူခဲ့သော လူ့မှူ ကျင့်ဝတ်များ ဖြစ်သည်၊ ၄င်းကျင့်ဝတ်များအား လူငယ်များ မှတ်မိလွယ်စေရန် ကဗျာလင်္ကာ များဖြင့် ရေးစပ်သီကုံးထားသောကြောင့် ဘုရားဟော ဟူ၍ မထင်မှတ်ခြင်းဖြစ်ပါသည်၊

မေး။ ။ မအိ။၂။ လူ့ဘ၀ရဲ့တန်ဖိုးနှင့် ပတ်သက်တဲ့ တရားမျိုး ဘုရားဟော ရှိပါသလား ရှိပါက ပါဠိတော်နှင့် အညီ ဖြေပေးပါ။

ဖြေ။ ။ မနုဿတ္တ ဘာဝေါ ဒုလ္လဘော= လူ့ဘဝကို ရရှိခြင်းသည် အလွန်တရာမှ ခဲယင်း၏၊ တန်းဖို့ ရှိ၏ ဟူ၍- ဗုဒ္ဓစကားတော် ရှိပါသည်။

မေးခွန်ရှင် သိလိုသည်မှာ= လူ့ဘဝ၏ တိုးတက်ရာ တိုးတက်ကြောင်း၊ တရားများကို ဆိုလိုသည်ဟု ယူဆရပါသည်။

ဗုဒ္ဓဟောထားခဲ့သော ပါဠိတော် အဋ္ဌကတာ ဋိကာ မှန်သမျှတို့သည်၊ လူ့ဘဝ၏ တိုးတက်ရာ တိုးတက်ကြောင်း တရားများသာ ဖြစ်ပါသည်။ လူ့ဘဝ၏ တိုးတက်ရာ တိုးတက်ကြောင်း မဟုတ်သော ဗုဒ္ဓ၏ စကားဟူ၍ မရှိပေ။

ကိုးကွယ်ဆည်းကပ်သူ လူအများ ပါဠိစာပေကို သင်ယူမှူများ နည်းပါးလာခဲ့ခြင်းကြောင့် ကလေးကျောင်းပို့သည်ကို ကုသိုလ်ရသော ဗုဒ္ဓ၏ ဘာသာရေး အဆုံးအမအဖြစ် သဘောမပေါက်သလို၊ အရွယ်ရောက်လာသော မိမိ၏ သမီး/သားကို အိမ်ရာတည်ထောင်ရန် သင့်တော်ရာ အိမ်ထောင်ဖက်နှင့် ထိမ်းမြား လက်ထပ်ပေးခြင်းကိုလည်း၊ ကုသိုလ်ရစေတဲ့ ဘာသာရေး အဆုံးအမ ဖြစ်ကြောင်းကို မသိကြတော့ပေ။

ဥပမာ...ကလေးဘ၀ ကျောင်းတက်စာသင်ခြင်း အတတ်ပညာ သင်ယူခြင်းသည် (သိပ္ပဉ္စ) မင်္ဂလာ ကုသိုလ်ရသော ဘုရားရှင်၏ အဆုံးအမ ဖြစ်ပါသည်။

အိမ်က ဇနီးမယား သမီးသား အတွက် စီးပွါးဥစ္စာရှာဖွေ နေခြင်းသည် (ပုတ္တဒါရဿ သင်္ဂဟော) မင်္ဂလာ ကုသိုလ်ရသော ဘုရားရှင်၏ အဆုံးအမ ဖြစ်ပါသည်။

အဖေအမေ ကို ပြုစုလုပ်ကျွေးခြင်းသည် (မာတာပိတု ဥပဋ္ဌာနံ) မင်္ဂလာ ကုသိုလ်ရသော ဘုရားရှင်၏ အဆုံးအမဖြစ်ပါသည်။

ကုသိုလ်ဖြစ်စေ. ပညာဖြစ်စေ. စီးပွါးဥစ္စာဖြစ်စေ တစ်ခုခု၊ ဒါမှမဟုတ်အားလုံး ရနိုင်သော အရပ်ဒေသသို့ ပြောင်းရွေ့ အခြေချ နေထိုင်ခြင်းသည် (ပတိရူပ ဒေသ၀ါသောစ) မင်္ဂလာ ကုသိုလ်ရသော ဘုရားရှင်၏ အဆုံးအမ ဖြစ်ပါသည်။

စသည်ဖြင့် ဗုဒ္ဓအဆုံးအမတော် များသည် နေ့စဉ်ဘ၀အရေး အတွက် လမ်းညွန်ချက်များ ရှိသည် ဆိုသည်ကို မသိကြသည်မှာ လူတို့၏ ဘာသာရေး အသိပညာ လေ့လာမှူ နည်းပါးခြင်းကြောင့် သာလျှင်ဖြစ်ပါလိမ့်မည်။

အနီးကပ်အားဖြင့် မင်္ဂလသုတ်၊ သိင်္ဂါလောဝါဒသုတ်၊ စသော မြောက်များလှစွာသော သုတ် အဘိဓမ္မာ တရားတော်များသည် လူ့လောက အကျိုးပြု တရားတော်များသာ ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားလိုက်ပါသည်။

လူ့ဘဝ တိုးတက်ရာ တိုးတက်ကြောင်း မပါဟု ထင်မှတ် ပြောဆို ခြင်းသည်၊ ၄င်းတို့ကိုယ်တိုင် မသိသေး၍သာ ပြောဆိုကြခြင်း ဖြစ်ပေလိမ့်မည်။

မြတ်စွာဘုရားသည်၊ ပါရမီဖြည့်ကျင့်စဉ် ကတည်းက=

လောကတ္တစရိယ= လောကအတွက် ကျင့်၏။
ဥာတတ္တစရိယ= ဆွေတော် မျိုးတော်တို့အတွက် ကျင့်၏။
ဗုဒ္ဓတ္တစရိယ= အလုံးစုံသော တရားများကို သိဖို့အတွက် ကျင့်၏။

ဤအဖြေများသည် အလုံးစုံ မှန်ကန် ပြီးပြည့်စုံပြီဟူ၍ မမှတ်ယူစေချင်ပါ၊ အခြားအခြားသော ဆရာတော်များအားလည်း မေးမြန်းစေချင်ပါသည်။

သင်ရင်းနှင့် ကျင့်၊ ကျင့်ရင်းနှင့် သင်နိုင်ကြပါစေ။



Read more...

ဝိပဿနာဆိုတာဘာလဲ..?


1

ဝိပဿနာဆိုတာ…

ပညတ်ကိုခွာပြီး ပရမတ်တွေရဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောတွေကို သိအောင်လုပ်တာဝိပဿနာ၊

ရုပ်တွေ နာမ်တွေရဲ့ ဖြစ်ပျက်ကို မြင်အောင်ကြည့်တာ ဝိပဿနာ၊

ခန္ဓာအရှိနဲ့ ဥာဏ်အသိကို ကိုက်အောင်လုပ်တာ ဝိပဿနာ၊ ရှေ့ကဖြစ်ပျက် နောက်က မဂ်လိုက်တာ ဝိပဿာနာ၊ အသေကိုအရှင်နဲ့ကြည့်တာ ဝိပဿနာ။ ကျေးဇူးရှင် ချမ့်မြေ့ဆရာတော်ဘုရားကြီးရဲ့ အဆိုအမိန့်အရ ရုပ်နာမ်မှာ ဖြစ်နေတဲ့သဘောတွေကို ဖြစ်နေတဲ့အတိုင်း၊ ရှိနေတဲ့အတိုင်းသတိနဲ့စောင့်ရှောက်နေတာဟာ သတိပဋ္ဌာန် ဝိပဿနာပဲ။ မဇ္ဈိမပဋိပဒါ အလယ်အလတ်လမ်းအကျင့်ပါပဲ။ အဲဒါမဂ္ဂင်ရှစ်တန်အကျင့်မှန်ပါပဲ။ အတိုချုပ်အနေနဲ့ပြောရမယ်ဆိုရင်…

အထူးကြည့်တာဝိပဿနာ။ အထူးကြည့်တော့ အထူးသိတာပေါ့၊ သမားရိုးကျကြည့်တာမဟုတ်ဘူး။

ဝိပဿနာမျက်လုံးနဲ့ကြည့်တာ။ သမားရိုးကျကြည့်ရင် ယောက်ျား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါမြင်မယ်။ သူဌေး၊ ဆင်းရဲသားမြင်မယ်။

အထူးကြည့်တော့ ယောက်ျး၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါမဟုတ်ဘူး။ သူဌေး၊ ဆင်းရဲသားမဟုတ်ဘူး။ ရုပ်တွေ နာမ်တွေပဲ အထူးကြည့်တော့ အထူးမြင်တယ်။ ရုပ်တွေနာမ်တွေရဲ့ ဖြစ်ပျက်ကိုမြင်လာတယ်။ အဲဒါကို ဝိပဿနာလို့ခေါ်တယ်။ ဝေါဟာရတွေရဲ့ အဓိပ္ပါယ်ကိုသိရင် ဘာပြောနေလဲဆိုတာကို နားလည်ပါတယ် ဝိပဿနာအကြောင်းကို ဘာမှမသိသေးတဲ့ ယောဂီအသစ်တွေ ဝိပဿနာအကြောင်းကိုစတင်လေ့လာသူတွေ အနေနဲ့ ပထမဆုံး…

ပညတ်နဲ့ပရမတ်ကို ကွဲကွဲပြားပြားသိရမယ်။ ရုပ်တွေ နာမ်တွေကို ကျကျနန နားရှင်းအောင်သိရမယ်။ ဒါမှ ဝိပဿနာဆိုတာ ဘာလဲဆိုတဲ့အဓိပ္ပါယ်ကို သဘောပေါက်မယ်။ နားလည်မယ်။ ပညတ်ဆိုတာ တစ်ဦးနဲ့တစ်ဦး နားလည်အောင် သတ်မှတ်ထားတဲ့ နာမည်တွေကိုခေါ်တာ။ အမှန်တကယ်မရှိဘူး။ ဥပမာ.. ခေါင်း၊ ခါး၊ လက်၊ ခြေ၊ ယောက်ျား၊ မိန်းမ၊ အိမ်၊ ကျောင်း၊ ကား။ ရထား၊ စသည်အားဖြင့် လူအမျိုးမျိုးက ဝေါဟာရအမျိုးမျိုးနဲ့ ခေါ်နေတာ၊ပြောနေတာလည်းအားလုံးဟာ ပညတ်တွေပဲ။

ပရမတ်ဆိုတာကတော့ အမှန်တကယ်ရှိတဲ့ သဘောတရားကို ဆိုလိုတာ။ သဘောမျှပဲ။ မျက်စိနဲ့လည်းမမြင်ရဘူး၊ ပုံသဏ္ဍာန်လည်းမရှိဘူး၊ အလေးချိန်လည်းမရှိဘူး၊ ထုထည်းလည်းမရှိလို့ ဆုတ်ကိုင်လို့လည်းမရဘူး၊ အမှုန့်တွေလည်းမဟုတ်ဘူး။ မီးခိုးလည်းမဟုတ်ဘူး၊သဘောလေးပဲ။ ဥပမာ.. လှုပ်တဲ့သဘော၊ နာတဲ့သဘော၊ ကြားတဲ့သဘောတွေဟာ ပရမတ်ပဲ။ ပရမတ်တရားက စိတ်၊ စေတသိက၊ ရုပ်၊ နိဗ္ဗာန်ဆိုပြီး(၄)ပါးရှိပါတယ်။ စိတ်နဲ့စေတသိက်ကို ပေါင်းပြီး နာမ်လို့ခေါ်တယ်။

နာမ်ရဲ့သဘောတရားက…

သိတတ်တဲ့သဘော၊ ညွတ်တတ်တဲ့သဘော၊

ရုပ်ရဲ့သဘောတရားက…

ဖောက်ပြန်တတ်တဲ့သဘော၊ မသိတဲ့သဘော၊ အကြမ်းအားဖြင့် ရုပ်ဆိုတာ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ ဆိုတဲ့ ဓာတ်ကြီးလေးပါးအပေါင်းအစုပါပဲ။ လက်တွေ့ရှုမှတ်တဲ့အခါ ဓာတ်ကြီးလေးပါးရဲ့ ပရမတ်သဘောတွေကို ရှုမှတ်ရမှာ။ ပထဝီဓာတ်ရဲ့ ပရမတ်သဘောက…

မာမှုသဘော၊ ပျော့မှုသဘော။ အာပေါဓာတ်ရဲ့ ပရမတ်သဘောက…လေးမှုသဘော၊ ဖွဲ့စည်းမှုသဘော၊ ယိုစီးမှုသဘော။ တေဇောဓာတ်ရဲ့ ပရမတ်သဘောက… ပူမှုသဘော၊ အေးမှုသဘော၊ ပေါ့မှုသဘော။ ဝါယောဓာတ်ရဲ့ ပရမတ်သဘောက…တွန်းကန်တဲ့သဘော၊ တောင့်တင်းတဲ့သဘော၊ လှုပ်ရှားတဲ့သဘော။ ရုပ်နဲ့ပတ်သတ်လို့ ဒီလောက်တော့သိထားရမယ်။ နာမ်အကြောင်းပြောရအောင်။ စိတ်နဲ့စေတသိက်ကိုပေါင်းပြီးတော့ ဘာခေါ်လဲ။ နာမ်လို့ခေါ်တယ်နော်။ သိမှုလေးကိုစိတ်လို့ခေါ်တာ။ စိတ်တစ်ခုဖြစ်ရင် စေတသိက်တွေလည်း ပါလာတယ်ပဲ။ စေတသိက်ဆိုတာကလည်း စိတ်ကိုမှီတွယ်ပြီးတော့ စိတ်ကိုခြယ်လှယ်နေတဲ့ စိတ်တစ်မျိုးပါပဲ။ သူကြောင့် အကုသိုလ်စိတွေဖြစ်သွားတာရှိသလို၊ ကုသိုလ်စိတ်တွေဖြစ်သွားတာလည်းရှိပါတယ်။ စေတနာဦးဆောင်တဲ့ စေတသိက်က အားလုံး(၅၂) လုံးရှိပါတယ်။

ရုပ်(၂၈) ပါးတို့၊ နာမ်(၅၃)ပါးတို့ ဒါတွေကိုအကုန်မသိရင်လည်းဘဲ ဝိပဿနာအားထုပ်လို့ရပါတယ်။ ဝိပဿနာအားထုပ်တဲ့နေရာမှာ နည်းသုံးမျိုးရှိပါတယ်။

(၁) စအားထုပ်ကတည်းက ဝိပဿနာကို တိုက်ရိုက်ရှုမှတ်တဲ့ ဝိပဿနာယာနိကနည်း။

(၂) သမထနည်းတစ်ခုခုနဲ့ သမာဓိထူထောင်ပြီးတော့မှ ဝိပဿနာကို ပြောင်းပြီးရှုမှတ်တဲ့ သမထဝိပဿနာနည်းနဲ့

(၃) သမထကိုရှုမှတ်လိုက်၊ ဝိပဿနာကိုရှုမှတ်လိုက်နဲ့ နှစ်ခုတွဲပြီး ရှုမှတ်တဲ့၊ ယုဂနဒ္ဓနည်းဆိုပြီး သုံးမျိုးရှိပါတယ်။

www.http://thitsarparami.org အတွက် အရှင်ဓမ္မသာရ ဓမ္မဒါန ရေးသားပူဇော်သည်။

သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာရှိပါစေ…။

မှတ်ချက်ရေးသားရန် ()

Last Updated ( Wednesday, 03 February 2010 11:31 )


Read more...

မက္ခရာ ရွှေစည်းခုံစေတီတော်ကြီး





မက္ခရာ ရွှေစည်းခုံ စေတီတော်ကြီးသည် မန္တလေးတိုင်း ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ဧည့်ဗျကျေးရွာအုပ်စုရှိ မက္ခရာမြို့ဟောင်း ကျေးရွာတွင် တည်ထားသည်။ မူလဒါယကာသည် ပင်းယ ဥဇနာမင်းကြီးဖြစ်သည်။

ထိုရွှေစည်းခုံစေတီတော်ကြီးသည် ပျက်စီးယိုရွင်းပြီး အမှိုက်ပုံတွေများဖုံးအုပ်နေပါသည်မှာ နှစ်အတော်ကြာနေပြီဖြစ်ပါသည်။

ယခုအခါ ထိုစေတီတော်ကြီး ပြန်လည်ပြုပြင်မှုများ ပြီးစီးသွားပါသည်။ ထိုစေတီတော်ကြီး၏ ရွှေထီးတော်တင် လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားကို ယခုနှင့် ၂၉-၁-၂၀၁၀ တပို့တွဲလပြည့်နေ့တွင် ကျင်းပအောင်မြင်ခဲ့ပါသည်။ ထိုစေတီးတော်ကြီးကို သီတဂူဆရာတော်ကြီးနှင့် သီတဂူတပည့် ဒကာ ဒကာမများ စုပေါင်းပြီး မွန်းမံပူဇော်ခြင်းဖြစ်ပါသည်။

မက္ခရာမြို့ဟောင်းရှိ ရွှေစည်းခုံစေတီတော်ကြီးကို သက္ကရာဇ် (၆၈၇)ခုနှစ်တွင်
ပင်းယဥပဇာနာမင်းကြီးက တည်ထားတော်မူခဲ့ပါသည်။ ဥာဏ်တော်(၁၄၄)ပေ၊ ဖိနပ်တော်အလျား(၁၆၈)ပေနှင့် ထီး(၁၀)ပေရှိကြောင်းသိရပါတယ်။

ယခုလို သီတဂူသာသနာပြုအဖွဲ့ကြီးအတွက် လူအင်အားရော ငွေအင်အားပါ ပံ့ပိုးရုံတင်မက ယခုလို နေမကောင်းတဲ့ကြားက သတင်းတွေ ဓာတ်ပုံတွေ ပို့ပေးတဲ့ ကျောင်းအမအား အထူးကျေးဇူးတင်ပါသည်။

သီတဂူ စန်းလပမာချမ်းမြသာယာရှိကြပါစေ။
သီတဂူစတား
၃-၂-၂၀၁၀



Read more...

ဘဲကျောင်းကြမလား....

ပြီးခဲ့တဲ့တစ်ပတ်က ကျွန်တော့်သူငယ်ချင်းတစ်ယောက် ဒီမှာ နေရေး ထိုင်ရေး အလုပ်ကိစ္စလေးတွေ အဆင်မပြေတာလေးတွေရှိနေတော့ ကျွန်တော်လည်း သူ့ ကို စိတ်ဖြေသိမ့်စကားလေးတွေပြောမယ် စိတ်ကူးရင်း သွားတွေ့ ဖြစ်ပါတယ်။

သူနှင့်တွေ့ တော့ အကျိုးအကြောင်းမေးရင်း စိတ်ဓါတ်မကျဖို့  နှစ်သိမ့်စကားပြောဖို့ ပြင်တော့ သူက “ကျွန်တော် ဘဲမကျောင်းပါဘူးဗျ။ စိတ်ချပါ” လို့ ကျွန်တော့်ကို ပြန်ပြောပါတယ်။ ဒါနှင့် သူ့ ကို “ဘာပြောတာလဲ” လို့ မေးတော့ သူက ဘဲကျောင်းသမား တရားတော် ထဲက အကြောင်းလေးကို ကျွန်တော့်ကို ပြောပြပါတယ်။ ကျွန်တော်လည်း သူ့ စကားနားထောင်ရင်း သူပြောပြတဲ့ ဘဲကျောင်းသမား ပုံပြင်ကို မှတ်သားပြီး ပြန်လာခဲ့ရပါတော့တယ်။ ကဲ... ဓမ္မမိတ်ဆွေတို့ လည်း ကျွန်တော့်သူငယ်ချင်းပြောပြတဲ့ ဘဲကျောင်းသမားတရားတော်ကို ကျွန်တော်နှင့်အတူ နာကြည့်ကြပါစို့ နော်။



Read more...

ပိုးထည် တစ်စကြောင့်

လွန်ခဲ့တဲ့ အပတ်က ကြည့်ဖြစ်တဲ့ အိန္ဒိယဇာတ်ကားပါ။

ဇာတ်ကား စ စချင်းမှာ ဇာတ်လိုက်က မင်္ဂလာဆောင်ပြီး သတို့သမီးကို သူ့အိမ်ခေါ်လာတယ်။ လမ်းထိပ်မှာ ထိုင်နေတဲ့ မိန်းမကြီးက သူတို့ကိုကြည့်ပြီး အတင်းပြောတယ်။ “မင်္ဂလာဆောင်မှာတောင် သတို့သမီးက ပိုးဆာရီ မ၀တ်နိုင်ဘူး” လို့။ “ဒီမိန်းမကြီးတွေ သူများအတင်းထိုင်ပြောဖို့ကလွဲပြီး အခြားအလုပ်မရှိဘူးလား မသိဘူး” လို့သာ စိတ်ထဲကပြောကြပြီး အိမ်ရောက်လာတယ်။ အိမ်ပေါက်ဝမှာ ဖခင်အိုကြီးကို သူတို့ ထုံးစံအတိုင်း ခြေဖမိုးထိ နှုတ်ဆက်ပြီး သတို့သမီး အိမ်ထဲဝင်တယ်။ လူကြီးတွေက ညာဘက်ခြေထောက်က စလှမ်းဝင်ဖို့ သတိပေးကြတယ်။

ဇာတ်လိုက်က အဲ့ဒီနယ်မှာ ရှိတဲ့ ယက္ကန်းစက်ရုံက အလုပ်သမား။ ဇနီးသည်က အလိမ္မာအိမ်ပါလေး။ နွမ်းနွမ်းပါးပါးပေမဲ့ အေးချမ်းတဲ့ မိသားစုဘ၀လေး ပိုင်ဆိုင်ကြတယ်။ မကြာဘူး ဇာတ်လိုက်အဖေကြီး အနိစ္စရောက်တယ်။ အလောင်းပြင်ကြသူတွေက အလောင်းကို ပတ်ဖို့ ပိုးစ တောင်းတယ်။ ဇာတ်လိုက်က “တသက်လုံး အလုပ်လုပ်လာတာ ဖခင်ကြီး ရုပ်အလောင်းက ခြေမနှစ်ခုကို ပူးချည်ဖို့ ပိုးမျှင်တစသာ တတ်နိုင်ရပါလား” လို့ ငိုရှာတယ်။ (အသုဘမှာ ရေအိုးခွဲတာ၊ ကူးတို့ခ ဆိုပြီး ပါးစပ်ထဲ တမတ်စိထည့်တာ၊ ခြေမနှစ်ချောင်းကို ပူးချည်တာတွေ အားလုံးဟာ အိန္ဒိယက အယူအဆတွေဖြစ်တယ်။ ဗုဒ္ဓသာသာဝင်တွေ အကျိုးအကြောင်း အဓိပ္ပါယ် ရှိမရှိ သုံးသပ်ပြီး၊ ဒီအယူအဆတွေကို ဆက်လက်လိုက်နာဖို့ သင့်မသင့် ဆုံးဖြတ်သင့်ပြီ။)

ဇာတ်ကားကို ပြန်ကောက်ရရင် ဇာတ်လိုက်ဟာ ဇာတ်လိုက်တို့ရဲ့ သဘာဝအတိုင်း ရိုးသား ကြိုးစားပြီး မဟုတ်မခံ စိတ်ရှိသူဖြစ်တယ်။ စက်ရုံပိုင်ရှင်သူဌေးကြီးရဲ့သမီး မင်္ဂလာဆောင်မှာ ၀တ်ဖို့ရာ ပိုးဆာရီကို အထူးယက်လုပ်ပေးဖို့ ရွေးချယ်ခြင်း ခံရတဲ့ လက်ရွေးစင် ယက္ကန်းသမားတဦး။ နောက်တော့ သူတို့မှာ သမီးလေးတယောက်ရတယ်။ သမီးလေး ပုခက်တင်ပွဲမှာ ဖအေလုပ်သူက သမီးကို တချိန်ကျရင် ပိုးဆာရီတထည် ပေးမယ် လို့ ကတိက၀တ်ပြုလိုက်တယ်။ ပွဲကိုလာတဲ့ မိတ်ဆွေ အပေါင်းအသင်းတွေကတော့ “မဖြစ်နိုင်တဲ့ ကတိမျိုး မပေးသင့်ဘူး။ ဖြစ်မလာခဲ့ရင် ကြိမ်စာသင့်သလိုမျိုး ခိုက်တတ်တယ်” လို့ ဇာတ်လိုက်ကို ဝေဖန်ကြတယ်။ ဇနီးသည်မှာလည်း စိုးရိမ်မှုတွေနဲ့ အဲ့ဒီအချိန်ကစ မျက်နှာ မသာမယာ ဖြစ်ရတော့တာပေါ့။ ဒီတော့လည်း သူစုထားတဲ့ မြေအိုးကို ခွဲ၊ အကြွေစေ့တွေ တပုံတခေါင်းကို ပြလို့ ဇနီးသည်ကို အားပေးရှာတယ်။ “ဘာလို့ မဖြစ်ရမလဲ မိန်းမရယ်ပေါ့။” ကံဆိုးချင်တော့ သူ့ညီမက အဲ့ဒီအဖြစ်အပျက်ကို အိမ်ထရံအပြင်က ချောင်းကြည့်ပြီး မြင်သွားခဲ့တယ်။ နောက်နေ့လည်းကျရော ညီမလုပ်သူက သူ့ယောက်ျားကို အကိုဆီ လွှတ်ပြီး ရှာရဖွေရတာ ခက်လွန်းလို့ ရင်းဖို့နှီးဖို့လေးရအောင် စုထားဆောင်းထားတဲ့ ငွေစကြေးစလေးများရှိရင် ချေးငှားဖို့ လာပြောပါလေရော။ ကိုယ့် ဆွေမျိုးသားချင်းတွေ ဖြစ်နေတော့ ငြင်းရခက်တဲ့ ဇတ်လိုက်ကလည်း ရှိတာအကုန် အိတ်ထဲသွန် ထည့်ပေးလိုက်ရတော့တာပေါ့။ ဘာမှမပြောသာတဲ့ မိန်းမလုပ်သူမှာလည်း အိမ်တိုင်လေးမှီထိုင်လို့ ငိုင်ရုံသာပေါ့။

ဒီလိုနဲ့ ရိုးသားပါတယ်ဆိုတဲ့ ဇတ်လိုက်လည်း အလုပ်ပြန်ချိန် စက်ရုံထဲ နောက်ချန်နေခဲ့ပြီး ပိုးချည်တခင်တခင်ကို ပါးစပ်ထဲ ငုံပြီး ခိုးတော့တာပဲ။ Lord တွေပိုင်တဲ့ စက်ရုံကြီးက အစောင့်အကြပ်ထူပြောပါတယ်။ အထွက်ဂိတ်မှာ တကိုယ်လုံးနဲ့ ထမင်းချိုင့်ပါမကျန် စစ်သေးတာ။ ဒါကိုပဲ သူ့မှာရအောင် ခိုးရတာ။ ချစ်စရာကောင်းတဲ့ သမီးလေးကလည်း ကျောင်းသွားတဲ့ အရွယ်တောင် ရောက်လာပြီလေ။ တရွာထဲသားချင်း ကျောင်းသွားဖော် ကောင်လေးကို သမီးကို ကျောင်းအရောက် လက်ဆွဲခေါ်သွားဖို့ ဖအေကြီးမှာ မှာရတာအမော။ ခိုးလာတဲ့ ပိုးချည်ခင်လေးတွေကို ဘယ်သူမှာ မသိအောင် လေးထောင့်မုန့်ပုံးလေးထဲ စုထားပြီး နွားတင်းကုတ်ထဲမှာ ညအချိန်မတော်မှ ယက်ရရှာတယ်။ တဖြေးဖြေးနဲ့ အဆင်အကွက် ပေါ်လာတဲ့ ပိုးဆာရီလေးကို တစိမ့်စိမ့်ကြည့်ရင်း ပီတိတွေ ဖြာလို့ပေါ့။

မှတ်မှတ်ရရ ရွာမှာ ပွဲတော်လုပ်တဲ့နေ့ ရွာကလူကုန်နဲ့ တမိသားစုလုံး ပွဲတော်ထဲမယ် ကရင်းခုန်ရင်း ပျော်ရင်းရွှင်ရင်းမှာပဲ သမီးလေး အမေ ပါးစပ်ထဲက သွေးတွေ အန်ပါတော့တယ်။ ဆင်းရဲမွဲတေခြင်းရဲ့ နောက်ဆက်တွဲ ရလဒ် တီဘီရောဂါက ရွာကဆေးဆရာတောင် မနိုင်တော့တဲ့အခြေကို ရောက်နေပါပြီ။ မြို့ဆေးရုံကိုသာ အမြန်ပို့ဖို့ ဆရာပြောနိုင်ပါတော့တယ်။ ယူကျုံးမရ မချိတင်ကဲ ဖြစ်ရတဲ့ ဇတ်လိုက်ဟာ မီးအိမ်လေးကို ဆွဲ၊ ဇနီးသည်ကို နွားတင်းကုတ်ဆီ ပွေ့ချီပြီး ခေါ်သွားပါတယ်။ ယက္ကန်းစင်မှာ တသက်နဲ့ တကိုယ် သူတခါမှ မမြင်ဖူးလေတဲ့ တို့ထိလို့တောင် မကြည့်ဖူးတဲ့ ပိုးဆာရီစလေး တန်းလန်းကို အံ့သြတကြီးကြည့်ပြီး အသက်ထွက်ရှာတယ်။

နောက်တော့ ရွာကို လူစိမ်းတဦးရောက်လာတယ်။ “သူက စာရေးဆရာပါ ယက္ကန်းအလုပ်သမားတွေအကြောင်း စာရေးချင်လို့ လေ့လာဖို့ ရောက်လာတယ်” လို့ ဆိုတယ်။ ဒါနဲ့ ဇာတ်လိုက်လည်း သူ တည်းဖို့ ခိုဖို့ရာ ညီမဖြစ်သူရဲ့အိမ်ကို ဆက်ပေးလိုက်တယ်။ သူ့ညီမလည်း အိမ်ငှားခလေး ဘာလေးရအောင်ပေါ့။ ဇာတ်လိုက် သမီးလေးရဲ့ ငယ်ငယ်ကတည်းက ကျောင်းသွားဖော် သူငယ်လေးကလည်း စစ်တပ်ထဲ လိုက်သွားရာက ခွင့်ရလို့ ပြန်လာတယ်။ သူတို့နှစ်ဦး မေတ္တာရှိကြတာသိတဲ့ မိဘတွေကလည်း နေရာချထားပေးဖို့ စီစဉ်ကြတယ်။ အိန္ဒိယ ဓလေ့ထုံးစံအရ မိန်းကလေးဘက်က တင်တောင်းရတယ်။ ယောက်ျားလေးဘက်က ဇာတ်လိုက်ကို “မင်းမှာ သမီးတယောက်ကလွဲပြီး ဘာမှမရှိတာသိပေမဲ့ တို့ကတော့ ထုံးစံအတိုင်း ဘာတင်တောင်းမလဲ မေးရမှာပဲ” လို့ ရွာသားအချင်းချင်း နောက်ပြောင်တဲ့ သဘောနဲ့ ပြောလာတော့၊ ဇာတ်လိုက်ကလည်း အမှန်တွေ ပြောနေတာ ဖြစ်ပေမဲ့ အောင့်သက်သက်နဲ့ပဲ “ငါ့မှာ ဘာမှ မပေးလိုက်နိုင်ပေမဲ့ သမီးလုပ်သူကို မင်္ဂလာဆောင်မှာ ပိုးဆာရီ ဆင်လွှတ်လိုက်မယ်” လို့ ပြောလိုက်ပါတယ်။

တကယ်တော့ ရွာကို ရောက်လာတဲ့ လူစိမ်းက ကွန်မြူနစ် ပါတီဝင်။ ဇာတ်လိုက်တို့လည်း မာ့က်စ်တို့၊ လီနင်တို့ရဲ့ အတွေးအခေါ်၊ စာအုပ်စာပေတွေ ဖတ်ခွင့်ရပြီး အလုပ်သမား သမဂ္ဂ ရွာမှာ ပေါ်လာတယ်။ စာနည်းနည်းပါးပါး ဖတ်တတ်တဲ့ ဇာတ်လိုက်က သမဂ္ဂခေါင်းဆောင်ပေါ့။ စက်ရုံပိုင်ရှင်သူဌေးဆီမှာ အလုပ်သမားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ တောင်းဆို ကြတယ်။ အို လွယ်လွယ်နဲ့တော့ ဘယ်ရလိမ့်မလဲ။ ယက္ကန်းစင်တွေ မီးရှို့ကြတယ်။ (ပညာနည်းသူတွေရဲ့ တဇွတ်ထိုး အမူအကျင့်တွေဟာ တခါတလေမှာ တော်တော် အရုပ်ဆိုး အကျည်းတန်တယ်။) နောက် အလုပ်မဆင်းဘူး သပိတ်မှောက်ကြတယ်။ မင်္ဂလာရက်နီးလာတဲ့ သမီးလုပ်သူကလည်း “ပိုးဆာရီ ဘယ်မလဲ အဖေရယ်။ သွားမ၀ယ်သေးဘူးလား” တမေးထဲမေးနေတော့၊ အလုပ်မဆင်းဖူး သပိတ်မှောက်နေတဲ့ အဖေကြီးမှာ ဖင်ပူအောင်ထိုင်မနေနိုင်တော့ဘူး။ သန္နိဌာန်တွေ ပြိုလဲလို့ သမီးအလှ လင်ရဖို့ ပိုးချည်ခင် ခိုးဖို့အရေး အလုပ်ပြန်ဆင်းပါမယ်လို့ မျက်နှာပြောင်တိုက်ပါတော့တယ်။ အလုပ် ဆင်းမယ်၊ မဆင်းဘူးနဲ့ အလုပ်သမားတွေလည်း နှစ်ဖွဲ့ကွဲလို့ ဦးတည်ချက်တွေနဲ့ ဝေးရတော့တယ်။ အလုပ်ဆင်းချိန်မှာ အရင်ထက်နှစ်ဆတိုးပြီး ချည်ခင် ခိုးတယ်။ ဒီတခါတော့ မိပါတယ်ခင်ဗျာ။ သူဌေးရဲ့ အစောင့်အကြပ်တွေကရော၊ သစ္စာ ဖောက်သွားသူဆိုပြီး နာနေတဲ့ အလုပ်သမားတွေဘက်ကရော နှစ်ဦးနှစ်ဖက်က ၀ိုင်းသမလိုက်ကြတာ ဘာပြောကောင်းမလဲ။ “အဖေ့ကို မရိုက်ကြပါနဲ့” လို့ ၀င်ဆွဲတဲ့ သမီးတောင် နောက်ဆုံး မျက်နှာလွှဲလိုက်ရတဲ့ အဖြစ်ရောက်တယ်။

တသက်လုံး လေးစားလာရတဲ့ အဖေကို ဒီလိုအခြေအနေနဲ့ တွေ့လိုက်ရတဲ့ သမီးဖြစ်သူက ရေကန်ထဲခုန်ချပြီး ကိုယ့်ကိုကိုယ် သေကြောင်းကြံတယ်။ တခါတည်း သေမသွားပဲနဲ့ Vegetable ဖြစ်တယ်။ ဘယ်သူမှ စောင့်ရှောက်မည့်သူမရှိတဲ့ သမီးကို အချုပ်သားအဖြစ်နဲ့ လာကြည့်ရင်း၊ အဆိပ်နယ်ထားတဲ့ ထမင်းကို သမီးပါးစပ်ထဲ ကိုယ်တိုင်လက်နဲ့ ခွံ့ပြီး အဆုံးစီရင်လိုက်တယ်။

ဒီတော့မှ နွားတင်းကုတ်ထဲက ယက္ကန်းစင်က ယက်လက်စ ပိုးဆာရီကို ဆွဲဖြဲယူလာပြီး အိမ်ရှေ့မှာ ချထားတဲ့ သမီးအလောင်းပေါ်လွှားတယ်။ ခေါင်းကို လုံအောက်ဖုံးတော့ ခြေကပေါ်နေတယ်။ ခြေကို လုံအောင်ဖုံးပြန်တော့ ခေါင်းက မလုံပြန်။ ဇာတ်လိုက်မှာ ပိုးဆာရီစကို အပေါ်ဆွဲလိုက် အောက်ဆွဲလိုက် လုပ်ရင်း…ဇတ်လမ်းပြီးသွားပါတယ်။

ဇာတ်ကားနာမည်က Kanchivaram (A Communist Confession) ပါ။


Read more...

*ပညတ်နှင့် ပရမတ်- ဂိုးလ်စတိန်း (အပိုင်း-၂)*

ဒေသစွဲ တစ်ခုနှင့် ပတ်သတ်၍ သရုပ်ဖော်ထားသော ပုံဝတ္ထု တစ်ခုကို ကျွန်ုပ်အား အိန္ဒိယ ပြည်တွင် ခရီး လှည့်လည်နေသော ဂရိ အမျိုးသမီး တစ်ဦးက ပြောပြ ဖူးလေသည်။ သူကမ နယ်ခြားဒေသကို သူမသည် သဲကန္တာရ အလယ်က ဖြတ်သန်း လာခဲ့ကြောင်း ပြောသည်။ နယ်စပ်သည် ရေခမ်းခြောက် နေပြီ ဖြစ်သော မြစ်ကြီး တစ်ခု ဖြစ်ကြောင်း၊ မြစ်ပေါ်၌ ကြီးမားသော တံတားကြီး တစ်ခု ရှိကြောင်း၊ ထို သံတံတား၏ ထက်ဝက်ကို အစိမ်းရောင် ဆေးခြယ် ထားကြောင်း၊ အခြား ထက်ဝက်ကိုမူ အနီရောင် ဆေးခြယ် ထားကြောင်း၊ ထိုနေရာတွင် လွင်တီးခေါင် သဲကန္တာရနှင့် အရောင်စုံ ခြယ်ထားသော တံတားမှ အပ ဘာမျှ မရှိကြောင်း၊ ထိုတံတား၏ အလယ်တွင် သံတံခါးကြီး တစ်ခု တပ်ဆင်ထားပြီး နှစ်ဘက်စလုံး သော့ခတ် ထားကြကြောင်း၊ တစ်စုံ တစ်ယောက်သော သူသည် တစ်နိုင်ငံမှ အခြား တစ်နိုင်ငံသို့ သွားလိုပါက တံတား တစ်ဘက်က နယ်ခြား စောင့်များကိုရော၊ အခြား တစ်ဘက်က နယ်ခြား စောင့်များ ကိုပါ လှမ်းခေါ် ရကြောင်း၊ ထိုအခါ နယ်ခြား စောင့်များသည် တံတား အလယ်သို့ လာပြီး တစ်ပြိုင်နက်ပင် နှစ်ဘက် စလုံးက ဂိတ်သော့ကို ဖွင့်ပေး ကြကြောင်း၊ ထိုနည်းဖြင့် နယ်ခြားကို ဖြတ်ကျော်ရကြောင်း ပြောပြလေသည်။ ဤကဲ့သို့ ပြုခြင်း ကိုပင် နယ်ခြားကို ဖြတ်ကျော်ခြင်း မည်သတတ်ဟုလည်း ပြောပါသည်။

လူမှာ နေရာဒေသ အစွဲအလမ်း ကြီးသလို၊ အချိန်ကာလနှင့် ပတ်သတ်သော ဥပါဒါန် အစွဲလည်း ကြီးပါသည်။ ကာလ ပညတ်တို့တွင် လူသည် “အတိတ်” ဟူသော ပညတ်ကို လည်းကောင်း၊ “အနာဂတ်” ဆိုသော ပညတ်ကို လည်းကောင်း အလွန် အစွဲကြီး ပါသည်။ ကျွန်ုပ်တို့က “အချိန် (ကာလ)” ဟု ခေါ်သော အရာသည် ဘာလဲ။ ပစ္စုပ္ပန်တွင် ဖြစ်ပေါ်သော အတွေးများ ကျွန်ုပ်တို့မှာ ရှိပါသည်။ ပြန်လည် သတိရ အောက်မေ့ခြင်း၊ ပြန်၍ တွေးတော ဆင်ခြင်ခြင်း၊ သုံးသပ်ခြင်း စသည်တို့ ဖြစ်၏။ ထိုကဲ့သို့ ဖြစ်ပြီးသည်ကို ပြန်တွေးခြင်း၊ ပြန်၍ အောက်မေ့ခြင်း စသည့် စိတ်ကူးများ အားလုံးကို ပေါင်းပြီး ကျွန်ုပ်တို့က “အတိတ်” ဟူသော တံဆိပ်ကို ကပ်ပါတော့သည်။ ထို့နောက် ၎င်းကို ကျွန်ုပ်တို့၏ ပစ္စုပ္ပန်ကို ကျော်လွန်သော တစ်နေရာသို့ ပို့ထားလိုက်ကြ လေသည်။

ထို့အတူ ကျွန်ုပ်တို့သည် အစီအမံ အကြံအစည်များ ကိုလည်း ပြုတတ်ကြ သည်။ သို့မဟုတ် ကြံစည် စိတ်ကူး တတ်ကြ ပါသည်။ ထိုသို့ မဖြစ်သေးသည်ကို ကြံစည် စိတ်ကူးခြင်း များကို ပေါင်းပြီး “အနာဂတ်” ဟု ပညတ် တံဆိပ် ခတ်နှိပ်ကြ ပါတော့သည်။ ပြီးတော့ ထို အနာဂတ်ဆိုသော ပညတ်ကို ကျွန်ုပ်တို့၏ စိတ်ကူးထားသော အမှန်တရား တစ်နေရာသို့ ပို့ထား လိုက်ကြ ပါသည်။ ကျွန်ုပ်တို့သည် ယခု မျက်မှောက် ပစ္စုပ္ပန်တွင် ထို အတိတ်ဆိုသော ပညတ်ကို လည်းကောင်း၊ အနာဂတ် ဆိုသော ပညတ်ကို လည်းကောင်း ဖြစ်ပျက်သည်ကို မြင်ရခဲ ပါသည်။ ကျွန်ုပ်တို့ အတွ့အကြုံမှာ ပေါ်လာသမျှ သဘာဝက ဖွင့်လှစ် ပြသ နေသည်ကတော့ ပစ္စုပ္ပန် ချည်းသာ ဖြစ်၏။

ကျွန်ုပ်တို့သည် ထို ပညတ်များကို အသုံးကျသော ကိစ္စများ အတွက် ဖန်တီးခဲ့ကြခြင်း ဖြစ်၏။ သို့သော် ထိုပညတ် များသည် ကျွန်ုပ်တို့ ဘာသာ စိတ်ကူးဖြင့် ဖန်တီးခဲ့ ကြသော ပညတ် တရားများသာ ဖြစ်ကြသည် ဆိုသော အချက်ကို နားမလည်ဘဲ ထို စိတ်ကူး အယူအဆ များကိုပင် ပရမတ် တရားများဟု ယူဆမိ ကြသော အခါဝယ် ကျွန်ုပ်တို့မှာ အနာဂတ် အတွက် တွေးတော ပူပန်ခြင်းနှင့် အတိတ်က အမှားများ အတွက် နောင်တ ဖြစ်ခြင်း၊ ၀မ်းနည်း ကြေကွဲခြင်း၊ ၀န်ထုပ်ဝန်ပိုး ဖိစီးခြင်းကို လေးလံစွာ ခံစားကြရ လေတော့သည်။ ကျွန်ုပ်တို့သည် ပစ္စုပ္ပန် တည့်တည့်မှာ ပြန်၍ အခြေချ နေထိုင်နိုင်သော ကာလ၀ယ် အတိတ် ဆိုသော အရာ၊ အနာဂတ် ဆိုသော အရာတို့သည် ပစ္စုပ္ပန်၌ ဖြစ်သော အတွေးများ၊ စိတ်ကူးများသာ ဖြစ်ကြောင်းကို နားလည် သဘောပေါက်သော ကာလ၀ယ် ကျွန်ုပ်တို့သည် “အချိန်ကာလ” ဆိုသော ပညတ်၏ နှောင်ဖွဲ့မှု (ကာလ ဥပါဒါန်) က လွတ်မြောက်သွား ပါတော့သည်။

ပညတ် တရားတို့၏ သဘာဝကို ထိုးထွင်း သိမြင်ရန်နှင့် ထို ပညတ်များ အပေါ်တွင် ကျွန်ုပ်တို့သည် မည်မျှလောက် အစွဲ အလမ်း ကြီးနေကြ သည်ကို သိရန် အတွက် ၀ိပဿနာ ဉာဏ်ကို ထူထောင် ခြင်းသည် အသုံးဝင်လှ ပါ၏။ ကျွန်ုပ်တို့မှာ ပစ္စည်း ဥစ္စာတို့ကို “ပိုင်ဆိုင်သည်” ဆိုသော အယူအဆ တစ်ရပ် ရှိကြပါသည်။ ယခု ကျွန်ုပ်တို့ ထိုင်၍ တရား အားထုတ်နေသည့် ဖုံမွေ့ရာက သူ့ကို ဘယ်သူ ပိုင်ဆိုင်သလဲ ဆိုသည်ကို မသိပါ။ ပိုင်ဆိုင်ခြင်း ဆိုသော အယူ အဆသည် အရာဝတ္ထု အမျိုးအမျိုးနှင့် ကျွန်ုပ်တို့ နီးနီးကပ်ကပ် ရှိနေခိုက်၊ ထိုပစ္စည်းကို သုံးစွဲ နေခိုက်မှာ ထို အရာဝတ္ထုကို ငါ ပိုင်ဆိုင်သည် ဆိုသော အယူအဆ ဖြစ်နေပါသည်။ အမှန်မှာ “ပိုင်ဆိုင်ခြင်း” ဆိုသော ပညတ်သည် စိတ်၏ ဖြစ်စဉ် တစ်ခုသာလျှင် ဖြစ်၏။ ထို အယူအဆသည် လောကထဲက ၀တ္ထု ပစ္စည်းများနှင့် ကျွန်ုပ်တို့၏ ဆက်သွယ်ပုံနှင့်ကား တသီးတခြား အလွတ် ဖြစ်၏။ ကျွန်ုပ်တို့သည် “ပိုင်ဆိုင်မှု” ဆိုသော ဥပါဒါန် အစွဲအလမ်း သံယောဇဉ်မှ ကင်းလွတ်သွား ပါက ကျွန်ုပ်တို့ ကိုယ်ကို ၀တ္ထု ပစ္စည်းတို့၏ ကျေးကျွန် ဘ၀က လွတ်မြောက်အောင် ပြုလုပ်လိုက် ခြင်းပင် ဖြစ်ပါတော့သည်။

ဆက်ပါဦးမည်။

ဂိုးလ်စတိန်း၏ ကိုယ်တွေ့ ၀ိပဿနာမှ…

လေးစားစွာဖြင့်
ဖိုးသား

2/3/2010, WED:, 5:18:22 PM

Read more...

ဥယျာဉ်မှူးရဲ့ဆန္ဒ(ကဗျာ)

ဥယျာဉ်မှူးရဲ့ဆန္ဒ


ရေလောင်း ပေါင်းသင်, နေ့တိုင်းပြင်လည်း,
ခူးချင်လို့တော့ မဟုတ်ပါ...။
နေ လေ မိုးတွက်, မညှိုးပျက်ရန်, စောင့်ရှောက်ပြန်လည်း,
ခူးရန်တော့ဖြင့် မရွယ်ပါ....။
တိရစ္ဆာန် ပိုးမွှား, မဖျက်စားဖွယ်,သတိဆွယ်လည်း,
ခူးမယ်တော့ဖြင့် မကြံပါ...။
ပင်ထိပ်မှာ စက်
ပင်ထက်မှာ လန်း
ပင်နန်းမှာ စံ
ပင်ယံမှာ ၀င့်
ပင်မြင့်မှာ ကြွား
ပင်ဖျားမှာ ပျော်
ပင်ပေါ်မှာ မွှေး
ပန်းကလေးဟာ
ခွင့်ရေးရှိသမျှ, တည်ပါစေ......။

သဒ္ဓမ္မမဏ္ဍိုင်ဆရာတော်

ကဗျာကလေးက ညက်နေတာပဲ၊ကိုနောရေးတာ မဟုတ်မှန်းသိသာလွန်းတယ်၊

ကိုနော
၃.၂.၂၀၁၀


Read more...

New Dhamma talk by Sayadaw U Jotika

Dear Brothers and Sisters in Dhamma,

We uploaded New dhamma talk by Sayadaw U Jotika on the following URL.




၃၀-၁-၂၀၁၀ Singapore - မင်္ဂလာ သုတ္တန် တရားတော် အခြေခံ "မာတာပီတုဥပဋ္ဌာနံ"



၃၁-၁-၂၀၁၀ Singapore - မင်္ဂလာ သုတ္တန် တရားတော် အခြေခံ "အသေဝနာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စသေဝနာ၊ ပူဇာစပူနေယျာနံ၊ ဧတံမင်္ဂလမုတ္တမံ။"



http://dhammadownload.com/SayaDaw-UJotika-mp3-myanmar.htm


Read more...

သူ နှင့် ငါ


သူ နဲ့  ငါ

+ သူ မဟုတ်တဲ့ သူ
သူပဲ။

+ ငါ မဟုတ်တဲ့ ငါ
ငါပဲ။

+ သူ နဲ့  ငါ
ငါ နဲ့  သူ။

+ ဘယ်လိုဟာ ပြောပြော
သမုတ်သော သူ၏
အမှန်သိ
ဒေသနာ သမ္မုတိ။

+ သူ မဟုတ်တဲ့ သူ
သူ မဟုတ်။

+ ငါ မဟုတ်တဲ့ ငါ
ငါ မဟုတ်။

+ သူ နဲ့  ငါ
ငါ နဲ့  သူ

+ ဘယ်လိုဟာ ပြောပြော
သူ ငါ မရှိသော
ရောနှော ရုပ် နာမ်၏
အမှန်သိ
ပရမတ်ဒေသနာ ရှိ။

အရှင်တေဇောဘာသ ( မြင်းခြံ )




မြတ်ရောင်နီ
(၃၁၊၀၁၊၂၀၁၀)

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP