* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, March 28, 2010

ဂလု ဂလု ကိုနော

Posted by ကိုနော Saturday, March 27, 2010

အချိန်နဲ့ကစားရတာ ပွဲတစ်ဝက်နဲ့ မောသကွာ
၇၅-နဲ့အတူ စီးခဲ့တဲ့ မြစ်ပါ…။
အဇ္ဈတ္တအာသာ
ပေါ် ပေါ်သမျှ ပလုံးပထွေး မျို မျိုချခဲ့ရ…
လိုင်စင်မဲ့ ဒုက္ခတွေပေါ့….။

ကျောပိုးအိတ်လွယ် ဆိုင်ကယ်လေးနဲ့လမ်းသလားမယ်…
ကောင်မလေးတစ်သိုက် နောက်ကလိုက်
ဆိုက်ဂိုက်လေးတော့ ပြချင်တယ်…..
ဂလု ဂလု….ဂလု
`ဧတံ မင်္ဂလမုတ္တမံ…မုတ္တမံ´….။

စိမ်းစိမ်းစိုစို တက္ကသိုလ်တေး
ခြေဆင်းလေးဖြစ်ဖြစ် သီချင်သေး…
အဓိပတိလမ်းဆိုလား….မထိတထိအနမ်းဆိုလား….
ဂလု ဂလု…..ဂလု
`တေန ခေါ ပန သမယေန…..သမယေန´……။

မနေ့က ခင်လေး
ဒီနေ့ ပိုလှလို့ပါလား…..
မြန်နှုန်းမြင့်အချစ်
သံစဉ်မစစ်လည်း အလုပ်ဖြစ်တယ်…
ဆံတော်ရှင်ထံပါး
သစ္စာစကား တိုင်ချင်တယ်…..
ဂလု ဂလု……ဂလု
`မနက်ဖြန် ရအောင်ကျက်ခဲ့ကြ…..ကျက်ခဲ့ကြ…..။´

`ငအေးသား မလေးရှားမှာ အဆင်ပြေသတဲ့´
မရှိမရှား ငါးပိစားတဲ့ အမေ့အိမ်လေး ပြင်ချင်တယ်…
ဂလု ဂလု….ဂလု
`ဒီကျမ်းမှာ ဒီလို ဆိုသဗျ….ဟိုကျမ်းမှာ…ဟိုလို…´။

မင်းကိုနိုင်ပုဆိုး တစ်ရေးနိုး ထလျှော်မယ်
သံခမောက်ရရင် ဒီပဲယင်းခဏသွားချင်တယ်
ဂလု ဂလု…..ဂလု
`အရှေ့အရပ်၌ရှိသော အနန္တစကြာဝဠာ…..အနန္တသတ္တ၀ါတို့…..´။

ဝေါဟာရဈေးကွက် ပွဲတစ်ဝက်က ၀င်နွှဲမယ်
ဂလု အဲ အဲ မဂလုဘူး…
ဒါလေးတော့ မြည်းကြည့်ဦးမှပဲ…
အား ပါး ပါး….စပ်လှသဟ
ထွေးပစ်ရနိုး….
မျိုရနိုး….
အခြေအနေကောင်းရင် လက်တို့ဦး(အုံး)……။

ကိုနော
(၂၇.၃.၂၀၁၀)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP