Thursday, January 20, 2011
အကျိုးတရားက ဘယ်လိုသက်ရောက်ပါစေ အကြောင်းမဟုတ်ပါ- ကြိုးပမ်းအားထုတ်မှုကို မွေ့ လျော်ပါ
အကျွန်ုပ်တို့မှာ အလှိုဆန္ဒများစွာနဲ့ရည်မှန်းချက်များစွာ ရှိကြပါတယ်။ အကျွန်ုပ်တို့ လိုချင်တဲ့အရာကို အမြဲတမ်း အကျွန်ုပ်တို့ မရကြပါ။ အကျွန်ုပ်တို့ထဲမှ အချို့က အကျွန်ုပ်တို့ရရှိတဲ့အရာနဲ့ ပျော်ရွှင်ကြပါတယ်။ ဒါပေမယ့် အချို့သူများကတော့ မကျေနပ်မှုများ- အာသာဆန္ဒမပြည့်မ၀မှုများဖြင့် ဆက်လက်တည်ရှိနေကြပါတယ်။ အချို့သူများက မစွန့်လွှတ်နိုင်ကြသေးပေမယ့် သူတို့ဟာ ကြိုးစားနေကြပါတယ်။ ဘယ်ချဉ်းကပ်မှုက မှန်ကန်တဲ့ ချဉ်းကပ်မှုတစ်ခု ဖြစ်ပါသလဲ?
အကျွန်ုပ်က အခြားချဉ်းကပ်မှုကို အကြံပြုပါ့မယ်။ သင်ဟာ အလိုဆန္ဒတစ်ခု ရှိနိုင်တယ်။ အဲဒါကို ဖြည့်ဆည်းဖို့ သင့်ရဲ့အကောင်းဆုံးကြိုးစားအားထုတ်မှုကို စိုက်ထုတ်ပါ။ အချိန်ပေးပါ။ ရင်းနှီးမြှုပ်နှံပါ။ ဒါပေမယ့် အဲဒီဖြစ်ပေါ်လာမဲ့ အကျိုးတရားထက် ပိုမိုကောင်းမွန်တဲ့ လုံးလ၀ီရိယဖြင့် သင့်ကို အမှန်တကယ်ပျော်ရွှင်အောင် ပြုလုပ်ပါ။
ညည်းညည်းညူညူ မကျေနပ်စွာ ကြိုးပမ်းအားထုတ်မှုကို ပြုလုပ်ပြီး အလိုဆန္ဒများ ရရှိတဲ့အခါမှသာ ပျော်ရွှင်တဲ့သူများ ရှိပါတယ်။ သူတို့မှာပြင်းပြတဲ့စွမ်းပကားမရှိ ဒါမှမဟုတ် စိတ်အားတက်ကြွထက်သန်မှုက အကျိုးအမြတ် ရလဒ်မှာ ပျော်ရွှင်ဖို့ ကျန်ရစ်နေတဲ့ ချန်ထားရစ်တဲ့ - ဤသို့သော အတိုင်းအတာတစ်ခုအတွက် ကြိုးစားအားထုတ်မှုကို ပြုလုပ်ခြင်းဖြင့် သူတို့ကိုယ်ကိုယ်သူတို့ ပင်ပန်းနွမ်းနယ်စေတဲ့သူများရှိပါတယ်။ အကျွန်ုပ်ရဲ့ နည်းလမ်းကတော့ - ဘယ်လိုအကျိုးတရားပဲ သက်ရောက်သက်ရောက် အကြောင်းမဟုတ်ပါ- ကြိုးပမ်းအားထုတ်မှုကို မွေ့ လျော်ပါ- ဆိုတာပဲ ဖြစ်ပါတယ်။
အကျွန်ုပ်ရဲ့ ချဉ်းကပ်မှုဟာ သွားရမည့်ရည်မှန်းချက် နေရာဆီသို့ ချီတက်သည့်ခရီးကို တက်ရောက်ဖို့ ပါဝင်ဆင်နွှဲဖို့ ဖြစ်ပါတယ်။ ရည်မှန်းချက်ပန်းတိုင်သို့ရောက်ယင် အကျွန်ုပ်တို့ ပျော်ရွှင်ပါတယ်။ ရည်မှန်းချက် ပန်းတိုင်သို့ မရောက်ယင်တောင် ဘယ်သူဖြစ်ဖြစ် ပြိုင်ပွဲကို ၀င်ပြိုင်ရခြင်းမှာ ရင်ဖိုရခြင်း ပီတီဖြစ်ရခြင်းရဲ့ ခံစားမှုကို ယူငင်နိုင်ပါတယ်။ ကြည်နူးဖွယ်ကောင်းတဲ့ ပင်ပန်းနွမ်းလျမှုက ခန္ဓာကိုယ်တစ်လျှောက်လုံး ခံစားသိမြင်စေပါတယ်။ အကျွန်ုပ်ရဲ့ပျော်ရွှင်မှုများဟာ ပန်းတိုင်တစ်ခုသို့ ရောက်ရှိခြင်းမှ ဆင်းသက်လာတာ မဟုတ်ပါ။ ဒါပေမယ့် အကျွန်ုပ်ဟာ အဲဒါကို အကျွန်ုပ်ရဲ့ကြိုးစားမှုရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ဆင်နွှဲခဲ့တဲ့ အပတ်တကုတ် ရုန်းကန်လှုပ်ရှားမှုမှ ဆင်းသက်လာတာ ဖြစ်ပါတယ်။
ယခု အကျွန်ုပ်ဟာ သင့်ကိုပြောဆိုခြင်းဖြင့် တိုက်တွန်းပါတယ်။ အကျွန်ုပ်ဟာ အကျွန်ုပ်ရဲ့ သင်ကြားမှုကို နိဂုံး ချုပ်ပြီးဆုံးတဲ့အခါ - သင်က အကျွန်ုပ်ကို တဖြောင်းဖြောင်းမြည်တဲ့သြဘာကို ပေးမှသာလျင် အကျွန်ုပ်ဟာ ပျော်ရွှင်မှုကို ခံစားရလိမ့်မယ်လို့ ဆိုကြပါစို့။ ဒါက အကျွန်ုပ်ဟာ အကျွန်ုပ်ရဲ့သင်ကြားမှုမှာ ပြည့်ပြည့်၀၀ ပျော်ရွှင်နေတာမဟုတ်ဘူးလို့ ဆိုလိုပါတယ်။ တကယ်တမ်းအတိအကျဆိုရရင်တော့ အကျွန်ုပ်ရဲ့စိတ်ဟာ သီးသန့် တစ်စုံတစ်ရာဖြစ်တဲ့ပန်းတိုင်တစ်ခုကို ပိုင်းဖြတ်ထားတယ်လို့ ဆိုလိုပါတယ်။ တကယ့်ဒီနှီးနွှယ်ဆက်စပ်မှုက အကျွန်ုပ်ရဲ့ သင်ကြားမှုနဲ့ပတ်သက်လို့ အကျွန်ုပ်ရဲ့အကောင်းဆုံးကို ပေးခြင်းမှ အကျွန်ုပ်ကို တားမြစ်နိုင်ပါတယ်။ ပြီးတော့ ဒါဟာ ပန်းတိုင်သို့ အကျွန်ုပ်ရဲ့ရောက်ရှိမှုအတွက် အဟန့်အတားတစ်ခုလို ပြုမူပါတယ်။
ဘောလုံးကို ကစားခြင်းဟာ ပျော်ရွှင်မှုရဲ့အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ အောင်နိုင်ခြင်းကတော့ အခြားအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ပြဿနာက အောင်မြင်မှုဖြင့် ပျော်ရွှင်မှုကို အကျွန်ုပ်တို့ဟာ တစ်ခုတည်းလက်ခံ တန်းတူသဘောထားတာ ဖြစ်ပါတယ်။
ရိုးရာယဉ်ကျေးမှုနဲ့ဆိုင်တဲ့အတီးအမှုတ်များကို သူတို့ရဲ့ဖျော်ဖြေရေးတင်ဆက်မှုပွဲမှာ ဆွဲဆောင်ထားပါတယ်။ ကာကွယ်ပေးထားပါတယ်။ အားလုံးမှာ တကယ့်လက်တွေ့ကျတဲ့ရည်ရွယ်ချက်ကတော့ သူတို့ဟာ ပရိသတ်ကို သတိမထားမိပါ။ အထွတ်အထိပ်ဖြစ်တဲ့အခိုက်မှာ အဆင့်မှာ လက်ခုပ်သြဘာသံများကို သတိမထားမိပါ။ ဒါပေမယ့် အဆုံးမှာ စီစဉ်သူ စည်းရုံးရေးမှုးများထံမှ လက်ခံရရှိလိမ့်မှာဖြစ်တဲ့ ငွေကြေးပဲ ဖြစ်ပါတယ်။
သူတို့ပျော်ရွှင်စေတဲ့အရာဟာ သက်ဝင်လှုပ်ရှားနေတဲ့ သူတို့ရဲ့ ဖန်တီးမှုကို သယ်ဆောင်ရာမှာ သူတို့ရဲ့ ပါဝင်ပတ်သက်မှုများ ဖြစ်ပါတယ်။ သြဘာပေးခြင်းရဲ့အသွင်အပြင်မှာ- ငွေရခြင်းရဲ့ပုံစံမှာ နောက်ဆုံးအကျိုးဆက် ရလဒ်မဟုတ်ပါ။ ဒါ့ကြောင့် လုပ်ငန်းစဉ်ကို ပျော်ရွှင်ပါ။ ရွေ့လျားနိုင်စွမ်းပမာဏကို ပျော်ရွှင်ပါ။ ကြိုးပမ်းအားထုတ်မှုကို ပျော်မွေ့ ပါ။
သင့်ဟာ ချောချောမောမောဖြစ်အောင် အလုပ်လုပ်နေတယ်ဆိုတာ- ကြိုးစားပမ်းစားလုပ်ယုံမျှမဟုတ်ဘူးဆိုတာကို သေချာအောင်ပြုလုပ်ပါ။ ရေချိုးကန်မှာ ငါးမဖမ်းပါနဲ့။ ပြေးလွှားစီးဆင်းနေတဲ့စမ်းချောင်းမှာ ဆပ်ပြာမြှုပ်ကို အမြှုပ်ထများပြားလာဖို့ မကြိုးစားပါနဲ့။ အဲဒီအစား စမ်းချောင်းမှာ ငါးဖမ်းပါ။ ရေးချိုးကန်မှာ ဆပ်ပြာမြှုပ်ကို အမြှုပ်ထအောင် ပြုလုပ်ပါ။
သင်ရဲ့ပန်းတိုင်ကို ချင့်တွက်ပါ။ ပန်းတိုင်များသို့ရောက်ရှိရာမှာ ရင်းနှီးမြှုပ်နှံရတဲ့ လုံးလကြိုးပမ်းအားထုတ်မှုရဲ့ အရေအတွက်နဲ့အရည်အသွေးကို အကြမ်းဖျင်းခန့်မှန်းပါ။ ရင်းနှီးမြှုပ်နှံမှုမှ ပြန်လာမယ့်အရာ အတိုင်းအတာပမာဏကို ဂရုတစိုက် တွက်ချက်ပါ။ အဲဒီနောက် အချိုးအစားက သင်ကျေနပ်ဖွယ်ရာအဖြစ် လက်ခံယုံကြည်လျင် သင့်ရဲ့ပန်းတိုင်ဆီသို့ ဆက်သွားပါ။ သင့်ရဲ့ပန်းတိုင်များဆီသို့ ရည်မှန်းချက်အောင်မြင်အောင် ကြိုးစားပါ။ ဒါဟာ ချောချောမောမောဖြစ်အောင် အလုပ်လုပ်တာ ဖြစ်ပါတယ်။ အသိညဏ်နှင့်ယှဉ်တဲ့ ကြိုးပမ်းအားထုတ်မှု ဖြစ်ပါတယ်။
ကျရှုံးခြင်းဟာ ဘ၀ရဲ့ ဖြစ်ရပ်မှန် ဖြစ်ပါတယ်။ ဥပမာ အားကစားမှာလို အများနှင့်ယှဉ်ပြိုင်ရတဲ့ အခြေအနေများမှာ တစ်ဖက်ဖက်က ရှုံးကိုရှုံးရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အောင်မြင်မှုမှာ ပျော်ရွှင်မြူးထူးတာထက် ဒါမှမဟုတ် ကျရှုံးမှုမှာ ငေးငိုင်မှိုင်တွေနေတာထက် သင့်တော်ကောင်းမွန်တဲ့ ကြိုးပမ်းအားထုတ်မှုမှာ ဘာ့ကြောင့် မပျော်ရွှင်နိုင်ရတာလဲ?
ဆုံးရှုံးသွားတာကို တနုံ့နုံ့စဉ်းစားနေတာထက်- ကောင်းမွန်သင့်တော်တဲ့အောင်မြင်မှုမှာ ပါဝင်ဆင်နွှဲဖို့အတွက် - အဲဒါဟာ စိတ်ပိုင်းဆိုင်ရာနည်းနာများက အကောင်းဆုံးဖြစ်တယ်လို့ အကျွန်ုပ်ထင်ပါတယ်။ အများနဲ့ယှဉ်ပြိုင်ရတဲ့ ကြိုးပမ်းအားထုတ်မှုကို ဘယ်သူ့ကိုဖြစ်ဖြစ် နောက်ထပ်ဆက်လက်ဆန္ဒပြုချင်တာကတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မဟာဗျူဟာအတွက် ဖြစ်ပါတယ်။
ကျရှုံးမှုတိုင်းမှာ စိတ်ပိုင်းဆိုင်ရာ သင်ခန်းစာတစ်ခုလည်း ရှိပါတယ်။ ကျရှုံးမှုတိုင်းဟာ သူတို့ရဲ့သဘောသဘာဝဖြစ်တဲ့ လူသားရဲ့အားနည်းချက်များအတွက် လူများကို သတိပေးဖို့ မဖြစ်မနေမရှိမဖြစ် လိုအပ်ပါတယ်။ အောင်မြင်မှုရဲ ပြတ်သွားခြင်းမရှိတဲ့ ကြိုးတစ်ချောင်းဟာ ပလွှားမှု မာန်မာနကို ဖန်တီးနိုင်ပါတယ်။ ပြီးတော့ မြင့်မြင့်မားမား အောင်မြင့်သူများမှာ မိမိကိုယ်ကိုယ်မိမိနဲ့ပတ်သက်တဲ့ မကျော်လွှားနိုင်တဲ့ စိတ်ခံစားမှုတစ်ခုကို ဖန်တီးနိုင်ပါသေးတယ်။
အချို့နပန်းလက်ဝှေ့စတဲ့အားကစားစတားတွေ ပြောဆိုတဲ့ “ငါဟာ အထူးချွန်ဆုံးသူ” ဆိုတဲ့ ကြွားလုံး လေလုံး ထွားမှုတွေကို သတိရပါ။ တွေ့ နေကျ ပြောနေကျ ဆိုရိုးကို သွားရောက်တဲ့အခါ ဤသို့သောမာန်မာနများက ကြီးမားတဲ့ကျရှုံးခြင်းတစ်ခုရဲ့ ရှေ့ဦးအလျင် ကျရောက်နေပါတယ်။
ဘုရားသခင်အတွက် ကျေးကျွန်အဖြစ် ခံယူခြင်းဟာ ယုံကြည်ကိုးကွယ်မှုနဲ့ပတ်သက်တဲ့ အပြုအမူတစ်ခုပဲ ဖြစ်ပါတယ်။ ပြီးတော့ ကျေးကျွန်အဖြစ် ခံယူခြင်းဟာ လူသားများရဲ့စိတ်နှလုံးသားမှာသာလျင် ဖြစ်ပျက်ပါတယ်။
HOPE မျော်လင့်ချက်ဆိုတာဘာလဲ
မျှော်လင့်ချက်နဲ့ လမ်းလျှောက်နေတာဖြစ်ရမယ်မေတ္တာဖြင့်...သစ္စာရောင်ခြည်
(၂၀-၁-၂၀၁၁)
အခက်အခဲများကို အောင်မြင်ကျော်လွှားနည်း (၄)
ဝိပဿနာဉာဏ်ပါမှ ဉာဏသမ္ပယုတ် ကုသိုလ်ဖြစ်သလော၊ ကံ ကံ၏အကျိုးလောက်ကို သိရှိရုံနဲ့ ဉာဏသမ္ပယုတ်ကုသိုလ် ဖြစ်ကရောလား။
မဲပေးခွင့်
Photo: google search
လူတော်နှင့် လူကောင်း
20 January 2011
မြတ်စွာဘုရားရှင်လက်ထက်က ဧကူဒါနလို့ အမည်ရတဲ့ မထေရ်တစ်ပါး ရှိခဲ့ဖူးပါတယ်။ ဧကူဒါနကို ပုဒ်ခွဲရင် ဧက-ဥဒါနပါ။ အဓိပ္ပါယ်ကတော့ ဥဒါန်းဂါထာ တစ်ပုဒ်ပဲရပြီး အဲဒီဂါထာတစ်ပုဒ်ကိုပဲ အမြဲရွတ်ဆိုလေ့ရှိသူလို့ အဓိပ္ပါယ်ရပါတယ်။
ဒါပေမယ့် ဧကူဒါနမထေရ်ဟာ ဂါထာတစ်ပုဒ်ပဲ ရပေမယ့် အဲဒီဂါထာတစ်ပုဒ်က ပြောတဲ့အတိုင်း လိုက်နာကျင့်ကြံတဲ့သူပါ။ နည်းနည်းသိပေမယ့် သိသလောက်လေးကိုပဲ အတိအကျ လိုက်နာကျင့်သုံးသူပါ။ အဲဒီလိုအသိနဲ့အကျင့် ထပ်တူကျသွား လို့လည်း မကြာခင်ကာလမှာပဲ ရဟန္တာမထေရ် တစ်ပါး ဖြစ်သွားခဲ့ရပါတယ်။
ဧကူဒါနမထေရ်ဟာ တောထဲမှာတစ်ပါးထဲပဲနေပြီး သူရတဲ့ဂါထာလေးတစ်ပုဒ်ကိုပဲ ဥပုသ်နေ့ ရောက်လာပြီဆိုရင် ရွတ်ဆိုဟောပြောလေ့ရှိပါတယ်။ ဧကူဒါနမထေရ်က ဂါထာလေးကို မရွတ်ခင် တောထဲမှာနေကြတဲ့ နတ်အားလုံးကိုလည်း တရားနာဖို့ အမြဲဖိတ်ခေါ်လေ့ရှိပါတယ်။ ဧကူဒါနမထေရ် ဂါထာလေး ရွတ်ပြီးလို့ ဆုံးတာနဲ့ တောထဲမှာနေကြတဲ့ နတ်အားလုံးက ၀ိုင်းပြီး သာဓုခေါ်ကြပါတယ်။ နတ်တွေရဲ့သာဓုခေါ်သံဟာ တစ်တောလုံး ဟိန်းထွက်သွားလေ့ရှိပါတယ်။
ဒီအစီအစဉ်လေးက ဥပုသ်နေ့တိုင်း ပြုမူနေကျ အစီအစဉ်လေးပါ။ ဧကူဒါနမထေရ် အမြဲရွတ်လေ့ရှိတဲ့ ဂါထာလေးကိုလည်း ဗဟုသုတ အဖြစ်မှတ်ထား လိုက်ပါဦး။
အဓိစေတသော အပ္ပမဇ္ဇတော၊
မုနိနော မောနပထေသုသိက္ခတော။
သောကော နဘ၀န္တိ တာဒိနော၊
ဥပသန္တဿ သဒါ သတီမတော၊
ဒီလိုနဲ့ တစ်နေ့မှာတော့ ပိဋကသုံးပုံဆောင်တဲ့ ဆရာတော်နှစ်ပါးဟာ တပည့်အခြံအရံငါးရာစီနဲ့ ဧကူဒါနမထေရ်ရဲ့နေရာ တောထဲကို ရောက်လာ ကြပါတယ်။တိပိဋက ဆရာတော်နှစ်ပါး ကြွလာတော့ ဧကူဒါနမထေရ်က တော်တော်လေး ၀မ်းမြောက်သွားပါတယ်။ နေရာထိုင်ခင်းပေးပြီး ဧကူဒါန မထေရ်က ဘာစလျှောက်သလဲဆိုတော့
” အရှင်ဘုရားတို့ တပည့်တော်ကို တရားဟောပါဦးဘုရား၊ တပည့်တော် တရားနာချင်လို့ပါဘုရား” လို့ လျှောက်ထားလိုက်ပါတယ်။
တိပိဋက ဆရာတော်နှစ်ပါးက ” တရားနာမယ့်သူက အရှင်ဘုရား တစ်ပါးပဲလား” လို့ ပြန်မေးလိုက်ပါတယ်။
ဧကူဒါနမထေရ်ကလည်း ” တပည့်တော် တစ်ပါးတည်း မဟုတ်ပါဘူးဘုရား၊ တောထဲက နတ်တွေလည်း လာနာလေ့ရှိပါတယ်ဘုရား၊ တရားဆုံးရင် သူတို့က သာဓုခေါ်လေ့ရှိပါတယ်ဘုရား” လို့ ပြန်ဖြေလိုက်ပါတယ်။
ဒီလိုနဲ့ တိပိဋက ဆရာတော်နှစ်ပါး တစ်လည့်စီ တရားဟောရာဆိုပါတော့။
တိပိဋကဆရာတော်နှစ်ပါးက ပိဋကသုံးပုံထဲက တကယ့်အနှစ်တွေကို ရွေးပြီး ဟောပြောကြပါတယ်။ ဒါပေမယ့် တရားသာဆုံးသွားတယ်။ ဘယ်နတ်ကမှ သာဓုမခေါ်ပါဘူး။
ဒီတော့ တိပိဋက ဆရာတော်နှစ်ပါးက မေးခွန်းထုတ်ပါတော့တယ်။
” အရှင်ဘုရားပြောတော့ နတ်တွေက သာဓုခေါ်တယ်ဆို၊ အခုဘာသံမှ မကြားရပါလား၊ တပည့်တော်တို့မှာ ဟောလိုက်ရတာ ဖတ်ဖတ်ကိုမောရော”
” တပည့်တော် ဟောရင်တော့ အမြဲသာဓုခေါ်လေ့ရှိပါတယ်ဘုရား”
ဒါဆို အရှင်ဘုရား ဟောပြစမ်းပါဦး
” မှန်ပါ့ဘုရား”
အဓိစေတသော အပ္ပမဇ္ဇတော၊
မုနိနော မောနပထေသုသိက္ခတော။
သောကော နဘ၀န္တိ တာဒိနော၊
ဥပသန္တဿ သဒါ သတီမတော၊
ဧကူဒါနမထေရ်က သူရွတ်ဆိုနေကျ ဂါထာလေးကို ရွတ်လိုက်ပါတယ်။ ဂါထာဆုံးတာနဲ့ နတ်တွေက တစ်တောလုံး ညံသွားအောင် ၀ိုင်းပြီး သာဓုခေါ်ကြပါတယ်။
နတ်တွေရဲ့ သာဓုခေါ်သံကြားတော့ တိပိဋက ဆရာတော်နှစ်ပါးရဲ့ တပည့်တွေက ဘယ်လိုပြောသလဲဆိုတော့ ” နတ်တွေက မျက်နှာလိုက်တာ”တဲ့။
ကိစ္စပြီးလို့သာ ပြန်လာကြရတယ်။ တိပိဋက ဆရာတော်နှစ်ပါးရဲ့ တပည့်တွေက သိပ်ပြီး မကျေနပ်ကြပါဘူး။ ဒါကြောင့် ကျောင်းပြန်ရောက်တဲ့အခါ နတ်တွေ မျက်နှာလိုက်တဲ့အကြောင်းကို မြတ်စွာဘုရားရှင်ကို လျှောက်ပြကြပါတယ်။
မကျေမနပ်စကားဆိုလာတဲ့ တိပိဋကဆရာတော်နှစ်ပါးရဲ့ တပည့်တွေကို မြတ်စွာဘုရားက ဘယ်လိုပြန်ရှင်းပြသလဲဆိုတော့
”ချစ်သားတို့ သင်လည်းသင်ပါရဲ့၊ သိလည်းသိပါရဲ့၊ ဟောလည်း ဟောပါရဲ့၊ ဒါပေမယ့် အဲဒီပုဂ္ဂိုလ်ကို တရားဆောင်တဲ့ပုဂ္ဂိုလ်မခေါ်သေးဘူး၊ သိရုံတင်မကဘူး၊ ကျင့်လည်းကျင့်ပါမှ တရားဆောင်တဲ့ ပုဂ္ဂိုလ်လို့ ခေါ်တယ်” လို့ ဟောပြလိုက်ရပါတယ်။
မြတ်စွာဘုရားရှင်ရဲ့ အဓိကဆိုလိုချက်ကတော့ သိရုံနဲ့တင် မလုံလောက်သေးဘဲ အသိနဲ့အကျင့် တွဲပါနေမှ၊ အသိနဲ့ အကျင့် ဟပ်မိနေမှ လူသာဓုခေါ်၊ နတ်သာဓုခေါ် ဖြစ်တယ်ဆိုတာပါပဲ။
ဘာရယ်တော့မဟုတ်ပါဘူး။ ဒီအတောအတွင်း အသိနဲ့အကျင့် အကြောင်းလေး စဉ်းစားနေမိလို့ ဒီဝတ္တုလေး ထုတ်ပြတာပါ
”ဧကူဒါနမထေရ်က နည်းနည်းပဲသိပေမယ့် သိသလောက်ကို ကျင့်သူပါ၊ ကျင့်ပြီး မြတ်စွာဘုရားမျှော်လင့်တဲ့ ပန်းတိုင်ကိုလည်း ရောက်နေသူပါ။
တိပိဋက ဆရာတော်နှစ်ပါးကတော့ အသိနဲ့ပက်သက်လို့ ပိဋကသုံးပုံတောင် ဆောင်ထားတာဆိုတော့ အထူးပြောနေစရာ မလိုတော့ပါဘူး။ ဒါပေမယ့် အကျင့်ကျတော့ မရှိသေးပါဘူး။ အဲဒီတော့ နတ်တွေက သာဓုမခေါ်တော့ဘူးပေါ့လေ။
လောကမှာ ဘယ်လောက်ပဲသိသိ၊ မိုးပျံအောင်သိ၊ ဒါပေမယ့် အကျင့်ပါ တွဲမပါနိုင်သေးဘူးဆိုရင်တော့ ဘ၀က အဓိပ္ပါယ် မရှိသေးပါဘူး။ အကျင့်ဟာ လူတစ်ယောက်ရဲ့ ဘ၀ကို သိပ်ပြီးပြဠာန်းပါတယ်။
ဒီနေရာမှာ အသိနဲ့အကျင့်ကို အခြေခံပြီး လူတော်နဲ့ လူကောင်းဆိုပြီး ထပ်ခွဲလို့ရပါသေးတယ်။
လူတော်ဆိုတာ ဘာသာရပ်တစ်ခုအပေါ်မှာ ကျွမ်းကျင်တတ်မြောက်တာ၊ ဒါမှမဟုတ် ဘာသာရပ်မျိုးစုံအပေါ်မှာ ကျွမ်းကျင်တတ်မြောက်တာပါ။
လူကောင်းဆိုတာ ကိုယ်ရဲ့ကံသုံးပါးအမူအယာတွေကို အထူးစောင့်စည်းပြီး ကိုယ်တိုင်လည်း အကုသိုလ်မဖြစ်အောင် နေတယ်။ ကိုယ့်ကြောင့်လည်း သူတစ်ပါး အကုသိုလ်မဖြစ်အောင်နေတယ်၊ နောက် ကိုယ်တိုင်လည်း ကုသိုလ်ဖြစ်အောင် နေတယ်။ ကိုယ့်ကြောင့်လည်း သူတစ်ပါး ကုသိုလ်ဖြစ်အောင်နေတယ်။ ဒါမျိုးကတော့ လူကောင်းပေါ့။
ဒီစာရေးဆဲမှာပဲ ဓမ္မဗျူဟာဆရာမ ဒေါ်ခင်လှတင်ရဲ့ ပါရမီကျင့်စဉ် ပို့ချချက်တိတ်ခွေတွေကိုလည်း နားထောင်နေဖြစ်ပါတယ်။ လူတော်နဲ့ လူကောင်း ခွဲတဲ့နေရာမှာ ဆရာမ ပြောပြတာလေးက ပိုရှင်းပါတယ်။ ဆရာမက ” လူတော်ဆိုတာ အသိပညာပိုင်း၊ အတတ်ပညာပိုင်း၊ လူကောင်းဆိုတာက အကျင့်ပညာပိုင်း၊ အသိနဲ့ပြည့်စုံရင် လူတော်၊ အကျင့်နဲ့ ပြည့်စုံရင် လူကောင်း” ပါတဲ့။
တိုက်တိုက်ဆိုင်ဆိုင် ဒီစာရေးနေတုန်း တိတ်ခွေပါ တွဲနားထောင်ဖြစ်တော့ တော်တော်လေးအဆင်ပြေသွားပါတယ်။
လောကမှာ လူတော်နဲ့ လူကောင်း ၊ ဘယ်ဟာပိုလိုအပ်သလဲ မေးလာခဲ့ရင် အထူးဖြေနေစရာ မလိုတော့ပါဘူး။
ဒါပေမယ့် လောကအတွက် အလုပ်လုပ်တဲ့နေရာမှာတော့ လူတော်က သူ့ရဲ့ကျွမ်းကျင်မှုပညာကို အခြေခံပြီး လူကောင်းတစ်လှမ်းစာ လုပ်နိုင်ရင် သူက ငါးလှမ်း၊ ဆယ်လှမ်းစာ ပိုလုပ်နိုင်ပါတယ်။
ထပ်ပြီး” ဒါပေမယ့် ရရင်တော့ ” တော်ပြီး မကောင်းရင်တော့ တော်တော်ကြောက်ဖို့ ကောင်းပါတယ်။ ဥပမာ အထူးကုဆရာဝန်ကြီးတစ်ယောက်၊ သူ့ဘာသာရပ်မှာ သိပ်တော်တယ်။ နိုင်ငံခြားကလည်း ဘွဲ့တွေ အများကြီး ရထားတယ်၊ ဒါပေမယ့် မကောင်းဘူး၊ ဆေးခန်းကို လူနာများများလာဖို့ပဲ မျှော်လင့်နေမယ်၊ ပိုက်ဆံကို ပုံမှန်ထပ် ပိုယူမယ်၊ ငါးမိနစ်ကြည့်ရမှာကို နှစ်မိနစ်ပဲကြည့်မယ်။ ဆေးကုမ္ပဏီကြီးတွေနဲ့ပေါင်းပြီး ” ဆရာရေ ဒါကျွန်မတို့ စမ်းဖော်ထားတဲ့ဆေး ၊ ဆရာ့လူနာတွေကို စမ်းသပ်ကုကြည့်စမ်းပါ၊ ဒါက ဆရာ့အတွက် မာစီဒီးကား” ဆိုပြီး ပေးလာတဲ့ လာဘ်ကို ယူပြီး လူနာတွေကို ဆေးအစမ်းသပ်ခံပုံစံမျိုး ကျင့်သုံးနေမယ်ဆိုရင်တော့ လောကအတွက် သိပ်အန္တရာယ်ကြီးပါတယ်။
လူတော်ဖြစ်ဖို့ဆိုတာ ကံနဲ့လည်းဆိုင်ပါတယ်။ ပြည့်ပြည့်စုံစုံ ပြောရရင်တော့ ကံ၊ ဥာဏ်၊ ဆန္ဒ၊ လုံ့လ၊ ကျန်းမာ၊ ဆရာ မိဘ အားပေးမှုတွေနဲ့ ပြည့်စုံမှပါ။
ဒီအချိန်ကျမှ ဆရာဝန် အင်ဂျင်နီယာ ထဖြစ်ချင်လို့လည်း မရတော့ပါဘူး။
အတိတ်ကံအရ လူတော်ဖြစ်ခွင့်မရတော့ပေမယ့် လူကောင်းဖြစ်ခွင့်တော့ ရပါသေးတယ်၊ အဲဒါကတော့ လူကောင်းဖြစ်ချင်တဲ့ စိတ်ကလေး ရှိလိုက် ဖို့ပါပဲ။
အဲဒီလူကောင်းဖြစ်ချင်တဲ့ စိတ်ကလေးကိုပဲ အခြေခံပြီး ကိုယ့်ရဲ့ကံသုံးပါးကို အထူးစောင့်စည်းလိုက်ရင် မကြာခင်အချိန် အတွင်းမှာ လူကောင်းဖြစ်လာ ပါလိမ့်မယ်။ လူတစ်ယောက်ရဲ့ဘ၀ကို ကံသုံးပါးက အဓိကပြဠာန်း ထားတာဆိုတော့ ကံသုံးပါးလုံးကို ဂရုစိုက်လိုက်ရင် အားလုံးပြည့်စုံသွားပါတယ်။
ချဲ့ပြောရရင်တော့ ရှင်ရာဟုလာကို ဆုံးမတဲ့အတိုင်းပါပဲ။
အတွေးတစ်ခုတွေးတော့မယ်ဆိုရင် မတွေးခင် စဉ်းစားလိုက်ပါဦး၊ ကိုယ်တွေးမယ့်အတွေးဟာ မိမိကော၊ သူတစ်ပါးကော နှစ်ဦးလုံး ထိခိုက်နိုင်မလာ၊ ထိခိုက်နိုင်တယ်ဆိုရင် မတွေးပါနဲ့တော့။ ဒီလိုပါပဲ စကားတစ်ခွန်း ပြောတော့မယ်ဆိုရင်လည်း မပြောခင် သေချာစဉ်းစားလိုက်ပါဦး၊ ကိုယ်ပြောလိုက် မယ့်စကားဟာ မိမိကော၊ သူတစ်ပါးကော နှစ်ဦးစလုံး ထိခိုက် နိုင်တယ်ဆိုရင်တော့ မပြောပါနဲ့တော့။ အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင်လည်း မလုပ်ခင် စဉ်းစားလိုက်ပါဦး၊ ကိုယ်လုပ်မယ့်အလုပ်ဟာ မိမိကော၊ သူတစ်ပါးကော နှစ်ဦးစလုံး ထိခိုက်နိုင်မလား၊ ထိခိုက်နိုင်တယ်ဆိုရင် မလုပ်နဲ့တော့၊
တကယ်လို့ အမှတ်တမဲ့တွေးမိ၊ ပြောမိ၊ လုပ်မိခဲ့တယ်ဆိုရင်လည်း ကိုယ့်ရဲ့အတွေး၊ အပြော၊ အလုပ်တွေဟာ မိမိ၊ သူတစ်ပါး ထိခိုက်သလား ဆိုတာကို နောင် စောင့်စည်းဖို့ ပြန်ပြန်စဉ်းစားရပါတယ်။
ဒီတွေး၊ ပြော၊ လုပ် ကံသုံးပါးလေးကို မတွေးခင် ၊ မပြောခင်၊ မလုပ်ခင်၊ ကြိုကြိုစဉ်းစားတတ်တဲ့အကျင့်လေးကို စွဲသွားအောင် အကျင့်လေး လုပ်လုပ်သွားဖို့ပါပဲ၊ စွဲသွားရင် နောက်ပိုင်း အထူးကြောင့်ကြစိုက်စရာ မလိုတော့ပါဘူး၊
အဲဒီက တစ်ဆင့်တက်ပြီး သူတစ်ပါး အကျိုးရှိစေမယ့် အတွေးလေးတွေ တွေးသွားမယ်၊ သူတစ်ပါး အကျိုးရှိစေမယ့် အပြောလေးတွေ ပြောသွားမယ်၊ သူတစ်ပါးအကျိုးရှိစေမယ့် အလုပ်ကလေးတွေ လုပ်သွားမယ်ဆိုရင် မကြာခင်အချိန် အတွင်းမှာ လူကောင်းဖြစ်လာမှာပါ၊
တကယ်လို့ ကိုယ်ကတော်ပြီး မကောင်းဖြစ်နေတယ်ဆိုရင်လည်း ( ကိုယ့်စိတ်ကိုယ်ပဲ အသိဆုံးဆိုတော့) ကိုယ့်စိတ်ကလေးကို ကောင်းချင်တဲ့ စိတ်ကလေးဖြစ်အောင် ပြောင်းယူလိုက်ဖို့ပါပဲ။ နဂိုက တော်ပြီးသားဆိုတော့ ကောင်းဖို့ ပြုပြင်တဲ့နေရာမှာ သိပ်ပြီးခက်မယ့် မထင်ပါဘူး၊
လူ့ဘ၀ဆိုတာ ခဏလေးပါ၊ သေတော့လည်း ထားခဲ့ရတာပါပဲ၊ မသေခင်လေးမှာ ကောင်းအောင်နေလိုက်တာပဲ ကောင်းပါတယ်။ အဓိကကတော့ ကောင်းချင်တဲ့စိတ်ကလေး ရှိဖို့ပါပဲလေ၊
ဒီစာရေးလို့ ဆုံးခါနီးမှာပဲ ကိုယ့်ကိုယ်ကိုလည်း သူများမကြားအောင် စိတ်ထဲကနေ အသာလေးပြန်မေးကြည့်မိပါတယ်။
” ရဝေနွယ်ရယ် သူများသာ အသိတွေ အကျင့်တွေ၊ လူတော်တွေ လူကောင်းတွေ ပြောနေတာ ကိုယ်တိုင်ကော အသိနဲ့အကျင့် ထပ်တူကျပြီလား၊ လူကောင်း ဘယ်နှစ်ရာခိုင်နှုန်း ဖြစ်ပြီလဲ၊
”…………………….”
အဖြေက ထွက်မလာပါဘူး၊ အဖြေအစား သက်ပြင်းရှည်ပဲ ထွက်လာပါတယ်။
ဘာပဲပြောပြော လူကောင်းမဖြစ်သေးပေမယ့် လူကောင်းဖြစ်ချင်တဲ့စိတ်ကလေးတော့ ရှိနေတာဆိုတော့ ” လူကောင်းဖြစ်ချင်တဲ့ စိတ်ကလေး ရှိနေတာလေးကကို လူကောင်းဖြစ်ဖို့ အခွင့်အလမ်းတစ်ခုပဲလေ” လို့ ကိုယ့်ကိုယ်ကို ဖြေဆည်ရင်း အတွေးမေးခွန်းကို ခပ်မြန်မြန်ရပ်လိုက်ရပါ တော့တယ်။
ကျမ်းကိုး
၁။ ဓမ္မပဒ အဠကထာ(ဒုတွဲ)
ဧကူဒါနမထေရ်ဝတ္ထု။
၂။ ဓမ္မဗျူဟာဆရာမ ဒေါ်ခင်လှတင်၏ ပါရမီကျင့်စဉ် ပို့ချချက် တိတ်ခွေများ
Future Light မဂ္ဂဇင်း
ဇွန်၊ ၂၀၀၅။
Read more...Dhamma Tour Myanmar, with Jeff Oliver
Below is a message from Vipassana teacher Jeff Oliver, who many of you will know. There are some spaces to join a dhamma tour to Myanmar .. looks like a very nice trip. Please book soon if you intend to join as it all takes a lot of organising. Received information is as follows:
I am pleased to inform you that I will be leading another tour for Turkish friends, this time to Myanmar. The tour is open for anyone to join, the more the merrier. Our tour includes commentary by myself and a Myanmar guide. We are not professionals and are not aligned with any company, it is entirely a private tour, friends traveling with friends.
This is not a 5 star tour, costs have been kept to a minimum without compromising comfort, safety or cleanliness. However, you do travel with us completely at your own risk, we will not be held responsible for any injury or loss to your person or property.
Early mornings will include an optional group yoga and meditation session, guided by myself. Our previous tours in Thailand and Cambodia have been a great success and even called, “The trip of a lifetime!”
Naturally, all tours in Myanmar are of a Buddhist nature. It is inextricably woven into the fabric of their culture and daily life, thats why we are going! I personally was a Buddhist monk in the Burmese tradition for about 8 years and speak the language. I also speak Thai and encourage any Thai friends to join us too.
Please find the basic itinerary below. Don’t worry, there will be lots of time for shopping and doing your own thing too
)
The cost will be 24,000 Baht inclusive of airfare to and from Bangkok (Myanmar Airways), all meals except last night dinner, all domestic flights and transport in Myanmar, some entry fees and 3-4 star accommodation.
The cost excludes, last night dinner, some entry fees, Myanmar Visa (approx. 1000 baht), donations to monasteries etc, guide and driver tips.
I know it is short notice but it is best to book before Jan 19th 2011, thanks!
Anyone wishing to join our Myanmar tour may email to me directly;
Jeff Oliver
udhamma@yahoo.com.au
Six Days and Nights
Myanmar Turkish Friendship Tour
GOOD people in Good places doing GOOD things for GOOD reasons!
February 2011
19 Transfer to airport for Yangon Myanmar / Burma.
Day 1 in Burma
Meet at the airport
Lunch donation at Chanmyay Myaing monastery and talk with Monastery Abbott
Shwe Oo Mim Monastery talk with monastery Abbott
Shwe Baw Kyun Monastery
Chaukhtatgyi Pagoda (Reclining Buddha)
Hotel Yuzana
Dinner and dancing show at Karaweik Palace
20 Day 2 Yangon to ancient city of Bagan (Breakfast, Lunch, Dinner BLD)
Check out at 5 am, breakfast at hotel and transfer to airport for Bagan
Nyaung Oo Market sightseeing
Lunch at restaurant
Sightseeing
Dinner at restaurant
Overnight at Kaytumadi Hotel
21 Day 3 Bagan (BLD)
Breakfast at hotel
Sightseeing in Bagan
Lunch
Sightseeing
Dinner and puppet show at Nanda Restaurant
Overnight at Kaytumadi Hotel
22 Day 4 Bagan to Mandalay (BLD)
Breakfast at the hotel, Check out at 6 am, transfer to airport for Mandalay
Sightseeing in Mandalay
Lunch
Sightseeing in Sagaing Hills covered in monasteries and pagodas
Amarapura Monastery, about 1,000 monks in residence
Sunset at U Bein Bridge
Dinner at restaurant or China town (not included)
Overnight at Treasure Hotel
23 Day 5 Mandalay (BLD)
Breakfast at hotel
To Mingun by boat
Lunch at restaurant
Gold leaf factory visit
Market
Back to hotel and leave for Yangon
Dinner at restaurant in Yangon
Overnight at Yuzana Hotel
24 Day 6 Yangon City tour (BL)
Pre-dawn visit to the beautiful Shwedagon Pagoda, Breakfast at hotel
Walking tour in Bahan Township, visiting monks and nuns hospital and girls orphanage, market, suburban life of Myanmar
Lunch at restaurant
The famous Bogyoke (Scott) Market
Bodataung & Yangon Port
Dinner at China Town (not included)
Evening visit to Shwedagon Pagoda
Overnight at Yuzana Hotel
25 Day 7 Yangon – Bangkok
Breakfast at hotel, transfer to airport for Bangkok
Sayadaw U Jotika – English Talk
WE’RE very happy to announce that Sayadaw U Jotika will give an English only talk for us on Tuesday 1st February at the BIA:
Sayadaw U Jotika
"Buddhism is the Religion of Freedom"
at the BIA
Tuesday 1st February
Previously living in the US Sayadaw is known worldwide, and hugely respected. He has excellent English, and a warm and gentle style of speaking. His talks are continually the most visited/downloaded pages on our Little Bangkok Sangha blog. Be very sure not to miss this all too rare chance. Sayadaw only comes to Thailand once a year….
He will be giving a talk on the 27th at DMG in English with Thai translation, on the same topic. Because the DMG hall was over filled last time (about 800 people went) we have split the English language talk to a different day/venue. If you are not Thai speaking please only come to the English event, so that there is room for all Thai Participants on the 27th.
Dhamma Talk

With Sayadaw U Jotika
Event is free of charge, and no need for advance booking
5:30 – 6:30 Evening Chanting
6:30 – 6:45 break, gather
6:50 – 8:00 Talk on "Buddhism is the Religion of Freedom"
8:00 – 8:30 Questions
8:30 offerings to Sayadaw (who has several charities for the underprivileged in Burma)
If you cannot make the evening chanting at 5:30 you’re welcome to come for 6:30. Talk will start promptly as outlined though.
Sayadaw U Jotika: Born into a non-Buddhist family in Moulmein, Myanmar (Burma) on August 5, 1947. His parents were U Sattar and Daw Tin. He received his basic education at a Roman Catholic missionary school. During his younger days, he didn’t believe in any organized religion although he studied and exposed himself to many different religions, as well as western philosophy and psychology.

He graduated as an Electrical Engineer in 1973 from Rangoon Institute of Technology. He became very interested in Buddhist meditation. He discovered that life was unsatisfactory and majority of the people devoted their precious time mainly in gathering wealth, enjoying sensual pleasures, fame, power and position.
Thus, he decided to leave behind his family and became a "Samenera" (Novice) at the age of 26. He was ordained as a "Samgha" in 1974 at Taung Pu Lu Tawya, Meiktila with Ven. Taung Pu Lu Sayadaw as his preceptor. He practiced meditation under the guidance of the late Ven. Taung Pu Lu Sayadaw for (3) years. He continued to practice meditation with Htantabin Tawya Sayadaw for (15) years.
Ven. Jotika visited Melbourne in 1977 and again in 1998. He was in the United States in 1983-84 for about (16) months, conducting Dhamma talks in Santa Cruz, New York, Boston and Washington. He had visited Singapore several times on Dhamma Duta missions as well.
He has established a monastery in a rural environment overlooking a great lake near Pago, (50) miles north of Yangon. His Dhamma talks and books are in great demand in Myanmar as well as with overseas Burmese. He has published about (13) titles so far. One of his popular Dhamma book in English can be downloaded here : "Snow in the Summer"
Click here for previous posts on Sayadaw
Sayadaw U Jotika; download MP3 "Praise and Blame":
Sayadaw U Jotika; download MP3 "I have no home"
Location
This event is at the brand new Buddhadasa Indapanno Archives in Suan Rot Fai, near Mor Chit BTS station.
This is the branch of Suan Mokh where the famous Buddhadasa Bhikkhu lived and taught for many years, and which is still a majour item on the spiritual tourism of Thailand agenda.
The place is beautiful, and vast. Overlooking the parklands near Mor Chit BTS, the complex includes a library, book shop, huge verandah overhanging the lake, and lots of art and sculpture. In following years this place will definitely become the most vital centre of Buddhism in Bangkok. Expect a lot of great events to happen here.
Directions:
Go to Mor Chit BTS Station and walk through the park for about 20 minutes. Motorcycles are an option – but come on, you could do with the exercise, and it is a lovely park! You can also take a taxi from the BTS for about 45 baht. MRT users can go to Chatuchak Station or Pahonyothin station exit 3 (which is a slightly closer, but less pleasant walk)
click the map to enlarge
သတိပဋ္ဌာန်လမင်း
ရှင်တော်ဗုဒ္ဓ၊ သာသနာ့ဝေဟင်၊
သတိပဌာန်လမင်း၊ ထိန်လင်းကြည်လင်၊
ရောင်ခြည်အေးမြ၊ ဖြာကျနေစဉ်၊
နိုးသူများ၊ ရှုပွား အပူစင်။
ကာမဂုဏ်မှောင်တိုက်၊ အိပ်ငိုက်သူတွေ၊
လင်ရေး မယားရေး၊ ရှုပ်ထွေးလိမ်ပွေ၊
သားရေး သမီးရေး၊ ပူဆွေးဗျာပွေ၊
လရောင်နှင့်၊ တွေ့ခွင့်မကြုံပေ၊
အပူမီး၊ ထိန်ညီးတောက်လောင်နေ။
(ချမ်းမြေ့ဆရာတော်) Read more...
“ခွင့်လွှတ်ပါ ခွာညို”
ခွာညိုရဲ့ အလှတွေကို
တင်စားချင်တာပါ ခွာညိုရယ်…………။
ရေးစပ်/ဖွဲ့လို မမီနိုင်ကြဘူး မဟုတ်လား။
တင်စားလိုက်ရတာကို
ကိုနေလွင်+မစုမြတ်ခိုင် တို့၏ သမီးလေး မယွန်းမြတ်နေလွင်(ဂျပန်)၏ ၁ နှစ်ပြည့်မွေးနေ့အလှူ။(၁၉.၁.၂၀၁၁)
ဒီနေ့ ၁၉.၁.၂၀၁၁ (ဗုဒ္ဓဟူးနေ့)သည် ကိုနေလွင်+မစုမြတ်ခိုင် တို့၏ သမီးလေး မယွန်းမြတ်နေလွင်(ဂျပန်)၏ (၁)နှစ်ပြည့်မွေးနေ့အလှူရက် ဖြစ်ပါတယ်ရှင်။
သမီးလေး ယွန်းမြတ်နေလွင်ရဲ့မွေးနေ့မှာ..
သံဃာတော်များအား...
အရုဏ်ဆွမ်း +နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ၊
သီလရှင်အပါး(၁၀၀)တို့အား
အရုဏ်ဆွမ်း လောင်းလှူခဲ့ပါသည်။
အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ...
အမှိုက်ထဲမှရွှေ
ကိုရင်လေး
သစ်ပင်
ဟိုတုန်းကဆိုရင် တပည့်တော်က ဒီနားတဝိုက်မှာ အလွန့်ကို ပေါ်ပြူလာဖြစ်ပြီး သစ်ပင်မယ်လေတွေရဲ့ ကြားထဲမှာ အထူးစိတ်ဝင်စားခြင်းခံရတဲ့ သစ်ပင်ကောင်းကြီးတစ်ပင် ဖြစ်ခဲ့သလို လူ နဲ့ သတ္တဝါတွေ အတွက်လည်း တပည့်တော်ရဲ့ အရိပ်အောက်ကို ခိုနားပြီး အေးအေးချမ်းချမ်း နေကြရလို့ သူတို့တွေ ရဲ့ကြားမှာ လည်း နာမည်သတင်းကြီးမားခဲ့ရသူပါ။ အထူးသဖြင့် ကြီးမားတုတ်ခိုင်ပြီး တောင့်တင်းခိုင်းမာတဲ့ အကိုင်းအခတ်တွေ။ အမြဲတန်း စိမ်းစိုလှပနေတဲ့ အစိမ်းရောင် သစ်ရွက်တွေ။ ကြီးမားတဲ့ ပင်စည်နဲ့ ချိုမြိန်ပြီး အရသာရှိလှသော အသီးအပွင့် တွေကို ဝေဝေဆာဆာ ပိုင်ဆိုင်ရတဲ့ သစ်ပင်ကောင်းကြီးတစ်ပင်ဖြစ်လို့ သူတို့အားလုံးရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရတာပါ။ အဲဒီလို ဂုဏ်များများ ပိုင်ဆိုင်ရလို့လည်း တပည့်တော် ယခုလို ဘဝကို ရောက်လာခဲ့ရတာပါဘုရား။
ပြောပြချင်တာလေးတစ်ခုကတော့ လူတွေ တွေ့ရင်လည်း ပြောပေးပါ တိရစ္ဆာန်တွေ့ တွေ့ရင်လည်း တားဆီးပေးပါ နောက်နောင် တပည့်တော်လို့ သစ်ပင်ကောင်းများ တွေ့ခဲ့ရင် တပည့်တော်လို ဘဝမျိုးမရောက်အောင်ပါဘုရား၊ ခြေများစွာရှိတဲ့ သတ္တ၀ါတွေ ခြေရှစ်ချောင်း ခြေလေးချောင်း ခြေနှစ်ချောင်း အစရှိတဲ့ သတ္တ၀ါတွေ နဲ့ ခြေမရှိ မြွေစသော သတ္တ၀ါတွေ အားလုံးတို့ဟာ တပည့်တော်ရဲ့ အရိပ်ကိုလည်း ခိုလှုံကြပါတယ်။ တပည့်တော်၏ အသီးအရွက်ကိုလည်း စားသုံးကြပါတယ်။ အသီးအရွက်တွေတင်မကပါဘူး အကိုင်းအခတ်ကလေးတွေကိုလည်း တစ်ခါတစ်လေ နင်းခြေဆော့ကစားခဲ့ကြပါတယ်။ ငှက်စတဲ့ သတ္တဝါတွေနဲ့ ရှဉ့် စသော အကောင်းတွေကလည်း သူတို့၏ အိမ်သဖွယ်အသိုက် အအုံတွေ ဆောက်လုပ်ကာ တပည့်တော်ရဲ့အပေါ်မှာ အပူအပင် ကင်းကင်းနဲ့ နေထိုင်ခဲ့ကြပါတယ်။ ငါ့ကို အမှီပြုပြီးတော့ အားလုံးသော သတ္တ၀ါတွေ ကျန်းမာ ချမ်းသာကြတယ် ဆိုပြီး တပည့်တော်လည်း အလွန်ကို သဘောကျခဲ့ပါတယ်။ နောက်ပိုင်း တပည့်တော်အပေါ် မစင်စွန့်ခြင်း အပေါ့သွားခြင်း စတာတွေကိုပါ ပြုလုပ်လာခဲ့ကြပါတယ်။ တပည့်တော် သူတို့အားလုံးကို အဲဒီကိစ္စတွေနဲ့ ပတ်သတ်ပြီး လုံးဝ အပြစ်မယူခဲ့သလို အပြစ်မပြောခဲ့ပါဘုရား။ ဆောင်းတွင်းပိုင်းမှာ သူတို့တွေကို ချမ်းအေးကြမှာပဲ ဆိုပြီး တပည့်တော် ရဲ့ အရွက်ခတ်တွေနဲ့ အအေးဒဏ်ကနေ ကာကွယ်ပေးခဲ့ပါတယ်။ နွေရာသီပိုင်းရောက်တော့လည်း အေးချမ်းမှုကိုရရှိအောင် ဆိုပြီး သစ်ရွက်ဟောင်းတွေ ကြွေကျနေတဲ့ ကြားထဲကနေ ခဲခဲရင်းရင်း သူတို့အတွက် အရွက်အခတ်တွေကို ပေါများအောင်ဆောင်ရွက်ပေးခဲ့ပါတယ်။ မိုးတွင်းပိုင်းရောက် ပြန်တော့လည်း တပည့်တော်လေ သူတို့ကို မိုးဒဏ်လေဒဏ်မှ အသည်းအသန် ကာကွယ်ပေးခဲ့ပြန်ပါတယ်။ သစ်တောက်ငှက် စတဲ့ ငှက်တွေကလည်း တပည့်တော် ၏ ကိုယ်ပေါ်ကို လာနား အရိပ်ကိုခို အမောဖြေပြီးတော့ သူတို့ရဲ့ချွန်ထက်လှတဲ့ နှုတ်သီးတွေနဲ့ တပည့်တော် အသားဆိုင်ထဲကို မညာမတာ ထိုးဆွ ပြီး သူတို့ရဲ့ အစာအဟာရအတွက် ရှာဖွေစားသောက် ကြပါတယ်။ တပည့်တော်လေ အလွန်ကို နာကျဉ်သောလည်း သူတို့တတွေ ရှာဖွေစားသောက်နေတာ ဝဝလင်းလင်းစားသောက်နိုင်ပါစေ ဆိုပြီး အပြုံးမပျက်ခဲ့ပါဘုရား။
နောက်ပိုင်း သစ်ပင်ပေါ်မှာ နေထိုင်ခွင့်ပြုထားတဲ့ သတ္တ၀ါတွေကလည်း တပည့်တော်ကို ဒုက္ခပေးခဲ့ပါတယ်။ တပည့်တော်ရဲ့ အောက်က နွားအစရှိတဲ့ အကောင်တွေကလည်း တပည့်တော်အရိပ်ကိုလာခိုပြီး တပည့်တော်၏ အရွက်အခက် တွေကို ဆွဲ၍ ဆွဲ၍ ရက်ရက် စက်စက် စားသောက်နေကြပါတယ်။ တကိုယ်လုံးကို နာကျဉ်လွန်းလှ ပါတယ်ဘုရား၊ လူစတဲ့ အသိညဏ်ရှိတဲ့ သတ္တ၀ါတွေကလည်း တပည့်တော် ၏ အရိပ်ကိုနား အသီးကို စားပြီး တပည့်တော်ကိုလေ လုပ်ကြံသတ်ဖျတ်ကြဖို့ ကြိုးစားနေကြတယ်ဘုရား။ အသိညဏ်မရှိတဲ့ သတ္တဝါတွေနဲ့ လူလိုခေါ်ကြတဲ့ အသိညဏ်ရှိတဲ့ သူတွေအားလုံးကို ဘယ်တုန်းကမှ အပြစ်တစ်စုံတရာမလုပ်ခဲ့မိပါဘုရား။ သူတို့အားလုံးသာ တပည့်တော် ကိုမှီပြီး ချမ်းသာနေကြပါတယ်။ တစ်ဖြေးဖြေးနဲ့ တပည့်တော်၏ အပေါ်မှာနေထိုင်နေကြသော သတ္တ၀ါတွေကလည်း အမြဲဆိုလို နှိပ်စက် အရိပ်အောက်က အသိဉာဏ်ရှိတဲ့ သတ္တ၀ါတွေကလည်း မကြာခဏဆိုသလို ဒုက္ခတွေပေး၊ ငါ့အရိပ်ကိုလည်း ခိုသေးတယ် ငါအသီးအပွင့်တွေကိုလည်း မညာမတာနဲ့ ခူးယူစားသုံးပြီး ငါ့ကို သူတို့ဘာကြောင့် ဒီလောက်တောင် ဝိုင်းပြီ ဒုက္ခမျိုးစုံတွေ ပေးနေပါလိမ့် ဆိုပြီး အတွေးနယ်ချဲ့ လိုက်မိတော့ တပည့်တော်၏ တုတ်ခိုင်ပြီးသန်မာတဲ့ လက်တွေကြောင့်ရယ် ပြီးတော့ ကြီးမားတောင့်တင်းလှတဲ့ ပင်စည်ကြောင့် ယခုလို ပျက်စီးရတယ်ဆိုတာကို သိလိုက်ရပါတယ်။
တစ်နေ့ အဲဒီနေ့ကို တပည့်တော် ဘယ်တော့မှ မမေ့ခဲ့ပါဘူးဘုရား၊ မိုးမလင်းခင်ဆူဆူညံညံ အသံတွေကြောင့် ဘာတွေ ဖြစ်တာလည်း ဆိုပြီး အဝေးကိုမျော်ကြည့်လိုက်မိပါတယ်။ လူတစ်စု တပည့်တော်ထံကို တန်းတန်း မှတ်မှတ် လာနေကြတာကို မြင်လိုက်မိပါတယ်။ သူတို့ရဲ့ လက်ထဲမှာလည်း လွှတွေ ဆောက်တွေ တူတွေ ရဲတင်းတွေ ပုဆိန်တွေ ကြိုးတွေ စတာတွေနဲ့ဆိုတော့ တစ်နေရာရာကို သွားကြမှာ ဖြစ်မယ် ဘယ်ကိုသွားကြမလဲမသိဘူးဆိုပြီး စဉ်စားရင် သူတို့တတွေကို ဆက်ကြည့်နေခဲ့မိပါတယ်။ သစ်ပင်အောက်ကိုရောက်လာတော့ ပါလာတဲ့ ပစ္စည်းအားလုံးကို အောက်ကိုချပြီး နားသူကနား အသီးအပွင့်တွေကို စားသုံးသူက စားသုံးနဲ့ ရယ်မောနေကြတာကို မြင်တော့ တပည့်တော် ဝမ်းသာလိုက်တာဖြစ်ခြင်း ဘုရား။ သူတို့ နားလို့ စားလို့လည်း ပြီးရော ခေါင်းဆောင်လုပ်သူတစ်ဦးက လုပ်ငန်းစမယ်ဟေ့ ဆိုတော့ အားလုံးက အောက်မှ ချထားတဲ့ ပစ္စည်းကိုကောက်ယူပြီး တပည့်တော်ကို ဝိုင်းလိုက်ကြပါတယ်။ အဲဒီအချိန်ကြမှပဲ သူတို့တွေ ငါကို သတ်ပစ်ကြတော့မှာပါလား ဆိုပြီး ဝမ်းနည်း ယူကြုံးမရခြင်းများစွားနဲ့ သိလိုက်ရတော့တယ်ဘုရား။ သစ်ပင်ပေါ်မှာ အိပ်ပျော်နေကြတဲ့ သတ္တ၀ါတွေအားလုံးလည်း ကြောက်လန့်တကြား သားငယ်သမီးငယ်တွေကို လက်ဆွဲကာ တပည့်တော်ကို ထားခဲ့ပြီး အားလုံး အဝေးကို ထွက်ပြေးသွားခဲ့ကြပါတယ်။ နောက်ဆုံးတော့ ငါတစ်ဦးသာလျင်ရှိပါရော့လားလို့ တွေး ရင်း စိတ်မကောင်းစွာနဲ့ သူတို့ကို ကြည့်နေမိခဲပါတယ်။
ကြည့်နေရင်း အသံကြားလို့အောက်ကို ငုံ့ကြည့်လိုက်တော့ တပည့်တော် အပေါ်ကိုလေ တစ်ဦးတက်လာပြီး သူ့မှာပါလာတဲ့ ချွန်ထက်နေတဲ့ ရဲတင်းနဲ့ တပည့်တော် ၏ လက်တွေကိုလေ မညာမတာ ရက်ရက်စက်စက် ခုတ်ဖြတ်ခဲ့ပါတယ်ဘုရား။ တပည့်တော်လေ နာကျဉ်မူဝေဒနာကို မျက်စိမှတ်ခံစားနေခဲ့ရပါတယ်။ ဝုန်းဆိုပြီး အသံကြားလို့ နာကျဉ်မူကြားထဲကနေ အောက်ကို ငုံ့ကြည့်လိုက်မိတယ်။ မမြင်ရက်စရာ မကြည့်ရက်စရာပါ ဟိုတုန်းက အားလုံးသောသူတွေက ဒီလက်တွေဟာ လှပလိုက်တာ တောင်းတင်းလိုက်တာ ဒီလက်တွေကြောင့် ငါတို့တွေ အေးအေးချမ်းချမ်းနေနိုင်ကြတယ်ဆိုတဲ့ အများချီးကြူးခံခဲ့ရတဲ့ တပည့်တော်ရဲ့လက်တွေဟာ ယခုတော့ဖြင့် အောက်ကို ရောက်သွားပါရော့လားဆိုပြီး ငိုခဲ့ရပါတယ်။ အချိန်ကြာလာတာနှင့်အမျှ တပည့်တော် တစ်ကိုယ်လုံးမှာလေ တပည့်တော်ကိုယ်တိုင် ဂုဏ်ယူဝင့်ကြွားနေခဲ့တဲ့ အကိုင်းအခတ် အရွက်တွေဟာ ဘာတစ်ခုမှ မရှိတော့ပါဘူးဘုရား။ အောက်ကို ကျသွားတဲ့အကိုင်းတွေမှာ ပါသွားတဲ့ အသီးတွေကို စားသောက်ရင်း ရယ်ရယ်မောမောနဲ့ အားရပါးရ တပည့်တော်ရဲ့ လက်တံတွေအားလုံးကို ခုတ်ထစ်နေလိုက်ကြတာ တပည့်တော် ဘယ်လိုကြည့်နိုင်မလဲ၊ နောက်တော့ တပည့်တော်၏ အောက်ပိုင်း ဘေးပတ်ပတ်လည် ကို ပုဆိန်နှင့် ရစ်၍ရစ်၍ ခုတ်နေကြပြန်ပါတယ်၊ တပည့်တော်ကို နောက်တစ်ပါတ်ဆို ပြန်လာပြီး အပင်ကို အမြစ်ပါပါအောင်တူးမယ်လို့ ပြောဆိုကြပြီး တပည့်တော် ကိုခုတ်ပိုင်းတစ်ယူသွားကြပါတယ်။ တစ်ချို့ဆိုရင် အိမ်ဆောက်တယ်။ ခုန်ဖိနပ်လုပ်တယ်။ အိမ်အသုံးအဆောင်တွေလုပ်ကြပါတယ်ဘုရား။ ဒါပေမယ့် အဲဒီဘ၀ရောက်တဲ့အထိ တပည့်တော် သူတို့အပေါ်ကို အပြစ်မမြင်ခဲ့ပါဘူး။ သူတို့အလိုကျ နေခဲ့ပေးရပါတယ်။ ငါသူတို့အပေါ်ကို ဒီလောက်ကောင်းခဲ့ ရဲ့သားနဲ့ ဘာကြောင့်များ ငါကို အမြစ်ပါမကျန်အသေသတ် ချင်နေရတာလဲ ဆိုပြီး ၀မ်းနည်းခဲ့ရပါတယ်။
မကြာခင် သူတို့ ပြန်လာပြီး တပည့်တော်ကို အရင်းကနေ တူးကြတော့မယ်ဘုရား။ ဒီနေ့က သူတို့ပြောတဲ့ တစ်ပါတ်တင်းတင်း ပြည့်တဲ့နေပါဘုရား။ တပည့်တော် နောက်ဆုံးအချိန်လေးမှာ ယခုလို ပြောပြခွင်ကလေး ရလို့ ၀မ်းသာမိပါတယ်။ တပည့်တော် အသိဉာဏ်ရှိတဲ့သူတွေကို ကြောက်သွားပါပြီ။ လူတွေက တကယ့်ကို ကြောက်စရာအကောင်းဆုံး အန္တရာယ်အရှိဆုံးဆိုတာကို တပည့်တော် ယခု သဘောပေါက်သွားပါပြီ၊ တပည့်တော် တစ်သက် မကောင်းတာကိုမလုပ်ခဲ့ပါ အားလုံးသော သူမြတ် သူယုတ် ဆိုပြီးမရွေး တပည်တော့်၏ အရိပ်မှာ လက်ခံခဲ့သလို အမောတွေကိုလည်း ပြေပျောက်စေခဲ့ပါတယ်။ ဒီအကြောင်းတွေကို အားလုံးသော သူတွေသိအောင် ပြောပြပေးပါဆိုပြီး ၀မ်နည်းစွာနဲ့ စာရေးသူရှေ့မှာ ငိုကြွေးနေပါတယ်။ စာရေးသူလည်း စိတ်မကောင်းခြင်းများစွာနဲ့ သူပြောပြနေတာကို နားထောင်နေမိပါတယ်။ ဒီအချိန်မှာ ပဲတိုက်တိုက်ဆိုင်ဆိုင် လူတစ်စု ကလာပြီး သစ်ပင်ကို ကြိုးတွေနှင့်ချည် အပြီးအပိုင်လှဲအချ မြေပေါ်ကိုမကျခင် အချိန်လေးအတွင်း မှာ သစ်ပင်အိုက မျက်ရည်စတွေနှင့်အတူ စာရေးသူကို တပည့်တော် နောက်ဆုံး နှုတ်ဆက်ခဲ့ပါတယ် ဆိုပြီးပြောနေသယောင် ရိမ်းထိုးနေပြီး ဒီအကြောင်းလေးတွေကို လူအများအား ပြောပြပေးပါ ဆိုပြီး မျက်နှာအလွဲ အမြစ်ကနေ ဘေးကို တစ်ခါတည်း လဲကျသွားပြီး အသက်ဆုံးရှုံးသွားခဲ့ပါတယ်span>သွားရှာပြီ ဆိုပြီး စိတ်မကောင်းစွာနဲ့ ကြည့်နေခဲ့မိတယ်။ အကယ်၍များ ဤ သစ်ပင် အိုသာ ဆက်လက်အသက် ရှင်နေမည် ဆိုပါက ဒီသစ်ပင်ကို အကြောင်းပြုပြီး အားလုံးသော သတ္တ၀ါတွေ အရိပ်ကိုလည်း ခိုနှိင်မယ် အသီးကိုလည်း စားသုံးနှိင်မယ် သတ္တ၀ါတွေလည်း အေးအေး ချမ်းချမ်း နေနိုင်ထိုင်နိုင်မယ် ဆိုတာကိုတွေးလိုက်မိပါတယ်။ နောက်တော့ အရှင်လည်း စိတ်မကောင်းကြီးစွာဖြင့် သစ်ပင်အိုကို တစ်ချက်ကြည့်ပြီး အဆောင်ကို ပြန်လာခဲ့ရင်း တွေးလိုက်မိပါသည်။
အော် လူ ......လူ..........ယခုအဲဒီ သစ်ပင်အိုနေရာမှာ နေပူသက်သာအောင်ဆိုပြီး မလုံတလုံ သစ်ရွက်တဲလေးကို ဆောက်ထားပါတယ်။ သစ်ပင်အိုကို သံယောဇဉ်ရှိတဲ့ သူတွေကတော့ ဒီနေရာလေးကို ရောက်တိုင် သူကို သတိရအောင်းမေ့စကားပြောကြပါတယ်။ အဲဒါကတော့ တကယ်လို့များ သစ်ပင်ကြီးသာ ဆက်လက်ရှိခဲ့မယ်ဆိုရင် ဒီနေရာလေးက သိပ်သာယာဖို့ကောင်းမှာပဲတဲ့........ဒီစာကို ဖတ်ပြီး စာဖတ်သူတို့ သင်္ခန်စာယူ နိုင်ကြပါစေ။။








