Dukkhasacca - ဒုက္ခသစ္စာ
![]() | |
| မှာ ဆိုတာပဲ မှတ်မိပါတော့တယ်။ အတွဲ အမှတ် မမှတ်မိတော့ပါ။ |
ဓမ္မ အနှစ်သာရများ စုဝေးရာနေရာ
![]() | |
| မှာ ဆိုတာပဲ မှတ်မိပါတော့တယ်။ အတွဲ အမှတ် မမှတ်မိတော့ပါ။ |
ဘာရယ်မဟုတ်၊ ကိုဝိမုတ္တိသုခ (www.vimuttisukha.com/) က အထက်ပါ ခေါင်းစဉ်နဲ့ လာတဂ်(TAG) ပါတယ်။ အဲဒါမို့ လုပ်မယ်လို့ ရည်ရွယ်ထားတာလေးတွေကို ကမန်းကတန်း အစီအစဉ်ဆွဲပြီး ခုလို ချရေးဖြစ်ပါတယ်။
၁)
နယ်ပယ်ချိန်းဖို့ ကြိုးစားမည်။
ဒီစိတ်ကူးကို ကျွန်တော် ပိုင်းလော့ဆရာတော်ဘုရားရဲ့ တရားတစ်ပုဒ်နာပြီးမှ ရရှိခဲ့တာပါ။ ကျွန်တော်တို့တွေဟာ များသောအားဖြင့် သားအာရုံ၊ သမီးအာရုံ၊ မိသားစုအာရုံ.. ပြောရရင် ကာမဂုဏ်ငါးပါးမှာ ငြိစွန်းပြီး နေနေကြတယ်။ ဒါဟာ ပုံမှန်အားဖြင့် ကျွန်တော်တို့ ကျက်စားနေကျ မူလအာရုံ၊ မူလနယ်ပယ်..။ ဒီနယ်ပယ်မှာ လူးလွန့်ရင်းမှ တစ်ခုခု ပူစရာကြုံလို့ပဲဖြစ်ဖြစ်၊ အဆင်မပြေတာ ကြုံလို့ပဲဖြစ်ဖြစ်.. လောကဓံ တစ်ခုမဟုတ် တစ်ခု ခပ်ပါးပါးလေး လာရိုက်ခတ်တော့မှ တရားအာရုံဘက်ကို စိတ်ကူးမိတတ်ကြစမြဲပါ။ တရားနယ်ပယ်ဘက်ကို ခြေလှမ်းဖို့ စိတ်ညွတ်မိတတ်ကြစမြဲပါ။ ဒါကို ကျွန်တော် ပြောင်းပြန်လှန်နိုင်အောင် ကြိုးစားကြည့်မယ်။ တရားအာရုံကို မူလနယ်ပယ် သတ်မှတ်ပြီး ဟိုအပူ၊ ဒီအပူ၊ ဟိုအာရုံ၊ ဒီအာရုံတွေကို လိုအပ်မှသာ ခဏတဖြုတ် သွားရောက်ကျက်စားတဲ့ နယ်ပယ်တစ်ခုအဖြစ် သဘောထားလိုက်မယ်။
အဲဒီတရားထဲမှာ ကိုယ့်နယ်ပယ်မှာပဲ ကိုယ် ကျင်လည်ကျက်စားဖို့ ပေးထားတဲ့ ဥပမာက..
ဘီလုံး ငှက်ငယ်လေး တစ်ကောင် ကို သူ့အမေက “သား.. အမေ အစာရှာထွက်တုန်း.. ဒီမြေစာကျင်းထဲမှာပဲနေ.. ဒီမြေစာ ကျင်းထဲကနေ အပြင်လုံးဝ မထွက်နဲ့” လို့ မှာတယ်.. အဲလိုမှာပြီး အမေဖြစ်တဲ့ ငှက်မကြီးက အစာရှာ ထွက်တာပေါ့..။ အဲဒါကို သားဖြစ်သူက နားမထောင်ဘဲ မြေစာကျင်းထဲကနေ အပြင်ကို ထွက်တော့ အစာရှာထွက်တဲ့ စွန် တစ်ကောင်က မြင်ပြီး သုတ်ပါလေရော.. အဲဒီမှာ ကံကောင်းထောက်မစွာ စွန်လက်သည်းကြားထဲ ပါသွားတဲ့ ဘီလုံးငှက်ငယ်က.. “တောက်.. ငါ သတိမထားလိုက်မိလို့ ခုလို အသုတ်ခံရတာ.. နောက်တစ်ခါ ဆိုလို့ကတော့ ဒီလို သုတ်လို့ ဘယ်ရလိမ့်မလဲ” လို့ ကြုံးဝါးတော့.. အဲဒါကို မခံချင်စိတ် ဖြစ်တဲ့ စွန်ကလည်း ဘီလုံးငှက်ကို ခုန မြေစာကျင်းနှုတ်ခမ်းမှာ ပြန်ချပေးတာပြီး နောက်တစ်ကြိမ် သုတ်ဖို့ ကောင်းကင်ပေါ် ပျံဝဲသတဲ့.. ဒီတော့ ဘီလုံးငှက်က တွင်းဝကနေ “ဟေ့ စွန်ရဲကြီး လာလေကွာ.. လာစမ်းပါ” ဆိုပြီး စိန်ခေါ်တာပေါ့.. ဒါနဲ့ စွန်က တစ်ရှိန်ထိုး.. ထိုးသုတ်တဲ့အခါ ဘီလုံးငှက်က တွင်းထဲက လှစ်ခနဲ ၀င်ပြေးလိုက်တော့ စွန်ငှက်ကြီးခမျာ.. တွင်းဝက မြေစာခဲနဲ့ ရင်ဘတ်နဲ့ စောင့်ပြီး သေပွဲ ၀င်ရသတဲ့.။
ဆိုလိုတာက ကိုယ့်နယ်ပယ်မှာကိုယ် သတိနဲ့ နေရင် အန္တရာယ်ကင်းတာကို ပြောပြသွားတာ ပါပဲ။
၂)
တရားဘက်ကို နယ်ပယ်ချိန်းတော့မယ် ဆိုတော့.. ဒီအာရုံဘက်ကို ခပ်များများလေးနဲ့ ရေရှည် လုပ်နိုင်ဖို့က ကြားမှာ သံဝေဂခံဖို့ လိုလာပြီ။ သံဝေဂက သိပ်ရှာစရာတော့ မလိုပါဘူး။ သေခြင်းတရား ကမ္မဋ္ဌာန်းပါတဲ့ အဘိဏှသုတ်က ကျွန်တော့်ရဲ့ လက်တွဲဖော် ဖြစ်သွားမယ်။ ဒီ အဘိဏှသုတ် မြန်မာပြန်ကို ကိုဝိမုတ္တိ ဆိုဒ်မှာ တွေ့ကတည်းက ကျွန်တော် တော်တော်သဘောကျခဲ့တာ။ မသိသေးသူများ သိနိုင်စေဖို့ ထပ်ပြီး ရေးပေးလိုက်ပါ့မယ်။
နေ့ စဉ်ပွားပါ ဤငါးဖြာ
၁။ ငါသည် အိုခြင်းသဘောရှိသည်ဖြစ်၏။ အိုခြင်းသဘောတရားကို မလွန်ဆန်နိုင်။
၂။ ငါသည် နာခြင်းသဘောရှိသည်ဖြစ်၏။ နာခြင်းသဘောတရားကို မလွန်ဆန်နိုင်။
၃။ ငါသည် သေခြင်းသဘောရှိသည်ဖြစ်၏။ သေခြင်းသဘောတရားကို မလွန်ဆန်နိုင်။
၎။ ငါ့အား ခပ်သိမ်းသော နှလုံးကို ပွားစေတတ်သော အဆွေအမျိုး၊ အဆွေခင်ပွန်း၊ ချစ်ကျွမ်းဝင်သူတို့နှင့် အရပ်တစ်ပါးသို့ ပြောင်းသွားသဖြင့် ရှင်ကွဲ ကွဲရခြင်းသည် လည်းကောင်း၊ ဘ၀တစ်ပါးသို့ ပြောင်းသွားသဖြင့် သေကွဲ ကွဲရခြင်းသည် လည်းကောင်း ဖြစ်တတ်ချေ၏။
၅။ ငါသည် ကံသာလျှင် မိမိဥစ္စာရှိသည်၊ ကံသာလျှင် အကြောင်းရင်းရှိသည်၊ ကံသာလျှင် အမွေခံရှိသည်၊ ကံသာလျှင် အဆွေအမျိုးရှိသည်၊ ကံသာလျှင် ကိုးကွယ်လဲလျောင်းရာ ရှိသည် ဖြစ်၏။ ကောင်းသည်လည်းဖြစ်သော၊ မကောင်းသည်လည်းဖြစ်သော အကြင်ကံကို ပြုအံ့။ ထိုပြုသော ကောင်းမှုမကောင်းမှုကံ၏ ကောင်းမွေ ဆိုးမွေခံသည် ဖြစ်ရအံ့။
အဘိဏှသုတ်
———————————————————–
ဒီသုတ်ကို လင်္ကာအတိုလေးနဲ့လည်း ခုလို ကျွန်တော် မှတ်ထားပါသေးတယ်။
အိုခြင်းတစ်ဖြာ၊ နာခြင်းတစ်ထွေ၊ သေခြင်းတစ်ခြား၊ ကွဲပြားတစ်တန်၊ ကံလျှင်ဥစ္စာ၊ ဤငါးဖြာကို၊ မကွာနေ့ည၊ ဉာဏ်သက်ဝင်၍ ဆင်ခြင်ကြ။
သေခြင်းတရား ဆင်ခြင်ပုံနဲ့ ပတ်သတ်လို့လည်း
“ဤကမ္ဘာအတွင်းမှာပင် မသေဖူးသော နေရာဟူ၍မရှိတော့.. မိမိ လမ်းလျှောက်တဲ့ နေရာတိုင်း၊ ခြေလှမ်းတိုင်းဟာ မိမိရဲ့ သင်္ချိုင်းမြေ” ဆိုပြီး ဆင်ခြင်ရမယ်လို့လည်း ကျွန်တော် သေသေချာချာ မှတ်သားမိခဲ့ပါသေးတယ်။
၃)
သေခြင်းတရားကို နှလုံးသွင်းရင်းနဲ့မှ ရံဖန်ရံခါ မေတ္တာပွားတဲ့ဘက်ကိုလည်း ကူးမိမှာပါ။ ကျွန်တော် မှတ်သားဖြစ်ခဲ့တဲ့ သေခြင်းတရားကနေ မေတ္တာကို ကူးယူပုံလေးက..
“တို့အားလုံးဟာ သေဖော်သေဖက်တွေပဲ၊ မသေခင် ခဏ တွေ့ကြရတာ.. ရင်ထဲ အေးကြပါစေ”
ဒါက အသေကို ပွားများရာကနေ မေတ္တာဘက်ကူးဖို့ စိတ်အလှည့်လေးပါ။
၎)
နောက်ပြီး.. တရားအားထုတ်ရတဲ့ ရည်ရွယ်ချက်ကိုလည်း ကျွန်တော် လက်လွတ်ခံမှာ မဟုတ်ပါဘူး။ ဒါဟာလည်း သံဝေဂဉာဏ် ရင့်သန်ဖို့အတွက် တစ်ဖက်တစ်လမ်းကနေ အထောက်အကူ ဖြစ်စေမှာမို့ပါ။
“တရားအားထုတ်ရတဲ့ ရည်ရွယ်ချက်က အို၊ နာ၊ သေ လွတ်ဖို့၊ ဇာတိကုန်ဖို့.. ဇာတိကုန်အောင် အားမထုတ်နိုင်သေးတောင် အပါယ်မကျဖို့”
အထက်တန်း၊ အလယ်တန်း ကျောင်းသားဘ၀က စာမေးပွဲအောင်ဖို့ဆို ဘာသာရပ်တိုင်းကို အောင်မှတ် ၄၀-ရအောင် လုပ်ဖို့က အဓိကပဲ..။ အမှတ်များတာ မများတာ၊ ဂုဏ်ထူးပါတာ မပါတာကတော့ နောက်ကဏ္ဍပေါ့။ ခုလည်း အပါယ်မကျဖို့က အဓိက..။ အပါယ်ကျမှာကိုတော့ သံဝေဂ အပြင်းစားကြီး မဟုတ်သော်လည်း ကျွန်တော် တော်တော်လေး လန့်မိသည်။ အပါယ်ဘုံဘ၀နှင့် ပတ်သတ်ပြီး ဟိုတစ်ခါ နာရတဲ့တရားထဲမှာ
“ချစ်သားတို့ သံသရာ သက်တမ်းက ရှည်ကြာလှပါပြီ။ ဒီသက်တမ်းမှာမှ တိရစ္ဆာန် ဖြစ်ခဲ့ရတဲ့ဘ၀၊ တိရစ္ဆာန်ထဲမှာမှ နွားဘ၀၊ နွားထဲမှာမှ နွားနီချည်းသက်သက် ဖြစ်ခဲ့တဲ့ ဘ၀တွေကို စဉ်းစားကြည့်ရင် အဲဒီ နွားနီ ဘ၀နဲ့ပဲ လည်လှီးအသတ်ခံရလို့ ကျခဲ့ရတဲ့ သွေးဟာ မဟာသမုဒ္ဒရာ ရေထုနဲ့ နှိုင်းယှဉ်ရင် ဘယ်ဟာက များမလဲ..၊ မဟာသမုဒ္ဒရာ ရေထုက နည်းပေလိမ့်မယ် ချစ်သားတို့..” တဲ့..။
အဲဒီတရား ပြန်ပြန်သတိရတိုင်း ကျွန်တော့်လည်ပင်း ကျွန်တော် ပြန်ပြန် စမ်းမိတာက ခဏခဏ..။ ဟိုနေ့ကလည်း ဓာတ်ပုံတွေထဲမှာ လည်လှီးပြီး အသတ်ခံရလို့ သေနေတဲ့ နွားပုံကို မြင်တော့.. အားပါးပါး ငါသာ ဒီလိုဘ၀မျိုး ဖြစ်လို့ကတော့ သွားပြီဆိုပြီး တအား ကြောက်မိသေးတယ်..။ တော်ပြီ.. တော်ပြီ.. တရားအာရုံနဲ့ပဲ ပျော်နိုင်အောင် ကြိုးစားတော့မယ်..။ ထပ်ပြီး လည်လှီး မခံရဲတော့ဘူးဗျာ..။
၅)
ကျွန်တော့်ကိုယ်ကျွန်တော် ပြန်ပြီး အကဲခတ်မိသလောက် စိတ်ကူးယဉ် နည်းနည်းဆန်ပြီး အပြောင်းအလဲ ကြိုက်တတ်တာကို သွားတွေ့တယ်..။ စိတ်ကူးယဉ် ဆန်တယ်ဆိုတာ အတွေးတွေနဲ့ စကားပြောတာလို့ ကျွန်တော်မြင်တယ်။ အဲလို စိတ်ကူးယဉ် ဆန်လို့လည်း အတွေးထဲမှာတင် မအောင့်အီးနိုင်ဘဲ ပွင့်အံထွက်လို့ စာတွေ ရေးဖြစ်ခဲ့တယ်..။ စာရေးတဲ့ အလုပ်ဟာ တရားအာရုံ ယူသူတွေအတွက် မကောင်းဘူးဆိုတာ စာ စရေးဖြစ်ကတည်းက ကျွန်တော် နည်းနည်းရိပ်မိပါတယ်။ ဘာလို့လည်း ဆိုတော့ စာတစ်ပုဒ် စရေးဖို့ စဉ်းစားပြီ ဆိုကတည်းက အတွေးတွေက တောင်စဉ်ရေမရ ပြန့်ထွက်သွားလိုက်တာ.. ဒီစာကို ဘယ်လိုရေးမယ်၊ ခေါင်းစဉ်ကိုတော့ ဘယ်လိုပေးမယ်၊ ဒီပုံပြင်လေးက ဒါလေးနဲ့ကိုက်တယ်၊ အဲ.. ဒီအဆုံးအမကိုတော့ ဒီနေရာလေး ထည့်လိုက်ရင် အဆင်ပြေမယ်.. အစချီလို့ အတွေးတွေက ဘောင်ဘင်ခတ်ကော..။ သမာဓိ ပျက်တယ်လို့ ပြောရမယ်ထင်တယ်..။ 2011 New Year Resolution ခေါင်းစဉ်နှင့် စာရေးဖို့ လာတဂ်တော့လည်း ဒီစာတွေ ရေးဖြစ်ဖို့ ညက အချိန်တော်တော်များ အတွေးတွေ ယောက်ယက်ခတ် သွားတာတော့ ကျွန်တော် ၀န်ခံရပါဦးမည်။
အဲဒီတော့ ကျွန်တော် စာရေးတဲ့ အလုပ်ကိုလည်း ဖြတ်ဖို့ ကြိုးစားပါဦးမယ်.. ဥပါဒါန် အစွဲလေးတွေကြောင့် တုံးတိကြီး မဖြတ်နိုင်သေးတောင် ဖြည်းဖြည်းချင်းတော့ မျှဉ်းပြီး ဖြတ်သွားမှာပါ။ ဒီ စာရေးတာက ကျွန်တော့်အတွက် ၀ါသနာလို့လည်း ပြောလို့ ရသလို စိတ်ထွက်ပေါက် တစ်ခုလည်း ဖြစ်နေသည့်အတွက် ဖြတ်နိုင်ဖို့ကတော့ ၀ီရိယ အားကောင်းသည့် သတိကို ကျွန်တော်အရင် မွေးမြူရပါဦးမည်။
ဒီလို စာရေးတာကို ဖြတ်ဖို့ တွန်းအားပေးတဲ့.. ကျွန်တော် ဖတ်ဖြစ်ခဲ့တဲ့ စာစုလေးက.. ဆရာမြသန်းစံရဲ့ “မမေ့သူတို့ ဓလေ့တူ၍ အတွေ့တူတို့ အတူတွေ့” ဆိုတဲ့ စာအုပ် (စာရေးသူ၏ နိဒါန်းစကား) ထဲက..၊ ဆရာမြသန်းစံ စာပေတွေ ရေးသားသည်ကို သိ၍ ဆရာမြသန်းစံ၏ ဆရာအရှင် ဆုံးမသည့်စကားပါ။ (ကျွန်တော့်အထင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး ဖြစ်ဖို့များပါသည်။)
“ခင်ဗျားမှာ စာပိုးရှိတယ်နော်.. သတိထား၊ ခင်ဗျားတို့ ကျုပ်တို့ မပြောနဲ့.. ရှေးရှေး ဆရာတော်ကြီးတွေတောင် ဒီလိုပဲ စာပိုး အနှိပ်စက် ခံရတာချည်းပဲ.. ကိုယ့်ကို လွတ်လွတ်ကျွတ်ကျွတ် မဖြစ်အောင် အဲဒီ စာပိုးက အနှောင့်ယှက်နိုင်ဆုံးပဲ..။ တစ်ချို့များ ခန္ဓာဝန် ချတော့မယ့် အချိန်အထိ အဲဒီ စာပိုးက အကြွေးတောင်းသလို လိုက်တောင်းနေတော့တာ။ အဲဒါ သတိသာ ထားပေတော့.. ကိုယ်က တောင်ကုန်းပေါ် တက်နေတုန်းမှာ သူများကို ကုန်းပိုးပြီး ခေါ်ချင်နေရင် ကိုယ်လည်း ခရီးမတွင် သူများလည်း ခရီးမရောက်ပေဘူး။ ကိုယ်ကိုယ်တိုင် လွတ်လွတ်ကျွတ်ကျွတ် တောင်ကုန်းပေါ် ရောက်ခဲ့ပြီဆိုရင် အောက်ကို ကြိုးစ ပစ်ချလိုက်ပါဗျာ.. တစ်ယောက်ပြီး တစ်ယောက် ဆွဲတင်ပြီး ခေါ်လို့ ရပါတယ်ဗျ..။ ဘုရားရှင်နဲ့ အဂ္ဂသာဝက၊ မဟာသာဝက မထေရ်ကြီးတွေက ရှေးရှေးတုန်းက ဒီလိုပဲ.. ကိုယ်တိုင် တောင်ကုန်းပေါ် ရောက်ပြီးမှ အောက်ကို ကြိုးစပစ်ချပြီး ဝေနေယျတွေကို ကယ်ခဲ့ကြတာပါဗျ။ ကိုယ့်ကျမှ ပြောင်းပြန် မလုပ်ချင်ပါနဲ့ဗျာ..။”
ဒီအဆုံးအမက ကျွန်တော့်အတွက် အတော် “တာ” သွားသလို.. ကျွန်တော် စာရေးချင်တိုင်း.. သို့တည်းမဟုတ် တရားနှင့် မလျော်တာတွေ လုပ်မိဖို့ စိတ်ကူးပေါ်တိုင်း အနီးကပ်စောင့်ရှောက်သည့် မိတ်ဆွေကောင်းသဖွယ် အားကိုးအားထား ပြုဖြစ်မှာပါ။
{စာပေ ရေးသားလျှက်ရှိတဲ့ လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်များကို ကျွန်တော် (တပည့်တော်) အနူးအညွတ် တောင်းပန်ပါရစေ။ ဒီလို စာပေရေးသားသူတွေ ရှိလို့လည်း ကျွန်တော် (တပည့်တော်) ဒီလိုအသိတွေ ရရှိတာပါ (ဘုရား) }
၆)
ကျေးဇူးသိတတ်သော၊ ကျေးဇူးဆပ်နိုင်သော သားကောင်းတစ်ယောက် ဖြစ်အောင်လည်း ကျွန်တော် ကြိုးစားဖြစ်ဦးမှာပါ။
အဖေကား ကျွန်တော်တို့ လျှောက်ရမည့် မရဏခရီးကို ဦးအောင် လျှောက်သွားပြီ..။ ကျွန်တော့်မှာ အမေပဲ ရှိတော့သည်။ ဒီအသက်အရွယ်၊ ဒီလို အခြေအနေရောက်အောင် ကျွန်တော့် မိဘနှစ်ပါးက ကျွန်တော့်ကို ပြုစုပျိုးထောင်ခဲ့သည်။ အဖေ့ကို လုပ်ကျွေးခွင့် မရတော့သော်လည်း အမေ့ကို အတိုးချ၍ ကျွေးမွေး စောင့်ရှောက်ခွင့် ကျွန်တော့်မှာ ရှိသည်။ အမေ့ကို ပြုစုရမည်၊ စောင့်ရှောက်ရမည်၊ တရားနှင့်အညီ အလုပ်အကျွေး ပြုနိုင်ရန်တော့ ဘာသာရေး အဆုံးအမတွေက ကျွန်တော့်ကို ထိန်းကျောင်းပေးသွား ပေလိမ့်မည်။
၇)
အထက်ပါ အစီအစဉ်တို့ကား ကျွန်တော် အဓိက လုပ်ဖြစ်မည့် အရာများကို အကျဉ်းမျှ ချရေးထားခြင်းမျှသာ..။ ကြိုကြား ကြိုကြား ကျွန်တော်လုပ်ချင်သည့် အရာများလည်း ရှိနေပါသေးသည်၊ ရှိပါလိမ့်ဦးမည်။ သို့သော် ဘယ်အရာပဲ ဖြစ်ဖြစ် ကျွန်တော် လုပ်ချင်စိတ် ပေါ်တိုင်း မဖြစ်မနေ ရကိုရ,ရမည် ဟူသော ဥပါဒါန် ပြင်းပြင်းဖြင့် မဆောင်ရွက်မိအောင်လည်း ကျွန်တော့်စိတ်ကို ထိန်းကျောင်းပါဦးမည်။ “တောင့်တနည်းလေ ကြောင့်ကြနည်းလေ” ဟူသော အဆုံးအမနှင့် “အဘယ်အရာမျှ အစိုးမရသည့် အနတ္တ” သဘောကိုလည်း ဘုရားအဆုံးအမကနေ ကျွန်တော် သိရှိထားပြီးပြီ။ ရှေ့လျှောက် လုပ်ရမည့် စီမံကိန်းနှင့် အနတ္တသဘော ရောယှဉ်သော အဆုံးအမ တစ်ခုကိုလည်း ပိုင်းလော့ဆရာတော်ဘုရား တရားတစ်ပုဒ်ကနေ ကျွန်တော် မှတ်သားထားပြီးပြီ။
“အနာဂတ်အတွက် ပုံစံတော့ချ၊ သို့သော်.. ဖြစ်ချင်မှ ဖြစ်မယ်၊ ဖြစ်ချင်ရာ ဖြစ်လိမ့်မယ်..။”
—————————————————-
အထက်ပါ အစီအစဉ် တို့နှင့်ပတ်သတ်၍ ရာခိုင်နှုန်း (%) ဘယ်လောက်များများ လုပ်ဖြစ်မည် ဆိုသည်ကိုတော့ သတိဦးစီးသော ၀ီရိယ ဘယ်လောက် ကောင်းမကောင်းက ဆုံးဖြတ်ပေးသွား ပါလိမ့်မည်။ အခြေခံကတော့ သတိ (သမ္မာသတိ) ပေါ့။
ကျွန်တော် လုပ်ဆောင်မည့် အစီအစဉ်များကို ပြန်စဉ်ကြည့်မိသည်။
၁) နယ်ပယ်ချိန်းဖို့ (တရားနယ်ပယ်သို့)
၂) တရားနယ်ပယ်တွင် ရေရှည်တည်စေရန် သံဝေဂပွားဖို့ (သေခြင်းတရား)
၃) သေခြင်းတရား ကမ္မဋ္ဌာန်းမှ မေတ္တာကမ္မဋ္ဌာန်းသို့ ကူးပြီး ပွားများဖို့
၎) တရားအားထုတ်ရတဲ့ ရည်ရွယ်ချက်ကို မမေ့ဖို့ (အပါယ်မကျအောင်တော့ ကြိုးစားရမည်။)
၅) စာရေးသည့် အလုပ်အား တဖြည်းဖြည်း ဖြတ်ဖို့
၆) အမေ့ကို ပြုစုလုပ်ကျွေးလျှက် စိတ်ချမ်းသာအောင် ထားသွားဖို့
၇) ဖြစ်ချင်သည့် စိတ်ဆန္ဒ ပေါ်တိုင်း ကောင်းတာဆိုလျှင် အတတ်နိုင်ဆုံး လုပ်မည် ဖြစ်သော်လည်း ကိုယ်ဖြစ်ချင်တိုင်း ဖြစ်ခွင့်မရှိသော အနတ္တ သဘောကိုတော့ မေ့မထားဖို့
အနှစ်ချုပ်ရရင်တော့ ဘ၀ကို ဓမ္မဖြင့် တည်ဆောက်ဖို့ ကျွန်တော် ဆုံးဖြတ်ထားသည်။
သို့သော်.. ကျွန်တော်သည် သာမန် လူတစ်ယောက် ပုထုဇဉ် အရူးသာ ဖြစ်လို့.. အကယ်၍ ကျွန်တော့် စိတ်ကူးများ လွဲချော်ကာ အမိုက်ဓာတ်များဝင်လို့ အပေါ်ကအတိုင်း ကျွန်တော် စိတ်ကူးထားတာတွေ အနည်းနှင့် အများ မလုပ်ဖြစ်ဘဲ ရှိကောင်း ရှိနိုင်ပါသည်။ ဤသို့ ဓမ္မလမ်းကြောင်းကို သွေဖီ၍ အဓမ္မ လမ်းကြောင်းပေါ်ရောက်လို့ လမ်းမှားလိုက်နေသော လူတစ်ယောက် ကျွန်တော် ဖြစ်သွားလျှင်..၊ ဖြစ်ခဲ့လျှင်.. ကျွန်တော့်အား အားမနာတမ်း ပြောဆိုဆုံးမ သွန်သင်ပေးကြမည့် ဆရာသမားကောင်း၊ မိတ်ဆွေကောင်းများ ကိုတော့ ကျွန်တော် အထူးတောင့်တမိပါသည်။ သွန်သင်ဆုံးမ ပဲ့ပြင်ပေးကြပါရန်လည်း ယခု ဤပို့စ်ကို တဂ်သော ကိုဝိမုတ္တိသုခ နှင့်တကွ ဆရာသမားအပေါင်း၊ မိတ်ဆွေအပေါင်းကိုလည်း ရိုကျိုးစွာ မေတ္တာရပ်ခံအပ်ပါသည်။
နှစ်သစ်မှာ အားလုံးပဲ စိတ်နှလုံး အေးမြကြပါစေ။
လေးစားရိုသေ ကျေးဇူးတင်စွာဖြင့်
ဖိုးသား
1/5/2011, WED:, 1:02:33 PM
Read more...ဟိမ၀ါနှင်းတွေ
မိဂဒါဝုန်လမ်းထဲ
မူးမူးမဲမဲ ၀င်တိုက်
ငါနောက်ဆုတ်ပေးလိုက်တယ်....။
ခြေလှမ်းပဲ မှားရတယ်ရှိသေးကွယ်
သံယောဇဉ်လေးမလုံမခြုံနဲ့တော့
ငါ့ဆောင်းကို ငါထမ်းပြီး
နွေလမ်းထိ လျှောက်ပါ့မယ်...
ဓမ္မဂင်္ဂါ
(၃-၁-၂၀၁၁)
ပူဆာနှလုံး၊ ပျက်ပြုန်းဥစ္စာ၊ လူတကာလည်း၊ မေတ္တာမပွား၊ ညှဉ်းဆဲများလျက်၊ အိပ်စက်မပျော်၊ ညှိုးရော်ကျဉ်းမြောင်း၊ မကောင်းအိပ်မက်၊ ၀ိတက်ဗျာပါ၊ ရှိသောခါမူ၊ မေတ္တာပရိတ်၊ ကြံစိတ်ရွတ်နှုတ်၊ ခုနစ်အုပ်တည်း။
အင်္ဂါနေ့နှင့် နတ်များခြောက်လှန့်၊ မကောင်းသော အိပ်မက်၊ ရန်ငြိုးရန်စ ရှိသောအခါ ရွတ်ဖတ်ရ၏။
မေတ္တာသုတ်ရွတ်ဖတ်ရန်အချိန်နှင့် ရွတ်ဖတ်ရခြင်းအကျိုး
မေတ္တာသုတ်တော်တွင် ကိုယ်၊ နှုတ်၊ စိတ် သုံးပါးကို ဖြောင့်မတ်ဖြူစင်စွာ ထားလျက် သတ္တ၀ါအားလုံးတို့အပေါ်၌ မေတ္တာတရား ပွားများကြပုံကို ဟောကြားထားသည်။ မေတ္တသုတ်ကို မကောင်းဆိုးဝါး (ဘီလူး၊ သရဲ) အခြောက်အလှန့်ခံရသောအခါ၊ မလိုမုန်းထားသူ ပေါများသောအခါ၊ အိပ်မက်ဆိုး၊ အတိတ်ဆိုး၊ နိမိတ်ဆိုးများနှင့် ကြုံတွေ့ရသောအခါများတွင် ရွတ်ဖတ်ကြသည်။
၁။ ယဿာနုဘာဝတော ယက္ခာ၊
ယက်သာနုဘာဝတော ယက်ခါ
နေ၀ ဒေဿန္တိ ဘီသနံ၊
နေ၀ ဒက်သင်တိ ဘီသနံ
ယဥှိ စေ၀ါနုရုဉ္ဇန္တော၊
ယင်ညှိ စေ၀ါ နုယန်ဇန်တော
ရတ္တိန္ဒိဝ မတန္ဒိတော။
ရက်တန်ဒိဝ မ တန်ဒိတော။
မေတ္တာသုတ် ပရိတ်တော်၏ တန်ခိုးရှိန်စော အာနုဘောကြောင့် ဘီလူးကြမ်းတို့သည် ကြောက်မက်ဖွယ်သော အဆင်း၊ အသံ အစရှိသော အာရုံတို့ကို မပြ၀ံ့ မခြောက်ဝံ့ကြလေကုန်။ မေတ္တသုတ်ပရိတ်တော်ကို ညဥ့်အခါ၌လည်းကောင်း၊ နေ့အခါ၌လည်းကောင်း မပျင်းမရိ လုံ့လပြု၍ ရွတ်ဖတ်သောသူသည်-
၂။ သုခံ သုပတိ သုတ္တော စ
သုခံ သုပတိ သုတ်တော စ
ပါပံ ကိဉ္စိ န ပဿတိ
ပါပံ ကိန်စိ န-ပတ်သတိ
ဧ၀မာဒိဂုဏူပေတံ
အေ၀မာဒိ ဂုဏုပေတံ
ပရိတ္တံ တံ ဘဏာမဟေ
ပရိတ်တံ တံ ဘဏာမဟေ
ချမ်းသာစွာ အိပ်ရ၏။ အိပ်သော်လည်း မကောင်းသော အိမ်မက်ကို တစိုးတစိမျှ မမြင်မက်။ ဤသို့ အစရှိသော ဂုဏ်ကျေးဇူးအပေါင်းနှင့် ပြည့်စုံသော မေတ္တသုတ်ပရိတ်တော်ကို အို ….. သူတော်ကောင်းအပေါင်းတို့၊ ငါတို့ ရွတ်ဖတ်ကြကုန်စို့။
၃။ ကရဏီယမတ္ထ ကုသလေန
ကရဏိယ မတ်ထ ကုသလေန
ယန္တ သန္တံ ပဒံ အဘိသမေစ္စ
ယန်တ - သန်တံ - ပဒံ - အဘိသမစ်စ
သက္ကော ဥဇူ စ သုဟုဇူ စ
သက်ကော အုဇူစ သုဟုဇူ စ
သုဝစော စဿ မုဒု အနတိမာနီ။
သုဝစော စတ်သ မုဒု အနတိမာနီ
လောကီလောကုတ္တရာ အကျိုးစီးပွား၌ လိမ္မာသောသူသည် ငြိမ်သက် အေးချမ်းသော နိဗ္ဗာန်ကို အာရုံပြု၍ ဤဆိုလတ္တံ့သော သူတော်ကောင်းနည်းလမ်းကို ကျင့်ကြံအားထုတ် ပြုလုပ်အပ်၏။ ကိုယ်နှင့် အသက်တို့ကို မငဲ့ကွက် မညှာတာ ပြုလုပ်ခြင်းငှာ စွမ်းနိုင်ရာ၏။ သူတစ်ပါးအပေါ် မော်ကြွား ထောင်လွှားသော မာန်မနမရှိရာ။
၎။ သန္တုဿကော စ သုဘရော စ
သန်တုတ်သကော စ သုဘရော စ
အပ္ပကိစ္စော စ သလ္လဟုက၀ုတ္တိ
အပ်ပကိတ်စော စ သန်လဟုက ၀ုတ်တိ
သန္တိန္ဒြိယော စ နိပကော စ
သန်တိန်ဒရိယော စ နိပကော စ
အပ္ပဂဗ္ဘော ကုလေသွ နနုဂိဒ္ဓေါ
အပ်ပ - ဂတ်ဗော ကုလေသွ န နုဂိတ်ဓော။
ရောင့်ရဲလွယ်ရာ၏။ မွေးမြူလွယ်ရာ၏။ နည်းပါးသော အမှုကိစ္စရှိရာ၏။ ပေါ့ပါးသော အသက်မွေးခြင်း ရှိရာ၏။ ငြိမ်သက်သော ဣနြေ္ဒရှိရာ၏။ အရာရာ၌ ခွဲခြမ်းစိတ်ဖြာ ရဲရင့်သော ဥာဏ်ပညာရှိရာ၏။ ကိုယ်နှုတ်နှလုံး သုံးပါးစလုံး ရုန့်ရင်းကြမ်းတမ်းမှု မရှိရာ။ ဒါယကာတို့၌ တွယ်တာ မက်မောမှု မရှိရ။
၅။ န စ ခုဒ္ဒ မာစရေ ကိဉ္စိ
န - စ ခုတ်ဒ မာစရေ ကိန်စိ
ယေန ၀ိညူ ပရေ ဥပ၀ဒေယျုံ
ယေန ၀ိန်ညူ ပရေ အုပ ၀ဒေယုံ
သုခိနော ၀ ခေမိနော ဟောန္တု
သုခီနော ၀ ခေမိနော ဟွန်တု
သဗ္ဗတတ္တာ ဘ၀န္တု သုခိတတ္တာ
သပ်ဗသတ်တာ ဘ၀န်တု သုခိတတ်တာ။
ပညာရှိတို့ ကဲ့ရဲ့ ရှုတ်ချအပ်သော တစ်စုံတစ်ခုသော မကောင်းမှုကို အနည်းငယ်မျှသော်လည်း မပြုလုပ်ရာ။ ခပ်သိမ်းသော သတ္တ၀ါတို့သည် ကိုယ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေကုန်သတည်း။ စိတ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေသတည်း။ ဘေးရန်ဥပဒ္ဒေဝေါ မရှိကြပါစေကုန်သတည်း။
၆။ ယေ ကေစိ ပါဏဘူတတ္ထိ
ယေ ကေစိ ပါဏ - ဘူတတ်ထိ
တသာ ၀ါ ထာဝရာ ၀ န၀သေသာ
တသာ ၀ါ ထာဝရာဝ န၀ သေတာ
ဒီဃာ ၀ါ ယေ ၀ မဟန္တာ
ဒီဃာ ၀ါ ယေ၀ မဟန်တာ
မဇ္ဈိမာ ရဿကာ အဏုကထူလာ
မစ်ဈိမာ ရတ်သကာ အဏုက ထူလာ
၇။ ဒိဋ္ဌာ ၀ါ ယေ၀ အဒိဋ္ဌာ
ဒိတ်ထာ ၀ါ ယေ၀ အ - ဒိတ်ထာ
ယေ ၀ ဒူရေ ၀သန္တိ အ၀ိဒူရေ
ယေ၀ ဒူရေ ၀သန်တိ အ-၀ိဒူရေ
ဘူတာ ၀ သမ္ဘဝေသီ ဝ
ဘူတာ ၀ သမ္ဘေ၀သိီ ၀
သဗၺသတၱာ ဘ၀ႏၲဳ သုခိတတၱာ
သပ္ဗ သတ္တာ ဘ၀န္တု သုခိတတ္တာ။
အကြွင်းမရှိ အလုံးစုံ ထွက်သက် ၀င်သက်ရှိသော သတ္တ၀ါ၊ ထင်ရှားရှိသော သတ္တ၀ါ၊ ထိတ်လန့်တတ်သော သတ္တ၀ါ၊ တည်ကြည်ငြိမ်သက်သော သတ္တ၀ါ၊ ရှည်သောသတ္တ၀ါ၊ တိုသော (ပုကွသော) သတ္တ၀ါ၊ မတိုမရှည်သော သတ္တ၀ါ၊ ကြီးသောသတ္တ၀ါ၊ ငယ်သောသတ္တ၀ါ၊ မကြီးမငယ်သောသတ္တ၀ါ၊ ဆူသောသတ္တ၀ါ၊ ကြုံသောသတ္တ၀ါ၊ မဆူမကြုံသောသတ္တ၀ါ၊
မျက်စိဖြင့် မြင်ကောင်းသောသတ္တ၀ါ၊ အနီး၌နေသောသတ္တ၀ါ၊ ထင်ရှားဖြစ်ပေါ်ပြီးသောသတ္တ၀ါ၊ ဖြစ်ဆဲတည်နေသောသတ္တ၀ါ၊ ဤအလုံးစုံသော သတ္တ၀ါတို့သည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း ရှိကြပါစေကုန်သတည်း။
၈။ န ပရော ပရံ နိကုဗ္ဗေထ၊
န-ပရော ပရံ နိကုပ်ဗေထ
နာတိမညေထ ကတ္ထစိ န ကဉ္စိ
နာတိ မင်ညေထ ကတ်ထစိ န-ကိန်စိ
ဗျာရောသနာ ပဋိဃသည
ဗျာရောသနာ ပတိဃသင်ည
နာညမညဿ ဒုက္ခမိစ္ဆေယျ
နင်ည မင်ညတ်သ ဒုတ်ခ မိတ်ဆေယ
တစ်ယောက်သောသူက တစ်ယောက်သောသူကို အမျက်မထွက်ပါစေလင့်။ တစ်စုံတစ်ခုသော အမှုကိစ္စ၌ တစ်ယောက်သာသူက တစ်ယောက်သောသူကို ညှဉ်းဆဲချုပ်ချယ်သော ကာယကံ၊ ၀စီကံဖြင့်လည်းကောင်း၊ ခိုက်ရန်မျက်ပွား အငြိုးထားသောစိတ်ဖြင့်လည်းကောင်း၊ အနည်းငယ်မျှသော်မှ မထီမဲ့မြင့် မအောက်မေ့ပါစေလင့်။ အချင်းချင်း၏ ဆင်းရဲဒုက္ခကို အလိုမရှိပါစေလင့်။
၉။ မာတာ ယထာ နိယံ ပုတ္တ
မာတာ ယထာ နိယံ ပုတ်တ
မာယုသာ ဧကပုတ္တ အနုရက္ခ
မာယုသာ အေက ပုတ်တ မနုရက်ခေ
ဧ၀မ္ပိ သဗ္ဗဘူတေသု
အေ၀မ်ပိ သပ်ဗ ဘူတေသု
မာနသံ ဘာဝယေ အပရိမာဏံ
မာနသံ ဘာဝယေ အ-ပရိမာဏံ။
အမိသည် မိမိရင်သွေးဖြစ်သော တစ်ယောက်တည်းသော သားငယ်ကို အသက်အတွက်ကြောင့် အဖန်တလဲလဲ စောင့်ရှောက်သကဲ့သို့ ဤနည်းအတူသာလျှင် ခပ်သိမ်းသော သတ္တ၀ါတို့၌ အတိုင်းအရှည်မရှိသော မေတ္တာစိတ်ကို ပွားစေရာ၏။
၁၀။ မေတ္တဉ္စ သဗ္ဗလောကသ္မိံ
မစ်တင်စ သပ်ဗ လောကတ်သမိန်
မာနသံ ဘာဝယေ အပရိမာဏံ
မာနသံ ဘာဝယေ အ-ပရိမာဏံ
ဥဒ္ဓံ အဓော စ တိရိယဉ္စ
အုတ်ဓံ အဓော စ တိရိယင်စ
အသမ္ဗာ ဓံ အဝေရ မသပတ္တံ
အ-သပ်ဗာဓံ အ-ဝေရ မ-သပတ်တံ။
ကာမဘ၀တည်းဟူသော အောက်လောက၌လည်းကောင်း၊ ရူပဘ၀တည်းဟူသော အလယ်လောက၌လည်းကောင်း၊ အရူပဘ၀တည်းဟူသော အထက်လောက်၌လည်းကောင်း ဤလောကသုံးပါးတို့၌ ပိုင်းခြားလွတ်ကင်း ကျဉ်းမြောင်းခြင်းလည်းမရှိ၊ ကိုယ်တွင်းဘေးရန်လည်းမရှိ၊ အပဘေးရန်လည်းမရှိ၊ အတိုင်းမသိ ချစ်ခင်မြတ်နိုးသော မေတ္တာစိတ်ကိုလည်း ပွားစေရာ၏။
၁၁။ တိဋ္ဌံ စရံ နိသိန္နော ဝ
တိတ်တံ စရံ နိသိန်နော ဝ
သယာနော ယာဝတာ ဿ ၀ိတမိဒ္ဓေါ
သယာနော ယာဝတတ်သ၀ိတ မိတ်ဓော
ဧတံ သတႎ အဓိေ႒ယ်
အေတံ သတိန် အဓိတ်ထေယ
ဗြဟ္မ မေတံ ဝိဟာရ မိဓ မာဟု။
ဗြန်မ မေတံ ၀ိဟာရ မိဓ မာဟု။
ရပ်နေစဉ်သောလည်းကောင်း၊ သွားနေစဉ်သော်လည်းကောင်း၊ ထိုင်နေစဉ်သော်လည်းကောင်း၊ လျောင်းနေစဉ် သော်လည်းကောင်း၊ မအိပ်ငိုက်သမျှ ကာလပတ်လုံး သာသနာတော်ကြီး၌ မေတ္တာစိတ်နှင့် ယှဉ်၍နေထိုင်းခြင်းကို “ မြတ်သောနေခြင်း ” (ဗြဟ္မာကြီးနှင့်တူသော နေခြင်း) ဟူ၍ မြတ်စွာဘုရားတို့ ဟောကြားတော်မူကုန်၏။
၁၂။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ
ဒိတ်ထိန်စ အနုပက်ဂမ်မ
သီလ၀ါ ဒဿနေန သမ္ပန္နော
သီလ၀ါ ဒတ်သနေန သမ်ပန်နော
ကာမေသု ၀ိနယျ ဂေဓံ
ကာမေသု ၀ိနေယျ ဂေဓံ
နဟိ ဇာတုဂ္ဂ ဗ္ဘသေယျ ပုန ရေတိ
န-ဟိ-ဇာတုတ်-ဂတ်ဘ သေယ ပုန ရေတိ။
မေတ္တာကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ် ပြုလုပ်သောသူသည် အမြင်ဖောက်ပြန် မိစ္ဆာဥာဏ်သို့ မကပ်မရောက်သောကြောင့် လောကုတ္တရာသီလ ရှိသည်ဖြစ်၍ မဂ်ဥာဏ်အမြင့်နှင့် ပြည့်စုံပြီးလျှင် ၀တ္ထုကာမ၊ ကိလေသာကာမတို့၌ တပ်မက်မောခြင်း ကင်းသောကြောင့် နောက်တစ်ဖန် အမိဝမ်းတွင် ပဋိသန္ဓေခြေင်းသို့ ဧကန်မရောက်တော့ပြီ။
မေတ္တသုတ္တံ နိဋ္ဌိတံ။
အန- တိမာနီ ဟုမဖတ်ရ။ အနတိမာနီ ဟုတစ်ဆက်တည်းဖတ်ပါ။
အပ်ပ-ဂတ်ဘော ဟုမဖတ်ရ။ အပ် ပဂတ်ဘော ဟုဖတ်ပါ။
ကုလေသွန-နုဂိဒ္ဓေါ ဟုမဖတ်ရ။ ကုလေသွ န-နုဂိဒ္ဓေါ ဟုဖတ်ပါ။
တ-သာဝါဟု မဖတ်ရ။ တသာဝါ ဟုဆက်ဖတ်ပါ။
မန-သံဟု မဖတ်ရ၊မာနသံ ဟုဆက်ဖတ်ပါ။
မ-သ-ပတ်တံဟု မဖတ်ရ၊ မ-သပတ်တံ ဟုဖတ်ပါ။
Read more...Tuesday, January 04, 2011
တောသားလေး
Tuesday, 04 January 2011 18:32 | [IMG]/templates/ashinsirinda/images/PostAuthorIcon.png[/IMG]Written by မေတ္တာဥယျာဉ် | [LINK=/2009-07-18-17-32-10/dhamma-sarpay/716-2011-01-05-02-43-58.pdf]PDF [/LINK] | [LINK=/2009-07-18-17-32-10/dhamma-sarpay/716-2011-01-05-02-43-58.html?tmpl=component&print=1&page=]| Print |[/LINK] | [LINK=/component/mailto/?tmpl=component&link=aHR0cDovL2FzaGluc2lyaW5kYS5jb20vMjAwOS0wNy0xOC0xNy0zMi0xMC9kaGFtbWEtc2FycGF5LzcxNi0yMDExLTAxLTA1LTAyLTQzLTU4Lmh0bWw%3D] အီးမေးလ်[/LINK]
[IMG]/images/stories/U%20V%20R%20Y/T%20Z%20sayadaw%20%281%29.jpg[/IMG] အတွင်းအားကို သုံးကြစို့ 
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
အဘိဓမ္မာအလိုကတော့ အတွင်းက ကိလေသာပူတွေကို စေတသိကဒုက္ခလို့ ခေါ်ကြပြီး အပြင်က အာရုံငတ်မှု ဒုက္ခကိုတော့ ကာယိကဒုက္ခလို့ ခေါ်ပါတယ်။ စေတသိကဒုက္ခ ငြိမ်းရေးအတွက် ကိုယ့်ကာယ အပြင်အားတွေကို ထိန်းချုပ်ကာကွယ်ဖို့ ကြိုးစားကြတာဖြစ်လို့ အနာတခြား ဆေးတခြား ဖြစ်ပြီး ကာယိကဒုက္ခ ကြီးတွေပါ တိုးပွား လာတာပါ။
ဒါကြောင့်လဲ ဒီကျင့်စဉ်ကြီးနဲ့ပတ်သက်လို့ ဘုရားရှင်က “အတ္တကိလ မထာနုယောဂ=ကိုယ်ကိုပင်ပန်းအောင် ညှင်းဆဲ အားထုတ်မှု” အစွန်းရောက် တယ်လို့  မှတ်ချက်ချဲ့တာပါ။
အပြင်အား အသုံးလွန် သူတွေက အာရုံသိမ်း ပိုက်စွဲလန်းမှု လွန်ကဲပြီး အကြပ်ဘေး ဒုက္ခရောက်တယ်၊ အပြင်အား အထိန်းလွန်သူတွေက အာရုံစွန့် လွှတ်မှု လွန်ကဲပြီး အငတ်ဘေး ဒုက္ခရောက်တယ်။ ကြပ်တာနဲ့ ငတ်တာပဲထူးတယ် ဒုက္ခရောက်တာကတော့ အတူတူပါပဲ။
ဒါကြောင့်လဲ မြတ်စွာဘုရားရှင် ပထမဦးဆုံး တရားဟောတော်မူတဲ့အခါ ဒီအစွန်းရောက်မှုကြီး နှစ်ခုလုံးဟာ ဒုက္ခနဲ့ ဇာတ်သိမ်းရတဲ့ အမှားလမ်းစဥ်ကြီးနှစ်ခုလို့ သတ်မှတ်တော်မူပြီး ဒုက္ခလွတ်မြောက်လို သူတိုင်း ဒီအစွန်းရောက် ကျင့်စဉ် နှစ်မျိုးလုံးကို ရှောင်ရမယ်လို့  ဟောတော်မူတာပါ။
ဒီအစွန်းနှစ်ပါးကလွတ်တဲ့ မြတ်ဗုဒ္ဓရဲ့ မဇ္ဈိမကျင့်စဉ်လမ်းဆိုတာ အပြင်အားတွေကို အထိန်းမဲ့လွှတ်ပေးထား ရမှာလဲ မဟုတ်ဘူး၊ အထိန်းမဲ့ရင် ကြပ်သွားမယ်။ အပြင်အားတွေကို လုံးဝလှုပ်ရှားခွင့် ( အာရုံနဲ့ တွေ့ ကြုံခံစားခွင့် ) မပေးဘဲ ထိန်းချုပ်ထားရမှာလဲ မဟုတ်ဘူး အထိန်းလွန်ရင် ငတ်သွားမယ်။ ထိန်းထိန်းေ ကျာင်းကျောင်း မျှမျှတတ ထားရှိစေရမယ့် ကျင့်စဉ်ပဲ ဖြစ်ပါတယ်။ အပြင်အားတွေကို အတွင်းအားနဲ့  ‘ ထိန်း ’ ပေးပြီး ဆိုင်ရာအာရုံစားကျက်မှာ ‘ ကျောင်း ’ ပေးရတဲ့ လမ်းစဉ်ပါ။
ဒီနေရာမှာ အထိန်းနဲ့ အကျောင်း ( ထိန်းတာနဲ့ ကျောင်းတာ ) ကို အသုံးနည်းတဲ့ အတွက် နားစိမ်းမနေအောင် နည်းနည်းပြောပါမယ်။ နွားကျောင်း တယ်ဆိုတဲ့ မြန်မာစကားမှာ အပြည့်အစုံက နွားထိန်းကျောင်းတာ ဖြစ်ပါတယ်၊ နွားကို စားကျက်ထဲမှာ စာသောက်ခွင့်ပြုပေးတာကို ‘ ကျောင်းတယ် ’ လို့ ခေါ်ပါတယ်၊ မသွားသင့် မ၀င်သင့်တဲ့ ကောက်ပဲ သီးနှံခင်းတွေထဲကို မ၀င်အောင် မစားအောင် ပဲ့ပြင်ပေးရတာကို ‘ ထိန်းတယ် ’ လို့  ခေါ်ပါတယ်။
အပြင်အားတွေနဲ့  အာရုံကိုရှာဖွေပြီး ခံစားခွင့်ပြုတာက ကျောင်းတာ၊ အာရုံကို ရှာဖွေခံစားရာမှာ ‘ မကောင်းမှုရှောင်၊ ကောင်းမှုဆောင် ’ ဆိုတဲ့ စည်းကမ်းနဲ့ ညီအောင် စောင့်စည်းကျင့်သုံးတာက ထိန်းတာဖြစ်ပါတယ်။
အတွင်းအားတွေဖြစ်တဲ့ သဒ္ဓါ ၀ီရိယ စတဲ့ အား တွေထဲက သဒ္ဓါအားဆိုတာ ရတနာသုံးပါးနဲ့ ကံ ကံရဲ့အကျိုးတွေကို အကျိုးတွေကို ယုံကြည် အလေးထားတာပါ၊ ကံ ကံရဲ့ အကျိုးဆိုတာကလဲ၊ မကောင်းတဲ့ ကံတွေပြုရင် မကောင်းကျိုးဖြစ်တဲ့ ဆင်းရဲဒုက္ခတွေနဲ့  ကြုံရမယ်၊ ကောင်းတဲ့ကံပြုမှ ကောင်းကျိုး ချမ်းသာရမယ်လို့  ယုံကြည်ရတာပါပဲ။ ဒီယုံကြည်ချက် စွမ်းအားလေးနဲ့  ထိန်းပေးလိုက်ရင်ပဲ၊ အာရုံကို ရှာဖွေရာမှာ မတော်မတရားရှာဖွေခြင်းကို မပြုဘဲရှောင်ပြီး တရားမျှတစွာသာ ရှာဖွေလာတဲ့အတွက် အထိန်းတစ်ခုရသွားပါတယ်၊ သဒ္ဓါစွမ်းအားက စတင်စည်းရုံး လိုက်ပြီဆိုရင်၊ ၀ီရိယစွမ်းအားကလဲ မကောင်းမှု ရှောင်ရေး ကောင်းမှုဆောင်ရေးကိုပဲ ကြိုးစား အားထုတ်လာပါတယ်။ သတိစွမ်းအားကလဲ မိမိပြုတဲ့ ကံတိုင်းကို မကောင်းမှုလား ကောင်းမှုလားဆိုတာ ခွဲခြားသတိပြုမိလာပါတယ်။ သမာဓိစွမ်းအားက ရှောင်ရေး, ဆောင်ရေးအပေါ်မှာ မလစ်လပ်အောင် တည်ဆောက်ပါတယ်။ နောက်ဆုံးဖြစ်တဲ့ ပညာစွမ်းအားကတော့ မကောင်းမှုနဲ့  ကောင်းမှုကို ကွဲပြားအောင်လဲ ဆင်ခြင်ပေးတယ်။ သဘော လက္ခဏာ အမှန်ကိုလဲ ခွဲခြမ်းစိတ်ဖြာပြီးသိပေးပါတယ်။
ပြီးပြည့်စုံတဲ့ ပညာစွမ်းအားဆိုတာ ‘ ယံ ကိဥ္စိ သမု ဒယ ဓမ္မံ၊ သဗ္ဗံ တံ နိရောဓ ဓမ္မံ=ဖြစ်ပေါ်လာတဲ့ သင်္ခါရ တရားတွေမှန်သမျှဟာ မုချချုပ်ပျောက်ရမြဲ ဓမ္မတာဖြစ်တယ် ’ လို့  ပိုင်ပိုင်နိုင်နိုင် လက်ခံသိမြင်လိုက်တာပဲဖြစ်ပါတယ်။ ဒီလို လက်ခံသိမြင်နိုင်သူဟာ ဘယ်အရာကိုမှ စွဲလို့ မရဘူး၊ သုံးလို့ ရသခိုက်ကလေးမှာ သုံးရုံသာ သုံးခွင့်ရတဲ့ အရာတွေပဲလို့ လဲ ဆုံးဖြတ်သိမြင်သွားပါတယ်၊ တကယ်တမ်း ဒီအတိုင်း ကိုယ်ပိုင်ပညာစွမ်းအားနဲ့ သိမြင်သွားပြီဆိုရင် ‘ အသုံးနဲ့ အစွဲ ’ ကိုလဲ ကွဲကွဲပြားပြား သဘောပေါက်သွားမှာပါ။ အသုံးနဲ့ အစွဲ ကွဲပြားရင်၊ ရုပ်စွမ်းအား နာမ်စွမ်းအားတွေဟာလဲ စနစ်တကျ ဖွံ့ ဖြိုးတိုးတက်ခွင့်ရလာတဲ့ အတွက် အခြေခံအခွင့်အရေးတွေ ပြည့်ဝသွားပါတယ်။
သက်ရှိဖြစ်စေ သက်မဲ့ဖြစ်စေ ရရှိပိုင်ဆိုင်ထားတဲ့ သင်္ခါရ ပစ္စည်းတိုင်းဟာ အသိနဲ့ သုံးတတ်ရင် သုံးတတ်သလောက် ချမ်းသာကို ဆောင်တယ်။ အနီးကပ်ဆုံးဖြစ်တဲ့ ဒီခန္ဓာကိုယ်ကြီးကိုပဲ အသိရှိရှိ အသုံးချတတ်သူတွေ အတွက် စီးပွားရှာရာမှာ သုံးရင် စားဝတ်နေရေး ချမ်းသာကို ဆောင်တယ်။ ‘ တရားရှာ ကိုယ်မှာတွေ့ ’ ဆိုတဲ့ အတိုင်း ၀ိပဿနာတရားရှုမှတ်ပွားများပြီး အသုံးချရင်တော့ မဂ်ဖိုလ်နိဗ္ဗာန်ဆိုတဲ့ လောကုတ္တရာ ချမ်းသာကိုလဲ ပေးဆောင်နိုင်ပါတယ်။
စွဲရင်တော့ စွဲသလောက် ဆင်းရဲပါတယ်၊ အရက်စွဲ မူးယစ်ဆေးစွဲကစပြီး ဘ၀စွဲ၊ ခန္ဓာစွဲ၊ လူမျိုးစွဲ၊ ဘာသာအယူဝါဒစွဲ၊ ဘာကိုပဲစွဲစွဲ စွဲသမျှ ဒုက္ခချည်း ဖြစ်ပါတယ်။ ဒါကြောင့်လဲ တရားဦးဒေသနာတော်မှာ ဒုက္ခသစ္စာကို လိုရင်း အကျဉ်းချုပ်ပြတဲ့အခါ ‘ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာဒုက္ခ=လိုရင်း အကျဉ်းချုပ်ကတော့ အစွဲဥပါဒါန်နဲ့ တွဲကပ်နေတဲ့ ခန္ဓာငါးပါးတို့ ဟာ ဒုက္ခအစုအဝေးကြီးပါ ’ လို့ ဆုံးဖြတ်ချက် ချတော်မှုတာပါ။
အစွဲဥပါဒါန်ကင်းလွတ်သွားတဲ့ ပုဂ္ဂိုလ်များအနေနဲ့ တော့ ဒီခန္ဓာငါးပါးကို အသုံးချပြီးတော့ပဲ ဖလသမာပတ်နဲ့ နိဗ္ဗာန်ချမ်းသာထိ ခံစားခွင့် ရသွားကြတာတွေ ပိဋကတ်တော်မှာ တွေ့ နိုင်ပါတယ်။
အသုံးနဲ့ အစွဲကို ခွဲခြားသိမြင်တဲ့ အသိပညာ ဦးဆောင်ပြီး အတွင်းအား အပြင်အားတို့ ကို သူ့ နေရာနဲ့ သူစနစ်တကျ အသုံးချတတ်ခြင်းဟာ သာသနာတွင်းသားတစ်ယောက်အတွက် အတိတ်အခြေခံတရားများဖြစ်တဲ့ ကံမျိုးစေ့ ပါရမီမျိုးစေ့တို့ ကို အခွင့်အရေးပြည့် ရှင်သန်ကြီးထွား ခွင့်ပေးခြင်းဖြစ်သလို လူဖြစ်ခြင်း သာသနာကြုံခြင်းဆိုတဲ့ အခြေခံ အခွင့်ထူးနှစ်မျိုးကိုလဲ ပြည့်ဝစေပြီး ဘ၀ရဲ့ အခြေခံ ဖြစ်တဲ့ ရုပ်တရား နာမ်တရားနှစ်မျိုးလုံးလဲ အခွင့်အရေးပြည့်အောင် ကျင့်သုံးခြင်းမည်နိုင်မယ်လို့ ပြောချင်ပါတယ်။
မွေးနေ့ လက်ဆောင်အနေနဲ့  ပြောခဲ့တဲ့ ဒီစကားများဟာ ‘ ဒီအတိုင်းသာ မှတ်သားလိုက်နာကြ ’ လို့  ဆုံးဖြတ်ချက်ချပြီးပြောတဲ့ အတွေး အမြင် တစ်ရပ်လို့  သဘောမထားမိပါဘူး၊ မွေးနေ့ နဲ့ မကင်းနိုင်သူတိုင်း တွေးကြံ သုံးသပ်မိကြဖို့ အတွက် ရည်ရွယ်တဲ့ ‘ အတွေးအမျှင် ’ ကလေးများသာ ဖြစ်ပါတယ်။ အမျှင်ကို ရှုပ်အောင်ထုတ်ရင်တော့ အမြင်တွေလည်း ရှုပ်သွားနိုင်ပါတယ်၊ အမျှင်ကို ရှင်းအောင် တွေးကြံမေးမြန်း ထုတ်နိုင်ကြသူများ အတွက်တော့ အမျှင်ရှင်းသလောက် အမြင်လည်း ရှင်းသွားမယ်လို့ ထင်မိပါတယ်။ တွေးတောကြံဆ အမှန်ရကြပါစေ။
မေတ္တာများဖြင့်....
မေတ္တာဥယျာဉ်
[LINK=http://www.ashinsirinda.com/]http://www.ashinsirinda.com/[/LINK]
၂၀၁၁-ခု၊ ဇန်နဝါရီလ ၄-ရက်၊ အင်္ဂါနေ့။
y Cittasamvaro
| Shambhala Bangkok group annouces: A community talk by translator Scott Wellenbach
Time | Wednesday, January 12 · 7:00pm – 9:00pm |
|---|---|
| | |
| Location | Bangkok Shambhala Meditation Center Narathiwat Soi 15, Yaek 8, house #29 Bangkok, Thailand |
| | |
| Created By | |
| | |
| More Info | The Vidyadhara Chogyam Trungpa Rinpoche’s Life in Tibet: His Writings, His Discoveries, and His Training With His Teacher… A Community Talk by Nalanda Translation Committee translator Scott Wellenbach. This evening’s presentation will touch on the Gesar tradition and explore themes from the early writings and discoveries of VCTR with a focus on his training with his teacher, Khenpo Gangshar, and its influence on his presentatio…n of the Buddha dharma in the West. Scott is a long-time student of the Vidyadhara Chögyam Trungpa Rinpoche and has studied extensively with Khenpo Tsültrim Gyamtso Rinpoche, Dzogchen Ponlop Rinpoche, and Sakyong Mipham Rinpoche. He first met the Vidyadhara in the winter of 1974 during Rinpoche’s teaching tour of East-coast universities. Later that year, he hitch-hiked up the Pan-American highway from the Panama Canal to attend the first summer of Naropa Institute. He received refuge vows from the Vidyadhara in 1975 and bodhisattva vows in 1976, when he moved to Boulder. He began his study of Tibetan and Sanskrit at Naropa in 1976 and became adjunct language faculty in 1978. Scott joined the Nalanda Translation Committee in 1978 and became its first employee in 1984. His first project with the translation committee was The Rain of Wisdom, for which he served as co-translator and co-editor. In 1986 he moved to Halifax, Nova Scotia, where he now resides. In addition to his work with the committee, he serves as the Dean of Translation and Language Study at Nitartha Institute. A senior teacher in both the Shambhala and Nitartha mandalas, he has a particular interest in joining the Buddhist view to meditation practice in a transformative way. |
ဒကာ။ ။ တချို့သော စာပေကျမ်းဂန်တွေထဲမှာ ယော နာဂေါ- နာဂမည်တွင် အကြင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် ဟူ၍လည်းကောင်း၊ ယော နာဂေါ- ဗုဒ္ဓနာဂကိုထား၍ တန်ခိုးတော်အရာ၌ တပါးတည်းဖြစ်တော်မူသော အရှင် မဟာမောဂ္ဂလာန်ထေရ်မြတ်ကြီးသည်။ ယေနာဂါ- အကြင်ရဟန္တာပုဂ္ဂိုလ်မြတ်တို့သည် စသည်ဖြင့် ဘာ့ကြောင့် နာဂ- နဂါးဆိုတဲ့ အမည်နဲ့ ဘုရားရဟန္တာတို့ကို ခေါ်ဝေါ်သုံးစွဲ ကြပါသလဲ ဆရာတော်၊ နာဂ-ဆိုတဲ့ အဘိဓာန်ပုဒ်ရဲ့ အနက်အဓိပ္ပာယ် ရှင်းပြပေးပါဘုရား။
| The Venerable Nanadipa Mahathera |
| Lively Dhamma discussion |
© Blogger templates The Professional Template by Ourblogtemplates.com 2008
Back to TOP