“မြန်မာ” ဖြစ်သောကြောင့်။
တွေ့ဆုံရင် အပြုံးလေးလှပဖို့
ပြုံးတတ်နေတာကို။
အဲ့ဒါ
ငါ မြန်မာဖြစ်သောကြောင့်။
မဆင်ချင်တော့ပါဘူး
ရင်းနှီးရင် လှိုက်လှိုက်လှဲလှဲရှိဖို့
ဖော်ရွေတတ်တာကို။
အဲ့ဒါ
ငါ မြန်မာဖြစ်သောကြောင့်။
မကြင်ချင်တော့ပါဘူး
တခြားယဉ်ကျေးမှုကို
ငါ့ရှိပြီးသား တခမ်းတနားများ
ဒီ့ထက်သိမ်မွေ့စေဖို့
နေသားကျနေတာကို။
အဲ့ဒါ
ငါ မြန်မာဖြစ်သောကြောင့်။
အားလုံးကို
မြတ်နိုးနေဆဲ
အဲ့ဒါ
ငါ မြန်မာဖြစ်သောကြောင့်။


0 comments:
Post a Comment