Power ကူးစက်ခံရခြင်း (၁)

မြန်မာပြည်မှာတုန်းက မနက်မိုးလင်းအိပ်ယာထလို့  အိမ်ပြင်ထွက်လိုက်တဲ့အချိန် ဆွမ်းခံကြွနေတဲ့ ကိုယ်တော်တစ်ပါးပါးကို လှမ်းပြီးဖူးတွေ့မိတိုင်း စိတ်ထဲမှာ အမြဲတမ်း အတိုင်းမသိကြည်ညိုစိတ်ဖြစ်လေ့ရှိပါတယ်။ သင်္ကန်းကို ညီညီညာညာ သေသေသပ်သပ် ၀တ်ရုံပြီး သပိတ်ကိုလွယ် ဖိနပ်မပါ ခြေဗလာနှင့် အေးအေးချမ်းချမ်း လှမ်းကြွသွားနေတဲ့ကိုယ်တော်ကိုကြည့်ပြီး ကိုယ်မလုပ်နိုင်သေးတဲ့အလုပ်တစ်ခုကို လုပ်နေတဲ့သူတစ်ဦးအဖြစ် စိတ်ထဲက အားကျမိသလို မြတ်စွာဘုရားရှင်လက်ထက်က အရှင်မြတ်ကြီးနှင့်သံဃာတော်တွေဆွမ်းခံကြွပုံကို အာရုံပြု ကြည်ညိုမိတတ်ပါတယ်။
ဆရာတော်တစ်ပါးကတော့ သူ့တရားတစ်ပုဒ်ထဲမှာ “သမဏာနဉ္စ ဒဿနံ” ရဲ့  အနက်အဓိပ္ပါယ်ကို ချဲ့ ယူလိုက်ပြီး “ငြိမ်းအေးသောသူများနှင့် တွေ့ဆုံရခြင်းဟာ မင်္ဂလာတစ်ပါး” ဖြစ်တယ်လို့  ဟောကြားထားတာကို မှတ်သားမိခဲ့ဖူးပါတယ်။
တောင်ပုလုဆရာတော်ကြီးသက်တော်ထင်ရှားရှိစဉ်က အမေရိကန်သာသနာပြုခရီးစဉ်မှာ နိုင်ငံခြားသားတချို့ က ဆရာတော်ကြီးတစ်ပါးတည်း နားနေချိန်တွေမှာ ဆရာတော်ကြီး အနီးအနားလေးမှာ ခဏလောက် ထိုင်ခွင့်ရဖို့ ခွင့်တောင်းကြတယ်တဲ့။ သူတို့ ဆရာတော်ကြီးကို စကားလည်းမပြောပါဘူး။ ဒီအတိုင်းလေး ဆရာတော်ကြီးနားထိုင်ချင်လို့ ပါလို့ ပြောကြပါတယ်။ ဘာလို့အနားနားသွားထိုင်ချင်ကြတာလဲလို့ မေးကြည့်တော့ ဆရာတော်ကြီးနားသွားထိုင်နေရတာ စိတ်ထဲ အေးချမ်းလို့ပါတဲ့။
ဒလိုင်းလားမားမိန့်ခွန်းပြောတဲ့အခါ ပရိတ်သတ်က သောင်းနှင့်ချီပြီး နားထောင်တတ်ပါတယ်။ တခါတလေ ဒလိုင်းလားမားက အင်္ဂလိပ်လို ပြောတာမဟုတ်ပဲ သူ့တိဗက်ဘာသာစကားနှင့် ပြောတာမျိုးလည်း ရှိတတ်ပါတယ်။ နားထောင်နေကြတဲ့သူတွေကို နားမလည်ပဲ ဘာလို့နားထောင်နေကြတာလဲလို့စုံစမ်းကြည့်တော့ သူ့စကားကိုနားမလည်ပေမယ့် သူ့ပြောပုံဆိုပုံနှင့် စကားသံတွေထဲမှာ မေတ္တာစေတနာဓာတ်တွေပါလို့မို့ သူ့ကိုကြည့်နေ သူ့အသံကိုကြားနေရတာကိုက စိတ်ချမ်းသာလို့ပါလို့  ပြောကြပါတယ်တဲ့။
ပူလောင်ပျာယာခပ်နေတတ်တဲ့ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ တခါတလေ အေးအေးချမ်းချမ်းနှင့် နေ့စဉ်ဘ၀ကို နေထိုင်သွားလာနေတဲ့သူတွေကို တွေ့မြင်ရတတ်ပါတယ်။ သူတို့ရဲ့  အသွင်အပြင်ကို ကြည့်လိုက်ရုံနှင့် ကြည့်မိတဲ့သူဆီကို အအေးဓာတ်က ကူးစက်ခံလိုက်ရတာမျိုးပါ။ နေပုံထိုင်ပုံ၊ ပြောပုံဆိုပုံ အေးချမ်းပြီး ဆက်ဆံရသူတိုင်းကို ဖော်ဖော်ရွေရွေ လှိုက်လှိုက်လှဲလှဲ ဆက်ဆံတတ်ကြပါတယ်။ ဒီတော့ သူတို့နှင့် စကားပြောလိုက်ရတဲ့သူ၊ ဒါမှမဟုတ် သူတို့ပြောစကားကို ကြားလိုက်ရတဲ့သူ၊ နောက်ဆုံးအဆင့် သူတို့ကို ခပ်လှမ်းလှမ်းက မြင်လိုက်ရတဲ့သူကိုတောင်မှ စိတ်ကျေနပ်မှုနှင့် အေးချမ်းမှုကို ပေးနိုင်ကြသူတွေပါ။
(ဆက်ရန်)




တောသားလေး , Posted in 

Happily Ajahn Pasanno is back in Thailand again this cold season, and will give a talk in English for us at the great dhamma centre Baan Aree, near Ari BTS (map below).
Forest Monastery in NE Thailand), Ven. Pasanno became its abbot in his ninth year as a Bhikkhu. Under his leadership Wat Pah Nanachat developed considerably, both in physical size and in reputation. Ajahn Pasanno became a well-known and highly respected monk and Dhamma teacher in Thailand. On New Year’s Eve of 1997 Ajahn Pasanno moved to California to share the abbotship of the newly opening Abhayagiri Monastery, where he still resides.

ဘုရင် ဗိမ္ဗိသာရ အကျဉ်းထောင် နေရာကို လေ့လာနေတဲ့ အချိန် ဝမ်းနဲစရာ မြင်ကွင်း တွေက ကွက်ကွက် ကွင်းကွင်း
မြင်ရောင် လာစေတယ်။ သားအပေါ်မှာ အချစ် ကြီးပြီး ရက်စက် မှုတွေကို ခံခဲ့ရတဲ့ ဖခင် ဘုရင်ကြီးက ဘုရားရှင်ကို ဖူးမျှော်လို့ ရနိုင်တဲ့ နေရာမှာ သူ့ကို အကျဉ်းချဖို့ တောင်းဆို ခဲ့တယ်။ ဒါကြောင့် ဂိဇ္ဈကုဋ် တောင်ထိပ်က ဘုရားရှင်ကို လှမ်းပြီး ဖူးမြှင်လို့ ရနိုင်တဲ့ ဒီနေရာမှာ အကျဉ်း ချခဲ့တယ်။
ဘုရားကို လှမ်းဖူးလိုက် သမာပတ် ဝင်စားလိုက်နှင့် သောတာပန်ဘုရင်ကြီးဟာ လောကဓံကို ကြံ့ကြံ့ခံခဲ့တယ်။ ဒါအပြင် ခင်ပွန်းအပေါ်မှာ သစ္စာရှိပြီးဝတ္တရားကျေပွန်ခဲ့တဲ့ ဝေဒေဟီ မိဘုရား ရဲ့ ပုံရိပ်တွေ၊ မိမိဖခင်ကို အဖေရင်းလို တန်ဘိုး မထားနိုင်လောက်အောင် အာဏာရစ်မှုးကာ ကမ္ဘာတုန်အောင် ရက်စက်ပြ ခဲ့တဲ့ အဇာတသတ် မင်းသားရဲ့ ပုံရိပ်တွေဟာ တသီးကြီးပေါ်လာပြီး ရင်ကို နာကျင်စေပါတယ်။ အခုတော့ သမိုင်းရုပ်ကြွင်း တစ်ခုအဖြစ် ကျန်နေခဲ့ပြီပေါ့။
နေ့ဆွမ်းကိုတော့ မဏိယာမတ်အနီးက ကျယ်ဝန်းပြီးသန့်ရှင်းလှပတဲ့ ဇယပရကာဆ် ဥဒ္ဓယာန်း ပန်းခြံကြီးထဲမှာ စားခဲ့ကြတယ်။ ဆာကလည်းဆာ ဦးကုဏ်လက်ရာ ချဉ်ပေါင်ကြော်ကလည်း ကောင်းတော့ အားလုံး ခေါင်းမဖော်နိုင်လောက်အောင် မြိန်ခဲ့ကြတယ်။ စားပြီးတော့ နေရာကလည်း သန့်ရှင်း ခရီးပင်ပန်းမှုကလဲ ဖြစ်တော့ခေတ္တ အနားယူကြတယ်။

အေးရိပ်ကောင်းလှတဲ့ ၀ါးခြုံကြီးရဲ့အောက် မြက်ခင်းပြင်ပေါ်မှာ ထိုင်ကာအနားယူကြပြီး ဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို အာရုံပြုကြပါတယ်။ ဘုရား လောင်းသိဒ္ဓတ္တမင်းသားဟာ တောထွက်ရဟန်းပြုပြီး ရာဇဂြိုဟ်မြို့ကို ရောက်တဲ့အချိန် ဗိမ္ဗိသာရမင်းကြီးနှင့် တွေ့ပါတယ်။ မင်းကြီးက သဘောကြပြီး ထီးနန်းတစ်ဝက်အပ်ပေမဲ့ လက်မခံဘဲ ပယ်ချကာ ဘုရားဖြစ်ဖို့ကိုပဲ ဦးတည် ကျင့်ကြံခဲ့ပါတယ်။ သို့ပေမဲ့ ဘုရားဖြစ်က ရာဇဂြိုဟ်ကို ပထမဆုံး ကြွခဲ့မယ် ဆိုတဲ့ ကတိကိုတော့ ပေးခဲ့ပါတယ်။ ဒီကတိအတိုင်း ဓမ္မစကြာတရာဦး ဟောကြားပြီးတဲ့နောက် ရဟန်းပေါင်း တစ်ထောင်ခြံရံကာ ရာဇဂြိုဟ်ကို ကြွလာခဲ့ ပါတယ်။ ဘုရင်ကြီးကလည်း ဘုရားရှင်ကို လေးစားလှတဲ့အတွက် မာဂဓတိုင်း အထင်ကရ ပုဏ္ဏားသူကြွယ်တွေ တစ်သိန်းနှစ်သောင်းခြံရံကာ တခမ်း တနား ကြိုဆို ခဲ့ပါတယ်။ ဒီကြိုဆိုပွဲမှာ ဘုရားရှင်က မဟာနာရဒ ကဿပဇာတ်တော်ကို ဟောကြားခဲ့ပါတယ်။ ဘုရင်ကြီးနှင့်တကွ အခြံအရံ တစ်သိန်း တစ်သောင်း တို့ဟာ သောတာပန်တွေဖြစ်သွားကြပြီး ကျန်တဲ့ တစ်သောင်းကတော့ သရဏဂုံ မြဲတဲ့ ဥပါသကာတွေ ဖြစ်သွားခဲ့ကြပါတယ်။
ဝေဠုဝန်ကျောင်းက အပြန်မှာတော့ မနီးမဝေး ဝေဘာရတောင်ခြေမှာ တည်ရှိတဲ့ ရေပူစန်းကို ၀င်ရောက်လေ့လာကြတယ်။ တပေါဒါမြစ်လို့ခေါ်တဲ့ မြောင်းငယ်ကို တံတားဖြင့် ဖြတ်ကူးသွားရပါတယ်။ ဒီမှာ ရေချိုးရင် ၉၆-ပါး ရောဂါပျောက်တယ်လို့ ယုံကြည်ကြပြီး ရေချိုးသူတွေ များပြား စည်ကား လှပပါတယ်။ ရေပူစမ်းအနီးမှာ အစားအသောက်ဆိုင်တွေ ကျုလယာဆိုင်တွေလည်း များပြားလှပါတယ်။ ရေချိုးတဲ့နေရာမှာ သုံးဆင့်ခွဲခြား သတ်မှတ် ထားပါတယ်။ ဇာတ်စနစ်ခွဲခြားမှု ပြင်းထန်တဲ့ နိုင်ငံဖြစ်လေတော့ ပထမဆုံး စဥ့်ပွန်များမှ စီးကျလာတဲ့ရေကို ဇာတ်မြင့်တို့ ချိုးကြရပါတယ်။ ဇာတ်မြင့်တွေ ချိုးပြီမှ ကျဆင်းလာတဲ့ရေကို အလယ်အလတ်တန်းစားတို့ ချိုးကြရပါတယ်။ နှစ်ဆင့်ချိုးပြီး အညစ်အကြေးနှင့်တကွ စီးကျလာတဲ့ ရေကိုမှ ဇာတ်နိမ့်တွေ ချိုးကြရတာပါ။ ရေချိုးဆိပ်တွေကိုလည်း သူ့နာမည်နဲ့သူ ပေးထားပါတယ်။ ပထမဆုံး ချိုးတဲ့နေရာကို ကြည့်တော့ချိုးချင်စရာ ရှိပေမဲ့ နောက်နှစ်ဆင့်ကတော့ အတော်ကို ညစ်ပတ်ပါတယ်။ ချိုးဖို့မပြောနဲ့ မြင်ရတာနဲ့တောင် စိတ်ပျက်စရာကောင်းလှပါတယ်။ သူ့အယူအဆနှင့်သူဆိုတော့လည်း ပျော်ပျော်ကြီး ချိုးနေလိုက်ကြတာ တိုးမပေါက်အောင်ပါပဲ။ မိမိတို့အဖွဲ့တော့ သူတို့ကို ကြည့်ပြီး တအံ့တသြ ဖြစ်ခဲ့ကြတယ်။
ကမ္ဘာကျော်လှတဲ့ နာလန္ဒာ တက္ကသိုလ်ဟောင်းကြီးကတော့ အခုချိန်ထိ ခန့်ခန့်ညားညား တည်ရှိနေတုံးပါ။ အဆောက်အဦဟောင်း ကြီးတွေ ကြီးကြီး မားမားနှင့် ရဲတိုက်ခံတယ်ကြီး တစ်ခုလို ထင်ရ လောက်အောင် ကြီးကျယ်လှပါတယ်။ အဆောက်အဦးကြီးတွေကလည်း စေတီနှင့် ဇရပ်များ အတန်း တက္ကသိုလ်ကျောင်းဆောင်ကြီးများအတန်း နှစ်တန်းခွဲကာ ဆောက်လုပ်ထားလို့ လွန်စွာ စနစ်ကြလှပါတယ်။ များပြားလှတဲ့ အဆောက် အဦးကြီးတွေမှာ ဘုရားခန်း သံဃာတွေ သီတင်းသုံးတဲ့ အခန်း စာသင်တဲ့အခန်း ရေချိုးရာရေတွင်း စသည်ဖြင့် လေ့လာလို့ မကုန်နိုင်အောင်ပါပဲ။ ဒီတက္ကသိုလ်ကြီးကပဲ ကမ္ဘာကျော် ပညာရှင်များစွာ မွေးဖွားပေးခဲ့ပါတယ်။ သမိုင်းကောက်ကြောင်းတွေ ပြန်လည်တူးဖော်ကြည့်ရင် ၀မ်းသာစရာ ၀မ်းနဲစရာတွေနှင့် ပြည့်နေတဲ့ တက္ကသိုလ်ကြီးပါ။
မဂိုဘုရင်များလက်ထက်မှာတော့ ရဟန်းတော်များကို ရက်ရက် စက်စက် သတ်ဖြတ်ကာ တက္ကသိုလ်ကြီးကိုလည်း မီးရှို့ဖျက်စီးခဲ့ကြပါတယ်။ ရဟန်းတော်ပေါင်းထောင်ပေါင်းများစွာ သွေးမြေကျခဲ့ကြတယ်။ တက္ကသိုလ် ကြီးကို ခံတပ်လုပ်ကာ တာခ်စစ်သားတွေက ကျောင်းတော်ကြီးမှ ရွှေငွေ ရတနာတွေကိုလည်း ယူငင်သွားကြတယ်လို့ မှတ်သားဖူးပါတယ်။ ၀မ်းသာစရာ ၀မ်းနဲစရာတွေနဲ့ ပြည့်နေတဲ့ တက္ကသိုလ်ကြီးရဲ့ ပုံရိပ်တွေပါ။