Saturday, June 4, 2011
အအိပ်အနေ ကမောက်ကမ ဖြစ်ခြင်း
ကာမ...
ဝတ္ထုကာမကို အလိုရှိသော သတ္တဝါအား ထိုဝတ္ထုကာမကို အလိုရှိတိုင်း အပြည့်အစုံရခဲ့မူ ယင်းသို့ အလိုရှိတိုင်း ရသောကြောင့် ဧကန် နှစ်သက် ဝမ်းမြောက်သော စိတ်ရှိ၏။ 773
ကာမကို အလိုရှိသည်ဖြစ်၍ လိုလားတောင့်တမှု ဖြစ်ပေါ်နေသော ထိုသတ္တဝါအား ထိုကာမတို့ ဆုတ်ယုတ်ကုန်မူ မြားပစ်ခံရသူကဲ့သို့ ဖောက်ပြန်တော့၏။ 774
မြွေ၏ ဦးခေါင်းကို မိမိ၏ ခြေဖြင့် ရှောင်ဖယ်သွား သကဲ့သို့ အကြင်သူသည် ကာမတို့ကို ရှောင်ဖယ်၏၊ သတိရှိသော ထိုသူသည် လောက၌ ဤကပ်ငြိမှု 'တဏှာ' ကို ကောင်းစွာ လွန်မြောက်နိုင်၏။ 775
အကြင်သူသည် လယ်ယာ မြေ အိမ်ရာ ရွှေ ငွေ နွား မြင်း ကျွန် အမှုလုပ် မိန်းမဆွေမျိုးတို့နှင့် အခြား ကာမဂုဏ်မျိုးတို့ကို တပ်မက်မော၏၊ အားမရှိသော ကိလေသာတို့သည် ထိုပုဂ္ဂိုလ်ကို နှိပ်စက်ကုန်၏၊ ထိုထိုဘေးရန်တို့ နှိပ်စက် ခံရသောကြောင့် ရေသည် လှေကွဲသို့ မပြတ်ဝင်ဘိ သကဲ့သို့ ဆင်းရဲသည် ထိုပုဂ္ဂိုလ်ကို မပြတ် လိုက်နေတော့၏။ 776-777
ထို့ကြောင့် သတ္တဝါသည် သတိထားလျက် ကာမတို့ကို အခါခပ်သိမ်း ရှောင်ကြဉ်ရာ၏၊ လှေကို ရေပက်ထုတ်လျက် တစ်ဖက်ကမ်းသို့ လှော်ခတ်သွား သကဲ့သို့ ထိုကာမတို့ကို ပယ်ထုတ်၍ သြဃလေးဖြာ သံသရာကို ကူးမြောက်ရာ၏။ 778
၁ - ကာမသုတ်၊ အဋ္ဌကဝဂ်၊ သုတ္တန္တပိဋကတ်၊ ခုဒ္ဒကနိကာယ်။
Even if you’re bad,…
သဗ္ဗညု ဘုရားရှင်တို့၏ အနှိုင်းမဲ့ ဥာဏ်တော် ( ၁၀ ) မျိုး
(၁) ဌာနာ ဌာန ကောသလ္လဥာဏ်တော် -
(၃) သဗ္ဗတ္ထဂါမိနီ ပဋိပဒါဥာဏ်တော်
(၅) သတ္တာနံ နာနာ ဓိမုတ္တိကတာ ဥာဏ်တော်
(၈) ပုဗ္ဗေ နိဝါသာ နုဿတိ ဥာဏ်တော်
(၉) စုတူပ ပါတ ဥာဏ်တော်
(၁၀) အာသ၀ါနံ ခယာ အနာသ၀ စေတောဝိမုတ္တိ ပညာဝိမုတ္တိ ဥာဏ်တော်
ဂျက် လီ ပြောပြတဲ့ ငွေတစ်ကျပ်ရဲ့ စွမ်းအား (၂)
တရုတ် ကြက်ခြေနီ အဖွဲ့က ဝမ် ရှုနောင်က မြေငလျှင် လှုပ်ပြီးနောက် One Foundation အဖွဲ့ရဲ့ မြန်ဆန်မှုနှင့် သက်သက်သာသာလေး လုပ်ဆောင်သွားမှုအပေါ် ချီးကြူးစကားတွေ အပြည့် ဆိုခဲ့ပါတယ်။ ဂျက် လီနှင့် စေတနာရှင် တစ်စုဟာ ပိုပြီးလိုအပ်မည့် ကယ်ဆယ်ရေး ပစ္စည်းတွေ ပေးလှူဖို့ တရုပ်ပြည် ငလျှင်ဒဏ်သင့်တဲ့ နေရာတွေကို ချက်ချင်းပဲ အပြေးအလွှား လာကြတယ်။ One Foundation အဖွဲ့ဟာ ထိခိုက်ခံရတဲ့ ဒေသတွေမှာ စာသင်ကျောင်းတွေ ဆောက်လုပ်ဖို့နှင့် ကျန်းမာရေး ဆိုင်ရာ အဆောက်အဦတွေ ဆောက်လုပ်ဖို့ ယွမ် နှစ်သန်း ($ 292,000) ကို ခွဲဝေလှူဒါန်းပါတယ်လို့ သူမက ဆိုပါတယ်။
(ဆက်ပါဦးမည်။
ဂျက် လီ ပြောတဲ့ ပရဟိတလုပ်ငန်းအတွက် အများ ယုံကြည်နိုင်မည့် အင်္ဂါရပ်အကြောင်း ပါဝင်မည့် နိဂုံးပိုင်းကို မကြာမီ တင်ပေးပါမည်။)
မေတ္တာဖြင့်
ဘုန်းဉာဏ်
ဇွန်လ ၄ ရက်နေ့တရားအစီအစဉ်များ။
၂၀၁၁ ခု ဇွန်လ ၄ ရက် ( ၁၃၇၃ ခု နယုန်လဆန်း ၃ ရက် ) စနေ နေ့
မြန်မာစံတော်ချိန် ၀၀း၀၀ နာရီမှ ၂၄း၀၀ နာရီ အထိ...
သီတဂူ ဆရာတော် ဒေါက်တာ အရှင် ဥာဏိဿရ ဟောကြားတော်မူသော...
၁) ဓမ္မ္ဓ ရတနာ့ ဂုဏ်ရည် (၁)
၂) ဓမ္မ္ဓ ရတနာ့ ဂုဏ်ရည် (၂)
၃) ဓမ္မ ရတနာ့ ဂုဏ်ရည် (၃)
၎) ဓမ္မ ရတနာ့ ဂုဏ်ရည် (၄)
၅) ဓမ္မ ရတနာ့ ဂုဏ်ရည် (၅)
၆) ဓမ္မ ရတနာ့ ဂုဏ်ရည် (၆)
၇) သိဋ္ဌဓမ္မ အမြတ်တရား (၁)
၈) သိဋ္ဌဓမ္မ အမြတ်တရား (၂)
၉) သစ္စာ မေတ္တာ စွမ်းရည် (၁)
၁၀) သစ္စာ မေတ္တာ စွမ်းရည် (၂)
၁၁) ဝေဿန္တရာသတ္တိ သုတ္တန် (၁)
၁၂) ဝေဿန္တရာသတ္တိ သုတ္တန် (၂)
၁၃) ဘဒ္ဒ၀ဂ္ဂီ ညီနောင်သုံးကျိပ် (၁)
၁၄) ဘဒ္ဒ၀ဂ္ဂီ ညီနောင်သုံးကျိပ်(၂)
၁၅) စိတ္တသူကြွယ် အတ္ထုပတ္တိ(၁)
၁၆) စိတ္တသူကြွယ် အတ္ထုပတ္တိ (၂)
၁၇) အရှင်နာဂသိန်နှင့် အဘိဓမ္မာ (၁)
၁၈) အရှင်နာဂသိန်နှင့် အဘိဓမ္မာ(၂)
၁၉) တဖုဿနှင့် ဘလ္လိကညီနောင် (၁)
၂၀) တဖုဿနှင့် ဘလ္လိကညီနောင် (၂)
တရားတော်များကိုလွှင့်ကြားပေးသွားပါမည်။
တရားကိုချစ်ခင်၊ တရားကိုမြတ်နိုး၊ တရားနှင့်ပျော်မွေ့သူတိုင်း ဘ၀၏
ငြိမ်းအေးရာ တရားထူး၊တရားမြတ်များ ရှာတွေ့နိုင်ကြပါစေ။
When I say that 'I am a Buddhist',
Instead I'm shouting that
'I am going to Heaven while you are on
a one way ticket to Hell' mindset.
Instead I'm confessing that
I am ignorant of much Truth and
need the Buddha Dhamma to be my guide.
I'm not trying to show 'One-upmanship' or arrogance
need the Buddha, Dhamma and Sangha
When I say 'I am a Buddhist',
Instead I'm admitting I have failed time and
again to let go of my Greed, Hatred and Ignorance,
and need the Buddha Dhamma to
help me develop qualities of
When I say 'I am a Buddhist',
In reality my flaws are far too visible,
အလှူဒါန ပြုကြရာတွင်…
စင်စစ် အလှူဒါနပြုကြသည့်အခါ လှူသမျှ အကျိုးရရန်နှင့် မှန်ကန်သည့်အလှူဖြစ်ရန် အရေးကြီးလှပေ၏။ မိမိအလှူသည် အလှူခံပုဂ္ဂိုလ်အတွက်လည်း အကျိုးရှိ၊ သူတပါးကိုလည်း မထိခိုက်သည့် အလှူဖြစ်ရန် လိုသကဲ့သို့ မိမိကိုယ်တိုင်လည်း စစ်မှန်သည့် စေတနာသဒ္ဓါတရားဖြင့် လှူတတ်ရန်လည်း အထူးလိုအပ်လှပေ၏။ အလှူဒါနဟူသည် ပေးကမ်းခြင်းဟု အဓိပ္ပါယ်ရသော်လည်း မှန်ကန်သည့်အရာ၊ လိုအပ်သည့်အရာ၊ အပြစ်မရှိသည့် အရာများကို ပေးလှူတတ်မှသာ အလှူဒါနမြောက်နိုင်ပေ၏။ မပေးလှူသင့်သည့်အရာ၊ မပေးလှူအပ်သည့် အရာများကို ပေးလှူမိပါက အလှူဒါနမမြောက်သည့်အပြင် စစ်မှန်သည့် ဒါနမဟုတ်ဘဲ ဒါနအတုသာ ဖြစ်နေတတ်ပေ၏။
ဗုဒ္ဓစာပေတွင် မလှူသင့်သည့် အလှူဒါန သို့မဟုတ် ဒါနအတုခေါ် ဒါနမမည်သော အရာငါးမျိုးရှိကြောင်း ဖော်ပြထား၏။ ထိုငါးမျိုးမှာ
၁။ သေရည်သေရက် ဘိန်းစသည့် မူးယဇ်ဆေးဝါးများကို ပေးလှူခြင်း မဇ္ဇဒါန
၂။ ကပွဲသဘင်ကျင်းပပေးခြင်း သမဇ္ဇဒါန
၃။ မေထုန်အလို့ငှါ မိန်းမများကို ပေးလှူပေးခြင်း ဣတ္ထိဒါန
၎။ နွားမတို့အလယ်သို့ နွားထီးကို လွှတ်ပေးခြင်း ဥသဘဒါန နှင့်
၅။ ရာဂကို လှုံဆော်ပေးတတ်သည့် ပန်းချီးပန်းပုစသည်တို့ကို ပေးလှူခြင်း စိတ္တကမ္မဒါန ဟူသော ဤငါးမျိုးပင် ဖြစ်၏။ (ဝိ၊ ၅၊ ပါ၊ ၂၃၁) ဤဒါန အမျိုးအစား ငါးမျိုးတို့သည် ပေးကမ်းလှူဒါန်းခြင်းဖြင့် ဒါနမမြောက်သကဲ့သို့ အလှူခံ ပုဂ္ဂိုလ်များအားလည်း ကိလေသာကာမနှင့် အကုသိုလ်တရားသာ တိုးပွားစေသဖြင့် ကုသိုလ်မဖြစ်ဘဲ အကုသိုလ်ကိုသာ ဖြစ်စေတတ်ပေ၏။ ထို့ကြောင့် စစ်မှန်သည့် အလှူဒါနကို ပြုလုပ်လိုသူများသည် အထက်ပါ ဒါနအတု ငါးမျိုးကိုလည်း ရှောင်ရှားကြရန်လိုအပ်ကြောင်း ဆိုခြင်းဖြစ်ပါ၏။
တစ်ခါက လူငယ်အချို့၏ ပြောဆိုသံကို ကြားခဲ့ဖူး၏။ သူတို့ထဲမှ တစ်ယောက်က မိမိ၏ မွေးနေ့အထိမ်းအမှတ်အဖြစ် အရက်ဆိုင်တွင် အရက်ဒကာခံမည့်အကြောင်း၊ နိုက်ကလပ်တွင် ဒကာခံမည့်အကြောင်း ပြောဆိုသည်ကို အခြား သူငယ်ချင်းများကလည်း သာဓုပါဗျာဟု ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်သံကိုလည်း ကြားခဲ့ရ၏။ ကြားရသည်မှာ စိတ်မကောင်းဖြစ်ရသကဲ့သို့ သာဓုကို အလွဲသုံးစား ခေါ်နေကြပါလားဟုလည်းတွေးကာ မသိမှုများ များလာကြသည့် ယနေ့ခေတ် လူငယ်အချို့အတွက် အားမလိုအားမရ ဖြစ်ခဲ့ရ၏။ စင်စစ် ထိုမွေးနေ့ရှင် ဒကာလေးပြောသကဲ့သို့ မွေးနေ့မှာ အရက်ဒကာခံခြင်းသည် အလှူမမြောက်သည့်အပြင် ကုသိုလ်လည်း ရမည်မဟုတ်ပေ။ ဒါနအတုခေါ် မလှူကောင်းသည့် အလှူကို လှူခြင်းဖြစ်သဖြင့် ငွေသာကုန်ပြီး အကျိုးမရှိသည့် အလှူမျိုးသာ ဖြစ်နေပေ၏။ ကုသိုလ်မရလျှင်တော်သေး၏။ အကုသိုလ်ပါ ရလိုက်ခြင်းကား မကောင်းသည့် တန်ပြန်သက်ရောက်မှုအထိ ဖြစ်ပေါ်စေနိုင်ပေ၏။ အရက်နောက်တွင် ပါလာသည့် အကုသိုလ်များ၊ နိုက်ကလာပ်တွင် ရလာသည့် ကိလေသာများကား ဒါနအတုကို အလှူပြုခဲ့မှု၏ လက်တွေ့အပြစ်များပင် ဖြစ်နေပြီး ထိုအပြစ်များဖြင့် ဘဝအဆုံးသတ်သွားလျင်ကား အပါယ်အထိပင် လားစေနိုင်ပေ၏။ ထို့ကြောင့် အရာရာတွင် ဒကာခံလိုသူများ သတိပြုရမည်မှာ လှူတိုင်းဒါနမဖြစ်သည့် အလှူများကို စေတနာကောင်းကောင်းဖြင့် မလှူမိကြရန် ဖြစ်ပါ၏။
အလှူဒါနပြုရာတွင် အထက်ပါ ဒါနအတုမျိုးကို မလှူမိကြရန် သတိပြုသင့်သကဲ့သို့ အခြားအခြားသော အပြစ်ကင်းသည့် အလှူများကို လှူသည့်အခါတွင်လည်း စေတနာပြတ်ကာ အလှူမြတ်ရန် ကြိုးစားသင့်လှပေ၏။ သူတော်သူမြတ်များကဲ့သို့ အလှူအပေါ်တွင် စိတ်ထားရန်မှာ မလွယ်လှသော်လည်း သူတော်စင်များပြုသည့် အလှူဒါနမျိုးကို အတုယူကာ ကြိုးစားလိုက်နာ လှူဒါန်းသင့်ကြပေ၏။ မိမိအလှူသည် အတတ်နိုင်ဆုံး သပ္ပုရိသဒါနခေါ် သူတော်ကောင်းအလှူမျိုးဖြစ်ရန် အားထုတ်သင့်လှပေ၏။ ထိုသို့သူတော်ကောင်း အလှူဖြစ်စေရန် သပ္ပုရိသဒါန (၅)မျိုးရှိကြောင်း အင်္ဂုတ္တိုရ်ပါဠိတော်၊ သပ္ပုရိသဒါနသုတ်တွင် ဖွင့်ဆိုရှင်းပြထား၏။ ထိုငါးမျိုးမှာ
၁။ ဒါနနှင့် ဒါန၏အကျိုးကို ယုံကြည်၍ တစ်နည်းအားဖြင့် ရတနာသုံးပါး ကံကံ၏ အကျိုးကို ယုံကြည်၍ ပေးလှူခြင်း
၂။ အလှူခံပုဂ္ဂိုလ်ကို ရိုသေ၍လည်းကောင်း၊ အလှူဝတ္ထုကို စင်ကြယ်စေ၍လည်းကောင်း ပေးလှူခြင်း
၃။ သင့်လျော်ရာ အချိန်ကာလ၌ ပေးလှူခြင်း
၎။ အလှူခံပုဂ္ဂိုလ် အလိုရှိရာကို ချီးမြှောက်လိုသော စိတ်ဖြင့်၊ တစ်နည်းအားဖြင့် မတွန့်မဆုတ် လွတ်လွတ်ကျွတ်သော စိတ်ဖြင့် ပေးလှူခြင်း
၅။ မိမိကိုယ်ကိုလည်း မချီးမြှောက်၊ သူတပါးကိုလည်း မနှိမ့်ချဘဲ ပေးလှူခြင်း (အံ၊ ၅၊ ပါ၊ သပ္ပုရိသသုတ်၊ နှာ၁၅၂) ဟူသော ဤငါးမျိုးပင် ဖြစ်၏။
ပညာရှိ သူတော်ကောင်းများသည် အလှူဒါန ပြုကြသည့်အခါ အထက်ပါ အချက်အလက်များနှင့် ညီညွတ်စွာ ပြုလုပ်တတ်ကြပေ၏။ ယနေ့ခေတ် ဗုဒ္ဓဘာသာဝင်များလည်း အလှူဒါန ပြုသည့်အခါ ထိုအချက်များနှင့်အညီ ပြုလုပ်နိုင်လျှင် အမှန်ပင် ပြည့်စုံကောင်းမွန်သည့် အလှူဒါန ဖြစ်နိုင်ပေ၏။ သို့သော် လက်တွေ့တွင် အလှူဒါနပြုသူများသည် ထိုအချက်များနှင့် ညီညွတ်စွာ ပြုလုပ်နိုင်ရန် မလွယ်လှသည်ကိုတွေ့ရ၏။ မလွယ်ဟုဆိုသည်ထက် မလိုက်နာနိုင်ကြဟု ဆိုသည်က ပို၍သင့်လျော်ပေ၏။ အထူးသဖြင့် အလှူဝတ္ထု စင်ကြယ်ရန်၊ မတွန့်မဆုတ် လွတ်လွတ်စွန့်သော စိတ်ဖြင့် လှူဒါန်းရန်နှင့် မိမိကိုယ်ကို မချီးမြှောက်၊ သူတပါးကို မနှိမ့်ချသည့် အလှူဒါနမျိုး ဖြစ်ရန်မလွယ်ကြ၊ မလိုက်နာကြသည်ကို အတော်များများ တွေ့နေရ၏။
မှန်၏။ မျက်မှောက်ခေတ် ဗုဒ္ဓဘာသာဝင် အတော်များများသည် အလှူဒါနပြုကြသည့်အခါ စိတ်စေတနာ မပြတ်ကြသည်ကို တွေ့ရတတ်၏။ အလှူ၏နောက်တွင် မျှော်လင့်ချက်များ၊ ထောင်မြင်ရာစွန့်သည့် သဘောများ၊ ဂုဏ်တုဂုဏ်ပြိုင် သဘောများ၊ တစ်ရာဖိုးလှူပြီး တစ်ထောင်ဖိုးလောက် ဂုဏ်ဖော်လိုကြသည့် သဘောများ စသည်ဖြင့် မပြတ်မသား အလှူများသာ အဖြစ်များနေကြသည်ကို တွေ့ရတတ်၏။ ထို့အပြင် မိမိကိုယ်ကို အလှူဒါနဖြင့် ချီးမြှောက်ကာ မိမိသည် ဤသို့ သဒ္ဓါတရားကောင်းသူ၊ အလှူအတန်း ရက်ရောသူ၊ မည်၍မည်မျှ လှူနိုင်သူ စသည်ဖြင့် ဂုဏ်တင်ကာ ဝါကြွားတတ်ကြသကဲ့သို့ မိမိလောက် မလှူနိုင်သူများ အပေါ်တွင်လည်း မထိတထိ အပြောများ၊ နှိမ့်ချသည့် သဘောများ၊ ကဲ့ရဲ့သည့် သဘောများ စသည်ဖြင့် အလှူဒါနကို အကြောင်းပြုကာ အနိုင်ယူလိုသည်များလည်း ရှိတတ်ကြ၏။ ထိုသဘောများ ရှိနေသမျှ မိမိတို့ ပြုလုပ်ကြသည့် အလှူဒါနသည် ဖြူစင်သည့် အလှူဒါနမျိုး မဖြစ်နိုင်သကဲ့သို့ သူတော်ကောင်းများ ပြုလုပ်သည့် သပ္ပုရိသ ဒါနမျိုးလည်း မဖြစ်နိုင်ပေ။ သူတော်ကောင်းများ၏ အလှူဒါနသည် ဖြူစင်လှ၏။ မျှော်လင့်ချက်ကင်းကာ စိတ်စေတနာပြတ်သား၏။ သင့်လျော်သည့်အချိန်တွင် သင့်လျော်သည့် အလှူဝတ္ထုဖြင့် စင်ကြယ်စွာ ပေးလှူလေ့ရှိ၏။ မိမိလှူသည့် အလှူအပေါ်တွင်လည်း ဂုဏ်တုဂုဏ်ပြိုင် သဘောမျိုးမရှိ၊ ထင်ပေါ်ကျော်ကြားလိုမှု မရှိ၊ သူတပါးကို နှိမ့်ချလိုမှုမရှိတတ်ပေ။ မိမိအလှူကို အကြောင်းပြု၍ အလှူခံပုဂ္ဂိုလ်များ အဆင်ပြေစေရန်ကိုသာ အလေးဂရု ပြုလေ့ရှိတတ်၏။ ထို့ကြောင့်လည်း သူတော်ကောင်းများ၏ အလှူဒါနသည် ပါရမီမြောက်ကာ အကျိုးပြီးမြောက်ခြင်း ဖြစ်ပေ၏။
အမှန်အားဖြင့် အလှူဒါနသည် နိဗ္ဗာန်ကို တိုက်ရိုက်မျက်မှောက် မပြုနိုင်သော်လည်း နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရေး အထောက်အကူပေးသည့် ကုသိုလ်အမျိုးအစားတွင် ပါဝင်ပြီး ပါရမီတော်များတွင် ရှေးဦးစွာ ဖြည့်ကျင့်ရသည့် ပါရမီမျိုး ဖြစ်ပါ၏။ မိမိတို့၏ စိတ်သန္တာန်တွင် စိမ့်ဝင်နေသည့် ရယူလိုမှုလောဘ၊ မပေးလို၊ မလှူလိုမှု မစ္ဆရိယကို ပေးကမ်းစွန့်ကြဲခြင်းဖြင့် တိုက်ထုတ်ပေးသည့် လက်နက်ကောင်းလည်း ဖြစ်ပါ၏။ အလှူဒါနပြုခြင်းဖြင့် မိမိ၏သန္တာန်တွင် ထိုလောဘ၊ မစ္ဆရိယများ မပေါ်စေရေး၊ လျော့နည်းစေရေးကို အထောက်အကူ ပေးနေမည်သာ ဖြစ်ပါ၏။ အကယ်၍ ထိုသို့မဖြစ်ဘဲ အလှူဒါနကို အကြောင်းပြုကာ မိမိသန္တာန်တွင် လောဘ၊ မာန၊ နောင်တ စသည်များသာ ဖြစ်ပေါ်နေမည်ဆိုပါက ထိုအလှူဒါနသည် ဖြူစင်သန့်ရှင်းသည့် အလှူဒါနဖြစ်ရန် မလွယ်လှသည်ကို သတိပြု ဆင်ခြင်ရမည် ဖြစ်ပါ၏။
ဆိုလိုသည်မှာ အလှူဒါန ပြုလုပ်ရသည်ကို နှစ်သက်ကြသည့် ဗုဒ္ဓဘာသာဝင်များ အနေဖြင့် မိမိတို့၏ အလှူဒါနများနှင့် ပတ်သက်၍ သတိပြုသင့်သည်မှာ မလှူသင့်သည့် အလှူများနှင့် လှူသည့်အခါ အလှူအကျိုးကြီးစေမည့် အချက်များကို သိရှိလိုက်နာကာ ရှောင်သင့်သည်ကိုရှောင်ပြီး ဆောင်သင့်သည်ကို ဆောင်ကြရမည် ဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။ အရက်ဒကာခံခြင်း၊ နိုက်ကလပ် ဒကာခံခြင်းစသည်များသည် မလှူကောင်းသည့် အလှူ၊ မလှူသင့်သည့် အလှူမျိုးဖြစ်ကြောင်းနှင့် အလှူလှူသည့်အခါ ကံကံ၏အကျိုးကို အမှန်သိကာ ပြတ်သားသည့် စိတ်စေတနာဖြင့် မိမိကိုယ်ကို ချီးမြှောက်လိုသည့် သဘောမျိုး၊ သူတပါးကို နှိမ့်ချလိုသည့် သဘောမျိုး မရှိဘဲ ဝဋ်ကင်းပြတ်ရာ နိဗ္ဗာန်ကို မျက်မှောက်ပြုစေမည့် အလှူဒါနမျိုး ဖြစ်အောင်သာ လှူဒါန်းသင့်ကြောင်း စသည်ဖြင့် သိစေလိုရင်း ဖြစ်ပါ၏။ အလှူဝတ္ထု အနည်းအများသည် အရေးကြီးဘဲ လှူဒါန်းသည့်အခါ ထားရှိရမည့် စိတ်ထား၊ ပြည့်စုံရမည့် သဒ္ဓါတရားနှင့် ရွေးချယ်ရမည့် ဒါနများသာ အရေးကြီးကြောင်း နားလည်စေလိုရင်း ဖြစ်ပါ၏။
ထို့ကြောင့် မည်သို့ပင်ဆိုစေ ရှိရင်လှူမည်၊ လှူဖို့အတွက် ရှာမည်ဟူသော ကောင်းမြတ်သည့် စိတ်ထားဖြင့် အလှူဒါန ပြုနိုင်ရေး ကြိုးစားအားထုတ်နေကြသည့် ဒါနချစ်ခင် အလှူရှင်များ အနေဖြင့် မိမိတို့၏ အလှူဒါနများ မှန်ကန်စေရန်၊ သူတော်ကောင်းများ၏ လမ်းစဉ်နှင့် ညီညွတ်စေရန်၊ အလှူ၏ အကျိုးတရား အပြည့်အစုံ ဖြစ်ပေါ်စေရန် စသည်တို့အတွက် အလှူဒါနပြုကြသည့်အခါ ရှောင်သင့်သည်ကိုရှောင်၍ ဆောင်သင့်သည်ကို ဆောင်ကာ မှန်ကန်သည့် ယုံကြည်မှု၊ မှန်ကန်သည့် ရွေးချယ်မှု၊ ပြတ်သားသည့် စွန့်လွှတ်မှု စသည်များဖြင့် ဝဋ်ဆင်းရဲမှ ကင်းပြတ်ရာကို အာရုံပြု၍သာ ကြိုးစားအားထုတ် ပြုလုပ်ကြပါဟု တိုက်တွန်းလိုက်ရပါသည်။
စာရေးသူ = အရှင်ဝိစိတ္တ (မနာပ ဒါယီ) ။ အချိန် 6:02 PM 0 မှတ်ချက်များ (...ရေးရန်)
စုစည်းထားမှု = ဓမ္မရသစာစုများ
Read more...Three Basic Principles in human life(04)
ဒေါင်းလန်းကြီးရဲ့အလယ်
အဆောင်မှာ နိုင်ငံပေါင်းစုံက ကျောင်းသားပေါင်းစုံရှိတယ်။ အထူးသဖြင့် အာရှနိုင်ငံများကပေါ့။ အီရန် အီရတ်၊ ပါကစ္စတန်၊ အာဖဂန်၊ အမေရိကန်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ။ ယီမင်။ မွန်ဂို၊ ဂျပန်၊ ကိုရီးယား၊ အာဖရိကန်၊ မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ၊ ဗိယက်နာမ် စတာ စတာတွေပေါ့။ ကျောင်းသား ကျောင်းသူ အဆောင်ခွဲထားတယ်။ ကျောင်းသားများ နေတဲ့ အခန်းတွေထဲကို အမျိုးသမီးများ မ၀င်ရသလို ကျောင်းသူများရဲ့ အခန်းထဲကိုလည်း အမျိုးသားတွေ သွားလာခွင့် မရှိဘူး။ တွေ့ချင်ရင် ဧည့်ခန်းမှာပဲ တွေ့လို့ရတယ်။ အဆောင်မှာ အသောက် အစား မလုပ်ရဘူး။ ည ၉ နာရီကျော်ရင် အဆောင်မှာ ဧည့်တွေ့ခွင့် မရှိတော့ဘူး။ တွေ့ချင်ရင် အပြင်မှာ တွေ့ပေါ့။ အဆောင်မှာ ဗိယက်နမ်တွေက အဖွဲ့တောင့်တယ်။ ပြီးတော့ မြန်မာ၊ ထိုင်း။ ဒီနိုင်ငံတွေက ကျောင်းသားအားလုံးနီးပါးဟာ ဘုန်းကြီး ရဟန်းများဖြစ်ကြတယ်။ အရှေ့ အလယ်ပိုင်းက ကျောင်းသားတွေ ကလည်း တကယ့် ဘာသာရေး သမားတွေများတယ်။ အဆောင်အပေါ်ဆုံးထပ်မှာ စုပေါင်း ၀တ်ပြု ဆုတောင်း တာတွေလုပ်ကြတယ်။ ဒါကြောင့် အဆောင်က ဘုန်းကြီးကျောင်းလိုပဲ သိပ်ဆူညံမှု မရှိဘူး။ အမျိုးသမီး အဆောင် ဆိုရင် ဗိယက်နာမ် သီလရှင်တွေက များတယ်။ နိုင်ငံခြားသား အဆောင်တွေမှာ ဘာလို့ နိုင်ငံခြား သား ဘုန်းကြီး သီလရှင်တွေက များနေတာလဲ။ ဒါလဲ ထူးခြားချက်ပဲ။ ဘုန်းကြီး သီလရှင်ဆိုတာ လူတွေလို မဟုတ်ဘူး။ နေတာ ထိုင်တာ အေးဆေးကြတယ်။ ပြဿနာ မရှာဘူး။ ပြောရဆိုရတာလည်း လွယ်တယ်။ ပြီးတော့ ယုံကြည် စိတ်ချရတယ်။ စတဲ့ ကောင်းကွက်တွေကြောင့် အဆောင်မှုးက ဦးစားပေးစနစ်နဲ့ ပေးထား တယ်လို့ ပြောလို့ ရတယ်။
မြန်မာကျောင်းသားတွေဆိုရင် အားလုံးဟာ ဘုန်းကြီး ရဟန်းများဖြစ်ကြတယ်။ သူတို့က သူများထက် အနည်းငယ်ထူးတယ်။ သီးသန့်နေတတ်တယ်။ အခန်းအောင်း များတယ်။ စကားနည်းတယ်လို့ အများက သုံးသပ်ကြတယ်။ ဟုတ်တယ် မြန်မာတွေက ဘုန်းကြီး ရဟန်းဖြစ်နေလို့လား မသိဘူး အများနှင့် ဖက်လည်း တကင်း ပြောလား ဆိုလား လုပ်တာ မရှိသလောက်ဘဲ။ ဒါကြောင့် အင်္ဂလိပ်အပြောမှာ အားနည်းတတ်ကြတယ်။ အခန်းအောင်း စာဖတ်၊ စာရေးနေတာ များတာမို့ အရေးအသားဘက်မှာ အညံ့ကြီးတော့ မဟုတ်ကြဘူး။ ဒါကြောင့် မြန်မာတွေက အများနှင့်စာလျှင် ကျောင်းပြီးမြန်တာများတယ်။ မြန်မာတွေက အချင်းချင်းကတော့ ခေါင်းတက် နင်းမတတ် ခင်မင်ကြတယ်။ စကားပြောစရာရှိရင် အားပါးတရ ပြောတတ်ကြတယ်။ အချင်းအချင်း အမှားထောက်ပြနေတာတွေ ရှိပြန်တော့ အချေအတင် စကားရည်လုနေတာ တွေကလည်း ရှိတာပဲ။ သူတို့က စုပေါင်းစား သောက် တတ်ကြတယ်။ ဒီစနစ်က မြန်မာတို့ရဲ့ ရှေးနှစ်ပေါင်း များစွာကတည်းက အခြေကျနေခဲ့တဲ့ ဒေါင်းလန်းကြီး စနစ်ပဲ။ ညီညွတ်ရေးကို အခြေခံထားတဲ့ ဘုန်းတော်ကြီး ကျောင်းတွေမှာ ယနေ့အထိ ကျင့်သုံးနေတဲ့ မရိုးနိုင်တဲ့စနစ် တစ်ခုပေါ့။ ဒီစနစ်က ဘယ်နေရာ ရောက်ရောက် မဖျောက်နိုင်တဲ့ မြန်မာတို့ရဲ့ ကိုယ်ပိုင်ဟန် စနစ်လိုဖြစ် နေပြီ။ မြန်မာကျောင်းသား အများစုက စုပေါင်းစားသောက်တာဆိုတော့ နေ့စဉ်နေ့ တိုင်း မျက်နှာစုံညီအစည်းအဝေး ရှိနေတော့တာ ပေါ့။ ပြောစရာ ရှိတာတွေ ဒီမှာပြောကြတယ်။ ဆွေးနွေး စရာရှိတာတွေ ဒီမှာဆွေးနွေးကြတယ်။ အသစ်အဆန်း သတင်း ပလင်းတွေကိုလည်း ဒီမှာပဲ ဖွင့်ချကြတယ်။ အချေအတင် ပြောစရာ ရှိရင်လည်း ဒီမှာပဲပေါ့။ အဲဒီတော့ မြန်မာကျောင်းသားများအဖွဲ့ စတိုင်က အများနဲ့ မတူတတ်ဘူးဖြစ်နေတာပေါ့။
မြန်မာကျောင်း သားတွေရဲ့ စုပေါင်း စားသောက်တတ်တဲ့ စနစ်ကို အများက သိပ်သဘောကျကြတယ်။ သဘောကျလွန်းလို့ အချို့ ဈေးဘိုးပေး လှူတာတွေ ရှိတယ်။ အချို့က ပါဝင်ခွင့် ရမလားလို့ လာမေးကြတယ်။ ကိုရီးယား၊ ဂျပန်တွေဆို အတူစားဘို့ နေနေသာသာ အချင်းချင်း မျက်နှာချင်းဆိုင် စကားပြေနေတာကို မတွေ့ရလောက်အောင်ပဲ။ ဗိယက်နမ်တွေက မဆိုးသေးဘူး အဖွဲ့အစည်းနဲ့ နေတတ်ကြသေးတယ်။ ထိုင်းတွေ ဆိုလည်း စုပေါင်း စားသောက်စနစ် မလုပ်ကြဘူး။
မြန်မာတွေက စူးစူးရဲရဲ အရသာတွေကို ကြိုက်တယ်။ ငါးပိ ငါးခြောက်များဟာ မြန်မာတို့ရဲ့ အသည်းစွဲ ဟင်းလျာတစ်ခုပဲ။ ငါးပိကို မြန်မာတွေက ကြိုက်ပေမယ့် အခြားနိုင်ငံခြားသားများကတော့ အထူးသဖြင့် အိန္ဒိယ နှင့် အရှေ့အလယ်ပိုင်းက ကျောင်းသားတွေကတော့ သေချင် အောင် မုန်းကြတယ်။ ဒါပေမယ့် အတွေ့အကြုံရှိ လာတော့ မထူးသလို ဖြစ်လာကြတယ်။ အချို့အကြိုက်တွေ့ပြီး လာတောင်းတာတောင်ရှိတယ်။ မြန်မာတွေက အသီးအရွက်ဆိုလည်း မျိုးစုံ စားတတ်ကြတယ်။ အိန္ဒိယသားအများစုက အသီးအရွက်စားတယ်လို့ ကမ္ဘာမှာ နာမည်ကြီးတယ်။ သူတို့လောက်တော့ မြန်မာတွေက ရီတာပေါ့။
ကြည့်လေ အဆောင်ဝန်းကျင်မှာ ရှိနေတဲ့ ခွေးတောက်ပင်က အရွက်အညွှန့်တွေဆို မြန်မာ တွေလက်ချက်နဲ့ နလံမထူအောင်ဖြစ်နေတာ။ မန်ကျည်းပင်က မာန်ကျည်းရွက်နုနု၊ အသီးနုနတွေကိုလည်း မျက်စောင်း တခဲခဲနဲ့ ပဲ။ ကန်ဇွန်းရွက်တွေက main building နားက ကျောက်ရေ ကန်ထဲမှာ အထွေးသားရှိတယ်။ ဇိမ်နဲ့ ထိုင်ခူး နေရုံပဲ။ တမာရွက်၊ အဝေရာရွက်၊ ပြီးတော့ မိုးရာသီဆို မျှစ်၊ ထိုင်းတွေကလည်း မျှစ်စားတတ်တာမို့ တစ်ခါတစ်ခါ ဦးသူက ရတတ်တယ်။ တရုပ် စကားတန်းက vice chancellor ရုံးခန်းနားမှာ အတန်းလိုက်ရှိတယ်။ တိဘက်တန် ရိုးရာ ဆေးဖော်မှာလိုလိုနဲ့ ခပ်တည်တည်နဲ့ လိုက်ကောက်ရင် မကြာပါဘူး တစ်အိပ် အပြည့်တော့ ရတတ် တယ်။ ၀န်းကျင်က အသီးအပွင့်မှန်သမျှ မြန်မာတွေ စားနေတာကို အားလုံးမြင်ကြ သိကြတယ်။ ဘာမှ မဖြစ်ဘူး ဆိုတာ သိတော့ အချို့(ထိုင်းတွေ)လိုက် စားကြတယ်။ အချို့(ဗိယက်နာမ်)က အဲဒါ ချက်ရင် ပေးပါဦးလို့ တောင်းကြတယ်။ မြန်မာတွေက သဘာဝ သစ်သီး သစ်ဥတွေ အကြောင်းကို အများထက် ပိုသိနေသလိုပဲ။ အများက စားရကောင်း မှန်းတောင် မသိတာတွေကို မြန်မာတွေ က အရသာပါပါ စားသောက်နေတာ ကြည့်ပေ တော့။ ဒါက ဘာလဲဆိုတော့ မြန်မာရိုးရာ တိုင်းရင်း ဆေးပညာနှင့်အညီ ရှေးရှေးမြန်မာတွေက အစား အစာများ ကို အစာလည်း ဆေး၊ ဆေးလည်းအစာ ဖြစ်အောင် ပြုပြင်စီမံပေးခဲ့ကြလို့ဖြစ်တယ်။ ဒါပေမယ့် အိန္ဒိယမှာ အသီးအရွက် ခူးရတဲ့ ဒုက္ခကလည်း မသေးလှဘူး။ လူရှင်းလောက်မှ ခူးရတယ်။ လူလာရင် မယောင်မလည် လုပ်နေရတယ်။ မေးလာရင် ဆေးရွက်ခူးတာပါလို့ ဖြေရတယ်။ အများထက် ထူးနေတော့ တစ်မျိုးမြင်မှာလည်း စိုးရတယ်လေ။
Read more...တရားမင်းသခင် - ၁၃။ ခွဲခွာချိန်
ဝိသာခနှင့် ဓမ္မဒိန္နာ (၂)
ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတွင်းရှိ ၀ါးရုံများ (၀ါးဖြင့်ဆောက်ထားသောကြောင့် ဝေဠုဝန်ကျောင်းဟု အမည်တွင်သည်။)
ထိုအခြေအနေကို ဓမ္မဒိန္နာ အကဲခတ်ရခက်နေရှာ၏။ သူ့အပေါ် အလိုမကျ၍ဟုထင်မြင်နေရှာ၏။ သို့မဟုတ် သူတစ်ပါးအပေါ် အလိုမကျဖြစ်ခဲ့သည်လားဟု သံသယ၀င်နေရှာ၏။ အလိုမကျဖြစ်မည်ဆိုလျှင်လည်း တစ်ရက်နှစ်ရက်ကြာလျှင် စိတ်ပြန်လည်ပြောင်းသွားမည်ဟု မျှော်လင့်လျက် နေရှာ၏။ သို့သော် ရက်တွေကြာညောင်းသော်လည်း သူ့အမူအရာများမှာ ဘာတစ်ခုမျှ ပြောင်းလဲမလာခဲ့။
စင်စစ်မှာ ဓမ္မဒိန္နာ ထင်ထားသကဲ့သို့မဟုတ်၊ အနာဂါမ်တည်ပြီးသည့် ပုဂ္ဂိုလ်တို့၏ အမူအရာပင်ဖြစ်၏။ သောတာပန်အဆင့် သကဒါဂါမ်အဆင့်မျှသည် ကာမာရာဂါနုသယကို အမြစ်ပြတ်မပယ်သတ်နိုင်သေးသဖြင့် ငါးပါးအာရုံ ကာမဂုဏ်တောတွင် ပျော်ရွှင်ရိုးရှိသည်သာ ဖြစ်၏။ ထို့ကြောင့် သာားသမီး ဇနီးမယားတို့နှင့် အတူတကွ နေထိုင်လျက်ရှိကြသေးသည်သာဖြစ်၏။ အနာဂါမ်တည်ပြီးလျှင်မူ ငါးပါးအာရုံ ကာမဂုဏ်တို့ကို ခုံမင်တပ်မက်မှု အလျဉ်းမရှိတော့။ တရား၏တန်ခိုး စွမ်းရည်သတ္တိကြောင့် ကိလေသာ ပါးသွားခြင်းဖြစ်၏။ အနာဂါမ်ဖြစ်က လူ့ပြည်၊ နတ်ပြည်ရှိ ကိလေသာမှန်သမျှ အလုံးစုံ ကုန်သွားခြင်းဖြစ်၏။
ဓမ္မဒိန္နာသည် သူ့မောင်တော် ၀ိသာခ အမူအရာ ပြန်လည်ပြောင်းလဲလာလိမ့်နိုးနှင့် နှစ်ရက် သုံးရက် စောင့်ဆိုင်းခဲ့သော်လည်း ဘာတစ်ခုမှ ထူးခြားမလာခဲ့။ ဘာကြောင့် ဤသို့ဖြစ်နေသည်ကို မသိသဖြင့် တအုံနွေးနွေးနှင့် ရတက်မအေးဖြစ်နေရှာလေ၏။ သုံးရက်မြောက်သည့်နေ့တွင် မအောင့်နိုင်တော့သဖြင့် ၀ိသာခတစ်ယောက်ထည်း အိပ်သည့်အခန်းတွင်းသို့ တံခါးဖွင့်ဝင်လိုက်၏။ ပိုဆိုးသည်မှာ ၀ိသာခက “ဓမ္မဒိန္နာ ဒီအချိန်ကြီး အခန်းထဲဝင်လာတာ ဘာသဘောလဲ”ဟု သူစိမ်းဆန်ဆန် အမေးခံလိုက်ရခြင်းပင်ဖြစ်၏။ ဓမ္မဒိန္နာသည် ၀မ်းနဲကြေကွဲသည့်စိတ်ကို မျိုသိပ်လျက် “မေးစရာရှိလို့ ၀င်လာတာပါ မောင်တော်”ဟု လေသံယဲ့ယဲ့လေးဖြင့် အဖြေပေးလိုက်၏။ “ဒါဆိုလဲ မေးပါ နှမတော်”။ “မောင်တော်ဟာ အရင်ကနဲ့ မတူ၊ အမူအရာတွေက သိပ်သူစိမ်းဆန်လွန်းအားကြီးနေတယ်။ နှမတော်ကို ရှိတယ်လို့တောင် မမှတ်တော့ဘူး။ အရင်ဆို ကောင်းတိုင်ပင် ဆိုးတိုင်ပင် နေလာခဲ့ကြတာလေ။ အခု ဒီလို သူစိမ်းတရံ ဆန်နေတာတွေက နှမတော်အပေါ် မကျေနပ်လို့လား၊ ဒါမှမဟုတ် အခြားသူအပေါ် မကျေနပ်လို့လား။ ဒါမှမဟုတ် နှမတော်ထက် ချစ်စရာ အသစ်တစ်ယောက်ယောက်များ တွေ့ထားလို့လား” ဟု စိတ်ထဲရှိသမျှ အကုန်ဖွင့်ဟမေးလိုက်လေတော့၏။
အမှန်အတိုင်း မဖြေရင်လဲ ဓမ္မဒိန္နာ ရင်ကွဲနာကျ သေမှာကို သိနေသဖြင့် မပြောမဖြစ် ပြောမှသာ ဖြစ်တော့မည်ဟုနှလုံးပိုက်လျက် ၀ိသာခက “နှမတော် ထင်သလိုမဟုတ်ဘူးကွယ်။ မောင်တော် တရားထူးတရားမြတ်ရလာခဲ့လို့၊ အနာဂါမ်တည်လာခဲ့လို့ တရားစွမ်းရည်ကြောင့် ငါးပါးအာရုံ ကာမဂုဏ်၊ လူ့ပြည်အာရုံတွေကို သာယာစုံမက်မှု မရှိတော့လို့ပါ။ ဒီအိမ်မှာရှိတဲ့ နှမတော်ဘက်က ပါလာတဲ့ ကုဋေ(၄၀)၊ မောင်တော်ဘက်ကပါလာတဲ့ ကုဋေ(၄၀) ပေါင်းကုဋေ (၈၀)ကို နှမတော် ကြိုက်သလိုသုံးတော့၊ မောင်တော်ကို ထမင်းလောက်သာ ကျွေးချင် ကျွေးထားတော့။ ဒီပစ္စည်းတွေ အားလုံးကို ငါ့ပစ္စည်းလို့ မသတ်မှတ်တော့ဘူး။ ဒါမှမဟုတ် နောက်အိမ်ထောင်ပြုချင်စိတ်ရှိတယ်ဆိုရင်လဲ နှမတော်ဆန္ဒအတိုင်းသာ ပြုပါတော့“ ဆိုပြီး ခရေစေ့တွင်းကျ ဖြေပြောပေးလိုက်လေ၏။ ထိုအခါမှ ဓမ္မဒိန္နာ အနေရ အထိုင်ရ သက်သာသွားရှာလေ၏။ သောကအပူမီးတို့ အေးငြိမ်းခွင့်ရသွားရှာလေ၏။ တရားကျေးဇူး၊ တရားသတ္တိ၊ တရား၏ စွမ်းအားတွေပင်ဖြစ်သည်ဟု သဘောပိုက်မိသွားလေတော့၏။
“မေးပါရစေဦးမောင်တော်၊ မောင်တော်တို့ရတဲ့တရားထူး တရားမြတ်ဆိုတာ ယောက်ျားတွေပဲ အားထုတ်ကောင်းတာလား၊ မိန်းမတွေရော အားမထုတ်ကောင်းဘူးလား” ဆက်မေးရှာလေ၏။ “ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ အားထုတ်မယ်ဆိုရင် ဒီတရားထူးတွေ ရနိုင်တာပဲ။ ယထာဘူတဉာဏ်က စတက်လို့ရှိရင် ရနိုင်ပါတယ်နှမတော်” ဟု ဖြေလိုက်သဖြင့် “ဒါဆို နှမတော် ဘိက္ခုနီမ ၀တ်ပြီး အားထုတ်မယ်၊ မောင်တော်ခွင့်ပြုနိုင်မလား” ဟု ခွင့်တောင်းလိုက်၏။ “ခွင့်ပြုတာပေါ့ နှမတော်ရယ်၊ အဲလို မပြောရက်လို့ အသာနေနေတာ၊ အခုလို နှမတော်က ဆန္ဒရှိလာတော့ မောင်တော် ပိုသဘောကျတာပေါ့” ဟု အသာတကြည် ခွင့်ပြုလိုက်လေ၏။
နောက်နေ့နံနက်တွင် ၀ိသာခသူဋ္ဌေးသည် ဘုရင်ဗိမ္ဗိသာရမင်းကြီးနန်းတော်သို့ ၀င်၍ ရွှေထမ်းစင် သွားငှားလေ၏။ ထိုခေတ်က ဘုရင်နှင့် သူဋ္ဌေးတို့သည် အလွန်အမင်း ရင်းနှီးကျွမ်းဝင်လေ့ရှိကြ၏။ ထို့ကြောင့်သာ ငှားရဲခြင်းဖြစ်သည်။ “ကျွန်တော်မျိုး၏ ဇနီး ဓမ္မဒိန္နာ ဘိက္ခုနီ ၀တ်ချင်တယ်ဆိုလို့ ထမ်းစင်လာရောက် ငှားတာပါဘုရား” ဟု သံတော်ဦးတင် လျှောက်ထားလေ၏။ မင်းကြီးကလည်း လှိုက်လှိုက်လှဲလှဲဖြင့် ခွင့်ပြု ငှားရမ်းလိုက်ပါ၏။ ဓမ္မဒိန္ဒာလည်း နံ့သာရေမိုးချိုးပြီး ထိုရွှေထမ်းစင်ကြီးဖြင့် ဆွေတော်မျိုးတော်အပေါင်းခြံရံလျက် စီကားသိုက်မြိုက်စွာပင် ဘိက္ခုနီမကျောင်းသို့ ၀င်လေ၏။ ယနေ့ခေတ်အလှူမင်္ဂလာပွဲများ ရှင်လောင်းယူသကဲ့သို့ ဖြစ်ဟန်တူ၏။ ဘိက္ခုနီတို့ကျောင်းရောက်လျှင် ဘိက္ခုနီတို့က “ဓမ္မဒိန္နာ- အသက်အရွယ် ငယ်ငယ်နဲ့ အခုလို ဘိက္ခုနီဝတ်ချင်တာက တစ်ယောက်ယောက်နှင့် မသင့်မြတ် အဆင်မပြေ၍ ၀တ်ခြင်းလား၊ သို့မဟုတ် သဒ္ဓါတရားသက်သက်ဖြင့် ၀တ်ခြင်းလား”ဟု မေးစိစစ်လေ၏။ ငယ်ရွယ်သူဖြစ်၍ သေသေချာချာ မေးစစ်ရခြင်းဖြစ်၏။ ဓမ္မဒိန္နာက သဒ္ဓါတရားသက်သက်ဖြင့် ၀တ်ချင်၍ လာခြင်းဖြစ်ကြောင်းလျှောက်ထားလေ၏။ ထိုအခါမှ ဓမ္မဒိန္နာကို ၀ိနည်း ဓမ္မကံအားလျော်စွာ သုံးဆယ့်နှစ်ကောဋ္ဌာသ ကမ္မဋ္ဌာန်း စီးဖြန်း၊ ဆံပယ်ခေါင်းရိပ်ပြီး ထုံးတမ်းစဉ်လာနှင့်အညီ ဘိက္ခုနီဘောင်သို့ သွတ်သွင်းပေးကြလေ၏။
(ဆက်လက်ဖော်ပြပါမည်








