* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, September 21, 2009

ဘုရားရှင်၏လက္ခဏာတော်

Great 32 Features of Lord Buddha



Read more...

မုဒြာအကြောင်း သိကောင်းစရာ ( ၃ )


( နမ -နမော- ရှိခိုးရိုသေမှု့ကို၊ ကရ - ပြုတော်မူဟန် )

အထက်က ပုံကတော့ နမက္ကာရ မုဒြာ ရုပ်ပွားတော် သင်္ကေတ ပါ၊ဘုရားရှင်အတွက် မဟုတ်ဘဲ သတ္တ၀ါအားလုံးအတွက် ဖြစ်ဟန်တူပါတယ်၊

( တိဏ -မြက်ရှစ် ဆုတ်ကို၊ ဟတ္ထ- လက်တော်မှ ကြဲဖြန့်တော်မူဟန် )

တိဏ ဟတ္ထ ရုပ်ပွားတော်ကို ကိုးကွယ်သူသည် အကြံအစည် မှန်သမျှ အောင်မြင်နိုင်ခြင်း၊ ဆုထူး လာဘ်ထူး ရရှိခြင်၊ စီးစိမ် တိုးတက်များပြားနိုင်ခြင်၊ ကံကောင်းးခြင်း၊ ရာထူး ဋ္ဌာနန္တရ အသစ်အသစ်ကို ရရှိတတ်ခြင်း၊ တန်ခိုး သိဒ္ဓိထူးကို ပိုင်ဆိုင်နိုင်ခြင်း၊

နေရာ ထိုင်စရာ အိမ် ကျောင်း ဇရပ် စသော အဆောက်အဦးကောင်းတို့ကို ပိုင်ဆိုင်ရတတ်ခြင်း၊ လယ်ယာ ကိုင်းကျွန်း ဖြစ်ထွန်းအောင်မြင်ခြင်း၊ သီးနှံစပါး ပေါများကြွယ်ဝ ခြင်း စသော လောကီ အကျိုးထူးတို့ကို ခံစားရသည် ဟု မဟာယာန တန္တရ ကျမ်းများက ဖွင့်ဆိုပေသည်၊


ဝိတက္က မုဒြာ ရုပ်ပွားတော်ကို ထုလုပ် စီရင်ကိုးကွယ်သူသည် အကြံအစည် ထိုးထွင်းအောင်မြင်ခြင်း၊ စိတ်ကူးဥာဏ် ဆန်းသစ် တီထွင်နိုင်ခြင်း၊ အဘိဓမ္မာ သဘောတရားတို့ကို ဟုတ်တိုင်းမှန်စွာ သိမြင်နိုင်ခြင်း၊ ဗဟုဿုတ ပေါများကြွယ်ဝခြင်း၊ ဥာဏ်ပညာ ထက်မြက်ခြင်း၊ သမာဓိဥာဏ် ရင့်သန်လွယ်ခြင်း၊ ထူးခြား ဆန်းပြားသော အယူဝါဒများကို သိမြင်လွယ် နားလည်လွယ်ခြင်း၊ တီထွင် ဆန်းသစ်သမျှ အောင်မြင်ပေါက်ရောက်ခြင်း၊ ဖြစ်ပေသည်၊

ထူးခြားချက်ကား ဤ ရုပ်ပွားတော် ရှိသော နေရာ အရပ်ဒေသ များတွင် ပညာရှိသူတော်စင်များ ပေါ်ပေါက် ထွန်းကားတတ်သည် ဟု ပဋိမာ သိက္ခာဝလိ ကျမ်းက ဆိုပေသည်၊



( ပတ္တ- သပိတ်တော် ကို၊ ဟတ္ထ- လက်တော်၌ပိုက်ထားတော်မူဟန် )

ပတ္တ ဟတ္ထ မုဒြာ ရုပ်ပွားတော်ကို ကိုးကွယ် ဆည်းကပ်သူသည် စားသောက်စရာ ပေါများကြွယ်ဝ ခြင်း၊ စီးစိမ်ဥစ္စာကုံလုံ ပြည့်ဝခြင်း၊ ဆုတောင်းပြည့်ခြင်း၊ အင်အား ကြီးမားခြင်၊ တန်ခိုးအာနုဘော် ကြီးမား ထက်မြက်ခြင်း၊ အလိုဆန္ဒ ပြည့်ဝနိုင်ခြင်၊ မကောင်းသော ဂြိုလ်စီး ဂြိုလ်နင်း တို့မှ လွတ်ငြိမ်းချမ်းသာခြင်း၊ စသော အကျိုးထူးတို့ကို ရရှိနိုင်ပေသည်၊

ဆက်ပါအုံးမည် -


Read more...

ကမ္ဘာ့အကြီးဆုံးစာအုပ်ကိုမှတ်တမ်းတင်ခြင်း




Read more...

အင်းဆက်ပိုးများဟာ ၄ ဘ၀ဖြစ်တာ ဟုတ်ပါသလား

အမေး။ ။ အရှင်ဘုရား…. တပည့်တော်တို့ကျောင်းမှာ သင်ခဲ့ရတဲ့ အင်းဆက်(Insect) လေးတွေကို ဘယ်ဘုံလို့ သတ်မှတ်သင့်ပါသလဲဘုရား။ ဥပမာ လိပ်ပြာ၊ ဖလံ၊မှက်၊ ခြင်၊ ယင် စတဲ့ သတ္တ၀ါလေးတွေမှာ egg ဥဘ၀ (၇-၁၄)ရက်၊ သားပေါက်ဘ၀ larva (ပေါက်ဖတ်-ခူကောင်ဘ၀) ၇-၁၄ ရက်၊ ပိုးတုံးလုံးဘ၀ Pupa ၇-၁၄ ရက်၊ အကောင်ကြီးဘ၀ adult လိပ်ပြာ၊ ဖလံ၊ မှက်၊ ခြင်၊ယင်ဘ၀ တစ်လမှ သုံးလ ကြာတတ်ပါတယ်။
ဒီလေးဘ၀လုံးမှာ စားသောက်ပုံ၊ ပြုမူပုံ၊ ကိုယ်အင်္ဂါဖွဲ့စည်းပုံကအစ တစ်ဘ၀နဲ့တစ်ဘ၀ လုံးဝမတူပါဘူး၊ လူနဲ့ တိရစ္ဆာန်တွေမှာ မွေးတာနဲ့ အကောင်လိုက်ဖြစ်ပါတယ်။ တွားသွားသတ္တ၀ါများနဲ့ ကြက်၊ငှက်တွေမှ ဥမှတဆင့် ဖြစ်လာပါတယ်။ အင်းဆက်(insect)တွေမှ သုံးဆင့်၊သုံးဘ၀ဖြစ်ပြီးမှ အကောင်ကြီးဖြစ်လာပါတယ်။ နောင်အမှတ်မမှားရအောင် အမျိုးအစားအလိုက် ဖြေကြားပေးစေလိုပါတယ်ဘုရား။
ဇော်မင်းထိုက်
ဟတ်ယိုင်(ထိုင်း)

အဖြေ။ ။အင်းဆက် (insect)ပိုးများဟာ ဘုံအားဖြင့်ပြောမယ်ဆိုရင် တိရ စ္ဆာန်ဘုံသားတွေပါလို့ ရှေးဦးစွာ ပြောပါရစေ။ အင်းဆက်ပိုးများဟာ အများသိမြင်နေကြတာကတော့ လေးမျိုးပြောင်းသွားလို့ လေးဘ၀လို့ ထင်နေကြပါတယ်၊ လိပ်ပြာဘ၀အတွက် ဘ၀သုံးခု ဖြစ်ပြီးမှ လိပ်ပြာ ဖြစ်လာတယ်လို့ ယူဆကြတယ်။ အမှန်က အင်းဆက်ပိုးလေးတွေဟာ ဥမှ ပေါက်ဖတ်သို့ ပြောင်းလွဲသွားတာပဲရှိပါတယ်၊ ဥဘ၀က သေဆုံးပြီးမှ ပေါက်ဖတ်ဖြစ်လာတာမဟုတ်ပါဘူး၊ သေဆုံးမှုမရှိဘဲ ပုံသဏ္ဍာန်ပြောင်းလဲသွားတာဖြစ်တဲ့အတွက် ဘ၀တစ်ခုထဲပါပဲ၊ ထို့အတူ ပေါက်ဖတ်ဘ၀မှ သေပြီး ပိုးတုံးလုံး ဖြစ်လာတာမဟုတ်ပါဘူး၊ ပေါက်ဖတ်ကနေ သေဆုံးမှုမရှိဘဲ ပိုးတုံးလုံး အသွင်ပြောင်းလဲသွားတာပါ။ ဒါကြောင့် အင်းဆက်ပိုးများဟာ သုံးဘ၀ဖြစ်ပြီးမှာ အကောင်ကြီး ဖြစ်လာတာ မဟုတ်ပါဘူး၊ တစ်ဘ၀ထဲမှာပဲ အသွင်အမျိုးမျိုးပြောင်းပြီး ဖြစ်လာတာပါ။
မေးခွန်းရှင်မေးတဲ့ အင်းဆက်ပိုး၊လိပ်ပြာ၊ မှက်၊ခြင်၊ယင် တွားသွားသတ္တ၀ါများ၊ ကြက်၊ငှက်စတာတွေဟာ အမျိုးအစားအနေနဲ့ မျိုးစိတ်တွေအများကြီးရှိပေမဲ့ ဒီသတ္တ၀ါအားလုံးဟာ တိရစ္ဆာန်များသာဖြစ်ပါကြောင်း ဖြေကြားပေးလိုက်ပါတယ်။

« ပြန်ခေါက်ထားရန်



Read more...

ဓမ္မစကြာတရားဟောတော်မူရာဖြစ်ပေါ်လာ သောနိမိတ်ကြီး(၃၂)ပါး



ဘုရားလောင်း ဖွားမြင်ခါစ၌ရုပ်လက္ခဏာကြည့်ရှု့စစ်ဆေးကြသော ပုရောဟိတ်ပုဏ္ဏားတို့တွင်(၇)ယောက်သောပုဏ္ဏားတို့က“လူ့ဘောင်မှာနန်းစံလျှင်စကြာမင်း၊တောထွက်တော်မူလျှင်ကားဘုရား
ဖြစ်လိမ့်မည်ဟုဟောသော်လည်း အညာသိကောဏ္ဍညမထေရ်လောင်းဖြစ်သောအငယ်ဆုံးပုဏ္ဏား
ကမူ“ဧကန်မုချဗုဒ္ဓဖြစ်လိမ့်မည်”ဟုဟောလေသည်။ထိုအထဲမှငါးယောက်သောပုဏ္ဏားတို့သည်ဘု
ရားဧကန်ဖြစ်မည်ဟုယုံကြည်သောကြောင့်ရသေ့၊ရဟန်းပြုနှင့်ကြလေသည်။
ဘုရားလောင်းတော်သည်သူအို၊သူနာ၊သူသေ၊ရဟန်းအစဉ်အတိုင်းနိမိတ်ကြီးလေးပါးကိုမြင်တော်မူ
ပြီးသံဝေဂဖြစ်တော်မူကာ သက်တော်(၂၉)နှစ်တွင် တောထွက်လာသောအခါ ရသေ့၊ရဟန်းပြုနှင့်
ကြသောပုဏ္ဏားငါးယောက်တို့ကရေပူ၊ရေချမ်းကမ်းလှမ်းပြုစုကြလေသည်။
ဘုရားလောင်းတော်သည် ရဟန်းပြုပြီးနောက် ဒုက္ကရစရိယာအကျင့်ကိုခြောက်နှစ်တိုင်အောင်ကျင့်
တော်မူသော်လည်း တရားထူးကိုမရနိုင်သောကြောင့် အတိုင်းထက်အလွန်ခန္ဓာကိုယ်ကိုအပင်ပန်းခံ
ခြင်းသည် သမာဓိရဖို့ရန်နည်းလမ်းမဟုတ်ဟု ဆင်ခြင်မိသဖြင့် ဆွမ်းအဟာရဘုဉ်းပေးသည်ကိုမြင်
တော်မူ၍ရသေ့ငါးဦးကဘုရားဖြစ်တော့မည်မဟုတ်ဟုထင်သောကြောင့်ဘုရားလောင်းထံမှခွဲခွာ၍
ဗာရာဏသီအနီးမိဂါဒါဝုန်တော၌နေကြလေသည်။
မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးနောက် တရားဦးဟောထိုက်သူများကိုကြည့်ရှု့တော်မူ
သောအခါထိုရသေ့ငါးဦး၏ရင့်သန်သောဥာဏ်ကိုမြင်တော်မူကာမဟာဗောဓိပင်မှတစ်ဆယ့်ရှစ်ယူဇ
နာဝေးကွာသောမိဂါဒါဝုန်တောသို့ကြွတော်မူပြီးလျှင်ဝါဆိုလပြည့်နေ့နေမ၀င်မီအချိန်တွင်ထိုပဉ္စ၀ဂ္ဂီ
ငါးဦးအားဓမ္မစကြာတရားဦးကို ဟောတော်မူလေရာတစ်ဆယ့်ရှစ်ကုဋ္ဋေကုန်သောနတ်ဗြဟ္မာတို့နှင့်
အတူအရှင်ကောဏ္ဍညသောတာပန်တည်လေသည်။
ထိုဓမ္မစကြာတရားဟောတော်မူရာ ၀ါဆိုလပြည့်နေ့တွင်ထူးခြားသောနိမိတ်ကြီး(၃၂)ပါးဖြစ်တော်မူ
သည်။ထိုနိမိတ်ကြီး(၃၂)ပါးမှာ-
(၁)လောကဓာတ်တစ်သောင်းတုန်လှုပ်ခြင်း၊
(၂)အပူအအေးမျှတခြင်း။
(၃)တစ်သောင်းသောလောကဓာတ်၌ရုတ်တရက်အသံတိတ်၍ငြိမ်သက်သွားခြင်း။
(၄)လေပြင်းမုန်တိုင်းမလာခြင်း။
(၅)လေပြည်လေညင်းတိုက်ခိုက်ခြင်း။
(၆)မြစ်အပေါင်းတို့၌ရေမစီးဘဲတန့်ရပ်ခြင်း။
(၇)ပန်းသစ်ပင်အပေါင်းတို့တစ်ပြိုက်နက်ပွင့်ခြင်း။
(၈)ကောင်းကင်၌တည်သောအကာသဋ္ဌရတနာတို့ရောင်ဝါဖြင့်ကွန့်မြူးခြင်း။
(၉)လူ့ပြည်နတ်ပြည်တို့၌ရှိသာရှိသောတူရိယာအပေါင်းတို့တစ်ပြိုက်နက်အလိုလိုမြည်ခြင်း။
(၁၀)ကောင်းကင်မှနတ်ပန်းမိုးရွာချခြင်း။
(၁၁)တစ်ပြိုင်နက်ပဲ့တင်ဟီးခြင်း။
(၁၂)ငရဲကြီးရှစ်ထပ်၌ငရဲမီးငြိမ်းခြင်း။
(၁၃)အညစ်အကြေးကင်းစင်လျက်ကောင်းကင်ကနေ၀န်းအထူးသဖြင့်ထွန်းလင်းခြင်း။
(၁၄)နေ့အခါ၌ကြယ်တာရာတို့ကိုမြင်ရခြင်း။(၁၅)မိုးမရွာဘဲကောင်းကင်မှနတ်ရေစင်သွန်းချခြင်း။
(၁၆)ဂြိုဟ်ကြီးခုနှစ်လုံးတို့ကြည်လင်ထင်ရှားစွာပေါ်လာခြင်း။
(၁၇)သတ္တာဗီသနက္ခတ်များလည်းထင်ရှားစွာပေါ်လာခြင်း။
(၁၈)လ၀န်းသည်ပြုဗ္ဗာသဠ်နက္ခတ်နှင့်ယှဉ်၍ပေါ်လာခြင်း။
(၁၉)တွင်း၊ဂူ၊လိုဏ်ခေါင်းအောင်း၍နေသောသတ္တ၀ါတို့ထွက်လာခြင်း။
(၂၀)လူအပေါင်းတို့အလိုခပ်သိမ်းငြိမ်း၍ရောင့်ရဲခြင်း။
(၂၁)ကိုးဆယ့်ခြောက်ဖြာဝေဒနာစွဲကပ်သူတို့ပျောက်ကင်းခြင်း။
(၂၂)ဆာလောင်မွတ်သိပ်မှုပြေခြင်း။
(၂၃)ပြိတ္တာအပေါင်းဝပြောခြင်း။
(၂၄)ကိလေသာတရားငြိမ်းခြင်း။
(၂၅)အပါယ်လေးပါး၌ဒုက္ခဘေးကင်းခြင်း။
(၂၆)တစ်လောကလုံး၌မြူအညစ်အကြေးကင်း၍သန့်ရှင်းကြည်လင်ခြင်း။
(၂၇)မကောင်းသောအနံ့ပျောက်ခြင်း။
(၂၈)နတ်ပန်းနံ့သာကြိုင်လှိုင်ခြင်း။
(၂၉)နတ်ပြည်ခြောက်ဘုံတို့နှင့်ရူပဗြဟ္မာ (၁၆)ဘုံကိုအကုန်မြင်ရခြင်း။
(၃၀)ငရဲကြီးရှစ်ထပ်၌ခံနေကြရသောသတ္တ၀ါအလုံးစုံကိုအကုန်မြင်ရခြင်း။
(၃၁)မြို့တံခါး၊အိမ်တံခါးမှစ၍ပိတ်ထားသမျှအလုံးစုံပွင့်ခြင်း။
(၃၂)သတ္တ၀ါအပေါင်းတို့၌သေမှု၊ပဋ္ဋိသန္ဓေမှု၊ဖွားမြင်မှုမရှိခြင်း။
တို့ဖြစ်ပါသည်။
သတ္တ၀ါအားလုံးကျန်းမာချမ်းသာကြပါစေ။


Read more...

သက်သတ်လွတ်ဝါဒနှင့် ကုသိုလ်



မြန်မာပြည်မှာ သက်သတ်လွတ်စားခြင်းကို ဘုရားချီးမွမ်းတဲ့အကျင့်လိုလို၊ ဘုရားဟောထားခဲ့တဲ့ အကျင့်မြတ် တစ်ခုလိုလို၊ နောက် သက်သတ်လွတ်မစားတဲ့လူကို အကုသိုလ်အပြစ်ကြီး ကျူးလွန်နေသယောင်စသည်ဖြင့် ပြောနေကြတာ စာဖတ်ပရိတ်သတ်တို့ ကြားဘူး၊ တွေ့ဘူးမှာပါ။

တကယ်ဘုရားဟောအနေနဲ့ကတော့ သက်သတ်လွတ်စားခြင်း/ မစားခြင်းသည် မဂ်/ဖိုလ်/နိဗ္ဗာန်ရဖို့ အရေးဟူသော သံသရာလွတ်မြောက်ရေးနှင့် ဘာမျှ မဆိုင်ပါ။ အကျင့်မြတ်တစ်ခုလည်း မဟုတ်ပါ။ အသား စားမှုနှင့်ပတ်သက်၍ ဘုရားရှင်က တဏှာအစွဲ မထားဖို့/မကပ်ငြိဖို့ပဲ ဟောခဲ့တာပါ။ ဥပမာ.. အသား တခုအပေါ်မှာ စွဲစွဲလမ်းလမ်းဖြစ်ပြီး... အဲဒီအသားမပါ မစားနိုင်တဲ့အခြေအနေမျိုးစသည်ပါ။ အသား စားကြူးတဲ့“ပေါရိသာဒ”ဘုရင်မျိုးပေါ့ဗျာ။ ဘယ်အစာမဆို နေ့စဉ်စားသုန်းခြင်းသည် တလံမျှလောက်ရှိသော ဒီခန္ဓာကိုယ် အသက်ဆက်လက်ရှင်သန်ရပ်တည်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စားသုန်းဖို့ပါ။

သက်သတ်လွတ်စားမှုနှင့်ပတ်သက်၍ ဘုရားရှင်ဟောကြားခဲ့၊ မိန့်မှာခဲ့တဲ့ ၀ိနည်းတရားနှင့် သုတ္တန်တရားတော် အတိုင်း မေမေ့လပြည့်ဝန်းလေးတင်ပြပါမယ်။
ဝိနည်းစူဠ၀ါပါဠိတော်မှာ... ဒေ၀ဒတ်တောင်းဆိုတဲ့ “ပဉ္စ၀တ္ထုယာစနကထာ” (တောင်းဆိုချက် -၅-ခု)ဆိုတာ ရှိပါတယ်။ ဒေ၀ဒတ်က ဘုရားရှင်ထံဆု (၅)မျိုးတောင်းခဲ့တာပါ။
သူတောင်းခဲ့တဲ့ဆု (၅)မျိုးက-
၁။ ရဟန်းတော်များ အသက်ထက်ဆုံး တောရဆောက်တည်ပြီး တောမှာတင်နေဖို့။ (မြို့ကျောင်းမှာ မနေဖို့)
၂။ ရဟန်းဘ၀တည်နေသမျှကာလပတ်လုံး ဆွမ်းခံစားဖို့၊ (လူဒါယကာတို့ ပင့်၍ကပ်လှူသော ဆွမ်းကိုမစားဖို့)
၃။ ပံသုကူသင်္ကန်းလို့ဆိုတဲ့ စွန့်ပစ်အ၀တ်များကိုသာ ကောက်ယူပြီး လျော်ဖွတ်ချုပ်ဝတ်ဖို့၊ (လှူဒါယကာတို့ ပေးလှူသော သင်္ကန်းကိုမ၀တ်ဖို့)
၎။ ရဟန်းေးတ်ာများ အသက်ထက်ဆုံး သစ်တစ်ရင်း၊ ၀ါးတစ်ပင်အောက်မှာသာ ကျောင်းအဖြစ်နေဖို့၊ (လှူဒါယကာတို့ လှူသော ကျောင်းအရိပ်အာသအောက်မှာ မနေဖို့)
၅။ အသားငါး မစားဖို့ (သစ်သီးသစ်ရွက်စားခြင်းဟူသော သက်သတ်လွတ်ကိုသာ စားဖို့)
တကယ်လို့ အထက်ပါ (၅)မျိုးကို မလိုက်နာရင် မလိုက်နာတဲ့ ရဟန်း အပြစ်အနေနဲ့ သတ်မှတ်ပေးဖို့အထိ ဒေ၀ဒတ်က တောင်းဆိုခဲ့တာပါ။
အဲဒီလို ဒေ၀ဒတ်တောင်းဆိုတဲ့အခါ ဗုဒ္ဓဘုရားရှင်က ဒေ၀ဒတ်ကို ဘာပြန်မိန့်ကြားခဲ့သလဲဆိုတော့ --
“'အလံ၊ ဒေဝဒတ္တ။ ယော ဣစ္ဆတိ၊ အာရညိကော ဟောတု၊ ယော ဣစ္ဆတိ၊ ဂါမန္တေ ဝိဟရတု။ ယော ဣစ္ဆတိ၊ ပိဏ္ဍပါတိကော ဟောတု၊ ယော ဣစ္ဆတိ၊ နိမန္တနံ သာဒိယတု။ ယော ဣစ္ဆတိ၊ ပံသုကူလိကော ဟောတု၊ ယော ဣစ္ဆတိ၊ ဂဟပတိစီဝရံ သာဒိယတု။ အဋ္ဌမာသေ ခေါ မယာ၊ ဒေဝဒတ္တ၊ ရုက္ခမူလသေနာသနံ အနုညာတံ၊ တိကောဋိပရိသုဒ္ဓံ မစ္ဆမံသံ -- အဒိဋ္ဌံ၊ အဿုတံ၊ အပရိသင်္ကိတ''န္တိ။ ဆိုတဲ့စကားကို သုန်းပြီး ငြင်းဆိုခဲ့ပါတယ်။
ဘာလဲဆိုတော့ ဘုရားရှင်ဟာ မဇ္ဈိမပဋိပဒါလို့ခေါ်တဲ့ အလယ်လတ်လမ်းစဉ်ကို ကျင့်သုန်းသူပီပီ ဘုရားဟောတဲ့တရားအာလုံး၊ ပညတ်ချက်အားလုံးဟာ အတင်းအကျပ်လုပ်ခဲ့တာ တစ်ခုမှ မရှိပါဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့လည်း အလယ်လတ်သဘောပဲ ချမှတ်ခဲ့တာပါ။
၁။ “တောရဆောက်တည်လိုတဲ့ ရဟန်း တောရဆောက်တည်၊ မြို့ရွာ၌ သီတင်းသုန်းလိုတဲ့ ရဟန်း မြို့ရွာမှာ သီတင်း သုန်းနိုင်၊
၂။ တစ်သက်ပတ်လုံး ဆွမ်းခံစားးလိုတဲ့ ရဟန်း တစ်သက်ပတ်လုံး ဆွမ်းခံစားနိုင်၊ လူတို့ကပ်လှူသောဆွမ်း ဘုဉ်းပေးလိုက ဘုဉ်းပေးနိုင်၊ ၃။ ပံသုကူသင်္ကန်းဝတ်လိုက၀တ်၊ လူဒါယကာတို့လှူသော သင်္ကန်းဝတ်လိုက ၀တ်၊
၎။ သစ်တစ်ပင်၊ ၀ါးတစ်ပင်ရင် နေလိုတဲ့ ရဟန်းနေနိုင်၊ လူဒါယကာတို့ လှူသော ကျောင်း၌ နေလိုက နေနိုင်။
၅။ ကိုယ်စားဖို့ဆိုတဲ့ ရည်ရွယ်သတ်နေ သတ္တ၀ါလို့ မြင်ရင်၊ ကြားရင်၊ သံသယဖြစ်ရင် အဲဒီအသားကို မစားဖို့ပဲ မိန့်ကြားခဲ့တာပါ။ ၄င်း အစွန်း(၃)ပါးက ကင်းလွတ်ရင် အသားငါးကို စားနိုင်တယ်လို့ ဒေ၀ဒတ်ကို ပြန်မိန့်ခဲ့ပါတယ်။
ဒီမိန့်မှာချက်ကို ကြည့်ခြင်းအားဖြင့် ဘုရားရှင်က သတ်သက်လွတ်စားဖို့ မပြောခဲ့၊ မမိန့်ခဲ့ပါဘူး။

အသားငါးစားမှုနှင့်ပတ်သက်လို့ တခြားထင်းရှားတဲ့သုတ်တော်ကတော့ ခုဒ္ဒကနိကာယ်၊ သုတ္တနိပါတ်ပါဠိတော်မှာ ပါတဲ့ အာမဂန္ဓသုတ်တော်ဖြစ်ပါတယ်။ အညီဟောက်စားခြင်း (သို့မဟုတ်) အညီဟောက်နံ့-နံခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ အဓိကကတော့ အသားငါးစားမှုနှင့်ပတ်သက်လို့ ဟောထားတဲ့ တရားတော်ပါပဲ။ ဘယ်အရာသည် တကယ်အစစ်အမှန် အသားစားခြင်း၊ အညှီဟောဖြစ်သလဲဆိုတာ ဒီသုတ်တော်မှာ ဘုရားရှင်က မိန့်ကြားထားပါတယ်။
သုတ္တန်ထဲမှာ ဘုရားရှင်ပြောထားတဲ့ ၀တ္ထုဇာတ်လမ်းက ကဿပဘုရားရှင်လက်ထက်တော်မှာ တိဿရသေ့ မေးလို့ ကဿပဘုရားရှင်က ဖြေကြားခဲ့တာကို ဘုရားရှင်က ပြန်လည် ဟောကြားထားတဲ့ တရားတော်ပါ။

တိဿရသေ့အမေး--
-ကဿပနွယ်ဖွား မြတ်စွာဘုရား ကောင်းစွာ ပြုစီရင်ပြီး ကောင်းစွာ ချက်ပြုတ်ပြီး သူတစ်ပါးတို့ ပေးလှူအပ်သော မွန်မြတ်သော ငါးအမဲ ဟင်းလျာကိုလည်း စား, သလေးထမင်းကိုလည်းစားသော သင်သည် အညှီ အဟောက်ကို စားသည် မည်၏။
-ဗြဟ္မာမင်း၏ အဆွေဖြစ်တော်မူသော ကဿပမြတ်စွာဘုရား အညှီအဟောက်သည်
ငါ့အားမအပ်ဟု အသျှင်ဘုရားဆိုသည် မဟုတ်ပါလော?၊ သို့ပါလျက် ကောင်းစွာ စီရင်ထားသည့်
ငှက်သားတို့နှင့် (တကွ) သလေးထမင်းကို စားဘိ၏၊ ကဿပမြတ်စွာဘုရား အသျှင်ဘုရားအား
ဤအကြောင်းကို မေးပါ၏၊ အသျှင်ဘုရားပြောသော အညှီအဟောက်ဟူသည် အဘယ်မျှ
အပြားရှိပါသနည်း။ ဘုရားရှင်ကို စွပ်စွဲသလိုမျိုးနဲ့ အသားငါးစားမှုနှင့်ပတ်သက်လို့ ပြဿနာမေးတာပါ။

ဘုရားရှင်အဖြေ--
၁။ တိဿရသေ့ သူ့အသက်ကို သတ်ခြင်း, နှိပ်စက်ညှဉ်းဆဲခြင်း, လက်ခြေ စသည်ကို ဖြတ်ခြင်း, နှောင်ဖွဲ့ခြင်း, ခိုးယူခြင်း, မမှန်ဆိုခြင်း, ကောက်ကျစ်စဉ်းလဲခြင်း, လှည့်ပတ်ခြင်း, အကျိုးမရှိသော ကျမ်းဂန်တို့ကို သင်ယူခြင်း, သူတစ်ပါးသားမယားကို ပေါင်းဖော်မှီဝဲခြင်း ဤသည်ကား အညှီအဟောက်တည်း၊ အသားတည်းဟူသော ဘောဇဉ်သည် အညှီအဟောက် မဟုတ်။

၂။ တိဿရသေ့ ဤလောက၌ အကြင်သူတို့သည် ကာမဂုဏ်တို့၌ မစောင့်စည်းကုန်၊ ရသာရုံတို့၌ မက်မောကုန်၏၊ မစင်ကြယ်သော မိစ္ဆာဇီဝ(အသက်မွေးခြင်း)အဖြစ်ကို မှီကုန်၏၊ နတ္ထိကဝါဒ(ကုသိုလုပ် ကုသိုလ်အကျိုးမရှိ၊ အကုသိုလ်လုပ် အကုသိုလ်အကျိုးမရှိ)ဟူသော အယူရှိကုန်၏၊ မညီညွတ်သော ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုစသည်နှင့် ပြည့်စုံ၏၊ သိစေနိုင်ခဲကုန်၏၊ ထိုသူတို့၏ ဤကာမဂုဏ်တို့၌ မစောင့်စည်းမှုစသည်ပင် အညှီအဟောက်တည်း၊ အသားတည်းဟူသော ဘောဇဉ်သည် အညှီအဟောက် မဟုတ်။

၃။ တိဿရသေ့ အကြင်သူတို့သည် (ခြိုးခြံ၍ခေါင်းပါးသောအကျင့်) အတ္တကိလမထအကျင့် ရှိကုန်၏၊ ကြမ်းတမ်းကုန်၏၊ သူတစ်ပါး၏ ကျောက်ကုန်းသား(သူတစ်ပါးပင်ပင်ပန်းပန်းရှာမှီးထားသောအစာ)ကို စားသကဲ့သို့ ရှေ့တွင် ချီးမွမ်း၍ မျက်ကွယ်၌ ကဲ့ရဲ့ကုန်၏၊ အဆွေခင်ပွန်းတို့ကို ပြစ်မှားကုန်၏၊ သနားခြင်း ကင်းကုန်၏၊ အလွန်မာန်၊ မာနခက်ထန်ကုန်၏၊၊ မပေးကမ်းတတ်သော အလေ့ရှိကုန်၏၊ တစ်စုံတစ်ယောက်အား အနည်းငယ်မျှသော်လည်း မပေးလှူကုန်၊ ထိုသူတို့၏ ဤအတ္တကိလမထ စသည်ပင် အညှီအဟောက်တည်း၊ အသားတည်းဟူသော ဘောဇဉ်သည်အညှီအဟောက် မဟုတ်။

၎။ တိဿရသေ့ အမျက်ထွက်ခြင်း, မာန်ယစ်ခြင်း, ခက်ထန်ခြင်း, ဆန့်ကျင်ဘက် ပြုလုပ်ခြင်း, လှည့်ပတ်ခြင်းငြူစူခြင်း, ဝါကြွားပလွှား၍ ပြောဆိုခြင်း, အလွန်မာန်မူခြင်း, သူယုတ်မာတို့နှင့် ပေါင်းသင်း ဆက်ဆံခြင်း ဤသည်ပင် အညှီအဟောက်တည်း၊ အသားတည်းဟူသော ဘောဇဉ်သည် အညှီအဟောက် မဟုတ်။

၅။ တိဿရသေ့ ဤလောက၌ အကြင်လူယုတ်မာတို့သည် မကောင်းသော အလေ့ရှိကုန်၏၊ ကြွေးမြီကို ယူ၍ မပေးဆပ,် ဖျက်ဆီးတတ်သည့်အပြင် ကုန်းချောတတ်ကုန်၏၊ ဤလောက၌ တံစိုးလာဘ်စားကာ ကောက်ကျစ်စဉ်းလဲသဖြင့် တရားစီရင်တတ်ကုန်၏၊ သီလရှိယောင် အတုဆောင်တတ်ကုန်၏၊ အမိအဖစသည်တို့ အပေါ်၌ ကြမ်းတမ်းသော အမှုကို ပြုကုန်၏၊ ထိုသူတို့၏ ကောင်းသော အလေ့စသည်ပင် အညှီအဟောက်တည်း၊ အသားတည်းဟူသော ဘောဇဉ်သည် အညှီအဟောက် မဟုတ်။

၆။ တိဿရသေ့ ဤလောက၌ အကြင်သူတို့သည် သတ္တဝါတို့၌ သတ်ဖြတ်မှုတို့မှ မစောင့် စည်းကုန်၊ သူတစ်ပါးတို့၏ ဥစ္စာကို ယူ၍ ညှဉ်းဆဲရန် လုံ့လပြုကုန်၏၊ သီလ မရှိကုန်၊ ကြမ်းတမ်းသော အမှုရှိကုန်၏၊ ကြမ်းသော စကားရှိကုန်၏၊ ရိုသေခြင်း ကင်းကုန်၏၊ ထိုသူတို့၏ မစောင့်စည်းခြင်းစသည်ပင် အညှီအဟောက်တည်း၊ အသားတည်းဟူသော ဘောဇဉ်သည် အညှီအဟောက် မဟုတ်။

၇။ တိဿရသေ့ အကြင်သူတို့သည် သတ္တဝါတို့၌ မက်မောကုန်၏၊ မုန်းတီးဆန့်ကျင်ကုန်၏၊ ပြစ်မှားလွန်ကျူးခြင်းသို့ လျင်စွာ ကျရောက်တတ်ကုန်၏၊ အကုသိုလ်ပြုရန် အမြဲမပြတ်လုံ့လပြုကုန်သည်ဖြစ်၍ တမလွန်ဘဝ၌ အမိုက်သို့ သွားကုန်၏၊ ငရဲ၌ ဦးခေါင်း စောက်ထိုးကျကုန်၏၊ ထိုသူတို့၏ ဤမက်မောမှုစသည်ပင် အညှီ အဟောက်တည်း၊ အသားတည်းဟူသော ဘောဇဉ်သည်အညှီအဟောက် မဟုတ်။

၈။ တိဿရသေ့ ငါး အမဲတို့ကို မစားသော အဖြစ်သည်လည်းကောင်း၊ အဝတ်မဝတ်ခြင်းသည်လည်းကောင်း၊ ဦးပြည်း(ဦးခေါင်းတုံးထား)ခြင်းသည်လည်းကောင်း၊ ဆံကျစ်မြူမှုန် အညစ်အကြေးသည်လည်းကောင်း၊ ရသေ့ရဟန်းပရိက္ခရာ သစ်နက်ရေတို့သည်လည်းကောင်း၊ မီးကို ပူဇော်ခြင်း, မီးကို လုပ်ကျွေးခြင်းတို့သည် လည်းကောင်း ယုံမှားခြင်းမှ မကူးမြောက်သေးသော သတ္တဝါတို့ကို မစင်ကြယ်စေနိုင်ကုန်၊ လောက၌ အကြင်သို့ သဘောရှိကုန်သော မသေရန် (တောင့်တလျက်) ကိုယ်ကို များစွာ ပူပန်စေတတ်သော အကျင့်တို့သည်လည်းကောင်း၊ ဗေဒင်တို့သည်လည်းကောင်း၊ ဥုံဖွစသည်ဖြင့် ပူဇော်သော အကျင့်တို့သည် လည်းကောင်း၊ ယစ်ပူဇော်ခြင်းသည်လည်းကောင်း၊ အလွန်ပူပြင်းသောနွေဥတု၌ အပူခံခြင်းစသော ဥတုကိုမှီဝဲခြင်းတို့သည်လည်းကောင်း ယုံမှားခြင်းမှ မကူးမြောက်သေးသော သတ္တဝါကို မစင်ကြယ်စေနိုင်ကုန်။

၉။ တိဿရသေ့ (အကြင်သူသည် ) မျက်စိဣနြေ္ဒ၊ နားဣနြေ္ဒ၊ နှာခေါင်းဣနြေ္ဒ၊ လျာဣနြေ္ဒ၊ ကိုယ်ကာယ ဟူသောဣနြေ္ဒ၊ စိတ်ဟူသောဣနြေ္ဒ ဤ ဣနြေ္ဒ (စောင့်စသည်းခြင်း)ခြောက်ပါးတို့၌ လုံခြုံသည်ဖြစ်၍ ယင်းဣနြေ္ဒတို့ကို သတိဉာဏ်ဖြင့် စောင့်စည်းသည်တို့ကို ပြုလျက် အားထုတ်၏၊ သစ္စာလေးပါးတရား၌ တည်၏၊ ဖြောင့်မတ်သောသူနူးညံ့သောသူ၏ အဖြစ်၌ မွေ့လျော်၏၊ ရာဂစသော ကပ်ငြိခြင်းကို လွန်မြောက်၏၊ ဆင်းရဲအားလုံးကို ပယ်၏၊ ထိုသူသည် ခိုင်မြဲသော ပညာနှင့် ပြည့် စုံသည်ဖြစ်၍ မြင်အပ်၊ ကြားအပ်သော အာရုံတို့၌ ကိလေသာတို့ဖြင့် မလိမ်းကျံ တော့ပေ။

ဤသို့ ကဿပမြတ်စွာဘုရားရှင်သည် အညှီအဟောက်ဟူသော အသားငါးစားမှုနှင့် ပတ်သက်ပြီး အစစ် အမှန်ဖြစ်တဲ့ အညှီအဟောက်အများကို ထုတ်ဖော်ပြပြီး တရားနှလုံးသွင်းဖို့ ဆက်လက်ဟောကြားခဲ့ပါတယ်။

ထိုတိဿရသေ့သည် ကဿပမြတ်စွာဘုရား၏ ကောင်းစွာ ဟောတော်မူအပ်သော ကိလေသာ အညှီအဟောက်ကင်းသော ဝဋ်ဆင်းရဲအားလုံးကို ပယ်ဖျောက်နိုင်သောတရားတော်ကို ကြားနာရ၍ နှိမ့်ချသော စိတ်ရှိလျက် မြတ်စွာဘုရားအား ရှိခိုးကာ ထိုအရပ်၌ပင်လျှင် ရဟန်းအဖြစ်ကို ခွင့်တောင်းကာ ရဟန်းပြုသွား၏။ ((ဤ-post-ကို ဖတ်ပြီး ရှင် ရဟန်း မဟုတ်တဲ့ စာဖတ်ပရိတ်သတ်များ ရဟန်းပြုခိုင်းတာတော့ ဟုတ်ဘူးနော်။ ))

ဤသုတ်တော်ကိုလေ့လာခြင်းဖြင့်လည်း ဘုရားရှင်သည် သက်သတ်လွတ်စားမှုကို ချီးမွမ်းအားပေးထားခြင်း မရှိတွေ့ရမှာဖြစ်သလို, တပ်မက်မှုတဏှာတရားပယ်ဖို့ကိုသာ အဓိကမိန့်ကြားထားတာကို စာဖတ်သူ တွေ့မြင်ရမှာပါ။
ယနေ့ခေတ် သက်သတ်လွတ်ဝါဒသည် သာသနာပြုယောင်ယောင် လုပ်နေကြတဲ့ ပုဂ္ဂိုလ်များ ထွင်ထားသော မမှန်ကန်သော ကျင့်စဉ်တစ်ခုမျှသာ ဖြစ်တယ်ဆိုတာ ကောက်ချက် ချလို့ရပါတယ်။
သားငါးစားခြင်းရှောင်ကြဉ်မှ ကိုယ့်ကျန်းမာရေးစသည်နှင့် အဆင်ပြေမယ်ဆိုရင် ရှောင်ကျဉ်ဖို့ပါ။ သက်သတ်လွတ်ဝါဒသည် ဘုရားဟောထားခဲ့တဲ့ ကျင့်စဉ်မဟုတ်ဘူးဆိုတာကိုတော့ သိထားဖို့ လိုပါတယ်။
ဒီအသားငါးစားတာကို ကျင့်စဉ်တခုအနေနဲ့ ယူဆကြတဲ့ပုဂ္ဂိုလ်တွေအတွက် ဖြူးဆရာတော်ဘုရားကြီးရဲ့ “သွေးနဲ့ရေးတဲ့သာသနာ” တရားတော်ထဲမှာလည်း ဆရာတော်ကြီက “သက်သတ်လွတ်စားလို့ ကုသိုလ်တစ်မှုံမှ မရဘူး”စသည်ဖြင့် ပြတ်ပြတ်သားသားပြောထားပါတယ်။ တခြားသာသနာနှင့် မပတ်သက်တဲ့ အကျင့်တွေကိုလည်း အဲဒီတရားတော်ထဲမှာ ပြတ်ပြတ်သားသား ဟောထားပါတယ်။
မေမေ့လပြည့်ဝန်းလေးငယ်ဆရာတစ်ပါးပြောဘူးတာကတော့… “မင်းတို့ သက်သတ်လွတ်စားချင်းရင် မီးကျည်းခဲသာ စားတဲ့”။ တကယ်စဉ်းစားကြည့်ရင် ဟုတ်တယ်နော်.. “အသက်သတ်တာလွတ်တာက မီးကျည်းခဲပဲရှိတာ”။
လူတွေက အပြောကိုက မှားနေတာ- “သားကြီး၊ ငါးကြီးစားလွတ်တယ်”လို့ ပြောရင်မှန်အုန်းမယ်။ သက်သတ်လွတ်ဆိုတော့.. ဆန်တို့၊ သစ်သီးသစ်ရွက်တွေထဲမှာလည်း မြင်ရ၊ မမြင်ရ ပိုးတွေပါသေးတယ်။ စဉ်းစားဖို့ပါ။

နောက် အသားငါးစားမှုနှင့်ပတ်သက်လို့ ပျံလွန်တော်မူသွားပြီဖြစ်တဲ့ မလေးရှားက ကေသျှရီဓမ္မာနန္ဒ(K.Sri. Dhammananda) ဆရာတော်ဘုရားကြီးက (Vegetarianism)ဆိုပြီး ခေါင်းစဉ်တစ်ခုနဲ့ ရေးထားတာရှိပါတယ်။ အဲဒီထဲမှာ ဆရာတော်ဘုရားကြီး မှတ်ချက်ချထားတာလေးတစ်ခုက-
"One should not judge the purity or impurity of man simply by observing what he eats." လို့ဆိုထားပါတယ်။ “လူတစ်ယောက်ရဲ့ အကုသိုလ်အညစ်အကြေး စင်ကြယ်မှု/မစင်ကြယ်မှုကို အသားငါးစားတဲ့/မစားတဲ့ ဥပဒေ(သို့) ပေတံနဲ့ ဆုံးဖြတ်လို့ / တိုင်းတာလို့ မရဘူး၊”လို့ ဆိုထားတာပါ။

အဲဒီတော့ အားလုံးကို ကောက်ချက်ချလိုက်ရင် အသားငါးကို ကိုယ့်ကျန်းမာရေးစသည်နဲ့ မတည့်ရင် ရှောင်နိုင်ပါတယ်။ ဘုရားဟောကျင့်စဉ်ဆိုပြီးတော့ မမှတ်ယူသင့်ပါဘူး။ ဘုရားဟောထားတာက သတ္တ၀ါတစ်ကောင်ဟာ ကိုယ့်အတွက် သတ်နေတာလို့ဆိုပြီး “မြင်မယ်၊ ကြားမယ်၊ သံသယဖြစ်နေမယ်”ဆိုရင် အဲဒီအသားကို မစားဖို့ ရဟန်းတော်တွေကို မှာခဲ့တာပါ။ နောက်-အဓိကအချက်ကတော့ ကိုယ်စားတဲ့ မည်သည့်အစာအာဟာရပေါ်မဆို တပ်မက်စွဲလမ်းမှု မရှိဖို့ အဓိကပါ။ ကိုယ့်ခန္ဓာကိုယ် ဆက်လက်ရပ်တည်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စားဖို့ပါပဲ။ အသားငါးလွတ်ဟူသော “သက်သတ်လွတ်ဝါဒသည် ဘုရားဟော မဟုတ်ဘူးဆိုတာ” မှတ်သားဖို့၊ လိုက်နာဖို့၊ သိစေဖို့ ..ဘုရားဟောအတိုင်း ရေးသားခြင်းမျှပါ။

အမှန်ဆုံးဖြတ်နိုင်၊ လက်ခံနိုင်တဲ့ ဉာဏ် ပိုင်ဆိုင်နိုင်ကြပါစေ


Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP