* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, July 16, 2009

ဘာသာရေး ပြဿနာ ( ၇၅ )


( ဘဒ္ဒန္တတိလောကသာရ ဖြေသည် )

( မေး ) ( ပူတိမုတ္တ ဘေသဇ္ဇ )
အရှင်ဘုရား၊ ဆီးဖြူ သျှိသျှား သဖန်းခါး၊ နွားကျင်ငယ်ရေနှင့် စား-ဟူသော စကားအရ ၄င်းအသီးများကို နွားကျင်ငယ်ရေဖြင့် ရက်ပေါင်း မည်မျှစိမ်၍ စားရပါသနည်း။ နွားကျင်ငယ်ရေ ဆိုသည်မှာ နွားထီး နွားမ မည်သည့်ကျင်ငယ်ရေဖြင့် စိမ်ရပါသနည်း။ သိလိုပါသဖြင့် ဖြေကြားပေးတော်မူပါဘုရား။
( ဦးသာသန၀ံသ-ကျောက်ဖြူမြို့နယ် )

( ဖြေ ) ဆီးဖြူ သျှိသျှား သဖန်းခါးတို့ကို နွားကျင်ငယ်ရေဖြင့် စိမ်ရမည်ဆိုသည်မှာ မည်သည့် နွားကျင်ငယ် (ထီး-မ) မဟူ စိမ်နိုင်သည်ဟု ဆိုပါသည်။ အနည်းဆုံး တပတ် (ရက်သတ္တ တပတ်) မျှ စိမ်ထားပြီးမှ စားရပါသည်။ ရက်ာ့ာကြာစိမ်လေ ကောင်းလေဟု သိရပါသည်။ ဥတုဘောဇန သင်္ဂဟကျမ်းတွင် မြတ်စွာဘုရား၏ အလိုတော်အားဖြင့် နွားကျင်ငယ်သည် သည်းခြေနာမှတပါး အခြားသော အနာတို့ကို နိုင်သည်။ ထို့ကြောင့် သည်းခြေနာကို လွန်စွာနိုင်သော ကြစု (ဆီးဖြူ သျှိသျှား သဖန်းခါးသီး) ကို နွားကျင်ငယ်နှင့်စိမ်၍ ရဟန်းတို့အား မည်သည့်အချိန်မဆို စားသောက်တော့ဟု ခွင့်ပြုတော်မူသည်။ (၄င်းကျမ်း ၁၇၂) ထို့ပြင် ၄င်းကျမ်းမှာပင်-နွား၊ ဆိတ်၊ သိုး၊ ကျွဲ တို့၏ ကျင်ငယ်ဟု ဆိုလျှင် နွားမ၏ ကျင်ငယ်ကိုသာ သုံးအပ်ကုန်၏-ဟု ဆိုသဖြင့် နွားမ၏ ကျင်ငယ်နှင့်စိမ်လျှင် ပို၍ကောင်းမွန်ဖွယ် ရှိပါသည်။
********************************************************************************

( မေး ) ( ဘုရားခုနစ်ဆူနှင့် အရိမေတ္တေယျ ဘုရား )
(က) အရှင်ဘုရား၊ အချို့သော စာအုပ်၌ ဘဒ္ဒကမ္ဘာ၌ ဘုရားငါးဆူဟု ဆိုသော်လည်း အချို့သော စာအုပ်၌ ၀ိပဿီ, သိခီ ဘုရား အပါအ၀င် ခုနစ်ဆူဟု ဆိုထားပါသည် ဘဒ္ဒကမ္ဘာ၌ ဘုရားမည်မျှ ပွင့်ပါသနည်းဘုရား။

(ခ) ဂေါတမဗုဒ္ဓသည် သုမေဓာရသေ့ဘ၀နှင့် ဒီပင်္ကရာ မြတ်စွာဘုရားထံ ဘုရားဖြစ်ရန် ဗျာဒိတ်ခံတော်မူပါသည်။ အရိမေတ္တေယျ ဘုရားအလောင်းတော်သည် မည်သည့်ဘ၀ မည်သည့်ပွင့်တော်မူသော ဘုရားထံမှာ ဗျာဒိတ်ခ့တော်မူပါသနည်းဘုရား။
( မောင်အောင်နိုင်လင်း-ပုသိမ် )

( ဖြေ )
(က) ဘဒ္ဒကမ္ဘာ၌ ဘုရားငါးဆူသာ ပွင့်တော်မူခဲ့ပါသည်။
ဝိပဿီ မြတ်စွာဘုရားနှင့် သိခီ မြတ်စွာဘုရားတို့မှာ ဤဘဒ္ဒကမ္ဘာမတိုင်မီက
(၁) ၀ိပဿီ မြတ်စွာဘုရားသည် ၉၁-ကမ္ဘာထက် သာရကမ္ဘာ၌ ပွင့်တော်မူ၍
(၂) သိခီမြတ်စွာဘုရားသည် ၃၁-ကမ္ဘာထက် မဏ္ဍကမ္ဘာ၌ ပွင့်တော်မူခဲ့သည်။

ဒီဃနိကာယ် မဟာဝဂ္ဂမဟာပဒါနသုတ် ၄၂-၌ နိဂုံးအဖြစ် သုဒ္ဓါဝါသ ခရီးစဉ်ကို ဟောရာ ထိုသုဒ္ဓါဝါသ ဘုံများသို့ ဘုရားရှင်ကြွတော်မူစဉ် ၀ိပဿီ-စသော ဘုရားခုနစ်ဆူတို့၏ တပည့်သာဝက ဗြဟ္မာများက ထိုဘုရားရှင် အသီးသီးတို့၏ အကြောင်းအရာများကို လျှောက်ထားခဲ့၏။ ထိုသုဒ္ဓါဝါသ ခရီးစဉ်ပြ ဒေသနာတွင် ပါဝင်သိမ်းသွင်းနိုင်ရန် ထိုဒေသနာနှင့် လျော်ညီစွာ ဘုရားခုနစ်ဆူတို့၏ ပုဗ္ဗေနိဝါသများကို ဟောတော်မူ၏။
(သပြေကန် ပရိတ်ကြီး နိဿယသစ်-၅၂၂)

(ခ)

Read more...

ကုသိုလ်အကုသိုလ်... (ဦးသုမင်္ဂလ) vcd

ဒယ်အိုး ဆရာတော် ဦးသုမင်္ဂလ...

နိဗ္ဗာန်ရောက်ကြောင်းတရားကောင်း...

ကုသိုလ်အကုသိုလ်... (ဦးသုမင်္ဂလ) vcd





Read more...

နှင်ထုတ်သော်လည်း မှီဝဲအပ်၏...


ဒုတိယ မိတ္တသုတ်

ရဟန်းတို့...
တရား ခုနစ်မျိုးတို့နှင့် ပြည့်စုံသော အဆွေခင်ပွန်း ရဟန်းကို
မောင်းမဲ နှင်ထုတ်အပ်သော်လည်း မှီဝဲအပ်၏၊
ဆည်းကပ်အပ်၏၊ ခစားအပ်၏။

အဘယ် ခုနစ်မျိုး တို့နည်း ဟူမူ -

၁... ချစ်လည်း ချစ်ထိုက် မြတ်နိုးလည်း မြတ်နိုးထိုက်၏၊
၂... အလေးအမြတ်လည်း ပြုထိုက်၏၊
၃... နှလုံးကိုလည်း ပွါးစေတတ်၏။
၎... သူတစ်ပါးတို့ကို ဆုံးမတတ်၏၊
၅... သူတစ်ပါးတို့ ဆိုဆုံးမသည်ကို ခံနိုင်၏၊
၆... နက်နဲသောတရားစကားကို ပြောဆိုတတ်၏၊
၇... အရာဌာန မဟုတ်သည်၌ မယှဉ်စေတတ် (မတိုက်တွန်းတတ်)။

ရဟန်းတို့ ဤတရားခုနစ်မျိုးတို့နှင့် ပြည့်စုံသော အဆွေခင်ပွန်း ရဟန်းကို မောင်းမဲနှင်ထုတ် အပ်သော်လည်း မှီဝဲအပ်၏၊ ဆည်းကပ်အပ်၏၊ ခစားအပ်၏ ဟု (မိန့်တော်မူ၏)။

အကြင်ရဟန်းသည် ချစ်ထိုက်၏၊ အလေးပြုထိုက်၏၊ နှလုံးကို ပွါးစေတတ်၏၊ (သူတစ်ပါး တို့ကို) ဆိုဆုံးမတတ်၏၊ ဆိုဆုံးမခြင်းကို ခံနိုင်၏၊ နက်နဲသော တရား စကားကို ပြောဟောတတ်၏၊ မလျောက်ပတ်သော အရာ၌ မယှဉ်စေတတ်။ အကြင်ပုဂ္ဂိုလ်၌ ထိုအကြောင်းတို့သည် ရှိကုန်၏၊ ထိုသို့ သဘောရှိသော အကျိုး စီးပွါးကို အလိုရှိသော အစဉ် သနားတတ်သော အဆွေ ခင်ပွန်းကောင်း ဖြစ်သော ထိုရဟန်းကို မောင်းမဲ နှင်ထုတ်အပ်သော်လည်း အဆွေခင်ပွန်းကောင်း ကို အလိုရှိသူသည် မှီဝဲ ဆည်းကပ် အပ်၏။ 37

၆ - ဒုတိယ မိတ္တသုတ်၊ ဒေ၀တာဝဂ်၊ သတ္တကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Read more...

အင်္ဂါခုနစ်မျိုးတို့နှင့် ပြည့်စုံသောသူကို...

ပဌမ မိတ္တသုတ်


ရဟန်းတို့ ...

အင်္ဂါခုနစ်မျိုးတို့နှင့် ပြည့်စုံသော အဆွေခင်ပွန်းကို မှီဝဲအပ်၏...

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ -

၁... သူတစ်ပါးတို့ ပေးနိုင်ခဲသော အရာဝတ္ထုကို ပေးတတ်၏၊
၂... ပြုနိုင်ခဲသော အမှုကို ပြု၏၊
၃... သည်းခံနိုင်ခဲသော အရာကို သည်းခံ၏၊
၎... မိမိ၏ လျှို့ဝှက်အပ်သော အရာကို ထိုအဆွေခင်ပွန်းအား ထင်စွာပြု၏၊
၅... ထိုအဆွေခင်ပွန်း၏ လျှို့ဝှက်အပ်သော အရာကို လျှို့ဝှက်၏၊
၆... ဘေးရန်တို့ ကြောင့် မစွန့်ပစ်၊
၇... ပစ္စည်းဥစ္စာ ကုန်ခြင်းကြောင့် မထီမဲ့မြင် မပြု။

ရဟန်းတို့ ဤအင်္ဂါခုနစ်မျိုးတို့နှင့် ပြည့်စုံသော အဆွေခင်ပွန်းကို မှီဝဲအပ်၏ ဟု မိန့်တော် မူ၏။

အဆွေခင်ပွန်းသည် ပေးနိုင်ခဲသော အရာဝတ္ထုကို ပေး၏၊ ပြုနိုင်ခဲသော အမှုကိုလည်း ပြု၏၊ ထိုမှတစ်ပါးလည်း ထိုသူ၏ မကောင်းသဖြင့် ဆိုအပ်သော စကားတို့ကို လည်းကောင်း၊ သည်းခံ နိုင်ခဲသော အရာတို့ကို လည်းကောင်း သည်းခံ၏။ ထိုသူအား မိမိ၏ လျှို့ဝှက်အပ်သော အရာကိုလည်း ပြောကြား၏၊ ထိုသူ၏ လျှို့ဝှက်အပ်သော အရာကိုလည်း လျှို့ဝှက်၏၊ ဘေးရန်ဖြစ်ပေါ်သော အခါတို့၌လည်း မစွန့်ပစ်၊ ပစ္စည်းဥစ္စာ ကုန်ခြင်းကြောင့်လည်း မထီမဲ့မြင် မပြု။ အကြင် ပုဂ္ဂိုလ်၌ ထိုအကြောင်းတို့သည် ရှိကုန်၏၊ ထိုသို့ သဘောရှိသော အဆွေခင်ပွန်း ဖြစ်သောသူကို အဆွေခင်ပွန်းကောင်းကို အလိုရှိသူသည် ဆည်းကပ်အပ်၏။ 36

၅ - ပဌမ မိတ္တသုတ်၊ ဒေဝတာဝဂ်၊ သတ္တကနိပါတ်၊ အဂုင်္တ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။



Read more...

ကိုကျော်မျိုးမောင်နှင့်မလမင်းမောင် အန္တရာယ်ကင်း တရား



Read more...

...မီးခုနှစ်ပါးသတိထား...


...မီးခုနှစ်ပါးသတိထား...





ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Read more...

သီတဂူဆရာတော်ကြီး၏ တက္ကဆက်ခရီးစဉ် မှတ်တမ်း


သီတဂူဆရာတော်ဘုရားကြီးသည် ၁၃-၀၇-၂၀၀၉နေ့တွင် ညနေပိုင် ၅-နာရီခွဲ၌ အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့ရှိ သီတဂူဗုဒ္ဓ၀ိဟာရကျောင်းတိုက်သို့ ရောက်ရှိခဲ့ပါသည်။ ရောက်လျှင် ရောက်ခြင်းပင် (၁၅-၀၇-၂၀၀၉)နေ့တွင် ကျင်းပမည့် ရွှေစည်းခုံစေတီတော်ကြီး ပနက်တင်မင်္ဂလာအခမ်းအနား အတွက် စီစဉ် တော်မူသည်။ မနားမနေ အလုပ်ကိုကြိုးစား စိတ်နစ်၍ ပြုလုပ်သော ကျေးဇူးဆရာတော်ဘုရား ကြီး၏ ကြည်နူးပျော်ရွှင်နေသော မျက်နှာတော်သည် သာသနာတော်နှင့် အမိမြေအတွက် ပေးဆပ်ထားသောသူ၏ စေတနာ၊ မေတ္တာအရောင်များဖြစ်သည်ဟု မနက်ဖြန်စိတ်တွင် ခံစားမိပါသည်။

တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့ရှိ သီတဂူဗုဒ္ဓ၀ိဟာရကျောင်းတော်ကြီးကို 1994-ခုနှစ်တွင် တည်ထောင် တော်မူခဲ့သည်။ ကျောင်းတိုက်၏သက်တမ်းသည် (၁၅)နှစ်ခရီးသို့ဆိုက်ရောက်ခဲ့လေပြီ။ ကျောင်းတိုက်အတွင်း၌ ဒေါ်လာတစ်သိန်းကုန်ကျသည့် City Water ရရှိအောင်မြင်ပြီး ဒေါ်လာငါးထောင်ကုန်ကြသည့် ကမ္မဋ္ဌာန်းကျောင်း
ပေါင်း၁၀-လုံးနှင့် ဒေါ်လာရှစ်သောင်းကျော်ကုန်ကျသည့် ယောဂီပုဂ္ဂိုလ်များ ရေချိုးသန့်စင်နိုင်ရင် ရေချိုးခန်း အိမ်သာအဆောင်ကြီးတခုတို့ကို တည်ဆောက်ပြီးစီးခဲ့သည်။

ကျောင်းဝင်း၏ အေရိယာအကျယ်ဝန်းသည် (၁၆) ဧကရှိပါသည်။ သားသမင်များပေါများ၍ တောအုပ်များ ထူထပ်သည့် လူသူများနှင့်မနီးမဝေးသောနေရာတွင် တည်ရှိသည်။ ယခုအခါတွင် အမိမြေ ပုဂံ (ပျူဂံ)တွင် တည်ထားရှိသည့် ရွှေစည်ခုံပုံစံတူ စေတီတော်ကြီးကို တည်ဆောက်တော့မည်ဖြစ်ပါသည်။ အမိရင်ခွင်မှ အဝေး ရောက်မြန်မာပြည်ဖွား ကိုရွှေသူကိုရွှေသားတို့အတွက် အထူးဝမ်းမြောက်စရာသတင်းလည်းဖြစ်သလို အမေရိ ကန်ပြည်ထောင်စုတွင် သာသနာတော်၏ အလင်းရောင် အလင်းတန်းများ တိုးပွါးထွန်းလင်းလာသည့် သင်္ကေတ တစ်ခုဖြစ်ပါသည်။ ထို့ကြောင့်ရွှေစည်းခုံစေတီတော်ကြီးအတွက် စေတနာ သဒ္ဓါတရားနည်းများမဆို အုဋ္ဌ်တစ်ချပ် သဲတပွင့် ပါဝင်လိုသူများ သီတဂူဗုဒ္ဓ၀ိဟာရကျောင်းတိုက်တွင် လာရောက်၍ဖြစ်စေ၊ အဝေးရောက် အလှူရှင် များအတွက် Online Donationနဲ့ဖြစ်စေ၊ လှူဒါန်းပါဝင်နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

သီတဂူဗုဒ္ဓ၀ိဟာရကျောင်းတိုက်၌ သီတင်းသုံးတော်မူစဉ် တရားတော်များဟောကြားမည်ဖြစ်ပါသည်။ အွန်လိုင်း တရားနာလိုသူများအတွက် အဖြူရောင်သံစဉ်တွင် တိုက်ရိုက်ထုတ်လွင့်ပေးနိုင်ရန် DJ ကိုစိတ်ကလေးမှ စီစဉ် ဆောင်ရွက်ပေးမည်ဖြစ်၍ အဖြူရောင်သံစဉ်မှ နာယူနိုင်ကြောင်းကို အသိပေးအပ်ပါသည်။

(JULY / 21/ 2009/ Tuesday) ညတရားပွဲကို ဖလော်ရီဒါပြည်နယ်ရှိ၊ ဓမ္မာလောကကျောင်းတိုက်တွင်ခမ်းနား ကြီးကျယ်စွာ ကျင်းပမည်ဖြစ်ပါသည်။ အွန်လိုင်းတရားနာလိုသူများအတွက် ရုပ်သံတိုက်ရိုက် (ကလစ်ပါ) ထုတ်လွင့် ပေးမည် ဖြစ်ပါကြောင်းကိုလည်း အသိပေးအပ်ပါသည်။ တရားပွဲသည်ဖလော်ရီဒါ စံတော်ချိန် (ည-၈နာရီ)ဖြစ်ပါသည်။

သီတဂူဆရာတော် ဘုရားကြီးအား လေဆိပ်တွင် သွားကြိုစဉ် လေဆိပ်တွင်


မနက်အာရုံဆွမ်း ဘုဉ်းပေးစဉ်



သီတဂူဗုဒ္ဓ၀ိဟာရကျောင်းဝင်းအတွင်း ရွှေစည်းခုံစေတီတော်တည်မည့်နေရာ


သီတဂူဆရာတော်နှင့် အရှင်မဟောသဓပဏ္ဍိတ (စစ်ကိုင်းမင်းရှိန်)



ထိုင်းဆရာတော် အရှင်ဓမ္မဇောတိကလည်း သာသနာအလံလွှင့်


ပနက်တင်မင်္ဂလာပွဲအတွက် ပြင်ဆင်ကြ



စစ်ကိုင်းမင်းရှိန်က လမ်းညွှန်


ကျောင်းအမများကလည်း အင်နဲ့အား



ဖလော်ရီဒါ ဓမ္မာလောကကျောင်းဆရာတော် ဒေါက်တာကိုပညာကလည်း ရေအေးအေးနဲ့ချွေးသိပ်


တယောက်တလက် ကျောင်းသားလက်


ဖုန်းတလုံးနဲ့ အလုပ်များနေတဲ့ မနက်ဖြန်


အားအကိုးရဆုံး ကပ္ပိယမ (အမေရိကန်သူ) Windyကလည်း ဖုန်မထဖို့အရေး


ကျောင်းသား မောင်ကိုကိုရဲ့ ကုသိုလ်လည်းရ ဗိုက်လည်းကား

Read more...

မိန်းမတို့ကို သဘောထားကြီးသော ဆရာကောင်းတပည့်... (၅၅၀-ဇာတ်တော်)

၅၅၀-ဇာတ်တော် မှ (ဇာတ်တော်-၆၅-၇၁) မာနဝ

၆၅... မိန်းမတို့ကို သဘောထားကြီးသော ဆရာကောင်းတပည့်...



















Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP