* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, May 2, 2010

မြတ်ဗုဒ္ဓ၏ အာဝေဏိကဂုဏ်တော် (၁၈) ပါး

၁။ ။ အတီတံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတံ ဥာဏံ။
အတိတ်ကာလ၌ အဆီးအတား အပိတ်အပင် မရှိသော ဥာဏ်တော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၂။ ။ အနာဂတံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတံ ဥာဏံ။
အနာဂါတ်ကာလ၌ အဆီးအတား အပိတ်အပင်မရှိသော ဥာဏ်တော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၃။ ။ ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတံ ဥာဏံ။
ပစ္စုပ္ပန်ကာလ၌ အဆီးအတား အပိတ်အပင် မရှိသော ဥာဏ်တော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၎။ ။ သဗ္ဗံ ကာယကမ္မံ ဥာဏပုဗ္ဗင်္ဂမံ ဥာဏနုပရိဝတ္တံ။
အလုံးစုံ ကိုယ်ဖြင့် ပြုအပ်သောအမှုသည် ဥာဏ်ဖြင့်ယှဉ်လျှက် ဥာဏ်တော်သို့ အစဉ်လိုက်တော်မူသော မြတ်စွာဘုရား။
၅။ ။ သဗ္ဗံ ၀စီကမ္မံ ဥာဏပုဗ္ဗင်္ဂမံ ဥာဏာနုပရိဝတ္တံ။
အလုံးစုံ နှုတ်ဖြင့် ပြောဆိုအပ်သော အမှုသည် ဥာဏ်ဖြင့်ယှဉ်လျှက် ဥာဏ်တော်သို့ အစဉ်လိုက်တော်မူသော မြတ်စွာဘုရား။
၆။ ။ သဗ္ဗံ မနောကမ္မံ ဥာဏပုဗ္ဗင်္ဂမံ ဥာဏာနုပရိဝတ္တံ။
အလုံးစုံ စိတ်ဖြင့် ကြံစည်အပ်သော အမှုသည် ဥာဏ်ဖြင့်ယှဉ်လျှက် ဥာဏ်တော်သို့ အစဉ်လိုက်တော်မူသော မြတ်စွာဘုရား။
၇။ ။ နတ္ထိ ဆန္ဒဿ ဟာနိ။
သတ္တ၀ါတို့၏ အကျိုးစီးပွားကို ပြုလိုသော ဆန္ဒတော် ဆုတ်ယုတ်ခြင်း ရှိတော်မူသော မြတ်စွာဘုရား။
၈။ ။ နတ္ထိ ဓမ္မဒေသနာယ ဟာနိ။
တရားတော် ဟောပြောခြင်း၌ ဆုတ်ယုတ်ခြင်း ရှိတော်မမူသော မြတ်စွာဘုရား။
၉။ ။ နတ္ထိ ၀ီရိယဿ ဟာနိ။
သတ္တ၀ါတို့၏ အကျိုးစီးပွားကို ပြုလိုသော ၀ီရိယတော် ဆုတ်ယုတ်ခြင်း ရှိတော်မမူသော မြတ်စွာဘုရား။
၁၀။ ။ နတ္ထိ ၀ိပသနာယ ဟာနိ။
ဝိပသနာ ပညာတော် ဆုတ်ယုတ်ခြင်း ရှိတော်မမူသော မြတ်စွာဘုရား။
၁၁။ ။ နတ္ထိ သမာဓိဿ ဟာနိ။
စိတ်တည်ကြည်မှု သမာဓိတော် ဆုတ်ယုတ်ခြင်း ရှိတော်မမူသော မြတ်စွာဘုရား။
၁၂။ ။ နတ္ထိ ၀ိမုတ္တိယာ ဟာနိ။
အရဟတ္တဖိုလ် ၀င်စားခြင်း၌ ဆုတ်ယုတ်ခြင်း ရှိတော်မမူသော မြတ်စွာဘုရား။
၁၃။ ။ နတ္ထိ ဒ၀ါ။
ရယ်မြူးလို၍ ပြောဆိုစကား ရှိတော်မမူသော မြတ်စွာဘုရား။
၁၄။ ။ နတ္ထိ ရ၀ါ။
သတိလွတ်၍ ပြောဆိုစကား ရှိတော်မမူသော မြတ်စွာဘုရား။
၁၅။ ။ နတ္ထိ အပ္ဖုဋံ။
ဥာဏ်တော်မမှီ မသိသောအရာ ရှိတော်မမူသော မြတ်စွာဘုရား။
၁၆။ ။ နတ္ထိ ဝေဂါယိတတ္တံ။
မဆင်မခြင် လျင်မြန်စွာပြုသောအမှု ရှိတော်မမူသော မြတ်စွာဘုရား။
၁၇။ ။ နတ္ထိ အဗျာဝဋမနော။
နှောက်ယှက်တွန့်တို ပိတ်ပင်သော နှလုံးရှိတော်မမူသော မြတ်စွာဘုရား။
၁၈။ ။ နတ္ထိ အပ္ပဋိသင်္ခါနပေက္ခာ။
ဆင်ခြင်လွတ်ကင်း လျှစ်လျူနေခြင်း ရှိတော်မမူသော မြတ်စွာဘုရား။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP