“ရှာ စု ကူး နီတိများ(၄)”
Posted 11:17 PM by ကိုနော in Labels: ရှာစုကူးနီတိများ
(၆၁) တွေ့တဲ့လူတိုင်းနဲ့ သင့်အောင်ပေါင်းစရာမလို…၊ပေါင်းတဲ့လူတိုင်းနဲ့ သင့်ဖို့သာအရေးကြီးသည်။(၆၂) စစ်မှန်သောဝေဒနာအတွက် ကုသမည့်သူအမြဲရှိသည်။
(၆၃) နေရာတကာ ငါစူပါစိတ်မျိုးရှောင်ရှားပါ။
(၆၄) အလုပ်နှစ်ခု အပြိုင်မလုပ်ပါနဲ့..အကောင်းဆုံးမှစ၍ တဖြည်းဖြည်းလုပ်သွားပါ။
(၆၅) ငါသာ ငါ့ပြင်,ငါမမြင်ဟု,ဒုယင်တစ်ဆူ,ပြုမိမူ,ထိုသူ သူ့အောက်,နေ့ချင်းရောက်လိမ့်။
(၆၆) လုပ်လို့မရဘူးဆိုတာ ရအောင်မလုပ်လို့ပါ။
(၆၇) မနက်ဖြန်ကိစ္စ နောက်နေ့မှရှင်းမယ်။
(၆၈) သုံးပျောက်လို့ ငါးကွယ်,ခြောက်သွယ်နဲ့ လွဲ,လူ့ရပ်ထံ စံမမြဲ,လေး အောက်ကဆွဲ။
(၆၉) အကျပ်အတည်းမှာ တွေ့ရင် ဦးညွတ်ပါ။
(၇၀) မုန်တိုင်းလာမှာ မျှော်လင့်ထားပါ။
(၇၁) သူများက မြင်သလို ကိုယ့်ကိုယ်ကို ရှုမြင်ပါ။
(၇၂) လမ်းလျှောက်ရင်း အိပ်မက်,မက်တတ်သောအကျင့်ကို ပယ်ဖျောက်ပါ။
(၇၃) တန်ဖိုးဟူသမျှ အလုပ်ကသာ ဖန်တီးသည်။
(၇၄) အချိုကြိုက် လူမိုက်။
(၇၅) အမှားကို ဆင်ခြေဖြင့် အမှန်မလုပ်ပါနဲ့။
(၇၆) အကြောက်လွန်သောစိတ်သည် ကြောက်စရာအကောင်းဆုံးသောအရာဖြစ်သည်။
(၇၇) အချို့သောဆုံးရှုံးမှုများကား အောင်ပွဲများထက်ပင် အောင်မြင်တတ်ပေသည်။
(၇၈) အမှတ်တရားရေအလျဉ်သည် အမှားမြစ်ချောင်းများစွာကို ဖြတ်ကျော်စီးဆင်းခဲ့၏။
(၇၉) သင်ခံတွင်းပျက်နေသည်နှင့် သင့်အစာကို အပြစ်မတင်ပါနှင့်။
(၈၀) နေမင်းနှင့်လွဲရသည်ကို မျက်ရည်ကျနေလျှင် ကြယ်ပွင့်များကိုပါ မြင်ရလိမ့်မည်မဟုတ်။
(၈၁) လိုအပ်၍ လုပ်သမျှ တရားသည်မှန်သည်ချည်း။
(၈၂) အပြောနှင့်အလုပ် မညီသူတို့ကို ပေါင်းသင်းဆက်ဆံရခြင်းကား အိပ်မက်ထဲ၌ပင် စိတ်ပျက်ဖွယ်ကောင်း
လှ၏။
(၈၃) ကမ်းပေါ်ကနေသူတစ်ယောက်အတွက် ပင်လယ်သည် ငြိမ်သက်လှပနေပေလိမ့်မည်။
(၈၄) ခွင့်လွှတ်ခြင်းကြောင့် မေ့လျော့သွားလိမ့်မည်မထင်ပါနဲ့။
(၈၅) ကြိုးစားခြင်းသည် ကံကောင်းခြင်း၏မိခင်ဖြစ်သည်။
(၈၆) အောင်မြင်ခြင်းတွင် အသိမိတ်ဆွေပေါများလှ၏။
(၈၇) မိမိကိုယ်ကို သိုးငယ်ဟုသဘောမထားပါနဲ့..၀ံပုလွေစာဖြစ်သွားလိမ့်မည်။
(၈၈) အမှားကိုကြောက်ခြင်းသည် တိုးတက်မှု၏သေဆုံးခြင်းပင်တည်း။
(၈၉) မူးနုတ် ပဲနုတ်,စု၍လုပ်,တရုတ် တိုက်ကြီးတည်။
(၉၀) စိတ်မပျက်ပါနှင့်..စိတ်ပျက်နေလျှင်လည်း စိတ်ပျက်ပျက်နှင့်ပင် ဆက်လုပ်ပါ။
(၉၁) ပျက်စီးချိန်တန်,နည်းဖောက်ပြန်,ဉာဏ်မြင်မရှင်းရာ။
(၉၂) ဇာတာမသန့်,ကံပင်ညံ့လည်း,မလျှော့ဝီရိယ,ကြိုးစားကြလော့..။
(၉၃) ဇွဲကို ကိုင်ဆုပ်,နောက်မဆုတ်,အဟုတ်ရှေ့သို့ ချီ။
(၉၄) သင့်ကိုယ်သင် ယုံကြည်မှုရှိပါ၊ အခြားသူများပြောချင်ရာ ပြောခြင်းသည်ဘာမှအရေးမကြီး။
(၉၅) ထူးခြားသောစွမ်းရည်ဆိုသည်မှာ ဆက်တိုက်ကြိုးစားခြင်း၏ စွမ်းအားသာလျှင်ဖြစ်သည်။
(၉၆) အလုပ်မရှိ,ငုံးတိတိနှင့်,နုံးချိမဲ့ယောင်,အူကြောင်ကြောင်ကို,နောင်လည်းမလို,အခုလည်းပို၏။
(၉၇) ရိက္ခာအတွက်,သိက္ခာဖျက်ဖို့,လိပ်ပြာရှက်လို့,ငြင်းလိုက်သည်။
(၉၈) အကောင်းဆုံးကို မျှော်လင့်ထားပါ..အဆိုးဆုံးအတွက် အသင့်ပြင်ထားပါ။
(၉၉) အတိတ်ကို သင်ခန်းစာယူပြီး အနာဂတ်ကို ပြုပြင်ရမည်။ မှန်လှပေ၏..အတိတ်သည်အနာဂတ်၏
နိဒါန်းဖြစ်သည်။
(၁၀၀) ကံရှိရင် ခံရစမြဲ..လုပ်သင့်တာ လုပ်ဖို့ကိုယ့်တာဝန်။


0 comments:
Post a Comment