ပဋိပက္ခလှည့်စားမှု
အလှတရားတွေ ဆိတ်သုဉ်းခဲ့တာ
မနေ့က သတင်းစာအထိပါပဲ။
ဥပေက္ခာတရားတွေ
ဘယ်သူမှ မွေးမြူမထားဘူး
အလှအပတွေ ပျက်ဆီးမှုက
ဥပေက္ခာကို လာလှုပ်နိုးနေတာ။
လိပ်ပြာသက်သက်တွေလား
တန်ဖိုးထားမှုသက်သက်တွေလား
လောကသဘာဝက
သီးခြား မေးမထားဘူးလေ
မြတ်နိုးမှုနဲ့
နဂိုအတိုင်း လှပနေစေချင်တာ။
ပန်းစားဘီလူးတွေ များတဲ့ခေတ်မှာ
နယ်ရုပ်ကလေးတွေ များလွန်းတာ မုန်းတယ်။
ရင်နာလွန်းပေါ့
အဲ့လို ဖြစ်ခဲ့တာ
အလှတရားတွေ ဆိတ်သုဉ်းခဲ့
မနေ့က သတင်းစာအထိဆိုတာကိုပါ။

0 comments:
Post a Comment