* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, May 2, 2010

ဘလော့ဂ်ဖွင့် အီးမေးလ်

ဦးဇင်းဘုရား...

တပည့်တော် ဒိန်းမတ် က ....ပါ။ ဦးဇင်းဆီ ဖုန်းဆက်တုံးက ဂျာမနီက ၊ အခုတော့ ဒိန်းမတ်ကို ပြန်ရောက်နေပါပြီ။အခု ဦးဇင်း အီးမေးလ်ကို စမ်းပို့ကြည့်တာပါ။ လိပ်စာမှန်ပြီး စာရောက်တယ်ဆိုရင် တပည့်တော်ဆီ အကြောင်းပြန်ပေးပါ။ တပည့်တော် ဦးဇင်းဆီမှာ ဓမ္မနဲ့ ပတ်သက်ပြီး သိချင်တာ လေးများ မေးလျှောက်ချင်လို့ပါ။

ဦးတင်လျှက်

အိုကေ
ဒကာ စာ ရောက်ကြောင်းပါ။ ရပါတယ်ဗျာ။ အကျိုးဖြစ်မယ့် မေးခွန်းတွေ မေးပါ။ ဘာလို့ လဲဆိုတော့ အမေးဖြေတွေ မြန်မာ ဘုန်းကြီး တော်တော်များများဖြေကြပြုကြတာရှိပါတယ်။ အမေးဖြေ အခန်း လုပ်ထားတာတွေရောပေါ့။
ဥူးဇင်းအနေနဲ့ ကတော့ သီးသန့် အမေးဖြေ သီးသန့် ရေးထားတာမရှိဘူး။ နီးစပ်သူမေးခဲ့ရင်သာ လိုလိုလားလား မေးခွန်းမျိုး အကျိုးရှိမေးခွန်းမျိုးဖြေတယ်ဆိုတာ ကြိုတင် ပြောထားပါတယ်။
ပြီးတော့ အချိန်ကလည်း ပြောသလောက်မရလို့ ပါ။ အလိုရှိက မေးပါ။ တတ်နိုင်သရွေ့ ပြောပေးပါ့မယ်။
ကျန်းမာချမ်းသာပါစေ
မေတ္တာဖြင့်
ဥူးဇင်း

ကျေးဇူးကြီးလှပါတယ်ဘုရား။

တပည့်တော် သိချင်တာက ပဋိစ္စသမုပ္ပါဒ် တရားတော်မှာ အ၀ိဇ္ဖာတည်းဟူသော မသိမှုသည် ဘာကို ဆိုလိုပါသလဲ။ ဘယ်အရာတွေကို မသိတာကို အ၀ိဇ္ဖာဟု ဘုရားဟောပါသလဲ ဟု အရှင်ဘုရားသိလျှင် ဖြေပေးပါရန် လျှောက်ထားအပ်ပါသည် ဘုရား။

ဦးတင်လျှက်



သိသလောက် ဖြေပေးရရင်တော့-
အဖြေ။ အ၀ိဇ္ဇာ ဟူသည်
သိထိုက်သည်ကိုမသိ၊ မသိထိုက်သည်ကို သိသောတရားကို အ၀ိဇ္ဇာ ဟု ခေါ်၏။

ထိုအ၀ိဇ္ဇာမည်သော မောဟသည်
၁။ ဒုက္ခသစ္စာ ၂။ သမုဒယသစ္စာ ၃။နိရောဓသစ္စာ၎။မဂ္ဂသစ္စာ
ဤသစ္စာလေးပါးကို မသိအောင် ဖုံးလွှမ်းတတ်၏။
၅။အတိတ်က ဖြစ်ခဲ့သော ခန္ဓာ အာယတန ဓာတ် အဖို့ အစု( ပုဗ္ဗ န္တ)
၆။အနာဂတ်ဖြစ်မည့် ခန္ဓာစသော အဖို့ စု ( အပရ န္တ)
၇။ထို ရှေ့  နောက် နှစ်ပါး ( ပုဗ္ဗ န္တာပရ န္တ)
ထိုတရားတွေ၏ အမှန်သဘောကို ကောင်းစွာမသိအောင် ဖုံးကွယ်၍ထားသည်။
၈။ဤ ပဋိစ္စသမုပ္ပါဒ်တို့ ၏ အမှန်သဘောကိုလည်း မသိအောင် ပိတ်ပင်ထားတတ်သည်။
( အခြေပြု သဂြိုင်္ဟ်- စာ ၄၇၂)

နားလည်အောင် ပြောရရင် ဒီအကြောင်း ၈ မျိုးနဲ့ စပ်ပြီး မသိရင် အ၀ိဇ္ဇာ။
(ကျန်တာ မသိတာတော့ အ၀ိဇ္ဇာ လို့ မဆိုလို။)
ဒီ ၈ ချက်ကို မသိတာကို အ၀ိဇ္ဇာ လို့  ခေါ်ကြောင်း ဒကာရေ မှတ်သားပေတော့။


မှန်ကန်ပြည့်စုံပါသည် အရှင်ဘုရား။ အချက် ရှစ်ချက်ကို မသိတာ အ၀ိဇ္ဇာဟု မှတ်သားခဲ့ဖူးသော်လည်း ပြည့်စုံစွာ မသိ၍ မေးရခြင်း ဖြစ်ပါသည်။

ဦးတင်လျှက်

ဟိုး...တုန်းကတော့ အိတ်ဖွင့်ဆိုပြီး ရေးကြ ပြုကြတယ်။ ခုတော့ ဘလော့ဂ် ဖွင့် အီးမေးလ်
ဆိုပြီး ရေးလိုက်ပါတယ်။ နာမည်ပေးလိုက်ပါတယ်။


မှတ်ချက် ။ ။ သူလို မေးတတ်စေရန်လည်းကောင်း၊ မေ့နေတာကို ပြန်လည် သိစေလိုသောကြောင့်လည်းကောင်း၊ မသိသေးသူများ အသစ်အနေ
မှတ်သားစေလိုသောကြောင့်လည်းကောင်း
ဒီနေ့  မနက် အီးမေးလ် မှ အမေးအဖြေကို တင်လိုက်ပါတယ်။
မြတ်ရောင်နီ
( ၀၁၊၀၅၊၂၀၁၀)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP