* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, May 2, 2010

*ဆရာတော်အရှင်ဇနကဘိဝံသ၏အဆိုအမိန်များ*

Written by တောသားလေး 0 အကြံပြုပါသည်။ Posted in:

*ဒုက္ခမရောက်ရင် မကြောက်ကြ
၁။ သတ္တ၀ါတိုင်းဟာ ဒုက္ခမရောက်သေးသမျှ မကြောက်ရေးချ မကြောက်ကြပါဘူး။
Unafraid
1.No being is afraid until it gets into trouble.
*စိတ်မချရ
၂။ တရားထူး မရသေးသမျှတော့ဖြင့် သံသရာသွားဖို့ အယူဝါဒဟာ မြဲပြီလို့ စိတ်မချရသေး။
No Guarantee
2. So long as you have not yet acquired the atates of moral purity, there is no guarantee that you have got the right belif for your journey in the cycle of existences.
*တစ်ဘ၀ ငါမဟုတ်
၃။ တစ်ဘ၀၏ တစ်ခဏ၏ ငါအဖြစ်ကို မကြည့်ပါနဲ့၊ တစ်သံရာလုံးက ငါအဖြစ်ကိုသာ ကြည့်ကြပါ။
3. Don’t look only to your situation in this transitory life; look to the series of existences you have gone through.
*အမှတ်တမဲ့ မနေကြနဲ့
၎။ လူတွေဟာ အမှတ်မဲ့ နေ၊ အမှတ်မဲ့ ကြီး၊ အမှတ်မဲ့ သေကြတယ်၊ တကယ်ဆိုတော့ စား-၀တ်-နေ-ရေး ပြည့်စုံရင် အို-နာ-သေရေးအတွက် အသင့်ပြင်ထားဖို့ကောင်းတယ်။
Don’t be Listless
4. People are born , grow up and die in a listless manner. In fact , they should prepare themselves for old age, sickness and death after they have acquired the necessities of life.
*အထင်မကြီးကြနဲ့
၅။ လူတွေဟာ ကိုယ့်ရဲ့ အဆင့်အတန်းကို မတင်းတိမ်တတ်ကြဘဲ၊ မရနိုင်တဲ့ အဆင့်အတန်းကိုပဲ အထင်ကြီးမျှော်မှန်းနေကြတယ်။
Don’t Aim too High
5. People are not satisfied with their own position in life and are always aiming too high.
ဆရာတော်အရှင်ဇနကဘိဝံသ၏ အဆိုအမိန့်များစာအုပ်မှ ကောက်နုက်ဖော်ပြထားခြင်းဖြစ်ပါသည်။
အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP