ကုသိုလ်ဆိုတာ လုပ်ယူမှ ရတာ။
ကုသိုလ်ဆိုတာ တန်ဖိုးကြီးတဲ့ သီးပင်၊ စားပင်၊ ပန်းပင်များလိုပဲ၊ သေချာဂရုတစိုက်လုပ်ယူမှ ရတာ၊ ဖာသိဖာသာ အေးအေးနေရုံနဲ့ ကုသိုလ်တွေ မရနိုင်ဘူး၊ ဒါန သီလ သမထ ဝိပဿနာ လေးမျိုးထဲ တစ်မျိုးမျိုးဘောင်ဝင်အောင် လုပ်နိုင်မှ ကုသိုလ်ဆိုတာရတာ။
ဒီတော့ ကုသိုလ်ရဖို့ဆိုတာ အပြစ်ကင်းအောင်လည်း ပြုမှု၊ ပြောဆို၊ နေထိုင်လုပ်ကိုင်ရပါတယ်၊ အများ ကောင်းကျိုး ရှိတဲ့ အလုပ်တွေကိုလည်း လုပ်ရပါတယ်၊ ဒီနှစ်ချက်ညီမှသာ ကုသိုလ်ဖြစ်ပါတယ်။ ကုသိုလ်ရပါတယ်။
ဆောင်။ ။ ဖြစ်သော်သန့်ရှင်း၊ အပြစ်ကင်း၍ ကောင်းခြင်းသုခ၊ ကျိုးပေးက၊ ကုသလဟုခေါ်။
အမြင့်ဆုံးကုသိုလ် အမြတ်ဆုံးတရား ဓမ္မစာအုပ် စာမျက်နှာ (၄)
အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)

0 comments:
Post a Comment