* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, May 2, 2010

ဂျူမုံ မင်းကြောင့် စိတ်ညစ်တယ်

တခါက ရှင်လေးမော် အဒေါ်နဲ့ ပတ်သက်ပြီးတော့ စာတစ်ပုဒ်ရေးဖူးပါတယ်။ ဂျူမုံနာမည်နဲ့ သရုပ်ဆောင်တဲ့ ကိုရီးယားမင်းသားနဲ့ လည်း ပတ်သက်ပါတယ်။ ရှင်လေးမော်နဲ့  အဲဒီ ဂျူမုံပြဿနာက အိန္ဒိယထိအောင် မပြီးနိုင်သေးပါဘူး။ မပြီးနိုင်သေးပုံက ဒီလိုပါ။

ရှင်လေးမော်တို့  တက္ကသိုလ်ရဲ့ အင်တာနေရှင်နယ်အဆောင်ရောက်စမှာ ကုလားကျောင်းသားတွေက မျက်နှာစိမ်းလေးတွေဆိုတော့ အသီးသီး လာပြီးမိတ်ဆက်ကြပါတယ်။ ဘယ်ကလာသလဲ။ ဘယ်အတန်းတက်မှာလဲ။ နာမည်က ဘယ်လိုခေါ်လဲ စသဖြင့် စသဖြင့်ပါ။ အဲဒီကုလားကျောင်းသားတွေထဲမှာ တစ်ယောက်က စိတ်သိပ်မကောင်းရှာပါဘူး။ နဲနဲလွတ်နေတယ်လို့ ပဲ ဆိုရမှာပါ။

စိတ်နဲနဲ လွတ်နေတဲ့ ကုလားလေးနဲ့ ရှင်လေးမော်တို့ ၊ တစ်ယောက်နဲ့  တစ်ယောက် မိတ်ဆက်ဖြစ်ကြပါတယ်။ ဘယ်ကလာသလဲလို့ မေးတော့ မြန်မာပြည်ကပါလို့ ပြန်ဖြေလိုက်ပါတယ်။ ဘယ်အတန်းတက်မှာလဲဆိုတော့ မာစတာပေါ့။ နာမည်ဘယ်လို ခေါ်လဲလို့ မေးတော့ ခေမိန္ဒပါလို့  အသီးသီးပြန်ဖြေဖြစ်ပါတယ်။ ဒါနဲ့  တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆက်ကြတဲ့ အခန်းကဏ္ဍလေး ရောက်စနေ့ မှာ ပြီးဆုံးသွားခဲ့ပါတယ်။

နောက်တစ်နေ့ မှာ အဲဒီကုလားလေးနဲ့ ထပ်ဆုံဖြစ်ပြန်ပါသေးတယ်။ အရင်တစ်နေ့ ကလို မေးခွန်းတွေ အများကြီးတော့ မမေးပါဘူး။ ဒါပေမယ့် နာမည်တော့ ထပ်မေးပြန်ပါတယ်။ ဒါနဲ့  ရှင်လေးမော်လည်း အော်…ဘုန်းကြီးဘွဲ့ ဆိုတော့ သူလွယ်လွယ်နဲ့  မမှတ်မိနိုင်လို့ ပဲ ဖြစ်မှာပါဆိုပြီး ထပ်ဖြေပေးလိုက်ပါတယ်။ ခေမိန္ဒပါပေါ့။

အဲ..နောက်တစ်နေ့ လည်း ငနဲသားက လာမေးပြန်ပါရော။ နာမည်ဘယ်လို့ ခေါ်လဲတဲ့။ သုံးခါလောက်ဆိုတော့ အမှန်တိုင်း ဖြေချင်တဲ့စိတ် မရှိတော့ပါဘူး။ စချင်၊ နောက်ချင်တဲ့ စိတ်ကပဲ သူ့ အပေါ်ကို လွှမ်းမိုးထားပါတော့တယ်။ ဒါနဲ့  ကိုယ့်စိတ်ထဲမှာ အဆင်သင့်ရှိနေတဲ့ နာမည်တစ်ခု၊ ဘယ်လိုမှ မေ့လို့ မရနိုင်တဲ့ နာမည်တစ်ခု၊ သူလည်း မှတ်မိလွယ်လောက်မယ်ထင်တဲ့ နာမည်တစ်ခုကို ပြောလိုက်မိပါတယ်။

“ဂျူမုံ”

သူလည်း “ဂျူမုံ” “ဂျူမုံ”ဆိုပြီး ထပ်တလဲလဲ ရေရွတ်ကာ ရှင်လေးမော် အနားက ထွက်ခွါသွားပါတယ်။

အဲဒီနေ့ နောက်ပိုင်းကစပြီးတော့ သူက ရှင်လေးမော်ကို အဆောင်မှာတွေ့ လည်း ဂျူမုံ၊ ကျောင်းမှာတွေ့ လည်း ဂျူမုံ၊ ဈေးမှာတွေ့ လည်း ဂျူမုံ၊ လိုင်းကားပေါ်တွေ့ လည်း ဂျူမုံ၊ နောက်ဆုံး မနက်အိပ်ရာထ အင်းအင်းပါဖို့  အရေးတကြီး အိမ်သာသွားတာတောင် လမ်းတစ်ဝက်မှာ ခဏမော်တော်ပီကယ်လုပ်တားပြီး “ဂျူမုံ ဟောင်းအာယူ”လို့  စိတ်ညစ်လောက်အောင် လုပ်နေတော့တာပါပဲ။ ထပ်ပြီး ကုန်ကုန်ပြောရရင် ရွဲ့ နေသလား၊ စောင်းနေသလားလို့ တောင် သံသယ ဖြစ်မိပါတယ်။

အဲဒီနာမည်လေး ပြောလိုက်တုန်းကတော့ စိတ်ထဲမှာ မြန်မာပရိသတ်တွေရဲ့ အချစ်တော်မင်းသားနာမည်လေး အခေါ်ခံရနဲလားဆိုပြီးတော့ အသားယူချင်တဲ့ စိတ်နဲ့ လည်း ပြောလိုက်မိတာပါ။ ဒါပေမယ့် သကောင့်သားက "ဂျူမုံ" "ဂျူမုံ"လို့  ခေါ်တာမှ၊ ခေါ်လွန်းလို့  တောင် နောက်ထပ်တစ်ခါ ကိုယ်အထုပ်နဲ့ ကိုယ် စိတ်ညစ်ရပြန်ပါတော့တယ်။

တခါက ဂျူမုံ ပြဿနာ ဒီမှာ အကျယ်ဖတ်ပါ။ click


မော်ကွန်းသစ်
၁.၅.၂၀၁၀

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP