* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, May 2, 2010

ဥစ္စာမမက် တရားမက်သော အရှင်မ

0005052Kph0.jpg

ဗာရာဏသီပြည်၌ ဥစ္စာဓန ကြွယ်ဝသော ပုဏ္ဏားတစ်ယောက် ရှိ၏။ အမည်မှာ သုဇာတ ဖြစ်၍ သားတစ်ယောက်နှင့် သမီးတစ်ယောက် ထွန်းကား၏။ ဝါသေဌိ ထေရီ အရှင်မသည် ထိုအိမ်သို့ နေ့စဉ် ဆွမ်းခံ ကြွတော်မူလေ့ရှိ၏။

ပုဏ္ဏေးမကြီးနှင့် သမီးတို့သည် ထို အရှင်မနှင့် အကျွမ်းတဝင် ရှိလာသောအခါ အရှင်မ၏ ရဟန်းပြုရခြင်း အကြောင်းကို သိလာကြသည်။ ထို အရှင်မ ဝါသေဌိကား သားသမီးများ ပျက်စီးသည်တွင် ရူးမတတ် ပူဆွေးသောက ရောက်ရာက မြတ်စွာဘုရား၏ တရားတော်ကို နာယူရသဖြင့် ရဟန်း ပြုလာသူ ဖြစ်ပေ၏။

တစ်နေ့သောအခါတွင် သုဇာတ၏ ချစ်လှစွာသော သားသည် မမြှော်လင့်ဘဲ ကွယ်လွန်ခဲ့၏။ သားကို အမွန် တမြတ်ထားကာ အရိပ် တကြည့်ကြည့် ဖြစ်နေခဲ့သော ပုဏ္ဏားကြီးမှာ ဆောက်တည်ရာ မရ ဖြစ်ရတော့၏။ ထိုအချိန်တွင် အရှင်မ ဝါသေဌိသည် ကြွရောက်တော် မူလာ၏။

သည်းအူ ကြွေပြတ်လုလု သောက ဖိစီး ခံနေရသော ပုဏ္ဏားသည် အရှင်မကို ဖူးမြင်ရသောအခါ အားကိုးစိတ် ပေါ်လာသည်။ ‘ငါ့မှာ သားပဲပျက်စီးတာ၊ ဒီ အရှင်မက သားရော သမီးပါ ပျက်စီးဖူးတာ၊ သည် အပူကို သူ ဘယ်လို သတ်သတုံး’ ဟု တွေးမိသည်။ သို့ကြောင့် အရှင်မ ရှေ့တော်သို့ ရိုသေစွာ ချဉ်းကပ်သည်။

“ထေရီ အရှင်မ၊ အရှင်မဟာ သားသမီးတွေ သေတုန်းက နေ့ရော ညပါ ပူဆွေးခဲ့တယ် မဟုတ်လား။ အခုတော့ ဘာဖြစ်လို့ မပူဆွေး မငိုကြွေးရတော့တာတုံး”

“သုဇာတ ပုဏ္ဏား၊ ငါရော သင်ပါ ရှေးရှေး လွန်လေပြီးတဲ့ ဘဝတွေမှာ သားတွေ အရာမက သေခဲ့ပြီးပြီ။ ဆွေမျိုးသားချင်းတွေလည်း အရာမက သေခဲ့ပြီးပြီ။ ဒါပေမယ့် အဲဒီ ငါဟာ ပဋိသန္ဓေ နေရခြင်း ဆင်းရဲ၊ အိုရခြင်း ဆင်းရဲ၊ နာရ သေရတဲ့ ဆင်းရဲတို့ရဲ့ ထွက်မြောက်ရာ နိဗ္ဗာန်ကို မဂ်ဉာဏ်နဲ့ သိတဲ့အတွက် မပူဆွေး မငိုကြွေးတော့ဘူး။ မပူဆွေး မငိုကြွေးတဲ့ အတွက် ဆင်းရဲ ပင်ပန်းမှုလည်း မရှိတော့ဘူးလေ”

သုဇာတ ပုဏ္ဏား စိတ်ဝင်စားသည်။ အားတက်သည်။

“ဝါသေဌိ အမည်ရှိတဲ့ ထေရီမြတ်လှ အရှင်မ၊ အရှင်မဟာ မဖြစ်ဘူးမြဲ ဖြစ်တဲ့ သဘောရှိတဲ့ စကားကို မိန့်တော်မူပါကလား။ အရှင်မဟာ ဘယ်ဆရာရဲ့ တရားစကားကို နာကြားရလို့ ဒီစကားကို မိန့်တော်မူတာပါလဲ ဘုရား”

“သုဇာတ ပုဏ္ဏား၊ တရား အလုံးစုံကို အလိုလို ကိုယ်တော်တိုင် မှန်စွာ သိတော်မူတဲ့ မြတ်စွာဘုရားဟာ မိဓိလာ ပြည်အနီးမှာ သီတင်းသုံး နေတော်မူတယ်။ အဲဒီ အရပ်မှာ ဆင်းရဲ အားလုံးကို ပယ်ဖျောက်ဖို့ အတွက် သတ္တဝါတွေကို တရားဟောနေတော်မူတယ်”

‘အို မြတ်စွာဘုရား ဆိုပါကလား။ ဆင်းရဲ အားလုံးကို ပယ်ဖျောက်တဲ့ တရားကို ဟောတော်မူတယ် ဆိုပါကလား’

ပုဏ္ဏားသည် မြတ်စွာဘုရား ဟူသည့် အသံကို ကြားကာမျှဖြင့် အပူလောင်မြိုက်မှုမှ သက်သာစ ပြု၏။

“သုဇာတ ပုဏ္ဏား၊ ငါဟာ ပူဇော်အထူးကို ခံတော်မူထိုက်တဲ့ အဲဒီ မြတ်စွာဘုရားရဲ့ ဆင်းရဲမရှိတဲ့ တရားတော်ကို ကြားနာခဲ့ရတယ်။ အဲဒါကြောင့် မြတ်စွာဘုရားရဲ့ ရှေ့တော်မှာပဲ သစ္စာလေးပါး တရားတော်တို့ကို သိပြီးဖြစ်လို့ သားသမီးအတွက် မစိုးရိမ် မပူဆွေး မငိုကြွေးတော့ဘူး”

(ဥစ္စာမမက် တရားမက်သော အရှင်မ အပိုင်း-၁ အဆက်အား ဆက်တင်ပါမည်)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP