* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, February 20, 2010

မဇ္ဈိမသံဃမာတာ ဘွဲ့နှင်းသဘင်


သာသနာသက္ကရာဇ်- 2553။
ကောဇာသက္ကရာဇ်- 1371၊ တပေါင်းလဆန်း(၄)ရက်၊ ခရစ်နှစ်။
ခရစ်သက္ကရာဇ်- 2010၊ ဖေဖ၀ါရီလ၊ 16 ရက်၊ အင်္ဂါနေ့။
ဘုရား၊ တန်းဆောင်၊ သိမ်၊ ကျောင်း၊ ရဟန်းမယ်တော်ကြီး၊ ပြည်တွင်းပြည်ပသာသနာပြု၊ သိရီသုဓမ္မသိင်္ဂီ ဒေါ်မြရှင်(ပုလဲရတနာရောင်းဝယ်ရေး)အား ''မဇ္ဈိမသံဃမာတာ'' ဘွဲ့အပ်နှင်းပွဲ အခမ်းအနားအစီအစဉ်

၁။ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်ရန်။

၂။ ဗုဒ္ဓဂယာမြန်မာကျောင်းဆရာတော်ဘုရားကြီးထံမှ သြ၀ါဒတရားနာယူကြရန်။

၃။ ဦးဓမ္မသီလိတာဘိဝံသမှ ဘွဲ့တံဆိပ် အပ်နှင်းရခြင်းအကြောင်းပြောကြားပေးရန်။

၎။ ကြွရောက်လာသော သံဃာတော်များနှင့် ဧည့်ပရိသတ်များမှ
''ဘ၀တု သဗ္ဗမင်္ဂလံ'' သုံးဂါထာရွတ်ဆို၍ ထုတိသြဘာပြုပေးရန်။

၅။ (က) မြန်မာကျောင်းဆရတော်ဘုရားကြီးနှင့်
Dr Diramdra Kumar( Pali Deppt)တို့မှ ဘွဲ့တံဆိပ်အပ်နှင်းပေးရန်

(ခ) ဒေါက်တာနန္ဒ၀ံသနှင့် Dr Apadani (Head of Pali Deppt)တို့မှ
ဘွဲ့တံဆိပ် အဆောင်အယောင်များပေးအပ်ရန်

(ဂ) ဒေါက်တာပညာသာမိနှင့် ဒေါက်တာပညာဒီပတို့မှ
ဘွဲ့တံဆိပ် အဆောင်အယောင်များပေးအပ်ရန်

၆။ ဌာနဆိုင်ရာ ဥက္ကဋ္ဌဆရာတော်အသီးသီးမှ သာရဏီယကထာပြောကြားပေးရန်

၇။ အဖွဲ့ကြီး၏ ဥက္ကဋ္ဌဆရာတော်မှ သာရဏီယကထာပြောကြားပေးရန်

၈။ သံဃာတော်များအား လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းရန်နှင့်
ဖိတ်ကြားထားသော ဧည့်သည်တော်များအား လက်ဆောင်ပစ္စည်းများပေးအပ်ရန်

၉။ ''ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု'' သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားသိမ်းရန်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP