အားမလျော့ကြနဲ့ ငါကောင်တွေ
ကျောက်တုံးကြီးတစ်တုံး တွန်းတယ် မရွှေ့ဘူး
ကျွန်တော်တို့ တွန်းတယ်မရွှေ့ဘူး တွန်းတယ်
ဒါပေမယ့် မရွှေ့ဘူးဗျာ
ကျွန်တော်တို့တွေ သိပ်ကြီးတဲ့ ကျောက်တုံးကြီးတွေကို တွန်းနေပါတယ်
မရွှေ့ဘူးဗျ။
ရူပဗေဒသမားတွေက ကျွန်တော်တို့ကို အလုပ်မဖြစ်ဘူးတဲ့
အလကားကောင်တွေတဲ့။
တရုပ်ပုံပြင်တစ်ခုကြားဖူးတယ် အဘိုးကြီးက တောင်ကြီးတစ်တောင်ကို ဖြိုဖို့ ပေါက်တူးတဲ့ တူးနေသတဲ့ အဘိုးကြီးကို လူတွေက ဟားတိုက်ကြတယ် မဖြစ်နိုင်တာကို လုပ်တယ်ပေါ့ဆိုပြီး ဟားတိုက်ရယ်မော ကြတယ်။ အဘိုးအိုက ပြန်ပြောလိုက်တာကို ကျွန်တော်သဘောကျမိတယ်။ ကျုပ် တောင်ကိုဖြိုမယ် မပြီးရင် ကျုပ်သား ဖြိုမယ် ကျုပ်သား ဖြိုတာမပြီးရင် ကျုပ် မြေးဖြိုမယ် ကျုပ်မြေးဖြိုတာ မပြီးရင် ကျုပ်မြစ်ဖြိုမယ်။ ဒီလိုပဲ သားစဉ်မြေဆက် လက်ဆင့်ကမ်း ဖြိုသွားရင် တနေ့တော့ ဖြိုပြီး မပေါ့ တဲ့ လေ။
ဒီလိုပဲ ကျွန်တော်တို့တွေ လူအဖွဲ့အစည်းကို ပြောင်းလဲဖို့ ကြိုးစားနေတယ်။ လူတွေကြားရင် ရီကြမပေါ့။ တကယ် ရူးမိုက်တဲ့ အလုပ် လုပ်တာပါ့။ မဖြစ်နိုင်ဘူးပေါ့။ ဒီလိုပြောလာ ကြရင် ကျွန်တော်တို့ အချို့တွေ အားပြတ်သွားကြတယ် စိတ်ပျက်သွားကြတယ်။ ဒါဘာဖြစ်လို့လဲ ကျွန်တော်တို့ ယုံကြည်ချက်တွေ မခိုင်မာသေးလို့ မပြည့်ဝသေးလို့ပါ။

0 comments:
Post a Comment