* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, February 20, 2010

မြေမြတ်မဟာ(ကဗျာ)

မြေမြတ်မဟာ

(၁)
ဗောဓိရိပ်ခို
စိတ်ကိုဖြန့်ခင်း
ခပ်သုတ်သုတ်လေး
လှည်းကျင်းလိုက်ကြတယ်။

`သမီးဆော့ဖို့
နိဗ္ဗာန်လေးတော့ ၀ယ်ဦးမယ်´တဲ့၊
ကောင်းလှပေါ့ ဒကာ....။

(၂)
`တို့မတတ်နိုင်,တို့မဆိုင်,ဘေးထိုင်နေကြလျှင်၊
တို့အားကိုးရာ,တို့သာသနာ,ပျက်မှာမလွဲပင်၊
သာသနာအတွက်,ကိုယ့်အသက်,လဲလျက်ပြုစေချင်။´
ကောင်းလိုက်တဲ့ သီချင်း
သုံးခေါက်လိုက်ဆိုနေမိတယ်။

နိဗ္ဗာန်ရည်စူး,ကုသိုလ်ထူး,ဆည်းပူးကြပါစို့...၊
ဘကြီးဘုန်းကြီးအတွက် ဆယ်သိန်း.....။

ကမ္ဘာ့ငြိမ်းချမ်းရေး,အစဉ်တွေး,အားပေးကြပါစို့...၊
`ခုနစ်ရက်ပြတ် သောတာပန်သင်တန်း´အတွက် (၇)သိန်း.....။

ထေရ၀ါဒ,ထာဝရ,လှပစေဖို့ရွယ်....၊
ရန်ကုန်က ရွာကျောင်းအတွက် ငါးသိန်း.....။

လောကအကျိုး,တို့သယ်ပိုး,အားလုံးဝိုင်းကြမယ်...၊
သားရဟန်းအတွက် သုံးသိန်း.....။

ဗုဒ္ဓသာသနာ,ဤကမ္ဘာ,နေရာမလပ် လင်းစေသော်...၊
မြန်မာကျောင်းအတွက် ဒေါ်လာသုံးရာ.....။
သာ........ဓု, သာ...ဓု,သာဓု....။
(ကိုနောအသံ အကျယ်ဆုံးဖြစ်သည်။)

(၃)
ဘယ်ကျောင်းတည်းတည်း အိုကေပါတယ်
လက်တော့ မနှေးနဲ့ ဒကာ...။

စကားမစပ်....
ဗုဒ္ဓက ထေရ၀ါဒီစစ်ရဲ့လား...?
ကမ္ဘာအေးကပဲ သိနိုင်မယ်လေ....။
ဒါဆို
ရဟန်းဆိုတာ ဘာလူမျိုးလဲ...?
ရသမျှနဲ့ဟန်ကျတဲ့လူမျိုးပေါ့ ဒကာရဲ့....။

(၄)
နှစ်သုံးဆယ်ကျော် ကျောင်းထားခဲ့တဲ့စိတ်
အခုထိ အရွယ်မရောက်နိုင်သေးတာ
ခက်လှပါဘိ....။

ကိုပိန် ရေ...
ဇာတ်လမ်းအရ
ကိုယ်တို့က လူကောင်းတွေနော်....။
ကားလိပ်မချခင်
လူကြီးတော့ ဖြစ်လိုက်ချင်သေးသကွာ....။

ကိုနော
၁၉.၂.၂၀၁၀

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP