* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, February 20, 2010

ပရော်ဖက်ဆာ ပါမောက္ခ ဒေါ်ကုလားမ

အိန္ဒ္ဒ်္ဒိယ မှာ နေရတဲ့ အခိုက်အတန့်  အသွင်မတူတဲ့ ပတ်ဝန်းကျင် အသွင်မတူသော စာရိုတ်ရှိသူတို့ နှင့် နေ့စဉ် ရင်ဆိုင်တွေ့ သမျှသော အကြောင်းအရာများကို ရင်ဖွင့်ရပါမူ ကုန်နိုင်အံ့မထင်ပါ။ မကုန်နိုင်သော အကြောင်းများထဲမှ ပူပူနွေးနွေး မိမိကြုံခဲ့သော အကြောင်းရာတစ်ခုကို တင်ပြပါမည်။ ဖြစ်ပုံကား..

မိမိသည် B.H.U တက္ကသိုလ် ဆရာတစ်ယောက်စီမှာ တစ်ပတ်သုံးရက်လောက် သင်တန်း သွားတက်ရပါတယ်။ မိမိတို့ တက္ကသိုလ်မှ B.H.U တက္ကသိုလ်ကို ကားစီးသွားရင် တစ်နာရီလောက်အချိန်ပေးရတာပါ။ မိမိအတွက်တော့ အကြောင်းအကြောင်းသော အကြောင်းများကြောင့်ပဲ လိုင်းကားစီးပြီး မပြည့်နိုင်သေးသော အိုးတစ်လုံး အတွက် ရသလောက် ရမယ့်နေရာက သွားသွားဖြည့်နေရတာပါ။ လိုင်းကားဆိုပြီး လူများများ ဆန့် တဲ့ လိုင်းကားမျိုးတော့ ကျေးဇူးပြုပြီး သွားပြေးမမြင်လိုက်ပါနဲ့ ။ အိန္ဒိယ လိုင်းကားဆိုတာ လိုင်းကားသမားများမူစတိုင် အတိုင်းဆိုရင် အတင်းလွတ်ရာနေရာ ထိုးတင်မှ အများဆုံး ရှေ့ ဒရိုင်ဘာနဲ့ အတူ နှစ်ယောက် နောက် သုံးယောက် ဒီလောက်ပဲ ဆန့် တာပါ။ တစ်လောက မိမိလည်းဆွမ်း ခပ်မြန်မြန် စားပြီး သင်တန်းမှီစေရန် လိုင်းကားမှတ်တိုင် ရှိရာနေရာလေးသို့  ခပ်သွပ်သွပ် သွားရတော့တာပါ။ ဖြစ်ချင်တော့ အဲဒီနေ့ က လိုင်းကားတွေ ဘာကြောင့်မှန်းတော့ မသိ။ အကုန်ကိုပြည့်နေတော့တာပါ။ စောင့်နေရလို့ လားတော့မသိ။ မိမိစိတ်ထဲ လိုင်းကားစောင့်ရတာ အတော်ကြာသွားတယ် ထင်ရ၏။ ဘာမှမတက်နိုင်ချေပြီ။ အိန္ဒိယမှာနေရင်တော့ စောင့်ပဲ။ ကိုကုလားနဲ့ လုပ်တဲ့ အလုပ်မှန် သမျှ စောင့်သာစောင့်တော့။

တစ်နာရီလောက်ကြာမှ မိမိရှေ့ တော်မှောက်သို့ ရောက်လာသော ကားဒရိုင်ဘာ ကဘယ်လဲ။ ဘယ်သွားမှာလဲ။ မိမိလည်း သွားရမည့်နေရာ မှတ်တိုင်နာမည် ပြောလိုက်တော့ ဒရိုင်ဘာ က နောက်ကတက်ဆိုတော့ နောက်ခန်းထဲ ရရာနေရာ ၀င်ထိုင်လိုက်ရတော့ပါ။ နောက်ခန်းမှာ ပုံမှန်လို သုံးယောက်ထဲ ပါပဲ။ မိမိနဲ့ အတူ ကိုကုလားထီး တစ်ယောက်ရယ် ဒေါ်ကုလားမတစ်ယောက်ရယ် သံသရာ တစ်ကွေ့ တစ်ခဏတာ အတူတကွ ဆုံဖြစ်တော့တာပါ။ ဒေါ်ကုလားမကား နောက်မှတက်လာသော အသွင်မတူ မိမိကိုကား ဂရုစိုက်ကြည့်လေတော့၏။ မိမိ သင်္ကန်း ဘေးအစကား ဒေါ်ကုလားမစီသို့  စပြီး ထိလေတော့၏။ ဒေါ်ကုလားမကား မိမိသင်္ကန်းစ သူ့ ကို မထိစေနဲ့ သဘောမျိုးဖြင့် ပြောတော့တာပါ။ ခတ်ပီ။ အဲဒါမှ အကြီးအကျယ် ခတ်ချေပြီ ။ ဘာအကြောင်းမှန်းလဲ မသိ။ သင်္ကန်းစသူ့ ကို မထိစေနဲ့ တဲ့ ။ မိမိနိုင်ငံ အတွေးလို ငရဲကြီးမှာ ကြောက်လို့  အထိမခံတာမျိုးတော့ ဖြစ်ချေဟန်မတူ။ အခြောက်တိုက်ကြီးကို မိမိကို ပညာပေးနေသည်ဟုသာ စိတ်ထဲမှာ တွေးမိပါတော့၏။ ရတယ် မထိစေရဘူး။ ကိုယ်အမြတ်တနိုး ထားသော မိမိသင်္ကန်းနဲ့ တက်နိုင်သမျှ မထိရရင် ကောင်းတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်မနာပါဘူး။ တက်နိုင်သလောက် ဒေါ်ကုလားမလည်း ကိုယ့်အတွက်နဲ့ စိတ်မဆင်းရဲအောင် ဘေးကပ်ပေးထားတော့တာပါ။ ဒါပေမယ့် ဒေါ်ကုလားမကနောက်တစ်ခု ပြဿနာ ရှာပြန်လေပြီ။ ဒေါ်ကုလားမ လက်ထဲတွင် ကိုင်လာသော ဟန်းဖုန်းကို စဆက်တော့တာပါ။ ဘာတွေပြောနေလည်းတော့ အကုန်မသိ။ ဘာပဲဖြစ်ဖြစ် မိမိအတွက် သူ့ အသံကို လုံးဝမခံစားနိုင်တော့။ အော်ကြီးဟစ်ကျယ် ဟစ်ဟော့ ဆိုသလို မနားတမ်း ပြောနေတော့တာပါ။ တော်တော်နဲ့ မပီးနိုင် ဘာတွေများ အရေးကြီးနေလည်းတော့ မသိခြင်းနောက်တစ်ခါထပ်တိုးပြီ။ နားတွေလည်း ထူပူလာသည်။ မပူခံနိုင်ရိုးလား။ မိမိအဆောင် အခန်းမှ အခုဒေါ်ကုလားမနဲ့ ထိုင်ရသော အကွားအဝေထက် အဆတစ်ရာခန့် ဝေးသော ကုလားလင်မယား ရန်ဖြစ်နေသောအသံပင်မူ အတော်ဆူညံလေ၏။ ကဲ.. ကြုံတုန်း သည်းခံပေရော..။ မိမိရဲ့ စိတ်အထင် ဆယ့်ငါးမိနစ်လောက် ကြာမှ ဒေါ်ကုလားမ ထိကေ...ထိကေ.. ထိကေ.... ဆိုပီး ဟစ်ဟော့ဆိုတာ ရပ်လေတော့၏။ သို့ သော်... မပြီးနိုင်သေးသော ဒေါ်ကုလားမရဲ့ ပြဿနာ။ ဒီတစ်ခါ မိမိကို တိုက်ရိုက် လာပေးပြန်၏။ အင်္ဂလိပ်လို စပြောတော့တာပါ။ ဘယ်ကလာသလဲ။ ဘယ်မှာနေလဲ။ ပြီးတော့ ဆိုးတာက ဘာမဆိုင် ညာမဆိုင် i m professor တဲ့။ ဟာ.. လုပ်ပီ။ မိမိကား စိတ်ညစ်လွန်းလို့ ဘာမှပြန်မပြော။ ခေါင်းကလည်း အတော်ကိုက်လာလေပြီ။ တစ်ခါမဟုတ်။ နောက်တစ်ခါ i m professor လုပ်လာပြန်သေးသည်။ အမလေးဗျ.. လိုင်းကားဒရိုင်ဘာ မြန်မြန်သာ ရောက်အောင်မောင်းပါတော့....။ ဘုန်းဘုန်းတော့ အခုပြန်လွန်တော် မူလိုက်ချင်နေပြီ။ ကုလားမတော့ ရူးတာတော့ မဟုတ်တန်ရာ။ ဘယ်လို ခတ်မှန်းရမှန်းကို မသိတော့။ အင်္ဂလိပ်စာ သုံးကြောင်းလည်း ဘယ်သူက ပါးစပ်ဆော့ သင်ပေးလိုက်သည် မသိ... မသိ.. မသိ...။ ဒါပဲ ထပ်ခါထပ်ခါ ဟစ်ဟော့ လုပ်ဆိုပြန်လေပြီ။ ကဲ.. သည်းခံဟေ့.....သည်းခံကြဟေ့... ကြုံတုန်းလေးမို့  သည်းခံကြလော့..။

မိမိစိတ်ထဲ သည်းခံစရာ အကြောင်းများ ကြုံလာရင် ရေရွတ်နေကြ ထိုထို စကားများကိုသာ ယောနိသော မနသိကာရရှေးရှု သည်းခံလိုက်ရလေသည်။



လောကမှာ လူရယ်လို့ ဖြစ်လာခိုက် သည်းမခံနိုင်စရာ ကိစ္စများ မည်သူမဆို တွေ့ ရမှာပါ။ တွေ့ လာခဲ့ရင် ကြုံတုန်း ကြုံခိုက် သည်းခံလိုက်ကြမှ အရာအရာအဆင်ပြေမှာပါ။ သည်းမခံနိုင်စရာ ဖြစ်ဖို့ အကြောင်းများကြုံလာလျှင်ကား တစ်စက္ကန့် ၊တစ်မိနစ်၊ တစ်နာရီ ဒါမှမဟုတ် တစ်နေ့ ၊ တစ်လ၊ တစ်နှစ် နောက်ဆုံး တစ်ဘ၀တာလေးမှာ ကြုံတုန်း ကြုံခိုက်ဆိုတဲ့ သဘောလေးလို့ စိတ်ထဲ မှာမှတ်ပြီး သည်းခံလိုက်နိုင်ဖို့ ပါ။ အသေးမွှားလို့ ထင်ရတဲ့ ခြင်ကိုက်တာ၊ ပုရွတ်စိတ်ကိုက်တာလေးကိုတောင်မှ သတ်ဖြတ်တာ၊ ညှင်းပန်းနှိပ်စက် မျိုး မလုပ်ဘဲ မြင့်မြတ်သူတို့ သည်းခံခြင်း မျိုး အဆင့်ထိရောက်အောင် ဖြည်းဖြည်းချင်း ကြိုးစားလုပ်ဆောင်ကြရမှာပါ။ သည်းခံခြင်းသဘောဟာ သည်းခံခြင်း အရသာ မသိသေးသူတွေ အတွက် လူညံ့၊ လူအ၊ လူဖျင်းတွေ အလုပ်လို့ ထင်ရပေမယ့် အရသာသိသူတွေ အတွက်တော့ တကယ့် အရသားအကြီးစားပါ။ သည်းခံတက်ဖို့ အမြဲ တွန်းအားပေးနေမဲ့ ဘုရားရှင် လက်ထက်က အရှင်ပုဏ္ဏ အကြောင်းလေးလည်း နဲနဲ မှတ်သွားပါဦး။

ဘုရားရှင်က သုနာပရ န္တ ဇနပုဒ်ကို သွားမယ့် အရှင်ပုဏ္ဏ္ဏကို တီးခေါက်မေးမြန်းကြည့်တာပါ။ အရှင်ပုဏ္ဏ္ဏ္ဏ္ဏ္ဏ္ဏ္ဏ

သုနာပရန္တ ဇနပုဒ်သားတွေကကြမ်းတမ်းတယ်။ သင့်ကို ဆဲကြရင် ဘယ်လိုလုပ်မလဲတဲ့၊
မြတ်စွာဘုရား တပည့်တော်ကို လက်နဲ့ မရိုက်ကြသေးတဲ့ သုနာပရန္တဇနပုဒ်သားတွေဟာ
တော်ကြပါပေတယ်လို့  နှလုံးသွင်းပမယ်တဲ့။ လက်နဲ့ ရိုက်ကြရင်ရောကွာ၊ လက်နဲ့ရိုက်ကြရင်
ခဲနဲ့ မပေါက်သေးလို့ ဆိုပီး နှလုံးသွင်းမှာပါ။ ခဲနဲ့ ပေါက်ရင်ရော။ ခဲနဲ ပေါက်ရင်တုတ်နဲ့ မရိုက်သေးလို့ 
တော်သေးတာပေါ့ဆို ပီး နှလုံးသွင်းဦးမယ်တဲ့။ တုတ်နဲ့ ရိုက်ရင်တော့ ဓားနဲ့ မခုတ်ကြသေးလို့ တော်ပါပေတယ်။
ဓားနဲ့ ခုတ်ခဲ့ရင်တော့ ကိုယ့်နဲ့ အသက်ကို စက်ဆုပ်လို့ သေချင်သူတွေ အတွက် လက်နဲ့ ရှာရပေမယ့် တပည့်တော်မှာ သူတို့ လို လက်နက်ရှာစရာ မလိုဘဲ ရရှိလို့ အရတော်ပေစွ လို့  နှလုံးသွင်းဦးမှာပါတဲ့။

ၰၰၰၰၰ
သာဓု..သာဓု..သာဓု ဆိုပြီး မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး သူ့ ကို ဒီလို သည်းခံမှုနဲ့ သာ ပြည့်စုံရင်နေနိုင်ပါလိမ့်မယ် ဆိုပြီး မှတ်ချက်ချလိုက်တော့တာပါ။ ကဲ... မိတ်ဆွေ သူ့ လို စိတ်ထားမျိုး မရှိသေးတောင်မှ အသေးအဖွဲ ကိစ္စလေးတွမှာတော့ ကြုံတုန်းလေး သည်းခံပေးလိုက်ဖို့ ပါပဲ။အရှင်ပုဏ္ဏလို စိတ်ထားမျိုး နဲနဲ မျှ မှီမှီ လိုက်ဖို့ ကြိုးစားမယ်ဆိုရင်တော့ ပရော်ဖတ်ဆာ ဒေါ်ကုလားမလောက်ကတော့ အသေးအမွှားပါပဲ။
ၰၰၰ

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP