အလှူလိုက်လံဆောင်ရွက်သူများသို့ ပန်ကြားခြင်း
မောင်နှမအာလုံးတို့ ......
* အသင်းမှ အလှူလိုက်ကြရာတွင် ယဉ်ကျေး၍ ဘုရားကျောင်းကန်နှင့် သင့်တော်သည့် အ၀တ်အစားဖြင့်သာလိုက်လာကြပါရန်။
* မှတ်တမ်းများကို MP4၊ လက်ကိုင်ဖုန်းဖြင့် ရိုက်ယူခြင်းကိုလည်း
ခွင့်ပြုမည်မဟုတ်ပေ။
* အမှန်တကယ် ကုသိုလ်သဒ္ဒါပွား တရားနာယူမှတ်သားလိုသော၊ လူမှုရေးလုပ်ငန်းပဲဟု မှတ်ယူပြီး ပျော်ပျော်ရွှင်ရွှင်
လိုက်လံလုပ်ဆောင်ရွက်လိုသောသူများသာ လိုက်လာကြပါရန်။
* စေတနာသုခသည် အသင်းတွင် ၀ူးဝူးဝါးဝါး လိုက်လုပ်နေသူများကို မခေါ်ဆောင်လိုပေ။ ကုသိုလ်ရလို၍သော်လည်းကောင်း၊
လူမှုရေးလုပ်ငန်းအဖြစ်ရှုမြင်ပြီး လိုက်လံဆောင်ရွက်လိုသူများကိုလည်းကောင်း
လိုက်လံဆောင်ရွက်ခွင့်ပြုပေမည်။ အသင်း၏ဂုဏ်သိက္ခာကို နစ်နာစေမည့်
လုပ်ဆောင်မှုပြုသူများကို အားနာမည်မဟုတ်ပေ။ မိမိအကျင့် သိက္ခာကိုမြှင့်တင်သောအားဖြင့်
အလှူလိုက်လံဆောင်ရွက်လာသော ကျောင်းသူများ၏ ဂုဏ်သရေညိုးနွမ်းစေမည့် အပြောအဆိုမျိုး
မရှိစေရ။ ပြောဆိုလာကြသည့် မောင်မောင်မမ ဗရုတ်များကိုစေတနာသုခမှ
(လုံးဝ)အားနာမည်မဟုတ်ပေ။

0 comments:
Post a Comment