* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, February 20, 2010

ရှင်ပြု,နားသ အလှူဒါန


ငါတို့ရွာတွင် ၊ ဟိုယခင်က
ဂုဏ်တင်ပလွှား ၊ ဝင့်ကြွားကြွားဖြင့်
သားသတ်,ရှင်ပြု ၊ နားသ,မှုတို့
ဂုဏ်တုဂုဏ်ပြိုင် ရှိဖူးသည် ။

သားသတ်သူများ ၊ စိတ်ဝင်စားဖို့
စားကွယ်,ရော့ကွယ် ၊ ကူကြကွယ်ဟု
မဖွယ်မရာ ၊ ကုသိုလ်အရာတွင်
သုရာပွဲခင်း သွင်းခဲ့သည် ။

အကုသိုလ်ကံ ၊ အခြံရံနှင့်
ရည်သန်ကောင်းမှု ၊ ပြုပင်ပြုလည်း
ပြုကြသလောက် ၊ ကောင်းကျိုးရောက်ဖို့
အထောက်ဝေးကွာ ၊ စဉ်းစားပါဟု
ဆရာတော်များ ၊ ဟောမိန့်ကြားသည့်
တရားတော်သံ ၊ နားနာခံ၍
အမှန်ယူသူ များခဲ့သည် ။

ယခုအခါ ၊ ငါတို့ရွာတွင်
ဂုဏ်တင်ပလွှား ၊ ဝင့်ကြွားကြွားဖြင့်
သားသတ်,ရှင်ပြု ၊ နားသ,မှုတို့
မပြုဝေးစွာ ရှောင်ခဲ့ပြီ ။

သေရည်မပါ ၊ ရိုးရှင်းစွာဖြင့်
ညီညာဝိုင်း၍ ကူခဲ့ပြီ ။

မှတ်တမ်းပြုစု ၊ ကဗျာနုဖြင့်
ဂုဏ်ပြုဝမ်းမြောက် နိုင်ခဲ့ပြီ ။ ။

(ဤကဗျာအတွက် မှတ်ချက်ရေးသားလိုစိတ်မရှိပါသော်လည်း
အနည်းငယ်မျှ ရေးရပါလိမ့်ဦးမည်။ )
ကုသိုလ်ပြုရာတွင် ရှေ့နောက်ကုသိုလ်စိတ်တို့ခြံရံ၍ပြုလျှင်၎င်းကုသိုလ်ကံကို
အဖြူကံ ဟုခေါ်ပြီး ကောင်းကျိုးပေးသောအခါ ကျပ်ပြည့်,မတ်ပြည့်ပေး၏ ။
(မင်း,သူဌေးစသည်တို့ကဲ့သို့ဟုမှတ်ပါ)
ကုသိုလ်ပြုရာတွင် ရှေ့နောက်အကုသိုလ်စိတ်တို့ခြံရံ၍ပြုလျှင်၎င်းကုသိုလ်ကံကို
"အဖြူအမဲရောသောကံ" ဟုခေါ်ပြီး ကောင်းကျိုးပေးသောအခါ မပြည့်မဝသာပေး၏။
(မင်း၏ဆင်ဖြူတော်,သူဌေးအိမ်၌ ဖြစ်သောခွေးတို့ကဲ့သို့ဟုမှတ်ပါ)
(ဤကားကုသိုလ်၊ဤကားအကုသိုလ်ဟု ခွဲခြားပြနိုင်စွမ်းသော ဘုရားသာသနာ
ခေတ်အခါဝယ် စင်ကြယ်သောကုသိုလ်ကောင်းမှုတို့ကို ရယူဆည်းပူးတော်မူနိုင်ကြပါစေ--)


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP