* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, February 20, 2010

တေးဘုမ္မာ (ရေး၊ဆို- ဆရာကြီးဦးသုခ)


ရေး၊ဆို- ဆရာကြီးဦးသုခ
ဘ၀သံသရာ ရှည်လျားထွေပြား မနေမနား တသွားတည်း သွားကြတာ . . . ။
ခရီးပန်းတိုင် မရောက်မချင်း တစ်ယောက်ဆင်း တစ်ယောက်တက် ဆက်လက်ထွက်ခွါလာ.. ။လောဘရယ် ဒေါသရယ် မောဟရယ် အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာ၊ ပျော်လိုက် ရွှင်လိုက်၊ငိုကာ ရယ်ကာ ဘယ်ဟာ မတည်မြဲ ဖောက်လွဲ ဖောက်ပြန် အကြောင်းကံ ကမ္မဿကာ . .။
ဩော် . . . လောဘရယ် ဒေါသရယ် မောဟရယ် အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာ . . . တဲ့ ၊ ပျော်လိုက် ရွှင်လိုက်၊ ငိုကာ ရယ်ကာ ဘယ်ဟာ မတည်မြဲ ဖောက်လွဲ ဖောက်ပြန်
အကြောင်းကံ ကမ္မဿကာ . . . ။
တွေ့ကြုံ.. ဆုံကွဲ.. ခရီးတည်း.. ၀မ်းနည်း.. ၀မ်းသာ.. ၀ိပ္ပလ္လာ။
ဖြစ်ချင်တာလဲ မဖြစ်ရပါ၊ မဖြစ်ချင်တာလဲ ဖြစ်ရမှာ . . . ။
ဩော် . . . ဖြစ်ချင်တာတွေလဲ မဖြစ်ရပါ၊ မဖြစ်ချင်တာတွေလဲ ဖြစ်ရမှာ . . .။
ဟင်း . . . သုံးဆယ့်တစ်ဘုံ ၀ဋ်အတွင်းရောက်တော့ ကရွတ်ကင်းလျှောက်တဲ့…..
တေးဘုမ္မာ . . . အဲဒါ.. အဲဒါ.. အဲဒါ.. ဘ၀သံသရာ။
ဘ၀သံသရာ ရှည်လျားထွေပြား မနေမနား တသွားတည်း သွားကြတာ . . . ။
“ ဘ၀ဆိုတာ သတ္တ၀ါတစ်ခုရဲ့ ဇာတိက(မွေးဖွားခြင်း)အစ မရဏ(သေဆုံးခြင်း)အအထိ
အဲဒီကာလလေးလို့ သိကြရပါတယ်။ အဲဒီ ဘ၀ဟာ တစ်ဘ၀ထဲနဲ့ ပြီးသွားကြမလား ?
ဘ၀ပေါင်းများစွာ ရွေ့လျာနေရတဲ့အတွက် သံသရာရယ်လို့ ဘုရားဟောတော်မူခဲ့ပါတယ်။

အဲသလို ဘ၀သံသရာမှာ ဒီဘ၀ ဒီခန္ဓာ ဒီရုပ်၊ ဟိုဘ၀ ဟိုခန္ဓာ ဟိုရုပ်၊ ဗြဟ္မာပြည် တ၀င်းဝင်း ၀က်စားကျင်း တရှုတ်ရှုတ် ကမ္မဆိုတဲ့ စက်ခလုပ်ကြောင့် အရုပ်များ လှမ်းသလို လှမ်းနေကြရတာက . . .
(ခရီပန်းတိုင် မရောက်မချင်း တစ်ယောက်ဆင်း တစ်ယောက်တက် ဆက်လက်ထွက်ခွါလာ ။

အဲသလို သံသရာ မဆုံးမချင်း သွားကြရတာက ဘယ်သူတွေရဲ့ ပယောဂပါလဲ?
စဉ်းစားကြည့်လိုက်တော့ . . .
(ဩော် . . . လောဘရယ် ဒေါသရယ် မောဟရယ် အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာ . တဲ့ . . . ။ )

အရင်းစစ်လိုက်တော့ အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာ ဆိုတဲ့အတိုင်း စုံလုံးကန်းတဲ့ အ၀ိဇ္ဖာကြောင့် သင်္ခါရဆိုတဲ့ ပြုပြင်တာတွေ စီမံတာတွေ ခံနေကြရတာပါပဲ။ ဒါကို ဘ၀တိုင်း၊ ဘ၀တိုင်း ကောင်းတာလေးတွေ့တော့ ပျော်လိုက်ကြ၊ မြူးစရာလေးတွေ့ တော့ ရွှင်လိုက်ကြ ၊ ဒုက္ခဆင်းရဲတွေ့တော့ ငိုလိုက်ကြ၊ ကိုယ်လိုချင်တာလေး ရတော့ ရယ်လိုက်ကြ၊ ဒါပေမဲ့ ဘယ်ဟာမှ မမြဲကြပါဘူး။

တွေ့တယ် ကြုံတယ် ဆုံတယ် ကွဲတယ် ၀မ်းနဲဝမ်းသာ ၀ိပ္ပလ္လာသတရားတွေမို့
ဖြစ်ချင်တာလဲ ဖြစ်ချင်မှ ဖြစ်ကြမယ်။ မဖြစ်ချင်ပါဘူးဆိုလဲ မဖြစ်မနေ ဖြစ်ကြရမယ် ။

အဲဒီလို တေးဘုမ္မက ၀ဋ်ဒုက္ခဆိုတဲ့ ၃၁-ဘုံက လွတ်ကင်းအောင်လို့ ဇွတ်အတင်းထွက်နိုင်ကြဖို့ကလဲ သန်းခေါင်လကွယ် တောအုပ်ကျယ် လမ်းမှားနေကြတဲ့ ခရီးသွားများသဖွယ် ကရွတ်ပေါ် ကင်းများ လျှောက်သလို ၀ိုင်းကြီးပတ်လဲ ဘ၀မဆုံးဘဲနဲ့ ဒုက္ခတုံးကြီး ရင်ဝယ်ပိုက်နေကြရတဲ့အတွက် ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာတွေ ရင်ဝယ်ပိုက်နိုင်အောင် ကြိုစားကြဖို့ ။
သုံးဆယ့်တစ်ဘုံ ၀ဋ်အတွင်းရောက်တော့ ကရွတ်ကင်းလျှောက်တဲ့ တေးဘုမ္မာ . .
အဲဒါ.. အဲဒါ.. အဲဒါ.. ဘ၀သံသရာ

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP