* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, February 20, 2010

သူငယ်ချင်းပြောပြတဲ့ ငူငှက်များပုံပြင်


သူငယ်ချင်းတစ်ယောက်ပြောပြတဲ့ ငူငှက်လေးများအကြောင်းပါ။ အားလုံးသိပြီးသား ဖြစ်ကောင်းဖြစ်နေမှာပေါ့လေ။ ငူငှက်လေးတွေဟာ အုပ်စုလိုက်နေတတ်ကြတယ်တဲ့။ နားရင်လည်း အုပ်စုလိုက်နားလေ့ရှိပြီး သစ်ပင်မြင့်မြင့်တွေ မှာနားလေ့ရှိတယ်တဲ့။ များသောအားဖြင့် ညောင်ပင်မြင့်မြင့်အပင်တွေမျိုးမှာ နားပြီး ညောင်သီးတွေကို စားလေ့ရှိ တယ်တဲ့။ ကျနော်တော့ သူငယ်ချင်းပြောတဲ့ငူငှက်တွေကို မြင်ဖူးတယ်ရှိအောင် မြင်ဘူးချင်တာပါ။ ဘာကြောင့်လဲ ဆိုတော့ သူတို့ရဲ့ သစ္စာတရားတွေရယ် ဘယ်တော့မှအမှားမလုပ်ခဲ့ဘူးဆိုတာတွေကို အသက်နဲ့ရင်းပြီး ပြောပြ တတ်တာကိုပါ။

ပြောခဲ့တဲ့အတိုင်း ငူငှက်တွေဟာ ညောင်သီး သီးတဲ့အချိန်ဆို အုပ်စုလိုက်ကျတတ်တယ်ဆိုတာကိုပါ။
အဲ့ဒီအချိန်ဆို မြန်မာတို့ထုံးစံအတိုင်း လေးခွ(ဘတ်ခွ)ကို တောဓလေ့အရ အသတ်အဖြတ်က နည်းနည်း များများတော့ ဝါသနာထုံတတ်ကြတာကို။ ငူငှက်လေးတွေလာနားပြီဆိုရင် ညောင်ပင်အောက်ကနေ ရမ်းသမ်း ပြီး ပစ်လိုက်ရင် တစ်ကောင်မဟုတ် တစ်ကောင်တော့ထိတာပဲတဲ့။ ထိလို့ အောက်ပြုတ်ကျပြီဆိုရင် သူတို့စားထားတဲ့အစာကို ပြန်အံချပြီးမှ သေကြတာဆိုပဲ။ သဘောကတော့ ခင်ဗျားတို့စိုက်ပျိုးထားတဲ့အသီးအနှံ တွေ ငါတို့မစားထားဘူးဆိုတာ ပြဖို့ အစာတွေပြန်အံချလေ့ရှိတယ်တဲ့။

ဘယ်လောက်များ ချစ်စရာကောင်းတဲ့ငှက်လေးတွေလဲ။ မတရားတာတွေ မလုပ်ဘူး။ ငါတို့လုပ်သမျှ သူတပါးကို မထိခိုက်ဘူး။ ငါတို့ဟာ အပြစ်ကင်းကြောင်း အစာအံချပြီးမှ သက်သေပြတတ်ကြတယ်။ ကျနော်တို့ အဲ့လောက် အပြစ်ကင်းသလား။ အမှားမလုပ်ဘူးလို့ ဘယ်လောက်ထိ သက်သေပြတတ်သလဲ။ သက်သေ ပြနိုင်သလဲ။ အမှားတွေအများကြီး လုပ်ထားတာတောင် အမှားဝန်ခံဖို့ ဝေးလို့ မမှားကြောင်း ဘူးကွယ်နေတဲ့ လောကကြီး ငူငှက်တွေများ သိရင် ဘယ်လောက်ဟားတိုက်ရယ်မောနေကြမယ် မသိဘူး။

ကျနော် ငူငှက်ကလေးတွေ စိတ်ဝင်စားတာ အဲ့ဒါကိုပါ။
အမှားကို အမှားမှန်းသိဖို့ရယ်၊
အမှားကို နောင်မမှားအောင် မလုပ်မိအောင် နေတတ်ဖို့ရယ်၊
အမှားဆိုတာ မလုပ်မိဖို့ တကယ်လိုအပ်လှပါတယ်။
အမှားကင်းတဲ့ ဘဝမျိုး ပိုင်ဆိုင်နိုင်ကြပါစေ။ တည်ဆောက်နိုင်ပါစေ။

အဘိဓါန်ကြည့်ပြီး ပုံတွေကို အင်တာနက်လိုက်ရှာကာ တင်လိုက်ပါတယ်။ ပြောပြတဲ့သူငယ်ချင်းကို ကျေးဇူးတင်လျက်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP