* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, February 20, 2010

ဓမၼဥပေဒသမ်ား


တရားမှန်သမျှ သစ္စာတရားက လွတ်တာမရှိဘူး(စတုသစ္စ ၀ိနိမုတ္တော ဓမ္မော နာမ နတ္ထိ)၊ ၀ိနည်းဒေသနာတော်ကို လေးစားလိုက်နာခြင်းဖြင့် ကိုယ့်ရဲ့ဖြူစင်တဲ့ သီလကို ပြန်လည်ဆင်ခြင်ရင်း တရားထူး အသိဥာဏ်ထူးရနိုင်တယ်၊ ၀ိနည်းတရားဟာလဲ သစ္စာတရားပါ၊ ၀ိနည်းဟာ ပညတ်သက်သက် မဟုတ်ဘဲ ပရမတ်သဘောတရားတွေ ပါနေတာကို သတိထားသင့်ပါတယ်၊

ပိဋကတ်သုံးပုံဆိုတာ ဘုရားရှင်ဟောထားတဲ့ ပရမတ်သဘောတရားတွေကို အက္ခရာတွေအဖြစ် ပြောင်းလဲမှတ်တမ်း တင်ထားခြင်းမဟုတ်လား၊ စာအတိုင်းပြောပြလို့ စာပေနဲ့ညှိလို့ ဆုပ်ကိုင်ထားတယ်ထင်ရင် ဆရာမကူ သယမ္ဘူဥာဏ်ပိုင်ရှင် ဖြစ်လိမ့်မယ်၊

အသိဥာဏ်ထူးရသွားတဲ့ လောကအပေါ်ဓမ္မသဘာဝအတိုင်း ကြည့်နိုင်တဲ့ အရိယာ သာဝကတစ်ယောက်ဟာ ဘုရားအပေါ်မှာ ယုံကြည်မှုပြည့်ဝသွားပါပြီ၊ ဘုရားကို ယုံကြည်ရင် ဘုရားဟောတဲ့ တရားကိုလဲ ယုံကြည်လက်ခံပါပြီ၊ ဘုရားဟောတာကို လက်ခံနိုင်ရင် ဘုရားဟောတဲ့ ပိဋကတ်သုံးပုံဆိုတာကိုလဲ လက်ခံနိုင်တဲ့ အဆင့် ပြည့်ပြည့် ၀၀ ရှိသွားပြီလို့ ဆိုနိုင်တယ်။

နိဝေသကသုတ္တန်မှာ ဘုရားရှင် ဟောပြထားတာကတော့ ဓာတ်ကြီးလေးပါးရဲ့ ဖောက်ပြန်ပြောင်းလဲမှု ရှိချင်တော့ရှိမယ်။ ဒါပေမယ့် ငါဘုရားအပေါ်မှာ ယုံကြည်သက်ဝင်တဲ့စိတ်ကတော့ ဘယ်တော့မှ မပြောင်းလဲပါဘူးတဲ့။( နတွေဝ ဗုဒ္ဓေ အ၀စ္စေပ္ပသာဒေန သမန္နာဂတဿ အရိယသာဝကဿ သိယာ အညတ္ထတ္တံ တတြိဒံ အညတ္ထတ္တံ)။

သောတာပန်ဖြစ်ဖို့ အရည်အချင်းတွေမှာလဲ ယုံကြည်မှု သဒ္ဓါတရားရှိခြင်း၊ ဖြောင့်မတ်ခြင်းဆိုတဲ့ အရည်အချင်းတွေ ပါတယ်၊ ရိုးသားဖြောင့်မတ်မှု မရှိသူဟာ ဘုရားဟောတာတွေကို လက်မခံနိုင်ဘူး၊ ဘုရားကို မယုံကြည်တဲ့သူဟာ ဘုရားဟောတဲ့ ပိဋကတ်သုံးပုံကို မယုံဘူး၊ ဒီလိုဆိုရင် သူဟာလဲ သာမာန်လူအဆင့် သာမန်အသိဥာဏ်အဆင့်လို့ သတ်မှတ်နိုင်တယ်။ ဒီလိုလူဟာ ဘုရားဟောတာကိုလဲ လက်မခံ။ ဓမ္မကိုလဲ မယုံကြည်၊ သံဃာတော် အစဉ်အဆက်ကကိုလဲ ပစ်မယ်လုပ်မိတော့တာပါ၊ သတိပြုဖွယ် ကောင်းပေစွ။ ။

သမာဓိရှိမှ ၀ိပဿနာအသိဥာဏ်ဖြစ်ပေါ်မယ်၊ သမာဓိမရှိရင်ဝိပဿနာဥာဏ် မဖြစ်ပေါ်ဘူး၊ သမာဓိမထူထောင်ဘဲ သမာဓိ ထူထောင်တဲ့နည်းကို သင်မပေးဘဲ ၀ိပဿနာ ဥာဏ်ဖြစ်တယ်ဆိုတာကတော့ အလွန့်အလွန် စဉ်းစားစရာပါ။ သမာဓိဖြစ်ဖို့လဲ သီလပြည့်စုံရမယ်ဆိုတဲ့ မဟာနာမသက္က သုတ္တန်လာ စကားတွေက တကယ့်ကို မှတ်သားစရာ ဓမ္မဥပဒေသတွေပါ၊

ဘုရားရှင်က တုမှေဟိ ကိစ္စမာတပ္ပံ၊ အက္ခာတာရော တထာဂတာ..တဲ့။ ငါဘုရားကတော့ နည်းပေးလမ်းပြ သင်ပေးတဲ့သူပဲ။ လုပ်စရာ ကိစ္စတွေကို သင်တို့ကိုယ်တိုင် ကြိုးစားကြရမယ်..တဲ့။ ဒါ ဘုရားစကား၊ဘုရားကိုယုံကြည်ရင် သေချာမှတ်သားသင့်တဲ့ စကားတော်၊

သမာဓိရအောင် အားဖြည့်ပေးတယ်၊ ၀ီရိယပေါ်လာအောင် အားဖြည့်ပေးတယ်ဆိုတာ တကယ်မဟုတ်ဘူး၊ ဒီစကားကို တစ်ယောက်ယောက်က ပြောနေတယ်ဆိုရင် ဒါဟာ အမှားပဲ။ ဓမ္မဥပဒေသကို လေးစားလိုက်နာ ယုံကြည်တယ်ဆိုရင်ပေါ့။

အဲဒီအကျင့်ကို ကျင့်လိုက်လို့ အကုသိုလ်တွေတိုးပွားမယ်(မှားမှန်းမသိတော့ အကုသိုလ်တွေဖြစ်တော့တာပါ၊အကုသိုလ်ဖြစ်တော့ ကောင်းတဲ့ဥာဏ်တွေ အသိတွေ မဖြစ်တော့ဘူး) ကုသိုလ်တွေ လျော့သွားမယ်ဆိုရင် ဒါဟာ မှန်ကန်ကောင်းမွန်တဲ့ အကျင့်မဟုတ်ဘူး၊

မှန်ကန်ဖြောင့်မတ်တဲ့ ကျင့်စဉ်ဆိုတာ.. ဒါကိုကျင့်လိုက်လို့ အကုသိုလ်တွေ လျော့သွားမယ်၊ ကုသိုလ်တွေ တိုးတိုးလာမယ်၊အသိဥာဏ်တွေ မြင့်မြင့်လာမယ်ဆိုရင် ဒါဟာ မှန်ကန်ဖြောင့်မတ်တဲ့ ကျင့်စဉ်တွေပါ..တဲ့(သီလဗ္ဗတသုတ္တန်) အလွန်မှတ်သားထိုက်တဲ့ ဓမ္မဥပဒေသများပါ။

စတန့်ထွင်တဲ့ ကျင့်စဉ်တွေကို ရှောင်ရှားတော်မူကြပါ။
သံစဉ်တေးသွားတွေကို ပြောင်းမဆိုကြပါနဲ့၊
အရှိကို အရှိတိုင်း လမ်းညွှန်ပြတော်မူကြပါ။
အဓမ္မကို ဓမ္မ။ ဓမ္မကို အဓမ္မလို့ ဟောပြောလမ်းညွှန်ခြင်းဟာ သာသနာတော် ကွယ်ပျောက်ကြောင်းဖြစ်ပါတယ်..လို့သာ ဟစ်လိုက်ချင်ပါရဲ့။

ဘုရားဟောတဲ့တရားကို ကိုယ်ဟောသယောင် ၊ မှန်ကန်ဖြောင့်မတ်စွာ လမ်းညွှန်ပြခဲ့တဲ့ ဆရာ့ဆရာကြီးများ ကျင့်စဉ်ကို ကိုယ်ပိုင်ဥာဏ်နဲ့ သိလေဟန် လုပ်နေခြင်းဟာ အကြီးစား သာသနာ ခိုးသူကြီးအဆင့်ဖြစ်ကြောင်း သတိထားသင့်တယ်၊

ဟုတ်ပါတယ်၊ လုပ်သင့်တဲ့အလုပ် မှန်ကန်တဲ့အလုပ် ဖြောင့်မတ်တဲ့လမ်း တစ်ကြောင်းတည်းသော လမ်းဆိုတာ အငြင်းပွားဖွယ် မရှိပါ၊ တစ်ကြောင်းတည်းသော လမ်းမပေါ်က သွေဖယ်နေခြင်းဟာ အငြင်းပွားဖွယ် သံသယဖြစ်ဖွယ် ဖြစ်နေပါတယ်၊ သစ္စာဆိုတာ အမြဲမှန်နေတယ်ဆိုရင် ငြင်းစရာမှ မဟုတ်တာ။ အသစ္စ အဘူတ..မမှန်ကန်လို့ ဖြေရှင်းခြင်း ငြင်းခုံးခြင်း သံသယပွားခြင်း ငြိမ်မနေဘဲ ပြန်လည်ပြောဆိုခြင်းတွေ လုပ်နေကြရတာပါ၊
ဓမ္မဥပဒေသ ဆိုတာ ပြောင်းလဲခြင်းမရှိပါ၊ အမှန်ကို အမှန်အတိုင်း လမ်းညွှန်ပြတဲ့ သဘာဝစည်းကမ်းဟာ ဓမ္မဥပဒေသပါ၊



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP