* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, April 10, 2010

တွေးလက်စ နံနက်ခင်းအတွေးများ(၇)


ဘ၀တစ်ခုကို အသက်ရှုခြင်းနဲ့ စတင်လိုက်ပြီ။ လောကဓံကို နားမလည်တတ်သေးတဲ့ဘ၀ကို မသိတသိနဲ့ ဖြတ်သန်းခဲ့ဘူးပြီ။ ကျောင်းနေတဲ့ဘ၀ စတင်မိလိုက်တဲ့အချိန်မှာ ရှိခြင်း မရှိခြင်း နားလည်ခြင်း နားမလည်ခြင်း စသည် စသည်များလည်း သင်ရိုးတခြား ဖြစ်စဉ်တခြားနဲ့ စာမျက်နှာတွေ ကျော်ဖတ်ခဲ့ဘူးပြီ။

တကယ်တော့ ကိုယ့်ဘ၀ကို အသာဘက်က ဖော့ဖော့တွေးတတ်နေပြီ။ အကောင်းအမြင်နဲ့လည်း ဘ၀ကို ချော့သိပ်ထားတတ်ပြီ။ သမာသမတ်ကျခြင်း စိတ်ဓါတ်ကို အကောင်းဆုံးလို့ ဆုံးဖြတ်လိုက်နာနေရပြီ။ တရား ခြင်း မတရား ခြင်းကို ခွဲခွဲခြမ်းခြမ်း သိတတ်နေပြီ။ အမှန်တရားကိုလည်း တလေးတစား ၀တ်ဆင်နေတတ်ပြီ။

တခါတရံ ကိုယ့်ဘ၀ကို အမှားများလည်း အမည်းရိပ်ထင်စေဘူးခဲ့ပြီ။ အမှားကို အမှားလို့ မြင်တတ်လာအောင် သူငယ်ချင်းကောင်း ပတ်ဝန်းကျင်ကောင်းနဲ့ အသားတကျ နေတတ်နေပြီ။ အမှားကို အမှန်ပြင်ပြီး အမှန်တရား ကို ကိုးကွယ်နေရပြီ။

ကိုယ့်ကိုယ်ကို အကောင်းမြင်နေတတ်တဲ့ ပတ်ဝန်းကျင် အပေါင်းအသင်းကိုလည်း ဝေးဝေးက ရှောင်ကြဉ်ခြင်း၊ ကိုယ်ပေါင်းစိတ်ခွါနေနည်းနဲ့လည်း ကျင့်သားရနေပြီ။

ယုံကြည်မှုအတွက် သိက္ခာတရားကို နိမ့်ကျမသွားအောင် အမြင့်မှာပဲ သိမ်းထားတတ်ပြီ။ ဘ၀ကို ကျေနပ်ခြင်း ရောင့်ရဲခြင်း ဖြေသိမ့်ခြင်းတွေနဲ့ပဲ လောကဓံကို ဖြစ်ရိုးဖြစ်စဉ်အတိုင်း ဆက်ဆံတတ်ခဲ့ပြီ။

အများအကျိုးအတွက် ကိုယ်တတ်နိုင်တဲ့ဘက်က စကားဖြင့်ဖေးမခြင်း၊ အလုပ်နဲ့ ဖေးမခြင်းကိုလည်း တတ် နိုင်သလောက် ကျင့်သုံးနေဆဲ။

ဒီလိုဆို ငါထားတဲ့ ဘ၀ ကျေနပ်ခြင်းနဲ့ လွတ်လပ်ခြင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲ ကျန်နေသေးတဲ့ သက်တမ်းကို လေးလေးပင်ပင်မဟုတ်ဘဲ သက်သက်သာသာလေးနဲ့ ဖြတ်သန်းရပေအုံးမယ်။




0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP