* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, April 10, 2010

ဂင်္ဂါကမ်းက အလင်းတန်း


ဂင်္ဂါ ကမ်းခြေရဲ့ ညဆည်းဆာ ပုံရိပ်များ

သူသည် စိတ်အလိုမကျတဲ့ အခါ၊ စိတ်ဖိစီးမှုတွေ အဆမတန် အားကြီးလာတဲ့အခါ၊ လောကကြီးနဲ့  သူ အဓိပ္ပါယ်ကင်းမဲ့ သယောင်ယောင်ဖြစ်လာတဲ့အခါ ထွက်ပေါက်အဖြစ် ဂင်္ဂါမြစ်ကမ်းသို့ သာ အသောနှင်ခဲ့သည်က များလေသည်။


ရောက်စမှာတော့ သူ့ ရဲ့ စိတ်ကလေးတွေက ထွေပြားပျံ့ လွင့်နေခဲ့သည်။ လောကဇာတ်ခုံမှာ အူတူတူ၊ အတတ နိုင်နေဆဲပင်ဖြစ်သည်။ လောကဓံရဲ့ ရိုက်ခက်မှုကြောင့် ဒဏ်ရာတွေကလည်း ညိုမည်း ပုတ်ပွနေဆဲပင်။ ဂင်္ဂါမြစ်ကမ်းက သူရောက်တဲ့အခါတိုင်း ညင်ညင်သာသာ စီးဆင်းမှုဖြင့် သူ့ အားတရားပြကာ စီးကြိုလေတော့၏။ “စီးဆင်းနေတဲ့ ရေအလျဉ်လိုပဲ ပြီးတော့လည်း ပြီးသွားကြလိမ့်မယ်”တဲ့။

ဂင်္ဂါရဲ့ ကျေးဇူးကြောင့် သူရဲ့ စိတ်တွေ နုပျိုလန်းဆန်းလာသည်။ ပတ်ဝန်းကျင်ရဲ့ ရယ်သံ၊ မောသံတွေ အဓိပ္ပါယ် ပြည့်ဝ လာခဲ့ပြန်သည်။ တလောကလုံးကို ရင်ဆိုင်ဖို့  သတ္တိတွေ ရရှိလာခဲ့ပြန်သည်။ အရာအားလုံး သိမ်မွေ့ ပေါ့ပါးလာသလို ခံစားလာရပြန်သည်။ လောကကြီးတစ်ခုလုံးကို ဂင်္ဂါမြစ်ရဲ့ သန့် ရှင်း လတ်ဆက်သော လေပြည်လေညှင်းများလို ချိုမြိန်သော အရာများအဖြစ် မြင်ယောင်လာပြန်တော့သည်။

သူ့ ရဲ့ ဘ၀မှာ အမြတ်အနိုးဆုံးအရာ၊ တွယ်တာမှုအရှိဆုံးသော အရာတွေအဖြစ် တေးထားတဲ့ စာရင်းထဲမှာ ဂင်္ဂါမြစ်ကိုလည်း နေရာပေးမိပြန်သည်။ ဂင်္ဂါက ဘ၀နေ့ စွဲ အသစ်တွေ လှလှပပ သီကုံးဖို့ ရန်အတွက် မရှိမဖြစ်သလောက် လိုအပ်လာခဲ့သလို၊ လူမသိ၊ သူမသိ အလိုမကျလို့  ငိုချခဲ့ရတဲ့ မျက်ရည်စတွေ ခြေရာအဖြစ် မကျန်စေရေးအတွက် သူ့ ရဲ့ စီးဆင်းမှုတွေကိုလည်း လိုအပ်လာခဲ့သည်။ အခုနေများ ဂင်္ဂါမြစ်နဲ့  ကင်းပြီး အသက်ရှင်နေထိုင်ရမည် ဆိုလျင်လည်း နည်းနည်းတော့ လွမ်းဆွတ် တမ်းတမိဦးမှာ သေချာပါသည်။

ဘာပဲဖြစ်ဖြစ် ဂင်္ဂါနဲ့ အတူ နေရတဲ့ အခိုက်အတန့် လေးမှာတော့ အတိတ်က နာကျည်းမှုတွေကိုလည်း မေ့ထားနိုင်ခဲ့သည်။ ပစ္စုန်ပ္ပန်မှာလည်း ကြည်နူးမှုတွေ တ၀ကြီးရခဲ့တာ သေချာပါသည်။ အနာဂတ်ကိုလည်း တွေးမိတိုင်း ကျေနပ် အားတက် စရာများသာ ကြိုတင်မြင်ယောင်လာပြန်သည်။

ထွေပြားနေတဲ့စိတ်တွေ လိုအပ်သလောက် ကြည်လင်ပေါ့ပါးလာသည်ဟု ထင်ရသောအခါ သူ့ ရဲ့ အိမ်ပြန်လမ်းအတွက် ဂင်္ဂါကမ်းကို နှုတ်ဆက်လိုက်လေတော့၏။

ဂင်္ဂါရေ…..ငါ့ဘ၀မှာ သိမ်ငယ်မှုတွေ၊ နာကျင်မှုတွေ၊ စိတ်ဆင်းရဲမှုတွေ သည်းမခံနိုင်လောက်အောင် ဖြစ်လာတဲ့အခါမှာပေါ့။ အဲဒီအရာ အားလုံးကို ဖယ်ရှားပေးဖို့ အတွက် မင်းနေရာမှာ အစားထိုးမယ့်သူ မရှိသေးသရွေ့  မင်းကိုပဲ လာပြီး အားကိုမိဦးမှာ ပါပဲ။ မင်းကိုယ်တိုင်က ကမ်းအစစ် မဟုတ်မှန်းတော့ ငါလည်းသိပါတယ်။ ဒါပေမယ့် ကမ်းအစစ်ရှာမတွေ့ သေးတဲ့ ငါ့အတွက် ကမ်းအတုကပေးတဲ့ အရိပ်မှာပဲ ခဏတာ အေးအေးလူလူ ခိုနားပါရစေဦး။

ဒီအတွက် မင်းငါ့ကို ဗွေမယူဖို့ ၊ သနားကျင်နာစွာနဲ့  နားလည်ပေးဖို့ ၊ နောက်ထပ် ပျော်ရွှင်စရာ ခွန်အားသစ်တွေ ထပ်လောင်း ပေးဖို့  အားနာနာနဲ့ ပဲ တောင်းဆိုပါရစေ။ ငါ့အတွက် မနက်ဖြန်ဆိုတာ ရှိနေဦးမယ်ဆိုရင်ပေါ့ကွာ။ နောက်ထပ်တစ်ခါ ပြန်ဆုံကြဦးမယ့် နှုတ်ဆက်ခြင်းနဲ့ သာ မင်းကို လက်ပြခဲ့ပါတယ်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP