* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, April 10, 2010

ူလူလေးမျိုး

(၁) လူပီသသောလူ

(၂) လူ့တိရစ္ဆာန်

(၃) လူ့ပြိတ္တာ

(၄) လူ့ငရဲသား။

လူပီသသောလူမှာ တိရစ္ဆာန်အဆင့်ထက် သာလွန်ပြီး ကြောင်းကျိုးဆင်ခြင်တုံတရားနှင့်ပြည့်စုံသော စွမ်းရည်ရှိရမည်။ ထိုသို့မဟုတ်ပါက အညံ့စား အဆင့်အတန်းနိမ့် ညပစ်မြှားပမာ မထင်မရှား လူမည်ကာမျှ လူတစ်ဦးအဖြစ်ဖြင့် ဘဝနိဂုံး အဆုံးသတ်ရပေမည်။ လူသည် လောကမှာ စွမ်းရည်အရှိဆုံးနှင့်

ညာဏ်အကြီးမားဆုံးဖြစ်သည်။ လူ့စွမ်းရည် အမြင့်မားဆုံး လူတစ်ဦးသည် သူအလိုရှိလျှင် ကောင်းကင် မြေအောက် တိုးလျိုပေါက် လွှမ်းမိုထားနှိုင်၏။ အရာရာကိုအံ့မခန်းအောင် ဖန်တီးပြနေသည်မှာ လူသားတို့ပင်မဟုတ်ပါလား။ ထို့ကြောင့် သင်တို့သည် မိမိ၏စွမ်းရည်ကို လျှော့မတွက်သင့်ပါပေ။ သင်သည်အနည်းနှင့်အများ ကြိုးစားမှု ဝီရိယနှင့်ပြည့်စုံပါက မိမိ မိသားစုနှင့် ပတ်ဝန်းကျင်လောကသားများကို ကောင်းကျိုးပြုနှိုင်မည်သာ။

တိရစ္ဆာန်တို့သည် ရှာဖွေစားသောက်မှု၊ မိသားစုနှင့်နေထိုင်အိပ်စက်ကြမှု၊ မေထုန်မီဝဲကာမပျော်ပါးမှုတို့ဖြင့် ဘဝကို ကုန်ဆုံး စေကြ၏။ ထိုတိရစ္ဆာန်များသာသာလူ့ဘဝကိုကုန်ဆုံးစေကြသူများကို လူ့တိရစ္ဆာန်အဆင့်တွင် ထည့်သွင်း ရေတွက် ရမည်။ အငတ်ငတ်အပြတ်ပြတ် မသေရုံ ရှင်သန်နေရသူများမှာ လူ့ပြိတ္တာအဆင့်တွင် ထည့်သွင်းရေတွက်ရမည်။ ဘဝဒုက္ခကို အရွယ် နှင့် မမျှအောင်ခံစားနေရပြီး သေလောက်ဆင်းရဲနေသူများကတော့ လူ့ငရဲသားအဆင့်တွင် ထည့်သွင်းရေတွက်ရပေမည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP